Fanfics

Episode 1 (အိမ်မက် မက်သူ)

18:25, 1 October 2025

ကောင်းကင်တစ်ခွင် မိုးသား တိမ်တိုက်တွေလားး မီးခိုးတွေလားး အုံ့မှိုင်းလျက်…..။ 

ပြာလင်းနေသည့် ကောင်းကင်ကြီးတောင် ပျောက်ကွယ်လုနီးပါးး။ 

ကြီးမားလှသော ပင်စည်ရှိသည့် အပင်ကြီးတစ်ပင်။ ဝိုးတိုးဝါးတားနဲ့ မသဲကွဲပေ။ 

အပင်ပေါ်က ပန်းပွင့်နီနီတွေမှာ မြေပြင်ပေါ်ကြွေကျမြေခလျက်သားးး

ပင်စည်ခြေရင်းကမီးလျံတွေမှာ ပွင့်ဖတ်တွေဆီ ကူးလူးကာ မြေပြင်မှာမီးလျံများ တောက်လောင်နေပြီ။ 

လောင်တောက် နေတဲ့မီးတွေကြားကို တိုးဝင်ဖို့ရာကြိုးစားနေသူ….သူ့ကိုဆွဲထားကြတယ်။ အဘက်ဘက်က ချုပ်ထားကြတယ်။ 

မျက်ရည်တွေ စီးဆင်းလို့….. ရင်ဘတ်တွေ ထဲလည်း အသဲနာရပါတယ်။ 

“လွှတ်ပေးကြပါ…လွှတ်ပေးကြပါ…သွားပါရစေ”

ထိုလူရဲ့ ဩရှရှအော်သံမှာ ဝမ်းနည်းမှုတွေ အပြည့်ပါကလားး။ 

“မလုပ်ကြပါနဲ့… တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး ရပ်လိုက်ကြပါတော့…!!!”

အသံကုန် အော်ဟစ်တောင်းပန်နေပေမဲ့လည်းး မလွှတ်ပေးကြ…။ လုပ်ရက်လိုက်ကြတာဗျာ။ ရက်စက်လိုက်ကြတာဗျာ။ 

ရင်ဘတ်ထဲကို တိုးဝင်လာတဲ့ နာကျင်မှုတွေ ကြောင့် ဘေးကလူပါ ခံစားမိကာ ငိုမိသည်။ 

ရုတ်တရက် နီရဲရဲလိုက်ကာတွေ…နီရဲရဲကုတင်ထက် ပန်းတွေပုံနေလလျက်….။ 

ခဏအကြာမှာ မီးလျံတွေတောက်လောင်ကုန်ပြီ။ 

မီးတောက်တွေကြားမှာ လိုက်ကာနီနီတွေလောက်ကျွမ်းကုန်ပြီ။ တောက်ပနေသည့် အနီရောင်စံအိမ်ကြီးးမှာ မီးတွေနဲ့တစ်လှည့်….သားနာစွာ လှပပြန်တစ်လှည့်နဲ့ ပြောင်းလဲနေပေသည်။ 

ထို့နောက် လူတစ်ယောက်ရဲ့ ငိုသံ…။ သူနာကျဉ်းစွာ ငိုသည်။ ရင်ကွဲမတတ် ခံစားရသည်။ 

ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက သိပ်ကိုဝမ်းနည်းစရာကောင်းလှသည်။ 

တစ်ခါတည်းမှာပဲ….ဝမ်းနည်းစရာမျက်ဝန်းတွေကနေ ရက်စက်တဲ့ အကြည့်တွေသို့ ကူးပြောင်းကာ…. မီးတောက်တွေကြားက မျက်ဝန်းတွေ…။ ပိုပိုနီးလာပြီ….သူနီးလာပြီ။ 

သူပါးစပ်က ရေရွတ်နေတယ်…သူ ဘာတွေပြောနေတာလဲ…မကြားရဘူးး သူဘာကို ပြောချင်နေတာလဲ။ 

နီးကပ်လာလေ…. ပိုတိုးညှင်း သွားလေလေ….။ 

“ကလျာ… ကလျာ”

ထိုနေရာမှ တိုးတိုးသာ ကြားရတဲ့ခေါ်သံ…။ 

“ကလျာ…ဟဲ့ ကလျာ!!!”

ပိုပိုကျယ်လောင်လာပြီးးး အရာရာဟာ ပျောက်ဆုံးစ ပြုလျက်….။ 

ရုတ်တရက် လန့်နိုးလာခဲ့သည်ပင်။ 

“ကလျာ…!!!”

“ဟင်…”

“အိပ်နေပြန်ပြီလားး”

“ငါ…ငါ အိပ်နေတာလားး”

“ဟော…အိမ်မက်က မနိုးသေးတာလားး ဟင်”

“ငါ့ကို ဆိတ်ကြည့်စမ်းပါ့ “

“အေးး ရော့ဟာ”

“အားး နာတယ်ဟ…”

“နာမှာပေါ့လို့… တကယ်ထဲ… စမ်းသပ်ခန်းထဲ မအိပ်နဲ့လို့ ဘယ်နှစ်ခါ ပြောရမှာတုန်း”

“စမ်းသပ်ခန်းးး….”

“အေးလေ.. နင်ကလေ… အလုပ်ကို လုပ်တာများပြီးး အမြဲ စမ်းသပ်ခန်းထဲ ရောက်နေတာ… အန္တရာယ်များတယ်ဟ “

“ဟီးး ငါနည်းနည်းး လုပ်ချင်စိတ် များသွားလို့ပါ ဒီမှာလေ…ကျော်အောင် ပို့ထားတဲ့ နမူနာအပင်က ဆန်းသကိုးးဟ”

“အေးး ဆန်းနေ ဆန်းးနေ… အပင်တွေအပေါ်ရူးနေတဲ့ နင့်ကို ငါလည်း မထိန်းနိုင်တော့ဘူးး “

“မထိန်းပါနဲ့တော့ဟာ… ငါ့ဘာသာ ဆက်ရူးတော့မယ်”

စားပွဲပေါ်က အပင်ကို ပြန်စမ်းသပ်မည် ပြင်နေသော ကလျာကြောင့် နားရွက်ကို ဆွဲလိမ်လိုက်ရသည့် စိုးမိုးး။ 

“အ့…ဘာလုပ်တာလဲဟ နာတယ်ဟ စိုးမိုးး လွှတ်စမ်းပါ့”

“လာခဲ့…နင် နင် ဒီထဲမှာနေနေတာ ဘယ်နှရက်လဲ”

“ဟို…”

“မှန်မှန် ဖြေနော်”

“ဟီးး ၄ရက်လောက်ပါဘဲ”

“အမလေးး လေးရက်…. နင့်ကိုယ်နင်ကြည့်အုံးး ပေပွလို့ နင်ကလေ မိန်းကလေးမှဟုတ်ရဲ့လား ဟင်… “

“ဟုတ်ပါတယ်ဟ”

“ကြည့်အုံးးလေ ဆံပင်တွေက ဖွာလန်ကျဲ… မျက်နှာလည်း ကြည့်အုံးး ပေပွပြီးး မဲနေတာပဲ… ဒါတွေကဘာတွေလဲ”

ကလျာပါးပေါ်က အမဲတွေကို လက်နဲ့ ဖယ်ပေးနေပါသော် လည်းမပြောင်။ 

“ဟဲ….အပင်ကနေမှာ”

“နင်နဲ့လည်းလေ…. မပြောင်တော့ဘူးး သွား ရေသာချိုးတော့”

“နောက်နေ့…နောက်နေ့မှ ချိုးမယ်လေ…အခု ဒါလေးဆက်လုပ်”

“ကလျာ…”

မျက်စောင်းကြီးပစ်ကျွေးလိုက်မှ ကလျာငြိမ်ကျကာ…

“အေးပါဟယ်… ချိုးပါ့မယ် “

“သွားး ခုသွားး နင်ဒီလောက် ညစ်ပတ်ပြီး အပင်ရူးရူးနေတာ ဘယ်ယောကျ်ားလေးက နင့်ကိုလက်ထပ်မှာလဲ”

“အမယ်..သူတို့ လက်မထပ်ချင်တော့ ပိုတောင်ပျော်သေးတယ်….”

“နင်…”

“ပြီးတော့ ဘယ်သူမှလက်မထပ်လည်း နင်ရှိတယ်လေ စိုးမိုးရဲ့”

“အမလေးး ဒါဆို အဲကျရင် ငါကအနစ်နာခံပြီးး နင့်ကိုလက်ထပ်ရမယ်ပေါ့”

“ဟဲဟဲ..အချင်းချင်းတွေပဲကိုး”

“ဟူးး အဲတာကနောက်မှ… သွားရေအရင်ချိုးး”

“သွားး သွားပါပြီဟ”

ကလျာ သူ့ပစ္စည်းတွေသိမ်းမယ်လုပ်တော့

“ငါသိမ်းလိုက်မယ် နင် ရေသာချိုးးပါအေ နံဟောင်နေပြီ”

“ဟဲဟဲ ကျေးဇူးပဲ”

ကလျာ ထိုအခန်းထဲက ထွက်လာလိုက်ပြီးး တပတ်ယူကာ ရေချိုးခန်းဆီသို့သာ။ 

ကလျာနွယ်…အသက် ၂၃ နှစ်အရွယ်အမျိုးသမီးး မြန်မာနိုင်ငံရဲ့ အသက် အငယ်ဆုံးနဲ့ မထင်မရှား  ရုက္ခဗေဒပညာရှင်လေးးသာဖြစ်ပြီးး အခုတော့  အင်္ဂလန်မှာ မသိသေးတဲ့ အပင်တွေနဲ့ လေ့လာစရာတွေအတွက် ရောက်နေခဲ့တာ ၂နှစ် လောက်တော့ရှိပြီ။ 

မိဘတွေကတော့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မှာနေကြသည်။ တစ်ခါတစ်ခါတော့ မိဘတွေဆီ စာပို့ပါသည်။ သာကြောင်းမာကြောင်းပေါ့။ 

စိုးမိုးး ဆိုတဲ့ အမျိုးသားကတော့ သူမနဲ့ သွေးသား အားဖြင့် ပတ်သက်မှုလုံးဝမရှိ။ သူစိမ်းတွေသာ။ 

ဒါပေမဲ့လည်း သူမ စိုးမိုးနဲ့ အတူတူ တက္ကသိုလ်တက်ကာ အင်္ဂလန်ကို  အတူတူ ရောက်လာခဲ့ကြတာ။ 

အများအမြင်မှာတော့ မြန်မာမိန်းကလေးအနေနဲ့ စိုးမိုးနဲ့သူမကို အတူတူနေတာက မသင့်လျော်ပေမဲ့….

သူမဂရုမစိုက်။ 

စိုးမိုးဟာ သူမငယ်ငယ်ကတည်းက ခင်မင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းလေးပါ။ သူမ ဘဝတစ်လျှောက် မိဘအပြင် အားကိုးရာက စိုးမိုးတစ်ယောက်သာ။ 

စိုးမိုးဟာ သူမအတွက် အစ်ကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို မိဘတစ်ယောက်လို အဘက်ဘက်က သူမအပေါ် ကောင်းပေးတဲ့သူပါ။ 

ဘယ်သူဘာပြောပြော သူမဘက်မှာ အမြဲရှိနေပေးတတ်တဲ့ စိုးမိုးကို သူမ အရမ်းလေးစားသလို ချစ်ပါသည်။ 

ချစ်သူတွေလိုချစ်တာမျိုးမဟုတ်…. ၅၂၈ အချစ်မျိုးသာ။ 

“စိုးမိုးးး အထုပ်တွေနဲ့ပါလားး”

“အေးး “

“ဘယ်သွားအုံးမလို့လဲ”

“ငါအဲဒါပြောမလို့ပဲ…”

“ဘာကိုလဲ”

“ငါ.. မြန်မာကို ပြန်အုံးမယ်”

“ဟင်…နင်ပြန်ရင် ငါတစ်ယောက်တည်းလေ”

“အာ့ကြောင့်ပြောတာလေ… ငါမြန်မာပြန်မှာ နင်ပါလိုက်​ခဲ့”

“ဟင်…ဘယ်ကိုသွားမှာလဲနင်က”

“ဟော မြန်မာကိုပါဆို “

“မဟုတ်ဘူးလေ မြန်မာက ဘယ်နေရာလဲ”

“အော်.. ငါမြန်မာပြန်ပါတယ်ဆိုနေမှ…. ငါ့မိဘတွေရှိတဲ့ နေရာပေါ့”

“နေအုံးး နင့်မိဘတွေ ကဘယ်မှာပါလိမ့်”

“ဟော… နင်ကလေ… တစ်ခါရောက်ဖူးတယ်မလားး”

“အေးး အဲတုန်းက ပုဂံကို သွားခဲ့ကြတာမလားး……”

“ဟုတ်တယ်လေ…ဟ ပုဂံမှာဟ… ပုဂံက မြင်ကပါရွာမှာဟေ့”

“အော်..အေးး မြင်ကပါရွာ ဟုတ်တယ်”

“အေးး လိုက်မှာမလား ဒီမှာလည်း နင်တစ်ယောက်တည်းးလေ နင့်ဟင်း ဘယ်သူ ချက်မှာလဲ…ငါမရှိရင် အိမ်မှုကိစ္စရော ဘယ်သူ လုပ်မှာလဲ”

“ဟီးးး ဟုတ်တော့ဟုတ်သားး “

“ပုဂံကိုလိုက်မှာလားးး!!”

ကလျာ စဥ်းစားမိနေစဥ်မှာပဲ…..နားထဲကို ကြားယောင်လာတဲ့ အသံဩရှရှ။ 

“ဖြေလိုက်..လိုက်မယ်လို့ ပုဂံကို သွားး သွားမှရမယ် “

ကလျာ ကြား​နေရတဲ့ အသံကြောင့် မသိလိုက်ခင်မှာ ဖြေမိလိုက်တာက… . 

“လိုက်မယ်!!!” ဆိုတာသာ….။ 

သူမလည်း ဖြေပြီးကာမှ… သူမကိုယ်သူမ မယုံနိုင်။ တကယ်ဖြေချလိုက်မိတာပဲ။ 

“ကောင်းပြီ ဒါဆို အသင့်ပြင်ထားး”

“အ…အင်းး ဘယ်နေ့လဲ”

“ဒီနေ့ လောက်ပေါ့ ​ ဒီနေ့ညနေလောက်သွားရမယ် ထင်တယ်”

“အင်းး ဒါဆိုလည်းး ညနေပေါ့”

စိုးမိုးလည်း လုပ်စရာတွေ ဆက်လုပ်နေပေသည်။ 

ကလျာမှာတော့ စိတ်ထဲမှာ ထူးဆန်းနေတဲ့ ခံစားချက်တစ်ချို့…။ 

ပုဂံ.. ပုဂံဆိုတာကို ကြားလိုက်တာနဲ့ ရင်ဘတ်တစ်နေရာက ဆစ်ကနဲပင်။ တစ်ခုခုက ဆုပ်ကိုင်နေသလို… လေးပင်ကာ  မွန်းကြပ်လာသည်။ 

“ပုဂံ… စိတ်ဝင်စားစရာပဲ…”

သူမ တွေးမိသည်။ ပုဂံကို သူမ မရောက်ဖူးတာ မဟုတ်ပါ။ သူမ အသက် ၁၀နှစ် မှာ မိသားစုနဲ့အတူ ပုဂံကို သွားဖူးပါသည်။ အဲတုန်းက စိုးမိုးလည်းပါသည်။ 

စိုးမိုးကတော့ မြင်ကပါရွာမှာ သူ့မိဘတွေနေတာမို့ နယ်ခံလိုဖြစ်နေသည်။ ငယ်ငယ်ကတည်းက မြင်ကပါ ရွာမှာ နေခဲ့ပြီး အထက်တန်းမှ ရန်ကုန်မှာ စာလာသင်ရာ ကလျာနဲ့ တွေ့ပြီးခင်ခဲ့တာ။ 

ပုဂံခရီးဟာ ကလျာအတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ ကလျာ အဲခရီးစဥ်မှာ အရမ်းပျော်ခဲ့ရသလို အမှတ်တရကောင်းတွေလည်းး ပိုင်ဆိုင်ခဲ့ရသည်။ 

ဒါပေမဲ့ ကလျာစိတ်ထဲ ခုနေခဲ့တာ တစ်ခုတော့ရှိသည်။ ကလျာ ထိုခရီးစဥ်က ပြန်လာကတည်းက မက်နေခဲ့ရတဲ့ အိမ်မက်တွေ။ အိမ်မက်ထဲက ထိုနေရာတွေမှာ ပုဂံ နောက်ခံတွေလို…ပဲ။ 

ပြီးတော့ ကြီးမားတဲ့ စံအိမ်ကြီးကလည်းး မြင်ဖူးသလိုလို မရှင်းမရှင်းနဲ့မို့ မသေချာ။ 

ကလျာမှာ ထိုစံအိမ်ကို အကြိမ်များစွာ မက်ဖူးသလို ခဏခဏ ပုံတွေ ဆွဲဖူးပေမဲ့ မတူ… တစ်ခုခုမှာ ကွဲနေသည်။ လိုချင်တဲ့ ပုံကိုမရ။ ဘာကလွဲလို့ လွဲမှန်းလည်း မသိပါ။ 

ကလျာ အဖြေရှာမရတဲ့ ဒီအိမ်မက်တွေကို ကလျာ အကြိမ်များစွာ ရှာဖွေနေပေမဲ့ အမြဲ အိမ်မက်တွေဟာ တစ်ပုံစံတည်းး။ ပြောင်းလဲခြင်းမရှိ အချိန်တွေ ကြာလာလေလေ… အိမ်မက်ဆိုးတွေ သဖွယ် ပြောင်းလဲလာ လေလေပဲ ဖြစ်တယ်။ 

ပိုပိုဆိုးလာခဲ့လို့ မိဘတွေနဲ့ တိုင်ပင်ကာ အဘက်ဘက်ကနေ ကြိုးစားကြည့်ပါ​သေးတယ်။ နတ်ဆရာတွေ… ပယောဂ ဆရာတွေ… စသည်ဖြင့် ရသလို ရှာခဲ့ရပေမဲ့ ပြဿနာ အရင်းအမြစ်ကို တစ်ခုလေးတောင် မတွေ့ခဲ့ရ။ 

ပိုက်ဆံကုန်သည်သာ အဖက်တင်သည်။ ဘာမှမထူးခြားတာမို့ အိမ်မက်တွေဟာ ကလျာအတွက် နေ့စဥ် အလုပ်တစ်ခုလိုတောင် ဖြစ်လို့နေခဲ့သည်။ 

အခုလည်းး ဒီအိမ်မက်တွေစတင်ရာလားး မသေချာပေမဲ့ သူ့ကိုဆွဲဆောင်နေတဲ့ ပုဂံ..။ ကလျာသွားရပေတော့မည်။ 

ဘာကို တွေ့မလဲ.. ပုဂံမှာ အဖြေများ ရှိနေမလားးး မေးခွန်းတွေ နဲ့သာ သင်္ဘောပေါ်ကို  တက်ခဲ့ရလေပြီ။ မြန်မာမြေ ကိုသာ ပြန်လာခဲ့ရလေပြီ။ 

စာမေးပွဲက မပြီးသေးပေမဲ့ အပ်ပေးလိုက်တယ်နော် သာသာSystemမအပ်နိုင်သေးပေမဲ့ ဒါလေးတော့ အသစ်အပ်ပေးလိုက်တယ် လောလောဆယ် ဒါလေးဖတ်အုံးပေါ့ဗျာ။ Exam ကြီး ပြီးတာနဲ့ သာသာSystemပြန်လာမယ်နော်။

ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgi Code

 

ေကာင္းကင္တစ္ခြင္ မိုးသား တိမ္တိုက္ေတြလားး မီးခိုးေတြလားး အုံ႕မွိုင္းလ်က္..။

ျပာလင္းေနသည့္ ေကာင္းကင္ႀကီးေတာင္ ေပ်ာက္ကြယ္လုနီးပါးး။

ႀကီးမားလွေသာ ပင္စည္ရွိသည့္ အပင္ႀကီးတစ္ပင္။ ဝိုးတိုးဝါးတားနဲ႕ မသဲကြဲေပ။

အပင္ေပၚက ပန္းပြင့္နီနီေတြမွာ ေျမျပင္ေပၚေႂကြက်ေျမခလ်က္သားးး

ပင္စည္ေျခရင္းကမီးလ်ံေတြမွာ ပြင့္ဖတ္ေတြဆီ ကူးလူးကာ ေျမျပင္မွာမီးလ်ံမ်ား ေတာက္ေလာင္ေနၿပီ။

ေလာင္ေတာက္ ေနတဲ့မီးေတြၾကားကို တိုးဝင္ဖို႔ရာႀကိဳးစားေနသူ.သူ႕ကိုဆြဲထားၾကတယ္။ အဘက္ဘက္က ခ်ဳပ္ထားၾကတယ္။

မ်က္ရည္ေတြ စီးဆင္းလို႔.. ရင္ဘတ္ေတြ ထဲလည္း အသဲနာရပါတယ္။

လႊတ္ေပးၾကပါလႊတ္ေပးၾကပါသြားပါရေစ

ထိုလူရဲ႕ ဩရွရွေအာ္သံမွာ ဝမ္းနည္းမႈေတြ အျပည့္ပါကလားး။

မလုပ္ၾကပါနဲ႕ ေတာင္းပန္ပါတယ္ ေက်းဇူးျပဳၿပီး ရပ္လိုက္ၾကပါေတာ့!!!

အသံကုန္ ေအာ္ဟစ္ေတာင္းပန္ေနေပမဲ့လည္းး မလႊတ္ေပးၾက။ လုပ္ရက္လိုက္ၾကတာဗ်ာ။ ရက္စက္လိုက္ၾကတာဗ်ာ။

ရင္ဘတ္ထဲကို တိုးဝင္လာတဲ့ နာက်င္မႈေတြ ေၾကာင့္ ေဘးကလူပါ ခံစားမိကာ ငိုမိသည္။

႐ုတ္တရက္ နီရဲရဲလိုက္ကာေတြနီရဲရဲကုတင္ထက္ ပန္းေတြပုံေနလလ်က္.။

ခဏအၾကာမွာ မီးလ်ံေတြေတာက္ေလာင္ကုန္ၿပီ။

မီးေတာက္ေတြၾကားမွာ လိုက္ကာနီနီေတြေလာက္ကြၽမ္းကုန္ၿပီ။ ေတာက္ပေနသည့္ အနီေရာင္စံအိမ္ႀကီးးမွာ မီးေတြနဲ႕တစ္လွည့္.သားနာစြာ လွပျပန္တစ္လွည့္နဲ႕ ေျပာင္းလဲေနေပသည္။

ထို႔ေနာက္ လူတစ္ေယာက္ရဲ႕ ငိုသံ။ သူနာက်ဥ္းစြာ ငိုသည္။ ရင္ကြဲမတတ္ ခံစားရသည္။

ၾကည့္ေနတဲ့ သူ႕မ်က္ဝန္းေတြက သိပ္ကိုဝမ္းနည္းစရာေကာင္းလွသည္။

တစ္ခါတည္းမွာပဲ.ဝမ္းနည္းစရာမ်က္ဝန္းေတြကေန ရက္စက္တဲ့ အၾကည့္ေတြသို႔ ကူးေျပာင္းကာ. မီးေတာက္ေတြၾကားက မ်က္ဝန္းေတြ။ ပိုပိုနီးလာၿပီ.သူနီးလာၿပီ။

သူပါးစပ္က ေရ႐ြတ္ေနတယ္သူ ဘာေတြေျပာေနတာလဲမၾကားရဘူးး သူဘာကို ေျပာခ်င္ေနတာလဲ။

နီးကပ္လာေလ. ပိုတိုးညွင္း သြားေလေလ.။

ကလ်ာ ကလ်ာ

ထိုေနရာမွ တိုးတိုးသာ ၾကားရတဲ့ေခၚသံ။

ကလ်ာဟဲ့ ကလ်ာ!!!

ပိုပိုက်ယ္ေလာင္လာၿပီးးး အရာရာဟာ ေပ်ာက္ဆုံးစ ျပဳလ်က္.။

႐ုတ္တရက္ လန့္နိုးလာခဲ့သည္ပင္။

ကလ်ာ!!!

ဟင္

အိပ္ေနျပန္ၿပီလားး

ငါငါ အိပ္ေနတာလားး

ေဟာအိမ္မက္က မနိုးေသးတာလားး ဟင္

ငါ့ကို ဆိတ္ၾကည့္စမ္းပါ့

ေအးး ေရာ့ဟာ

အားး နာတယ္ဟ

နာမွာေပါ့လို႔ တကယ္ထဲ စမ္းသပ္ခန္းထဲ မအိပ္နဲ႕လို႔ ဘယ္ႏွစ္ခါ ေျပာရမွာတုန္း

စမ္းသပ္ခန္းးး.

ေအးေလ.. နင္ကေလ အလုပ္ကို လုပ္တာမ်ားၿပီးး အၿမဲ စမ္းသပ္ခန္းထဲ ေရာက္ေနတာ အႏၱရာယ္မ်ားတယ္ဟ

ဟီးး ငါနည္းနည္းး လုပ္ခ်င္စိတ္ မ်ားသြားလို႔ပါ ဒီမွာေလေက်ာ္ေအာင္ ပို႔ထားတဲ့ နမူနာအပင္က ဆန္းသကိုးးဟ

ေအးး ဆန္းေန ဆန္းးေန အပင္ေတြအေပၚ႐ူးေနတဲ့ နင့္ကို ငါလည္း မထိန္းနိုင္ေတာ့ဘူးး

မထိန္းပါနဲ႕ေတာ့ဟာ ငါ့ဘာသာ ဆက္႐ူးေတာ့မယ္

စားပြဲေပၚက အပင္ကို ျပန္စမ္းသပ္မည္ ျပင္ေနေသာ ကလ်ာေၾကာင့္ နား႐ြက္ကို ဆြဲလိမ္လိုက္ရသည့္ စိုးမိုးး။

အ့ဘာလုပ္တာလဲဟ နာတယ္ဟ စိုးမိုးး လႊတ္စမ္းပါ့

လာခဲ့နင္ နင္ ဒီထဲမွာေနေနတာ ဘယ္ႏွရက္လဲ

ဟို

မွန္မွန္ ေျဖေနာ္

ဟီးး ၄ရက္ေလာက္ပါဘဲ

အမေလးး ေလးရက္. နင့္ကိုယ္နင္ၾကည့္အုံးး ေပပြလို႔ နင္ကေလ မိန္းကေလးမွဟုတ္ရဲ႕လား ဟင္

ဟုတ္ပါတယ္ဟ

ၾကည့္အုံးးေလ ဆံပင္ေတြက ဖြာလန္က်ဲ မ်က္ႏွာလည္း ၾကည့္အုံးး ေပပြၿပီးး မဲေနတာပဲ ဒါေတြကဘာေတြလဲ

ကလ်ာပါးေပၚက အမဲေတြကို လက္နဲ႕ ဖယ္ေပးေနပါေသာ္ လည္းမေျပာင္။

ဟဲ.အပင္ကေနမွာ

နင္နဲ႕လည္းေလ. မေျပာင္ေတာ့ဘူးး သြား ေရသာခ်ိဳးေတာ့

ေနာက္ေန႕ေနာက္ေန႕မွ ခ်ိဳးမယ္ေလအခု ဒါေလးဆက္လုပ္

ကလ်ာ

မ်က္ေစာင္းႀကီးပစ္ေကြၽးလိုက္မွ ကလ်ာၿငိမ္က်ကာ

ေအးပါဟယ္ ခ်ိဳးပါ့မယ္

သြားး ခုသြားး နင္ဒီေလာက္ ညစ္ပတ္ၿပီး အပင္႐ူး႐ူးေနတာ ဘယ္ေယာက်္ားေလးက နင့္ကိုလက္ထပ္မွာလဲ

အမယ္..သူတို႔ လက္မထပ္ခ်င္ေတာ့ ပိုေတာင္ေပ်ာ္ေသးတယ္.

နင္

ၿပီးေတာ့ ဘယ္သူမွလက္မထပ္လည္း နင္ရွိတယ္ေလ စိုးမိုးရဲ႕

အမေလးး ဒါဆို အဲက်ရင္ ငါကအနစ္နာခံၿပီးး နင့္ကိုလက္ထပ္ရမယ္ေပါ့

ဟဲဟဲ..အခ်င္းခ်င္းေတြပဲကိုး

ဟူးး အဲတာကေနာက္မွ သြားေရအရင္ခ်ိဳးး

သြားး သြားပါၿပီဟ

ကလ်ာ သူ႕ပစၥည္းေတြသိမ္းမယ္လုပ္ေတာ့

ငါသိမ္းလိုက္မယ္ နင္ ေရသာခ်ိဳးးပါေအ နံေဟာင္ေနၿပီ

ဟဲဟဲ ေက်းဇူးပဲ

ကလ်ာ ထိုအခန္းထဲက ထြက္လာလိုက္ၿပီးး တပတ္ယူကာ ေရခ်ိဳးခန္းဆီသို႔သာ။

ကလ်ာႏြယ္အသက္ ၂၃ ႏွစ္အ႐ြယ္အမ်ိဳးသမီးး ျမန္မာနိုင္ငံရဲ႕ အသက္ အငယ္ဆုံးနဲ႕ မထင္မရွား ႐ုကၡေဗဒပညာရွင္ေလးးသာျဖစ္ၿပီးး အခုေတာ့ အဂၤလန္မွာ မသိေသးတဲ့ အပင္ေတြနဲ႕ ေလ့လာစရာေတြအတြက္ ေရာက္ေနခဲ့တာ ၂ႏွစ္ ေလာက္ေတာ့ရွိၿပီ။

မိဘေတြကေတာ့ ျမန္မာနိုင္ငံရဲ႕ ရန္ကုန္မွာေနၾကသည္။ တစ္ခါတစ္ခါေတာ့ မိဘေတြဆီ စာပို႔ပါသည္။ သာေၾကာင္းမာေၾကာင္းေပါ့။

စိုးမိုးး ဆိုတဲ့ အမ်ိဳးသားကေတာ့ သူမနဲ႕ ေသြးသား အားျဖင့္ ပတ္သက္မႈလုံးဝမရွိ။ သူစိမ္းေတြသာ။

ဒါေပမဲ့လည္း သူမ စိုးမိုးနဲ႕ အတူတူ တကၠသိုလ္တက္ကာ အဂၤလန္ကို အတူတူ ေရာက္လာခဲ့ၾကတာ။

အမ်ားအျမင္မွာေတာ့ ျမန္မာမိန္းကေလးအေနနဲ႕ စိုးမိုးနဲ႕သူမကို အတူတူေနတာက မသင့္ေလ်ာ္ေပမဲ့.

သူမဂ႐ုမစိုက္။

စိုးမိုးဟာ သူမငယ္ငယ္ကတည္းက ခင္မင္ခဲ့တဲ့ အခ်စ္ဆုံး သူငယ္ခ်င္းေလးပါ။ သူမ ဘဝတစ္ေလွ်ာက္ မိဘအျပင္ အားကိုးရာက စိုးမိုးတစ္ေယာက္သာ။

စိုးမိုးဟာ သူမအတြက္ အစ္ကိုတစ္ေယာက္လို သူငယ္ခ်င္းတစ္ေယာက္လို မိဘတစ္ေယာက္လို အဘက္ဘက္က သူမအေပၚ ေကာင္းေပးတဲ့သူပါ။

ဘယ္သူဘာေျပာေျပာ သူမဘက္မွာ အၿမဲရွိေနေပးတတ္တဲ့ စိုးမိုးကို သူမ အရမ္းေလးစားသလို ခ်စ္ပါသည္။

ခ်စ္သူေတြလိုခ်စ္တာမ်ိဳးမဟုတ္. ၅၂၈ အခ်စ္မ်ိဳးသာ။

စိုးမိုးးး အထုပ္ေတြနဲ႕ပါလားး

ေအးး

ဘယ္သြားအုံးမလို႔လဲ

ငါအဲဒါေျပာမလို႔ပဲ

ဘာကိုလဲ

ငါ.. ျမန္မာကို ျပန္အုံးမယ္

ဟင္နင္ျပန္ရင္ ငါတစ္ေယာက္တည္းေလ

အာ့ေၾကာင့္ေျပာတာေလ ငါျမန္မာျပန္မွာ နင္ပါလိုက္ခဲ့

ဟင္ဘယ္ကိုသြားမွာလဲနင္က

ေဟာ ျမန္မာကိုပါဆို

မဟုတ္ဘူးေလ ျမန္မာက ဘယ္ေနရာလဲ

ေအာ္.. ငါျမန္မာျပန္ပါတယ္ဆိုေနမွ. ငါ့မိဘေတြရွိတဲ့ ေနရာေပါ့

ေနအုံးး နင့္မိဘေတြ ကဘယ္မွာပါလိမ့္

ေဟာ နင္ကေလ တစ္ခါေရာက္ဖူးတယ္မလားး

ေအးး အဲတုန္းက ပုဂံကို သြားခဲ့ၾကတာမလားး

ဟုတ္တယ္ေလဟ ပုဂံမွာဟ ပုဂံက ျမင္ကပါ႐ြာမွာေဟ့

ေအာ္..ေအးး ျမင္ကပါ႐ြာ ဟုတ္တယ္

ေအးး လိုက္မွာမလား ဒီမွာလည္း နင္တစ္ေယာက္တည္းးေလ နင့္ဟင္း ဘယ္သူ ခ်က္မွာလဲငါမရွိရင္ အိမ္မႈကိစၥေရာ ဘယ္သူ လုပ္မွာလဲ

ဟီးးး ဟုတ္ေတာ့ဟုတ္သားး

ပုဂံကိုလိုက္မွာလားးး!!

ကလ်ာ စဥ္းစားမိေနစဥ္မွာပဲ..နားထဲကို ၾကားေယာင္လာတဲ့ အသံဩရွရွ။

ေျဖလိုက္..လိုက္မယ္လို႔ ပုဂံကို သြားး သြားမွရမယ္

ကလ်ာ ၾကားေနရတဲ့ အသံေၾကာင့္ မသိလိုက္ခင္မွာ ေျဖမိလိုက္တာက .

လိုက္မယ္!!! ဆိုတာသာ.။

သူမလည္း ေျဖၿပီးကာမွ သူမကိုယ္သူမ မယုံနိုင္။ တကယ္ေျဖခ်လိဳက္မိတာပဲ။

ေကာင္းၿပီ ဒါဆို အသင့္ျပင္ထားး

အအင္းး ဘယ္ေန႕လဲ

ဒီေန႕ ေလာက္ေပါ့  ဒီေန႕ညေနေလာက္သြားရမယ္ ထင္တယ္

အင္းး ဒါဆိုလည္းး ညေနေပါ့

စိုးမိုးလည္း လုပ္စရာေတြ ဆက္လုပ္ေနေပသည္။

ကလ်ာမွာေတာ့ စိတ္ထဲမွာ ထူးဆန္းေနတဲ့ ခံစားခ်က္တစ္ခ်ိဳ႕။

ပုဂံ.. ပုဂံဆိုတာကို ၾကားလိုက္တာနဲ႕ ရင္ဘတ္တစ္ေနရာက ဆစ္ကနဲပင္။ တစ္ခုခုက ဆုပ္ကိုင္ေနသလို ေလးပင္ကာ မြန္းၾကပ္လာသည္။

ပုဂံ စိတ္ဝင္စားစရာပဲ

သူမ ေတြးမိသည္။ ပုဂံကို သူမ မေရာက္ဖူးတာ မဟုတ္ပါ။ သူမ အသက္ ၁၀ႏွစ္ မွာ မိသားစုနဲ႕အတူ ပုဂံကို သြားဖူးပါသည္။ အဲတုန္းက စိုးမိုးလည္းပါသည္။

စိုးမိုးကေတာ့ ျမင္ကပါ႐ြာမွာ သူ႕မိဘေတြေနတာမို႔ နယ္ခံလိုျဖစ္ေနသည္။ ငယ္ငယ္ကတည္းက ျမင္ကပါ ႐ြာမွာ ေနခဲ့ၿပီး အထက္တန္းမွ ရန္ကုန္မွာ စာလာသင္ရာ ကလ်ာနဲ႕ ေတြ႕ၿပီးခင္ခဲ့တာ။

ပုဂံခရီးဟာ ကလ်ာအတြက္ အရမ္းကို တန္ဖိုးရွိပါတယ္။ ကလ်ာ အဲခရီးစဥ္မွာ အရမ္းေပ်ာ္ခဲ့ရသလို အမွတ္တရေကာင္းေတြလည္းး ပိုင္ဆိုင္ခဲ့ရသည္။

ဒါေပမဲ့ ကလ်ာစိတ္ထဲ ခုေနခဲ့တာ တစ္ခုေတာ့ရွိသည္။ ကလ်ာ ထိုခရီးစဥ္က ျပန္လာကတည္းက မက္ေနခဲ့ရတဲ့ အိမ္မက္ေတြ။ အိမ္မက္ထဲက ထိုေနရာေတြမွာ ပုဂံ ေနာက္ခံေတြလိုပဲ။

ၿပီးေတာ့ ႀကီးမားတဲ့ စံအိမ္ႀကီးကလည္းး ျမင္ဖူးသလိုလို မရွင္းမရွင္းနဲ႕မို႔ မေသခ်ာ။

ကလ်ာမွာ ထိုစံအိမ္ကို အႀကိမ္မ်ားစြာ မက္ဖူးသလို ခဏခဏ ပုံေတြ ဆြဲဖူးေပမဲ့ မတူ တစ္ခုခုမွာ ကြဲေနသည္။ လိုခ်င္တဲ့ ပုံကိုမရ။ ဘာကလြဲလို႔ လြဲမွန္းလည္း မသိပါ။

ကလ်ာ အေျဖရွာမရတဲ့ ဒီအိမ္မက္ေတြကို ကလ်ာ အႀကိမ္မ်ားစြာ ရွာေဖြေနေပမဲ့ အၿမဲ အိမ္မက္ေတြဟာ တစ္ပုံစံတည္းး။ ေျပာင္းလဲျခင္းမရွိ အခ်ိန္ေတြ ၾကာလာေလေလ အိမ္မက္ဆိုးေတြ သဖြယ္ ေျပာင္းလဲလာ ေလေလပဲ ျဖစ္တယ္။

ပိုပိုဆိုးလာခဲ့လို႔ မိဘေတြနဲ႕ တိုင္ပင္ကာ အဘက္ဘက္ကေန ႀကိဳးစားၾကည့္ပါေသးတယ္။ နတ္ဆရာေတြ ပေယာဂ ဆရာေတြ စသည္ျဖင့္ ရသလို ရွာခဲ့ရေပမဲ့ ျပႆနာ အရင္းအျမစ္ကို တစ္ခုေလးေတာင္ မေတြ႕ခဲ့ရ။

ပိုက္ဆံကုန္သည္သာ အဖက္တင္သည္။ ဘာမွမထူးျခားတာမို႔ အိမ္မက္ေတြဟာ ကလ်ာအတြက္ ေန႕စဥ္ အလုပ္တစ္ခုလိုေတာင္ ျဖစ္လို႔ေနခဲ့သည္။

အခုလည္းး ဒီအိမ္မက္ေတြစတင္ရာလားး မေသခ်ာေပမဲ့ သူ႕ကိုဆြဲေဆာင္ေနတဲ့ ပုဂံ..။ ကလ်ာသြားရေပေတာ့မည္။

ဘာကို ေတြ႕မလဲ.. ပုဂံမွာ အေျဖမ်ား ရွိေနမလားးး ေမးခြန္းေတြ နဲ႕သာ သေဘၤာေပၚကို တက္ခဲ့ရေလၿပီ။ ျမန္မာေျမ ကိုသာ ျပန္လာခဲ့ရေလၿပီ။

စာေမးပြဲက မၿပီးေသးေပမဲ့ အပ္ေပးလိုက္တယ္ေနာ္ သာသာSystemမအပ္နိုင္ေသးေပမဲ့ ဒါေလးေတာ့ အသစ္အပ္ေပးလိုက္တယ္ ေလာေလာဆယ္ ဒါေလးဖတ္အုံးေပါ့ဗ်ာ။ Exam ႀကီး ၿပီးတာနဲ႕ သာသာSystemျပန္လာမယ္ေနာ္။

ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦

𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories