Episode 8 (အတိတ်ဆီသို့ အလည်တစ်ခေါက်)
08:45, 3 October 2025ည၁၂ နာရီ တီးလို့ သန်းခေါင်ယံချိန်…။ ကလျာနဲ့ စိုးမိုး မီးအိမ်လေးကို ကိုင်၍သာ ထွက်လာခဲ့သည်။ စိုးမိုးကတော့ စိုးရိမ်တာကြောင့် လက်နက်ပါ သယ်လာပါသည်။
စိုးမိုးမှာ တုတ်တစ်ချောင်းမဲ့ ကလျာမှာ မီးအိမ်ကိုင်လို့ ထွက်လာခဲ့တာ ပုဂံမြို့ဟောင်းက တဲစုတ်ကလေးကို ရောက်ပါပြီ။
တကယ်ပဲ မီးလင်းနေသည်။ အထဲမှာ လူရှိပုံမို့။
ကလျာ ကပ်ကာ တိုးတိုးလေးအော်သည်။
“လူ..လူရှိလားး”
ထိုအခါမှ တဲထဲထွက်လာတဲ့လူကားး အဘိုးအိုပင်။
“ရောက်လာကြပြီပဲ…လာ..အထဲဝင်ကြ အပြင်က အန္တရာယ်များတယ်”
“ဟုတ်”
စိုးမိုးရော ကလျာလည်း တဲလေးထဲဝင်သွားကာ အထဲမှာ ထိုင်ကြသည်။
“မင်းက ကလျာ…မင်း နန်းထယ်ကို မြင်ရတယ်မလားး”
“ရှင်…ဒါကိုဘယ်လိုလုပ်သိ”
“မင်း အကုန်သိနေရတယ်မလားး နန်းထယ် အသံကို မင်းကြားရတယ်မလားး”
“ဟု..ဟုတ်…အဘိုးကဘယ်သူမို့…ဒါတွေကိုအကုန်သိ”
“ဟားး ငါက တစ်ချိန်က နာမည်ကြီးခဲ့တဲ့ နတ်ဆရာကြီး ဦးထိန်လင်းပါ…ဟားး ဒီလောက်ကတော့ အပျော့”
“ဟင်…ဆရာကြီး ထိန်လင်းးအစစ်လားး”
စိုးမိုးမှ မျက်လုံးပြူးပြူးနဲ့မေးသည်။
“ဒါပေါ့ ထိန်လင်းတဲ့ တစ်ယောက်ပဲရှိတယ် နှစ်ယောက် မရှိဘူးးကွ…ကြည့်ရတာ လူလေးက အဘိုးကိုသိတယ်ထင်တယ်”
“သိ…သိတာပေါ့ ဒီလောက်နာမည်ကြီးတာ ပြောကြတာ ဆရာကြီးးပျောက်သွားတာ ရှာမတွေ့ဘူးဆိုပြီးး”
“ဟားး ပျောက်တာထက်စရာရင် အချုပ်ခံလိုက်ရတာပါကွာ”
“ဘယ်လို…”
“အကြောင်းကရှင်းရရင် ရှည်မယ်ကွဲ့…. မြို့စားက ငါ့ကိုခေါ်ထားတာပဲလေ…”
“ဘာလို့လဲ မြို့စားက”
“အင်းး အဲအကြောင်းကိုပြောဖို့ဆို ဟိုးအတိတ် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကို ပြန်သွားရလိမ့်မယ်….
မြင်ကပါက ပန်းပုဆရာကြီး ဦးမြတ်စံ နဲ့ သူ့ဇနီး မပန်းသစ္စာ ။
ကလေးသိပ်လိုချင်ကြတဲ့ သူတို့လင်မယား သမီးလေးတစ်ယောက်ရလာခဲ့ပါတယ်။ ဒါပေမဲ့ သားလိုချင်တော့ ထပ်ပြီးတောင့်တာမိတာ
မိုးကောင်းကင်က ကြားသိတော့… သမီးလေး မိုးသူဇာအသက် ၁၅နှစ် မှာပဲ
မေမေ ပန်းသစ္စာ ကိုယ်ဝန်ရှိလာတယ်တဲ့လေ။
“ဟားး မိန်းမ တကယ် တကယ်လားး တကယ်ပြောတာလားး”
“အော်..တကယ်ပေါ့ အစ်ကိုရဲ့….သစ္စာဗိုက်ထဲမှာ အစကို့ရင်သွေးလေးး”
“အမလေးးဗျာ ဝမ်းသာလိုက်တာ ဝမ်းသာလိုက်တာ ကျေဇူးပါ သစ္စာရယ် ကျေးဇူးပါ”
“ဖေဖေ ဘာတွေပျော်နေတာလဲ”
သူဇာလေးမှမေးတော့
“သမီးလေးး ကြည့်ရတာ ဖေဖေ့သမီး မောင်လေးထပ်ရတော့မယ်ကွဲ့”
“ရှင်…ဟားး ပျော်လိုက်တာ ကလေးသေးသေး ချစ်စရာလေမွေးပေးမှာပေါ့”
“အင်းးကွဲ့…ချစ်စရာလေးကို မေမေက မွေးပေးမှာ”
“ဟီးး မေမေ့ကိုချစ်တာ”
“အမလေးး သားအဖတွေများ တစ်ပုံစံတည်းနော်”
ချစ်ရတဲ့သမီးငယ်နဲ့ အမျိုးသားကြောင့် ပိုပြီး ပျော်ရွှင်ရပါသည်လေ။
“မေမေရယ် အဲဒါတွေ သမီးပေးပါ”
“ဟုတ်သားပဲ သစ္စာရယ် မင်းက ကိုယ့်ဝန်ကြီးနဲ့ကို အဝတ်လျှော်မလို့လားး”
“အော် အစ်ကိုရယ် အဝတ်တွေက ပုံနေတော့ လျှော်ရမှာပေါ့”
“ကဲပါ….ပေးး အဲအဝတ်တွေ ကိုယ်လျှော်မယ်”
“အို ဘယ်ဖြစ်မလဲလို့….အစ်ကိုရဲ့ မိန်းမအဝတ်အစားတွေ ထဘီတွေ မဖြစ်ပါဘူး”
“အမလေးး ကိုယ့်မိန်းမနဲ့ သမီးဟာပဲလေ ဘာဖြစ်သလဲ”
“ကဲပါ…သမီးသာပေးတော့ သမီးပဲလျှော်မယ်”
နောက်ဆုံးတော့လည်း သမီးကြီး သူဇာသာ လုပ်ပေးရတော့သည်။
ဒီလိုနဲ့သာ မေမေသစ္စာကိုမနိုင်… .အလုပ်သာလုပ်နေသည့် သူမအစားး သူဇာမှာ ကြားကဝင်လုပ်ပေးရတော့သည်။
သူဇာကတစ်လှည့် ဖေဖေမြတ်စံကတစ်လှည့်နဲ့ ကိုယ်ဝန်ကို ဂရုစိုက်ပေးလိုက်ရတာ...….
ကိုးလလွယ် ဆယ်လကြာဖွားတော့ ပထမကလေးတုန်းကထက် ခက်ခဲလှသည်။ သစ္စာ ဒီကလေးကို မနည်းမွေးရသည်။
“အားး အားးး”
“အသက်ကိုမှန်မှန်ရှူ…ဖြေးဖြေးချင်းး မှုတ်ထုတ်…”
“အင့်..အားး”
“ညှစ်..ညှစ်..ထားး အေးးအေးး ခေါင်း ခေါင်းပေါ်လာပြီ…အားစိုက်ထားး”
လက်သည်ရဲ့ အသံနဲ့ မိန်းမဖြစ်သူ သစ္စာအသံကြောင့် အပြင်မှာ လမ်းကိုတောင်နဲ့မြောက် ပတ်လျှောက်နေတဲ့ ကိုမြတ်စံ စိတ်မအေးလှပါ။
အရင်ကမွေးတာ ဒီလောက် မကြာတာမို့ စိတ်ကပူလှပြီ။
သူဇာလေးကတော့ ၁၅ နှစ်အရွယ်မို့ အတော်အတန်သိတတ်နေသလို…မေမေ့နဲ့ မွေးလာမဲ့ ကလေးအတွက်စိုရိမ်ကာ ဘုရားစာများ ရွတ်လျက် စောင့်နေသည်။
“ရတော့မယ်…ရတော့မယ်”
“အငဲ…အငဲ…”
ကလေးငိုသံကြားမှ ဖေဖေရော သူဇာပါ စိတ်အေးရ ပါသည်။
“သစ္စာ…မသစ္စာ…သတိလေးဘာလေးထပါအုံးး သစ္စာ…!!!”
ကလေးငိုသံကြားပေမဲ့ နောက်ဆက်တွဲ အသံကားး ထိတ်လန့်စေသည်။
“သစ္စာ…!!!”
ဖေဖေမှ အထဲကိုဝင်ပြေးကာ…မေမေ့ကို ပွေ့ချီလျက်။
“သစ္စာ…. ထ..ထပါအုံးး”
“အသက်တော့ရှိသေးတယ်…သူပင်ပန်းလို့ မေ့သွားတာနေမှာပါ မြတ်စံရယ် စိတ်ကိုအေးအေးးထားး အန်တီတို့ လုပ်ပေးပါ့မယ်နော် သစ္စာလေး ဘာမှမဖြစ်စေရဘူးး”
“ဟုတ်ကဲ့ဗျာ….အားကိုးပါတယ်..အကယ်၍ ဆေးရုံသွားစရာလိုရင် ကျွန်တော်လှည်းနဲ့”
“လောလောဆယ်တော့ သူအိပ်သွားတာမို့… နိုးလာမှ ကြည့်လုပ်ကြတာပေါ့”
“ဟုတ်ကဲ့ပါ…”
“ရော့….ဒီမှာ နင့်သားလေးး”
“သားးလေးး”
“အေးး နင်တို့လင်မယားကံအရမ်းကောင်းတာပဲ သားလေးမွေးတယ်အေ့…..”
“သားလေးး သားလေးးတဲ့လားး”
“နာမည်ကော ဘယ်လိုပေးမတုန်းး”
“သစ္စာ့နဲတိုင်ပင်အုံးမှာပါ….သူ့စိတ်ကြိုက် သားလေးကိုနာမည်ပေးကမှာ”
“အေးးပါ…လောလောဆယ် ကလေး ရော မိခင်ရောနားရမယ် နင်သူတို့ကို ခပ်မကွာတကွာကနေ စောင့်ပေးး နင့်သမီး သူဇာကိုအထဲမှာအိပ်ခိုင်းလိုက် သူကမိန်းကလေးဆိုတော့ မီးနေခန်းမှာ နေလို့ရတယ်…”
“ဟုတ်…ဟုတ် ကဲ့ အန်တီသင်း”
“သန့်ရှင်း ရေးတော့ ငါလုပ်ပေးခဲ့မယ် မနက်မှ ပြန်လာ ကြည့်မယ်နော် တစ်ခုခုဆို ငါ့ဆီသာအပြေးလာခဲ့ အချိန်တွေ ဘာတွေစောင့်မနေနဲ့ ချက်ချင်းသာလာခဲ့ ကြားလား”
“ဟုတ် ဟုတ်ကဲ့ပါ အန်တီသင်းး”
အန်တီသင်းလည်းပြန်သွားကာ…….
မြတ်စံလည်း အနားကကပ်ရပ်အခန်းမှာအိပ်ပြီးး သူဇာကတော့ မေမေနဲ့အတူ အခန်းထောင့်မှာဖျာခင်းကာ သူ့မေမေနဲ့ မောင်လေးကိုစောင့်ရှောက်ပါတယ်။
ညရောက်လို့ ကလေးငယ်ငိုရင် နို့ဆာနေတာမို့ အိပ်ပျော်နေသည့် မေမေနို့နဲ့ ကိုင်ကာ တိုက်ရသည်။ လက်သည် အန်တီသင်းကိုယ်တိုင်သင်ခဲ့တာကြောင့်ပင်။
ကလေးအမေက မတိုက်နိုင်တဲ့အခါ ဘေးလူက တိုက်ပေးရတော့ သမီးဖြစ်သူ သူဇာက အားကိုးရမဲ့သူပင်။ ဒါကြောင့် နို့ဆာတတ်တဲ့ သူ့မောင်လေးနဲ့… သူဇာတော့ တစ်ညလုံးကောင်းကောင်းပင်မအိပ်ခဲ့ရပါ။
“မေမေ…နိုးပြီလား”
မနက်မိုးသောက်ချိန်ရောက်တော့ မေမေသစ္စာနိုးလာသည်။
“သမီးး သူဇာ”
“မေမေ သက်သာရဲ့လားး ခေါင်းတွေဘာတွေရော မူးနေလားး ရေ ရေသောက်မလား မေမေ”
“ရတယ်…မေမေအဆင်ပြေတယ်”
“ခဏနော်…ဖေဖေ့သွားခေါ်လိုက်အုံးမယ်”
“အေးးပါကွယ်”
သူဇာလည်း မေမေနိုးတာနဲ့ ဖေဖေမြတ်စံကို သွားခေါ်ရတော့တယ်။ ထိုအခါမှပဲ အပြေး အလွှားနဲ့ မြတ်စံ။
“သစ္စာ….မိန်းမ နိုးပြီလားး နေလို့ကောင်းတယ်မလားး ဘာမှမဖြစ်ပါဘူးး”
စိတ်အပူပန်တကြီးနဲ့ ကိုမြတ်စံကြောင့် သစ္စာရယ်မိသည်။
“အစ်ကိုရယ် သစ္စာအဆင်ပြေပါတယ်….သားလေးးက”
“ဒီ မှာလေ မေမေ”
သူဇာ ကလေးငယ်ကို ပွေ့ကာပေးပြီး မေမေရင်ခွင်ထဲ ထည့်လိုက်သည်။
သစ္စာလည်း ကလေးငယ်အား အသာအယာပွေ့ချီလျက် တယုတယငုံကြည့်ရင်းးး
“သားလေးက အရမ်းချစ်ဖို့ကောင်းတာပဲ အစ်ကိုရယ်”
ဖေဖေမှလည်း ကလေးငယ်အားကြည့်လျက်
“ဟုတ်ပါ့…. သစ္စာနဲ့တူလို့ထင်တယ်နော်”
“အဲလောက်လည်းမဟုတ်ပါဘူး အစ်ကိုနဲ့လည်းတူပါတယ်”
“ကြည့်လေ သစ္စာနဲ့ ချွတ်ဆွတ်”
“အစ်ကိုကတော့လေ…”
သူဇာမှာတော့ ဖေဖေနဲ့မေမေဘေးနားမှာ ရပ်ကာ ကြည့်နေမိသည်။ သူမမိသားစုလေးက ပိုပြီး နွေးထွေးလာသလို ပျော်စရာကောင်းတော့မည်လို့ တွေးမိကာ ပြုံးလျက်ပင်။
“သစ္စာ ကိုယ်တို့ သားလေးကို နာမည်ဘယ်လို ပေးမလဲ”
“နာမည်…အင်းး သစ္စာ စဥ်းစားအုံးမယ် အစ်ကို ဒီတိုင်း မပေးချင်ဘူးး”
“အေးပါကွာ… သစ္စာ သဘော…”
စကားပြောနေတုန်းပင် အိမ်ရှေ့က အလန့်တကြား အော်သံ။
“ကိုမြတ်စံရေ ကိုမြတ်စံ”
“ဘယ်သူတုန်းးဟ မနက်အစောကြီး”
မြတ်စံလည်း ထကာ အိမ်ရှေ့ရောက်တော့ မတ်တပ်ရပ်လျက်သား ငဇော်။
ငဇော်ဆိုတာက မြတ်စံနဲ့အတူ အလုပ်ဖော်ဖြစ်သလို ညီငယ်လေးလို ခင်မင်ရတဲ့သူပင်။ မြတ်စံနဲ့အတူ ပန်းပုထုလေ့ရှိတဲ့ တပည့်ဆိုလည်းမမှားသလို မိသားစုလို ညီငယ်လေးဆိုလည်း မမှားဘူးးလေ။
“ငဇော်ပါလားး ဘာလဲကွ”
“ကိုမြတ်စံ ကိုမြတ်စံတို့တော့ ပွတာပဲဗျ”
“ဘာကိုပွရမှာလဲ ငဇော်ရ”
“ကိုမြတ်စံ ဟိုတလောကပို့လိုက်တဲ့ ပန်းပုရုပ်တွေလေ..”
“အေးး အဲတာဘာဖြစ်လို့လဲ”
“အဲပန်းပုတွေကို မြို့စား ဆီ ဆက်သရတာ သူက သဘောကျတာမို့ ဆုတော်ချီးမြင့်ချင်တယ်တဲ့”
“ဘယ်လို..”
“ဟုတ်တယ် ကိုမြတ်စံ… မြို့စားက ကိုယ်တိုင် ဆုတော်ငွေ ချီးမြင့်မယ်တဲ့”
“ဘုရားရေ…ဒါဆို”
“ကိုမြတ်စံ တော့ နာမည်ကြီးပြီဗျ အကောင်းဆုံး ပန်းပုသမားဖြစ်ပြီပေါ့ဗျ ဟားးး”
“ဟားး ဝမ်းသာ လိုက်တာကွာ”
ရယ်မောသံတွေ ဆူညံလာတော့ အိမ်ထဲမှ အသာအယာထွက်လာသော သစ္စာမှာ ကလေးကိုချီလျက် သူမ ဘေးကတော့ လိုက်ထိန်းပေးသော သူဇာ။
“အစ်ကို ဘာဖြစ် တာလဲဟင်”
“သစ္စာ…အစ်ကိုတို့တော့ ကံကောင်းတာပဲ သစ္စာရဲ့”
“ဘာဖြစ်လို့လဲ အစ်ကို”
“အစ်ကို့ ပန်းပုကို မြို့စားကြီး က နှစ်သက်လို့ ဆုတော်ချီးမြင့်မယ်တဲ့”
“တကယ်လား အစ်ကို”
“တကယ်…သစ္စာ”
“ဝမ်းသာလိုက်တာ အစ်ကိုရယ်….”
“ကြည့်ရတာ ကိုယ်တို့သားလေးရဲ့ ကံထင်ပါရဲ့ …. ရွှေပုံငွေပုံပေါ် ထိုင်ရမဲ့ကံလေ”
သားငယ်ကိုကြည့်၍ ဆိုတော့….မေမေက ပြုံးလျက်။
“သစ္စာ စဥ်းစားမိပြီ…နာမည် သားနာမည်ရပြီ”
“ဘယ်လို မှည့်မလဲ”
“ သစ္စာတို့အတွက် ရွှေတွေငွေတွေ သယ်ဆောင်ပေးလာလို့ ရွှေ… ရွှေနန်း ရွှေအိမ်ကို ထည်ဝါ လှပစေမဲ့ သူလေးမို့ သားလေးကို ရွှေနန်းထယ် ရွှေနန်းထယ် လို့ ပေးမယ်”
“ဟားး ရွှေနန်းထယ်တဲ့လေ…ဟားး”
သားငယ်ကိုချီမြောက်လို့ မြတ်စံဟစ်ကြွေးခဲ့လေတော့သည်။
ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgi Code
ည၁၂ နာရီ တီးလို႔ သန္းေခါင္ယံခ်ိန္။ ကလ်ာနဲ႕ စိုးမိုး မီးအိမ္ေလးကို ကိုင္၍သာ ထြက္လာခဲ့သည္။ စိုးမိုးကေတာ့ စိုးရိမ္တာေၾကာင့္ လက္နက္ပါ သယ္လာပါသည္။
စိုးမိုးမွာ တုတ္တစ္ေခ်ာင္းမဲ့ ကလ်ာမွာ မီးအိမ္ကိုင္လို႔ ထြက္လာခဲ့တာ ပုဂံၿမိဳ႕ေဟာင္းက တဲစုတ္ကေလးကို ေရာက္ပါၿပီ။
တကယ္ပဲ မီးလင္းေနသည္။ အထဲမွာ လူရွိပုံမို႔။
ကလ်ာ ကပ္ကာ တိုးတိုးေလးေအာ္သည္။
"လူ..လူရွိလားး"
ထိုအခါမွ တဲထဲထြက္လာတဲ့လူကားး အဘိုးအိုပင္။
"ေရာက္လာၾကၿပီပဲလာ..အထဲဝင္ၾက အျပင္က အႏၱရာယ္မ်ားတယ္"
"ဟုတ္"
စိုးမိုးေရာ ကလ်ာလည္း တဲေလးထဲဝင္သြားကာ အထဲမွာ ထိုင္ၾကသည္။
"မင္းက ကလ်ာမင္း နန္းထယ္ကို ျမင္ရတယ္မလားး"
"ရွင္ဒါကိုဘယ္လိုလုပ္သိ"
"မင္း အကုန္သိေနရတယ္မလားး နန္းထယ္ အသံကို မင္းၾကားရတယ္မလားး"
"ဟု..ဟုတ္အဘိုးကဘယ္သူမို႔ဒါေတြကိုအကုန္သိ"
"ဟားး ငါက တစ္ခ်ိန္က နာမည္ႀကီးခဲ့တဲ့ နတ္ဆရာႀကီး ဦးထိန္လင္းပါဟားး ဒီေလာက္ကေတာ့ အေပ်ာ့"
"ဟင္ဆရာႀကီး ထိန္လင္းးအစစ္လားး"
စိုးမိုးမွ မ်က္လုံးျပဴးျပဴးနဲ႕ေမးသည္။
"ဒါေပါ့ ထိန္လင္းတဲ့ တစ္ေယာက္ပဲရွိတယ္ ႏွစ္ေယာက္ မရွိဘူးးကြၾကည့္ရတာ လူေလးက အဘိုးကိုသိတယ္ထင္တယ္"
"သိသိတာေပါ့ ဒီေလာက္နာမည္ႀကီးတာ ေျပာၾကတာ ဆရာႀကီးးေပ်ာက္သြားတာ ရွာမေတြ႕ဘူးဆိုၿပီးး"
"ဟားး ေပ်ာက္တာထက္စရာရင္ အခ်ဳပ္ခံလိုက္ရတာပါကြာ"
"ဘယ္လို"
"အေၾကာင္းကရွင္းရရင္ ရွည္မယ္ကြဲ႕. ၿမိဳ႕စားက ငါ့ကိုေခၚထားတာပဲေလ"
"ဘာလို႔လဲ ၿမိဳ႕စားက"
"အင္းး အဲအေၾကာင္းကိုေျပာဖို႔ဆို ဟိုးအတိတ္ လြန္ခဲ့တဲ့ ဆယ့္ငါးႏွစ္ကို ျပန္သြားရလိမ့္မယ္....
ျမင္ကပါက ပန္းပုဆရာႀကီး ဦးျမတ္စံ နဲ႕ သူ႕ဇနီး မပန္းသစၥာ ။
ကေလးသိပ္လိုခ်င္ၾကတဲ့ သူတို႔လင္မယား သမီးေလးတစ္ေယာက္ရလာခဲ့ပါတယ္။ ဒါေပမဲ့ သားလိုခ်င္ေတာ့ ထပ္ၿပီးေတာင့္တာမိတာ
မိုးေကာင္းကင္က ၾကားသိေတာ့ သမီးေလး မိုးသူဇာအသက္ ၁၅ႏွစ္ မွာပဲ
ေမေမ ပန္းသစၥာ ကိုယ္ဝန္ရွိလာတယ္တဲ့ေလ။
"ဟားး မိန္းမ တကယ္ တကယ္လားး တကယ္ေျပာတာလားး"
"ေအာ္..တကယ္ေပါ့ အစ္ကိုရဲ႕.သစၥာဗိုက္ထဲမွာ အစကို႔ရင္ေသြးေလးး"
"အမေလးးဗ်ာ ဝမ္းသာလိုက္တာ ဝမ္းသာလိုက္တာ ေက်ဇဴးပါ သစၥာရယ္ ေက်းဇူးပါ"
"ေဖေဖ ဘာေတြေပ်ာ္ေနတာလဲ&
သူဇာေလးမွေမးေတာ့
"သမီးေလးး ၾကည့္ရတာ ေဖေဖ့သမီး ေမာင္ေလးထပ္ရေတာ့မယ္ကြဲ႕"
"ရွင္ဟားး ေပ်ာ္လိုက္တာ ကေလးေသးေသး ခ်စ္စရာေလေမြးေပးမွာေပါ့"
"အင္းးကြဲ႕ခ်စ္စရာေလးကို ေမေမက ေမြးေပးမွာ"
"ဟီးး ေမေမ့ကိုခ်စ္တာ"
"အမေလးး သားအဖေတြမ်ား တစ္ပုံစံတည္းေနာ္"
ခ်စ္ရတဲ့သမီးငယ္နဲ႕ အမ်ိဳးသားေၾကာင့္ ပိုၿပီး ေပ်ာ္႐ႊင္ရပါသည္ေလ။
"ေမေမရယ္ အဲဒါေတြ သမီးေပးပါ"
"ဟုတ္သားပဲ သစၥာရယ္ မင္းက ကိုယ့္ဝန္ႀကီးနဲ႕ကို အဝတ္ေလွ်ာ္မလို႔လားး"
"ေအာ္ အစ္ကိုရယ္ အဝတ္ေတြက ပုံေနေတာ့ ေလွ်ာ္ရမွာေပါ့"
"ကဲပါ....ေပးး အဲအဝတ္ေတြ ကိုယ္ေလွ်ာ္မယ္"
"အို ဘယ္ျဖစ္မလဲလို႔.အစ္ကိုရဲ႕ မိန္းမအဝတ္အစားေတြ ထဘီေတြ မျဖစ္ပါဘူး"
"အမေလးး ကိုယ့္မိန္းမနဲ႕ သမီးဟာပဲေလ ဘာျဖစ္သလဲ"
"ကဲပါသမီးသာေပးေတာ့ သမီးပဲေလွ်ာ္မယ္"
ေနာက္ဆုံးေတာ့လည္း သမီးႀကီး သူဇာသာ လုပ္ေပးရေတာ့သည္။
ဒီလိုနဲ႕သာ ေမေမသစၥာကိုမနိုင္ .အလုပ္သာလုပ္ေနသည့္ သူမအစားး သူဇာမွာ ၾကားကဝင္လုပ္ေပးရေတာ့သည္။
သူဇာကတစ္လွည့္ ေဖေဖျမတ္စံကတစ္လွည့္နဲ႕ ကိုယ္ဝန္ကို ဂ႐ုစိုက္ေပးလိုက္ရတာ....
ကိုးလလြယ္ ဆယ္လၾကာဖြားေတာ့ ပထမကေလးတုန္းကထက္ ခက္ခဲလွသည္။ သစၥာ ဒီကေလးကို မနည္းေမြးရသည္။
"အားး အားးး"
"အသက္ကိုမွန္မွန္ရႉေျဖးေျဖးခ်င္းး မႈတ္ထုတ္"
"အင့္..အားး"
"ညွစ္..ညွစ္..ထားး ေအးးေအးး ေခါင္း ေခါင္းေပၚလာၿပီအားစိုက္ထားး"
လက္သည္ရဲ႕ အသံနဲ႕ မိန္းမျဖစ္သူ သစၥာအသံေၾကာင့္ အျပင္မွာ လမ္းကိုေတာင္နဲ႕ေျမာက္ ပတ္ေလွ်ာက္ေနတဲ့ ကိုျမတ္စံ စိတ္မေအးလွပါ။
အရင္ကေမြးတာ ဒီေလာက္ မၾကာတာမို႔ စိတ္ကပူလွၿပီ။
သူဇာေလးကေတာ့ ၁၅ ႏွစ္အ႐ြယ္မို႔ အေတာ္အတန္သိတတ္ေနသလိုေမေမ့နဲ႕ ေမြးလာမဲ့ ကေလးအတြက္စိုရိမ္ကာ ဘုရားစာမ်ား ႐ြတ္လ်က္ ေစာင့္ေနသည္။
"ရေတာ့မယ္ရေတာ့မယ္"
"အငဲအငဲ"
ကေလးငိုသံၾကားမွ ေဖေဖေရာ သူဇာပါ စိတ္ေအးရ ပါသည္။
"သစၥာမသစၥာသတိေလးဘာေလးထပါအုံးး သစၥာ!!!"
ကေလးငိုသံၾကားေပမဲ့ ေနာက္ဆက္တြဲ အသံကားး ထိတ္လန့္ေစသည္။
"သစၥာ!!!"
ေဖေဖမွ အထဲကိုဝင္ေျပးကာေမေမ့ကို ေပြ႕ခ်ီလ်က္။
"သစၥာ. ထ..ထပါအုံးး"
"အသက္ေတာ့ရွိေသးတယ္သူပင္ပန္းလို႔ ေမ့သြားတာေနမွာပါ ျမတ္စံရယ္ စိတ္ကိုေအးေအးးထားး အန္တီတို႔ လုပ္ေပးပါ့မယ္ေနာ္ သစၥာေလး ဘာမွမျဖစ္ေစရဘူးး"
"ဟုတ္ကဲ့ဗ်ာ....အားကိုးပါတယ္....အကယ္၍ ေဆး႐ုံသြားစရာလိုရင္ ကြၽန္ေတာ္လွည္းနဲ႕"
"ေလာေလာဆယ္ေတာ့ သူအိပ္သြားတာမို႔ နိုးလာမွ ၾကည့္လုပ္ၾကတာေပါ့"
&ဟုတ္ကဲ့ပါ"
"ေရာ့....ဒီမွာ နင့္သားေလးး"
"သားးေလးး"
"ေအးး နင္တို႔လင္မယားကံအရမ္းေကာင္းတာပဲ သားေလးေမြးတယ္ေအ့.."
"သားေလးး သားေလးးတဲ့လားး"
"နာမည္ေကာ ဘယ္လိုေပးမတုန္းး"
"သစၥာ့နဲတိုင္ပင္အုံးမွာပါ.သူ႕စိတ္ႀကိဳက္ သားေလးကိုနာမည္ေပးကမွာ"
"ေအးးပါေလာေလာဆယ္ ကေလး ေရာ မိခင္ေရာနားရမယ္ နင္သူတို႔ကို ခပ္မကြာတကြာကေန ေစာင့္ေပးး နင့္သမီး သူဇာကိုအထဲမွာအိပ္ခိုင္းလိုက္ သူကမိန္းကေလးဆိုေတာ့ မီးေနခန္းမွာ ေနလို႔ရတယ္"
"ဟုတ္ဟုတ္ ကဲ့ အန္တီသင္း"
"သန့္ရွင္း ေရးေတာ့ ငါလုပ္ေပးခဲ့မယ္ မနက္မွ ျပန္လာ ၾကည့္မယ္ေနာ္ တစ္ခုခုဆို ငါ့ဆီသာအေျပးလာခဲ့ အခ်ိန္ေတြ ဘာေတြေစာင့္မေနနဲ႕ ခ်က္ခ်င္းသာလာခဲ့ ၾကားလား"
"ဟုတ္ ဟုတ္ကဲ့ပါ အန္တီသင္းး"
အန္တီသင္းလည္းျပန္သြားကာ...
ျမတ္စံလည္း အနားကကပ္ရပ္အခန္းမွာအိပ္ၿပီးး သူဇာကေတာ့ ေမေမနဲ႕အတူ အခန္းေထာင့္မွာဖ်ာခင္းကာ သူ႕ေမေမနဲ႕ ေမာင္ေလးကိုေစာင့္ေရွာက္ပါတယ္။
ညေရာက္လို႔ ကေလးငယ္ငိုရင္ နို႔ဆာေနတာမို႔ အိပ္ေပ်ာ္ေနသည့္ ေမေမနို႔နဲ႕ ကိုင္ကာ တိုက္ရသည္။ လက္သည္ အန္တီသင္းကိုယ္တိုင္သင္ခဲ့တာေၾကာင့္ပင္။
ကေလးအေမက မတိုက္နိုင္တဲ့အခါ ေဘးလူက တိုက္ေပးရေတာ့ သမီးျဖစ္သူ သူဇာက အားကိုးရမဲ့သူပင္။ ဒါေၾကာင့္ နို႔ဆာတတ္တဲ့ သူ႕ေမာင္ေလးနဲ႕ သူဇာေတာ့ တစ္ညလုံးေကာင္းေကာင္းပင္မအိပ္ခဲ့ရပါ။
"ေမေမနိုးၿပီလား"
မနက္မိုးေသာက္ခ်ိန္ေရာက္ေတာ့ ေမေမသစၥာနိုးလာသည္။
"သမီးး သူဇာ"
"ေမေမ သက္သာရဲ႕လားး ေခါင္းေတြဘာေတြေရာ မူးေနလားး ေရ ေရေသာက္မလား ေမေမ"
"ရတယ္ေမေမအဆင္ေျပတယ္"
"ခဏေနာ္ေဖေဖ့သြားေခၚလိုက္အုံးမယ္"
"ေအးးပါကြယ္"
သူဇာလည္း ေမေမနိုးတာနဲ႕ ေဖေဖျမတ္စံကို သြားေခၚရေတာ့တယ္။ ထိုအခါမွပဲ အေျပး အလႊားနဲ႕ ျမတ္စံ။
"သစၥာ.မိန္းမ နိုးၿပီလားး ေနလို႔ေကာင္းတယ္မလားး ဘာမွမျဖစ္ပါဘူးး"
စိတ္အပူပန္တႀကီးနဲ႕ ကိုျမတ္စံေၾကာင့္ သစၥာရယ္မိသည္။
"အစ္ကိုရယ္ သစၥာအဆင္ေျပပါတယ္....သားေလးးက"
"ဒီ မွာေလ ေမေမ"
သူဇာ ကေလးငယ္ကို ေပြ႕ကာေပးၿပီး ေမေမရင္ခြင္ထဲ ထည့္လိုက္သည္။
သစၥာလည္း ကေလးငယ္အား အသာအယာေပြ႕ခ်ီလ်က္ တယုတယငုံၾကည့္ရင္းးး
"သားေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ အစ္ကိုရယ္"
ေဖေဖမွလည္း ကေလးငယ္အားၾကည့္လ်က္
"ဟုတ္ပါ့..... သစၥာနဲ႕တူလို႔ထင္တယ္ေနာ္"
"အဲေလာက္လည္းမဟုတ္ပါဘူး အစ္ကိုနဲ႕လည္းတူပါတယ္"
"ၾကည့္ေလ သစၥာနဲ႕ ခြၽတ္ဆြတ္"
"အစ္ကိုကေတာ့ေလ"
သူဇာမွာေတာ့ ေဖေဖနဲ႕ေမေမေဘးနားမွာ ရပ္ကာ ၾကည့္ေနမိသည္။ သူမမိသားစုေလးက ပိုၿပီး ႏြေးေထြးလာသလို ေပ်ာ္စရာေကာင္းေတာ့မည္လို႔ ေတြးမိကာ ၿပဳံးလ်က္ပင္။
"သစၥာ ကိုယ္တို႔ သားေလးကို နာမည္ဘယ္လို ေပးမလဲ"
"နာမည္အင္းး သစၥာ စဥ္းစားအုံးမယ္ အစ္ကို ဒီတိုင္း မေပးခ်င္ဘူးး"
"ေအးပါကြာ သစၥာ သေဘာ"
စကားေျပာေနတုန္းပင္ အိမ္ေရွ႕က အလန့္တၾကား ေအာ္သံ။
"ကိုျမတ္စံေရ ကိုျမတ္စံ"
"ဘယ္သူတုန္းးဟ မနက္အေစာႀကီး"
ျမတ္စံလည္း ထကာ အိမ္ေရွ႕ေရာက္ေတာ့ မတ္တပ္ရပ္လ်က္သား ငေဇာ္။
ငေဇာ္ဆိုတာက ျမတ္စံနဲ႕အတူ အလုပ္ေဖာ္ျဖစ္သလို ညီငယ္ေလးလို ခင္မင္ရတဲ့သူပင္။ ျမတ္စံနဲ႕အတူ ပန္းပုထုေလ့ရွိတဲ့ တပည့္ဆိုလည္းမမွားသလို မိသားစုလို ညီငယ္ေလးဆိုလည္း မမွားဘူးးေလ။
"ငေဇာ္ပါလားး ဘာလဲကြ"
"ကိုျမတ္စံ ကိုျမတ္စံတို႔ေတာ့ ပြတာပဲဗ်"
"ဘာကိုပြရမွာလဲ ငေဇာ္ရ"
"ကိုျမတ္စံ ဟိုတေလာကပို႔လိုက္တဲ့ ပန္းပု႐ုပ္ေတြေလ.."
"ေအးး အဲတာဘာျဖစ္လို႔လဲ"
"အဲပန္းပုေတြကို ၿမိဳ႕စား ဆီ ဆက္သရတာ သူက သေဘာက်တာမို႔ ဆုေတာ္ခ်ီးျမင့္ခ်င္တယ္တဲ့"
"ဘယ္လို.."
"ဟုတ္တယ္ ကိုျမတ္စံ ၿမိဳ႕စားက ကိုယ္တိုင္ ဆုေတာ္ေငြ ခ်ီးျမင့္မယ္တဲ့"
"ဘုရားေရဒါဆို"
"ကိုျမတ္စံ ေတာ့ နာမည္ႀကီးၿပီဗ် အေကာင္းဆုံး ပန္းပုသမားျဖစ္ၿပီေပါ့ဗ် ဟားးး"
"ဟားး ဝမ္းသာ လိုက္တာကြာ"
ရယ္ေမာသံေတြ ဆူညံလာေတာ့ အိမ္ထဲမွ အသာအယာထြက္လာေသာ သစၥာမွာ ကေလးကိုခ်ီလ်က္ သူမ ေဘးကေတာ့ လိုက္ထိန္းေပးေသာ သူဇာ။
"အစ္ကို ဘာျဖစ္ တာလဲဟင္"
"သစၥာအစ္ကိုတို႔ေတာ့ ကံေကာင္းတာပဲ သစၥာရဲ႕"
"ဘာျဖစ္လို႔လဲ အစ္ကို"
"အစ္ကို႔ ပန္းပုကို ၿမိဳ႕စားႀကီး က ႏွစ္သက္လို႔ ဆုေတာ္ခ်ီးျမင့္မယ္တဲ့"
"တကယ္လား အစ္ကို"
"တကယ္သစၥာ"
"ဝမ္းသာလိုက္တာ အစ္ကိုရယ္...."
"ၾကည့္ရတာ ကိုယ္တို႔သားေလးရဲ႕ ကံထင္ပါရဲ႕ . ေ႐ႊပုံေငြပုံေပၚ ထိုင္ရမဲ့ကံေလ"
သားငယ္ကိုၾကည့္၍ ဆိုေတာ့.ေမေမက ၿပဳံးလ်က္။
"သစၥာ စဥ္းစားမိၿပီနာမည္ သားနာမည္ရၿပီ"
"ဘယ္လို မွည့္မလဲ"
" သစၥာတို႔အတြက္ ေ႐ႊေတြေငြေတြ သယ္ေဆာင္ေပးလာလို႔ ေ႐ႊ ေ႐ႊနန္း ေ႐ႊအိမ္ကို ထည္ဝါ လွပေစမဲ့ သူေလးမို႔ သားေလးကို ေ႐ႊနန္းထယ္ ေ႐ႊနန္းထယ္ လို႔ ေပးမယ္"
"ဟားး ေ႐ႊနန္းထယ္တဲ့ေလဟားး"
သားငယ္ကိုခ်ီေျမာက္လို႔ ျမတ္စံဟစ္ေႂကြးခဲ့ေလေတာ့သည္။
ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





