Fanfics

အမှာစာ။

14:24, 2 October 2025

ဒီficလေးကတော့ သာသာနောက်ထပ် Taekookကို မြန်မာ မှုပြုခြင်းလေးပါနော် ပြိုင်ပွဲဝင်ficလေးမို့ တစ်ချို့ fbမှာဖတ်ဖူးနေမှာပေမဲ့ မဖတ်ဖူးသေးတဲ့သူလေးတွေအတွက်ရော နည်းနည်းထပ်ပြင်ရင်း ရေးပေးလိုက်တယ်ဗျာ တစ်ပိုင်းစီပဲတင်မယ်နော် သာသာ လေးရက်နဲ့အပြီးရေးခဲ့ရတော့ လိုနေသေးတာတွေနဲ့ ဝှက်ထားတဲ့ဇာတ်ကွက်တွေထပ်ဖြည့်မလို့ ဇာတ်လမ်းက ဖြေးဖြေးချင်းရုပ်လုံးပေါ်အောင်ရေးတာမို့ စိတ်ရှည်ရှည်နဲ့ဘဲ ဖတ်ပေးကြတော့ဗျာ Taekook စစ်ပါဗျ

နောက်ထပ်ကတော့ ပုဂံ ကျွန်တော်တို့အားလုံးပုဂံကိုသိကြတယ်ဟုတ် ။ ပုဂံလို့ကြားတာနဲ့ စိတ်ထဲမှာ မြတ်နိုးစိတ်တွေအပြည့်ပါပဲနော်။ မြန်မာနဲ့ပုဂံယှဥ်တွဲလာခဲ့တာ နှစ်တွေလည်းကြာခဲ့ပြီ။ ပုဂံဆိုတာ မြန်မာလူမျိုးတွေရဲ့ နှလုံးသားမှာ ကျောက်တိုင်ပမာစွဲထင်နေပြီလေ။

ဒီလိုပဲ ကျွန်တော်လည်း ပုဂံကို သတိတရရနဲ့ အပြင်မထွက် ဘယ်ကိုမှခရီးမထွက်ရတဲ့အချိန်တွေထဲ စာအုပ်တွေနဲ့ ကမ္ဘာပတ်ခဲ့ရတယ်ဗျာ။ အရင်လပိုင်းတွေကမှ ပုဂံနဲ့ပတ်သက်တဲ့ခရီးသွားဆောင်းပါးတွေ။ မင်းယုဝေတို့ ဆရာဇော်ဂျီတို့ ဇေယျတို့ တက္ကသိုလ်ဝင်းမွန်တို့ မင်းသုဝဏ်တို့ စသူတို့အပြင် အခြားသော စာရေးဆရာ ကဗျာဆရာတွေရဲ့ စာပေတွေ ဆောင်းပါးတွေနဲ့ ကဗျာတွေကိုဖတ်မိခဲ့တယ်။ အဲနောက်ပိုင်း ဆရာမပုညခင်ရဲ့ လက်ကျန်လရောင်လေးကိုပါပြန်ဖတ်မိရင်း ပုဂံကိုလွမ်းဆွတ်တမ်းတ စိတ်ကတဖွားဖွားနဲ့ စိတ်ကူးပေါ်ခဲ့တာ ပုဂံအကြောင်းရေးချင်ပါရဲ့ပေါ့။

ပုဂံဆိုတာ သမိုင်းဝင်နေရာ သမိုင်းဒဏ္ဍာရီတွေ စုစည်းရာဒေသဖြစ်သလို မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ဇာတ်လမ်းငယ်တို့ ဆောက်တည်ရာ ဖြစ်ပွားရာနေရာလည်း ဖြစ်တယ်လေ။

ဒါနဲ့ Taekook သာသာဆိုတော့လည်း မရရအောင် အရင်ကမြန်မာမှုပြုပုံနဲ့မတူပဲ ထပ်ပြီးမြန်မာပြုတာက ပု​ဂံနဲ့ရောယှက်ခဲ့တာပဲ။ အရင် တစ်ခါက "အတာရေပတ်ဖျန်း၍ သည်အချစ်ပန်းတို့ပွင့်ခဲ့လေသော် " ဆိုတဲ့Ficမှာတော့ ကိုယ့်မြို့ ကိုယ့်အရပ်ဒေသ မွေးရပ်မြေကို အခြေပြုခဲ့ပေမဲ့ အခုFicမှာတော့ ပုဂံဒေသကိုအခြေပြုလိုက်တယ်ဗျာ။ ပုဂံရဲ့အငွေ့အသက်နဲ့ အနှစ်အရသာကိုပါခံစားမိစေချင်တဲ့စိတ် ။ ပုဂံရဲ့ သမိုင်းတွေနောက်ခံတွေနဲ့ Taekookကိုတွဲဖက်စေချင်တာကြောင့် ရေးမိခဲ့တယ်ဗျာ။

ပြိုင်ပွဲဝင်ခဲ့ပေမဲ့ အနိုင်မရခဲ့သော်လည်း ဖတ်ပေးတဲ့သူတွေကြောင့် ရေးရကျိုးနပ်ခဲ့ပါတယ်။ ကြိုက်တယ်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့တင်အားရှိပါရဲ့ ဗျာ။ အခုလည်း မဖတ်ရသေးတဲ့သူတွေရော ဖတ်ပြီးသားသူတွေအတွက်ပါ ဇာတ်လမ်းဇာတ်ကွက်ထပ်ဖြည့်ရင်း အပ်လိုက်မယ်ဗျာ။

ပုဂံမြေက လက်ပံမျက်ရည်(Taekook Fanfiction Myanmar)❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgi Code

 

ဒီficေလးကေတာ့ သာသာေနာက္ထပ္ Taekookကို ျမန္မာ မႈျပဳျခင္းေလးပါေနာ္ ၿပိဳင္ပြဲဝင္ficေလးမို႔ တစ္ခ်ိဳ႕ fbမွာဖတ္ဖူးေနမွာေပမဲ့ မဖတ္ဖူးေသးတဲ့သူေလးေတြအတြက္ေရာ နည္းနည္းထပ္ျပင္ရင္း ေရးေပးလိုက္တယ္ဗ်ာ တစ္ပိုင္းစီပဲတင္မယ္ေနာ္ သာသာ ေလးရက္နဲ႕အၿပီးေရးခဲ့ရေတာ့ လိုေနေသးတာေတြနဲ႕ ဝွက္ထားတဲ့ဇာတ္ကြက္ေတြထပ္ျဖည့္မလို႔ ဇာတ္လမ္းက ေျဖးေျဖးခ်င္း႐ုပ္လုံးေပၚေအာင္ေရးတာမို႔ စိတ္ရွည္ရွည္နဲ႕ဘဲ ဖတ္ေပးၾကေတာ့ဗ်ာ Taekook စစ္ပါဗ်

ေနာက္ထပ္ကေတာ့ ပုဂံ ကြၽန္ေတာ္တို႔အားလုံးပုဂံကိုသိၾကတယ္ဟုတ္ ။ ပုဂံလို႔ၾကားတာနဲ႕ စိတ္ထဲမွာ ျမတ္နိုးစိတ္ေတြအျပည့္ပါပဲေနာ္။ ျမန္မာနဲ႕ပုဂံယွဥ္တြဲလာခဲ့တာ ႏွစ္ေတြလည္းၾကာခဲ့ၿပီ။ ပုဂံဆိုတာ ျမန္မာလူမ်ိဳးေတြရဲ႕ ႏွလုံးသားမွာ ေက်ာက္တိုင္ပမာစြဲထင္ေနၿပီေလ။

ဒီလိုပဲ ကြၽန္ေတာ္လည္း ပုဂံကို သတိတရရနဲ႕ အျပင္မထြက္ ဘယ္ကိုမွခရီးမထြက္ရတဲ့အခ်ိန္ေတြထဲ စာအုပ္ေတြနဲ႕ ကမၻာပတ္ခဲ့ရတယ္ဗ်ာ။ အရင္လပိုင္းေတြကမွ ပုဂံနဲ႕ပတ္သက္တဲ့ခရီးသြားေဆာင္းပါးေတြ။ မင္းယုေဝတို႔ ဆရာေဇာ္ဂ်ီတို႔ ေဇယ်တိဳ႕ တကၠသိုလ္ဝင္းမြန္တို႔ မင္းသုဝဏ္တို႔ စသူတို႔အျပင္ အျခားေသာ စာေရးဆရာ ကဗ်ာဆရာေတြရဲ႕ စာေပေတြ ေဆာင္းပါးေတြနဲ႕ ကဗ်ာေတြကိုဖတ္မိခဲ့တယ္။ အဲေနာက္ပိုင္း ဆရာမပုညခင္ရဲ႕ လက္က်န္လေရာင္ေလးကိုပါျပန္ဖတ္မိရင္း ပုဂံကိုလြမ္းဆြတ္တမ္းတ စိတ္ကတဖြားဖြားနဲ႕ စိတ္ကူးေပၚခဲ့တာ ပုဂံအေၾကာင္းေရးခ်င္ပါရဲ႕ေပါ့။

ပုဂံဆိုတာ သမိုင္းဝင္ေနရာ သမိုင္းဒ႑ာရီေတြ စုစည္းရာေဒသျဖစ္သလို မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေတြနဲ႕ ဇာတ္လမ္းငယ္တို႔ ေဆာက္တည္ရာ ျဖစ္ပြားရာေနရာလည္း ျဖစ္တယ္ေလ။

ဒါနဲ႕ Taekook သာသာဆိုေတာ့လည္း မရရေအာင္ အရင္ကျမန္မာမႈျပဳပုံနဲ႕မတူပဲ ထပ္ၿပီးျမန္မာျပဳတာက ပုဂံနဲ႕ေရာယွက္ခဲ့တာပဲ။ အရင္ တစ္ခါက "အတာေရပတ္ဖ်န္း၍ သည္အခ်စ္ပန္းတို႔ပြင့္ခဲ့ေလေသာ္ " ဆိုတဲ့Ficမွာေတာ့ ကိုယ့္ၿမိဳ႕ ကိုယ့္အရပ္ေဒသ ေမြးရပ္ေျမကို အေျချပဳခဲ့ေပမဲ့ အခုFicမွာေတာ့ ပုဂံေဒသကိုအေျချပဳလိုက္တယ္ဗ်ာ။ ပုဂံရဲ႕အေငြ႕အသက္နဲ႕ အႏွစ္အရသာကိုပါခံစားမိေစခ်င္တဲ့စိတ္ ။ ပုဂံရဲ႕ သမိုင္းေတြေနာက္ခံေတြနဲ႕ Taekookကိုတြဲဖက္ေစခ်င္တာေၾကာင့္ ေရးမိခဲ့တယ္ဗ်ာ။

ၿပိဳင္ပြဲဝင္ခဲ့ေပမဲ့ အနိုင္မရခဲ့ေသာ္လည္း ဖတ္ေပးတဲ့သူေတြေၾကာင့္ ေရးရက်ိဳးနပ္ခဲ့ပါတယ္။ ႀကိဳက္တယ္ဆိုတဲ့စကားေလးတစ္ခြန္းနဲ႕တင္အားရွိပါရဲ႕ ဗ်ာ။ အခုလည္း မဖတ္ရေသးတဲ့သူေတြေရာ ဖတ္ၿပီးသားသူေတြအတြက္ပါ ဇာတ္လမ္းဇာတ္ကြက္ထပ္ျဖည့္ရင္း အပ္လိုက္မယ္ဗ်ာ။

ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories