15(final)
20:01, 28 October 2024အရာအားလုံးပြီးဆုံးပြီး အချိန်တွေကကုန်ဆုံးတာမြန်ခဲ့သည်။
အခုဆိုရင် fourth ဟာကျောင်းပြီးသွားပြီး အသက်ဟာ ၂၀ပြည့်ခဲ့ပြီ။Gemini ဟာ အသက် ၂၅ဝင်နေပါပြီ။ဆရာနဲ့တပည့်မို့အသက်အရွယ်ဟာကွာမယ်ထင်ရပေမဲ့ တကယ်တမ်းသူတို့က ၄နှစ်ကျော်သာကွာသည်။
"ကလေး"
ငါခေါ်လိုက်ပြီး ဘေးမှာအိပ်နေတဲ့ fourth ကိုနမ်းလိုက်သည်။
"ကလေးလေး"
"......"
"ကလေးလေးလို့"
"ဘာလဲဗျာ နိုးနေရင်လဲတိတ်တိတ်နေလေ"
အိပ်ချင်မူးတူးအသံဖြင့် ငါ့အားရန်ပြန်တွေ့နေတဲ့ ကြောင်ပေါက်လေးတကောင်းကြောင့် ငါ အသံထွက်ကာရယ်လိုက်မိသည်။
"မထသေးဘူးလား"
"ကျတော်အိပ်ချင်နေတုန်းဘဲ phi"
"ထတော့လေ"
"အိပ်ချင်တုန်းလို့"
"ဟုတ်ပါပြီဗျာ"
ငါ တချက်နမ်းလိုက်ကာ ထပြီး သွားတိုက်လိုက်သည်။
"ကလေးရေ မထသေးဘူးလား"
သွားတိုက်မျက်နှာသစ်ပြီးထွက်လာတော့ အိပ်နေသေးတဲ့ fourth ကိုငါနိုးလိုက်သည်။
"ထပြီ ထပြီဗျာ"
ငါ့ကို မျက်မှောင်ကျုံ့ပြကာ ဆူဆောင့်ပြီးထလာသည်။
"သွားတိုက်ပြီးလာခဲ့ ကိုယ်အောက်မှာစောင့်နေမယ်"
ပြောတဲ့အတိုင်း ငါ အောက်ဆင်းလာကာ ငါ့ထက်အသက်ငယ်တဲ့ လူကြီးအတွက်မနက်စာပြင်ပေးနေရသည်။
ခနအကြာ ဒုန်း ဒုန်းနဲ့အသံကြားလို့ ငလျင်လှုပ်တာလားလို့ ငါ့မှာလန့်သွားပေမဲ့ တကယ်တမ်း fourth ငါ့ကိုစိတ်တို၍ခြေဆောင့်လာတာကြောင့်ဆိုတာသိတော့မှ ငါ သက်ပြင်းချမိသွားသည်။
"ခြေမဆောင့်နဲ့လေ ခြေထောက်တွေနာမယ် fourth"
"ဘာကို fourth လဲ အခုကျကလေးမဟုတ်တော့ဘူးလား"
"ခေါ်စေချင်နေတာကို ခေါ်တော့လဲကလေးကအမြဲစိတ်ဆိုးချင်ယောင်ဆောင်တယ်"
ငါစလိုက်တော့ ငါ့အားမျက်စောင်းထိုးကာ ငါပြင်ပေးထားတဲ့ မနက်စာအားငုံ့ကာစားနေသည်။
"အိုး! Fot လေးအစောကြီးနိုးနေတာဘဲ"
"Mae!! ဒီလူကြီးပေါ့ သားကိုအိပ်မရအောင်လုပ်တယ်"
"အေး သားလေး နောက်ကျ maeနဲ့လာအိပ်နော်"
"Krub mae"
ငါ မျက်လုံးအဝိုင်းသားကြောင်ကြည့်နေတုန်း ငါ့အမေကိုတိုင်လိုက်ရလို့ ငါ့အားမျက်ခုံးတဖက်တွန့်ပြသည်။ဒီကြားထဲ mae ကသူ့သားကိုသေချာမအိပ်ခိုင်းလို့ လာရိုက်သေးသည်။ဟော သူစားပြီးတော့လဲငါက ပန်းကန်တွေဆေးရသေးသည်။
ဒီအိမ်မှာ ငါက ဘာသတ္တဝါလဲ။
"ကလေးနော် အခုတလောဆိုးလာတယ်"
"ဟမ် ကျတော်လား"
fourth က ငါ့ပေါင်ပေါ်ခေါင်းတင်လှဲကာ မေးသည်။
"အင်းလေ ပန်းကန်တွေလဲကိုယ်ဆေးရတယ် အကုန်ကိုယ်ဘဲလုပ်နေရတာ"
"ဒါက p'gemini ဘဲ ကျတော့်ကိုချစ်ပါတယ်ဆိုပြီး ပြောထားတာလေ ချစ်ရင်အကုန်လုပ်ပေးရမှာဘဲ"
"အရင်စလိုက်တာ မင်းပါကွာ"
ငါ fourth ရဲ့နှာခေါင်းလေးအား လက်ချောင်းတွေနဲ့ကျီစယ်ရင်းပြောလိုက်သည်။
"ဒါမဲ့ phi ဘက်ကဖွင့်ပြောတာလေ"
"အား fourth!! နာတယ်"
ကျီစယ်တာလွန်ရင်း fourth ပါးစပ်နားလက်ရောက်သွားတာ့ fourth ကငါ့လက်အားကိုက်သည်။
"Mae! Fourth သားကိုကိုက်နေတယ် အား"
ငါတို့အိမ်ရဲ့ မနက်ခင်းက fourth နိုးနေရင် အဲ့ဒီလိုမျိုးစနေကြပါပေ။_____________________ညနေထိငါတို့ အိမ်မှာဘဲအခြေခြနေရင်း ငါ့ရဲ့သူငယ်ချင်းလေးကိုသတိရသွားကာ သွားဖို့ဆုံးဖြတ်လိုက်သည်။
"Fourth ကလေး"
"ဗျာ"
"Satang တို့ဆီသွားရအောင်"
"သွားမယ်လေ phi"
Fourth က winny ဆီသွားဖို့မနက်ထဲကပြောနေတာပင်။ညဘက်ကျ ငါခေါ်သွားချင်တာရှိလို့ အချိန်ဆွဲထားရင်း အခုမှခေါ်ဖြစ်တာပင်။
အခုတလော satang တို့နဲ့တိုင်ပင်ထားကာ ငါ fourth အတွက်ပြင်ဆင်ထားတာရှိသည်။တွဲလာတာပင် နှစ်ကျော်ပြီလေ လူရိုးကြီးဖြစ်တဲ့ငါက ဘာမှ မရိုတတ်တာကြောင့် ဒါမျိုးတွေလုပ်ရဖို့ ငါ့မှာ ဖင်ထောင်ပြီးအကြံဉာဏ်လိုက်တောင်းရသေးသည်။
Satang တို့အိမ်ရှေ့ကားရပ်ကာ ငါတို့ကားပေါ်ကဆင်းလာလိုက်ကြသည်။
"ဘာမှလဲမပြောဘဲ ဘယ်လိုရောက်လာကြတာလဲ"
Satang က ငါတို့အားပြုံးကာကြိုဆိုရင်းမေးသည်။
"Fourth ကလာချင်တယ်ဆိုလို့လေ"
"ဒေါက်တာ့ရဲ့ ဒေါက်တာလေးဘယ်မှာလဲဗျ"
Fourth ကစနောက်ကာမေးတော့ satang ကရယ်ကာ အိမ်ထဲမှာ လို့သာဖြေလိုက်သည်။
အထက်တန်းပြီးနောက် winny က သူ့ဒေါက်တာအတိုင်း ဆေးကျောင်းတက်ပြီး fourth ကတော့ law ကိုယူသည်။
"ဟေးး winny"
"ဘယ်ကောင်လဲကွ"
မီးဖိုချောင်ကနေ winny ဟာ အေပရွန်ပန်းရောင်ကိုဝတ်ကာ ယောင်းမကြီးနဲ့ထွက်လာသည်။
"ဒေါက်တာ ဟင်းချက်နေတာလားဗျ"
"မစနဲ့ fourth ယောင်းမနဲ့ခေါက်ပလိုက်မယ်"
"ဟားဟား"
"မင်းဘာစားပြီးပြီလဲ"
"မစားရသေးဘူး မင်းတို့နဲ့အတူတူစားမယ်လေ"
"မင်းကို ချီးဘဲကျွေးမယ်"
"မကျွေးရင် မင်းကို ဒေါက်တာနဲ့တိုင်မယ်"
"Winny ကွ မကြောက်ဘူး နေဦး ငါ့ဟင်းတွေတူးတော့မယ်"
Fourth အား ယောင်းမကြီးဝှေ့ကာပြောရင်း winny မီးဖိုချောင်ထဲပြန်ဝင်သွားသည်။
"ငါ အဲ့ကောင်ကို ဒေါက်တာနဲ့သွားတိုင်အုန်းမယ်"
ငါ တကယ်ဒေါက်တာ့ကိုသွားတိုင်လိုက်သည်။ဒေါက်တာက မင်းတို့ပြန်သွားမှ လုပ်မယ်တဲ့လေ။
သူငယ်ချင်းကောင်းပီသစွာ ငါတို့ ညစာအတူတူဝင်စားပြီး ပန်းကန်မဆေးဘဲပြန်လာခဲ့ကြသည်။Winny ကတော့ သေချာပေါက် ငါ့ကိုဆဲနေတော့မှာပင်။ဒီကသူငယ်ချင်းကြီးက လက်ဆောင်ပေးခဲ့တာလို့ဘဲမှတ်လိုက်ပေါ့။
ကားပေါ်မှာ ငါတို့အကြိုက်သီချင်းဖွင့်ရင်း ညအချိန်ရဲ့သာယာမှုကို ချစ်ရသူနဲ့အတူခံစားလိုက်သည်။
မျက်လုံးမှိတ်ပြီး ခံစားနေတုန်း ငါ တခုခုခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့...
"Phi"
"ဗျာ"
"လမ်းမှားနေတယ် ဒါဘယ်ကိုသွားနေတာလဲ"
"ကိုယ်ဝင်စရာရှိလို့"
"ဘာလို့အစောထဲကမပြောတာလဲ"
"အခုပြောပြီလေ ခနပါဘဲ"
"အင်းပါ ပြီးကော"
ငါမသိတဲ့ ထိုနေရာကိုရောက်တော့ phi ကငါ့အားဆင်းခိုင်းကာ သူနဲ့အတူလိုက်လာခိုင်းသည်။
ဒီနေရာက မှောင်တယ် လူတွေလဲငါမတွေ့ရဆက်သွားတော့ ထိုင်စရာအခင်းရယ် ဝိုင်တပုလင်းရယ်နဲ့အတူ ဖဲကြိုးချည်ထားတဲ့ အပြာရောင် box တခုကိုတွေ့သည်။
ငါ့ကို လက်ထပ်ခွင့်တောင်းတော့မှာလားမသိဘူး။အိုး! ဒါမျိုးကမျက်လုံးကိုအုပ်လာရမှာလေ ဒီလူကြီးကဒါတောင်မသိဘူးလားဟ!!
"ကလေး ဒီမှာထိုင်ရအောင်"
"Phi ဒါဘာတွေလဲ ဟမ်"
ငါ ပြုံးကာမေးလိုက်တော့ phi က ငါ့လက်ကို လာကိုင်သည်။
"ကိုယ်အကောင်းဆုံးလုပ်ထားတာ ကလေးကြိုက်မယ်လို့မျော်လင့်တယ်"
ငါ့လက်ကိုအနမ်းပေးကာ လွှတ်ပေးပြီး ထိုအပြာရောင် box ကို ငါ့ အားပေးသည်။
လက်စွပ်တွေလားမသိဘူး! ဒူးတဖက်ထောက်ပြီးပြောတော့ဘာဖြစ်မှာမို့လို့လဲဗျာ
ငါ ဖြေးဖြေးချင်းဖွင့်လိုက်တော့ စာအုပ်တအုပ်။ငါ စာအုပ်ကို box ထဲကနေယူလိုက်သည်။
"ဒါဘာလဲ phi"
"ဖွင့်ကြည့်လေ"
ငါ ဖွင့်ကြည့်တော့ ငါတို့စတွဲတဲ့နှစ်ကနေစပြီး အခုချိန်အထိ အတူလုပ်ခဲ့တဲ့အမှတ်တရတွေအားလုံးကိုထည့်ထားသည်။
ငါတို့က ဒိတ်တာထက် အိမ်မှာဘဲအတူနေတာကြောင့် ပုံတွေက snap တွေပိုများသည်လေ။အမှတ်တရနေ့တွေဆိုရင်တော့ ပုံကောင်းကောင်းရိုက်ဖြစ်ကြပါသည်။ပုံမရိုက်ဖြစ်တဲ့ အကြောင်းအရာတွေကိုတော့ phi ဟာ စာပိုဒ်လေးလိုရေးထားသည်။
"Phi.."
ငါ အပျော်လွန်ကာ phi အားနမ်းလိုက်တော့ ငါ့ခါးအားဖက်တွယ်ကာ အနမ်းတွေကိုဦးဆောင်သည်။
အတော်အကြာနမ်းပြီးတော့ ငါ့မှာမနည်းတွန်းကာရပ်လိုက်ရသည်။phi ကငါ့အား ဆက်၍ဖက်ထားတုန်းပေ။
"ကျေးဇူးတင်ပါတယ်နော် phi ကအခုလိုလုပ်တတ်မှန်းမသိဘူး"
"Winny တို့ဆီကအကြံသွားတောင်းထားတာလေ ဘယ်လိုလဲ ကလေးရဲ့ရည်းစားတော်တယ်မလား"
ငါ့ကို မျက်လုံးတဖက်မှိတ်ပြကာ ဖုန်းကိုကြည့်ပြီး ထွက်သွားသည်။
ဒါဟာ လက်ထပ်ခွင့်တောင်းခြင်းမဟုတ်ပေမဲ့လဲ ငါ ပျော်ရွှင်ပါသည်။phi ကဘယ်တုန်းကမှလက်ထပ်ဖို့အကြောင်းမပြောခဲ့ဘူးပါ။ငါနဲ့ mae ကသာအမြဲပြောလေ့ရှိတာပင်။
ငါ့လက်က လက်စွပ်နဲ့ဆိုပိုတောင်လှအုန်းမှာပါ။
"ကလေး ဘာလို့လက်ကိုကြည့်နေတာလဲ ဘယ်နားနာလို့လဲ"
"ဟင့်အင်း မနာပါဘူးဗျ"
"တခုခုလိုနေလို့လား"
"ဟမ် ဘာကိုလဲ"
"ကလေးရဲ့ လက်မှာ တခုခုလိုနေတယ်"
"ဘာလိုတာလဲ phi"
"ဒါလေးလေ"
နောက်ဆုံးတော့..ငါ လိုချင်တဲ့အရာကို phi ကသိသည်။နောက်မှာဝှက်ထားတဲ့ လက်စွပ်ဗူးကို ထုတ်ကာ ငါ့ကိုပြောသည်။
"Phi! ဒါက ကျတော့်ကို.."
"အင်း ကိုယ့်ကိုလက်ထပ်နိုင်မလား"
စိတ်ကူးထားတဲ့အတိုင်း ဒူးတဖက်ထောက်ကာ ငါ့အား လက်ထပ်ခွင့်တောင်းသည်။
"ကျတော် လက်ထပ်မယ် phi..ကျတော် phi နဲ့လက်ထပ်မယ်"
ငါစိတ်တွေလှုပ်ရှားကာ ဘာပြန်ပြောရမှန်းလဲမသိတော့။phi က ငါ့အားလက်စွပ်စွပ်ပေးပြီး တဖန်နမ်းလာပြန်သည်။
ငါ မတွန်းဖယ်တော့ဘဲ ပြန်လည်နမ်းရှိုက်ရင်း phi ကရပ်ကာ ငါ့လက်အားဆွဲပြီး အိမ်ကိုပြန်ခေါ်လာသည်။
တလမ်းလုံး ငါအပြုံးတွေရပ်တန့်လို့မရပါ။winny ကိုကြွားဖို့မစောင့်နိုင်တော့ဘူး!!
အခန်းထဲမှာ winny ကိုဖုန်းဆက်ဖို့ပြင်တုန်း phi ရဲ့လက်က ဖုန်းကိုပြန်ချကာ ငါ့အားကုတင်ပေါ်ပစ်ချလိုက်သည်။
"Phi! Mae ရှိတယ်လေ"
"ဟင့်အင်း Mae ကို ကိုယ်ဖုန်းဆက်ပြောထားတယ် သူရှောင်ပေးမယ်တဲ့ စိတ်ကြိုက်လုပ်တဲ့"
"ဟာ Mae ကလဲ"
"ကိုယ်ဒီနေ့ကိုစောင့်နေခဲ့ရတာ ဒီညတော့ မင်းကိုအလွှတ်မပေးတော့ဘူး"
ကုတင်ပေါ်ရောက်ရင် လူတိုင်းကပြောင်းလဲသွားကြတယ်။အမြဲတမ်း ငါ့ကိုအလိုလိုက်တဲ့ phi က ငါ့ကိုအလိုမလိုက်ဘဲ သူစောင့်နေခဲ့ရတဲ့နေ့မှာ သူ့အလိုအတိုင်း ငါ့အား မရပ်နားခိုင်းပေ။____________WS______________"ဒေါက်တာ"
ငါဒီနေ့ဆေးရုံဆင်းရမှာမို့ ဒေါက်တာက ငါ့ကိုခွင့်ယူကာလာကူညီတာဖြစ်သည်။
ငါခေါ်လိုက်တာကြောင့် ငါ့ဆီလျှောက်လာသည်။
"ဘာဖြစ်လို့လဲ နာနေသေးလို့လား"
"ဟင့်အင်း ကျေးဇူးပါလို့"
ဒေါက်တာ့လက်အား ငါ့ပါးနားအပ်စေလိုက်ပြီးပြောလိုက်သည်။
"ဘာလို့ခနခနကျေးဇူးတင်နေတာလဲ winny"
"မောင်လို့ဘဲခေါ်လေ ဘာလို့ပြောင်းခေါ်နေတာလဲ"
"ငါကမိန်းမနဲ့လေ"
"ဒေါက်တာ မစနဲ့ဗျာ"
"ဘယ်မှာစလို့လဲ မင်းအဲ့လိုထင်နေတာလေ ငါ့ကိုနှင်ထုတ်တာလေ အဲ့တုန်းက"
ငါ့ကို လက်ခလယ်ထောင်ပြီးပြောတဲ့ ဒေါက်တာ..ဒီဆရာဝန်ဘာလို့ရိုင်းလာရတာလဲ။
"ရိုင်းလိုက်တာ ကိုယ့်လူနာကို"
"မင်းက ငါ့ယောကျာ်းလေ"
"ဟမ် ဘယ်လို! ဒေါက်တာ.."
"မင်းနားပါကန်းသွားတာမဟုတ်ပါဘူးနော်"
"ဒေါက်တာ ကျတော့်ကိုလက်ထပ်မှာလား"
"မင်းကငါ့ကိုလက်ထပ်ရမှာ"
"ဟမ်..အတူတူဘဲကို"
"မတူဘူး မင်းကငါ့ကိုယူတာနဲ့ ငါကမင်းကိုယူတာ"
ငါ့ဒေါက်တာက ကျောင်းသားဘဝမှာ စာအရမ်းလုပ်ခဲ့ရတယ်ထင်တယ်။
"ဟုတ်ပါတယ် မတူပါဘူး"
ဖေဖေနဲ့မေမေ ရောက်လာလို့စကားပြောတာကိုရပ်ကာ ငါတို့ ဆေးရုံဆင်းဖို့ကာသာ ဆက်လုပ်လိုက်သည်။ဒေါက်တာ့ရဲ့ကားနဲ့ အတူငါ့အိမ်ကိုသာပြန်လာလိုက်သည်။
မေမေက ငါ့အားတွဲကာအိမ်ထဲခေါ်ပြီး ဒေါက်တာနဲ့ဖေဖေကအထုပ်တွေချနေသည်။အထုပ်တွေအကုန် အိမ်ထဲထည့်ပြီးနောက် ဒေါက်တာကပြန်ဖို့ပြင်နေသည်။
"ဒေါက်တာ ဘယ်သွားမလို့လဲ"
"သားလေး ထမင်းစားသွားလေ"
"ဗျာ.."
"ဘယ်ကိုသွားစရာရှိလို့ သွားမှာလဲ ထမင်းလာစား"
ငါ ဆွဲခေါ်ကာ ထမင်းစားဖို့ထိုင်ခိုင်းလိုက်သည်။
"ကျေးဇူးပါ"
ဒေါက်တာက ငါအခုလိုဖြစ်တာကို သူ့ကိုသူအပြစ်တင်နေပုံရသည်။
"ဒေါက်တာ ဒီမှာဘဲနေမှာမလား"
"ဟင့်အင်း"
"ဒေါက်တာ ဟိုလူတွေနဲ့သွားနေမလို့လား"
"မဟုတ်ပါဘူး"
"ဘယ်မှာနေမှာလဲ ဘာလို့လဲ ဒီမှာနေလို့ရနေတာဘဲကို"
"မောင်..."
"အဟွတ်"
ဖေဖေ့ဆီကထွက်လာတဲ့ အသံ
"Winny သားလေးကိုထမင်းအေးဆေးစားခိုင်းပါအုန်း ပြီးမှမေးလေ"
"Krub"
အရင်ကဆို ပန်းကန်တွေကိုငါဆေးရပေမဲ့ ဒီနေ့ ဒေါက်တာက ပန်းကန်တွေဆေးပေးသည်။
ဒေါက်တာ ပန်းကန်ဆေးတာစောင့်ပြီး ငါ စကားပြောဖို့ခေါ်လာလိုက်သည်။
"ဒေါက်တာ ဘယ်မှာနေမှာလဲ"
"မောင် မင်းမှတ်မိလား"
"ဘာကိုလဲဗျ"
"ငါတို့အတူကြည့်ခဲ့ကြတဲ့ အိမ်လေ"
"မှတ်မိပါတယ်"
"အင်း မှတ်မိရင် လာခဲ့လေ ငါရှိမယ်အဲ့မှာ"
"ဗျာ..ဒေါက်တာ အဲ့မှာနေမလို့လား"
"ဟုတ်တယ်"
"မရဘူး"
"ဟင့်အင်း ငါဝယ်ပြီးသွားပြီ"
"ကျတော်လဲလိုက်နေမယ်"
"ခေါင်းမမာနဲ့"
"ဒေါက်တာပြောတော့ ကျတော်ကဒေါက်တာ့ယောကျာ်းဆို"
"အင်းလေ"
"ယောကျာ်းကအခု ဒေါက်တာနဲ့အတူနေချင်လို့လေ"
"မောင်ရာ မဆိုးစမ်းနဲ့"
"ဘာဖြစ်လို့လဲ..ဒေါက်တာ ကျတော့်အပေါ်အရင်လိုမဟုတ်တော့လို့လား"
"မဟုတ်ဘူး မဟုတ်ပါဘူး ငါမင်းအပေါ်အရင်လိုပါဘဲ မောင်...ငါ့ကြောင့်မင်းအခုလိုဖြစ်ရတာကော မင်းသိရဲ့လား မေမေနဲ့ဖေဖေကိုငါအားနာတယ် ငါ့ကြောင့် မင်းထိခိုက်ထားတာကိုမြင်နေရတာ ငါအဆင်ပြေတယ်ထင်နေလား"
"ဒေါက်တာကြောင့်မဟုတ်ပါဘူး..ဒါက ကျတော့်ကြောင့်လေ။ကျတော်ကဒေါက်တာ့ကိုစလိုက်ခဲ့တာ ကျတော်ကဘဲထွက်ပြေးခိုင်းခဲ့တာလေ ဘာလို့ဒေါက်တာ့အပြစ်ဖြစ်ရမှာလဲ"
"ငါ မင်းကိုထပ်မထိခိုက်စေချင်ဘူး"
"ထပ်မထိခိုက်စေရပါဘူး"
"မင်းကဘယ်လိုသိနိုင်မှာလဲ"
"မသိပေမဲ့ မထိခိုက်အောင်နေမှာပေါ့ နော် ကျတော်ဒေါက်တာနဲ့အတူနေပါရစေ"
"မင်းအမေနဲ့အဖေကကော"
"ဒေါက်တာနဲ့ဆိုသူတို့ကစိတ်ချပါတယ်"
"အာ..."
"ဒီကိစ္စကိုတွေးမနေပါနဲ့..အတိတ်ကိုအတိတ်မှာထားလိုက်နော် ယောကျာ်းပြောစကားနားထောင်"
"မင်းခုနကမှဆေးရုံဆင်းထားလို့နော် မဟုတ်ရင် ငါမင်းကိုလုပ်မိမှာ"
"အာဘွားပေးမှာလား"
"ပေးစရာလား"
"ဒေါက်တာကလဲဗျာ"
ငါ့ကိုမျက်စောင်းထိုးကာ ဒေါက်တာက အိမ်ထဲကိုဝင်သွားတာကြောင့် အနောက်ကလိုက်သွားလိုက်သည်။
"ဘယ်သွားမလို့လဲ ဒေါက်တာ"
"အိမ်ပြန်မလို့"
"ဟာ မပြန်ပါနဲ့ဆိုဗျာ ဒီနေ့တော့နေ့လိုက်ပါနော် နော်"
"မောင်ရာ..."
"နော်လို့ ဒေါက်တာ"
"ပြီးကော"
စောက်ကလေးလေး လူကိုလာချွဲနေတယ်။ငါပြုံးသွားတာ မောင်မမြင်ချင် အမြန်အိမ်ထဲပြေးဝင်လိုက်သည်။
ငါ့ဘက်ကသာ ထင်နေပေမဲ့ ဒီအိမ်လေးကငါ့ကိုနွေးနွေးထွေးထွေးဆက်ဆံနေတုန်းပင်။မောင့်အခန်းထဲမှာ ငါနဲ့ပတ်သတ်တဲ့ပစ္စည်းတွေ ရှိနေတုန်းဘဲ..ဒီအိမ်ထဲမှာရှိနေရင် ငါ တကယ်ပျော်ရပါသည်။
မနက်နိုးတော့လဲ အရင်လိုမနက်စာပြင်ပေးထားပြန်သည်။ငါတကယ် ဘယ်လိုများခွဲခွါနိုင်မလဲ။
မနက်စာစားပြီးတော့ ငါပန်းကန်ဆေးနေတုန်း အော်သံတသံကြားလိုက်ရသည်။
"ဒေါက်တာ!! သားရေ လာပါအုန်း"
"ဗျာ မေမေ သားလာပြီ"
အသံက မောင့်အခန်းထဲကအသံဖြစ်တာကြောင့် ငါအမြန်ဆုံးပြေးသွားလိုက်သည်။
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"
"နာလို့"
"ဘယ်နားလဲ ဒဏ်ရာကလား"
"ဟုတ်တယ်"
ငါသေချာကြည့်ပေးတာ ဆေးပြန်ထည့်ပေးပြီး ဂရုစိုက်ပေးနေရသည်။
"တော်ပါသေးတယ် ဒေါက်တာလေးရှိလို့ သားသာမရှိရင်ဘယ်လိုလုပ်ရမလဲ"
"ကျတော့်ကိုဖုန်းဆက်လိုက်လေ မေမေ"
"မဖြစ်ပါဘူး သားကို ဒေါက်တာနဲ့အတူတူခေါ်သွားလိုက်နော်"
"ဟမ် ဘယ်လို"
မေမေကပါ အတင်းခေါ်သွားဖို့ပြောနေတာကြောင့် ငါ နောက်ဆုံးလက်ခံလိုက်ရသည်။
အိမ်ပြောင်းမှာမို့ ငါ ပြင်ဆင်နေရတာကြောင့် တနေကုန်မနားရ နောက်နေ့အိမ်ပြောင်းတော့လဲ ထပ်ပင်ပန်းသည်။ဒီကြားထဲ ဒဏ်ရာနဲ့လူကိုလဲ ဂရုစိုက်ပေးရသေးသည်။
"ပင်ပန်းလိုက်တာ"
"ပင်ပန်းရင်နားနေလေ ကျတော်လုပ်လိုက်မယ်"
"မင်းဒဏ်ရာကိုသာမင်းဂရုစိုက်"
"အေးဆေးပါဗျ ရပါတယ်"
"ထိုင်နေစမ်းပါ ငါ့ဘာငါလုပ်လိုက်မယ်"
"အာ့ဆို ပြီးမှမငြီးနဲ့နော် ဒေါက်တာ"
ငါမျက်စောင်းထိုးလိုက်ကာ ဘာမှမပြောဘဲ အကုန်လုပ်ပြလိုက်သည်။တနေကုန်လုပ်နေရတာကြောင့် ငါ့ဗိုက်ကဆာလာသည်။ဘာမှလဲစားစရာမရှိတာကြောင့် မှာစားဖို့ပြင်လိုက်သည်။
"ဒေါက်တာ ဘာလုပ်မလို့လဲ"
"ဗိုက်ဆာလို့ မှာစားမလို့ ဒါနဲ့မင်းပစ္စည်းတွေနေရာချပြီးပြီလား"
"ပြီးပြီ ဒေါက်တာ မမှာနဲ့ကျတော်အိမ်ကနေယူလာတယ်"
"ဟုတ်ပြီလေ"
ငါတို့အတူတူ ထမင်းစားရင်း စကားအတူပြောမိသည်။
"မောင်"
"ဗျာ"
"ငါ မောင့်ကိုချစ်တယ်နော်"
"ဟောဗျာ ရုတ်တရက်ကြီး"
"ပြောချင်လာလို့"
"ကျတော်လဲ ဒေါက်တာ့ကိုချစ်တယ်"
ဒီလိုမျိုး..ငါတို့နှစ်ယောက်ရဲ့ပထမဆုံး အိမ်လေးက အချစ်တွေနဲ့ပြည့်ဝနေခဲ့တယိ။____________________"မောင်"
"ဗျာ"
ငါကုတင်ပေါ်တက်လာရင်း ဘေးမှာဖုန်းနဲ့ဂိမ်းဆော့နေတဲ့ မောင့်ကိုခေါ်လိုက်ပြီး ဖုန်းကိုဆွဲယူလိုက်သည်။
"ဒေါက်တာ ဘာလုပ်တာလဲဗျ နိုင်တော့မှာ"
"မောင် ဂိမ်းဘဲဆော့နေတာဘယ်နှစ်နာရီရှိနေပြီလဲ"
"ဒါနောက်ဆုံးတပွဲပါဘဲနော်"
"စာမေးပွဲရှိတယ်လေကွာ ဒါကအရေးအကြီးဆုံးနော် မောင် မပေါ့နဲ့"
"ဒေါက်တာကလဲဗျာ"
"စာမေးပွဲပြီးမှပြန်ဆော့ပါနော် လိမ်မာတယ်မလား"
"ဟုတ်ပါပြီ"
မောင်ကငါ့စကားနားထောင်စွာ စာကြည့်စားပွဲပေါ်နေရာယူပြီး စာစကြည့်သည်။ငါက အလိုက်သိစွာ မောင့်အတွက် သံပုရာရည်ပြင်ပေးလိုက်သည်။
"လိုတာရှိရင် ငါ့ကိုပြောနော် မောင်"
"အားမရှိတော့လို့ အာဘွားလေးပေးပါအုန်း"
"ဟောဗျာ ရမှာပေါ့ အာဘွား"
"ဒေါက်တာ မောင့်ကိုဘာဖြစ်စေချင်လဲ"
"အဲ့လိုတော့မရှိပါဘူး ဒါပေမဲ့အမှတ်တော့များစေချင်တာပေါ့ မောင်ကောဘာဖြစ်ချင်လဲ"
"ဒေါက်တာ့လို ဆရာဝန်ဖြစ်ချင်တယ်"
"အဲ့ဒါဆို ဂိမ်းထိုင်ဆော့နေရမှာမှမဟုတ်တာ တော်ပြီ စာလုပ်တော့"
"Krub"
အဲ့နေ့ကနေ စာမေးပွဲရောက်တဲ့အထိ ငါ စာလုပ်ခိုင်းကာ နားမလည်တဲ့စာတွေကိုလဲငါရှင်းပြသည်။မောင် စားချင်တာတွေလဲ အကုန်ကျွေးရသည်။ဒါပေမဲ့ ငါ့မှာမမောပေ။
ညတိုင်း ဘုရားရှိခိုးပြီး သေချာဖြေနိုင်ဖို့ဆုတောင်းရတာလဲအမော။
Exam နေ့ရောက်တော့ ငါ့မှာ ဖြေနိုင်ဖို့ ဖင်ထောင်ဆုတောင်းပေးရသည်။ငါ ဖြေခဲ့တုန်းကအချိန်တွေကိုတောင်ပြန်သတိရမိသည်။
ဒါပေမဲ့ မောင်က ငါ "ဖြေနိုင်တယ်မလား"လို့မေးတိုင်း "အဲ့ကိစ္စကိုမေ့ထားကြရအောင်" လို့ဖြေတာကြောင့် ငါစိတ်ပူလာသည်။
"ဒေါက်တာရဲ့မောင်ပါ ယုံကြည်လိုက်"
"အေးပါကွာ"
စာမေးပွဲပြီးတော့ မောင်က ဂိမ်းကိုပြန်ဆော့လာသည်။ငါလဲ မဆူတော့ဘဲ ဖုန်းကိုဘဲအာရုံစိုက်နေလိုက်သည်။
"Congratulations"
"ဗျာ"
"ဆေးကျောင်းဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်ဗျ"
"ဟေး တကယ်လား"
ငါပြောမှ ဂိမ်းကနေချက်ချင်းထွက်ကာ ကမန်းကတန်းသွားရှာနေသည်။
"ဒေါက်တာ တကယ်ကြီးဗျ!!"
ငါ့အား လာဖက်ကာ တချက်တချက်နမ်းရင်း ပြောသည်။ငါ မောင့်အားပြန်ဖက်ကာ ချီးကျူးလိုက်သည်။
"ငါ့မောင်ကတော်လိုက်တာ"
"ခန ကျတော် fourth ကိုဖုန်းဆက်လိုက်အုန်းမယ်"
ငါ့အားပြောပြီး ဖုန်းပြောနေတဲ့ winny ကြားထဲ ငါ့အတင်းတွေပါတုပ်နေသေးသည်။လူတွေများပြောင်းလဲလွယ်လိုက်တာ။
"ဒေါက်တာ ကျတော် fourth တို့ကိုခေါ်ထားတယ်"
"ဟုတ်ပြီလေ"
သူတို့ တက္ကသိုလ်တောင်အတူတူတက်ကြအုန်းမယ်ထင်ပါတယ်။
ညရောက်တော့ ဟိုအတွဲရောက်လာသည်။ငါနဲ့ gemini ကတဖက် သူတို့နှစ်ယောက်ကတဖက် စကားထိုင်ပြောနေကြသည်။
"မင်းရဲ့ဆရာက စာမေးပွဲတုန်းကဘယ်လိုဖိထားလဲ မင်းကို"
"ငါမူးတောင်လဲတယ်ကွ ဆရာတွေကိုတွဲရတာအဲ့တချက်တော့နောင်တရတယ် ငါတကယ်အဲ့အချိန်တွေပြန်မရောက်ချင်ဘူး"
"ဟားဟား လို့မရီနိုင်ပါဘူးကွာ ဒေါက်တာကလဲငါ့ကိုစာကြည့်စားပွဲကမထခိုင်းဘူး"
"အတူတူဘဲကို ဒါနဲ့ဘာလို့ဆေးကျောင်းလျှောက်တာလဲ"
"မငိးကကောဘာလို့ ဥပဒေကိုယူတာလဲ ငါတို့အတူတူ အင်ဂျင်နီယာလုပ်မှာဆို"
"မင်းအရင်သစ္စာဖောက်တာလေ"
"ဟျောင့် အကုန်အတူတူဘဲကို ထိုင်ကြမယ် ဟိုမှာကြည့်နေပြီ"
Winny တို့ထပြီး ရန်ဖြစ်နေတာကို satang တို့ကြည့်နေတာကြောင့် fourth ကပြောလိုက်တာပင်။
တဖက်မှာလဲ ဆရာနဲ့ဒေါက်တာတို့စကားပြောနေကြသည်။
"Fourth ဘယ်ကျောင်းလျှောက်ထားတာလဲ"
"Law တဲ့ winny ကကော"
"ဆေးကျောင်း"
"ဒေါက်တာ့ရဲ့ ဒေါက်တာပေါ့"
"ဆရာ့ရဲ့ ရှေ့နေ့လေး"
ငါတို့ အပြန်အလှန်စနောက်ပြီး ငါတို့ရဲ့ ဒေါက်တာနဲ့ရှေ့နေ့ကိုကြည့်လိုက်သည်။
မချစ်တတ်ခဲ့တဲ့ နှလုံးသားတစ်စုံက နူးညံ့ကြင်နာတဲ့ နှလုံးသားတစ်စုံနဲ့ထိတွေ့ကာထပ်တူကျခဲ့တော့ ခုန်မင်နေတဲ့ နှလုံးခုန်သံတွေများ ချိုမြိန်လိုက်ပုံများ မကြားဘဲမနေနိုင်လောက်အောင်ပင်။___________________________ဒေါက်တာနဲ့ဆရာတို့ကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။ဒီတပုဒ်ကိုတိုတိုလေးရေးမယ်စဉ်းစားထားတာ ဆွဲဆန့်ရင်းရှည်သွားခဲ့တာ🫥
နောက်လာမဲ့ Fic တွေကိုလဲအားပေးကြပါအုန်းဗျ28.10.2024
Zawgyi
"ကလေး"
"ကလေးလေး"
"......"
"ကလေးလေးလို့"
"မထသေးဘူးလား"
"ထတော့လေ"
"အိပ်ချင်တုန်းလို့"
"ဟုတ်ပါပြီဗျာ"
"ကလေးရေ မထသေးဘူးလား"
"ထပြီ ထပြီဗျာ"
"Krub mae"
"ဟမ် ကျတော်လား"
"အား fourth!! နာတယ်"
"Fourth ကလေး"
"ဗျာ"
"သွားမယ်လေ phi"
"ဟေးး winny"
"ဘယ်ကောင်လဲကွ"
"ဟားဟား"
"မင်းဘာစားပြီးပြီလဲ"
"Phi"
"ဗျာ"
"ကိုယ်ဝင်စရာရှိလို့"
"အခုပြောပြီလေ ခနပါဘဲ"
"အင်းပါ ပြီးကော"
"Phi ဒါဘာတွေလဲ ဟမ်"
"ဒါဘာလဲ phi"
"ဖွင့်ကြည့်လေ"
"Phi.."
"ဟင့်အင်း မနာပါဘူးဗျ"
"တခုခုလိုနေလို့လား"
"ဟမ် ဘာကိုလဲ"
"ဘာလိုတာလဲ phi"
"ဒါလေးလေ"
"Phi! ဒါက ကျတော့်ကို.."
"Phi! Mae ရှိတယ်လေ"
"ဟာ Mae ကလဲ"
"ငါကမိန်းမနဲ့လေ"
"ဒေါက်တာ မစနဲ့ဗျာ"
"မင်းက ငါ့ယောကျာ်းလေ"
"ဟမ် ဘယ်လို! ဒေါက်တာ.."
"ဟမ်..အတူတူဘဲကို"
"ဟုတ်ပါတယ် မတူပါဘူး"
"ဗျာ.."
"ကျေးဇူးပါ"
"ဟင့်အင်း"
"မဟုတ်ပါဘူး"
"မောင်..."
"အဟွတ်"
"Krub"
"မောင် မင်းမှတ်မိလား"
"ဘာကိုလဲဗျ"
"မှတ်မိပါတယ်"
"ဟုတ်တယ်"
"မရဘူး"
"ကျတော်လဲလိုက်နေမယ်"
"ခေါင်းမမာနဲ့"
"အင်းလေ"
"မောင်ရာ မဆိုးစမ်းနဲ့"
"ထပ်မထိခိုက်စေရပါဘူး"
"မင်းအမေနဲ့အဖေကကော"
"အာ..."
"အာဘွားပေးမှာလား"
"ပေးစရာလား"
"ဒေါက်တာကလဲဗျာ"
"အိမ်ပြန်မလို့"
"မောင်ရာ..."
"နော်လို့ ဒေါက်တာ"
"ပြီးကော"
"ဗျာ မေမေ သားလာပြီ"
"နာလို့"
"ဘယ်နားလဲ ဒဏ်ရာကလား"
"ဟုတ်တယ်"
"ဟမ် ဘယ်လို"
"ပင်ပန်းလိုက်တာ"
"အေးဆေးပါဗျ ရပါတယ်"
"ဟုတ်ပြီလေ"
"မောင်"
"ဗျာ"
"ဟောဗျာ ရုတ်တရက်ကြီး"
"ပြောချင်လာလို့"
"ဗျာ"
"ဒေါက်တာကလဲဗျာ"
"ဟုတ်ပါပြီ"
"Krub"
"အေးပါကွာ"
"Congratulations"
"ဗျာ"
"ဟေး တကယ်လား"
"ဒေါက်တာ တကယ်ကြီးဗျ!!"
"ဟုတ်ပြီလေ"
"Law တဲ့ winny ကကော"
"ဆေးကျောင်း"
"ဆရာ့ရဲ့ ရှေ့နေ့လေး"
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)