Part-18
17:07, 15 September 2023"ဦးကလေးနဲ့ အမြန်ဆုံးလက်ထပ်ချင်တယ် "
"ဗျာ! "
ဂျီမင်းဘာပြန်ပြောရမလဲ တကယ်မသိတော့။ ဘာလို့မသိရမှာလဲ သေချာပေါက်ငြင်းရမှာပေါ့ မောင်နဲကလဲ ဘယ်အခြေအနေထိရောက်ပြီးပြီလဲ ဆိုတာ ကိုယ်ကိုတိုင်အသိဆုံး။ ဦးကိုသေချာလေးရှင်းပြကာ တောင်းပန်မယ်။ ဦးဘက်ကဘယ်လိုပုံစံမျိုးနဲ့ တုန်ပြန်တုန့်ပြန်လက်ခံမယ်။ ဒါပေမယ့် မောင့်ကို့စွန့်လွှတ်ရမှာကလွဲ ဘယ်အရာကိုမဆို ရင်ဆိုင်မယ်။
"ဟို... တကယ်တော့ "
တီ တီ တီ!
ဂျီမင်းဖုန်းက ထမြည်လာတာကြောင့် ကြည့်လိုက်တော့ မောင်။
"ဦး ကျတော်ဖုန်းလေး ခဏ"
ဦးကခေါင်းညိတ်ပြလာတာကြောင့် လူရှင်းတဲ့နေရာကို ထွက်လာပြီး ဖုန်းကိုင်လိုက်သည်။ လက်ထပ်ခွင့်တောင်းနေတဲ့ အချိန်ကြီး ဖုန်းပြောဖို့ထွက်လာတာ ရိုင်းမှန်းသိပေမယ့် တဖက်ကဖုန်းခေါ်တဲ့သူက မောင်ဖြစ်နေလို့ကို ဖုန်းကိုင်လိုက်ခြင်း..
"ဟယ်လို မောင်"
"ဘယ်မှာလဲ ဂျီမင်း! "
"ဟို.. ငါ "
"မောင် မင်းရှိတဲ့နေရာကို သိတယ်"
"ဟင်! "
"ဒယ်ဒီနဲ့ရှိနေတာမလား "
"မောင် ဘယ်လိုသိ"
"မင်း မောင့်ကိုထားခဲ့ဖို့ကြံနေတာလား! "
"ဟင့်အင်း အဲ့လိုမဟုတ်ဘူး "
"ဒယ်ဒီကလက်ထပ်ခွင့်တောင်းနေတာမလား! "
" ..... '
"မင်းလက်မခံရဘူး "
"အင်း ငါသိတယ်နော် ငါလက်မခံဘူး "
"အင်း မောင်ဖေဖေ့ဆီသွားနေတာ "
"ဟမ်! "
"ဟုတ်တယ် မောင်တို့နှစ်ယောက်အကြောင်း သွားပြောမလို့"
"ဟင့်အင်းနော် မောင် ဖေဖေ့ကိုအဲ့လိုပြောလို့မရဘူးနော် "
" မောင်ပြောမှဖြစ်တော့မယ် မောင် မင်းကိုစိတ်မချဘူး!"
"မောင့်! ငါလာခဲ့မယ် စောင့်နေနော် ဘာမှမပြောနဲ့ဦးနော်! "
"မောင် ဖေဖေ့ကိုပြောပြလိုက်တော့မှာ ။ မင်းနဲ့အတူ အချစ်ညတွေဘယ်န ညဖန်တီးခဲ့ကြောင်း မင်းကိုယ်ပေါ် အချစ်အမှတ်အသားတွေကို မောင်ဘယ်လိုဖန်တီးခဲ့ကြောင်း မောင်အကြိုက်ဆုံးမှဲ့လေး ဘယ်နားမှာရှိကြောင်းကို မောင်ပြောလိုက်တော့မှာ "
"မောင် ဟင့်! မရဘူးနော် "
တီ!
"မောင့်! မောင့်! ဟယ်လို"
ဂျီမင်း မျက်ရည်တွေသာ အလိုလိုကျလာတော့သည်။ ဖေဖေ့ကိုအဲ့လိုကြီးသွားပြောလို့မဖြစ်။ ဖေဖေတစ်ခုခုဖြစ်သွားလိမ့်မယ်။
မောင်ငါ့ကို ခဏလောက်စောင့်ပေးပါ။ ဖေဖေတစ်ခုခုဖြစ်ရင် မောင့်ကိုမုန်းမိလိမ့်မယ်။
"ဦး! ကျွန်တော့်ကိုသွားခွင့်ပြုပါ"
"ကလေး နေဦး! "
ဦးပြောတာကိုလဲ ဂရုမစိုက်မိတော့။ အိတ်ကိုယူပြီးတော့သာ အမြန်ထွက်လာခဲ့တော့သည်။
"ဟာ! တောက်! "
မင်ဟိုအဲ့လိုတွေဖြစ်မှာစိုးလို့ ရုန်းလို့မရအောင် အပိုင်ချုပ်ထားတော့မလို့။ သားနဲ့ဂျီမင်းအကြောင်းကိုလဲ ဆိုဖီယာ ဖုန်းဆက်တိုင်လို့ အားလုံးသိပြီးပြီ။ သိပြီးလို့လဲ အမြန်ဆုံးပြန်လာပြီး ဒီလိုတွေစီစဥ်ခဲ့တာ။ သားကိုတော့ ဘယ်လိုနည်းနဲ့မှ ဂျီမင်းနဲ့သဘောတူမှာမဟုတ်။ သားကအခုမှ အညွှန့်တလူလူတက်နေတဲ့ အရည်အချင်းရှိတဲ့ လူငယ်လေး။ သားလိုလူကလဲ အဆင့်အတန်း ပညာအရည်အချင်းရှိတဲ့ ဆိုဖီယာနဲ့သာ အသင့်တော်ဆုံး ။ မင်ဟိုဘက်က ဂျီမင်းကို မဖြစ်မနေလက်လွှတ်ရတော့မယ် ဆိုရင်တောင် သားနဲ့တော့ သဘောတူမှာမဟုတ်။ ဒါကသူ့ဆုံးဖြတ်ချက်!
...........
တူ တူ တူ
ဂျီမင်းဆေးရုံကို သွားတဲ့လမ်းတစ်လျှောက်လုံး မောင့်ကိုဖုန်းခေါ်နေပေမယ့် လုံးဝမကိုင်။ ဆေးရုံရှေ့ကားရပ်ရပ်ချင်း ငွေရှင်းပြီး ဆေးရုံးထဲအပြေးဝင်ခဲ့မိပြီး ဖေဖေရှိတဲ့အခန်းကိုပြေးတတ်လာခဲ့မိသည်။
ဖေဖေ့အခန်းကို မရောက်ခင် အရေးပေါ်ခွဲစိတ်ခန်းရှေ့မှာ မောင်ကမျက်နှာတွေကို အကြိမ်ကြိမ်ပွတ်ပြီး ထိုင်နေတာကိုတွေ့၏။
ဟင့်အင်း! မဖြစ်ဘူးနော်
"ဂျီမင်း! ဖေဖေအရေးပေါ်အခန်းထဲ..."
ဖြန်း!
"မင်း! ဖေဖေ့ကိုဘာတွေပြောလိုက်တာလဲ "
"သိတယ် သိတယ် မင်းအဲ့လိုထင်တော့မှာကိုသိတယ်! "
"ဖေဖေတစ်ခုခုဖြစ်သွားရင် မင်းမလွယ်ဘူး! "
ဘုန်း! ဘုန်း!
သူ့ရင်ဘတ်ကြီးကို အတင်းထုရိုက်ပြီး အော်ငိုလိုက်မိသည်။ တကယ် ဖေဖေ့ကိုဆုံးရှုံးလိုက်ရရင်...
"ကျစ်! မောင်ဘာမှမပြောရသေးဘူး! "
" ဟင့်! "
"စိတ်လျှော့ဦးမှပေါ့ကွာ နော် "
ဂျီမင်းကြမ်းပြင်မှာ ဒူးထောက်ပြီးငိုနေတော့ အတင်းဆွဲဖက်ပြီး သူ့ရင်ဘတ်ထဲ ထည့်ထား၏။
"လွှတ်! မထိနဲ့ "
"ဘာမဖြစ်ဘူးနော် စိတ်လျှော့ "
ဘုန်း! ဘုန်း!
"ဖေဖေဘာမှမဖြစ်ဘူးနော် "
"မင်းကြောင့်! ဟင့်! "
"အင်း! စိတ်လျှော့နော် မောင်တောင်းပန်းတယ်"
ကျွီ!
ခွဲခန်းထဲက ဆရာမတစ်ယောက် ထွက်လာတာကြောင့် ဂျီမင်းအပြေးတစ်ပိုင်းမေးမိသည်။
"ဖေဖေ့ အခြေအနေဘယ်လိုရှိလဲဟင်"
"လူနာက စိတ်ချရတဲ့ အခြေအနေမဟုတ်သေးဘူးရှင့် ဒါပေမယ့် မကြာခင်အခန်းပြောင်းပေးပါမယ်။ ခဏစောင့်ကြည့်ပြီးမှ ထပ်ခွဲစိတ်ဖို့လိုအပ် မလိုအပ်ပြောပါမယ်ရှင့် "
"ဟုတ်ကဲ့ပါ "
ခွဲခန်းထဲကနေ ဖေဖေ့ကို အသက်ရှူပိုက်တန်းလန်းနဲ့ ခေါ်ထုတ်လာသည်။ အသက်ကိုလုရှူနေရတာ ဂျီမင်းဘယ်လိုမှ မကြည့်ရက်။ ဖေဖေရယ် ဖေဖေ့နဲ့ပျော်ပျော်ရွှင်ရွှင်နေရဖို့ ရွေးချယ်ခဲ့တဲ့လမ်းက ဖေဖေနဲ့ဝေးဖို့လမ်းဖြစ်နေခဲ့ပြီလား။ ကျွန်တော်တော့မှားပြီထင်တာပဲ ဖေဖေရယ်
"ဂျီမင်း ဖေဖေအဆင်ပြေသွားမှာပါ "
"ဖယ်! မထိနဲ့! ဖေဖေတစ်ခုခုဖြစ်သွားရင် ငါသေမှာမင်းသိရဲ့လား ။ ဘာမှမစဥ်းစားပဲ မင်းလုပ်ချင်တာကိုလုပ်တယ် ငါ့ရှေ့ကိုပေါ်မလာနဲ့ ထွက်သွား! "
"မောင်မသွားဘူး! ဒီကိစ္စမှာမောင်မှားခဲ့တာ ဘာတစ်ခုမှမပါဘူးနော် မောင်မင်းဖေဖေကိုဘာမှမပြောရသေးဘူး"
"မင်းကိုမမြင်ချင်ဘူး.. "
"ကျစ်! မင်းအဲ့လိုလုပ်နေရင် မင်းပါလဲကျသွားလိမ့်မယ် လာတစ်ခုခုသွားစားပြီး ဖေဖေ့ကိုမောင်နဲ့အတူစောင့်မယ်နော် လာ "
"မလိုဘူး ငါတစ်ယောက်ထဲစောင့်မယ် မင်းကိုလဲမလိုအပ်ဘူး ထွက်သွား! "
"ဂျီမင်း! "
"ငါမင်းနဲ့ ဆက်မပတ်သက်ချင်တော့ဘူး"
"ပတ်ဂျီမင်း! မောင့်စိတ်ကိုလာမဆွနဲ့နော်! "
" ကြည့်ပါလား အခုလဲ မင်းကမင်းဒေါသကိုပဲ ရှေ့တမ်းတင်နေတုန်း"
"ဟုတ်ပြီ မောင်ပြန်မယ် ညကျရင်မောင်လာခဲ့မယ် အခုတစ်ခုခုစားဖို့ပို့ခိုင်းလိုက်မယ်"
"ညလဲမလာနဲ့ "
ဒုန်း!
အခန်းထဲဝင်သွားကာ တံခါးကိုပိတ်သွား၏။ ဒီနေ့ တော့မင်းကိုလွှတ်ထားပေးမယ်။ ရုတ်တရက်ကြီးဖြစ်သွားလို့ သွေးပူနေတုန်းမလို့ မောင် မင်းကိုခဏလွှတ်ထားပေးရုံ ဒါပေမယ့်မင်းသိထားရမှာက မင်းကိုဘယ်လိုနည်းနဲ့မှ လက်လွှတ်မပေးဘူးဆိုတာပဲ ။
ဂျောင်ကု သူ့ကိုဖုန်းဆက်လိုက်တယ်ဆိုတာက ဒယ်ဒီနဲ့ နှစ်ယောက်ထဲမရှိစေချင်လို့ ခေါ်ထုတ်လိုက်ရုံ။ ဒါပေမယ့်ဆေးရုံရောက်လို့ အခန်းထဲဝင်သွားတော့ ဖေဖေကမောနေသလိုဖြစ်ကာ ဂျောင်ကုကိုတစ်ခုခုပြောနေခဲ့တာ။ ငှားထားတဲ့ သူနာပြုကလဲမရှိတာကြောင့် ဂျောင်ကုအရေးပေါ်ခလုပ်ကိုနှိပ်လိုက်တော့ ဆရာဝန်တွေရောက်လာပြီး စစ်ဆေးနေတုန်း ဖေဖေကသတိလစ်သွားပြီ။
ဂျောင်ကုထင်တာမမှားရင်တော့ သူ့ထက်အရင်တစ်ယောက်ယောက်လာခဲ့သေးတယ်လို့ထင်တယ်။
"သခင်လေး Boss ကအိမ်ပြန်ဖို့ခေါ်ခိုင်းလိုက်လို့ပါ "
"ငါမအားဘူး "
လို့ပြောကာ စိတ်ရှုပ်ရှုပ်နဲ့ bar ကိုသာတန်းမောင်းသွားလိုက်တော့သည်။
ဂျီမင်းဖေဖေ့ဘေးမှာ ထိုင်နေရင်း ဖေဖေ့ကိုသေချာကြည့်နေလိုက်သည်။ ဖေဖေအသက်ရှူရတာ အရမ်းမောနေမှာပဲ။ ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ ဂျီမင်းဘဝတလျှောက်လုံး ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ကျွေးမွေးနေခဲ့ရတာ။ အခုသားအလှည့်ကို ရောက်နေပြီလေ။ သားအလှည့်ကျမှ ဖေဖေ့ကိုစိတ်ဒုက္ခတွေပဲပေးနေမိတာလား။ သားတောင်းပန်ပါတယ်ဖေဖေရယ် သားကိုတော့ထားမသွားပါနဲ့။
ချပ်!
တခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့ထယ်ယောင်း။
"ထယ်ယောင်း! "
ဂျီမင်း ထယ်ယောင်းကို ဖက်ပြီး ငိုနေမိသည်။
"ဘာမှမဖြစ်တော့ဘူးနော် ငါ့ဆီကိုဂျောင်ကုဖုန်းဆက်လို့ "
ဟင်!
သူ့ဆီမှာ ထယ်ယောင်းဖုန်းနံပါတ်ရှိလိုလား။
"ဦးလေးပြန်ကောင်းသွားမှာပါ"
__________________________ကျေးဇူးပါ💗
Zg
"ဦးကေလးနဲ႕ အျမန္ဆုံးလက္ထပ္ခ်င္တယ္ "
"ဗ်ာ! "
ဂ်ီမင္းဘာျပန္ေျပာရမလဲ တကယ္မသိေတာ့။ ဘာလို႔မသိရမွာလဲ ေသခ်ာေပါက္ျငင္းရမွာေပါ့ ေမာင္နဲကလဲ ဘယ္အေျခအေနထိေရာက္ၿပီးၿပီလဲ ဆိုတာ ကိုယ္ကိုတိုင္အသိဆုံး။ ဦးကိုေသခ်ာေလးရွင္းျပကာ ေတာင္းပန္မယ္။ ဦးဘက္ကဘယ္လိုပုံစံမ်ိဳးနဲ႕ တုန္ျပန္တုန့္ျပန္လက္ခံမယ္။ ဒါေပမယ့္ ေမာင့္ကို႔စြန့္လႊတ္ရမွာကလြဲ ဘယ္အရာကိုမဆို ရင္ဆိုင္မယ္။
"ဟို... တကယ္ေတာ့ "
တီ တီ တီ!
ဂ်ီမင္းဖုန္းက ထျမည္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ ေမာင္။
"ဦး က်ေတာ္ဖုန္းေလး ခဏ"
ဦးကေခါင္းညိတ္ျပလာတာေၾကာင့္ လူရွင္းတဲ့ေနရာကို ထြက္လာၿပီး ဖုန္းကိုင္လိုက္သည္။ လက္ထပ္ခြင့္ေတာင္းေနတဲ့ အခ်ိန္ႀကီး ဖုန္းေျပာဖို႔ထြက္လာတာ ရိုင္းမွန္းသိေပမယ့္ တဖက္ကဖုန္းေခၚတဲ့သူက ေမာင္ျဖစ္ေနလို႔ကို ဖုန္းကိုင္လိုက္ျခင္း..
"ဟယ္လို ေမာင္"
"ဘယ္မွာလဲ ဂ်ီမင္း! "
"ဟို.. ငါ "
"ေမာင္ မင္းရွိတဲ့ေနရာကို သိတယ္"
"ဟင္! "
"ဒယ္ဒီနဲ႕ရွိေနတာမလား "
"ေမာင္ ဘယ္လိုသိ"
"မင္း ေမာင့္ကိုထားခဲ့ဖို႔ႀကံေနတာလား! "
"ဟင့္အင္း အဲ့လိုမဟုတ္ဘူး "
"ဒယ္ဒီကလက္ထပ္ခြင့္ေတာင္းေနတာမလား! "
" ..... '
"မင္းလက္မခံရဘူး "
"အင္း ငါသိတယ္ေနာ္ ငါလက္မခံဘူး "
"အင္း ေမာင္ေဖေဖ့ဆီသြားေနတာ "
"ဟမ္! "
"ဟုတ္တယ္ ေမာင္တို႔ႏွစ္ေယာက္အေၾကာင္း သြားေျပာမလို႔"
"ဟင့္အင္းေနာ္ ေမာင္ ေဖေဖ့ကိုအဲ့လိုေျပာလို႔မရဘူးေနာ္ "
" ေမာင္ေျပာမွျဖစ္ေတာ့မယ္ ေမာင္ မင္းကိုစိတ္မခ်ဘဴး!"
"ေမာင့္! ငါလာခဲ့မယ္ ေစာင့္ေနေနာ္ ဘာမွမေျပာနဲ႕ဦးေနာ္! "
"ေမာင္ ေဖေဖ့ကိုေျပာျပလိုက္ေတာ့မွာ ။ မင္းနဲ႕အတူ အခ်စ္ညေတြဘယ္န ညဖန္တီးခဲ့ေၾကာင္း မင္းကိုယ္ေပၚ အခ်စ္အမွတ္အသားေတြကို ေမာင္ဘယ္လိုဖန္တီးခဲ့ေၾကာင္း ေမာင္အႀကိဳက္ဆုံးမွဲ႕ေလး ဘယ္နားမွာရွိေၾကာင္းကို ေမာင္ေျပာလိုက္ေတာ့မွာ "
"ေမာင္ ဟင့္! မရဘူးေနာ္ "
တီ!
"ေမာင့္! ေမာင့္! ဟယ္လို"
ဂ်ီမင္း မ်က္ရည္ေတြသာ အလိုလိုက်လာေတာ့သည္။ ေဖေဖ့ကိုအဲ့လိုႀကီးသြားေျပာလို႔မျဖစ္။ ေဖေဖတစ္ခုခုျဖစ္သြားလိမ့္မယ္။
ေမာင္ငါ့ကို ခဏေလာက္ေစာင့္ေပးပါ။ ေဖေဖတစ္ခုခုျဖစ္ရင္ ေမာင့္ကိုမုန္းမိလိမ့္မယ္။
"ဦး! ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါ"
"ကေလး ေနဦး! "
ဦးေျပာတာကိုလဲ ဂ႐ုမစိုက္မိေတာ့။ အိတ္ကိုယူၿပီးေတာ့သာ အျမန္ထြက္လာခဲ့ေတာ့သည္။
"ဟာ! ေတာက္! "
မင္ဟိုအဲ့လိုေတြျဖစ္မွာစိုးလို႔ ႐ုန္းလို႔မရေအာင္ အပိုင္ခ်ဳပ္ထားေတာ့မလို႔။ သားနဲ႕ဂ်ီမင္းအေၾကာင္းကိုလဲ ဆိုဖီယာ ဖုန္းဆက္တိုင္လို႔ အားလုံးသိၿပီးၿပီ။ သိၿပီးလို႔လဲ အျမန္ဆုံးျပန္လာၿပီး ဒီလိုေတြစီစဥ္ခဲ့တာ။ သားကိုေတာ့ ဘယ္လိုနည္းနဲ႕မွ ဂ်ီမင္းနဲ႕သေဘာတူမွာမဟုတ္။ သားကအခုမွ အၫႊန့္တလူလူတက္ေနတဲ့ အရည္အခ်င္းရွိတဲ့ လူငယ္ေလး။ သားလိုလူကလဲ အဆင့္အတန္း ပညာအရည္အခ်င္းရွိတဲ့ ဆိုဖီယာနဲ႕သာ အသင့္ေတာ္ဆုံး ။ မင္ဟိုဘက္က ဂ်ီမင္းကို မျဖစ္မေနလက္လႊတ္ရေတာ့မယ္ ဆိုရင္ေတာင္ သားနဲ႕ေတာ့ သေဘာတူမွာမဟုတ္။ ဒါကသူ႕ဆုံးျဖတ္ခ်က္!
...........
တူ တူ တူ
ဂ်ီမင္းေဆး႐ုံကို သြားတဲ့လမ္းတစ္ေလွ်ာက္လုံး ေမာင့္ကိုဖုန္းေခၚေနေပမယ့္ လုံးဝမကိုင္။ ေဆး႐ုံေရွ႕ကားရပ္ရပ္ခ်င္း ေငြရွင္းၿပီး ေဆး႐ုံးထဲအေျပးဝင္ခဲ့မိၿပီး ေဖေဖရွိတဲ့အခန္းကိုေျပးတတ္လာခဲ့မိသည္။
ေဖေဖ့အခန္းကို မေရာက္ခင္ အေရးေပၚခြဲစိတ္ခန္းေရွ႕မွာ ေမာင္ကမ်က္ႏွာေတြကို အႀကိမ္ႀကိမ္ပြတ္ၿပီး ထိုင္ေနတာကိုေတြ႕၏။
ဟင့္အင္း! မျဖစ္ဘူးေနာ္
"ဂ်ီမင္း! ေဖေဖအေရးေပၚအခန္းထဲ..."
ျဖန္း!
"မင္း! ေဖေဖ့ကိုဘာေတြေျပာလိုက္တာလဲ "
"သိတယ္ သိတယ္ မင္းအဲ့လိုထင္ေတာ့မွာကိုသိတယ္! "
"ေဖေဖတစ္ခုခုျဖစ္သြားရင္ မင္းမလြယ္ဘူး! "
ဘုန္း! ဘုန္း!
သူ႕ရင္ဘတ္ႀကီးကို အတင္းထုရိုက္ၿပီး ေအာ္ငိုလိုက္မိသည္။ တကယ္ ေဖေဖ့ကိုဆုံးရႈံးလိုက္ရရင္...
"က်စ္! ေမာင္ဘာမွမေျပာရေသးဘူး! "
" ဟင့္! "
"စိတ္ေလွ်ာ့ဦးမွေပါ့ကြာ ေနာ္ "
ဂ်ီမင္းၾကမ္းျပင္မွာ ဒူးေထာက္ၿပီးငိုေနေတာ့ အတင္းဆြဲဖက္ၿပီး သူ႕ရင္ဘတ္ထဲ ထည့္ထား၏။
"လႊတ္! မထိနဲ႕ "
"ဘာမျဖစ္ဘူးေနာ္ စိတ္ေလွ်ာ့ "
ဘုန္း! ဘုန္း!
"ေဖေဖဘာမွမျဖစ္ဘူးေနာ္ "
"မင္းေၾကာင့္! ဟင့္! "
"အင္း! စိတ္ေလွ်ာ့ေနာ္ ေမာင္ေတာင္းပန္းတယ္"
ကြၽီ!
ခြဲခန္းထဲက ဆရာမတစ္ေယာက္ ထြက္လာတာေၾကာင့္ ဂ်ီမင္းအေျပးတစ္ပိုင္းေမးမိသည္။
"ေဖေဖ့ အေျခအေနဘယ္လိုရွိလဲဟင္"
"လူနာက စိတ္ခ်ရတဲ့ အေျခအေနမဟုတ္ေသးဘူးရွင့္ ဒါေပမယ့္ မၾကာခင္အခန္းေျပာင္းေပးပါမယ္။ ခဏေစာင့္ၾကည့္ၿပီးမွ ထပ္ခြဲစိတ္ဖို႔လိုအပ္ မလိုအပ္ေျပာပါမယ္ရွင့္ "
"ဟုတ္ကဲ့ပါ "
ခြဲခန္းထဲကေန ေဖေဖ့ကို အသက္ရႉပိုက္တန္းလန္းနဲ႕ ေခၚထုတ္လာသည္။ အသက္ကိုလုရႉေနရတာ ဂ်ီမင္းဘယ္လိုမွ မၾကည့္ရက္။ ေဖေဖရယ္ ေဖေဖ့နဲ႕ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့လမ္းက ေဖေဖနဲ႕ေဝးဖို႔လမ္းျဖစ္ေနခဲ့ၿပီလား။ ကြၽန္ေတာ္ေတာ့မွားၿပီထင္တာပဲ ေဖေဖရယ္
"ဂ်ီမင္း ေဖေဖအဆင္ေျပသြားမွာပါ "
"ဖယ္! မထိနဲ႕! ေဖေဖတစ္ခုခုျဖစ္သြားရင္ ငါေသမွာမင္းသိရဲ႕လား ။ ဘာမွမစဥ္းစားပဲ မင္းလုပ္ခ်င္တာကိုလုပ္တယ္ ငါ့ေရွ႕ကိုေပၚမလာနဲ႕ ထြက္သြား! "
"ေမာင္မသြားဘူး! ဒီကိစၥမွာေမာင္မွားခဲ့တာ ဘာတစ္ခုမွမပါဘူးေနာ္ ေမာင္မင္းေဖေဖကိုဘာမွမေျပာရေသးဘူး"
"မင္းကိုမျမင္ခ်င္ဘူး.. "
"က်စ္! မင္းအဲ့လိုလုပ္ေနရင္ မင္းပါလဲက်သြားလိမ့္မယ္ လာတစ္ခုခုသြားစားၿပီး ေဖေဖ့ကိုေမာင္နဲ႕အတူေစာင့္မယ္ေနာ္ လာ "
"မလိုဘူး ငါတစ္ေယာက္ထဲေစာင့္မယ္ မင္းကိုလဲမလိုအပ္ဘူး ထြက္သြား! "
"ဂ်ီမင္း! "
"ငါမင္းနဲ႕ ဆက္မပတ္သက္ခ်င္ေတာ့ဘူး"
"ပတ္ဂ်ီမင္း! ေမာင့္စိတ္ကိုလာမဆြနဲ႕ေနာ္! "
" ၾကည့္ပါလား အခုလဲ မင္းကမင္းေဒါသကိုပဲ ေရွ႕တမ္းတင္ေနတုန္း"
"ဟုတ္ၿပီ ေမာင္ျပန္မယ္ ညက်ရင္ေမာင္လာခဲ့မယ္ အခုတစ္ခုခုစားဖို႔ပို႔ခိုင္းလိုက္မယ္"
"ညလဲမလာနဲ႕ "
ဒုန္း!
အခန္းထဲဝင္သြားကာ တံခါးကိုပိတ္သြား၏။ ဒီေန႕ ေတာ့မင္းကိုလႊတ္ထားေပးမယ္။ ႐ုတ္တရက္ႀကီးျဖစ္သြားလို႔ ေသြးပူေနတုန္းမလို႔ ေမာင္ မင္းကိုခဏလႊတ္ထားေပး႐ုံ ဒါေပမယ့္မင္းသိထားရမွာက မင္းကိုဘယ္လိုနည္းနဲ႕မွ လက္လႊတ္မေပးဘူးဆိုတာပဲ ။
ေဂ်ာင္ကု သူ႕ကိုဖုန္းဆက္လိုက္တယ္ဆိုတာက ဒယ္ဒီနဲ႕ ႏွစ္ေယာက္ထဲမရွိေစခ်င္လို႔ ေခၚထုတ္လိုက္႐ုံ။ ဒါေပမယ့္ေဆး႐ုံေရာက္လို႔ အခန္းထဲဝင္သြားေတာ့ ေဖေဖကေမာေနသလိုျဖစ္ကာ ေဂ်ာင္ကုကိုတစ္ခုခုေျပာေနခဲ့တာ။ ငွားထားတဲ့ သူနာျပဳကလဲမရွိတာေၾကာင့္ ေဂ်ာင္ကုအေရးေပၚခလုပ္ကိုႏွိပ္လိုက္ေတာ့ ဆရာဝန္ေတြေရာက္လာၿပီး စစ္ေဆးေနတုန္း ေဖေဖကသတိလစ္သြားၿပီ။
ေဂ်ာင္ကုထင္တာမမွားရင္ေတာ့ သူ႕ထက္အရင္တစ္ေယာက္ေယာက္လာခဲ့ေသးတယ္လို႔ထင္တယ္။
"သခင္ေလး Boss ကအိမ္ျပန္ဖို႔ေခၚခိုင္းလိုက္လို႔ပါ "
"ငါမအားဘူး "
လို႔ေျပာကာ စိတ္ရႈပ္ရႈပ္နဲ႕ bar ကိုသာတန္းေမာင္းသြားလိုက္ေတာ့သည္။
ဂ်ီမင္းေဖေဖ့ေဘးမွာ ထိုင္ေနရင္း ေဖေဖ့ကိုေသခ်ာၾကည့္ေနလိုက္သည္။ ေဖေဖအသက္ရႉရတာ အရမ္းေမာေနမွာပဲ။ ဘယ္ေလာက္ေတာင္ ပင္ပန္းေနလိုက္မလဲ ဂ်ီမင္းဘဝတေလွ်ာက္လုံး ပင္ပင္ပန္းပန္းနဲ႕ လုပ္ကိုင္ေကြၽးေမြးေနခဲ့ရတာ။ အခုသားအလွည့္ကို ေရာက္ေနၿပီေလ။ သားအလွည့္က်မွ ေဖေဖ့ကိုစိတ္ဒုကၡေတြပဲေပးေနမိတာလား။ သားေတာင္းပန္ပါတယ္ေဖေဖရယ္ သားကိုေတာ့ထားမသြားပါနဲ႕။
ခ်ပ္!
တခါးဖြင့္သံၾကားလို႔ လွည့္ၾကည့္လိုက္ေတာ့ထယ္ေယာင္း။
"ထယ္ေယာင္း! "
ဂ်ီမင္း ထယ္ေယာင္းကို ဖက္ၿပီး ငိုေနမိသည္။
"ဘာမွမျဖစ္ေတာ့ဘူးေနာ္ ငါ့ဆီကိုေဂ်ာင္ကုဖုန္းဆက္လို႔ "
ဟင္!
သူ႕ဆီမွာ ထယ္ေယာင္းဖုန္းနံပါတ္ရွိလိုလား။
"ဦးေလးျပန္ေကာင္းသြားမွာပါ"
__________________________ေက်းဇူးပါ💗
There are no comments yet. Log in to be the first to leave a review!
![MINE [ Completed ]](https://fanficsread.net/media/fs-stories-1/9937/conversions/352625e2c660b2a5aff13438501b2506.jpg)
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




