Fanfics

Part-8

17:08, 2 September 2023

"ဆေးလဲသောက်ဦးနော် ကလေး"

"ဟုတ်ကဲ့ ဦး"

"ဒါပဲနော်.."

"ဟုတ် "

ဦးနဲ့ video call ပြောတာပြီးသွားမှသာ စိတ်သက်သာရာရတော့သည်။ လည်ပင်းက အမှတ်အသားတွေကြောင့် လက်ရှည်ဝတ်ထားတာကို မေးနေတာမလို့ နေမကောင်းလို့ဟုသာဖြေလိုက်သည်။

လက်ရှည်မဝတ်လို့လဲမရ လည်ပင်းဆိုမြင်မကောင်းရှုမကောင်းအောင် အနီကွက်တွေမှ အများအပြား။ မနေ့က ကိစ္စကိုလဲ အခဲမကြေသေး။

မနေ့က သူပြီးသွားတော့ ခင်များအသက်ကိုကယ်ထားတာ ဒီလောက်တော့ပြန်ပေးဆပ်တဲ့လေ။ ပြီးတော့ ခင်များလဲကောင်းနေတာပဲမလားတဲ့ ။ စကားကိုလဲ အရှက်မရှိပြောဆိုသေးတယ်။ ဂျီမင်းကိုကန်ဘောင်ပေါ်မှာအတိုင်းထားခဲ့ပြီး ထွက်သွားသည်။ ဂျီမင်းမှာတော့ ရေစိုဝတ်ကြီးနဲ့ အောက်ထပ်ဆင်းလာတော့ အလုပ်လုပ်နေတဲ့ကောင်မလေးတွေက စူးစမ်းသလိုကြည့်သွားသေးသည်။ ဘယ်လိုတွေထင်သွားပြီလဲမသိ။

ဒီနေ့ဆို အခန်းထဲကနေကိုမထွက်ရဲသေး။ ဦးနဲ့ဖုန်းပြောတုန်းကလဲ လိပ်ပြာမလုံသလို ခံစားချက်ကြီးနဲ့အားနာနေရတာ။ သူ့ကိုလေ ရှောင်လေတွေ့လေများလားမသိ မတွေ့ချင်ရင်အမြဲတွေ့တွေ့နေရသည်။ နောက်တစ်ခါဆိုရင်တော့ အဲ့လိုကိစ္စတွေကိုအဖြစ်မခံနိုင်ပါ။ ဒါကလုံးဝမဖြစ်သင့်သလို ဖြစ်လဲမဖြစ်ချင်ပါဘူး။ ဦးကိုဘယ်လောက်တောင် အားနာစရာကောင်းလိုက်လဲ။ သူ့မှာလဲ စေ့စပ်မဲ့သူကအဆင်သင့်ရှိနေတာကို လူကိုလိုက် အနှောင့်အရှက်ပေးသည်။

ဟူးးးးးးးးးးးး

ဒေါက် ဒေါက်!

"အကိုလေး အောက်မှာဧည့်သည်ရောက်နေလို့ပါ"

"ကျတော့်ဆီလာတာလား"

"သခင်လေးဂျောင်ကုဆီလာတာပါ ကျမတို့ကမပြောရဲ့လို့"

"အင်း အင်း"

ဂျီမင်းအောက်ထပ်ကိုဆင်းလာခဲ့သည်။ မပြောရဲရအောင် ဘယ်သူဖြစ်နေလို့လဲ။

"ဪ ဆိုဖီယာ!"

"အင်း ကျွန်မပဲ ဂျောင်ကုဘယ်မှာလဲ"

"ဂျောင်ကုကအပြင်သွားတယ်ထင်တယ်"

ဂျီမင်းဘက်က အေးအေးဆေးဆေး ပြန်ပြောပေမယ့် သူ့ဘက်ကတော့ ဂျီမင်းကိုအထင်သေးသလိုအကြည့်တွေနဲ့။

နီရဲနေတဲ့ ဂါဝန်ကိုမှ ရင်ဘက်နေရာတွေဆို အပြင်တွေကိုတောင်လျှံထွက်နေပြီ။ ခြေချိတ်ထိုင်ထားတာကြောင့် ပေါင်လယ်လောက်သာရှိသည့် စကတ်က ပေါင်ရင်းကိုတောင်ရောက်နေပြီဖြစ်သည်။

"အခု ဂျောင်ကုနဲ့နှစ်ယောက်ထဲနေတာလား "

" နှစ်ယောက်ထဲ​တော့ မဟုတ်ပါဘူး အလုပ်သမားတွေအများကြီးရှိနေတာပဲ"

"ရှင် ဂျောင်ကုနဲ့ဝေးဝေးနေ"

"ဟမ်.."

" ဟုတ်တယ် ရှင်ကျွန်မနဲ့ စေ့စပ်မယ့်သူနဲ့ ဝေးဝေးနေ"

"ဒီမှာမင်းဘာကိုပြောချင်တာလဲ "

"  အန်ကယ်မင်ဟိုလို အသက်ကြီးတဲ့ လူကိုတောင်အလွတ်မပေးဘူးဆိုတော့ ဂျောင်ကုလိုငယ်ငယ်ချောချောလေးဆို.."

"မင်း..!"

"ဟိုး ဟိုး စိတ်လျှော့ပါရှင် အဟင်း ကျွန်မကသတိပေးရုံပါ "

ဂျီမင်းပြောဖို့အချိန်ကိုမရလိုက် သူမကပဲ ဖြတ်ဖြတ်ပြောသည်။

"ဒေါသတွေထွက်မနေနဲ့ဦးနော် အဟင်း ကျွန်မသွားပြီ"

ဒေါက်ဖိနပ်သံ တဂွတ်ဂွတ်နဲ့ လှည့်ထွက်သွားသည်။ ဂျီမင်းမှာတော့ အိမ်လည်ခေါင်မှာ ရပ်နေမိတာ သူမကားထွက်သွားပြီးသည်အထိ။ သူပြောသွားတဲ့ပုံစံက ကိုယ်ကပဲ တွေ့သမျှယောကျ်ားတွေကို လိုက်ချူစားနေသလို။

တော်ပြီ တော်ပြီ.. စိတ်ညစ်စရာတွေကိုမတွေးချင်တော့ဘူး။

ညစာစားပြီးတော့ အခန်းထဲမှာ ဘာမှလဲလုပ်စရာမရှိတာကြောင့် ဖုန်းသုံးနေလိုက်သည်။ ဂျောင်ကုကတော့ တစ်နေကုန်အိမ်ပြန်လာပုံမပေါ်။ အချိန်ပြည့်အလေလိုက်ပြီး ဘဝကိုဖြတ်သန်းနေတာ။

၁၀ နာရီတောင်ထိုးနေပြီမလို့ ဖုန်းကိုပိတ်ပြီး ရေချိုးခန်းထဲ ကိုယ်လက်သန့်စင်ဖို့ဝင်သွားလိုက်သည်။

ဝှါးးးးးးးးး

ဒီနေ့တော့ တော်တော်လေးအိပ်ချင်နေပြီ။ မျက်လုံး​တွေကိုတောင် ကြိုးစားဖွင့်နေရတဲ့အဖြစ်။မီးပိတ်ပြီး စောင်ကိုခေါင်းအထိခြုံကာ အိပ်လိုက်တော့သည်........

ဒုန်း! ဒုန်း!

"ပတ်ဂျီမင်း တံခါးဖွင့် "

ဒုန်း! ဒုန်း!

အပြင်ကတံခါးကို ထုနေတဲ့အသံတွေကြောင့် ဂျီမင်းနိုးလာရသည်။ အချိန်ကြည့်လိုက်တော့ ည ၁နာရီ..

ကျစ် ညကြီးအချိန်မတော် ဘာတွေ ဒုက္ခပေးဦးမလို့လဲမသိ..

ဒုန်း! ဒုန်း!

ချပ်

"ဘာလဲ! "

"လာခဲ့ "

"ဘာ ဘာလဲ ဘာလုပ်ဖို့လဲ"

အတင်းဆွဲခေါ်နေတာကြောင့် အလန့်တကြားမေးလိုက်သည်။

"ကျစ် လိုက်ဆိုလိုက်ခဲ့လေ "

"အကြောင်းအရင်းမသိပဲ ငါကဘာလို့လိုက်ရမှာလဲ မလိုက်ဘူး လူကိုအနိုင်လာမကျင့်နဲ့! "

"ဟာ ဘယ်သူကအနိုင်ကျင့်နေလို့လဲ "

"မင်းလေ..ည ၁နာရီကြီး ပြဿနာ.."

"ဒီမှာ ဆိုင်ကယ်လဲလာလို့ ဆေးထည့်ခိုင်းမလို့ "

"ဟင်.."

သူကဂျီမင်းကို လွှတ်ပြီးထွက်သွားပြီမို့

"နေဦးလေ ဆေးထည့်ပေးရမယ်ဆို "

" ............ "

"ဧည့်ခန်းထဲမှာထည့်မယ်လေ "

" ......... "

"အင်း အင်း မင်းအခန်းထဲပဲ လိုက်ခဲ့တော့မယ် "

" လိုက်မှာဆိုလိုက်ခဲ့ စကားများမနေနဲ့ "

ဂျီမင်းအနောက်ကနေ အမြန်ပြေးလိုက်သွားလိုက်သည်။ တော်တော်တော့ ထိလာပုံ မျက်နှာကပင်ပန်းလာတဲ့ပုံနဲ့ နှုတ်ခမ်းနားမှာလဲ အပွန်းအပဲ့တွေနဲ့ ။ အခုမှသေချာကြည့်မိတယ် အက်ျီတွေမှာ ဖုန်မှုန့်တွေနဲ့။

သူ့အခန်းထဲရောက်တော့ သူကအကျီ်တောင် ချွတ်ပြီးနေပြီ။ ခုတင်ပေါ်မှာ ထိုင်ပြီးသူ့လက်မောင်းက ဒဏ်ရာကိုကြည့်ပြီး ဒေါသထွက်နေတဲ့ပုံ။

သူ့အခန်းကိုအခုမှ သေချာကြည့်မိတယ်။ ဟိုတစ်ခေါက်ကပြဿနာဖြစ်သွားတာမို့ သေချာမကြည့်လိုက်ရ။ တစ်ခန်းလုံးအနက်ရောင်တွေပဲသုံးထားပြီး အတော်လေးကျယ်သည်။

"ကျစ် ဒီနေ့ဆေးထည့်ပေးဦးမှာလား "

"လာပြီလာပြီ "

သူ့ဘေးနားထိုင်ပြီး လက်မောင်းကဒဏ်ရာကို သေချာကြည့်လိုက်သည်။ တစ်ခုခုနဲ့ ခြစ်မိပြီးပြဲထားတာထင် လက်မောင်းတရှောက်အကွဲရာကြီး ဘေးတွေမှာလဲ အပွန်းအပဲ့တွေအများအပြား။ နောက်ပြီး ကျောပြင်မှာလဲ ဒဏ်ရာတွေရှိနေသေးသည်။

" ဒဏ်ရာကတော်တော်ကြီးတာပဲ ဖုန်တွေနဲ့မို့ ရေအရင်ဆေးရမယ် မင်းရေချိုးခန်းထဲ ခဏဝင်မယ်နော် "

" ....... "

" အရက်ပြန်သုံးမှာမို့ နည်းနည်းစပ်မယ်နော် "

" ......."

" ပတ်တီးရော တစ်ခါတည်းစည်းလိုက်မယ်နော် "

" ......"

"အမလေး ဆောရီးနော် အားပါသွားလို့ "

သူဘာသာ တစ်ယောက်ထဲပြော တစ်ယောက်ထဲလုပ်နေသူကို ဂျောင်ကုသေချာကြည့်နေမိသည်။ ရုတ်တရက်ကြီး အိပ်ယာထဲကထလာရလို့ထင် ဆံပင်တွေ ရှုတ်ပွနေသည်။ နီရဲနေတဲ့ နှုတ်ခမ်းတွေက တထော်ထော်နဲ့ ပြောချင်ရာတွေပြောပြီး ဂရုတစိုက်လုပ်ပေးနေသည်။ ဒီလူက သေချာကြည့်လေ ပိုလှလေထင်တယ်။

ဂျီမင်းလက်ကို ပတ်တီးစည်းပြီး မော့ကြည့်လိုက်တော့ ရီဝေဝေမျက်လုံးတွေနဲ့ အကြည့်ချင်းစုံသည်။ နှုတ်ခမ်းကိုပဲစိုက်ကြည့်နေပြီး တဖြည်းဖြည်း ငုံ့ကျလာတဲ့သူ့ မျက်နှာကြီးကြောင့်..

"ငါ ငါနောက်ကျောဘက်ကိုရော ဆေးထည့်ပေးမယ် "

" အင်း "

"မင်းဘယ်လိုဖြစ်လာတာလဲ "

"ဆိုင်ကယ်ပြိုင်ရင်းနဲ့.. "

" ဪ.. "

"လုပ်ကြံခံရတာ.. "

"ဟင်.."

"အဲ့ကောင် အသေပြန်သတ်မှာ... "

" ......"

အနောက်ကနေ အရက်ပြန်နဲ့ သေချာလိမ်းပေးပြီး  လေနဲ့ပါတဖူးဖူးမှုတ်ပေးနေသေးသည်။ ကျောပြင်တလျှောက် ဖြတ်သွားတဲ့ လေငွေ့နွေးနွေးက တစ်ကိုယ်လုံးကို တငွေ့ငွေ့ ပူလောင်လာစေသည်။

" မျက်နှာကိုရော လူးပေးရမှာလာလား "

"အင်း "

အရင်ဆုံးမျက်ခုံးစပ်နားက ဒဏ်ရာကို လူးပေးပြီး နှုတ်ခမ်းတစ်ဝိုက်ကိုလဲ ဂရုတစိုက်လူးပေးလိုက်သည်။ သေသေချာချာလုပ်ပေးနေတာမို့ မျက်နှာနှစ်ခုနီးနီးကပ်ကပ်ရှိနေတာကို သတိမထားမိလိုက်။ တစ်ဖက်လူရဲ့ အသက်ရှူသံပြင်းပြင်းနဲ့ လေငွေ့နွေးနွေးတို့ ရိုက်ခတ်လာမှသာသတိထားမိတော့သည်။

ခေါင်းကိုလက်တစ်ဖက်နဲ့ ထိန်းပြီးမျက်နှာဆီကို ငုံ့ကျလာတာမို့ သူ့လက်ကအနာကို ဖျစ်ပြစ်လိုက်သည်။

" အားးး ခင်များ "

"သေလေ အခွင့်အရေးသမား "

"ဟုတ်တယ် အခွင့်အရေးသမား ခင်များကိုပဲ အခွင့်အရေးယူမှာ "

" အရူးကောင် "

အရက်ပြန်တို့ထားတဲ့ ဂွမ်းစကို ချခဲ့ပြီးထသွားမလို့လုပ်လိုက်တော့ လူကိုအတင်းဆွဲချပြီး ထိုင်ခိုင်းပြန်သည် ။

" ကျစ် ပြီးပြီလေ အခန်းပြန်တော့မယ် "

"မပြီးသေးဘူး.. "

"မင်း မင်း ဘာလုပ်မလို့လဲ "

ပြီတီတီရုပ်နဲ့ သူ့ဂျင်းဘောင်းဘီဇစ်ကို ဆွဲချနေတာနေတာမို့ လန့်ပြီးအော်လိုက်သည် ။

"အဟက် ဘာတွေတွေး ဒူးခေါင်းမှာ ဒဏ်ရာကျန်သေးတယ် ဘောင်းဘီအပေါ်တင်လို့မရလို့ "

"ဒါဆိုလဲ ရှင်းရှင်းပြောပါလား "

"ခင်များကဘာတွေတွေးနေလို့လဲ "

"ဘာ ဘာမှမတွေးဘူး "

ဂျီမင်းမျက်နှာတွေ ရဲနေတော့မှာ သေချာတယ်။

ဒူးခေါင်းနေရာတွေကိုလဲ သေချာလေးဆေးထည့်ပေးလိုက်သည်။ တကယ်တော့ ဂျီမင်းအရမ်းအိပ်ချင်နေပြီ ။ ပြီးတော့မသင့်တော်ဘူးလေ သူ့ပုံစံကိုလဲကြည့်လိုက်ဦး အတွင်းခံတစ်ထည်တည်းနဲ့ ။

" အားး ခင်များသေချာလုပ်လေ စေတနာမပါဘူးလား "

"သေချာလုပ်နေတာပဲ "

"စေတနာမပါလဲ ထားလိုက်တော့ "

ဒီလောက်သေချာလုပ်ပေးနေတာကို အပြစ်ကပြောချင်သေးတာ ။

" အေးစေတနာမပါဘူး အင့်ဟာ "

"အားးး "

ဂျီမင်းသူ့အနာကြီးကို အတင်းဖိပြီး ထွက်ပြေးလာခဲ့သည်။ မပြေးလို့လဲမရ လူကသာပြန်ပြန်ပြော ပြန်ပြန်လုပ်နေတာ တကယ်လုပ်မယ်ဆိုသူပဲ ရှုံးမှာ။

တစ်ဖက်လူရဲ့ နှစ်နှစ်​ခြိုက်ခြိုက် အပြုံးတွေကိုတော့ ဂျီမင်းမမြင်လိုက်ရပါ။

ခင်များစိတ်ဆိုးသွားတာ အရမ်းချစ်ဖို့ကောင်းတယ်......

____________________

လိုအပ်ချက်တွေနဲ့မို့ တောင်းပန်ပါတယ်ဗျ။ကျေးဇူးပါ 😁😁💗

Zg

"ေဆးလဲေသာက္ဦးေနာ္ ကေလး"

"ဟုတ္ကဲ့ ဦး"

"ဒါပဲေနာ္.."

"ဟုတ္ "

ဦးနဲ႕ video call ေျပာတာၿပီးသြားမွသာ စိတ္သက္သာရာရေတာ့သည္။ လည္ပင္းက အမွတ္အသားေတြေၾကာင့္ လက္ရွည္ဝတ္ထားတာကို ေမးေနတာမလို႔ ေနမေကာင္းလို႔ဟုသာေျဖလိုက္သည္။

လက္ရွည္မဝတ္လို႔လဲမရ လည္ပင္းဆိုျမင္မေကာင္းရႈမေကာင္းေအာင္ အနီကြက္ေတြမွ အမ်ားအျပား။ မေန႕က ကိစၥကိုလဲ အခဲမေၾကေသး။

မေန႕က သူၿပီးသြားေတာ့ ခင္မ်ားအသက္ကိုကယ္ထားတာ ဒီေလာက္ေတာ့ျပန္ေပးဆပ္တဲ့ေလ။ ၿပီးေတာ့ ခင္မ်ားလဲေကာင္းေနတာပဲမလားတဲ့ ။ စကားကိုလဲ အရွက္မရွိေျပာဆိုေသးတယ္။ ဂ်ီမင္းကိုကန္ေဘာင္ေပၚမွာအတိုင္းထားခဲ့ၿပီး ထြက္သြားသည္။ ဂ်ီမင္းမွာေတာ့ ေရစိုဝတ္ႀကီးနဲ႕ ေအာက္ထပ္ဆင္းလာေတာ့ အလုပ္လုပ္ေနတဲ့ေကာင္မေလးေတြက စူးစမ္းသလိုၾကည့္သြားေသးသည္။ ဘယ္လိုေတြထင္သြားၿပီလဲမသိ။

ဒီေန႕ဆို အခန္းထဲကေနကိုမထြက္ရဲေသး။ ဦးနဲ႕ဖုန္းေျပာတုန္းကလဲ လိပ္ျပာမလုံသလို ခံစားခ်က္ႀကီးနဲ႕အားနာေနရတာ။ သူ႕ကိုေလ ေရွာင္ေလေတြ႕ေလမ်ားလားမသိ မေတြ႕ခ်င္ရင္အၿမဲေတြ႕ေတြ႕ေနရသည္။ ေနာက္တစ္ခါဆိုရင္ေတာ့ အဲ့လိုကိစၥေတြကိုအျဖစ္မခံနိုင္ပါ။ ဒါကလုံးဝမျဖစ္သင့္သလို ျဖစ္လဲမျဖစ္ခ်င္ပါဘူး။ ဦးကိုဘယ္ေလာက္ေတာင္ အားနာစရာေကာင္းလိုက္လဲ။ သူ႕မွာလဲ ေစ့စပ္မဲ့သူကအဆင္သင့္ရွိေနတာကို လူကိုလိုက္ အႏွောင့္အရွက္ေပးသည္။

ဟူးးးးးးးးးးးး

ေဒါက္ ေဒါက္!

"အကိုေလး ေအာက္မွာဧည့္သည္ေရာက္ေနလို႔ပါ"

"က်ေတာ့္ဆီလာတာလား"

"သခင္ေလးေဂ်ာင္ကုဆီလာတာပါ က်မတို႔ကမေျပာရဲ႕လို႔"

"အင္း အင္း"

ဂ်ီမင္းေအာက္ထပ္ကိုဆင္းလာခဲ့သည္။ မေျပာရဲရေအာင္ ဘယ္သူျဖစ္ေနလို႔လဲ။

"ဪ ဆိုဖီယာ!"

"အင္း ကြၽန္မပဲ ေဂ်ာင္ကုဘယ္မွာလဲ"

"ေဂ်ာင္ကုကအျပင္သြားတယ္ထင္တယ္"

ဂ်ီမင္းဘက္က ေအးေအးေဆးေဆး ျပန္ေျပာေပမယ့္ သူ႕ဘက္ကေတာ့ ဂ်ီမင္းကိုအထင္ေသးသလိုအၾကည့္ေတြနဲ႕။

နီရဲေနတဲ့ ဂါဝန္ကိုမွ ရင္ဘက္ေနရာေတြဆို အျပင္ေတြကိုေတာင္လွ်ံထြက္ေနၿပီ။ ေျခခ်ိတ္ထိုင္ထားတာေၾကာင့္ ေပါင္လယ္ေလာက္သာရွိသည့္ စကတ္က ေပါင္ရင္းကိုေတာင္ေရာက္ေနၿပီျဖစ္သည္။

"အခု ေဂ်ာင္ကုနဲ႕ႏွစ္ေယာက္ထဲေနတာလား "

" ႏွစ္ေယာက္ထဲ​ေတာ့ မဟုတ္ပါဘူး အလုပ္သမားေတြအမ်ားႀကီးရွိေနတာပဲ"

"ရွင္ ေဂ်ာင္ကုနဲ႕ေဝးေဝးေန"

"ဟမ္.."

" ဟုတ္တယ္ ရွင္ကြၽန္မနဲ႕ ေစ့စပ္မယ့္သူနဲ႕ ေဝးေဝးေန"

"ဒီမွာမင္းဘာကိုေျပာခ်င္တာလဲ "

"  အန္ကယ္မင္ဟိုလို အသက္ႀကီးတဲ့ လူကိုေတာင္အလြတ္မေပးဘူးဆိုေတာ့ ေဂ်ာင္ကုလိုငယ္ငယ္ေခ်ာေခ်ာေလးဆို.."

"မင္း..!"

"ဟိုး ဟိုး စိတ္ေလွ်ာ့ပါရွင္ အဟင္း ကြၽန္မကသတိေပး႐ုံပါ "

ဂ်ီမင္းေျပာဖို႔အခ်ိန္ကိုမရလိုက္ သူမကပဲ ျဖတ္ျဖတ္ေျပာသည္။

"ေဒါသေတြထြက္မေနနဲ႕ဦးေနာ္ အဟင္း ကြၽန္မသြားၿပီ"

ေဒါက္ဖိနပ္သံ တဂြတ္ဂြတ္နဲ႕ လွည့္ထြက္သြားသည္။ ဂ်ီမင္းမွာေတာ့ အိမ္လည္ေခါင္မွာ ရပ္ေနမိတာ သူမကားထြက္သြားၿပီးသည္အထိ။ သူေျပာသြားတဲ့ပုံစံက ကိုယ္ကပဲ ေတြ႕သမွ်ေယာက်္ားေတြကို လိုက္ခ်ဴစားေနသလို။

ေတာ္ၿပီ ေတာ္ၿပီ.. စိတ္ညစ္စရာေတြကိုမေတြးခ်င္ေတာ့ဘူး။

ညစာစားၿပီးေတာ့ အခန္းထဲမွာ ဘာမွလဲလုပ္စရာမရွိတာေၾကာင့္ ဖုန္းသုံးေနလိုက္သည္။ ေဂ်ာင္ကုကေတာ့ တစ္ေနကုန္အိမ္ျပန္လာပုံမေပၚ။ အခ်ိန္ျပည့္အေလလိုက္ၿပီး ဘဝကိုျဖတ္သန္းေနတာ။

၁၀ နာရီေတာင္ထိုးေနၿပီမလို႔ ဖုန္းကိုပိတ္ၿပီး ေရခ်ိဳးခန္းထဲ ကိုယ္လက္သန႔္စင္ဖို႔ဝင္သြားလိုက္သည္။

ဝွါးးးးးးးးး

ဒီေန႕ေတာ့ ေတာ္ေတာ္ေလးအိပ္ခ်င္ေနၿပီ။ မ်က္လုံး​ေတြကိုေတာင္ ႀကိဳးစားဖြင့္ေနရတဲ့အျဖစ္။မီးပိတ္ၿပီး ေစာင္ကိုေခါင္းအထိၿခဳံကာ အိပ္လိုက္ေတာ့သည္........

ဒုန္း! ဒုန္း!

"ပတ္ဂ်ီမင္း တံခါးဖြင့္ "

ဒုန္း! ဒုန္း!

အျပင္ကတံခါးကို ထုေနတဲ့အသံေတြေၾကာင့္ ဂ်ီမင္းနိုးလာရသည္။ အခ်ိန္ၾကည့္လိုက္ေတာ့ ည ၁နာရီ..

က်စ္ ညႀကီးအခ်ိန္မေတာ္ ဘာေတြ ဒုကၡေပးဦးမလို႔လဲမသိ..

ဒုန္း! ဒုန္း!

ခ်ပ္

"ဘာလဲ! "

"လာခဲ့ "

"ဘာ ဘာလဲ ဘာလုပ္ဖို႔လဲ"

အတင္းဆြဲေခၚေနတာေၾကာင့္ အလန့္တၾကားေမးလိုက္သည္။

"က်စ္ လိုက္ဆိုလိုက္ခဲ့ေလ "

"အေၾကာင္းအရင္းမသိပဲ ငါကဘာလို႔လိုက္ရမွာလဲ မလိုက္ဘူး လူကိုအနိုင္လာမက်င့္နဲ႕! "

"ဟာ ဘယ္သူကအနိုင္က်င့္ေနလို႔လဲ "

"မင္းေလ..ည ၁နာရီႀကီး ျပႆနာ.."

"ဒီမွာ ဆိုင္ကယ္လဲလာလို႔ ေဆးထည့္ခိုင္းမလို႔ "

"ဟင္.."

သူကဂ်ီမင္းကို လႊတ္ၿပီးထြက္သြားၿပီမို႔

"ေနဦးေလ ေဆးထည့္ေပးရမယ္ဆို "

" ............ "

"ဧည့္ခန္းထဲမွာထည့္မယ္ေလ "

" ......... "

"အင္း အင္း မင္းအခန္းထဲပဲ လိုက္ခဲ့ေတာ့မယ္ "

" လိုက္မွာဆိုလိုက္ခဲ့ စကားမ်ားမေနနဲ႕ "

ဂ်ီမင္းအေနာက္ကေန အျမန္ေျပးလိုက္သြားလိုက္သည္။ ေတာ္ေတာ္ေတာ့ ထိလာပုံ မ်က္ႏွာကပင္ပန္းလာတဲ့ပုံနဲ႕ ႏႈတ္ခမ္းနားမွာလဲ အပြန္းအပဲ့ေတြနဲ႕ ။ အခုမွေသခ်ာၾကည့္မိတယ္ အက္်ီေတြမွာ ဖုန္မႈန့္ေတြနဲ႕။

သူ႕အခန္းထဲေရာက္ေတာ့ သူကအက်ီ္ေတာင္ ခြၽတ္ၿပီးေနၿပီ။ ခုတင္ေပၚမွာ ထိုင္ၿပီးသူ႕လက္ေမာင္းက ဒဏ္ရာကိုၾကည့္ၿပီး ေဒါသထြက္ေနတဲ့ပုံ။

သူ႕အခန္းကိုအခုမွ ေသခ်ာၾကည့္မိတယ္။ ဟိုတစ္ေခါက္ကျပႆနာျဖစ္သြားတာမို႔ ေသခ်ာမၾကည့္လိုက္ရ။ တစ္ခန္းလုံးအနက္ေရာင္ေတြပဲသုံးထားၿပီး အေတာ္ေလးက်ယ္သည္။

"က်စ္ ဒီေန႕ေဆးထည့္ေပးဦးမွာလား "

"လာၿပီလာၿပီ "

သူ႕ေဘးနားထိုင္ၿပီး လက္ေမာင္းကဒဏ္ရာကို ေသခ်ာၾကည့္လိုက္သည္။ တစ္ခုခုနဲ႕ ျခစ္မိၿပီးၿပဲထားတာထင္ လက္ေမာင္းတေရွာက္အကြဲရာႀကီး ေဘးေတြမွာလဲ အပြန္းအပဲ့ေတြအမ်ားအျပား။ ေနာက္ၿပီး ေက်ာျပင္မွာလဲ ဒဏ္ရာေတြရွိေနေသးသည္။

" ဒဏ္ရာကေတာ္ေတာ္ႀကီးတာပဲ ဖုန္ေတြနဲ႕မို႔ ေရအရင္ေဆးရမယ္ မင္းေရခ်ိဳးခန္းထဲ ခဏဝင္မယ္ေနာ္ "

" ....... "

" အရက္ျပန္သုံးမွာမို႔ နည္းနည္းစပ္မယ္ေနာ္ "

" ......."

" ပတ္တီးေရာ တစ္ခါတည္းစည္းလိုက္မယ္ေနာ္ "

" ......"

"အမေလး ေဆာရီးေနာ္ အားပါသြားလို႔ "

သူဘာသာ တစ္ေယာက္ထဲေျပာ တစ္ေယာက္ထဲလုပ္ေနသူကို ေဂ်ာင္ကုေသခ်ာၾကည့္ေနမိသည္။ ႐ုတ္တရက္ႀကီး အိပ္ယာထဲကထလာရလို႔ထင္ ဆံပင္ေတြ ရႈတ္ပြေနသည္။ နီရဲေနတဲ့ ႏႈတ္ခမ္းေတြက တေထာ္ေထာ္နဲ႕ ေျပာခ်င္ရာေတြေျပာၿပီး ဂ႐ုတစိုက္လုပ္ေပးေနသည္။ ဒီလူက ေသခ်ာၾကည့္ေလ ပိုလွေလထင္တယ္။

ဂ်ီမင္းလက္ကို ပတ္တီးစည္းၿပီး ေမာ့ၾကည့္လိုက္ေတာ့ ရီေဝေဝမ်က္လုံးေတြနဲ႕ အၾကည့္ခ်င္းစုံသည္။ ႏႈတ္ခမ္းကိုပဲစိုက္ၾကည့္ေနၿပီး တျဖည္းျဖည္း ငုံ႕က်လာတဲ့သူ႕ မ်က္ႏွာႀကီးေၾကာင့္..

"ငါ ငါေနာက္ေက်ာဘက္ကိုေရာ ေဆးထည့္ေပးမယ္ "

" အင္း "

"မင္းဘယ္လိုျဖစ္လာတာလဲ "

"ဆိုင္ကယ္ၿပိဳင္ရင္းနဲ႕.. "

" ဪ.. "

"လုပ္ႀကံခံရတာ.. "

"ဟင္.."

"အဲ့ေကာင္ အေသျပန္သတ္မွာ... "

" ......"

အေနာက္ကေန အရက္ျပန္နဲ႕ ေသခ်ာလိမ္းေပးၿပီး  ေလနဲ႕ပါတဖူးဖူးမႈတ္ေပးေနေသးသည္။ ေက်ာျပင္တေလွ်ာက္ ျဖတ္သြားတဲ့ ေလေငြ႕ႏြေးႏြေးက တစ္ကိုယ္လုံးကို တေငြ႕ေငြ႕ ပူေလာင္လာေစသည္။

" မ်က္ႏွာကိုေရာ လူးေပးရမွာလာလား "

"အင္း "

အရင္ဆုံးမ်က္ခုံးစပ္နားက ဒဏ္ရာကို လူးေပးၿပီး ႏႈတ္ခမ္းတစ္ဝိုက္ကိုလဲ ဂ႐ုတစိုက္လူးေပးလိုက္သည္။ ေသေသခ်ာခ်ာလုပ္ေပးေနတာမို႔ မ်က္ႏွာႏွစ္ခုနီးနီးကပ္ကပ္ရွိေနတာကို သတိမထားမိလိုက္။ တစ္ဖက္လူရဲ႕ အသက္ရႉသံျပင္းျပင္းနဲ႕ ေလေငြ႕ႏြေးႏြေးတို႔ ရိုက္ခတ္လာမွသာသတိထားမိေတာ့သည္။

ေခါင္းကိုလက္တစ္ဖက္နဲ႕ ထိန္းၿပီးမ်က္ႏွာဆီကို ငုံ႕က်လာတာမို႔ သူ႕လက္ကအနာကို ဖ်စ္ျပစ္လိုက္သည္။

" အားးး ခင္မ်ား "

"ေသေလ အခြင့္အေရးသမား "

"ဟုတ္တယ္ အခြင့္အေရးသမား ခင္မ်ားကိုပဲ အခြင့္အေရးယူမွာ "

" အ႐ူးေကာင္ "

အရက္ျပန္တို႔ထားတဲ့ ဂြမ္းစကို ခ်ခဲ့ၿပီးထသြားမလို႔လုပ္လိုက္ေတာ့ လူကိုအတင္းဆြဲခ်ၿပီး ထိုင္ခိုင္းျပန္သည္ ။

" က်စ္ ၿပီးၿပီေလ အခန္းျပန္ေတာ့မယ္ "

"မၿပီးေသးဘူး.. "

"မင္း မင္း ဘာလုပ္မလို႔လဲ "

ၿပီတီတီ႐ုပ္နဲ႕ သူ႕ဂ်င္းေဘာင္းဘီဇစ္ကို ဆြဲခ်ေနတာေနတာမို႔ လန့္ၿပီးေအာ္လိုက္သည္ ။

"အဟက္ ဘာေတြေတြး ဒူးေခါင္းမွာ ဒဏ္ရာက်န္ေသးတယ္ ေဘာင္းဘီအေပၚတင္လို႔မရလို႔ "

"ဒါဆိုလဲ ရွင္းရွင္းေျပာပါလား "

"ခင္မ်ားကဘာေတြေတြးေနလို႔လဲ "

"ဘာ ဘာမွမေတြးဘူး "

ဂ်ီမင္းမ်က္ႏွာေတြ ရဲေနေတာ့မွာ ေသခ်ာတယ္။

ဒူးေခါင္းေနရာေတြကိုလဲ ေသခ်ာေလးေဆးထည့္ေပးလိုက္သည္။ တကယ္ေတာ့ ဂ်ီမင္းအရမ္းအိပ္ခ်င္ေနၿပီ ။ ၿပီးေတာ့မသင့္ေတာ္ဘူးေလ သူ႕ပုံစံကိုလဲၾကည့္လိုက္ဦး အတြင္းခံတစ္ထည္တည္းနဲ႕ ။

" အားး ခင္မ်ားေသခ်ာလုပ္ေလ ေစတနာမပါဘူးလား "

"ေသခ်ာလုပ္ေနတာပဲ "

"ေစတနာမပါလဲ ထားလိုက္ေတာ့ "

ဒီေလာက္ေသခ်ာလုပ္ေပးေနတာကို အျပစ္ကေျပာခ်င္ေသးတာ ။

" ေအးေစတနာမပါဘူး အင့္ဟာ "

"အားးး "

ဂ်ီမင္းသူ႕အနာႀကီးကို အတင္းဖိၿပီး ထြက္ေျပးလာခဲ့သည္။ မေျပးလို႔လဲမရ လူကသာျပန္ျပန္ေျပာ ျပန္ျပန္လုပ္ေနတာ တကယ္လုပ္မယ္ဆိုသူပဲ ရႈံးမွာ။

တစ္ဖက္လူရဲ႕ ႏွစ္ႏွစ္​ၿခိဳက္ၿခိဳက္ အၿပဳံးေတြကိုေတာ့ ဂ်ီမင္းမျမင္လိုက္ရပါ။

ခင္မ်ားစိတ္ဆိုးသြားတာ အရမ္းခ်စ္ဖို႔ေကာင္းတယ္......

____________________

လိုအပ္ခ်က္ေတြနဲ႕မို႔ ေတာင္းပန္ပါတယ္ဗ်။ေက်းဇူးပါ 😁😁💗

There are no comments yet. Log in to be the first to leave a review!

More by bubuu-nim

Similar stories