13
19:58, 22 October 2024ဒီနေ့ဟာ သတ်မှတ်ခံထားရတဲ့နေ့...သူ သေဆုံးဖို့အတွက် သတ်စရာမလိုဘဲ ကြည့်နေရုံနဲ့တင် သေစေနိုင်တဲ့ မြင်ကွင်း...
ငါ့မှာ ရွေးချယ်စရာရှိခဲ့ပါတယ်။ဒါပေမဲ့ နောက်ဆုံးအနေနဲ့ ဒေါက်တာ့ကိုသူမြင်ချင်ခဲ့တယ်။
သတို့သားဝတ်စုံနဲ့ ဒေါက်တာဟာဘယ်လိုပုံလေးများဖြစ်နေမလဲ winny သိချင်တယ်လေ။ဒါကြောင့် ထိုမဂ်လာပွဲကိုသွားဖို့ဆုံးဖြတ်လိုက်သည်။
ဒါဟာ ဒေါက်တာ့ရဲ့ရွေးချယ်မှုကြောင့်လဲ ပါပါသည်။
"Winny ပိန်သွားတယ်နော်"
မတွေ့ရတဲ့အတောအတွင်း ငါ့ဒေါက်တာကဘာမှပြောင်းလဲမသွားဘူးထင်နေပေမဲ့ ငါ့အပေါ်ကိုတော့ပြောင်းလဲသွားတာဘဲ။
"ဒေါက်တာ..ဒီနေ့အရမ်းကြည့်ကောင်းတယ်နော်"
သတို့သားဝတ်စုံနဲ့ကြည့်ကောင်းနေတဲ့ ငါချစ်ရတဲ့ဒေါက်တာကို ငါ ချီးကျူးလိုက်သည်။
ပိန်သွားတယ် တဲ့ မဂ်လာပွဲကိုသိပြီးထဲက အသေအချာလဲအိပ်မရကာ အစားလဲမဝင်တော့ဘူးလေ။ဘယ်သူကများဒီလိုအခြေအနေမျိုးမှာအိပ်ပျော်မှာလဲ...ဒေါက်တာ့လိုလူမျိုးကကောအိပ်ပျော်နိုင်မှာလား?
"ကျန်းမာရေးကိုဂရုစိုက်သင့်တယ်"
"ဒေါက်တာ..."
"ဗျာ"
"ကျတော်နဲ့အတူသွားကြရအောင်"
"ဘာကိုလဲ winny"
"ကျတော်တို့အတူထွက်ပြေးကြရအောင်"
"ငါ မလိုက်နိုင်ဘူး"
"ဒေါက်တာ ဒါလေးတောင်မစွန့်စားပေးနိုင်ဘူးလား"
"Winny! တော်လိုက်တော့"
မျက်နှာတည်ကာ ပြောနေတဲ့ ဒေါက်တာ့ကြောင့် ငါ့မှာပြောစရာပင်မရှိတော့။
"ငါမင်းအပေါ်ဘာစိတ်မှမရှိတော့ဘူး"
"ဒေါက်တာ..."
"မင်းကို မောင် လို့မခေါ်တော့ထဲက မင်းမသိဘူးလား မင်းကိုချစ်တဲ့ ဒေါက်တာမဟုတ်တော့ဘူး"
"အင်း ကျတော်သိပြီ မဂ်လာပွဲအတွက် ဂုဏ်ပြုပါတယ် ဒေါက်တာ ပျော်ရွှင်ပါစေ"
"ငါ တောင်းပန်ပါတယ်"
တောင်းပန်ပါတယ် တခွန်းနဲ့ ဒေါက်တာဟာ ငါ့ကိုသတ်ပစ်ပြီး သွေးအေးစွာထွက်သွားသည်။
ဘယ်လိုစည်းရုံးချက်တွေနဲ့မြူဆွယ်မှုတွေကြောင့် အခုလောက်ထိဖြစ်သွားရတာလဲ။ဒါမှမဟုတ် ဒေါက်တာ ဟန်ဆောင်နေခဲ့တာလား။
အပြုံးချိုချိုနဲ့ ငါ့ရဲ့ ဒေါက်တာ ဘယ်ရောက်သွားပြီလဲ??
မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ကာ ခန်းမအလယ်မှာ ဝင်ထိုင်လိုက်သည်။
"အဆင်ပြေရဲ့လား"
ငါ့ဘေးက fourth က ငါ့ပုခုံးအားဖက်ကာ မေးသည်။
"အင်း ငါအဆင်ပြေပါတယ်"
"ငါမင်းနဲ့အတူလိုက်သောက်ပေးပါ့မယ်"
Fourth ရဲ့စကားကြောင့် ငါ ပြုံးလိုက်သည်။
"Fourth ဘာတွေလျှောက်ပြောနေတာလဲ"
Fourth ငါ့ကိုပြောတဲ့စကားကြောင့် ဆရာက fourth ကိုပုတ်ကာပြောလိုက်တာပင်။
လျှောက်လမ်းကနေလျှောက်လာတဲ့ ဒေါက်တာက သိပ်လှတယ်။နောက်ဆုံးတော့ ငါ့ရဲ့အလှတရားလေးက သူ့ရဲ့လက်တွဲဖော်ကိုတွေ့သွားပြီထင်တယ်။
ဝမ်းနည်းစရာကောင်းတာက အဲ့လက်တွဲဖော်က ငါ ဖြစ်မနေခဲ့ဘူး။ဒါပေမဲ့လဲ စိတ်ရင်းနဲ့ဝမ်းသာပြီး ခန်းမထက်က အတွဲကို ဂုဏ်ပြုလက်ခုပ်တီးပေးမိတယ်။
ချစ်ခြင်းတွေကထပ်တူကျခဲ့ပေမဲ့ ဖူးစာကြိုးနီ ဆက်သွယ်မှုမခံရတဲ့ သူနှစ်ယောက်ဟာ ပေါင်းဖက်ဖို့ကံမပါဘူးဆိုတာ ငါသိလိုက်ပါပြီ၊
နောက်ဆုံးအနေနဲ့ ငါ့ပျော်ရွှင်ခြင်းလေးကိုကြည့်မိတယ်။ဒေါက်တာ သိပ်ကိုပျော်နေတယ်။ဒေါက်တာရဲ့အပြုံးတွေကနေ ငါသိနေတယ်။
နောက်ဘဝတွေမှာ ဒေါက်တာ နဲ့သက်ဆုံးတိုင် ပေါင်းဖက်ခွင့်ရတဲ့ သူက ငါဖြစ်ပါစေလို့ ဆုတောင်းရင်း မြတ်နိုးသူလေးကိုကျောခိုင်းထွက်ခဲ့တယ်။
သက်ဆုံးတိုင်ပေါင်းဖက်ရဖို့ ဆုတောင်းပေးပါတယ် ဒေါက်တာ....
ခန်းမဆောင်ထဲကထွက်လာလာချင်းမှာပင် အသိစိတ်တွေဟာ လွတ်ထွက်သွားသလို ငါ မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။________________________ဒီအပိုင်းက WS only ဘဲရေးထားတာပါဗျတိုတော့တိုသွားတယ် ဟဲဟဲ
Zawgyi
ဒီေန႔ဟာ သတ္မွတ္ခံထားရတဲ့ေန႔...သူ ေသဆုံးဖို႔အတြက္ သတ္စရာမလိုဘဲ ၾကည့္ေန႐ုံနဲ႔တင္ ေသေစနိုင္တဲ့ ျမင္ကြင္း...
ငါ့မွာ ေရြးခ်ယ္စရာရွိခဲ့ပါတယ္။ဒါေပမဲ့ ေနာက္ဆုံးအေနနဲ႔ ေဒါက္တာ့ကိုသူျမင္ခ်င္ခဲ့တယ္။
သတို႔သားဝတ္စုံနဲ႔ ေဒါက္တာဟာဘယ္လိုပုံေလးမ်ားျဖစ္ေနမလဲ winny သိခ်င္တယ္ေလ။ဒါေၾကာင့္ ထိုမဂ္လာပြဲကိုသြားဖို႔ဆုံးျဖတ္လိုက္သည္။
ဒါဟာ ေဒါက္တာ့ရဲ့ေရြးခ်ယ္မွုေၾကာင့္လဲ ပါပါသည္။
"Winny ပိန္သြားတယ္ေနာ္"
မေတြ႕ရတဲ့အေတာအတြင္း ငါ့ေဒါက္တာကဘာမွေျပာင္းလဲမသြားဘူးထင္ေနေပမဲ့ ငါ့အေပၚကိုေတာ့ေျပာင္းလဲသြားတာဘဲ။
"ေဒါက္တာ..ဒီေန႔အရမ္းၾကည့္ေကာင္းတယ္ေနာ္"
သတို႔သားဝတ္စုံနဲ႔ၾကည့္ေကာင္းေနတဲ့ ငါခ်စ္ရတဲ့ေဒါက္တာကို ငါ ခ်ီးက်ဴးလိုက္သည္။
ပိန္သြားတယ္ တဲ့ မဂ္လာပြဲကိုသိၿပီးထဲက အေသအခ်ာလဲအိပ္မရကာ အစားလဲမဝင္ေတာ့ဘူးေလ။ဘယ္သူကမ်ားဒီလိုအေျခအေနမ်ိဳးမွာအိပ္ေပ်ာ္မွာလဲ...ေဒါက္တာ့လိုလူမ်ိဳးကေကာအိပ္ေပ်ာ္နိုင္မွာလား?
"က်န္းမာေရးကိုဂ႐ုစိုက္သင့္တယ္"
"ေဒါက္တာ..."
"ဗ်ာ"
"က်ေတာ္နဲ႔အတူသြားၾကရေအာင္"
"ဘာကိုလဲ winny"
"က်ေတာ္တို႔အတူထြက္ေျပးၾကရေအာင္"
"ငါ မလိုက္နိုင္ဘူး"
"ေဒါက္တာ ဒါေလးေတာင္မစြန့္စားေပးနိုင္ဘူးလား"
"Winny! ေတာ္လိုက္ေတာ့"
မ်က္ႏွာတည္ကာ ေျပာေနတဲ့ ေဒါက္တာ့ေၾကာင့္ ငါ့မွာေျပာစရာပင္မရွိေတာ့။
"ငါမင္းအေပၚဘာစိတ္မွမရွိေတာ့ဘူး"
"ေဒါက္တာ..."
"မင္းကို ေမာင္ လို႔မေခၚေတာ့ထဲက မင္းမသိဘူးလား မင္းကိုခ်စ္တဲ့ ေဒါက္တာမဟုတ္ေတာ့ဘူး"
"အင္း က်ေတာ္သိၿပီ မဂ္လာပြဲအတြက္ ဂုဏ္ျပဳပါတယ္ ေဒါက္တာ ေပ်ာ္ရႊင္ပါေစ"
"ငါ ေတာင္းပန္ပါတယ္"
ေတာင္းပန္ပါတယ္ တခြန္းနဲ႔ ေဒါက္တာဟာ ငါ့ကိုသတ္ပစ္ၿပီး ေသြးေအးစြာထြက္သြားသည္။
ဘယ္လိုစည္း႐ုံးခ်က္ေတြနဲ႔ျမဴဆြယ္မွုေတြေၾကာင့္ အခုေလာက္ထိျဖစ္သြားရတာလဲ။ဒါမွမဟုတ္ ေဒါက္တာ ဟန္ေဆာင္ေနခဲ့တာလား။
အျပဳံးခ်ိဳခ်ိဳနဲ႔ ငါ့ရဲ့ ေဒါက္တာ ဘယ္ေရာက္သြားၿပီလဲ??
မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္းသုတ္ကာ ခန္းမအလယ္မွာ ဝင္ထိုင္လိုက္သည္။
"အဆင္ေျပရဲ့လား"
ငါ့ေဘးက fourth က ငါ့ပုခုံးအားဖက္ကာ ေမးသည္။
"အင္း ငါအဆင္ေျပပါတယ္"
"ငါမင္းနဲ႔အတူလိုက္ေသာက္ေပးပါ့မယ္"
Fourth ရဲ့စကားေၾကာင့္ ငါ ျပဳံးလိုက္သည္။
"Fourth ဘာေတြေလၽွာက္ေျပာေနတာလဲ"
Fourth ငါ့ကိုေျပာတဲ့စကားေၾကာင့္ ဆရာက fourth ကိုပုတ္ကာေျပာလိုက္တာပင္။
ေလၽွာက္လမ္းကေနေလၽွာက္လာတဲ့ ေဒါက္တာက သိပ္လွတယ္။ေနာက္ဆုံးေတာ့ ငါ့ရဲ့အလွတရားေလးက သူ႔ရဲ့လက္တြဲေဖာ္ကိုေတြ႕သြားၿပီထင္တယ္။
ဝမ္းနည္းစရာေကာင္းတာက အဲ့လက္တြဲေဖာ္က ငါ ျဖစ္မေနခဲ့ဘူး။ဒါေပမဲ့လဲ စိတ္ရင္းနဲ႔ဝမ္းသာၿပီး ခန္းမထက္က အတြဲကို ဂုဏ္ျပဳလက္ခုပ္တီးေပးမိတယ္။
ခ်စ္ျခင္းေတြကထပ္တူက်ခဲ့ေပမဲ့ ဖူးစာႀကိဳးနီ ဆက္သြယ္မွုမခံရတဲ့ သူႏွစ္ေယာက္ဟာ ေပါင္းဖက္ဖို႔ကံမပါဘူးဆိုတာ ငါသိလိုက္ပါၿပီ၊
ေနာက္ဆုံးအေနနဲ႔ ငါ့ေပ်ာ္ရႊင္ျခင္းေလးကိုၾကည့္မိတယ္။ေဒါက္တာ သိပ္ကိုေပ်ာ္ေနတယ္။ေဒါက္တာရဲ့အျပဳံးေတြကေန ငါသိေနတယ္။
ေနာက္ဘဝေတြမွာ ေဒါက္တာ နဲ႔သက္ဆုံးတိုင္ ေပါင္းဖက္ခြင့္ရတဲ့ သူက ငါျဖစ္ပါေစလို႔ ဆုေတာင္းရင္း ျမတ္နိုးသူေလးကိုေက်ာခိုင္းထြက္ခဲ့တယ္။
သက္ဆုံးတိုင္ေပါင္းဖက္ရဖို႔ ဆုေတာင္းေပးပါတယ္ ေဒါက္တာ....
ခန္းမေဆာင္ထဲကထြက္လာလာခ်င္းမွာပင္ အသိစိတ္ေတြဟာ လြတ္ထြက္သြားသလို ငါ ေျမျပင္ေပၚသို႔လဲက်သြားခဲ့သည္။________________________ဒီအပိုင္းက WS only ဘဲေရးထားတာပါဗ်တိုေတာ့တိုသြားတယ္ ဟဲဟဲ
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)





