22(Final)
15:29, 8 December 2023ရော်ရွက်ဝါတွေကူးပြောင်းတဲ့နွေဦးကနေ ချမ်းအေးတဲ့ဆောင်းရာသီကို အလှည့်ကျဆက်တိုက်ကူးပြောင်းပြီး အချိန်တွေကုန်လာလိုက်တာ ဒီနှစ်ရဲ့ခရစ်စမတ်အပြီး ဒီဇင်ဘာ30ရက်နေ့မှာတော့ ထယ်ယောင်းအသက်30ပြည့်တော့မှာဖြစ်သည်။အသက်ရလာတာကိုမကြိုက်တဲ့ထယ်ယောင်းက ဂျောင်ကုထက်7နှစ်ပိုကြီးနေတာကို စိတ်ထဲအမြဲထည့်ပြီး မလုပ်ဖြစ်တော့တာကြာတဲ့မနက်ခင်းထပြေးတာအပြင် တစ်ခြားလေ့ကျင့်ခန်းကိုပါကြိုးစားလုပ်လာသည်။ထယ်ယောင်းတစ်ယောက် သူ့ကိုယ်သူသတိမထားမိတဲ့အချက်ကတော့ သူဟာဂျောင်ကုထက်တောင်ပိုနုပြီး 16နှစ်သားလိုချစ်ဖို့ကောင်းနေဆဲဆိုတာပင်။
"ဟူး...မောလိုက်တာ"
မနက်အစောကြီး အဝေးကြီးထပြေးတာကြောင့် အိမ်ပြန်ရောက်လာတော့ မောဟိုက်နေပြီဖြစ်သည်။
"ဒါကြောင့်...အဝေးကြီးမပြေးနဲ့လို့ပြောတာလေ...ကိုကိုကမောင့်စကားဆိုနားမထောင်ဘူး"
ဂျောင်ကုက ရေခဲတုံးလေးတွေသုံးလေးတုံးထည့်ထားတဲ့ ဖန်ခွက်ကိုယူ၍ ထယ်ယောင်းကိုကမ်းပေးပြီးပွစိပွစိပြောတော့ ထယ်ယောင်းကရေကိုအလောတကြီးသောက်ပြီး ဂျောင်ကုကိုမျက်စောင်းထိုးသည်။အခုဆိုမောင်က စစတွေ့တုန်းကထက် အရပ်လည်းပိုရှည်လာသလို ပိုလည်းချောလာသည်။လက်ခုံမှာဟိုတစ်ကွက်ဒီတစ်ကွက်နေရာယူခဲ့တဲ့ ကလေကချေအရောင်စုံတက်တူးတွေကလည်း ခုတော့ညာလက်မောင်းအပြည့်ဖြစ်လာသည်။တစ်ခြားလူတွေတက်တူးထိုးတာကိုတွေ့ရင် အော်ဂလီဆန်စရာလို့မြင်တတ်ပေမယ့် မောင်နဲ့ကျတော့လည်း လိုက်ဖက်ပြီးတင့်တယ်နေရော။
အင်း...မောင်မို့လို့ပေါ့လေ။ချစ်တော့လည်းအပြစ်မမြင်ပါဘူး။
"ရေသွားချိုးတော့...မနက်စာစားဖို့စောင့်နေမယ်"
"အိုကေ...3မိနစ်ပဲစောင့်"
လက်သုံးချောင်းထောင်ပြပြီး အခန်းထဲပြေးသွားတဲ့ကိုကိုက အသက်30ပြည့်တော့မယ်ဆိုတာ ယုံချင်စရာတစ်ကွက်မှမရှိ။ချစ်ဖို့ကောင်းလွန်းတဲ့ကိုကိုက သူ့အတွက်တော့ဘုရားပေးတဲ့ဆုလာဘ်ပါပဲ။သူ့လိုပေတေတေညစ်ညစ်ပတ်ပတ် သူခိုးလေးကို ယုံယုံကြည်ကြည်နဲ့အိမ်ပေါ်ခေါ်တင်ထားပြီး ကျောင်းလည်းထားပေးတယ် ၊စာလည်းသင်ပေးတယ် ၊ အဝတ်အစားလည်းဆင်ပေးတယ် ၊မုန့်ဖိုးလည်းပေးတယ် ၊ချစ်လည်းချစ်ပေးတယ် ၊ခုလည်းတက္ကသိုလ်ထားပေးပြန်ပြီ။ကိုကို့ကျေးဇူးတွေက ဆပ်မကုန်တဲ့မိဘကျေးဇူးထက်တောင်ပိုများနေတာမို့ တစ်ခါတစ်လေ အောက်မှာထားမိတဲ့အချိန်ဆို ကျေးဇူးရှင်ကိုပစ်မှားမိနေသလားဆိုပြီး တွေးမိတဲ့အထိပင်။
ဒါပေမယ့်လည်း ကိုကိုကိုယ်တိုင်ကလိုလိုလားလားနဲ့ အောက်မှာပဲနေတာမို့ ကျုပ်ငရဲမကြီးဘူးမလား?
..
"ဒီညညစာကို...အပြင်မှာသွားစားရမှာမလား"
ထယ်ယောင်းက ဂျောင်ကုလုပ်ပေးထားတဲ့ခေါက်ဆွဲအေးကို ပါးစပ်ထဲအပြည့်ထည့်ရင်းမေးတော့ ဂျောင်ကုကခေါင်းညိတ်ပြသည်။ဒီနေ့က ဒုတိယအပတ်ရဲ့သောကြာနေမို့ ညစာကိုအမေနဲ့အတူစားရမှာဖြစ်သည်။ကိုကို့ဆုံးမစကားကြောင့် အမေနဲ့တစ်လ2ခါတွေ့ပြီး ထမင်းလက်ဆုံစားဖြစ်တာကြာရောပေါ့။တင်းမာခဲ့တဲ့ဆက်ဆံရေးလည်း ခုတော့ပြန်ပြေလည်နေပါပြီ။
"ကိုကိုပါလိုက်ခဲ့"
"ဘာလို့လဲ"
"အမေကတွေ့ချင်တယ်တဲ့"
မောင့်စကားကြောင့် ပါးစပ်ထဲထည့်နေတဲ့ခေါက်ဆွဲကို ချက်ချင်းပြန်ထွေးထုတ်လိုက်သည်။မောင့်အမေကို သူကိုယ်တိုင်ရေနဲ့ပက်ခဲ့တာမလား?ယောက္ခမမျက်နှာကို ရေခရားထဲကရေနဲ့ပက်ပြီး လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ခဲ့တာမို့ ဘယ်လိုမျက်နှာနဲ့များ သူကလိုက်တွေ့ရမှာလဲ?
"ဟို...ကိုကိုမလိုက်လို့မရဘူးလား"
"ကိုကိုမလိုက်ရင် မောင်လည်းမသွားတော့ဘူး...မောင်ကနဂိုတည်းကတွေ့ချင်တာမဟုတ်ဘူးနော်...ကိုကိုပဲအတင်းတွေ့ခိုင်းတာလေ"
ဒါလည်းဟုတ်တာပဲ။မောင်ကမတွေ့ချင်ဘူးဆိုတာတောင် အမေဖြစ်သူနဲ့ပြန်ပြီးပြေလည်စေချင်တာမို့ သူပဲအတင်းအကျပ်သွားတွေ့ခိုင်းခဲ့တာ။ခုဆို မောင်နဲ့ယောက္ခမကြီးတို့သားအမိကြားက ကတောက်ကဆတွေတောင် ပြန်ပြေလည်နေပြီ။
ပြဿနာကသူပဲ...လိုက်မတွေ့ရဲဘူး။
"လိုက်ခဲ့ပါကိုကို...အမေကသူ့သားမက်လေးကိုအရမ်းတွေ့ချင်နေတာ"
"ကိုကိုလိုက်တွေ့လို့ကောင်းပါ့မလား...ကိုကို...ကိုကိုကလေ...မောင့်အမေမျက်နှာကိုရေနဲ့ပက်ဖူးတယ်"
ထယ်ယောင်းက တွန့်ဆုတ်တွန့်ဆုတ်နဲ့ပြောတော့ ဂျောင်ကုကအော်ရယ်သည်။မေမေကပြောပြတယ်...ကျုပ်ကိုကိုအစွာလေးက သူမမျက်နှာကိုရေနဲ့ပက်ပြီး နောက်တစ်ခါဂျောင်ကုလေးရှေ့ပေါ်မလာစေနဲ့လို့ အော်ငေါက်သွားတာတဲ့။
"အမေကခွင့်လွှတ်တယ်တဲ့...ဒါကြောင့် လိုက်ခဲ့ပါ"
မောင်ကသူ့လက်ကိုဖွဖွလေးကိုင်ပြီး မျှော်လင့်ချက်အပြည့်မျက်လုံးဝိုင်းလေးတွေနဲ့ ပြောလာတာမို့အင်တင်တင်နဲ့သာခေါင်းညိတ်ပြလိုက်တော့သည်။
အေးလေ...နောက်လည်းတွေ့ရမှာပဲမလား?သားကိုလိုချင်မှတော့ အမေကိုလည်းဖားရတော့မှာပဲ။သွားမတွေ့ခင်တော့ ပန်းဆိုင်ဝင်ပြီး နှင်းဆီအဖြူပန်းစည်းလေး ဝင်ဝယ်ဦးမှပဲ။နှင်းဆီအဖြူရဲ့အဓိပ္ပါယ်က တောင်းပန်ခြင်းဆိုတော့ အဆင်ပြေသွားမှာပါ။
...
"ဟို...မလိုက်လို့မရဘူးလားမောင်"
စားသောက်ဆိုင်အပေါက်ဝရောက်တော့ လက်ကိုအတင်းကိုင်ပြီး ကလေးလိုပြောလာတဲ့ကိုကိုက အမေနဲ့တွေ့ဖို့ကိုအတော်ကြောက်နေတဲ့ပုံ။
"မရဘူး...လာ"
"နေဦး...သေးပေါက်ချင်လို့"
မပေါက်ချင်တဲ့သေးကိုရမယ်ရှာပြီးပြောတော့ မောင်ကမျက်မှောင်ကျုံ့ပြီးကြည့်လာတာမို့ ဘောင်းဘီခွကြားကိုလက်နဲ့အုပ်ပြီး ပေါင်လိမ်ပြလိုက်ရသည်။
"လာ...မောင်လိုက်ပို့မယ်"
"ဟာ...ကိုကို့ဘာသာသွားမယ်လေ"
သူ့လက်ကိုဆွဲပြီး သန့်စင်ခန်းကိုခေါ်သွားတဲ့မောင်ကြောင့် အတင်းရုန်းပြီးပြောတော့ မောင်ကစိတ်မရှည်ဟန်..သက်ပျင်းချသည်။
"မရဘူး...စိတ်မချလို့မောင်ပဲလိုက်ပို့မယ်...သေးထွက်တော့မယ်ဆို"
"အင်း...ထွက်...ထွက်တော့မှာ"
ဒီလိုနဲ့ပဲ သန့်စင်ခန်းထဲထိမူကြိုကလေးလို လိုက်ပို့ပေးတာခံရပြီး မပေါက်ချင်တဲ့သေးကိုအတင်းဖျစ်ညှစ်ပေါက်ရင်းနဲ့ပဲ မောင်ခေါ်ရာနောက်လိုက်ခဲ့ရသည်။
"ကျုပ်တို့နည်းနည်းနောက်ကျသွားတယ် အမေ"
ဂျောင်ကုကထယ်ယောင်းထိုင်ဖို့ခုံကို ဆွဲထုတ်ပေးပြီးထယ်ယောင်းကိုအရင်ထိုင်စေပြီးမှ သူကဘေးမှာဝင်ထိုင်သည်။ထယ်ယောင်းကတော့ ရှေ့ကယောက္ခမကြီးမျက်နှာကိုကြည့်တောင်မကြည့်။မျက်လွှာချထားပြီး လက်ချောင်းတွေကိုပွတ်သပ်နေသည်။
"အမေလည်းရောက်တာမကြာသေးပါဘူး ဂျောင်ကုကီးရယ်...ဒီနေ့တော့အမေ့သားမက်လေးပါ ပါလာတာပဲ"
"ကျုပ်ပြောသားပဲ...ရအောင်ခေါ်လာပါ့မယ်ဆို...ဒါတောင်အမေ့သားမက်ကမလိုက်ချင်ဘူးလုပ်နေလို့...အတင်းဆွဲခေါ်လာတာ"
မောင့်စကားကြောင့် မောင့်အမေကရယ်သည်။သူကတော့ခေါင်းတောင်မမော့ရဲတာမို့ မကြည့်ပဲနေနေလိုက်သည်။
"မကြောက်ပါနဲ့...မောင့်အမေက ကိုကို့ကိုကိုက်မစားပါဘူး"
ဂျောင်ကုက စားပွဲအောက်မှာလက်ချောင်းတွေကိုပွတ်သပ်ပြီးကြောက်နေတဲ့ ထယ်ယောင်းရဲ့လက်သွယ်သွယ်လေးကိုကိုင်၍ တိုးတိုးကပ်ပြောသည်။ထိုအခါမှထယ်ယောင်းက ဂျောင်ကုလက်ကိုတင်းတင်းကျပ်ကျပ်ပြန်ကိုင်ပြီး ခေါင်းမော့လာ၍ သူ့ကိုပြုံးပြီးကြည့်နေတဲ့ယောက္ခမကြီးကို ရယ်ပြပြီး စားပွဲပေါ်တင်ထားတဲ့နှင်းဆီပန်းအဖြူပန်းစည်းလေးကို ပေးလိုက်သည်။
"အရင်ကလုပ်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်ပေးပါ...အ...အမေ"
"အို...ခွင့်လွှတ်ပါတယ်ရှင်...ဒါနဲ့အမေကနှင်းဆီပန်းအဖြူကြိုက်တာဘယ်လိုသိတာလဲသားလေးက"
"ဟို...နှင်းဆီဖြူကတောင်းပန်တဲ့အဓိပ္ပါယ်ဆောင်လို့...အဲ့ဒါကြောင့်ပါ"
"ဪ...အဲ့လိုလား...အမေကခွင့်လွှတ်ပြီးသားပါကွယ်...အမေ့သားမက်လေးကသေချာကြည့်တော့...ဂျောင်ကုကီးပြောတာထက်တောင်ပိုချောသေးတယ်...ကြည့်ပါဦး...နတ်သားလေးကျနေတာပဲ"
ထယ်ယောင်းတစ်ယောက် ယောက္ခမကြီးရဲ့ချောတယ်ဆိုတဲ့မှတ်ချက်ကြောင့် ခေါင်းငုံ့ပြီးကျေနပ်တဲ့အပြုံးကြီးနဲ့ပြုံးလိုက်သည်။သူ့ကိုယ်သူချောတယ်ဆိုတာသိပေမယ့်လည်း နတ်သားလေးလိုချောတယ်ဆိုတာကတော့ ခုမှပထမဆုံးကြားဖူးတာမို့ ပိုကျေနပ်ရသည်။
"အမေလည်းလှပါတယ်...နတ်သမီးလေးလိုပဲ"
ယောက္ခမကြီးကတစ်ကယ်လည်း လှတာမို့တင်စားလိုက်မိတာပင်။မောင့်မျက်လုံးဝိုင်းဝိုင်းလေးက အမေဆီကလက်ဆောင်ရတာဖြစ်မယ်။
ထယ်ယောင်းရဲ့တန်ပြန်စကားကြောင့် ဂျောင်ကုတို့သားအမိနှစ်ယောက်လုံးမှာ ထယ်ယောင်းကိုအသည်းယားစွာကြည့်ရင်း တဟားဟားရယ်ကြတော့သည်။
ဒီလိုနဲ့ပဲ အမေကိုစစတွေ့ချင်းမှာကြောက်နေတဲ့ကိုကိုက ခုတော့စားလိုက်သောက်လိုက် အမေနဲ့အတိုင်ဖောက်ညီညီစကားပြောလိုက်နဲ့ တက်တက်ကြွကြွဖြစ်လာသည်။အမေကလည်း ကိုကို့ကိုတော်တော်ချစ်သွားပုံရသည်။တရင်းတနီးနဲ့စကားပြောပြီး ကျုပ်ငယ်ဘဝအကြောင်းတွေပါ အကုန်ပြောပြနေတာ။ကိုကိုကလည်း အမေပြောသမျှကိုနားထောင်ပြီး သူသိချင်သမျှကျုပ်အကြောင်းတွေကို နှိုက်နှိုက်ချွတ်ချတ်ကိုမေးတော့တာ။သုံးယောက်အတူထိုင်နေပေမယ့် ပေါက်ပေါက်ဖောက်နေတာကတော့ အမေနဲ့ကိုကိုသာ။ကျုပ်ကတော့ ချစ်ဖို့ကောင်းတဲ့ကိုကို့ကို ငေးရင်းနဲ့ပဲ စကားဝိုင်းပြီးတဲ့ထိစောင့်နေလိုက်တယ်။
သေချာတယ်...နောက်တစ်ခါအမေနဲ့လာတွေ့ရင်လည်း သူတစ်ယောက်တည်း ဘေးမှာထိုင်ရင်းအထီးကျန်ဦးမယ်ဆိုတာ။
...
"မောင့်အမေကသဘောကောင်းသားပဲ ဟီး"
အလည်လေးကအိမ်ပြန်ရောက်တာနဲ့ အင်္ကျီအဝတ်အစားအရင်မလဲပဲ အိပ်ယာပေါ်လှဲအိပ်လိုက်တာကြောင့် သူပဲအရင်ဆုံးညအိပ်ဝတ်ဆုံလဲလိုက်ရသည်။ကိုကိုနဲ့သူက အခုဆိုအခန်းခွဲမနေတော့တာမို့ သူ့အဝတ်အစားတွေအားလုံးက ကိုကို့ဗီရိုထဲမှာပင်။စာကြည့်စားပွဲကတော့ သူနေခဲ့တဲ့အပြာရောင်အခန်းထဲမှာပဲထားထားတယ်။ကိုကို့အခန်းကျဥ်းတာမို့ ပစ္စည်းအကုန်ထည့်လို့မဆန့်ပေ။
"မအိပ်နဲ့ဦး...ခြေလက်ဆေးပြီးအင်္ကျီလဲရမယ်လေ"
"ပျင်းတယ်"
ပျင်းတယ်ဆိုတဲ့ကိုကိုကြောင့် ကုတင်အစွန်းမှာဝင်ထိုင်ရင်း ပက်လက်လေးအိပ်နေတဲ့ကိုကို့ကိုခြေထောက်နှစ်ချောင်းကိုဆွဲလိုက်သည်။နည်းနည်းတောင်မလှုပ်ပဲ ပါလာတဲ့ကိုကို့ကိုအနားရောက်တာနဲ့ ခါးကနေပင့်မပြီးပေါင်ပေါ်တင်လိုက်သည်။ပေါင်ပေါ်ရောက်တာနဲ့ ကိုကိုကချက်ချင်းပင်သူ့ခါးကိုခွပြီး လက်နှစ်ဖက်ကလည်းလည်ပင်းကို မြဲနေအောင်ဖက်ထားသည်။
ရင်ခွင်ထဲကကိုကိုက ခိုအားလားလေးလိုပဲ။ဒီချစ်ဖို့ကောင်းတဲ့ခိုအားလားလေးကို ကျောကနေထိန်းကိုင်ပြီးချီရင်း ရေချိုးခန်းထဲခေါ်သွား၍ မျက်နှာသစ်ဆေးကြောတာကိုလုပ်ပေးရသည်။
"သွားစိ...သွားပါတစ်ခါတည်းတိုက်ရအောင်"
မျက်နှာသစ်ဘေစင်ပေါ်တင်ပေးပြီးပြောတော့ ချက်ချင်းပဲသွားစိပြပြီး တခစ်ခစ်ရယ်သည်။ချစ်ဖို့ကောင်းလွန်းနေတာကြောင့် နှုတ်ခမ်းကိုပြွတ်ခနဲနမ်းတော့ သူ့ပါးကိုလည်းအာဘွားပြန်ပေးသည်။ဆင်တူသွားတိုက်တံနှစ်ချောင်းထဲက ခရမ်းနုရောင်ကိုယူ၍ သွားတိုက်ဆေးထည့်၍ သွားတိုက်ပေးတော့ ခြေထောက်နှစ်ဖက်ကိုလှုပ်ယမ်းရင်း သူ့ခါးကိုဖက်ထားသည်။
"ထွေးထုတ်ပြီး...ပလုပ်ကျင်းလိုက် ကိုကို...ဒါတော့လုပ်တတ်တယ်မလား"
ကိုကိုကခေါင်းညိတ်ပြပြီး ဘေစင်ပေါ်ကပြန်ဆင်း၍ ပလုပ်ကျင်းနေတုန်း သူလည်းသွားမြန်မြန်တိုက်ရသည်။သူ့သွားတိုက်တံကတော့ ခရမ်းအရင့်ရောင်ဖြစ်သည်။သွားတိုက်နေတုန်းကိုကိုက ဘေးကနေငြိမ်ငြိမ်မနေပဲ သူ့ပါးကိုလိမ်ဆွဲပြီး အတင်းနှောင့်ယှက်သည်။ပါးနှစ်ဖက်လုံးကိုခပ်ကြမ်းကြမ်းလိမ်ဆွဲတော့ ပါးစပ်ထဲကသွားတိုက်ဆေးအမြှုပ်တွေထွက်လာပြီး ကိုကို့ကိုစင်ကုန်သည်။ကိုကိုကချက်ချင်းပဲ သူ့ကိုအဲ့လိုလုပ်ရမလားဆိုပြီး ဆံပင်မွှေးဆောင့်ဆွဲ၍ စိတ်ဆိုးပြီးအပြင်ထွက်သွားသည်။
ကျုပ်တော့ အမှားမလုပ်မိပါပဲ တစ်ညလုံးချော့ရပေဦးမည်။
"ကိုကို...မောင်ကတမင်လုပ်တာမဟုတ်ဘူးလေ...စိတ်မကောက်ပါနဲ့"
အပြင်ရောက်တော့ ညအိတ်ဝတ်ဆုံကော်ဖီရောင်လေးလဲပြီး ဖုန်းသုံးနေတဲ့ကိုကို။သူ့ကိုမြင်တာနဲ့ ချက်ချင်းမျက်စောင်းထိုးပြီး ဖုန်းကိုလည်းပိတ်၍ တစ်ဖက်သို့လှည့်သွားသည်။
"အပိုတွေပါ...မောင်ကိုနှောင့်ယှက်လို့ဆိုပြီး...တမင်လုပ်တာမလား"
သူ့ဘက်ကိုလှည့်မလာပဲ ပြန်ဖြေတဲ့ကိုကို့အသံက ခပ်ဆတ်ဆတ်လေးဖြစ်နေသည်။စိတ်ကောက်မှသာ ကြားရတတ်တဲ့အသံလေးပင်။
"မဟုတ်ရပါဘူး ကိုကိုရာ...မောင်ကကိုကို့ကိုဘယ်လောက်တောင်ချစ်လိုက်သလဲ...အဲ့လိုလုပ်စရာလား...မောင်ကအဲ့လိုရောလုပ်ဖူးလား"
ခါးကနေဆွဲဖက်၍လှည့်ပြီး မျက်နှာချင်းဆိုင်စေကာမေးတော့
"ဟီး...မလုပ်ဖူးဘူး...မောင်ကသိပ်လိမ္မာတာ"
သူ့ပါးကိုအတင်းဆွဲညှစ်ပြီးပြောတဲ့ကိုကိုက စိတ်ဆိုးပြေသွားပြီဖြစ်၏။ဒီတစ်ခေါက် စိတ်ဆိုးပြေတာတော့မြန်တယ်ဟုပြောရမည်။
"စိတ်ကောက်ပြေသွားပြီလား"
"အင်း...ပြေသွားပြီ...အိပ်ရအောင်...အိပ်ချင်နေပြီ"
"မနက်ဖြန်ကျောင်းပိတ်တယ်လေ...ဘာလို့အိပ်မှာလဲ"
ဂျောင်ကုက ထယ်ယောင်းရဲ့နှုတ်ခမ်းကိုခပ်ဖွဖွပွတ်ဆွဲရင်းပြောသည်။
"ဟာ...ကျောင်းပိတ်လည်းအိပ်ရမှာပေါ့ကွ...ဘယ်နှနာရီရှိနေပြီလဲ...ကြည့်ဦး"
ဖုန်းကိုလက်ထဲအတင်းထိုးထည့်ပေးတာမို့ ကျေနပ်အောင်ကြည့်ပေးလိုက်တော့ သူတို့နှစ်ယောက်ရဲ့ရယ်မောနေတဲ့ စားသောက်ဆိုင်က ဓါတ်ပုံလေးက ခုထိwallpaper အဖြစ်နေရာယူထားဆဲဖြစ်ပြီး အချိန်11နာရီခွဲသာရှိသေးသည်။
"ခုမှ 11နာရီခွဲပဲရှိသေးတာကို"
"မအိပ်ချင်သေးရင်လည်း စာသွားလုပ်နေလေ...တတိယနှစ်ရောက်တော့...စာတွေကပိုခက်လာတယ်မလား"
"မခက်ပါဘူး...မောင်ဥာဏ်ကောင်းတာ ကိုကိုလည်းသိရဲ့သားနဲ့"
"ဒါဆိုလည်း တစ်ခုခုလုပ်နေလေ...ကိုကိုကတော့အိပ်တော့မယ်"
ပြောရင်းနဲ့လှဲချလိုက်တဲ့ထယ်ယောင်းကို ဂျောင်ကုကလှဲချခွင့်မပေးပဲ လက်မောင်းအရင်းကနေဆွဲ၍ သူ့အောက်သို့ပို့လိုက်သည်။
"မောင်မအိပ်ရင်...ကိုကိုလည်းမအိပ်ရဘူး"
ပြောပြီးတာနဲ့သူ့နှုတ်ခမ်းတွေကို အမဲဖျက်သလိုစနမ်းလာတဲ့မောင်ကြောင့် သက်ပျင်းသေးသေးလေးချရင်းသာ အလျှင်မှီအောင်လိုက်နမ်းရသည်။သူတော့ ဒီညအိပ်ရေးပျက်ဦးမှာပဲ
ဘေးနှစ်အိမ်ကအပျိုကြီးတွေရဲ့ မျက်စောင်းတွေကြောင့် သူ့အခန်းကိုလည်း အသံလုံအခန်းပြောင်းလိုက်တာကြာရောပေါ့။ဒါကြောင့် အားနာစရာမလိုပဲ စိတ်ကြိုက်အော်လို့ရတယ်။
...
ဒီနေ့က တတိယနှစ်ရဲ့နောက်ဆုံးစာမေးပွဲရက်ဖြစ်တာကြောင့် အစောကြီးအိမ်ပြန်လို့ရသည်။ရှေ့ရက်တွေကတော့ တက္ကသိုလ်စာကြည့်တိုက်မှာပဲ စာလုပ်ရင်းနဲ့ကိုကိုလာကြိုတာကိုစောင့်ခဲ့ပေမယ့် ဒီနေ့ကတော့စာလုပ်စရာလည်းမရှိတော့ဘူးမို့ တက်စီငှား၍ကိုကို့ကျောင်းကိုလာခဲ့လိုက်သည်။
ကျောင်းရောက်တော့ ကားပါကင်နားကထိုင်ခုံမှာထိုင်ပြီး ကိုကို့ကိုစောင့်နေလိုက်သည်။သူ့ကိုတွေ့ရင် အံ့သြသွားမယ့်ကိုကို့မျက်နှာလေးကိုမြင်ချင်တာမို့ပင်။ထိုင်စောင့်နေရင်းနဲ့ဖုန်းကနေရှာစရာရှိတာရှာနေလိုက်သည်။ကျောင်းကသူငယ်ချင်းတွေပြောတာတော့ အတွဲတွေdateလုပ်ရင် Lotte World ကိုသွားကြတယ်တဲ့။ဒါကြောင့် ဒီနေ့ကိုကို့ကိုခေါ်ပြီး အဲ့ကိုသွားမည်။
Lotte Worldအကြောင်းကိုနည်းနည်းရှာပြီးတော့ ဖုန်းကိုကျောပိုးအိတ်ထဲပြန်ထည့်ပြီး ကိုကို့ကိုစောင့်နေလိုက်သည်။သိပ်မကြာပါ...ကိုကိုကလက်ဆွဲအိတ်အညိုလေးကိုင်ပြီး လျှောက်လာသည်။ကားနားမှာပုန်းနေတဲ့သူ့ကိုမမြင်ပဲ ကားထဲဝင်ဖို့လုပ်နေတုန်း အနောက်ကနေလက်ကိုလှမ်းဆွဲလိုက်တော့
"အမေ့!"
"မောင်ပါ ကိုကိုရဲ့...ဟီးဟီး"
"လန့်သွားတာပဲ မောင်ရာ...ခြေထောက်နဲ့ကန်မိတော့မလို့ နည်းနည်းပဲလိုတော့တယ်"
'ပြွတ်စ်'
"မောင်!!"
နှုတ်ခမ်းကိုလျှပ်တပြတ်နမ်းလိုက်တော့ ကိုကိုကထအော်၍ဘေးဘီကိုကြည့်သည်။
"ဘယ်သူမှမမြင်ပါဘူး...မောင်ကပတ်ဝန်းကျင်ကိုအကဲခတ်ပြီးမှ နမ်းတာပါ"
'ပြွတ်စ်'
ပြောရင်းတဲ့ထပ်နမ်းပြန်တဲ့မောင်ကြောင့် ဗိုက်ခေါက်ကိုလိမ်ဆွဲမလို့လုပ်တုန်း မောင်ကသူ့ကိုကားထဲအတင်းထည့်ပြီး ကားတံခါးကိုပိတ်၍ တစ်ဖက်မှာလာထိုင်သည်။
"Lotte World သွားရအောင်ကိုကို...သူငယ်ချင်းတွေကပြောတယ်...အဲ့မှာdateလုပ်ရတယ်တဲ့"
"ကစားကွင်းကြီးမသွားချင်ပါဘူး...ကလေးကလားနဲ့"
"မရဘူး...သွားမယ်...သွားမယ်လို့...နော်ကိုကို"
လက်ကတက်တူးတွေနဲမှမလိုက် ကလေးလိုသူ့လက်ကိုအတင်းလှုပ်ယမ်းပြီးပြောနေတဲ့မောင်ကြောင့် ခေါင်းညိတ်ပြီးလိုက်ပို့ရတော့သည်။
သူ့လိုအလုပ်နဲ့အိမ်နဲ့ပဲ နှစ်ပါးသွားနေတဲ့လူက ဒီလိုနေရာကိုတစ်ခါမှမရောက်ဖူးတာကြောင့် ရောက်လည်းရောက်ရော ပါးစပ်အဟောင်းသားဖြင့်မျက်လုံးလေးပြူးပြီး အံ့သြသွားတော့သည်။
"သွားရအောင် ကိုကို"
အံ့သြနေတဲ့ထယ်ယောင်းလက်ကို ဂျောင်ကုကဆွဲ၍ ခေါ်သွားပြီးအရင်ဆုံးလုပ်ကြတာက ဘီးကုတ်ဝယ်တာဖြစ်သည်။
"ကိုကိုကဒါယူမယ်...မောင်ကဒါယူ"
ကလေးကလားနဲ့မသွားချင်ဘူးဆိုတဲ့ထယ်ယောင်းက ခုတော့သူပဲတက်တက်ကြွကြွနှင့် ယုန်နားရွက်ဘီးကုတ်ဝယ်ပြီး ဂျောင်ကုခေါင်းပေါ်ဆောင်းပေး၍ သူ့ခေါင်းမှာလည်းကျားနားရွက်ဘီးကုတ်လေးဆောင်းလိုက်သည်။
ဂျောင်ကုမှာလည်း ထယ်ယောင်းအလိုကျယုန်နားရွက်ဘီးကုပ်လေးဖြင့် ထယ်ယောင်းဆွဲခေါ်ရာနောက်ကို တကောက်ကောက်လိုက်သည်။
"အဲ့ဒါစားချင်တယ် မောင်"
ထယ်ယောင်းလက်ညှိုးထိုးပြတာ အကောင်လေးတွေပုံဖော်ထားတဲ့ ရောင်စုံအာတာပူစီဖြစ်သည်။
"မောင်ဝယ်ကျွေးမှာပေါ့"
မောင်ကသူ့လက်ကိုဆွဲ၍ တစ်ခုဝယ်ပေးသည်။ဝက်ဝံရုပ်ပုံအာတာပူစီလေးကချစ်ဖို့ကောင်းတာမို့ အစသေးသေးလေးယူ၍မောင့်နှုတ်ခမ်းပေါ်တင်ပေးပြီး သူ့နှုတ်ခမ်းပေါ်လည်းတင်၍ နှုတ်ခမ်းမွှေးနဲ့အဘိုးကြီးတွေလို ဓါတ်ပုံရိုက်ခဲ့သည်။
"အဲ့ဒါစီးမယ်"
ကိုကိုညွှန်ပြတာက ပင်လယ်ဓါးပြသေင်္ဘာအကြီးကြီးဖြစ်သည်။
"ကိုကို စီးရဲလို့လား"
"ဟာ...လူကိုငကြောက်များမှတ်နေလား...မောင်သာထမအော်နဲ့"
ဒီလိုနဲ့ပဲ လက်မှတ်ဝယ်ပြီးသေင်္ဘာပေါ်တက်သွားတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုလည်းနောက်ကနေမြန်မြန်လိုက်သွားရသည်။
"အား!!...ကြောက်စရာကြီး!!...ရပ်ပေး!!...အခုရပ်ပေး!!...ယီး!!!"
သူ့ကိုတော့ထမအော်နဲ့ပြောပြီး သူချည်းပဲအော်နေတဲ့ကိုကိုဖြစ်၏။
"မောင့်လက်ကိုကိုင်ထား!!"
ဂျောင်ကုအသံကို ထယ်ယောင်းမကြားပါ။
"ယီး!!...ကြောက်စရာကြီး!!...မစီးချင်တော့ဘူး!!!"
မြန်လွန်းတဲ့အရှိန်ကြောင့် မျက်လုံးစုံမှိတ်ပြီးအော်ဆဲနေတဲ့ထယ်ယောင်းကြောင့် အတူလိုက်စီးကြတဲ့ကလေးမိဘတွေက သူတို့ကလေးတွေနားကိုပိတ်ထားပြီး မကြိုက်သလိုပုံနဲ့ကြည့်ကြသည်။သူတို့ကိုလာကြည့်တဲ့လူတွေကို ဂျောင်ကုကပြန်ဘုကြည့်ကြည့်ရင်းနဲ့ အော်နေတဲ့ထယ်ယောင်းကို ရင်ခွင်ထဲထည့်လိုက်သည်။
"မောင်ရှိတယ်နော်...မကြောက်နဲ့တော့...မောင့်ကိုဖက်ထား"
"အင်း"
ဂျောင်ကုခါးကိုတင်းတင်းကျပ်ကျပ်ဖက်ပြီး မျက်လုံးမှိတ်ထားတဲ့ထယ်ယောင်းက ဒီသေင်္ဘာမြန်မြန်ရပ်ဖို့ကိုသာ ဆုတောင်းနေသည်။
"ယီး!...နောက်တစ်ခါသေတောင်မစီးတော့ဘူး"
အောက်ရောက်တာနဲ့စဆဲတော့တဲ့ ဂျောင်ကုရဲ့အချစ်တော်လေးဖြစ်သည်။
"ကိုကိုပြောတော့...မကြောက်ဘူးဆို"
"အဟွန်း...အဲ့လောက်ကြောက်ဖို့ကောင်းမယ်မှန်းမသိလို့ပြောမိတာ"
အကြည့်လွှဲပြီးအရှက်ပြေပြောနေတဲ့ကိုကို့ကို စချင်ပါသော်လည်း စိတ်ဆိုးသွားမှာစိုးတာကြောင့် လက်ချင်းတွဲရင်းနောက်ထပ်ကစားလို့ရမယ့်နေရာကို ထွက်လာခဲ့သည်။သို့သော်ကိုကိုက ခုနကတစ်ခုနဲ့တင်ကြောက်သွားသည်ထင်...မြင်မြင်သမျှကိုမကစားချင်ဘူးသာငြင်းသည်။
"အဲ့ဒါစီးမယ်"
"ဟင်"
တော်တော်ကြာမှ ပြောတဲ့ကိုကိုကပြောလာသည်။လက်ညှိုးထိုးပြတာကိုကြည့်လိုက်တော့ ကလေးတွေသာစီးနေကြတဲ့ မြင်းရုပ်တွေအများကြီးပါသည့်ချားဖြစ်သည်။
"ဒါကကြောက်ဖို့မကောင်းဘူး...ဒါပဲစီးမယ်"
"ဒါဆိုလက်မှတ်သွားဝယ်လိုက်မယ်နော်"
ဂျောင်ကုကထယ်ယောင်းအတွက် လက်မှတ်ချက်ချင်းသွားဝယ်ပေးသည်။
"ဟင်...ဘာလို့တစ်စောင်တည်းလဲ...မောင်မစီးဘူးလား"
"ဟင့်အင်း...မောင်ကကိုကို့ကို ဒီကနေဓါတ်ပုံရိုက်ပေးမယ်"
"ဒါဆို လှလှလေးရိုက်ပေး"
"ဟုတ်ပါပြီ...သွားတော့လေ"
စီးလို့ရပြီဆိုတာနဲ့ ထယ်ယောင်းက ကလေးတွေကြားထဲကနေအတင်းတိုးဝှေ့ပြီး သူအောက်မှာတည်းကကြည့်ထားတဲ့ မြင်းရုပ်ပေါ်တက်ထိုင်ပြီး တိုင်ကိုသေချာဖက်ထားသည်။စက်စလှည့်တာနဲ့ ကလေးတွေရဲ့ချစ်စဖွယ်ရယ်သံနဲ့အတူ ထယ်ယောင်းရဲ့တခစ်ခစ်ရယ်သံသြသြကလည်း ထွက်ပေါ်လာသည်။ထယ်ယောင်းက ဘယ်လောက်များပျော်နေသလဲဆိုရင် ဂျောင်ကုရှေ့ကဖြတ်သွားတာနဲ့ လက်တစ်ဖက်ကိုလွှတ်၍တာတာ့ပြသည်။
အောက်ကနေကြည့်နေတဲ့ဂျောင်ကုကလည်း ကျားနားရွက်ဘီးကုတ်လေးနဲ့ချစ်ဖို့ကောင်းနေတဲ့ထယ်ယောင်းပုံကို သေချာရိုက်ပေးရင်း ထယ်ယောင်းသူ့ရှေ့ကဖြတ်တာနဲ့ သူ့ကိုတာ့တာပြနေတဲ့လက်လေးကို လှမ်းလှမ်းကိုင်ရင်းစသည်။
မြင်းစီးနေတဲ့ကလေးတွေကိုစောင့်နေတဲ့မိဘတွေကတော့ ထိုအကဲပိုနေတဲ့ကောင်လေးနှစ်ယောက်ကို သဘောကျစွာကြည့်ရင်း ခေါင်းတခါခါဖြင့်သာ။
"နောက်တစ်ခေါက်စီးဦးမယ်...ပျော်ဖို့ကောင်းတယ်...မောင်လည်းစီးပါလား"
"မောင်မစီးတော့ဘူး...ကိုကိုပဲစီးပါ"
ဒီလိုနဲ့ပဲ ထယ်ယောင်းကကလေးတွေနဲ့ရောပြီး နောက်တစ်ခေါက်ထပ်စီးပြန်သည်။
"မရဘူး...မောင်ပါလိုက်စီးလို့"
လိုက်မစီးလို့ဆိုပြီး စိတ်ကောက်မလိုလုပ်နေတဲ့ကိုကိုကြောင့် မတတ်နိုင်တဲ့အဆုံး သူပါလိုက်စီးရတော့သည်။အမှန်တော့ကိုကိုကြောင့်သာလိုက်စီးတာ။ကလေးတွေကြားထဲမှာဆိုတော့ နည်းနည်းတော့ရှက်ဖို့ကောင်းတယ်။သူ့အချစ်ဆုံးကတော့ ကလေးတွေနဲအပြိုင် ရယ်မောရင်းပျော်ရွှင်နေသည်။
လက်မှတ်ရောင်းတဲ့လူကို ဂျောင်ကုကဖုန်းပေးပြီး ဓါတ်ပုံရိုက်ပေးဖို့အကူညီတောင်းထားတာကြောင့် ပြုံးရွှင်နေတဲ့သူတို့နှစ်ယောက်ရဲ့ပုံကို လက်မှတ်ရောင်းတဲ့လူကသေချာလှလှပပရိုက်ပေးသည်။
ဒီလိုနဲ့ပဲ lotte world မှာ နှစ်ယောက်သားလက်ချင်းတွဲ၍ လည်ပတ်၍ဝမှ အိမ်ပြန်သွားကြသည်။
...
"အာ့!...ဂျွန်ဂျောင်ကု!...မင်းပြောတော့မနာဘူးဆို...ငါအခုကိုင်ကြည့်တာတောင် နာနေတုန်းပဲ"
ထယ်ယောင်းက ဆိုဖာပေါ်ဖြဲကားထိုင်ပြီးဝတ်ထားတဲ့ဘောင်းဘီတိုကိုလှန်၍ ပေါင်မှာထိုးထားတဲ့ 7 ဆိုတဲ့တက်တူးသေးသေးလေးကိုပြရင်းပြောသည်။
"မောင်ကမနာလို့မနာဘူးပြောတာလေ...နာရင်မောင့်လက်တစ်ဖက်လုံးထိုးထားပါ့မလား"
ဂျောင်ကုက ထယ်ယောင်းပေါင်ကတက်တူးသေးသေးလေးကိုနမ်းရင်းနဲ့ ပြန်ပြောသည်။
"မသိဘူး...နာတယ်"
"နေဦး...ခုနကကိုကို မောင့်ကို...မင်းနဲ့ငါနဲ့သုံးပြီးပြောလိုက်တာလား"
"အာ...အဲ့ဒါကလေ...ကိုကိုနာလွန်းလို့ယောင်ပြီးပြောမိတာပါ"
"ဒီတစ်ခေါက်တော့ မောင်ခွင့်လွှတ်ပေးလိုက်မယ်"
"ဟီး...နောက်မမှားတော့ပါဘူးခင်ဗျ"
ထယ်ယောင်းက ဂျောင်ကုနှာခေါင်းထပ်ကိုတို့ရင်းပြောတော့ ဂျောင်ကုကထယ်ယောင်းလက်ကိုပြန်ကိုင်ပြီး ဖွဖွလေးကိုက်သည်။သူ့အတွက်တော့ ကိုကိုကအသည်းယားစရာလေးမို့ ဖြစ်နိုင်ရင်မျိုချပစ်လိုက်ချင်သည်အထိပင်။
"မောင်ကလည်ပင်းနားမှာထိုးတာနော်...မနာဘူးလား"
"မနာပါဘူး...ဒီ 7 လေးကမောင်နဲ့ကိုကို့ရဲ့အချစ်ကိုကိုယ်စားပြုတယ်...ကိုကို့ကိုမောင်ကmondayကနေ sundayထိတစ်ပတ်လုံး... အချိန်တိုင်း...မိနစ်တိုင်း...စက္ကန့်တိုင်း...တစ်ညပြီးတစ်ညပြောင်းသွားလည်း..ဆက်ချစ်သွားမယ်ဆိုတဲ့အဓိပ္ပါယ်ပဲ...ကိုကိုကရောမောင့်ကိုအဲ့လိုချစ်သွားမှာလား"
"မချစ်ရင် အသားအနာခံပြီး ထိုးမလား...ချစ်တာပေါ့...သေတဲ့အထိချစ်သွားမှာ...မောင်ကကိုကို့နှလုံးသားပဲ...မောင်မရှိရင်သေသွားမှာ"
ရင်ဘတ်ကိုဖိကိုင်ရင်း လျှာထွက်ပြီးမေ့သလိုလုပ်ပြတော့ မောင်ကတခစ်ခစ်ရယ်ရင်း သူ့လက်နှစ်ဖက်ကိုဆွဲ၍ရင်ဘတ်ချင်းကပ်စေသည်။
"ကိုကို့ကို မောင်အရမ်းချစ်တယ်"
"မောင့်ကိုလည်း ကိုကိုကအရမ်း..အရမ်း...အရမ်းချစ်တယ်"
"ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းရတာလဲ"
"ကင်မ်ထယ်ယောင်းမို့လို့ပေါ့"
သူ့စကားဆုံးတော့ မောင်ကနှာခေါင်းရှုံ့၍ရယ်ပြီး ပါးနှစ်ဖက်ကိုအတင်းဖိနမ်းသည်။အသည်းယားတယ်ဆိုပြီး နမ်းနေရင်းနဲ့ပါးကိုလည်းကိုက်သေးသည်။
"ကိုကို"
မောင်ကသူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး အလေးအနက်ကြည့်လာသည်။မောင့်မျက်လုံးဝိုင်းလေးတွေက သေချာကြည့်ရင် မျက်ရည်တွေဝဲနေသလိုပင်။
"မောင်လေကိုကို့ကိုအရမ်းကျေးဇူးတင်တယ်...မောင့်လိုသူခိုးလေးတစ်ယောက်ကို...အိမ်ခေါ်လာပြီးအခုချိန်ထိကျွေးမွေးထားလို့ရော...ဘယ်သူမှလိုက်မမှီတဲ့အချစ်မျိုးနဲ့...ချစ်ပေးလို့ရော...ကိုကိုသိလား...ကိုကိုကမောင့်ဘဝပါ...ကိုကိုနဲ့သာမတွေ့ခဲ့ရင်...မောင့်အနာဂတ်ကမတွေးရဲလောက်အောင်ကိုဆိုးရွားနေမှာ...ကိုကိုကမောင့်အရာရာပါပဲ...ကိုကို့ကိုအရမ်းချစ်တယ်"
မောင်ကပြောပြီးတာနဲ့ မျက်ရည်တွေဝဲပြီးသူ့ရင်ခွင်ထဲကိုတိုးဝင်သည်။ဝမ်းနည်းသွားမှန်းသိတာကြောင့် ကျောကိုအထက်အောက်ပွတ်သပ်ပေးရင်း 7တက်တူးထိုးထားတဲ့မောင့်လည်ပင်းနားကိုနမ်းရင်းနှစ်သိမ့်လိုက်သည်။
"ကိုကိုလည်း မောင့်ကိုအရမ်းချစ်တယ်...ကိုကို့ထက်တောင်ပိုချစ်တယ်...ကြိုက်လှပါပြီဆိုတဲ့စတော်ဘယ်ရီထက်တောင်ပိုသေးတယ်...ကိုကို့အနာဂတ်ကမောင်ပါလို့တွေးထားတဲ့အထိချစ်တယ်....မောင်ကြောင့်သာကိုကိုကချစ်တတ်လာတာ...မောင့်ကြောင့်သာကပ်စေးနည်းတဲ့ကိုကိုက...လက်ဖွာလာတာ...မောင့်ကြောင့်သာ ကိုကို့ရဲ့ပျင်းစရာကောင်းတဲ့ဘဝကြီးက...အရောင်တွေစုံလာတာ...မောင်ကကိုကို့အတွက်တော့...အဖိုးမဖြတ်နိုင်တဲ့ဖြစ်တည်မှုလေးမို့...မောင်ချစ်ပေးတာထက်...ကိုကိုကပိုချစ်ပေးပါ့မယ် ကိုကို့ကလေးလေးရယ်"
သူ့စကားဆုံးတော့ မောင်ကသူ့ရင်ခွင်ထဲကနေထွက်ပြီး နဖူးကိုဖွဖွလေးနမ်းသည်။
"ကိုကို့ဖို့လက်ဆောင်ရှိတယ်"
"ဟင်!"
ဂျောင်ကုစကားကြောင့် ထယ်ယောင်းမျက်လုံးလေးတွေအရောင်လက်လာသည်။
"မျက်လုံးမှိတ်လိုက် ကိုကို"
"ဘာမို့လို့လဲ"
"ခဏနေသိရမှာပေါ့...ခုတော့မျက်လုံးမှိတ်လိုက်ပါ"
"ပြီးရော"
ထယ်ယောင်းကမျက်လုံးကိုလက်နဲ့ကာပြီး စိတ်လှုပ်ရှားစွာစောင့်သည်။
"ခိုးမကြည့်နဲ့နော် ကိုကို"
"မကြည့်ပါဘူး"
ဂျောင်ကုက မျက်လုံးကိုလက်နဲ့ကာပြီးပြုံးနေတဲ့ထယ်ယောင်းကိုကြည့်ရင်း ဝဲလာတဲ့မျက်ရည်တွေကိုခပ်မြန်မြန်သုတ်လိုက်သည်။
"ရပြီကိုကို...မျက်လုံးဖွင့်တော့"
"မောင်!"
ထယ်ယောင်း မျက်စိရှေ့မှာမြင်လိုက်ရတဲ့အရာကြောင့် မျက်လုံးလေးတွေဝိုင်းစက်ပြီး အံ့သြသွားသည်။
"သဘောကျရဲ့လား...ဒါကိုကို့အတွက်မောင့်လက်ဆောင်"
"အရူးလေး...သဘောကျတာပေါ့"
ပြောရင်းနဲ့ငိုချတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုမှာချက်ချင်းပဲထွေးပွေ့ပြီး အတင်းချော့ရတော့သည်။
"ဘာလို့ထိုးထားတာလဲ...နာမှာပေါ့"
"မနာပါဘူး"
ကိုကိုက သူ့ဝဲဘတ်ရင်အုံမှာထိုးထားတဲ့ thv's ဆိုတဲ့တက်တူးကိုသေချာကိုင်ကြည့်ရင်း ငိုပြန်သည်။
"ဒီတက်တူးအတိုင်း...မောင်ကကိုကို့အပိုင်ပဲ...အဲ့တော့မောင့်တစ်ဘဝလုံးကို ကိုကိုတာဝန်ယူရမယ်"
"ယူမှာပေါ့...မောင်မယူခိုင်းရင်တောင် ကိုကိုကအတင်းတာဝန်ယူပစ်မှာ"
ထယ်ယောင်းကပြောရင်းနဲ့ ဂျောင်ကုရင်ဘတ်ဖွေးဖွေးကတက်တူးကိုအကြိမ်ကြိမ်နမ်းသည်။
"မောင်"
"ဟင်"
"မောင်ပြောဖူးတဲ့ချစ်တယ်ဆိုတဲ့စကားထက်...ပိုတဲ့စကားကို...ကိုကိုသိသွားပြီ"
"ပြောကြည့်လေ...အဖြေမမှန်ရင်နမ်းမှာနော်"
"မောင့်ပြောပုံက...အဖြေမှန်ရင်မနမ်းဘူးပေါ့"
"မှန်ရင်ပိုနမ်းမှာ...ပြောပါဦး...ချစ်တယ်ဆိုတာထက်ပိုတဲ့စကားကဘာလဲ"
"ဂျွန်ဂျောင်ကုလေ"
"ဟင်!"
ဂျောင်ကုက ထယ်ယောင်းစကားကိုနားမလည်တာကြောင့် ကြောင်တောင်တောင်လေးကြည့်တော့ ထယ်ယောင်းကဂျောင်ကုမျက်နှာကိုကိုင်၍
"မောင်ကအဲ့စကားထက်ပိုတဲ့အရာရှိကြောင်းကို....မောင့်အပြုအမူနဲ့သက်သေပြခဲ့တယ်လေ...ဒါကြောင့်..ကိုကို့အတွက်တော့ဂျွန်ဂျောင်ကုက...အချစ်ဆိုတာထက်ပိုလွန်းတဲ့စကားစုလေးပဲ...ဘယ်လိုလဲ...အဖြေမှန်လား"
"သိပ်မှန်တာပေါ့ ကိုကိုရာ"
ထပ်တူကျသွားတဲ့နှုတ်ခမ်းတွေနဲ့အတူ ထယ်ယောင်းခန္ဓါကိုယ်လေးလည်း လေပေါ်သို့မြောက်တက်သွားသည်။ထယ်ယောင်းရဲ့ပန်းနုရောင်နှုတ်ခမ်းအိအိကို အရူးအမူးနမ်းနေတဲ့ ဂျောင်ကုခြေလှမ်းတွေက အခန်းထဲကအိပ်ယာဆီကို ဦးတည်သွားပြီး တစ်ယောက်နဲ့တစ်ယောက် တင်းကျပ်စွာဖက်တွယ်ရင်း ပိုမိုနက်ရှိုင်းတဲ့အနမ်းတွေကိုဖန်တီး၍ ထို့ထက်ပိုသာတဲ့ပန်းနုရောင်အချစ်ပင်လယ်ထဲကို လက်ပစ်ကူးကြသည်။
တစ်အောင့်အကြာမှာတော့ အခန်းထဲကနေ အသံတိုးတိုးလေးထွက်လာသည်။
"အောက်ထပ်မှာပဲနေမှာလို့...ယီး!!"
-----------------------
The EndKimharu4121992🌵Borahae💜
ကဲ...နောက်ဆုံးတော့ အားလုံးကသဘောကျပေးတဲ့Touch Your Heart လေးပြီးသွားပါပြီ။ဒါလေးကိုစရေးဖြစ်တုန်းက ဒီလောက်သဘောကျပေးကြမယ်မှန်း မထင်ခဲ့ဘူး။အားလုံးသိတဲ့အတိုင်း ကိုယ်ကစာစရေးတာမကြာသေးဘူးဆိုတော့ အမြဲစိုးရိမ်နေခဲ့တာ..ဒါပေမယ့်ကိုယ့်ficလေးကို အချိန်ပေးပြီးဖတ်ပေးတဲ့ readerလေးတွေကြောင့်အဆင်ပြေပြေနဲ့ရေးနိုင်ခဲ့ပါတယ်။ကိုယ့်အရေးအသားကိုယ် အားမရသေးပေမယ့်TYHကိုတော့ အားလုံးကချစ်ပေးတာကြောင့်တော်တော်ကျေနပ်ပါတယ်။
TYHလေးကို အချိန်ပေးဖတ်ပေးတဲ့ reader တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရင်း နှုတ်ဆက်လိုက်ပါတယ်နော်💜
🌟TYHအတွက် အမှတ်တရစကားလေးတွေပြောခဲ့ကြဦးနော် ဖတ်ချင်လို့ပါရှင့်♡
#စကားမစပ်...to the bone ဆိုတဲ့ ficလေးကိုရောongoing လိုက်ပေးမယ့်readerလေးတွေ ရှိကြလားဟင်??
Zawgyi
ေရာ္႐ြက္ဝါေတြကူးေျပာင္းတဲ့ေႏြဦးကေန ခ်မ္းေအးတဲ့ေဆာင္းရာသီကို အလွည့္က်ဆက္တိုက္ကူးေျပာင္းၿပီး အခ်ိန္ေတြကုန္လာလိုက္တာ ဒီႏွစ္ရဲ႕ခရစ္စမတ္အၿပီး ဒီဇင္ဘာ30ရက္ေန႔မွာေတာ့ ထယ္ေယာင္းအသက္30ျပည့္ေတာ့မွာျဖစ္သည္။အသက္ရလာတာကိုမႀကိဳက္တဲ့ထယ္ေယာင္းက ေဂ်ာင္ကုထက္7ႏွစ္ပိုႀကီးေနတာကို စိတ္ထဲအၿမဲထည့္ၿပီး မလုပ္ျဖစ္ေတာ့တာၾကာတဲ့မနက္ခင္းထေျပးတာအျပင္ တစ္ျခားေလ့က်င့္ခန္းကိုပါႀကိဳးစားလုပ္လာသည္။ထယ္ေယာင္းတစ္ေယာက္ သူ႕ကိုယ္သူသတိမထားမိတဲ့အခ်က္ကေတာ့ သူဟာေဂ်ာင္ကုထက္ေတာင္ပိုႏုၿပီး 16ႏွစ္သားလိုခ်စ္ဖို႔ေကာင္းေနဆဲဆိုတာပင္။
"ဟူး...ေမာလိုက္တာ"
မနက္အေစာႀကီး အေဝးႀကီးထေျပးတာေၾကာင့္ အိမ္ျပန္ေရာက္လာေတာ့ ေမာဟိုက္ေနၿပီျဖစ္သည္။
"ဒါေၾကာင့္...အေဝးႀကီးမေျပးနဲ႔လို႔ေျပာတာေလ...ကိုကိုကေမာင့္စကားဆိုနားမေထာင္ဘူး"
ေဂ်ာင္ကုက ေရခဲတုံးေလးေတြသုံးေလးတုံးထည့္ထားတဲ့ ဖန္ခြက္ကိုယူ၍ ထယ္ေယာင္းကိုကမ္းေပးၿပီးပြစိပြစိေျပာေတာ့ ထယ္ေယာင္းကေရကိုအေလာတႀကီးေသာက္ၿပီး ေဂ်ာင္ကုကိုမ်က္ေစာင္းထိုးသည္။အခုဆိုေမာင္က စစေတြ႕တုန္းကထက္ အရပ္လည္းပို႐ွည္လာသလို ပိုလည္းေခ်ာလာသည္။လက္ခုံမွာဟိုတစ္ကြက္ဒီတစ္ကြက္ေနရာယူခဲ့တဲ့ ကေလကေခ်အေရာင္စုံတက္တူးေတြကလည္း ခုေတာ့ညာလက္ေမာင္းအျပည့္ျဖစ္လာသည္။တစ္ျခားလူေတြတက္တူးထိုးတာကိုေတြ႕ရင္ ေအာ္ဂလီဆန္စရာလို႔ျမင္တတ္ေပမယ့္ ေမာင္နဲ႔က်ေတာ့လည္း လိုက္ဖက္ၿပီးတင့္တယ္ေနေရာ။
အင္း...ေမာင္မို႔လို႔ေပါ့ေလ။ခ်စ္ေတာ့လည္းအျပစ္မျမင္ပါဘူး။
"ေရသြားခ်ိဳးေတာ့...မနက္စာစားဖို႔ေစာင့္ေနမယ္"
"အိုေက...3မိနစ္ပဲေစာင့္"
လက္သုံးေခ်ာင္းေထာင္ျပၿပီး အခန္းထဲေျပးသြားတဲ့ကိုကိုက အသက္30ျပည့္ေတာ့မယ္ဆိုတာ ယုံခ်င္စရာတစ္ကြက္မွမ႐ွိ။ခ်စ္ဖို႔ေကာင္းလြန္းတဲ့ကိုကိုက သူ႕အတြက္ေတာ့ဘုရားေပးတဲ့ဆုလာဘ္ပါပဲ။သူ႕လိုေပေတေတညစ္ညစ္ပတ္ပတ္ သူခိုးေလးကို ယုံယုံၾကည္ၾကည္နဲ႔အိမ္ေပၚေခၚတင္ထားၿပီး ေက်ာင္းလည္းထားေပးတယ္ ၊စာလည္းသင္ေပးတယ္ ၊ အဝတ္အစားလည္းဆင္ေပးတယ္ ၊မုန္႔ဖိုးလည္းေပးတယ္ ၊ခ်စ္လည္းခ်စ္ေပးတယ္ ၊ခုလည္းတကၠသိုလ္ထားေပးျပန္ၿပီ။ကိုကို႔ေက်းဇူးေတြက ဆပ္မကုန္တဲ့မိဘေက်းဇူးထက္ေတာင္ပိုမ်ားေနတာမို႔ တစ္ခါတစ္ေလ ေအာက္မွာထားမိတဲ့အခ်ိန္ဆို ေက်းဇူး႐ွင္ကိုပစ္မွားမိေနသလားဆိုၿပီး ေတြးမိတဲ့အထိပင္။
ဒါေပမယ့္လည္း ကိုကိုကိုယ္တိုင္ကလိုလိုလားလားနဲ႔ ေအာက္မွာပဲေနတာမို႔ က်ဳပ္ငရဲမႀကီးဘူးမလား?
..
"ဒီညညစာကို...အျပင္မွာသြားစားရမွာမလား"
ထယ္ေယာင္းက ေဂ်ာင္ကုလုပ္ေပးထားတဲ့ေခါက္ဆြဲေအးကို ပါးစပ္ထဲအျပည့္ထည့္ရင္းေမးေတာ့ ေဂ်ာင္ကုကေခါင္းညိတ္ျပသည္။ဒီေန႔က ဒုတိယအပတ္ရဲ႕ေသာၾကာေနမို႔ ညစာကိုအေမနဲ႔အတူစားရမွာျဖစ္သည္။ကိုကို႔ဆုံးမစကားေၾကာင့္ အေမနဲ႔တစ္လ2ခါေတြ႕ၿပီး ထမင္းလက္ဆုံစားျဖစ္တာၾကာေရာေပါ့။တင္းမာခဲ့တဲ့ဆက္ဆံေရးလည္း ခုေတာ့ျပန္ေျပလည္ေနပါၿပီ။
"ကိုကိုပါလိုက္ခဲ့"
"ဘာလို႔လဲ"
"အေမကေတြ႕ခ်င္တယ္တဲ့"
ေမာင့္စကားေၾကာင့္ ပါးစပ္ထဲထည့္ေနတဲ့ေခါက္ဆြဲကို ခ်က္ခ်င္းျပန္ေထြးထုတ္လိုက္သည္။ေမာင့္အေမကို သူကိုယ္တိုင္ေရနဲ႔ပက္ခဲ့တာမလား?ေယာကၡမမ်က္ႏွာကို ေရခရားထဲကေရနဲ႔ပက္ၿပီး လက္ညိႇဳးေငါက္ေငါက္ထိုးၿပီး ရန္ေတြ႕ခဲ့တာမို႔ ဘယ္လိုမ်က္ႏွာနဲ႔မ်ား သူကလိုက္ေတြ႕ရမွာလဲ?
"ဟို...ကိုကိုမလိုက္လို႔မရဘူးလား"
"ကိုကိုမလိုက္ရင္ ေမာင္လည္းမသြားေတာ့ဘူး...ေမာင္ကနဂိုတည္းကေတြ႕ခ်င္တာမဟုတ္ဘူးေနာ္...ကိုကိုပဲအတင္းေတြ႕ခိုင္းတာေလ"
ဒါလည္းဟုတ္တာပဲ။ေမာင္ကမေတြ႕ခ်င္ဘူးဆိုတာေတာင္ အေမျဖစ္သူနဲ႔ျပန္ၿပီးေျပလည္ေစခ်င္တာမို႔ သူပဲအတင္းအက်ပ္သြားေတြ႕ခိုင္းခဲ့တာ။ခုဆို ေမာင္နဲ႔ေယာကၡမႀကီးတို႔သားအမိၾကားက ကေတာက္ကဆေတြေတာင္ ျပန္ေျပလည္ေနၿပီ။
ျပႆနာကသူပဲ...လိုက္မေတြ႕ရဲဘူး။
"လိုက္ခဲ့ပါကိုကို...အေမကသူ႕သားမက္ေလးကိုအရမ္းေတြ႕ခ်င္ေနတာ"
"ကိုကိုလိုက္ေတြ႕လို႔ေကာင္းပါ့မလား...ကိုကို...ကိုကိုကေလ...ေမာင့္အေမမ်က္ႏွာကိုေရနဲ႔ပက္ဖူးတယ္"
ထယ္ေယာင္းက တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ေျပာေတာ့ ေဂ်ာင္ကုကေအာ္ရယ္သည္။ေမေမကေျပာျပတယ္...က်ဳပ္ကိုကိုအစြာေလးက သူမမ်က္ႏွာကိုေရနဲ႔ပက္ၿပီး ေနာက္တစ္ခါေဂ်ာင္ကုေလးေ႐ွ႕ေပၚမလာေစနဲ႔လို႔ ေအာ္ေငါက္သြားတာတဲ့။
"အေမကခြင့္လႊတ္တယ္တဲ့...ဒါေၾကာင့္ လိုက္ခဲ့ပါ"
ေမာင္ကသူ႕လက္ကိုဖြဖြေလးကိုင္ၿပီး ေမွ်ာ္လင့္ခ်က္အျပည့္မ်က္လုံးဝိုင္းေလးေတြနဲ႔ ေျပာလာတာမို႔အင္တင္တင္နဲ႔သာေခါင္းညိတ္ျပလိုက္ေတာ့သည္။
ေအးေလ...ေနာက္လည္းေတြ႕ရမွာပဲမလား?သားကိုလိုခ်င္မွေတာ့ အေမကိုလည္းဖားရေတာ့မွာပဲ။သြားမေတြ႕ခင္ေတာ့ ပန္းဆိုင္ဝင္ၿပီး ႏွင္းဆီအျဖဴပန္းစည္းေလး ဝင္ဝယ္ဦးမွပဲ။ႏွင္းဆီအျဖဴရဲ႕အဓိပၸါယ္က ေတာင္းပန္ျခင္းဆိုေတာ့ အဆင္ေျပသြားမွာပါ။
...
"ဟို...မလိုက္လို႔မရဘူးလားေမာင္"
စားေသာက္ဆိုင္အေပါက္ဝေရာက္ေတာ့ လက္ကိုအတင္းကိုင္ၿပီး ကေလးလိုေျပာလာတဲ့ကိုကိုက အေမနဲ႔ေတြ႕ဖို႔ကိုအေတာ္ေၾကာက္ေနတဲ့ပုံ။
"မရဘူး...လာ"
"ေနဦး...ေသးေပါက္ခ်င္လို႔"
မေပါက္ခ်င္တဲ့ေသးကိုရမယ္႐ွာၿပီးေျပာေတာ့ ေမာင္ကမ်က္ေမွာင္က်ံဳ႕ၿပီးၾကည့္လာတာမို႔ ေဘာင္းဘီခြၾကားကိုလက္နဲ႔အုပ္ၿပီး ေပါင္လိမ္ျပလိုက္ရသည္။
"လာ...ေမာင္လိုက္ပို႔မယ္"
"ဟာ...ကိုကို႔ဘာသာသြားမယ္ေလ"
သူ႕လက္ကိုဆြဲၿပီး သန္႔စင္ခန္းကိုေခၚသြားတဲ့ေမာင္ေၾကာင့္ အတင္း႐ုန္းၿပီးေျပာေတာ့ ေမာင္ကစိတ္မ႐ွည္ဟန္..သက္ပ်င္းခ်သည္။
"မရဘူး...စိတ္မခ်လို႔ေမာင္ပဲလိုက္ပို႔မယ္...ေသးထြက္ေတာ့မယ္ဆို"
"အင္း...ထြက္...ထြက္ေတာ့မွာ"
ဒီလိုနဲ႔ပဲ သန္႔စင္ခန္းထဲထိမူႀကိဳကေလးလို လိုက္ပို႔ေပးတာခံရၿပီး မေပါက္ခ်င္တဲ့ေသးကိုအတင္းဖ်စ္ညႇစ္ေပါက္ရင္းနဲ႔ပဲ ေမာင္ေခၚရာေနာက္လိုက္ခဲ့ရသည္။
"က်ဳပ္တို႔နည္းနည္းေနာက္က်သြားတယ္ အေမ"
ေဂ်ာင္ကုကထယ္ေယာင္းထိုင္ဖို႔ခုံကို ဆြဲထုတ္ေပးၿပီးထယ္ေယာင္းကိုအရင္ထိုင္ေစၿပီးမွ သူကေဘးမွာဝင္ထိုင္သည္။ထယ္ေယာင္းကေတာ့ ေ႐ွ႕ကေယာကၡမႀကီးမ်က္ႏွာကိုၾကည့္ေတာင္မၾကည့္။မ်က္လႊာခ်ထားၿပီး လက္ေခ်ာင္းေတြကိုပြတ္သပ္ေနသည္။
"အေမလည္းေရာက္တာမၾကာေသးပါဘူး ေဂ်ာင္ကုကီးရယ္...ဒီေန႔ေတာ့အေမ့သားမက္ေလးပါ ပါလာတာပဲ"
"က်ဳပ္ေျပာသားပဲ...ရေအာင္ေခၚလာပါ့မယ္ဆို...ဒါေတာင္အေမ့သားမက္ကမလိုက္ခ်င္ဘူးလုပ္ေနလို႔...အတင္းဆြဲေခၚလာတာ"
ေမာင့္စကားေၾကာင့္ ေမာင့္အေမကရယ္သည္။သူကေတာ့ေခါင္းေတာင္မေမာ့ရဲတာမို႔ မၾကည့္ပဲေနေနလိုက္သည္။
"မေၾကာက္ပါနဲ႔...ေမာင့္အေမက ကိုကို႔ကိုကိုက္မစားပါဘူး"
ေဂ်ာင္ကုက စားပြဲေအာက္မွာလက္ေခ်ာင္းေတြကိုပြတ္သပ္ၿပီးေၾကာက္ေနတဲ့ ထယ္ေယာင္းရဲ႕လက္သြယ္သြယ္ေလးကိုကိုင္၍ တိုးတိုးကပ္ေျပာသည္။ထိုအခါမွထယ္ေယာင္းက ေဂ်ာင္ကုလက္ကိုတင္းတင္းက်ပ္က်ပ္ျပန္ကိုင္ၿပီး ေခါင္းေမာ့လာ၍ သူ႕ကိုျပဳံးၿပီးၾကည့္ေနတဲ့ေယာကၡမႀကီးကို ရယ္ျပၿပီး စားပြဲေပၚတင္ထားတဲ့ႏွင္းဆီပန္းအျဖဴပန္းစည္းေလးကို ေပးလိုက္သည္။
"အရင္ကလုပ္ခဲ့တဲ့အျပစ္ေတြကို ခြင့္လႊတ္ေပးပါ...အ...အေမ"
"အို...ခြင့္လႊတ္ပါတယ္႐ွင္...ဒါနဲ႔အေမကႏွင္းဆီပန္းအျဖဴႀကိဳက္တာဘယ္လိုသိတာလဲသားေလးက"
"ဟို...ႏွင္းဆီျဖဴကေတာင္းပန္တဲ့အဓိပၸါယ္ေဆာင္လို႔...အဲ့ဒါေၾကာင့္ပါ"
"ဪ...အဲ့လိုလား...အေမကခြင့္လႊတ္ၿပီးသားပါကြယ္...အေမ့သားမက္ေလးကေသခ်ာၾကည့္ေတာ့...ေဂ်ာင္ကုကီးေျပာတာထက္ေတာင္ပိုေခ်ာေသးတယ္...ၾကည့္ပါဦး...နတ္သားေလးက်ေနတာပဲ"
ထယ္ေယာင္းတစ္ေယာက္ ေယာကၡမႀကီးရဲ႕ေခ်ာတယ္ဆိုတဲ့မွတ္ခ်က္ေၾကာင့္ ေခါင္းငုံ႔ၿပီးေက်နပ္တဲ့အျပဳံးႀကီးနဲ႔ျပဳံးလိုက္သည္။သူ႕ကိုယ္သူေခ်ာတယ္ဆိုတာသိေပမယ့္လည္း နတ္သားေလးလိုေခ်ာတယ္ဆိုတာကေတာ့ ခုမွပထမဆုံးၾကားဖူးတာမို႔ ပိုေက်နပ္ရသည္။
"အေမလည္းလွပါတယ္...နတ္သမီးေလးလိုပဲ"
ေယာကၡမႀကီးကတစ္ကယ္လည္း လွတာမို႔တင္စားလိုက္မိတာပင္။ေမာင့္မ်က္လုံးဝိုင္းဝိုင္းေလးက အေမဆီကလက္ေဆာင္ရတာျဖစ္မယ္။
ထယ္ေယာင္းရဲ႕တန္ျပန္စကားေၾကာင့္ ေဂ်ာင္ကုတို႔သားအမိႏွစ္ေယာက္လုံးမွာ ထယ္ေယာင္းကိုအသည္းယားစြာၾကည့္ရင္း တဟားဟားရယ္ၾကေတာ့သည္။
ဒီလိုနဲ႔ပဲ အေမကိုစစေတြ႕ခ်င္းမွာေၾကာက္ေနတဲ့ကိုကိုက ခုေတာ့စားလိုက္ေသာက္လိုက္ အေမနဲ႔အတိုင္ေဖာက္ညီညီစကားေျပာလိုက္နဲ႔ တက္တက္ႂကြႂကြျဖစ္လာသည္။အေမကလည္း ကိုကို႔ကိုေတာ္ေတာ္ခ်စ္သြားပုံရသည္။တရင္းတနီးနဲ႔စကားေျပာၿပီး က်ဳပ္ငယ္ဘဝအေၾကာင္းေတြပါ အကုန္ေျပာျပေနတာ။ကိုကိုကလည္း အေမေျပာသမွ်ကိုနားေထာင္ၿပီး သူသိခ်င္သမွ်က်ဳပ္အေၾကာင္းေတြကို ႏိႈက္ႏိႈက္ခြၽတ္ခ်တ္ကိုေမးေတာ့တာ။သုံးေယာက္အတူထိုင္ေနေပမယ့္ ေပါက္ေပါက္ေဖာက္ေနတာကေတာ့ အေမနဲ႔ကိုကိုသာ။က်ဳပ္ကေတာ့ ခ်စ္ဖို႔ေကာင္းတဲ့ကိုကို႔ကို ေငးရင္းနဲ႔ပဲ စကားဝိုင္းၿပီးတဲ့ထိေစာင့္ေနလိုက္တယ္။
ေသခ်ာတယ္...ေနာက္တစ္ခါအေမနဲ႔လာေတြ႕ရင္လည္း သူတစ္ေယာက္တည္း ေဘးမွာထိုင္ရင္းအထီးက်န္ဦးမယ္ဆိုတာ။
...
"ေမာင့္အေမကသေဘာေကာင္းသားပဲ ဟီး"
အလည္ေလးကအိမ္ျပန္ေရာက္တာနဲ႔ အက်ႌအဝတ္အစားအရင္မလဲပဲ အိပ္ယာေပၚလွဲအိပ္လိုက္တာေၾကာင့္ သူပဲအရင္ဆုံးညအိပ္ဝတ္ဆုံလဲလိုက္ရသည္။ကိုကိုနဲ႔သူက အခုဆိုအခန္းခြဲမေနေတာ့တာမို႔ သူ႕အဝတ္အစားေတြအားလုံးက ကိုကို႔ဗီ႐ိုထဲမွာပင္။စာၾကည့္စားပြဲကေတာ့ သူေနခဲ့တဲ့အျပာေရာင္အခန္းထဲမွာပဲထားထားတယ္။ကိုကို႔အခန္းက်ဥ္းတာမို႔ ပစၥည္းအကုန္ထည့္လို႔မဆန္႔ေပ။
"မအိပ္နဲ႔ဦး...ေျခလက္ေဆးၿပီးအက်ႌလဲရမယ္ေလ"
"ပ်င္းတယ္"
ပ်င္းတယ္ဆိုတဲ့ကိုကိုေၾကာင့္ ကုတင္အစြန္းမွာဝင္ထိုင္ရင္း ပက္လက္ေလးအိပ္ေနတဲ့ကိုကို႔ကိုေျခေထာက္ႏွစ္ေခ်ာင္းကိုဆြဲလိုက္သည္။နည္းနည္းေတာင္မလႈပ္ပဲ ပါလာတဲ့ကိုကို႔ကိုအနားေရာက္တာနဲ႔ ခါးကေနပင့္မၿပီးေပါင္ေပၚတင္လိုက္သည္။ေပါင္ေပၚေရာက္တာနဲ႔ ကိုကိုကခ်က္ခ်င္းပင္သူ႕ခါးကိုခြၿပီး လက္ႏွစ္ဖက္ကလည္းလည္ပင္းကို ၿမဲေနေအာင္ဖက္ထားသည္။
ရင္ခြင္ထဲကကိုကိုက ခိုအားလားေလးလိုပဲ။ဒီခ်စ္ဖို႔ေကာင္းတဲ့ခိုအားလားေလးကို ေက်ာကေနထိန္းကိုင္ၿပီးခ်ီရင္း ေရခ်ိဳးခန္းထဲေခၚသြား၍ မ်က္ႏွာသစ္ေဆးေၾကာတာကိုလုပ္ေပးရသည္။
"သြားစိ...သြားပါတစ္ခါတည္းတိုက္ရေအာင္"
မ်က္ႏွာသစ္ေဘစင္ေပၚတင္ေပးၿပီးေျပာေတာ့ ခ်က္ခ်င္းပဲသြားစိျပၿပီး တခစ္ခစ္ရယ္သည္။ခ်စ္ဖို႔ေကာင္းလြန္းေနတာေၾကာင့္ ႏႈတ္ခမ္းကိုႁပြတ္ခနဲနမ္းေတာ့ သူ႕ပါးကိုလည္းအာဘြားျပန္ေပးသည္။ဆင္တူသြားတိုက္တံႏွစ္ေခ်ာင္းထဲက ခရမ္းႏုေရာင္ကိုယူ၍ သြားတိုက္ေဆးထည့္၍ သြားတိုက္ေပးေတာ့ ေျခေထာက္ႏွစ္ဖက္ကိုလႈပ္ယမ္းရင္း သူ႕ခါးကိုဖက္ထားသည္။
"ေထြးထုတ္ၿပီး...ပလုပ္က်င္းလိုက္ ကိုကို...ဒါေတာ့လုပ္တတ္တယ္မလား"
ကိုကိုကေခါင္းညိတ္ျပၿပီး ေဘစင္ေပၚကျပန္ဆင္း၍ ပလုပ္က်င္းေနတုန္း သူလည္းသြားျမန္ျမန္တိုက္ရသည္။သူ႕သြားတိုက္တံကေတာ့ ခရမ္းအရင့္ေရာင္ျဖစ္သည္။သြားတိုက္ေနတုန္းကိုကိုက ေဘးကေနၿငိမ္ၿငိမ္မေနပဲ သူ႕ပါးကိုလိမ္ဆြဲၿပီး အတင္းေႏွာင့္ယွက္သည္။ပါးႏွစ္ဖက္လုံးကိုခပ္ၾကမ္းၾကမ္းလိမ္ဆြဲေတာ့ ပါးစပ္ထဲကသြားတိုက္ေဆးအျမႇဳပ္ေတြထြက္လာၿပီး ကိုကို႔ကိုစင္ကုန္သည္။ကိုကိုကခ်က္ခ်င္းပဲ သူ႕ကိုအဲ့လိုလုပ္ရမလားဆိုၿပီး ဆံပင္ေမႊးေဆာင့္ဆြဲ၍ စိတ္ဆိုးၿပီးအျပင္ထြက္သြားသည္။
က်ဳပ္ေတာ့ အမွားမလုပ္မိပါပဲ တစ္ညလုံးေခ်ာ့ရေပဦးမည္။
"ကိုကို...ေမာင္ကတမင္လုပ္တာမဟုတ္ဘူးေလ...စိတ္မေကာက္ပါနဲ႔"
အျပင္ေရာက္ေတာ့ ညအိတ္ဝတ္ဆုံေကာ္ဖီေရာင္ေလးလဲၿပီး ဖုန္းသုံးေနတဲ့ကိုကို။သူ႕ကိုျမင္တာနဲ႔ ခ်က္ခ်င္းမ်က္ေစာင္းထိုးၿပီး ဖုန္းကိုလည္းပိတ္၍ တစ္ဖက္သို႔လွည့္သြားသည္။
"အပိုေတြပါ...ေမာင္ကိုေႏွာင့္ယွက္လို႔ဆိုၿပီး...တမင္လုပ္တာမလား"
သူ႕ဘက္ကိုလွည့္မလာပဲ ျပန္ေျဖတဲ့ကိုကို႔အသံက ခပ္ဆတ္ဆတ္ေလးျဖစ္ေနသည္။စိတ္ေကာက္မွသာ ၾကားရတတ္တဲ့အသံေလးပင္။
"မဟုတ္ရပါဘူး ကိုကိုရာ...ေမာင္ကကိုကို႔ကိုဘယ္ေလာက္ေတာင္ခ်စ္လိုက္သလဲ...အဲ့လိုလုပ္စရာလား...ေမာင္ကအဲ့လိုေရာလုပ္ဖူးလား"
ခါးကေနဆြဲဖက္၍လွည့္ၿပီး မ်က္ႏွာခ်င္းဆိုင္ေစကာေမးေတာ့
"ဟီး...မလုပ္ဖူးဘူး...ေမာင္ကသိပ္လိမၼာတာ"
သူ႕ပါးကိုအတင္းဆြဲညႇစ္ၿပီးေျပာတဲ့ကိုကိုက စိတ္ဆိုးေျပသြားၿပီျဖစ္၏။ဒီတစ္ေခါက္ စိတ္ဆိုးေျပတာေတာ့ျမန္တယ္ဟုေျပာရမည္။
"စိတ္ေကာက္ေျပသြားၿပီလား"
"အင္း...ေျပသြားၿပီ...အိပ္ရေအာင္...အိပ္ခ်င္ေနၿပီ"
"မနက္ျဖန္ေက်ာင္းပိတ္တယ္ေလ...ဘာလို႔အိပ္မွာလဲ"
ေဂ်ာင္ကုက ထယ္ေယာင္းရဲ႕ႏႈတ္ခမ္းကိုခပ္ဖြဖြပြတ္ဆြဲရင္းေျပာသည္။
"ဟာ...ေက်ာင္းပိတ္လည္းအိပ္ရမွာေပါ့ကြ...ဘယ္ႏွနာရီ႐ွိေနၿပီလဲ...ၾကည့္ဦး"
ဖုန္းကိုလက္ထဲအတင္းထိုးထည့္ေပးတာမို႔ ေက်နပ္ေအာင္ၾကည့္ေပးလိုက္ေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ရယ္ေမာေနတဲ့ စားေသာက္ဆိုင္က ဓါတ္ပုံေလးက ခုထိwallpaper အျဖစ္ေနရာယူထားဆဲျဖစ္ၿပီး အခ်ိန္11နာရီခြဲသာ႐ွိေသးသည္။
"ခုမွ 11နာရီခြဲပဲ႐ွိေသးတာကို"
"မအိပ္ခ်င္ေသးရင္လည္း စာသြားလုပ္ေနေလ...တတိယႏွစ္ေရာက္ေတာ့...စာေတြကပိုခက္လာတယ္မလား"
"မခက္ပါဘူး...ေမာင္ဥာဏ္ေကာင္းတာ ကိုကိုလည္းသိရဲ႕သားနဲ႔"
"ဒါဆိုလည္း တစ္ခုခုလုပ္ေနေလ...ကိုကိုကေတာ့အိပ္ေတာ့မယ္"
ေျပာရင္းနဲ႔လွဲခ်လိုက္တဲ့ထယ္ေယာင္းကို ေဂ်ာင္ကုကလွဲခ်ခြင့္မေပးပဲ လက္ေမာင္းအရင္းကေနဆြဲ၍ သူ႕ေအာက္သို႔ပို႔လိုက္သည္။
"ေမာင္မအိပ္ရင္...ကိုကိုလည္းမအိပ္ရဘူး"
ေျပာၿပီးတာနဲ႔သူ႕ႏႈတ္ခမ္းေတြကို အမဲဖ်က္သလိုစနမ္းလာတဲ့ေမာင္ေၾကာင့္ သက္ပ်င္းေသးေသးေလးခ်ရင္းသာ အလွ်င္မွီေအာင္လိုက္နမ္းရသည္။သူေတာ့ ဒီညအိပ္ေရးပ်က္ဦးမွာပဲ
ေဘးႏွစ္အိမ္ကအပ်ိဳႀကီးေတြရဲ႕ မ်က္ေစာင္းေတြေၾကာင့္ သူ႕အခန္းကိုလည္း အသံလုံအခန္းေျပာင္းလိုက္တာၾကာေရာေပါ့။ဒါေၾကာင့္ အားနာစရာမလိုပဲ စိတ္ႀကိဳက္ေအာ္လို႔ရတယ္။
...
ဒီေန႔က တတိယႏွစ္ရဲ႕ေနာက္ဆုံးစာေမးပြဲရက္ျဖစ္တာေၾကာင့္ အေစာႀကီးအိမ္ျပန္လို႔ရသည္။ေ႐ွ႕ရက္ေတြကေတာ့ တကၠသိုလ္စာၾကည့္တိုက္မွာပဲ စာလုပ္ရင္းနဲ႔ကိုကိုလာႀကိဳတာကိုေစာင့္ခဲ့ေပမယ့္ ဒီေန႔ကေတာ့စာလုပ္စရာလည္းမ႐ွိေတာ့ဘူးမို႔ တက္စီငွား၍ကိုကို႔ေက်ာင္းကိုလာခဲ့လိုက္သည္။
ေက်ာင္းေရာက္ေတာ့ ကားပါကင္နားကထိုင္ခုံမွာထိုင္ၿပီး ကိုကို႔ကိုေစာင့္ေနလိုက္သည္။သူ႕ကိုေတြ႕ရင္ အံ့ၾသသြားမယ့္ကိုကို႔မ်က္ႏွာေလးကိုျမင္ခ်င္တာမို႔ပင္။ထိုင္ေစာင့္ေနရင္းနဲ႔ဖုန္းကေန႐ွာစရာ႐ွိတာ႐ွာေနလိုက္သည္။ေက်ာင္းကသူငယ္ခ်င္းေတြေျပာတာေတာ့ အတြဲေတြdateလုပ္ရင္ Lotte World ကိုသြားၾကတယ္တဲ့။ဒါေၾကာင့္ ဒီေန႔ကိုကို႔ကိုေခၚၿပီး အဲ့ကိုသြားမည္။
Lotte Worldအေၾကာင္းကိုနည္းနည္း႐ွာၿပီးေတာ့ ဖုန္းကိုေက်ာပိုးအိတ္ထဲျပန္ထည့္ၿပီး ကိုကို႔ကိုေစာင့္ေနလိုက္သည္။သိပ္မၾကာပါ...ကိုကိုကလက္ဆြဲအိတ္အညိဳေလးကိုင္ၿပီး ေလွ်ာက္လာသည္။ကားနားမွာပုန္းေနတဲ့သူ႕ကိုမျမင္ပဲ ကားထဲဝင္ဖို႔လုပ္ေနတုန္း အေနာက္ကေနလက္ကိုလွမ္းဆြဲလိုက္ေတာ့
"အေမ့!"
"ေမာင္ပါ ကိုကိုရဲ႕...ဟီးဟီး"
"လန္႔သြားတာပဲ ေမာင္ရာ...ေျခေထာက္နဲ႔ကန္မိေတာ့မလို႔ နည္းနည္းပဲလိုေတာ့တယ္"
'ႁပြတ္စ္'
"ေမာင္!!"
ႏႈတ္ခမ္းကိုလွ်ပ္တျပတ္နမ္းလိုက္ေတာ့ ကိုကိုကထေအာ္၍ေဘးဘီကိုၾကည့္သည္။
"ဘယ္သူမွမျမင္ပါဘူး...ေမာင္ကပတ္ဝန္းက်င္ကိုအကဲခတ္ၿပီးမွ နမ္းတာပါ"
'ႁပြတ္စ္'
ေျပာရင္းတဲ့ထပ္နမ္းျပန္တဲ့ေမာင္ေၾကာင့္ ဗိုက္ေခါက္ကိုလိမ္ဆြဲမလို႔လုပ္တုန္း ေမာင္ကသူ႕ကိုကားထဲအတင္းထည့္ၿပီး ကားတံခါးကိုပိတ္၍ တစ္ဖက္မွာလာထိုင္သည္။
"Lotte World သြားရေအာင္ကိုကို...သူငယ္ခ်င္းေတြကေျပာတယ္...အဲ့မွာdateလုပ္ရတယ္တဲ့"
"ကစားကြင္းႀကီးမသြားခ်င္ပါဘူး...ကေလးကလားနဲ႔"
"မရဘူး...သြားမယ္...သြားမယ္လို႔...ေနာ္ကိုကို"
လက္ကတက္တူးေတြနဲမွမလိုက္ ကေလးလိုသူ႕လက္ကိုအတင္းလႈပ္ယမ္းၿပီးေျပာေနတဲ့ေမာင္ေၾကာင့္ ေခါင္းညိတ္ၿပီးလိုက္ပို႔ရေတာ့သည္။
သူ႕လိုအလုပ္နဲ႔အိမ္နဲ႔ပဲ ႏွစ္ပါးသြားေနတဲ့လူက ဒီလိုေနရာကိုတစ္ခါမွမေရာက္ဖူးတာေၾကာင့္ ေရာက္လည္းေရာက္ေရာ ပါးစပ္အေဟာင္းသားျဖင့္မ်က္လုံးေလးျပဴးၿပီး အံ့ၾသသြားေတာ့သည္။
"သြားရေအာင္ ကိုကို"
အံ့ၾသေနတဲ့ထယ္ေယာင္းလက္ကို ေဂ်ာင္ကုကဆြဲ၍ ေခၚသြားၿပီးအရင္ဆုံးလုပ္ၾကတာက ဘီးကုတ္ဝယ္တာျဖစ္သည္။
"ကိုကိုကဒါယူမယ္...ေမာင္ကဒါယူ"
ကေလးကလားနဲ႔မသြားခ်င္ဘူးဆိုတဲ့ထယ္ေယာင္းက ခုေတာ့သူပဲတက္တက္ႂကြႂကြႏွင့္ ယုန္နား႐ြက္ဘီးကုတ္ဝယ္ၿပီး ေဂ်ာင္ကုေခါင္းေပၚေဆာင္းေပး၍ သူ႕ေခါင္းမွာလည္းက်ားနား႐ြက္ဘီးကုတ္ေလးေဆာင္းလိုက္သည္။
ေဂ်ာင္ကုမွာလည္း ထယ္ေယာင္းအလိုက်ယုန္နား႐ြက္ဘီးကုပ္ေလးျဖင့္ ထယ္ေယာင္းဆြဲေခၚရာေနာက္ကို တေကာက္ေကာက္လိုက္သည္။
"အဲ့ဒါစားခ်င္တယ္ ေမာင္"
ထယ္ေယာင္းလက္ညိႇဳးထိုးျပတာ အေကာင္ေလးေတြပုံေဖာ္ထားတဲ့ ေရာင္စုံအာတာပူစီျဖစ္သည္။
"ေမာင္ဝယ္ေကြၽးမွာေပါ့"
ေမာင္ကသူ႕လက္ကိုဆြဲ၍ တစ္ခုဝယ္ေပးသည္။ဝက္ဝံ႐ုပ္ပုံအာတာပူစီေလးကခ်စ္ဖို႔ေကာင္းတာမို႔ အစေသးေသးေလးယူ၍ေမာင့္ႏႈတ္ခမ္းေပၚတင္ေပးၿပီး သူ႕ႏႈတ္ခမ္းေပၚလည္းတင္၍ ႏႈတ္ခမ္းေမႊးနဲ႔အဘိုးႀကီးေတြလို ဓါတ္ပုံ႐ိုက္ခဲ့သည္။
"အဲ့ဒါစီးမယ္"
ကိုကိုၫႊန္ျပတာက ပင္လယ္ဓါးျပသေဘၤာအႀကီးႀကီးျဖစ္သည္။
"ကိုကို စီးရဲလို႔လား"
"ဟာ...လူကိုငေၾကာက္မ်ားမွတ္ေနလား...ေမာင္သာထမေအာ္နဲ႔"
ဒီလိုနဲ႔ပဲ လက္မွတ္ဝယ္ၿပီးသေဘၤာေပၚတက္သြားတဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုလည္းေနာက္ကေနျမန္ျမန္လိုက္သြားရသည္။
"အား!!...ေၾကာက္စရာႀကီး!!...ရပ္ေပး!!...အခုရပ္ေပး!!...ယီး!!!"
သူ႕ကိုေတာ့ထမေအာ္နဲ႔ေျပာၿပီး သူခ်ည္းပဲေအာ္ေနတဲ့ကိုကိုျဖစ္၏။
"ေမာင့္လက္ကိုကိုင္ထား!!"
ေဂ်ာင္ကုအသံကို ထယ္ေယာင္းမၾကားပါ။
"ယီး!!...ေၾကာက္စရာႀကီး!!...မစီးခ်င္ေတာ့ဘူး!!!"
ျမန္လြန္းတဲ့အ႐ွိန္ေၾကာင့္ မ်က္လုံးစုံမွိတ္ၿပီးေအာ္ဆဲေနတဲ့ထယ္ေယာင္းေၾကာင့္ အတူလိုက္စီးၾကတဲ့ကေလးမိဘေတြက သူတို႔ကေလးေတြနားကိုပိတ္ထားၿပီး မႀကိဳက္သလိုပုံနဲ႔ၾကည့္ၾကသည္။သူတို႔ကိုလာၾကည့္တဲ့လူေတြကို ေဂ်ာင္ကုကျပန္ဘုၾကည့္ၾကည့္ရင္းနဲ႔ ေအာ္ေနတဲ့ထယ္ေယာင္းကို ရင္ခြင္ထဲထည့္လိုက္သည္။
"ေမာင္႐ွိတယ္ေနာ္...မေၾကာက္နဲ႔ေတာ့...ေမာင့္ကိုဖက္ထား"
"အင္း"
ေဂ်ာင္ကုခါးကိုတင္းတင္းက်ပ္က်ပ္ဖက္ၿပီး မ်က္လုံးမွိတ္ထားတဲ့ထယ္ေယာင္းက ဒီသေဘၤာျမန္ျမန္ရပ္ဖို႔ကိုသာ ဆုေတာင္းေနသည္။
"ယီး!...ေနာက္တစ္ခါေသေတာင္မစီးေတာ့ဘူး"
ေအာက္ေရာက္တာနဲ႔စဆဲေတာ့တဲ့ ေဂ်ာင္ကုရဲ႕အခ်စ္ေတာ္ေလးျဖစ္သည္။
"ကိုကိုေျပာေတာ့...မေၾကာက္ဘူးဆို"
"အဟြန္း...အဲ့ေလာက္ေၾကာက္ဖို႔ေကာင္းမယ္မွန္းမသိလို႔ေျပာမိတာ"
အၾကည့္လႊဲၿပီးအ႐ွက္ေျပေျပာေနတဲ့ကိုကို႔ကို စခ်င္ပါေသာ္လည္း စိတ္ဆိုးသြားမွာစိုးတာေၾကာင့္ လက္ခ်င္းတြဲရင္းေနာက္ထပ္ကစားလို႔ရမယ့္ေနရာကို ထြက္လာခဲ့သည္။သို႔ေသာ္ကိုကိုက ခုနကတစ္ခုနဲ႔တင္ေၾကာက္သြားသည္ထင္...ျမင္ျမင္သမွ်ကိုမကစားခ်င္ဘူးသာျငင္းသည္။
"အဲ့ဒါစီးမယ္"
"ဟင္"
ေတာ္ေတာ္ၾကာမွ ေျပာတဲ့ကိုကိုကေျပာလာသည္။လက္ညိႇဳးထိုးျပတာကိုၾကည့္လိုက္ေတာ့ ကေလးေတြသာစီးေနၾကတဲ့ ျမင္း႐ုပ္ေတြအမ်ားႀကီးပါသည့္ခ်ားျဖစ္သည္။
"ဒါကေၾကာက္ဖို႔မေကာင္းဘူး...ဒါပဲစီးမယ္"
"ဒါဆိုလက္မွတ္သြားဝယ္လိုက္မယ္ေနာ္"
ေဂ်ာင္ကုကထယ္ေယာင္းအတြက္ လက္မွတ္ခ်က္ခ်င္းသြားဝယ္ေပးသည္။
"ဟင္...ဘာလို႔တစ္ေစာင္တည္းလဲ...ေမာင္မစီးဘူးလား"
"ဟင့္အင္း...ေမာင္ကကိုကို႔ကို ဒီကေနဓါတ္ပုံ႐ိုက္ေပးမယ္"
"ဒါဆို လွလွေလး႐ိုက္ေပး"
"ဟုတ္ပါၿပီ...သြားေတာ့ေလ"
စီးလို႔ရၿပီဆိုတာနဲ႔ ထယ္ေယာင္းက ကေလးေတြၾကားထဲကေနအတင္းတိုးေဝွ႔ၿပီး သူေအာက္မွာတည္းကၾကည့္ထားတဲ့ ျမင္း႐ုပ္ေပၚတက္ထိုင္ၿပီး တိုင္ကိုေသခ်ာဖက္ထားသည္။စက္စလွည့္တာနဲ႔ ကေလးေတြရဲ႕ခ်စ္စဖြယ္ရယ္သံနဲ႔အတူ ထယ္ေယာင္းရဲ႕တခစ္ခစ္ရယ္သံၾသၾသကလည္း ထြက္ေပၚလာသည္။ထယ္ေယာင္းက ဘယ္ေလာက္မ်ားေပ်ာ္ေနသလဲဆိုရင္ ေဂ်ာင္ကုေ႐ွ႕ကျဖတ္သြားတာနဲ႔ လက္တစ္ဖက္ကိုလႊတ္၍တာတာ့ျပသည္။
ေအာက္ကေနၾကည့္ေနတဲ့ေဂ်ာင္ကုကလည္း က်ားနား႐ြက္ဘီးကုတ္ေလးနဲ႔ခ်စ္ဖို႔ေကာင္းေနတဲ့ထယ္ေယာင္းပုံကို ေသခ်ာ႐ိုက္ေပးရင္း ထယ္ေယာင္းသူ႕ေ႐ွ႕ကျဖတ္တာနဲ႔ သူ႕ကိုတာ့တာျပေနတဲ့လက္ေလးကို လွမ္းလွမ္းကိုင္ရင္းစသည္။
ျမင္းစီးေနတဲ့ကေလးေတြကိုေစာင့္ေနတဲ့မိဘေတြကေတာ့ ထိုအကဲပိုေနတဲ့ေကာင္ေလးႏွစ္ေယာက္ကို သေဘာက်စြာၾကည့္ရင္း ေခါင္းတခါခါျဖင့္သာ။
"ေနာက္တစ္ေခါက္စီးဦးမယ္...ေပ်ာ္ဖို႔ေကာင္းတယ္...ေမာင္လည္းစီးပါလား"
"ေမာင္မစီးေတာ့ဘူး...ကိုကိုပဲစီးပါ"
ဒီလိုနဲ႔ပဲ ထယ္ေယာင္းကကေလးေတြနဲ႔ေရာၿပီး ေနာက္တစ္ေခါက္ထပ္စီးျပန္သည္။
"မရဘူး...ေမာင္ပါလိုက္စီးလို႔"
လိုက္မစီးလို႔ဆိုၿပီး စိတ္ေကာက္မလိုလုပ္ေနတဲ့ကိုကိုေၾကာင့္ မတတ္ႏိုင္တဲ့အဆုံး သူပါလိုက္စီးရေတာ့သည္။အမွန္ေတာ့ကိုကိုေၾကာင့္သာလိုက္စီးတာ။ကေလးေတြၾကားထဲမွာဆိုေတာ့ နည္းနည္းေတာ့႐ွက္ဖို႔ေကာင္းတယ္။သူ႕အခ်စ္ဆုံးကေတာ့ ကေလးေတြနဲအၿပိဳင္ ရယ္ေမာရင္းေပ်ာ္႐ႊင္ေနသည္။
လက္မွတ္ေရာင္းတဲ့လူကို ေဂ်ာင္ကုကဖုန္းေပးၿပီး ဓါတ္ပုံ႐ိုက္ေပးဖို႔အကူညီေတာင္းထားတာေၾကာင့္ ျပဳံး႐ႊင္ေနတဲ့သူတို႔ႏွစ္ေယာက္ရဲ႕ပုံကို လက္မွတ္ေရာင္းတဲ့လူကေသခ်ာလွလွပပ႐ိုက္ေပးသည္။
ဒီလိုနဲ႔ပဲ lotte world မွာ ႏွစ္ေယာက္သားလက္ခ်င္းတြဲ၍ လည္ပတ္၍ဝမွ အိမ္ျပန္သြားၾကသည္။
...
"အာ့!...ဂြၽန္ေဂ်ာင္ကု!...မင္းေျပာေတာ့မနာဘူးဆို...ငါအခုကိုင္ၾကည့္တာေတာင္ နာေနတုန္းပဲ"
ထယ္ေယာင္းက ဆိုဖာေပၚၿဖဲကားထိုင္ၿပီးဝတ္ထားတဲ့ေဘာင္းဘီတိုကိုလွန္၍ ေပါင္မွာထိုးထားတဲ့ 7 ဆိုတဲ့တက္တူးေသးေသးေလးကိုျပရင္းေျပာသည္။
"ေမာင္ကမနာလို႔မနာဘူးေျပာတာေလ...နာရင္ေမာင့္လက္တစ္ဖက္လုံးထိုးထားပါ့မလား"
ေဂ်ာင္ကုက ထယ္ေယာင္းေပါင္ကတက္တူးေသးေသးေလးကိုနမ္းရင္းနဲ႔ ျပန္ေျပာသည္။
"မသိဘူး...နာတယ္"
"ေနဦး...ခုနကကိုကို ေမာင့္ကို...မင္းနဲ႔ငါနဲ႔သုံးၿပီးေျပာလိုက္တာလား"
"အာ...အဲ့ဒါကေလ...ကိုကိုနာလြန္းလို႔ေယာင္ၿပီးေျပာမိတာပါ"
"ဒီတစ္ေခါက္ေတာ့ ေမာင္ခြင့္လႊတ္ေပးလိုက္မယ္"
"ဟီး...ေနာက္မမွားေတာ့ပါဘူးခင္ဗ်"
ထယ္ေယာင္းက ေဂ်ာင္ကုႏွာေခါင္းထပ္ကိုတို႔ရင္းေျပာေတာ့ ေဂ်ာင္ကုကထယ္ေယာင္းလက္ကိုျပန္ကိုင္ၿပီး ဖြဖြေလးကိုက္သည္။သူ႕အတြက္ေတာ့ ကိုကိုကအသည္းယားစရာေလးမို႔ ျဖစ္ႏိုင္ရင္မ်ိဳခ်ပစ္လိုက္ခ်င္သည္အထိပင္။
"ေမာင္ကလည္ပင္းနားမွာထိုးတာေနာ္...မနာဘူးလား"
"မနာပါဘူး...ဒီ 7 ေလးကေမာင္နဲ႔ကိုကို႔ရဲ႕အခ်စ္ကိုကိုယ္စားျပဳတယ္...ကိုကို႔ကိုေမာင္ကmondayကေန sundayထိတစ္ပတ္လုံး... အခ်ိန္တိုင္း...မိနစ္တိုင္း...စကၠန္႔တိုင္း...တစ္ညၿပီးတစ္ညေျပာင္းသြားလည္း..ဆက္ခ်စ္သြားမယ္ဆိုတဲ့အဓိပၸါယ္ပဲ...ကိုကိုကေရာေမာင့္ကိုအဲ့လိုခ်စ္သြားမွာလား"
"မခ်စ္ရင္ အသားအနာခံၿပီး ထိုးမလား...ခ်စ္တာေပါ့...ေသတဲ့အထိခ်စ္သြားမွာ...ေမာင္ကကိုကို႔ႏွလုံးသားပဲ...ေမာင္မ႐ွိရင္ေသသြားမွာ"
ရင္ဘတ္ကိုဖိကိုင္ရင္း လွ်ာထြက္ၿပီးေမ့သလိုလုပ္ျပေတာ့ ေမာင္ကတခစ္ခစ္ရယ္ရင္း သူ႕လက္ႏွစ္ဖက္ကိုဆြဲ၍ရင္ဘတ္ခ်င္းကပ္ေစသည္။
"ကိုကို႔ကို ေမာင္အရမ္းခ်စ္တယ္"
"ေမာင့္ကိုလည္း ကိုကိုကအရမ္း..အရမ္း...အရမ္းခ်စ္တယ္"
"ဘာလို႔အဲ့ေလာက္ခ်စ္ဖို႔ေကာင္းရတာလဲ"
"ကင္မ္ထယ္ေယာင္းမို႔လို႔ေပါ့"
သူ႕စကားဆုံးေတာ့ ေမာင္ကႏွာေခါင္း႐ႈံ႕၍ရယ္ၿပီး ပါးႏွစ္ဖက္ကိုအတင္းဖိနမ္းသည္။အသည္းယားတယ္ဆိုၿပီး နမ္းေနရင္းနဲ႔ပါးကိုလည္းကိုက္ေသးသည္။
"ကိုကို"
ေမာင္ကသူ႕လက္ႏွစ္ဖက္ကိုဆုပ္ကိုင္ၿပီး အေလးအနက္ၾကည့္လာသည္။ေမာင့္မ်က္လုံးဝိုင္းေလးေတြက ေသခ်ာၾကည့္ရင္ မ်က္ရည္ေတြဝဲေနသလိုပင္။
"ေမာင္ေလကိုကို႔ကိုအရမ္းေက်းဇူးတင္တယ္...ေမာင့္လိုသူခိုးေလးတစ္ေယာက္ကို...အိမ္ေခၚလာၿပီးအခုခ်ိန္ထိေကြၽးေမြးထားလို႔ေရာ...ဘယ္သူမွလိုက္မမွီတဲ့အခ်စ္မ်ိဳးနဲ႔...ခ်စ္ေပးလို႔ေရာ...ကိုကိုသိလား...ကိုကိုကေမာင့္ဘဝပါ...ကိုကိုနဲ႔သာမေတြ႕ခဲ့ရင္...ေမာင့္အနာဂတ္ကမေတြးရဲေလာက္ေအာင္ကိုဆိုး႐ြားေနမွာ...ကိုကိုကေမာင့္အရာရာပါပဲ...ကိုကို႔ကိုအရမ္းခ်စ္တယ္"
ေမာင္ကေျပာၿပီးတာနဲ႔ မ်က္ရည္ေတြဝဲၿပီးသူ႕ရင္ခြင္ထဲကိုတိုးဝင္သည္။ဝမ္းနည္းသြားမွန္းသိတာေၾကာင့္ ေက်ာကိုအထက္ေအာက္ပြတ္သပ္ေပးရင္း 7တက္တူးထိုးထားတဲ့ေမာင့္လည္ပင္းနားကိုနမ္းရင္းႏွစ္သိမ့္လိုက္သည္။
"ကိုကိုလည္း ေမာင့္ကိုအရမ္းခ်စ္တယ္...ကိုကို႔ထက္ေတာင္ပိုခ်စ္တယ္...ႀကိဳက္လွပါၿပီဆိုတဲ့စေတာ္ဘယ္ရီထက္ေတာင္ပိုေသးတယ္...ကိုကို႔အနာဂတ္ကေမာင္ပါလို႔ေတြးထားတဲ့အထိခ်စ္တယ္....ေမာင္ေၾကာင့္သာကိုကိုကခ်စ္တတ္လာတာ...ေမာင့္ေၾကာင့္သာကပ္ေစးနည္းတဲ့ကိုကိုက...လက္ဖြာလာတာ...ေမာင့္ေၾကာင့္သာ ကိုကို႔ရဲ႕ပ်င္းစရာေကာင္းတဲ့ဘဝႀကီးက...အေရာင္ေတြစုံလာတာ...ေမာင္ကကိုကို႔အတြက္ေတာ့...အဖိုးမျဖတ္ႏိုင္တဲ့ျဖစ္တည္မႈေလးမို႔...ေမာင္ခ်စ္ေပးတာထက္...ကိုကိုကပိုခ်စ္ေပးပါ့မယ္ ကိုကို႔ကေလးေလးရယ္"
သူ႕စကားဆုံးေတာ့ ေမာင္ကသူ႕ရင္ခြင္ထဲကေနထြက္ၿပီး နဖူးကိုဖြဖြေလးနမ္းသည္။
"ကိုကို႔ဖို႔လက္ေဆာင္႐ွိတယ္"
"ဟင္!"
ေဂ်ာင္ကုစကားေၾကာင့္ ထယ္ေယာင္းမ်က္လုံးေလးေတြအေရာင္လက္လာသည္။
"မ်က္လုံးမွိတ္လိုက္ ကိုကို"
"ဘာမို႔လို႔လဲ"
"ခဏေနသိရမွာေပါ့...ခုေတာ့မ်က္လုံးမွိတ္လိုက္ပါ"
"ၿပီးေရာ"
ထယ္ေယာင္းကမ်က္လုံးကိုလက္နဲ႔ကာၿပီး စိတ္လႈပ္႐ွားစြာေစာင့္သည္။
"ခိုးမၾကည့္နဲ႔ေနာ္ ကိုကို"
"မၾကည့္ပါဘူး"
ေဂ်ာင္ကုက မ်က္လုံးကိုလက္နဲ႔ကာၿပီးျပဳံးေနတဲ့ထယ္ေယာင္းကိုၾကည့္ရင္း ဝဲလာတဲ့မ်က္ရည္ေတြကိုခပ္ျမန္ျမန္သုတ္လိုက္သည္။
"ရၿပီကိုကို...မ်က္လုံးဖြင့္ေတာ့"
"ေမာင္!"
ထယ္ေယာင္း မ်က္စိေ႐ွ႕မွာျမင္လိုက္ရတဲ့အရာေၾကာင့္ မ်က္လုံးေလးေတြဝိုင္းစက္ၿပီး အံ့ၾသသြားသည္။
"သေဘာက်ရဲ႕လား...ဒါကိုကို႔အတြက္ေမာင့္လက္ေဆာင္"
"အ႐ူးေလး...သေဘာက်တာေပါ့"
ေျပာရင္းနဲ႔ငိုခ်တဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုမွာခ်က္ခ်င္းပဲေထြးေပြ႕ၿပီး အတင္းေခ်ာ့ရေတာ့သည္။
"ဘာလို႔ထိုးထားတာလဲ...နာမွာေပါ့"
"မနာပါဘူး"
ကိုကိုက သူ႕ဝဲဘတ္ရင္အုံမွာထိုးထားတဲ့ thv's ဆိုတဲ့တက္တူးကိုေသခ်ာကိုင္ၾကည့္ရင္း ငိုျပန္သည္။
"ဒီတက္တူးအတိုင္း...ေမာင္ကကိုကို႔အပိုင္ပဲ...အဲ့ေတာ့ေမာင့္တစ္ဘဝလုံးကို ကိုကိုတာဝန္ယူရမယ္"
"ယူမွာေပါ့...ေမာင္မယူခိုင္းရင္ေတာင္ ကိုကိုကအတင္းတာဝန္ယူပစ္မွာ"
ထယ္ေယာင္းကေျပာရင္းနဲ႔ ေဂ်ာင္ကုရင္ဘတ္ေဖြးေဖြးကတက္တူးကိုအႀကိမ္ႀကိမ္နမ္းသည္။
"ေမာင္"
"ဟင္"
"ေမာင္ေျပာဖူးတဲ့ခ်စ္တယ္ဆိုတဲ့စကားထက္...ပိုတဲ့စကားကို...ကိုကိုသိသြားၿပီ"
"ေျပာၾကည့္ေလ...အေျဖမမွန္ရင္နမ္းမွာေနာ္"
"ေမာင့္ေျပာပုံက...အေျဖမွန္ရင္မနမ္းဘူးေပါ့"
"မွန္ရင္ပိုနမ္းမွာ...ေျပာပါဦး...ခ်စ္တယ္ဆိုတာထက္ပိုတဲ့စကားကဘာလဲ"
"ဂြၽန္ေဂ်ာင္ကုေလ"
"ဟင္!"
ေဂ်ာင္ကုက ထယ္ေယာင္းစကားကိုနားမလည္တာေၾကာင့္ ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေတာ့ ထယ္ေယာင္းကေဂ်ာင္ကုမ်က္ႏွာကိုကိုင္၍
"ေမာင္ကအဲ့စကားထက္ပိုတဲ့အရာ႐ွိေၾကာင္းကို....ေမာင့္အျပဳအမူနဲ႔သက္ေသျပခဲ့တယ္ေလ...ဒါေၾကာင့္..ကိုကို႔အတြက္ေတာ့ဂြၽန္ေဂ်ာင္ကုက...အခ်စ္ဆိုတာထက္ပိုလြန္းတဲ့စကားစုေလးပဲ...ဘယ္လိုလဲ...အေျဖမွန္လား"
"သိပ္မွန္တာေပါ့ ကိုကိုရာ"
ထပ္တူက်သြားတဲ့ႏႈတ္ခမ္းေတြနဲ႔အတူ ထယ္ေယာင္းခႏၶါကိုယ္ေလးလည္း ေလေပၚသို႔ေျမာက္တက္သြားသည္။ထယ္ေယာင္းရဲ႕ပန္းႏုေရာင္ႏႈတ္ခမ္းအိအိကို အ႐ူးအမူးနမ္းေနတဲ့ ေဂ်ာင္ကုေျခလွမ္းေတြက အခန္းထဲကအိပ္ယာဆီကို ဦးတည္သြားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ တင္းက်ပ္စြာဖက္တြယ္ရင္း ပိုမိုနက္႐ိႈင္းတဲ့အနမ္းေတြကိုဖန္တီး၍ ထို႔ထက္ပိုသာတဲ့ပန္းႏုေရာင္အခ်စ္ပင္လယ္ထဲကို လက္ပစ္ကူးၾကသည္။
တစ္ေအာင့္အၾကာမွာေတာ့ အခန္းထဲကေန အသံတိုးတိုးေလးထြက္လာသည္။
"ေအာက္ထပ္မွာပဲေနမွာလို႔...ယီး!!"
-----------------------
The EndKimharu4121992🌵Borahae💜
ကဲ...ေနာက္ဆုံးေတာ့ အားလုံးကသေဘာက်ေပးတဲ့Touch Your Heart ေလးၿပီးသြားပါၿပီ။ဒါေလးကိုစေရးျဖစ္တုန္းက ဒီေလာက္သေဘာက်ေပးၾကမယ္မွန္း မထင္ခဲ့ဘူး။အားလုံးသိတဲ့အတိုင္း ကိုယ္ကစာစေရးတာမၾကာေသးဘူးဆိုေတာ့ အၿမဲစိုးရိမ္ေနခဲ့တာ..ဒါေပမယ့္ကိုယ့္ficေလးကို အခ်ိန္ေပးၿပီးဖတ္ေပးတဲ့ readerေလးေတြေၾကာင့္အဆင္ေျပေျပနဲ႔ေရးႏိုင္ခဲ့ပါတယ္။ကိုယ့္အေရးအသားကိုယ္ အားမရေသးေပမယ့္TYHကိုေတာ့ အားလုံးကခ်စ္ေပးတာေၾကာင့္ေတာ္ေတာ္ေက်နပ္ပါတယ္။
TYHေလးကို အခ်ိန္ေပးဖတ္ေပးတဲ့ reader တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ရင္း ႏႈတ္ဆက္လိုက္ပါတယ္ေနာ္💜
🌟TYHအတြက္ အမွတ္တရစကားေလးေတြေျပာခဲ့ၾကဦးေနာ္ ဖတ္ခ်င္လို႔ပါ႐ွင့္♡
#စကားမစပ္...to the bone ဆိုတဲ့ ficေလးကိုေရာongoing လိုက္ေပးမယ့္readerေလးေတြ ႐ွိၾကလားဟင္??
There are no comments yet. Log in to be the first to leave a review!





