12
18:07, 21 October 2024"မင်းတို့အခြေအနေဘယ်လိုလဲ"
Winny အမေးကိုသူခေါင်းခါ၍သာ ဖြေလိုက်သည်။
"အဆင်မပြေဘူးလား"
"အင်း"
"ဆရာနဲ့အတူတူလိုက်လာတာဆို ကားပေါ်မှာဘာမှမပြောဘူးလား"
"အင်း စကားမပြောတတ်တော့ဘူးလားမသိဘူး"
"မင်းရှောင်နေတာတော့ သူသတိထားမိလား"
"အကလေ့ကျင့်နေတုန်း လာမေးတယ်"
"မင်းဘာပြောလိုက်လဲ နေဦး မင်းကဘာလို့အကလေ့ကျင့်တာလဲ"
"မသိဘူးလေ အတန်းခေါင်းဆောင်က ဆရာတွေကထည့်လိုက်တယ်ဆိုလို့"
"အဲ့ကောင်ကိုမင်းယုံလား"
"မယုံပါဘူး ဒါမဲ့ မင်းလင်ရဲ့သူငယ်ချင်းကသူ့ရုံးခန်းထဲခေါ်ထားလို့ အကလေ့ကျင့်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မသွားဘဲနေနေတာ"
"မင်းကို ဆရာကရုံးခန်းထဲခေါ်တယ်ပေါ့"
"အင်း ငါအကြောင်းပြချက်တွေရှာပြီးမသွားတာ"
"ဘာလို့လဲ"
"လင်ရပြီးတော့မှ အမေးအမြန်းထူလိုက်တာ winny ရာ"
"ပိတ်ရိုက်ပလိုက်ရ ဒါနဲ့ ငါ ဟိုကိစ္စ ဒေါက်တာ့ကိုပြောလိုက်တယ်"
"ဘာကိစ္စလဲ"
"ဟိုအဒေါ်ကြီးငါတို့ကိုလာပြောတဲ့ကိစ္စလေ"
"လိ့ ငါမင်းကိုမပြောဖို့မှာထားတာလေကွာ"
"အဲ့အဒေါ်ကြီးပြောသွားတဲ့စကားတွေကြောင့် မင်းဆရာ့ကိုရှောင်နေတာမလား ငါမယုံလို့ဒေါက်တာ့ကိုပြန်မေးထားတယ်"
"အဲ့တော့ ဘာပြောင်းသွားမှာမို့လို့လဲ မင်းလိုကောင်က လင်ကိုအကုန်ပြန်ပြောတာမေ့သွားတယ်"
"လိ့ မေလိုး"
Winny စေတနာနဲ့မတန်တဲ့ကောင်ကိုဆဲနေတုန်း အနောက်ကအသံတသံကြားလိုက်သည်။
"Fourth ကိုယ်နဲ့စကားပြောရအောင်"
"ဟင့်အင်း"
"ဘာဟင့်အင်းလဲ ပြောလိုက် ငါရှောင်ပေးမယ်"
Winny ပြောကာ ဆရာ့ကို ဖိုက်တင်း လုပ်ပြီး ထွက်သွားပေးလိုက်သည်။
"နေအုန်းလေ winny"
Fourth တယောက် winny အားအော်ခေါ်ပေမဲ့ မသိချင်ယောင်ဆောင်ကာထွက်သွားသောကြောင့် လိုက်သွားဖို့ပြင်လိုက်သည်။
"Fourth"
ထွက်သွားဖို့ပြင်တော့ ငါ့ကိုဆွဲထားတဲ့လက်တစ်စုံ...
"ကျတော့်ကိုလွှတ်"
"ကိုယ့်ကိုဘာလို့ရှောင်နေတာလဲ"
"ကျတော်မရှောင်ပါဘူးဆိုဗျာ လွှတ်လို့"
ငါ့လက်ကိုဆွဲထားတာကြောင့် ငါ နာနေပြီ။
"ကိုယ်အကုန်သိပြီးပါပြီ ရှင်းပြတာနားထောင်အုန်း"
"မရှင်းပြနဲ့ ကျတော်တို့ကဘာဆိုင်လို့ရှင်းပြနေတာလဲ ကျတော်နဲ့ဆရာကဘာဆိုင်လို့လဲ"
"ဒါဆိုမင်းကကော ဘာဆိုင်လို့ငါ့ကိုအခုလိုဆက်ဆံနေရတာလဲ fourth"
"ချစ်..ချစ်လို့ ဆရာ့ ကိုကျတော်ချစ်လို့ ဆရာတယောက်လိုမဟုတ်ဘဲ winny ကဒေါက်တာ့ကိုချစ်သလိုချစ်တာ"
ထိုစကားနဲ့ပင် ငါ့ကိုဆုပ်ကိုင်ထားတဲ့ phi ရဲ့လက်တွေက လျော့သွားသည်။
"ဆရာ့ ဘက်ကကျတော့်လိုမခံစားရဘူးဆိုတာသိပါတယ် ကျတော်ပြောခဲ့တာတွေကိုမေ့လိုက်လို့ရပါတယ် ဒီလောက်ဆို ဆရာသဘောပေါက်ပြီထင်တယ်"
သူ့လက်ကနေထွက်ပြေးသွားတဲ့ ကလေးကိုသူလိုက်ဖမ်းမနေတော့ပေ။phi ဆိုတဲ့နာမ်စားကနေ သူစိမ်းဆန်စွာ ဆရာ ဆိုတဲ့နာမ်စားကိုပြန်သုံးနှုန်းနေတာကိုတောင် သူမကြားချင်။
ကလေး တွေကိုစိတ်မဝင်စားတဲ့သူက ကလေးတယောက်ကြောင့် အချစ်ကိုခံစားတတ်လာပြီထင်ရသည်။သေချာတာက ကလေးတွေကိုစိတ်ဝင်စားတာမဖြစ်နိုင် ထိုကလေးက Fourth Nattawat ဖြစ်နေလို့ပေ။
အလာလမ်းတုန်းက လူနှစ်ယောက်ဖြင့် ပြည့်စုံနေတဲ့ ကားလေးက အခုအပြန်လမ်းမှာတော့ ငါတယောက်ထဲ ခြောက်ကပ်နေသည်။
ထိုကလေးရဲ့အိမ်ရှေ့မှာ ကားထိုးရပ်ကာ အရင်အချိန်တွေကိုတွေးမိသည်။
"လွမ်းလိုက်တာ..."
ချစ်မိသွားတော့လဲ ခက်လိုက်တာ.._______________________မိုးရာသီရဲ့ မနက်ခင်းဟာ အလွန်စိတ်ပျက်စရာပင်။
မိုးအေးအေးလေးနဲ့အိပ်ရမဲ့အစား အလုပ်ရှိတာကြောင့် ငါ ထရပြန်ပြီ။စိတ်ညစ်ညစ်နဲ့ထလာတဲ့အဆုံး ငါလူတယောက်အကြောင်းတွေးမိပြန်သည်။
အိပ်ချင်နေတဲ့စိတ်တွေသေဆုံးကာ ကျောင်းကိုအမြန်သွားပြီး ထိုလူနဲ့တွေ့ချင်စိတ်တွေကမွေးဖွားလာသည်။
ပြင်ဆင်မှုကိုခပ်မြန်မြန်လုပ်ကာ ကျောင်းကိုအမြန်ပြေးလာလိုက်သည်။Fourth ထီးမေ့ကျန်ခဲ့ရင် ကောင်းမယ်ဆိုတဲ့အတွေးလဲတွေးရင်းပေါ့။
ကားပါကင်ကာဝင်ရပ်ကာ ဟိုကြည့်ဒီကြည့်နဲ့ ငါ့ကလေးကိုငါရှာနေမိသည်။အတော်ကြာ ရှာနေပြီးနောက်မှာ ငါ့ကလေးကို winny နဲ့အတူတွေ့သည်။
"Satang လိုက်မလာဘူးလားကွာ"
ငါ ငြီးတွားလိုက်ရင်း ရပ်နေရလို့ညောင်းညာနေတဲ့ခြေထောက်ကိုထုရိုက်ကာ ရုံးခန်းကိုထွက်လာလိုက်သည်။____________________"ဒေါက်တာ လိုက်မပို့ဘူးလား"
ငါ့အိမ်ရှေ့လာကာ ကျောင်းအတူတူသွားမယ်ဆိုတဲ့ winny ကိုမေးလိုက်သည်။
"ဟင့်အင်း မနိုးသေးလို့"
"ဟုတ်လို့လား မထနိုင်တာမလား"
ငါ စပ်ဖြဲဖြဲနဲ့မေးလိုက်တော့ ငါ့ဘေးကကောင်မျက်နှာတွေနီရဲသွားသည်။
"ဘာတွေလာမေးနေတာလဲ"
"ဟုတ်နေတာဘဲကို"
ငါတို့စကားပြောနေတုန်း မိုးတွေအုပ်မိုင်းလာကာ မကြာပါ မိုးတွေရွာချလာသည်။ထီးမပါတာကြောင့် ဆရာဝန်ရီးစားရဲ့ထီးကိုကပ်ဆောင်းကာ ကျောင်းထဲဝင်လာလိုက်သည်။
"Fourth မင်းလင်ဟိုမှာစောင့်နေတယ်"
"ဘောကိုငါလင်လားကွ"
ကားနားက ဆရာ့ကိုတွေ့တာနဲ့ ငါ မနေ့ကဖွင့်ပြောခဲ့တဲ့ကိစ္စကို တွေးကာရှက်လာသည်။
"Winny..ငါလေ..ငါ"
"အေး ပြောလေ"
"ငါ ဆရာ့ကိုဖွင့်ပြောခဲ့တယ်"
"ဘာ!! ဆရာကပြန်ပြောလဲ"
"ငါမသိဘူး ငါ ပြောပြီးထွက်လာခဲ့တာ"
"ငါသွားမေးပေးမယ်"
"ဟေ့ကောင် မလုပ်နဲ့"
ငါ အဲ့ကောင်ကိုတားနေတုန်း အတန်းထဲကိုဆရာဝင်လာတာကြောင့် ငါတို့ရပ်သွားသည်။
အရှေ့မှာ စာသင်နေတဲ့ဆရာ့ကို ငါ မေးထောက်ကာကြည့်လိုက်သည်။အင်းပေါ့ ဒီလိုလူမျိုးက မိန်းကလေးနဲ့ဘဲလိုက်ဖက်ပါတယ်။
ငါမေးထောက်နေရင်း အိပ်ပျော်သွားသည်။ငါပြန်နိုးလာတော့ ဘေးမှာ winny လဲရှိမနေတော့။
"ဘယ်ရောက်သွားတာလဲဟ"
အတန်းချိန်ကြီးဖြစ်တာကြောင့် ငါဘယ်ကိုသွားရှာရမလဲမသိ။
"Fourth ငါနဲ့လာခဲ့"
အခုလဲ ဘယ်ကနေထွက်လာမှန်းမသိ ငါ့လက်ကိုဆွဲကာ ခေါ်သွားသည်။
"ဟေ့ကောင် အတန်းချိန်ကြီးကွ"
"ငါသိပါတယ်ဟ"
အကလေ့ကျင့်ခန်းထဲခေါ်လာတာကြောင့် ငါ ကြောင်သွားသည်။ဒီနေ့အကလေ့ကျင့်ဖို့မရှိပါဘူး။
"ဘာလုပ်ဖို့လဲ ငါအဆူမခံချင်ဘူးနော်"
"ငါ့ကိုယုံလိုက်စမ်းပါ ခန ငါပြန်လာခဲ့မယ်"
"ဘယ်သွားမလို့လဲ ငါတယောက်ထဲမနေရဲဘူး"
"တကယ်ခနဘဲ"
Winny ထွက်သွားပြီး မကြာ လူတယောက်ရောက်လာသည်။
"ဆရာ..."
"အင်း ကိုယ်ခေါ်လိုက်တာ"
"ဘာပြောစရာရှိလို့လဲ မရှိရင်ကျတော်သွားတော့မယ်"
"နေပါအုန်း ကိုယ်ပြောစရာရှိတယ်လေ"
"ပြောပါဗျ"
"အာ..မနေ့က fourth ပြောခဲ့တယ်လေ ကိုယ့်ကိုချစ်တယ်လို့"
"ဟုတ်..ဟုတ်တယ်လေ"
"အဲ့ဒါ...ကိုယ်.."
"ဘာ ဘာလဲ ဆရာ"
"ကိုယ်လဲ fourth ကိုချစ်တယ်"
"ဟမ် ဆရာတကယ်လား"
"အင်း တကယ်"
ငါ ဝမ်းသာအားရစွာပင် ဆရာ့ကိုပြေးဖက်လိုက်သည်။
"ကျတော် ဆရာ့ကိုအရမ်းချစ်တယ်နော်"
ငါ့ကို ပြန်လည်ပွေ့ဖက်ခြင်းတွေနဲ့အတူ နဖူးထပ်သို့ရောက်ရှိလာတဲ့ ဆရာ့ဆီကပထမဆုံးအနမ်း...
"ဆရာလဲ fourth ကိုအရမ်းချစ်ပါတယ်ဗျာ"_____________WS______________ပျင်းခြောက်ခြောက် ငါ့ရဲ့မနက်ခင်းတွေကိုနိုးထလာခဲ့တယ်။
Winny ကျောင်းသွားတာကြောင့် ငါ ဒီနေ့အိမ်မှာပျင်းနေသည်။အလုပ်လဲလုပ်စရာမရှိတာကြောင့် အိမ်အလုပ်ကူလုပ်ပေးရင်း လူတယောက်ဖုန်းဆက်တာကြောင့် ငါ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဘာပြောစရာရှိလို့လဲ Sam"
"Phi အခုဘယ်မှာလဲ"
"မင်းနဲ့မဆိုင်ပါဘူး"
"အိမ်က Phi ကိုလိုက်ရှာနေကြတာ...."
"ရှာမနေနဲ့တော့ ငါပြန်လာတော့မှာမဟုတ်လို့"
"Phi ယောကျာ်းတယောက်အတွက် အိမ်ကိုပါအဆက်အသွယ်ဖြတ်နိုင်တယ်ပေါ့"
"နေစမ်းပါအုန်း မင်းကအခုမှဘာတွေလာပြောနေတာလဲ"
"Phi ကိုပြန်လာစေချင်လို့ပါ"
"မင်း winny ကိုလိုချင်တာမလား"
ငါ့စကားကို ဟိုဘက်က အချိန်ခနတာ တုန့်ပြန်ခဲ့ခြင်းမရှိ။
"Phi ကျတော်နဲ့တွေ့ကြရအောင်"
Sam ရဲ့ချိန်းဆိုမှုကို ငါလက်ခံလိုက်ပြီး အိမ်ကနေထွက်လာလိုက်သည်။
Sam ရဲ့ချိန်းဆိုမှုက ငါတို့မိသားစုနောက်ဆုံးဝယ်ထားတဲ့အိမ်ပေ။
"ရောက်လာပြီလား အိမ်ထဲဝင်ပါအုန်း"
"မင်းပြောစရာရှိတာကိုပြော..အွန့်..."
ရုတ်တရက် ငါ့နှာခေါင်းကိုအဝတ်တခုနဲ့ အုပ်လိုက်တဲ့ Sam ကြောင့် ရှိသမျှအားအကုန်နဲ့ရုန်းနေပေမဲ့ မူးဝေလာတာကြောင့် ငါလဲကျသွားသည်။_________________________ဒေါက်တာ မရှိတဲ့ အသားမကျသေးတဲ့ ငါ့ရဲ့ နေ့ရက်တွေ။အရင်လို တယောက်ထဲအထီးကျန်နေတဲ့အချိန်တွေဆီပြန်မရောက်ချင်ပါ။
ငါသာအဲ့နေ့က ကျောင်းမသွားခဲ့ရင် ဆိုတဲ့အတွေးတွေက ငါ့ကိုနှိပ်စက်နေသည်။
စာလေးတဆောင်တောင်မချန်ထားခဲ့တဲ့ ဒေါက်တာ့ကိုလဲငါစိတ်တိုမိသည်။
ဒေါက်တာ့ရဲ့အိမ်ကိုနေ့တိုင်းသွားကြည့်ပေမဲ့ ဘာမှထူးခြားမလာပါ။စိတ်ညစ်ညစ်နဲ့ ဖုန်းထဲက ဒေါက်တာနဲ့ပုံတွေပြန်ကြည့်ရင်း ငါ ဒေါက်တာ့ရဲ့ညီကိုသတိရသွားသည်။
တုန့်ဆိုင်းမနေဘဲ Sam ကိုဖုန်းဆက်လိုက်သည်။ကိုင်ပါစေ ဆိုတဲ့မျော်လင့်ချက်နဲ့အတူ ပါးစပ်ကလဲ ကိုင်လိုက်ပါ ဆိုတာကိုတဖွဖွရေရွတ်နေမိသည်။
"ဟယ်လို"
"Sam ဒေါက်တာနဲ့အတူရှိနေလား"
"ကျတော့်ကိုဖုန်းဆက်တာ phi ကိုမေးမလို့လား Winny"
"အင်း ကျတော့်ကိုကူညီပါ ဒေါက်တာဘယ်မှာလဲဆိုတာသိတယ်မလား"
"ကျတော်မသိဘူး"
"Sam ကျတော့်ကိုပြောပြပါ..sam!!"
တဖက်ကဖုန်းချသွားပေမဲ့ ငါ မရပ်မနားဆက်ခေါ်နေမိသည်။
အိမ်ကိုပြန်ရောက်တော့ ဖုန်းမြည်လာတာကြောင့် ငါ ပျော်သွားပေမဲ့ ဆက်တဲ့လူက fourth ဖြစ်နေတာမို့ ငါ မျော်လင့်ချက်မဲ့သွားသည်။
ငါ့အိမ်ရှေ့ရောက်နေတယ် လို့ပြောတာကြောင့် ငါတံခါးသွားဖွင့်ပေးလိုက်သည်။
"ဆရာ မပါဘူးလား"
"မပါဘူး ငါတို့ ဒေါက်တာနဲ့တွေ့ခဲ့တယ်"
"ဟမ် ဘယ်မှာလဲ ငါအခုလိုက်ခဲ့မယ်"
"မင်းအိမ်ကိုလာတဲ့လမ်းမှာ ဖြတ်ခနဲတွေ့လိုက်တာ p'gem အခုလိုက်သွားတယ်"
"ငါလိုက်သွားမယ်လေ"
"ငါတော့ မင်းနားသင့်တယ်ထင်တယ်"
"မလိုပါဘူး ငါလိုက်သွားမယ်"
"အခုနောက်ကျနေပြီ winny ငါတို့မနက်ဖြန်သွားကြမယ်"
"ဒါပေမဲ့..."
"ငါမင်းကိုနားလည်ပါတယ် ဒါပေမဲ့ ငါ့ကိုလဲပြန်နားလည်ပေးစေချင်တယ်"
"အင်းပါ"
အရင်လိုအထီးကျန်တဲ့ညကို ကျော်ဖြတ်ကာ မနက်ဘက်ထိရောက်ရှိလာပြန်ပြီ။
ဒေါက်တာမရှိတဲ့နေ့တွေကို ဖြတ်သန်းနေရမဲ့အစား ငါ သေသာသေလိုက်ချင်ပါတယ်။
ဖုန်းကိုကောက်ကိုင်ကာ fourth တို့ကိုမဆက်ခင် sam ကိုအရင်ဆက်မိသည်။ဒီတခါလဲကိုင်မယ်လို့ မျော်လင့်မထားတာကြောင့် မကိုင်တာကို ငါအရေးတယူစိတ်မညစ်နေတော့ပါ။
ဖုန်း call အစား ရောက်ရှိလာတဲ့ message တဆောင်ကိုသာ ငါ့အာရုံတွေရောက်သွားသည်။
📨(Sam) - *Location* ညကျ ကျတော်နဲ့တွေ့ကြ ရအောင်
📨(Winny) - ဟုတ်ပြီ
Message ကိုစာပြန်ပြီးနောက် fourth ကိုဖုန်းဆက်ကာ လိုက်ခဲ့ဖို့ခေါ်လိုက်သည်။
ညရောက်တာနဲ့ ငါတို့ ဆရာ့ရဲ့ကားနဲ့ map အတိုင်း အတူထွက်လာခဲ့သည်။
"ဒါ ငါ satang ကိုတွေ့ခဲ့တဲ့နေရာဘဲ"
ဆရာ့ရဲ့ စကားကို fourth ကဝင်ထောက်ခံတာကြောင့် ငါပိုဝမ်းသာသွားသည်။ဒေါက်တာနဲ့ပြန်တွေ့ရတော့မယ်။
"ဟိုမှာ Sam ဆိုတာမလား"
"အင်း ငါတယောက်ထဲသွားလိုက်မယ်"
"အဆင်ပြေပါ့မလား"
"ပြေမှာပါ မင်းတို့ဒီကဘဲစောင့်နေလိုက်"
ငါ fourth ကိုပြောလိုက်ပြီး Sam ဆီထွက်လာခဲ့တယ်။
"တွေ့ချင်တာ ဘာပြောစရာရှိလို့လဲ"
"လူတယောက်နဲ့ပေးတွေ့ချင်လို့..."
Sam ရဲ့စကားအဆုံး ဒေါက်တာ့ကိုငါတွေ့လိုက်ရသည်။
"ဒေါက်တာ..ကျတော်အရမ်းလွမ်းနေခဲ့တာ ဘာလို့ထွက်သွားရတာလဲ"
ငါပြောပြီးဘယ်လောက်မှမကြာ ဒေါက်တာ့ဘေးကိုလူနှစ်ယောက်ရောက်လာကာ ဒေါက်တာ့ကိုပြန်ခေါ်သွားသည်။
"Sam..ခနလောက်ဘဲတွေ့ခွင့်ပေးပါ"
ဒေါက်တာ အော်ပြောနေတာကိုဂရုမစိုက်ဘဲ ထိုလူတွေက ဒေါက်တာ့ ဆွဲခေါ်သွားသည်။
"မင်းဘာတွေလုပ်နေတာလဲ ဒေါက်တာ့ကိုဘယ်ခေါ်သွားတာလဲ"
"ရော့.." ဆိုကာ ငါ့ဆီပစ်ပေးလာတဲ့ ဖိတ်စာတဆောင်
"ခများ ဒေါက်တာ့ရဲ့ မဂ်လာဆောင်"
ငါ မယုံတာကြောင့် ဖိတ်စာကိုဖွင့်ကြည့်လိုက်တော့ တကယ်ကို ဒေါက်တာနဲ့တခြားအမျိုးသမီးရဲ့မဂ်လာဆောင်ဖိတ်စာပင်။
"မင်းအကို ကိုဖမ်းပြီးအတင်းအကျပ်မဂ်လာဆောင်ခိုင်းတာလား"
"ဒါတွေအားလုံး phi ကိုယ်တိုင်ရွေးချယ်ခဲ့တာဘဲ winny"
"ဒေါက်တာကလား?"
"အမှန်ဆို ကျတော့်ကိုတောင် ခများကကျေးဇူးတောင်တင်ရမှာ"
"ဘာလို့လဲ"
"အဲ့နေ့က ကျတော်သာခများကိုဆေးမခတ်ခဲ့ရင် အခုလို phi ရဲ့ရီးစားဖြစ်ရမယ်ထင်နေလား။ Phi က မင်းနဲ့အတူနေလိုက်လို့သာ မင်းကိုတွဲလိုက်တာဘဲရှိတာ"
"မင်းကရူးနေလို့ ငါ့ကိုဆေးခတ်တာလား"
ငါ့စကားကိုကြားပြီး sam ခနမျက်လုံးပြူးသွားသည်။
"ကျတော်က winny ကိုအရင်စချစ်ခဲ့တဲ့သူပါ ဒါကို phi ကိုယ်တိုင်လဲသိသိရက်နဲ့ ခများကိုတွဲသွားတာလေ"
"ငါက ဒေါက်တာ့ကိုဘဲချစ်တာ ငါအမြဲကျောင်းဆေးခန်းကိုလာနေတယ်ဆို ဒေါက်တာ့ကိုတွေ့ချင်လို့ မင်းရဲ့ဘောလုံးအသင်းထဲပါခဲ့တာကလဲ ဒေါက်တာ့ကိုလိုက်ဖို့အတွက်ဘဲ sam"
"ကျတော်အဲ့ကိစ္စတွေကိုမသိချင်ပါဘူး ကျတော့်ရည်ရွယ်ချက်က ခများတို့ပြတ်ဖို့ဘဲ။မဂ်လာပွဲကျလာခဲ့နော် အဲ့ကျမှတွေ့ကြမယ်"
Winny စိတ်တိုလွန်းလို့ ပြောစရာပင်ပျောက်သွားသည်။
"မင်းကစောက်ရူးဘဲ sam"
Winny ရဲ့စကားကိုလျစ်လျူရှုကာ sam ထွက်သွားသည်။
သူသိတာပေါ့ အခုလိုတွေအပြောခံရမယ်ဆိုတာကို..ဒါပေမဲ့ ဒါကိုလုပ်ဖို့ဘဲရွေးချယ်ခဲ့တယ်။
မှားနေမှန်းသိတာတောင် ရဲရဲကြီးရွေးချယ်ခဲ့တာ နောင်တမရတာတော့အသေအချာပါဘဲ။
ဒါပေမဲ့ သူဘာလို့ဒါကိုရွေးချယ်ခဲ့လဲ ဆိုတာကိုတော့ မစဉ်းစားတတ်တော့ပါ။__________________________ဆရာတို့ကိုတွဲပေးလိုက်ပြီဆိုတော့ ဒေါက်တာတို့ကို se ဘဲလုပ်ရမလား😶[စာမစစ်ထားပါ]
Zawgyi
"အဆင်မပြေဘူးလား"
"အင်း"
"ဘာလို့လဲ"
"ဘာကိစ္စလဲ"
"လိ့ မေလိုး"
"ဟင့်အင်း"
"နေအုန်းလေ winny"
"Fourth"
"ကျတော့်ကိုလွှတ်"
"လွမ်းလိုက်တာ..."
"ဘာတွေလာမေးနေတာလဲ"
"ဟုတ်နေတာဘဲကို"
"ဘောကိုငါလင်လားကွ"
"Winny..ငါလေ..ငါ"
"အေး ပြောလေ"
"ဘာ!! ဆရာကပြန်ပြောလဲ"
"ငါသွားမေးပေးမယ်"
"ဟေ့ကောင် မလုပ်နဲ့"
"ဘယ်ရောက်သွားတာလဲဟ"
"Fourth ငါနဲ့လာခဲ့"
"ငါသိပါတယ်ဟ"
"တကယ်ခနဘဲ"
"ဆရာ..."
"ပြောပါဗျ"
"ဟုတ်..ဟုတ်တယ်လေ"
"အဲ့ဒါ...ကိုယ်.."
"ဘာ ဘာလဲ ဆရာ"
"ဟမ် ဆရာတကယ်လား"
"အင်း တကယ်"
"Phi အခုဘယ်မှာလဲ"
"မင်းနဲ့မဆိုင်ပါဘူး"
"ဟယ်လို"
"ကျတော်မသိဘူး"
"ဆရာ မပါဘူးလား"
"ငါလိုက်သွားမယ်လေ"
"ဒါပေမဲ့..."
"အင်းပါ"
📨(Winny) - ဟုတ်ပြီ
"ဟိုမှာ Sam ဆိုတာမလား"
"အဆင်ပြေပါ့မလား"
"ဒေါက်တာကလား?"
"ဘာလို့လဲ"
"မင်းကစောက်ရူးဘဲ sam"
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)





