Fanfics

Part 9

16:10, 28 November 2023

ဂျေးတစ်ယောက် ခေါင်းဒဏ်ရာအား ဆေးထည့်ရန် ဆေးရုံသို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ရောက်လာခဲ့ပြန်သည်။ ဒေါက်တာယန်းနဲ့ပဲ ဆေးထည့်မယ်၊ မစီစဉ်ပေးရင် ဒေါက်တာယန်းကို ခိုးပြေးမယ် လုပ်လို့ ဂျောင်ဝန်း အရှုံးပေးကာ ဆေးထည့်ပေးနေရတယ်လေ။

ဂျေးပတ်ခ် ဆိုတဲ့ထိုလူက ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့ လူမျိုး။ ဒီနယ်မှာ ဟီးဆွန်းပြီးရင် အာဏာအရှိဆုံးက ဂျေးပတ်ခ် ဆိုတဲ့ ဒီကြောက်နက်။

" အညှော်မခံနဲ့ "

" ဟုတ်ကဲ့ပါ ဒေါက်တာ... ဝန်းငယ် "

စူးခနဲ တစ်ချက် အကြည့်ပို့လာတဲ့ ဂျောင်ဝန်းဟာ တကယ်ချစ်စရာအတိ။

" ခများ ကျွန်တော်က ဆရာဝန်နော်! မလေးမစားမလုပ်နဲ့! "

" ဟုတ်ကဲ့ပါဗျာ...ကျွန်တော်က မလေးမစားမလုပ်ရပါဘူး စိတ်မဆိုးပါနဲ့ ဒေါက်တာယန်းရယ် "

ဘာမှဆက်မပြောတော့ပဲ ထည့်စရာရှိတဲ့ ဆေးတွေထည့်ပေးနေပုံက အမေကခိုင်းလို့ မလုပ်ချင် လုပ်ချင်နဲ့ လုပ်ပေးနေရတဲ့ ပုံစံ။

ချစ်စရာကောင်းတယ်..။ ချစ်ချင်စရာလေး..။ ပိုင်ဆိုင်ချင်စရာလေး...။

" ‌ဝန်းငယ် "

" လာပြန်ပြီလား အဲ့စကား "

" ကိုယ့်ကို ချစ်သေးရဲ့လားဟင် "

" ချစ်သေးရဲ့လားလို့ မေးရအောင် ချစ်ခဲ့ကြလို့လား "

ယန်းဂျောင်ဝန်းက ဆေးကုတဲ့နေရာမှာပဲ တော်တာမဟုတ်ဘူး ဂျေးရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်အောင် ဓားသွားထက် ချွန်လှတဲ့စကားလုံးတွေနဲ့ ထိုးသတ်တဲ့ နေရာမှာလဲ တော်သေးတယ်။

အဲ့စကားတွေကပဲ ဂျေးရဲ့ ခွန်အားဖြစ်လာပြီး ဂျောင်ဝန်းအချစ်ကို ပြန်ရရန် ကြိုးစားချင်လာတာပေါ့။

" ဒါက ဒီတစ်ပတ်ဆေး! ကောင်တာမှာ ရှင်းပြီး ပြန်တော့ နောက်အပတ်လာစရာမလိုတော့ဘူး "

" ဟာ! "

" ဘာ ဟာလဲ! "

" ဒဏ်ရာက ‌အကင်းကြီး ပျောက်သွားပြီပေါ့ "

" ပျောက်သွားပြီ "

ဂျေး သူ့ကိုရိုက်ခဲ့တဲ့ အဖွဲ့ကို ခေါ်ပြီယ ထက်ရိုက်ခိုင်းရမယ်၊ အဲ့တာမှဂျောင်ဝန်းက ဆေးရုံစောင့်ပေးပြီး ဒဏ်ရာဆေးထည့်ပေးမှာ။

" ပေါက်ကရတွေ တွေးနေတယ်လို့တော့ မပြောလိုက်နဲ့နော် ဂျေးပတ်ခ်ရှီး! "

ဂျေးက ဟက်ဟက်ပက်ပက် ရယ်လိုက် သည်။

Wait ဂျောင်ဝန်း၊ မင်းရင်ခုန်နေတာလား။

ချက်ချင်းနီရဲ လာတဲ့ ဂျောင်ဝန်းရဲ့ မျက်နှာလုံးလုံးကို ဂျေးမြင်ဖြစ်အောင် မြင်လိုက်ပါသည်။ ဝန်းငယ် ရှက်တဲ့အချိန်ဆိုရင် သိပ်ကြည့်ကောင်းတာ ချစ်သူသက်တမ်းတုန်းကလဲ ဂျေး ဂျောင်ဝန်းရဲ့ နှုတ်ခမ်းလေးကို နမ်းရှိုက်ပြီးတိုင်း အခုလို မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလေးလို နီရဲသွားတတ်သေးတယ်။

အခုချိန် သာစလိုက်ရင် ဘေးနားမှာရှိတဲ့ ခွဲစိတ်ခန်းသုံး ဓားလေးဟာ သူ့အတွက်ဖြစ်သွားနိုင်သည်။

" ကိုယ်သွားပြီ ဝန်းငယ်.. "

ဆေးထုပ်လေးအား ဆွဲယူရင်း ဂျေးတံခါးဆီသို့ ဦးတည်ပြီးမှ...။

" နောက်ပြီး ချစ်တယ် "

မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ သူ့အားအသေအချာစိုက် ကြည့်နေတဲ့ ဂျောင်ဝန်းဟာ ဂျေးကိုတော့ ခံစားချက် ရှိပါသေးသည်။

" ကျွန်တော်လဲ ချစ်တယ် ‌ဂျေး "----

*♪*

" Hello Hyung "

" ဘာ?! "

ဂျေးရဲ့ အံ့ဩသံနောက် ဒေါသသံ ကပ်ပါမှုဟာ ကားအတွင်းသို့ ပျံ့နှံ့သွားသည်။

နယ်စပ်က ပစ္စည်းတွေ အလုခံရသည်ဆိုတဲ့ အီသန့်ရဲ့ စကားဟာ ဂျေးအား အမြတ်‌အချောင်းချောင်း ထွက်စေသည်။

" ဒီည 9နာရီ နယ်စပ်ကို သွားမယ် "

-----

ည9နာရီ ကြီးမားလှတဲ့ စံအိမ်တော်ထဲကနေ ထွက်လာတဲ့ အီသန်ရဲ့ မျက်နှာထားဟာ တင်းမာလျက် ၊ ထိုနည်းတူ ဂျေးဟာလဲ မေးရိုးတွေ ထင်းတဲ့အထိ အံအား ကြိတ်ထားလေသည်။

ဒီ နှစ်‌ယောက်သာ အရှေ့အနောက်မကြည့် ရာဇဝတ်မှုတွေ ကျူးလွန်နေမယ်ဆိုရင် ‌တောင်ကိုးရီးယား ရဲတွေတောင် လက်မြောက်အရှုံးပေးရနိုင်သည်။

အမဲဝမ်းဆက်အားဝတ်ဆင်လျက်၊ ဦးထုပ်ကိုငိုက်ငိုက်ဆောင်းထားသည်နှင့် တော်ရုံတန်ရုံမည်သူဆိုတာ သိနိုင်မည်မထင်။ ဂျေးက Leather jacket ကိုဝတ်ဆင်လျက်၊ ခပ်အုပ်အုပ် ချ‌ထားတဲ့ ဆံပင်လေး‌တွေကို တစ်ချက်သပ်လိုက်သည်။

ဂျေးရဲ့ အခုပုံစံက 18, 19အရွယ်လေး‌လို။

" ဘာရယ်တာလဲ "

" မင်းက ကလေးလေးလိုပဲ "

" ဟျောင်းရာ တော်ပါတော့ ကလေးလေးနဲ့ တူတယ်ဆိုတာ မပြောပါနဲ့ "

အီသန်က တစ်ချက်ရယ်လိုက်ရင်း ဂျေးဆံပင်လေးအား လက်ဖြင့်ထိုးဖွလိုက်သည်။

ထွက်ရန်ပြင်လိုက်တော့ ဝင်လာသည့်မက်ဆေ့ကြောင့် အလိုလိုပြုံးမိရင်း လိပ်ပြာမသန့်မှူတွေပါ ရောနှောပါလာခဲ့တယ်။

• ဟီးဆွန်းဟျောင်း ဒီညတွေ့ကျရအောင် အိမ်ကိုလာခဲ့ •

• အသက်သ‌‌ဘော •

" အမယ် ပြုံးနေလိုက်တာ.. "

" ချစ်မိသွားတာကို "

ဂျေးက တစ်ချက်ရယ်လိုက်ရင်း အီသန်လက်မောင်းအား တစ်ချက်လာထိုးသည်။

ချစ်ရသူအားစာပို့ပြီးတော့ စုံရပ်ကို ထွက်လာခဲ့ကြသည်။ လက်စားချေဖို့ ချင်းကပ်ခဲ့သော်လဲ ယခုမှာတော့ အတည်ချစ်မိခဲ့ပြီထင်ပါရဲ့ 11နှစ်ကြာပြီးနောက်ပထမဦးဆုံး နှစ်နှစ်ကာကာ ချစ်မိချင်းသာ။

ကိုယ့်ဘဝထဲ ဝင်လာခဲ့တဲ့ ရီခီ့ကို ကျေးဇူးအများကြီးတင်ပါတယ် ကလေးငယ်။

-----

" သေချာစစ် "

အမိန့်ဆန်သည့်လေသံသည် ဂိုထောင်အထက် ပျံ့နှံ့သွားပြီနောက် အခိုင်းခံရသည့်ကောင်လေးသည်လဲ ဂုတ်လေးပုကာ လိုက်နာနေလေရဲ့။

ရန်သူဘက်က Cocaine ၊ Heroin တွေနဲ့ သေနတ်အမျိုးအစားပေါင်း 10ကျော်အား စစ်ဆေးနေတဲ့ လူကြီးတစ်ယောက်နဲ့ အလုပ်သမားပေါင်း 18ယောက်။

" ခန! "

ဂိုထောင်ထဲက လှုပ်လှုပ်ရှားရှားလူတွေအားလုံးသည် ကျောက်ရုပ်ပမာ ရပ်တန့်သွားခဲ့သည်။

ခြေသံ..၊ အပ်ကျသံတောင် ကြားနေရတဲ့ အခြေအနေတစ်ခုမှာ Shoes ရဲ့အသံအား တစ်ချက်တစ်ချက်ကြားလိုက်ရသည်။

တစ်ဖြေးဖြေးနီးကပ်လာတဲ့ အသံ။

ရုတ်တရက် ဂိုထောင်တံခါးဟာ ပွင့်သွားပြီး လူနှစ်ယောက်ရဲ့အရိပ်ဟာထင်းခနဲ။ အရပ်ရှည်ရှည် လူနှစ်ယောက်ဟာ ဂိုထောင်ထဲသို့ ဝင်လာလေသည်။

" ဘယ်သူလဲ "

" မဂ်လာညချမ်းလေးပါ သားကြီးတို့ "

" Long time no see.. dudes "

ခပ်ဩဩ ကိုရီးယားလေသံနှင့်အတူ American accent ရှင်းရှင်း ဟာ ထိုလူနှစ်ယောက်ဆီမှ ထွက်ပေါ်လာသည်။

" ဟေ့! မင်းဘယ်သူ- " *ဒိုင်း

စကားတောင်မဆုံးခင် ထိုလူ၏ ယာဘက်ရင်အုံသို့ဖြတ်ဝင်သွားသည့် ကျည်။ အမဲရောင်ပစ္စတိုတွင် ထွင်းထားသည့် Morse code ဖြင့်'Ethan' ဆိုသည့်စာသည် ထင်းနေလေရဲ့။ထိုအမဲရောင်ဝမ်းဆက်နှင့် ဦးထုပ်ဆောင်းကာ mask ပါတပ်ထားသည့်ထိုလူနှစ်‌ယောက်သည်အချိန်ခနလေးအတွင်းမှာ ကျန်ရှိလူဆယ်ယောက်ကို လွယ်လင့်တကူရှင်းပစ်လိုက်သည်။

လက်ဖျန်၌ ပေနေတဲ့ သွေးတွေတွေ တစ်ချက် ခါချလျက်၊ ငွေရောင် ပစ္စတိုတွင် 'Jay' ဟု ‌morse codeဖြင့် ထွင်းထုထားလေသည်။

" ဟေ့! မင်း "

သေနတ်ခြေထောက်မှန်ထားသည့်တစ်ယောက်နား ချင်းကပ်သွားသည်၊ ထိုကောင်လေးမှာ သူ့ရှေ့ကလူကိုကြောက်လို့ မျက်လုံးတောင်မစုံရဲ။

" တောင်းပန်ပါတယ်..မ..မသတ်ပါနဲ့ "

တုန်တုန် ရီရီနဲ့ တောင်းပန်ခံလာတဲ့ ထိုကောင်လေးငယ် ရှေ့ ပစ္စတိုငွေရောင် ကိုင်ထားတဲ့လူဟာ ဒူး‌တစ်‌ဖက် ထောက်ချလျက် သေချာ စိုက်ကြည့်သည်။

" ကြောက်နေတာလား၊ မင်းသူဌေးဘယ်သူ "

" Nishimura Haruki ပါ "

" အေး! အဲ့ကောင်ကိုပြောလိုက် ငါတို့ဂိုဏ်းကို လာကျော်ဖို့မစဉ်းစားနဲ့လို့ သူ့ရဲ့ခြေလှမ်းတွေတိုင်းကိုသိတယ်လို့ သေချာပြော "

" ဟုတ်ကဲ့ပါ "

" အာ...ရောက်ပြီးမှတော့ အကောင်းဆုံးဖြစ်‌အောင်လုပ်ပြီးပြီ အဆိုးဆုံးဖြစ်အောင်လုပ်ဖို့ပဲကျန်တော့တယ် အီသန်ဟျောင်း "

တစ်ဖက်က သေနတ်အားကိုင်လျက် ‌ကြမ်းပြင်၌ သေနတ်ဒဏ်ရာဖြင့် ယာဘက်ရင်အုံမှန်ထားတဲ့ လူတစ်ယောက်ကို စကားငုံ့ပြောနေရာကနေ ဂျေးအား လှည့်ကြည့်သည်။

" ဒီက ပစ္စည်းတွေအရကတော့ ဟိုဘက်ထောင့်က ကျွန်တော်တို့ ဟာတွေ "

အီသန်နှင့်မဝေးသည့် အကွာအဝေးနားက သေနတ်အိတ် နှစ်အိတ်နှင့်အတူ Cocaine ၊ နှင့် Heroin ₩ 2 Millionဖိုး။

ဂျေးက ခက်မြန်မြန်ပင် ဘေး၌ ကျနေတဲ့ သူတို့ ဂိုဏ်း တံဆိပ်ပါ အိတ်ကို ယူလျက် ပစ္စည်းတွေအား တစ်ခုမကျန်ပြန်ထည့်လိုက်သည်။

အီသန်ကတော့ဘေးနားက အရက်ပုလင်းအားယူ၍ ရန်သူရဲ့ဘိန်းဖြူ‌တွေပေါ်လောင်းချလိုက်တယ်၊ ဒီလောက်ဆို ဟိုအဖိုးကြီး အရှူနိုင်မကယ်နိုင်ဖြစ်နေလောက်ပြီ။ ဂျာကင်အနက်ထဲက မီးခြစ်ကိုထုတ်လိုက်ပြီးဘိန်းဖြူတွေပေါ်တင်‌လိုက်တော့ အလိုက်သတိမီးဆွဲသွားတယ်။ အီသန်လီရဲ့ ရယ်သံဟာ ထိုဂိုထောင်ထဲ ကျောချမ်းစရာကောင်းလောက်အောင် ပျံ့နှံ့သွားတယ်။

" တောင်းပန်ပါတယ် ကျေးဇူးပြုပြီးကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါဗျာ "

" ရှူး....နားညီးတယ် ငါမင်းကိုမသတ်ပါဘူး ဟိုမှာတွေ့လား "

ဘိန်းဖြူတွေကို ဝါးမြိုနေတဲ့ မီးတောက်ကိုလက်ညိုးထိုးပြလိုက်တော့ ကောင်လေးဟာ တုန်တုန်ရီရီဖြင့်လှမ်းကြည့်တယ်။

တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတွေဟာ ဘိန်းဖြူတွေအပေါ်မှာ လှပစွာနေရာယူနေသည်။

" အဲ့မီးတွေက သတ်လိမ့်မယ် "

" တောင်းပန်ပါတယ်ဗျာ "

ကြောက်လန့်နေတဲ့ထိုကောင်လေးအား လှောင်ပြုံးပြုံးပြလိုက်ပြီး အိတ်အားယူကာဂိုထောင်ထဲမှအေးအေးဆေးဆေးပြန်ထွက်လာခဲ့သည်။

‌" သေနတ်လဲထားတာလား "

ရောမအက္ခရာ 'Ethan' ဆိုတဲ့နေရာမှာ အခုဆိုရင် Morse code 'Ethan' ဆိုတဲ့ စာတန်းလေးဟာ နေရာယူလျက်။

နှုတ်ခမ်း၌ ဆေးလိပ်‌အားတေ့ကာ ခပ်ပြင်းပြင်း ရှိုက်လိုက်ရင်း အငွေ့အား လေထဲသို့ မှုတ်ထုတ်လိုက်သည်။

" ဟိုတစ်ခေါက်က မိမလိုဖြစ်သွားလို့ "

အေးစက်သည်၊ ဂရုစိုက်သည့် အပြုအမူ စကားအသွားအလာ တစ်ခုမှမပါ။ အီသန်လီဟာ တကယ့်ကို အေးစက်လွန်းပါတယ်။

" ဒါတွေကို မင်းပဲယူသွားလိုက်တော့၊ ရုံး(ဂိုဏ်းရုံး) မှာပဲ ဝင်ထားလိုက် "

အခုရောက်နေတဲ့ နေရာရဲ့ဆိုရင် 45မိနစ်လောက်နှင့် ရုံးကို ရောက်နိုင်သည်။ အိမ်ကို သယ်သွားရာလဲ ညနက်လေ အန္တာရယ်ပို များလေဖြစ်သောကြောင့် ဂျေး ရုံးမှာပဲ ဝင်ထားရန် ဆုံးဖြတ်လိုက်သည်။

" ငါ ရီခီ့ဆီသွားရအုံးမယ် "

" ကျွန်တော်က ဘာနဲ့ ပြန်ရမှာလဲ "

" မင်းအတွက် ဟိုနားမှာ ငါကားစီစဉ်ပေးထားတယ် "

ပြောရင်းဆိုရင်း ကားပေါ်တက်ကာ ထွက်သွားတဲ့ အီသန်ဟာ ပြုံးပြုံးရွှင်ရွှင်နှင့် ထွက်သွားလေသည်။

အီသန်ဟာ အချစ်မှိုင်းမိသွားတဲ့ လူတစ်ယောက်လို။ အနှစ်နှစ်အလလက မချစ်တော့ဘူးလို့ဆုံးဖြတ်ပြီး အခုမှ နှစ်နှစ် ကာကာချစ်မိသွားတဲ့ လူငယ်တစ်ယောက်လို။

သေချာသည်မှာ အီသန်က ရီခီ့ကို သိပ်ချစ်ပါတယ်...။

-----28.11.2023

Feedback လေးလိုချင်လို့ပါဗျ။

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories