Fanfics

- Six - 💕

08:22, 26 September 2021

Zawgyi Font

"ဒါေတြက ၿပီးဆံုးသြားခဲ့ၿပီ.. မာလ္ဖြိဳင္း !"

ဟယ္ရီ ရဲ႕ စကားကို ဒေရကို ေလွာင္ျပံဳးတစ္ခုနဲ႔ လ်စ္လ်ဴ႐ႈလိုက္သည္... ။

"ေတာ္စမ္းပါ!မင္းေျပာခဲ့တဲ့ အခ်ိန္မကုန္ေသးဘူး..ဟယ္ရီ!"

"ဘယ္လိုပဲျဖစ္ျဖစ္ ငါအဲ့ကတိကို မတည္ႏိုင္ေတာ့ဘူး.."

ဟယ္ရီ႕ရဲ႕ အသံက ခပ္ျပတ္ျပတ္...ဒေရကို႔ဆီကေနာက္ထပ္ ထြက္လာမယ့္ စကားလံုးေတြကို ထပ္မၾကားခ်င္ေတာ့တာေၾကာင့္ ဟယ္ရီ လွည့္ထြက္ဖို႔ ျပင္လိုက္သည္... ။

"ထြက္မေျပးခ်င္စမ္းပါနဲ႔!ဟယ္ရီ.."

ဒေရကို႔ရဲ႕ စကားကို လ်စ္လ်ဴ႐ႈၿပီး ဟယ္ရီသူ႔ေျခလွမ္းေတြကို ဆက္လွမ္းေနတုန္း....။

"ငါမင္းေၾကာင့္ျပန္လာခဲ့တာ!"

ဒေရကို႔ရဲ႕ စကားက ဟယ္ရီ႕ေျခလွမ္းမ်ားကို ရပ္တန္႔ေစခဲ့သည္....။

အနည္းငယ္ ကြာေဝးသြားေသာ သူတို႔ႏွစ္ေယာက္ရဲ႕အကြာအေဝးကို ဒေရကိုကပဲ နီးကပ္ေစခဲ့သည္....။ေက်ာခိုင္းထားတဲ့ ဟယ္ရီ႕ရဲ႕ ခါးေလးကို အေနာက္ကသိုင္းဖက္ကာႏွစ္ကိုယ္ၾကား အသံေလးနဲ႔ ေျပာလိုက္သည့္စကားတစ္ခြန္း...။

" ငါ့ကို တစ္ေယာက္တည္း မထားခဲ့ပါနဲ႔ကြာ.."

ညေနေစာင္းေနဝင္ခ်ိန္က သူတို႔ႏွစ္ေယာက္ရဲ႕ လြမ္းေဆြးဖြယ္ ျမင္ကြင္းကို ပိုၿပီး အသက္သြင္းေနသေယာင္...။

"မင္းသာငါ့ကို အရင္ထားခဲ့တာပါ..."

ဟယ္ရီ႕ရဲ႕ စကားဟာအတိတ္က သူနာက်င္ခဲ့ရတဲ့ ႏွလံုးသားထဲက ဒဏ္ရာကို ျပန္လည္ တူးဆြေနသလို...။

ဟယ္ရီဟာ သူ႔ကို သိုင္းဖက္ထားေသာ ဒေရကို႔ရဲ႕လက္တစ္စံုကို အသာအယာဖယ္လိုက္ရင္း အေ႐ွ႕ကို ဆက္သြားဖို႔ ေျခလွမ္းလွမ္းလိုက္သည္..။

ဒီတစ္ခါေတာ့ ဒေရကိုဟာ ေက်ာခိုင္းသြားတဲ့ ဟယ္ရီ႕ရဲ႕ေက်ာျပင္ေလးကို ၾကည့္ရင္း က်န္ေနခဲ့ရသူျဖစ္ခဲ့တယ္....။

'ငါ ဝဋ္လည္ေနၿပီလား?ဟယ္ရီ....'

____________________

"ဟယ္ရီ!"

ဂရင္းဖင္းေဒါအေဆာင္သို႔ ျပန္ေရာက္ေရာက္ခ်င္း ဂ်င္းနီ၏​  ေပြ႔ဖက္မႈကို ဟယ္ရီခံလိုက္ရသည္..။သို႔ေသာ္ သူကိုယ္တိုင္ကေတာ့ ဂ်င္းနီကို ျပန္လည္မေပြ႔ဖက္ႏိုင္ေသးပါ...။

"အခ်စ္!ဘယ္ေတြေလ်ွာက္သြားေနတာလဲ?လိုက္႐ွာေတာ့လည္း မေတြ႔လို႔ ဘယ္ေလာက္ေတာင္ စိတ္ပူလိုက္ရလဲ?"

ဂ်င္းနီဟာ ဖက္ထားရင္းျဖင့္ ဟယ္ရီ႕ကို ေျပာဆိုေနသည္...ဟယ္ရီကမူ ဘာမွျပန္ေျပာႏိုင္ျခင္းမ႐ွိေသး....။

ဂ်င္းနီတစ္ေယာက္ ဟယ္ရီ မူသိပ္မမွန္သည္ကို သတိျပဳမိသည္ႏွင့္ သူမဖက္ထားသည္ကို လႊတ္လိုက္ၿပီး ဟယ္ရီ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္လိုက္သည္...။

"အခ်စ္!"

ႏွစ္ကိုယ္ၾကား ေခၚလိုက္ေသာ တိုးလ်ေသာအသံ...။

"ကိုယ့္ကို တစ္ေယာက္တည္း လႊတ္ထားေပးပါ..ဂ်င္းနီ!"

ဟယ္ရီ႕ရဲ႕စကားေၾကာင့္ ဂ်င္းနီဟာ ဘာမွထပ္မေျပာေတာ့ေခ်...။သူ႔ကို ဂ်င္းနီ လို႔ ေခၚလိုက္ကတည္းက ဒေရကိုနဲ႔ ပတ္သက္ေနလိမ့္မယ္ဆိုတာ သူသိသည္...။ဟယ္ရီနဲ႔ဒေရကိုတို႔ရဲ႕တစ္ခ်ိန္က ပတ္သက္မႈကို ေဟာ့ဝပ္တစ္ေက်ာင္းလံုး မသိသူ မ႐ွိခဲ့ေပ..။

ဂ်င္းနီ အခန္းထဲကထြက္သြားသည္ႏွင့္ ဟယ္ရီတစ္ေယာက္ ေဘးနားက ေခါင္းအံုးေပၚ မ်က္ႏွာအပ္ၿပီး အသံတိတ္မ်က္ရည္က်မိသည္...။ဝမ္းနည္းမႈနဲ႔ နာက်င္မႈရဲ႕ သက္ေသအျဖစ္ ထိုေခါင္းအံုးေလးမွာ အရည္ၾကည္မ်ား စိုစြတ္ေနခဲ့သည္...။

_______________________

"ဒေရကို!"

စေလသရင္းအေဆာင္ဘက္သို႔ တမႈိင္မိႈင္ တေတြေတြ ျဖင့္ တစ္လွမ္းခ်င္းေလ်ွာက္လာေသာ ဒေရကို႔ကို Ella ေတြ႔လိုက္ရသည္....။ညေနပိုင္းအတန္းကို မတက္ဘဲ ဘယ္ေတြေလ်ွာက္သြားေနမွန္းမသိေသာ သူမ၏ သူငယ္ခ်င္းေလးကို ဆူရန္ျပင္လိုက္သည္...။

"ဒေရကို မာလ္ဖြိဳင္း!"

Ella က ဒေရကို႔အေ႐ွ႕သို႔ ေရာက္လာသည့္တိုင္ ဒေရကိုသည္ ဘာစကားမွမေျပာဘဲ ၾကမ္းျပင္ကိုသာ စိုက္ၾကည့္ေနခဲ့သည္...။

"မာလ္ဖြိဳင္း!"

Ella ရဲ႕ အသံေၾကာင့္ ဒေရကို ေခါင္းေထာင္ၾကည့္လာသည္..။သူ၏ မီးခိုးေရာင္မ်က္ဝန္းထဲတြင္ မ်က္ရည္ဥမ်ားက ေနရာယူႏွင့္ေနၿပီ...။

"အားလံုးအဆင္ေျပသြားမွာပါ..."

Ella ဟာ ထိုစကားကိုေျပာရင္း ဒေရက႔ိုအား ေပြ႔ဖက္လိုက္သည္....

Ella ဟာ ဒေရကို ဘာအေျကာင္းေၾကာင့္ ယခုလို ျဖစ္ေနလဲဆိုတာ ေသခ်ာမသိေသာ္လည္း သူငယ္ခ်င္းတစ္ေယာက္ အေနျဖင့္ သူ႔မွာ ႏွစ္သိမ့္အားေပးရန္ တာဝန္႐ွိသည္ေလ...။

တစ္ခဏမွာပဲ Ella ရဲ႕ ပုခံုးေပၚမွာ စိုစြတ္လာသည္ကို သူမခံစားမိသည္...။ဒေရကိုဟာ သူမအေပၚမွာ ခံစားခ်က္ေတြကို ဖြင့္ထုတ္လိုက္ၿပီပဲ....။အခ်ိန္ အတန္ၾကာသည္အထိ ဒေရကိုဟာ Ella ပုခံုးသားေပၚမွာ သူ႔မ်က္ရည္ဥေတြကို အေကာင္ေပါက္ေစခဲ့တယ္....။

သူတို႔ႏွစ္ေယာက္ကို ၾကည့္ေနတဲ့ ေဘးပတ္ဝန္းက်င္က မ်က္လံုးေတြကို ဂ႐ုမစိုက္ဘဲ Ella ဟာ ဒေရကို႔ကို တင္းတင္းက်ပ္က်ပ္ ေပြ႔ဖက္ထားခဲ့သည္...။

_______________________

"ေက်းဇူးပဲ!"

ေမ်ွာ္စင္ေ႐ွ႕က ထိုင္ခံုေလးေပၚမွာ ႏွစ္ေယာက္အတူ ေဘးခ်င္းကပ္ ထိုင္ေနရင္း ခုနက အားေပးမႈအတြက္ ေက်းဇူးတင္စကားကို ဒေရကို႔ဆီမွ ၾကားလိုက္ရသည္..။

အသံကေတာ့ မာလ္ဖြိဳင္းတို႔ ထံုးစံအတိုင္း ေဘာက္ဆတ္ဆတ္ေပမယ့္ ဒီစကားကေတာ့ ရင္ထဲက လာမွန္း Ella သိပါသည္...။

"ဆိုေတာ့....ငါ့ကိုေျပာျပခ်င္လား?"

Ella ရဲ႕ေမးခြန္းကို ဒေရကို ခဏတာ စဥ္းစားေနမိသည္...။

"အင္း!"

"ဘယ္ကေန စေျပာျပခ်င္လဲ?"

"နင္ငါနဲ႔ သူငယ္ခ်င္း မလုပ္သင့္ဘူး.."

Ella ေမးတဲ့ေမးခြန္းနဲ႔ ရတဲ့အေျဖက တျခားစီ..။

"ငါသိတယ္!"

Ella ရဲ႕ အေျဖေၾကာင့္ ဒေရကို Ella ကို လွည့္ၾကည့္လိုက္သည္... ။

"သိရင္....."

"ငါအကုန္သိတယ္!ဒေရကို!နင့္အေၾကာင္းေတြကို သိခဲ့ၿပီးမွ နင္နဲ႔သူငယ္ခ်င္းလုပ္ဖို႔ကို ငါေရြးခ်ယ္ခဲ့တာ..."

Ella ရဲ႕ စကားကို ဒေရကို ဘာမွျပန္မေျပာဘဲ နားေထာင္ေနသည္...။

"ငါ့ကို ငတံုးမ်ား မွတ္ေနတာလား?နင္တို႔ မိသားစုအေၾကာင္းေတြက ေမွာ္ေလာကမွာ နာမည္ႀကီးပဲေလ...နင့္အေၾကာင္း ငါအကုန္သိတယ္!"

"ဟက္...မေကာင္းတဲ့သတင္းေတြေပါ့..."

ဒေရကိုဟာ သူျပံဳးေနက် သေရာ္ျပံဳးတစ္ခုနဲ႔ Ella ကို ျပံဳးရင္းေျပာသည္...။

"ငါနင့္ကို ခင္တယ္!ဒေရကို!"

"ငါသိပါတယ္!"

"ဒါေပမယ့္ နင့္ခုနက အေၾကာင္းကိုေတာ့ ငါမသိဘူး..."

Ella ရဲ႕ စကားေၾကာင့္ ဒေရကို ျပံဳးမိသည္..။ဒီအျပံဳးကေတာ့ ႐ုိးသားၿပီး ျဖဴစင္တဲ့ အျပံဳးတစ္ခုပါ...

"နင္ပဲေျပာေတာ့ ငါ့အေၾကာင္းအကုန္သိတယ္ဆို...."

"အဲဒါကေတာ့....!"

"ထားပါေတာ့...ငါေျပာျပမယ္!"

ဒေရကိုဟာ သူနဲ႔ဟယ္ရီတို႔ရဲ႕ အတိတ္က ဆက္ဆံေရးကို Ella ကို ေျပာျပလိုက္သည္...။ခ်စ္သူႏွစ္ဦးရဲ႕ ဝမ္းနည္းဖြယ္ အခ်စ္ဇာတ္လမ္းကို ၾကားလိုက္ရတဲ့ Ella ဟာ ဒေရကို႔ကို စာနာသြားမိသည္..။

"နင္တအားကို ပင္ပန္းခဲ့မွာပဲေနာ္!"

Ella ရဲ႕ အေမးကို ဒေရကိုဟာ ေခါင္းေလးညိမ့္ၿပီး ျပန္ေျဖလိုက္သည္... ။

"ဟုတ္တယ္!ငါအရမ္းေရြးခ်ယ္ရခက္ခဲ့တာ...မိသားစုနဲ႔ခ်စ္သူ..အဲဒီအခ်ိန္က ငါ့ဘဝမွာ အခက္ခဲဆံုး အခ်ိန္ပဲ!"

ဒေရကိုဟာ ေကာင္းကင္ေပၚက လမင္းႀကီးကို ေမာ့ၾကည့္ၿပီး ခံစားခ်က္ေတြကို ရင္ဖြင့္ေနသည္...။

"အရာအားလံုးက တစ္ခ်ိန္က် အဆင္ေျပသြားမွာပါ... "

Ella ဟာ ဒေရကို႔ရဲ႕ ပခံုးတစ္ဖက္ကို ဆုပ္ကိုင္ရင္း အားေပးစကားဆိုလိုက္သည္..။

"ငါလည္း အဲ့လိုပဲ ေမ်ွာ္လင့္ပါတယ္ဟာ..."

ဒေရကိုဟာ ေကာင္းကင္ေပၚကလမင္းႀကီးကို ေငးၾကည့္ရင္းနဲ႔ပင္ Ella ကို ျပန္ေျဖခဲ့သည္...။

___________________________

တစ္ေန႔ေန႔မွာ အားလံုးအဆင္ေျပသြားမယ္လို႔သူေျပာတယ္ဒါေပမယ့္လည္း ငါ့ႏွလံုးသားကေတာ့မင္းမ႐ွိဘဲ အဆင္မေျပႏိုင္ဘူး...ဟယ္ရီ

- Draco Malfoy -

-_____________________-

To be continue.... 🖤

Unicode Font

"ဒါတွေက ပြီးဆုံးသွားခဲ့ပြီ.. မာလ်ဖွိုင်း !"

ဟယ်ရီ ရဲ့ စကားကို ဒေရကို လှောင်ပြုံးတစ်ခုနဲ့ လျစ်လျူရှုလိုက်သည်... ။

"တော်စမ်းပါ!မင်းပြောခဲ့တဲ့ အချိန်မကုန်သေးဘူး..ဟယ်ရီ!"

"ဘယ်လိုပဲဖြစ်ဖြစ် ငါအဲ့ကတိကို မတည်နိုင်တော့ဘူး.."

ဟယ်ရီ့ရဲ့ အသံက ခပ်ပြတ်ပြတ်...ဒရေကို့ဆီကနောက်ထပ် ထွက်လာမယ့် စကားလုံးတွေကို ထပ်မကြားချင်တော့တာကြောင့် ဟယ်ရီ လှည့်ထွက်ဖို့ ပြင်လိုက်သည်... ။

"ထွက်မပြေးချင်စမ်းပါနဲ့!ဟယ်ရီ.."

ဒရေကို့ရဲ့ စကားကို လျစ်လျူရှုပြီး ဟယ်ရီသူ့ခြေလှမ်းတွေကို ဆက်လှမ်းနေတုန်း....။

"ငါမင်းကြောင့်ပြန်လာခဲ့တာ!"

ဒရေကို့ရဲ့ စကားက ဟယ်ရီ့ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်....။

အနည်းငယ် ကွာဝေးသွားသော သူတို့နှစ်ယောက်ရဲ့အကွာအဝေးကို ဒေရကိုကပဲ နီးကပ်စေခဲ့သည်....။ကျောခိုင်းထားတဲ့ ဟယ်ရီ့ရဲ့ ခါးလေးကို အနောက်ကသိုင်းဖက်ကာနှစ်ကိုယ်ကြား အသံလေးနဲ့ ပြောလိုက်သည့်စကားတစ်ခွန်း...။

" ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ကွာ.."

ညနေစောင်းနေဝင်ချိန်က သူတို့နှစ်ယောက်ရဲ့ လွမ်းဆွေးဖွယ် မြင်ကွင်းကို ပိုပြီး အသက်သွင်းနေသယောင်...။

"မင်းငါ့ကို အရင်ထားခဲ့တာလေ..."

ဟယ်ရီ့ရဲ့ စကားဟာအတိတ္က သူနာကျင်ခဲ့ရတဲ့ နှလုံးသားထဲက ဒဏ်ရာကို ပြန်လည် တူးဆြေနသလို...။

ဟယ်ရီဟာ သူ့ကို သိုင်းဖက်ထားသော ဒရေကို့ရဲ့လက်တစ်စုံကို အသာအယာဖယ်လိုက်ရင်း အရှေ့ကို ဆက်သွားဖို့ ခြေလှမ်းလှမ်းလိုက်သည်..။

ဒီတစ်ခါတော့ ဒေရကိုဟာ ကျောခိုင်းသွားတဲ့ ဟယ်ရီ့ရဲ့ကျောပြင်လေးကို ကြည့်ရင်း ကျန်နေခဲ့ရသူဖြစ်ခဲ့တယ်....။

'ငါ ဝဋ်လည်နေပြီလား?ဟယ်ရီ....'

____________________

"ဟယ်ရီ!"

ဂရင်းဖင်းဒေါအဆောင်သို့ ပြန်ရောက်ရောက်ချင်း ဂျင်းနီ၏ ပွေ့ဖက်မှုကို ဟယ်ရီခံလိုက်ရသည်..။သို့သော် သူကိုယ်တိုင်ကတော့ ဂျင်းနီကို ပြန်လည်မပွေ့ဖက်နိုင်သေးပါ...။

"အချစ်!ဘယ်တွေလျှောက်သွားနေတာလဲ?လိုက်ရှာတော့လည်း မတွေ့လို့ ဘယ်လောက်တောင် စိတ်ပူလိုက်ရလဲ?"

ဂျင်းနီဟာ ဖက်ထားရင်းဖြင့် ဟယ်ရီ့ကို ပြောဆိုနေသည်...ဟယ်ရီကမူ ဘာမှပြန်ပြောနိုင်ခြင်းမရှိသေး....။

ဂျင်းနီတစ်ယောက် ဟယ်ရီ မူသိပ်မမှန်သည်ကို သတိပြုမိသည်နှင့် သူမဖက်ထားသည်ကို လွှတ်လိုက်ပြီး ဟယ်ရီ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်...။

"အချစ်!"

နှစ်ကိုယ်ကြား ခေါ်လိုက်သော တိုးလျသောအသံ...။

"ကိုယ့်ကို တစ်ယောက်တည်း လွှတ်ထားပေးပါ..ဂျင်းနီ!"

ဟယ်ရီ့ရဲ့စကားကြောင့် ဂျင်းနီဟာ ဘာမှထပ်မပြောတော့ချေ...။သူ့ကို ဂျင်းနီ လို့ ခေါ်လိုက်ကတည်းက ဒရေကိုနဲ့ ပတ်သက်နေလိမ့်မယ်ဆိုတာ သူသိသည်...။ဟယ်ရီနဲ့ဒရေကိုတို့ရဲ့တစ်ချိန်က ပတ်သက်မှုကို ဟော့ဝပ်တစ်ကျောင်းလုံး မသိသူ မရှိခဲ့ပေ..။

ဂျင်းနီ အခန်းထဲကထွက်သွားသည်နှင့် ဟယ်ရီတစ်ယောက် ဘေးနားက ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး အသံတိတ်မျက်ရည်ကျမိသည်...။ဝမ်းနည်းမှုနဲ့ နာကျင်မှုရဲ့ သက်သေအဖြစ် ထိုခေါင်းအုံးလေးမှာ အရည်ကြည်များ စိုစွတ်နေခဲ့သည်...။

_______________________

"ဒေရကို!"

စလေသရင်းအဆောင်ဘက်သို့ တမှိုင်မှိုင် တေတြေတြ ဖြင့် တစ်လှမ်းချင်းလျှောက်လာသော ဒရေကို့ကို Ella တွေ့လိုက်ရသည်....။ညနေပိုင်းအတန်းကို မတက်ဘဲ ဘယ်တွေလျှောက်သွားနေမှန်းမသိသော သူမ၏ သူငယ်ချင်းလေးကို ဆူရန်ပြင်လိုက်သည်...။

"ဒေရကို မာလ်ဖွိုင်း!"

Ella က ဒရေကို့အရှေ့သို့ ရောက်လာသည့်တိုင် ဒရေကိုသည် ဘာစကားမှမပြောဘဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေခဲ့သည်...။

"မာလ်ဖွိုင်း!"

Ella ရဲ့ အသံကြောင့် ဒေရကို ခေါင်းထောင်ကြည့်လာသည်..။သူ၏ မီးခိုးရောင်မျက်ဝန်းထဲတွင် မျက်ရည်ဥများက နေရာယူနှင့်နေပြီ...။

"အားလုံးအဆင်ပြေသွားမှာပါ..."

Ella ဟာ ထိုစကားကိုပြောရင်း ဒရေက့ိုအား ပွေ့ဖက်လိုက်သည်....

Ella ဟာ ဒေရကို ဘာအကြောင်းကြောင့် ယခုလို ဖြစ်နေလဲဆိုတာ သေချာမသိသော်လည်း သူငယ်ချင်းတစ်ယောက် အနေဖြင့် သူ့မှာ နှစ်သိမ့်အားပေးရန် တာဝန်ရှိသည်လေ...။

တစ္ခဏမွာပဲ Ella ရဲ့ ပုခုံးပေါ်မှာ စိုစွတ်လာသည်ကို သူမခံစားမိသည်...။ဒေရကိုဟာ သူမအပေါ်မှာ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပြီပဲ....။အချိန် အတန်ကြာသည်အထိ ဒေရကိုဟာ Ella ပုခုံးသားပေါ်မှာ သူ့မျက်ရည်ဥတွေကို အကောင်ပေါက်စေခဲ့တယ်....။

သူတို့နှစ်ယောက်ကို ကြည့်နေတဲ့ ဘေးပတ်ဝန်းကျင်က မျက်လုံးတွေကို ဂရုမစိုက်ဘဲ Ella ဟာ ဒရေကို့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့သည်...။

_______________________

"ကျေးဇူးပဲ!"

မျှော်စင်ရှေ့က ထိုင်ခုံလေးပေါ်မှာ နှစ်ယောက်အတူ ဘေးချင်းကပ် ထိုင်နေရင်း ခုနက အားပေးမှုအတွက် ကျေးဇူးတင်စကားကို ဒရေကို့ဆီမှ ကြားလိုက်ရသည်..။

အသံကေတာ့ မာလ်ဖွိုင်းတို့ ထုံးစံအတိုင်း ဘောက်ဆတ်ဆတ်ပေမယ့် ဒီစကားကေတာ့ ရင်ထဲက လာမှန်း Ella သိပါသည်...။

"ဆိုတော့....ငါ့ကိုပြောပြချင်လား?"

Ella ရဲ့မေးခွန်းကို ဒေရကို ခဏတာ စဉ်းစားနေမိသည်...။

"အင်း!"

"ဘယ္ကေန စပြောပြချင်လဲ?"

"နင်ငါနဲ့ သူငယ်ချင်း မလုပ်သင့်ဘူး.."

Ella မေးတဲ့မေးခွန်းနဲ့ ရတဲ့အဖြေက တျခားစီ..။

"ငါသိတယ်!"

Ella ရဲ့ အဖြေကြောင့် ဒေရကို Ella ကို လှည့်ကြည့်လိုက်သည်... ။

"သိရင်....."

"ငါအကုန်သိတယ်!ဒေရကို!နင့်အကြောင်းတွေကို သိခဲ့ပြီးမှ နင်နဲ့သူငယ်ချင်းလုပ်ဖို့ကို ငါရွေးချယ်ခဲ့တာ..."

Ella ရဲ့ စကားကို ဒေရကို ဘာမှပြန်မပြောဘဲ နားထောင်နေသည်...။

"ငါ့ကို ငတုံးများ မှတ်နေတာလား?နင်တို့ မိသားစုအကြောင်းတွေက မှော်လောကမှာ နာမည်ကြီးပဲလေ...နင့်အကြောင်း ငါအကုန်သိတယ်!"

"ဟက်...မကောင်းတဲ့သတင်းတွေပေါ့..."

ဒေရကိုဟာ သူပြုံးနေကျ သရော်ပြုံးတစ်ခုနဲ့ Ella ကို ပြုံးရင်းပြောသည်...။

"ငါနင့်ကို ခင်တယ်!ဒေရကို!"

"ငါသိပါတယ်!"

"ဒါပေမယ့် နင့်ခုနက အကြောင်းကိုတော့ ငါမသိဘူး..."

Ella ရဲ့ စကားကြောင့် ဒေရကို ပြုံးမိသည်..။ဒီအပြုံးကတော့ ရိုးသားပြီး ဖြူစင်တဲ့ အပြုံးတစ်ခုပါ...

"နင်ပဲပြောတော့ ငါ့အကြောင်းအကုန်သိတယ်ဆို...."

"အဲဒါကေတာ့....!"

"ထားပါတော့...ငါပြောပြမယ်!"

ဒေရကိုဟာ သူနဲ့ဟယ်ရီတို့ရဲ့ အတိတ္က ဆက်ဆံရေးကို Ella ကို ပြောပြလိုက်သည်...။ချစ်သူနှစ်ဦးရဲ့ ဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းကို ကြားလိုက်ရတဲ့ Ella ဟာ ဒရေကို့ကို စာနာသွားမိသည်..။

"နင်တအားကို ပင်ပန်းခဲ့မှာပဲနော်!"

Ella ရဲ့ အေမးကို ဒေရကိုဟာ ခေါင်းလေးညိမ့်ပြီး ပြန်ဖြေလိုက်သည်... ။

"ဟုတ်တယ်!ငါအရမ်းရွေးချယ်ရခက်ခဲ့တာ...မိသားစုနဲ့ချစ်သူ..အဲဒီအချိန်က ငါ့ဘဝမွာ အခက်ခဲဆုံး အချိန်ပဲ!"

ဒေရကိုဟာ ကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်ပြီး ခံစားချက်တွေကို ရင်ဖွင့်နေသည်...။

"အရာအားလုံးက တစ်ချိန်ကျ အဆင်ပြေသွားမှာပါ... "

Ella ဟာ ဒရေကို့ရဲ့ ပခုံးတစ်ဖက်ကို ဆုပ်ကိုင်ရင်း အားပေးစကားဆိုလိုက်သည်..။

"ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်ဟာ..."

ဒေရကိုဟာ ကောင်းကင်ပေါ်ကလမင်းကြီးကို ငေးကြည့်ရင်းနဲ့ပင် Ella ကို ပြန်ဖြေခဲ့သည်...။

___________________________

တစ်နေ့နေ့မှာ အားလုံးအဆင်ပြေသွားမယ်လို့သူပြောတယ်ဒါပေမယ့်လည်း ငါ့နှလုံးသားကတော့မင်းမရှိဘဲ အဆင်မပြေနိုင်ဘူး...ဟယ်ရီ

- Draco Malfoy -

-_____________________-

To be continue....🖤

There are no comments yet. Log in to be the first to leave a review!

Similar stories