Fanfics

8

20:19, 15 September 2024

အဆင့် ၆ - ကြိုက်နေကြောင်း ပြရမယ်

မနေ့တနေ့ကမှ သူ့ဒေါက်တာနဲ့ဖြစ်ခဲ့တဲ့ကိစ္စကို လာပြောတဲ့ winny ကြောင့် ငါအရမ်းနောက်ကျနေတာသိခဲ့ရသည်။

"အဆင့်တွေ ဘာတွေလုပ်မနေနဲ့ မင်းကြိုက်နေတာဖွင့်ချပလိုက်"

"ဖြစ်ပါ့မလား step by step လေ"

"ပုံမှန်လဲ အဆင့်နဲ့ငါတို့လုပ်တာတွေကကိုက်လို့လား တနေ့တာဖြစ်သမျှတွေကိုအဆင့်ဆိုပြီးကောက်တက်လိုက်တာဘဲကို"

"ဟဲဟဲ ငါလဲခေါင်းစဉ်တက်စရာမရှိလို့ပါ"

ငါ သွားဖြီးကာပြောပြလိုက်တော့ winny က ခေါင်းခါလျက် ငါ့ကိုပြောသည်။

"မင်းဆရာက တခါမှရီးစားမထားဖူးဘူးဆို အဲ့တာဆို ကောင်မလေးတွေသူ့နားလာရင် ရင်ခုန်လွယ်ပြီး ပါသွားအုန်းမယ်"

"ရီးစားမထားဖူးရင် ရင်ခုန်မလွယ်တာမဟုတ်ဘူးလား"

ငါ ထိုသို့ပြောလိုက်တော့ winny က အင်း အမ်း လုပ်နေသည်။

"ပြောစရာမရှိရင်လဲဖယ်တော့ ငါ အတန်းခေါင်းဆောင်ကိုစာရှင်းပြခိုင်းမလို့"

"ထူးထူးဆန်းဆန်းပါလား"

ငါ winny ပြောတာကိုဂရုမစိုက်ဘဲ စာရှင်းပြနေတာကိုသာ သေချာနားထောင်လိုက်သည်။ငါ နားထောင်နေတုန်း တခုခုကငါ့ကိုစိုက်ကြည့်နေသလိုခံစားရလို့ လှည့်ပတ်ကြည့်ရင်း ငါ့စားပွဲကိုတယောက်ယောက် ဝင်တိုက်သွားသည်။

"ချီး! Winny ဘောမို့ငါ့စားပွဲကိုလာတိုက်တာလား"

Winny ကအခန်းရှေ့ကိုပြေးထွက်လာတုန်း ငါ့စားပွဲခုံကိုဝင်တိုက်သွားခြင်းပေ။

"ဘာဘဲဖြစ်ဖြစ်ကွာ ဟိုမှာ ဒေါက်တာ လာနေလို့ တာ့တာ"

သူ့လင်က အခန်းရှေ့ရောက်လာတာနဲ့ ပြေးထွက်သွားတာကိုး...ခုံနဲ့ဝင်တိုက်မိတဲ့ သူခန္ဓာကိုယ် ကိုတောင်မပူနိုင်ဘူး။

"Fourth မင်းလဲလာ ဆရာလဲပါတယ်"

အခန်းရှေ့ရောက်မှ ဘေးက p'gem ကို မြင်ပြီး ငါ့အားပြန်လာ ဆွဲခေါ်လေသည်။

"Winny"

သူတို့ရှေ့ရပ်လိုက်တော့ phi က winny ကိုကြည့်ကာ ခေါ်သည်။

"ဗျာ..ဆရာ"

"ငါ့နောက်လိုက်ခဲ့"

"Krub"

ငါ ဘုမသိ ဘမသိအနောက်ကလိုက်သွားတော့ phi က လမ်းလျှောက်နေရင်း ငါ့ကိုလှည့်ကြည့်သည်။

"မင်းက winny လား"

"မဟုတ်ပါဘူး"

Fourth ပြန်ဖြေလိုက်သည်။

"မဟုတ်ရင် ဘာလိုက်လုပ်တာလဲ"

"ငါခေါ်သွားမယ် Nong လာ"

Phi က ငါ့ကိုဟောက်တော့ ဘေးကဒေါက်တာက ငါ့ ပုခုံးကိုပုတ်ကာခေါ်သွားသည်။

Phi ဘာဖြစ်နေတာလဲ??

"Nong fourth ထိုင်ပါအုန်း"

ငါ့ကို သူ့ဆေးခန်းက ထိုင်ခုံနားထိုင်ခိုင်းသည်။

"Gem ကိုဘယ်လိုသဘောထားလဲ"

"ဗျာ!! အာ ကျတော်က...ဆရာ့ကို...ဟို"

"Winny ပြောပြပြီးပါပြီကွ"

ဒေါက်တာ့စကားအဆုံး ငါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ချီး ခွေးကောင် winny!! မနေ့တနေ့ကမှရတဲ့ရီးစားကို အကုန်ပြောပြနေတယ်ပေါ့။

မထူးပါဘူး သိလက်စနဲ့မေးလိုက်တော့မယ်။

"သိရင် ကျတော့်ကို...အကြံပေးပါလား ဒေါက်တာဗျ"

"Phi လို့ဘဲခေါ်ပါကွ"

"Krub phi"

"Gem ကရီးစားတခါမှမထားဘူးလေ nong လဲသိမှာပေါ့"

"သိပါတယ်"

"သူက ကလေးတွေကိုစိတ်မဝင်စားဖူးလို့တော့ ခနခနပြောတယ်"

"ဟမ်! အဲ့တာဆိုမဖြစ်နိုင်တော့ဘူးပေါ့"

ငါ စိတ်ပျက်လက်ပျက်ပြောလိုက်တော့ ဒေါက်တာက ရယ်သည်။

"သူမင်းနဲ့ အတူရှိနေရတာ ပျော်ပါတယ် သူနဲ့နှစ်ယောက်ထဲရှိနေရင် သူရင်ခုန်အောင်လုပ်ကြည့်ပါလား"

"ဘယ်လိုလဲဗျ"

"အကြည့်ချင်းအကြာကြီးဆုံအောင်လုပ်တာတို့ ဖလစ်တာတို့"

"သူက ဖလစ်တာကောသိပါ့မလားဗျ"

"Nong မင်း ငါ့သူငယ်ချင်းကိုအဲ့လောက်မနှိမ်ပါနဲ့"

"အဲ့လိုသဘောမျိုးမဟုတ်ပါဘူး"

"မင်းသူ့ကိုချစ်ရင် မင်းသူ့အချစ်ကိုရအောင်ကြိုးစားရမယ်လေ"

"Krub phi ကျ​တော်ဒီနေ့ကစပြီး အကြည့်ချင်းဆုံအောင်လုပ်ပြီ"

"ဟာ မဟုတ်ဘူးလေ fourth"

Fourth ထိုသို့ပြောပြီးပြေးထွက်သွားတော့ satang မှာ ပါးစပ်လေးဟလျက် နောက်ကလိုက်အော်ရသေးသည်။

"နေအုန်းလေ အော် gem အူတိုနေတဲ့ကိစ္စတောင်မပြောလိုက်ရဘူး"

Fourth ပြေးကာ p'gem ရဲ့ရုံးခန်းဆီဝင်သွားလိုက်သည်။

အခန်းတံခါးကိုခေါက်လျက် ငါဖြေးဖြေးချင်းဝင်လာလိုက်သည်။ဝင်ဝင်ချင်း ငါကိုကျောပေး၍ phi ရှေ့မှာ ကုတ်ကုတ်လေးထိုင်နေသော winny ကိုကြည့်ကာ ငါ အသံတိတ်ရယ်မိသွားသည်။

"ဘာရယ်တာလဲ fourth"

Winny ကမေး၍ ငါဖြေလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

"မင်းဘာလာလုပ်တာလဲ"

ဒီတခါ phi အမေးပင်။

"အာ..ကျတော်..winny ကို p'satang ကခေါ်ခိုင်းလိုက်လို့လာခေါ်တာ"

"ဒေါက်တာခေါ်နေတာလား ဆရာ ကျတော်သွားလိုက်ပါအုန်း"

ဒေါက်တာ့နာမယ်ကြားတာနဲ့ ငါ့ကိုတောင်နှုတ်မဆက်ဘဲ အလင်းလိုအရှိန်နဲ့ပြေးသွားသည်။ဘယ်ထဲကသွားချင်နေလဲမသိဘူး။

ငါ winny အားရယ်နေတုန်း phi နဲ့အကြည့်ချင်းဆုံသွားသည်။မျက်မှန်တက်ထားတာတောင် phi ရဲ့မျက်ဝန်းတွေကို ငါရှက်မိသည်။

Phi ကအရမ်းချောသည်။

ငါ ရှက်သွားတာကြောင့် ထိုအခန်းထဲကထွက်သွားဖို့ပြင်လိုက်သည်။

"ဘယ်သွားမလို့လဲ"

ထိုအသံစူးရှရှတွေကြား ခြေလှမ်းတွေရပ်တန့်သွားခဲ့သည်။

"ကျတော် အတန်းထဲပြန်တော့မလို့ပါ"

"အော်..မင်းသူငယ်ချင်းကိုလဲပြန်သွားခေါ်အုန်း ခနနေအတန်းစတော့မယ်"

"ဟုတ်ကဲ့ပါဗျ"

Fourth ထွက်သွားပြီးနောက် Gemini သက်ပြင်းချမိသွားသည်။

ငါ မသွားစေချင်သေးဘူး။ဒါပေမဲ့ ငါ fourth ကို ပြောမထွက်ခဲ့ဘူး။

နေစမ်းပါဦး ငါကဘာလို့မသွားစေချင်တာလဲ?? ဘာလို့မသွားစေချင်ရမှာလဲ?? တော်ပြီ ရှုပ်တယ် စာသွားသင်တာဘဲကောင်းတယ်။_____________WS___________"ဘာ!"

ငါ Gemini ကို ဟိုကလေးနဲ့ကိစ္စပြောတော့ ထအော်လေသည်။

"ဘာဖြစ်တာလဲ"

"မင်းနဲ့ငါ အသက်၄၀အထိအိမ်ထောင်မပြုဘူးလို့ပြောထားတာလေ"

"အခုလဲအိမ်ထောင်ပြုတာမှမဟုတ်တာ..."

"လက်ထပ်မှာလေ ဘော"

"ငါက မင်းထပ်အရင်ရသွားတော့လဲ မတတ်နိုင်ဘူးလေကွာ"

"အဲ့ကလေးက မင်းကိုတကယ်ကောချစ်ရဲ့လား"

"......"

"အခုခေတ်ကလေးတွေကမယုံရဘူး မင်းသိလား"

"ငါသိပါတယ်"

"မင်းကလေးဆီ ငါ့ကိုခေါ်သွားပေး"

"ဘာလို့လဲ"

"ငါသူငယ်ချင်းကိုခွသွားတဲ့ကောင်လေးကို ငါစကားပြောကြည့်သင့်တာပေါ့"

"ဟေ့ကောင် အဲ့ကိစ္စကိုထည့်ထည့်မပြောနဲ့"

"ရှက်သွားတာလား ဒေါက်တာကြီးခမျ"

Gemini က ငါရှက်နေတာကိုလိုက်စတော့ ငါ အမြန် winny တို့အခန်းရှေ့ကိုပြေးထွက်သွားလိုက်သည်။

ဟိုရောက်တော့ ပြုံးနေတဲ့ Gemini မျက်နှာက ချက်ချင်းတည်သွားတာကို ငါသတိထားမိလိုက်သည်။သူကြည့်နေတဲ့ နေရာကိုလိုက်ကြည့်လိုက်တော့ winny ရဲ့သူငယ်ချင်း fourth ဆိုတဲ့ကလေးကို တခြားကလေးတယောက်ကစာရှင်းပြနေတာပင်။

"အူတိုနေတာလား gem"

"ဘောမို့ ငါကအူတိုရမှာလား ဘာတွေလာပြောနေတာလဲ"

"ငါမင်းနဲ့ပေါင်းလာတာ နှစ်တွေကြာနေပါပြီကွာ ငါသိတာပေါ့"

"ငါ ကလေးတွေကိုစိတ်မဝင်စားဘူး satang"

"ငါလဲမင်းကိုအဲ့လိုစကားမျိုးပြောခဲ့တာဘဲလေ အခု ငါလဲကလေးကိုလင်တော်မိသွားတာဘဲလေ"

"မင်းကအခွခံလိုက်ရတာလေ"

Gemini ကငါ့ပုခုံးပေါ်လက်တင်ကာ စတော့ ထိုလက်ကို satang ရိုက်ပလိုက်သည်။

"မင်းငါ့ကိုအခုလိုစနေမယ်ဆို မင်းလဲအခွခံရအောင် လုပ်ပစ်မယ်"

ငါ ကြိမ်းဝါးလိုက်တော့ ငါရိုက်ချလိုက်တဲ့ လက်ကို ကိုင်ရင်း အခန်းဘက်ကိုမေးငေါ့ပြသည်။

"မင်းဟာလေး လာနေပြီ ငါခေါ်သွားမှာမလို့ မင်းတိတ်တိတ်နေ"

ငါ သဘောပေါက်စွာခေါင်းငြိမ့်ပြလိုက်ပြီး winny ကို gemini နှင့်နှစ်ယောက်ထဲရှိစေရန် fourth ကို ပထုတ်ခဲ့လိုက်သည်။_____________________"ဆိုတော့ မင်းက ငါ့သူငယ်ချင်းနဲ့လက်ထပ်မဲ့ကလေးပေါ့"

ခင်ပွန်းလောင်းလေးဆီလာရမှ ရုတ်တရက်ကြီး အတန်းပိုင်ဆရာရဲ့ ခေါ်ဆောင်ခြင်းခံလာရပြီး သူခိုးဖမ်းသလိုမေးခွန်းတွေမေးခြင်းခံနေရသည်။

"Krub"

"မင်းက satang ကိုလိုက်နေတာကြာပြီဆို ဟုတ်လား?"

"ဟုတ်"

"ဘယ်ထဲကစကြိုက်တာလဲ"

"၁၁ တန်းနှစ်ကပါ"

"ဘယ်လိုတွေ့ခဲ့ကြတာလဲ"

"၁၁တန်းနှစ်က Fourth ချော်လဲတုန်း ဒေါက်တာကရောက်လာပြီး ဆေးလာထည့်ပေးတာ...အပြုံးကနူးညံ့တယ်"

"မင်းတကယ်သူ့ကိုချစ်တာလား"

"ကျတော် ဒေါက်တာ့ကိုတကယ်ချစ်တာပါဗျ"

ခေါင်းတငြိမ့်ငြိမ့်နဲ့ ငါ့ကို ကြည့်ကာအကဲခတ်နေတာမို့ နေရခက်သည်။fourth ကျေးဇူးပြုပြီးလာကယ်ပါ။

"မင်းအနေနဲ့...."

*ဒေါက် ဒေါက် ဒေါက်*

တ လိုက်တာနဲ့ရောက်လာတဲ့ စူပါဟီးရိုးကြီး!!ကျန်းမာပါစေ ချမ်းသာပါစေ သက်ကျော်ရာကျော်ရှည်ပါတယ် ဆရာ နဲ့လဲညားပါစေ ဖို့နထဝက်!!

Fourth ရောက်လာပြီး ဒေါက်တာခေါ်နေတယ်လို့ပြောတာကြောင့် ငါအပြေးအလွှားထွက်သွားလိုက်သည်။

ဒေါက်တာ့ကိုလဲတွေ့ချင်တာတကြောင်း fourth ကိုလဲ ဆရာနဲ့အတူထားခဲ့ချင်တာက တကြောင်းပေါ့။

"ဒေါက်တာ မွ"

ငါ့ ဆရာဝန်လေးရဲ့ ဆေးခန်းကိုသွားကာ ပါးပြင်လေးကိုအနမ်းပေးလိုက်သည်။

"Nong..."

အနမ်းပေးလိုက်သော ပါးလေးကို ကိုင်ကာ ငါ့ရဲ့ဒေါက်တာက ရှက်နေသည်။

"ဘာလို့နမ်းတာလဲ Nong"

"နမ်းလို့မရဘူးလား"

ငါ ထိုသို့ပြောလိုက်တော့ ဒေါက်တာ့ဟာ ပြုံးလာသည်။

"ဘာလို့ မရရမှာလဲ ကိုယ့်ချစ်သူကိုနမ်းတာဘဲကို"

ဒေါက်တာ့ရဲ့အပြောကြောင့် ငါရှက်သွားသည်။

"ဒါနဲ့ fourth ကိုခေါ်ပြီးဘာပြောတာလဲ"

"Fourth ကိုလား...ဟိုကောင့်ကိုလိုက်ဖို့ မိုတီပေးတာပါ"

"အဲ့လိုလား" လို့ ငါမေးတော့ ဒေါက်တာဟာ ခေါင်းငြိမ့်ပြသည်။

"ချစ်ဖို့ကောင်းတယ် ကျတော့်ရဲ့ဒေါက်တာလေး"

ငါ ပြောရင်း ဒေါက်တာ့အားဖက်လိုက်သည်။

"အမယ် ချစ်နေကြတယ်ပေါ့"

ဆေးခန်းအဝင်နားက ထွက်လာတဲ့ စူပါဟီးရိုးအသံဒီစူပါဟီးရိုးက မတ လဲရောက်ရောက်လာတယ်ဟ။

"ဘာကြည့်တာလဲ အတန်းရှိတယ်လေ သွားမယ်"

"မင်းကတော့"

"သွားတော့လေ ကျောင်းဆင်းရင် တူတူပြန်ကြမယ် Nong"

ဒေါက်တာက ငါ့လက်တွေအား ကိုင်ရင်း ဆိုသည်။

"Krub ဒေါက်တာ"

စကားအဆုံး ငါ့ ပါးပြင်သို့ရောက်လာတဲ့ အနမ်းတပွင့်အား အပြုံးဖြင့်တုံ့ပြန်ရင်း fourth နှင့်အတူထွက်လာခဲ့သည်။

"ကျောင်းဆင်းရင် အတူတူပြန်ကြမယ်နော် nong"

ဆေးခန်းကနေ အခန်းထဲရောက်သည်ထိ ငါ့ဘေးကနေ လိုက်စနေတဲ့ fourth

"မင်းစောက်ပေါက်ပိတ်ထားလိုက်တော့"

"ဘာလို့လဲ nong ရဲ့ ဒေါက်တာကချစ်လို့လေ"

"Fourth nattawat ဘာတွေစကားများနေတာလဲ!"

ဆရာ့ထံမှ အသံကြားမှ fourth ဟာငါ့ကို စနေရာမှ ရပ်သွားသည်။

"ထွက်လာခဲ့ ဒီပုစ္ဆာကိုတွက်ပြ"

"ဗျာ ဆရာ"

Fourth သူ့ကိုယ်သူလက်ညိုးထိုးရင်း ဆရာ့ အား တကယ်လား ဆိုတဲ့အကြည့်နှင့်ကြည့်လိုက်သည်။

"အင်း ထွက်ခဲ့"

"ကောင်းကောင်းတွက်ခဲ့နော် ဟားဟား မင်း p'gem ဆူတာခံလိုက်အုန်း"

"Winny! မင်းကကောရယ်စရာပါလား မင်းလဲလာတွက်"

တကယ်ဘဲ ဝတ်ကလည်တာမြန်လှရီလား!ငါ ဘာမှမပြောဘဲ အခန်းရှေ့ထွက်ကာ fourth ဘေးနားသွားရပ်ရင်း whiteboard ကပုစ္ဆာကိုတွက်ဖို့ပြင်လိုက်သည်။

"ရယ်နိုင်သေးလား"

Fourth ကငါ့အား မထိတထိနဲ့လာစသည်။

"ဟားဟားဟား တွေ့လား အဲ့မှာသုံးခွန်း"

"တွက်စရာရှိတာတွက်မယ်"

အနောက်က ဆရာ့အော်သံကြောင့် အပြင်ပန်းမှာ ငါတို့တွက်တဲ့ဘက်ကိုဘဲ အာရုံစိုက်လိုက်ပေမဲ့ စိတ်ထဲမှာတော့ ငါတို့ချင်းဆဲနေမှာ ငါသိသည်။________________________ပစ်ထားမိတာကြာလို့ ရှည်ရှည်လေးရေးပေးထားပါတယ်ဗျ။တတ်နိုင်သလောက်တော့ မြန်မြန် up ပေးပါ့မယ်။

Zawgyi

အဆင့္ ၆ - ႀကိဳက္ေနေၾကာင္း ျပရမယ္

မေန႔တေန႔ကမွ သူ႔ေဒါက္တာနဲ႔ျဖစ္ခဲ့တဲ့ကိစၥကို လာေျပာတဲ့ winny ေၾကာင့္ ငါအရမ္းေနာက္က်ေနတာသိခဲ့ရသည္။

"အဆင့္ေတြ ဘာေတြလုပ္မေနနဲ႔ မင္းႀကိဳက္ေနတာဖြင့္ခ်ပလိုက္"

"ျဖစ္ပါ့မလား step by step ေလ"

"ပုံမွန္လဲ အဆင့္နဲ႔ငါတို႔လုပ္တာေတြကကိုက္လို႔လား တေန႔တာျဖစ္သမၽွေတြကိုအဆင့္ဆိုၿပီးေကာက္တက္လိုက္တာဘဲကို"

"ဟဲဟဲ ငါလဲေခါင္းစဥ္တက္စရာမရွိလို႔ပါ"

ငါ သြားၿဖီးကာေျပာျပလိုက္ေတာ့ winny က ေခါင္းခါလ်က္ ငါ့ကိုေျပာသည္။

"မင္းဆရာက တခါမွရီးစားမထားဖူးဘူးဆို အဲ့တာဆို ေကာင္မေလးေတြသူ႔နားလာရင္ ရင္ခုန္လြယ္ၿပီး ပါသြားအုန္းမယ္"

"ရီးစားမထားဖူးရင္ ရင္ခုန္မလြယ္တာမဟုတ္ဘူးလား"

ငါ ထိုသို႔ေျပာလိုက္ေတာ့ winny က အင္း အမ္း လုပ္ေနသည္။

"ေျပာစရာမရွိရင္လဲဖယ္ေတာ့ ငါ အတန္းေခါင္းေဆာင္ကိုစာရွင္းျပခိုင္းမလို႔"

"ထူးထူးဆန္းဆန္းပါလား"

ငါ winny ေျပာတာကိုဂ႐ုမစိုက္ဘဲ စာရွင္းျပေနတာကိုသာ ေသခ်ာနားေထာင္လိုက္သည္။ငါ နားေထာင္ေနတုန္း တခုခုကငါ့ကိုစိုက္ၾကည့္ေနသလိုခံစားရလို႔ လွည့္ပတ္ၾကည့္ရင္း ငါ့စားပြဲကိုတေယာက္ေယာက္ ဝင္တိုက္သြားသည္။

"ခ်ီး! Winny ေဘာမို႔ငါ့စားပြဲကိုလာတိုက္တာလား"

Winny ကအခန္းေရွ႕ကိုေျပးထြက္လာတုန္း ငါ့စားပြဲခုံကိုဝင္တိုက္သြားျခင္းေပ။

"ဘာဘဲျဖစ္ျဖစ္ကြာ ဟိုမွာ ေဒါက္တာ လာေနလို႔ တာ့တာ"

သူ႔လင္က အခန္းေရွ႕ေရာက္လာတာနဲ႔ ေျပးထြက္သြားတာကိုး...ခုံနဲ႔ဝင္တိုက္မိတဲ့ သူခႏၶာကိုယ္ ကိုေတာင္မပူနိုင္ဘူး။

"Fourth မင္းလဲလာ ဆရာလဲပါတယ္"

အခန္းေရွ႕ေရာက္မွ ေဘးက p'gem ကို ျမင္ၿပီး ငါ့အားျပန္လာ ဆြဲေခၚေလသည္။

"Winny"

သူတို႔ေရွ႕ရပ္လိုက္ေတာ့ phi က winny ကိုၾကည့္ကာ ေခၚသည္။

"ဗ်ာ..ဆရာ"

"ငါ့ေနာက္လိုက္ခဲ့"

"Krub"

ငါ ဘုမသိ ဘမသိအေနာက္ကလိုက္သြားေတာ့ phi က လမ္းေလၽွာက္ေနရင္း ငါ့ကိုလွည့္ၾကည့္သည္။

"မင္းက winny လား"

"မဟုတ္ပါဘူး"

Fourth ျပန္ေျဖလိုက္သည္။

"မဟုတ္ရင္ ဘာလိုက္လုပ္တာလဲ"

"ငါေခၚသြားမယ္ Nong လာ"

Phi က ငါ့ကိုေဟာက္ေတာ့ ေဘးကေဒါက္တာက ငါ့ ပုခုံးကိုပုတ္ကာေခၚသြားသည္။

Phi ဘာျဖစ္ေနတာလဲ??

"Nong fourth ထိုင္ပါအုန္း"

ငါ့ကို သူ႔ေဆးခန္းက ထိုင္ခုံနားထိုင္ခိုင္းသည္။

"Gem ကိုဘယ္လိုသေဘာထားလဲ"

"ဗ်ာ!! အာ က်ေတာ္က...ဆရာ့ကို...ဟို"

"Winny ေျပာျပၿပီးပါၿပီကြ"

ေဒါက္တာ့စကားအဆုံး ငါ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ခ်ီး ေခြးေကာင္ winny!! မေန႔တေန႔ကမွရတဲ့ရီးစားကို အကုန္ေျပာျပေနတယ္ေပါ့။

မထူးပါဘူး သိလက္စနဲ႔ေမးလိုက္ေတာ့မယ္။

"သိရင္ က်ေတာ့္ကို...အႀကံေပးပါလား ေဒါက္တာဗ်"

"Phi လို႔ဘဲေခၚပါကြ"

"Krub phi"

"Gem ကရီးစားတခါမွမထားဘူးေလ nong လဲသိမွာေပါ့"

"သိပါတယ္"

"သူက ကေလးေတြကိုစိတ္မဝင္စားဖူးလို႔ေတာ့ ခနခနေျပာတယ္"

"ဟမ္! အဲ့တာဆိုမျဖစ္နိုင္ေတာ့ဘူးေပါ့"

ငါ စိတ္ပ်က္လက္ပ်က္ေျပာလိုက္ေတာ့ ေဒါက္တာက ရယ္သည္။

"သူမင္းနဲ႔ အတူရွိေနရတာ ေပ်ာ္ပါတယ္ သူနဲ႔ႏွစ္ေယာက္ထဲရွိေနရင္ သူရင္ခုန္ေအာင္လုပ္ၾကည့္ပါလား"

"ဘယ္လိုလဲဗ်"

"အၾကည့္ခ်င္းအၾကာႀကီးဆုံေအာင္လုပ္တာတို႔ ဖလစ္တာတို႔"

"သူက ဖလစ္တာေကာသိပါ့မလားဗ်"

"Nong မင္း ငါ့သူငယ္ခ်င္းကိုအဲ့ေလာက္မႏွိမ္ပါနဲ႔"

"အဲ့လိုသေဘာမ်ိဳးမဟုတ္ပါဘူး"

"မင္းသူ႔ကိုခ်စ္ရင္ မင္းသူ႔အခ်စ္ကိုရေအာင္ႀကိဳးစားရမယ္ေလ"

"Krub phi က်​ေတာ္ဒီေန႔ကစၿပီး အၾကည့္ခ်င္းဆုံေအာင္လုပ္ၿပီ"

"ဟာ မဟုတ္ဘူးေလ fourth"

Fourth ထိုသို႔ေျပာၿပီးေျပးထြက္သြားေတာ့ satang မွာ ပါးစပ္ေလးဟလ်က္ ေနာက္ကလိုက္ေအာ္ရေသးသည္။

"ေနအုန္းေလ ေအာ္ gem အူတိုေနတဲ့ကိစၥေတာင္မေျပာလိုက္ရဘူး"

Fourth ေျပးကာ p'gem ရဲ့႐ုံးခန္းဆီဝင္သြားလိုက္သည္။

အခန္းတံခါးကိုေခါက္လ်က္ ငါေျဖးေျဖးခ်င္းဝင္လာလိုက္သည္။ဝင္ဝင္ခ်င္း ငါကိုေက်ာေပး၍ phi ေရွ႕မွာ ကုတ္ကုတ္ေလးထိုင္ေနေသာ winny ကိုၾကည့္ကာ ငါ အသံတိတ္ရယ္မိသြားသည္။

"ဘာရယ္တာလဲ fourth"

Winny ကေမး၍ ငါေျဖလိုက္သည္။

"ဘာမွမဟုတ္ပါဘူး"

"မင္းဘာလာလုပ္တာလဲ"

ဒီတခါ phi အေမးပင္။

"အာ..က်ေတာ္..winny ကို p'satang ကေခၚခိုင္းလိုက္လို႔လာေခၚတာ"

"ေဒါက္တာေခၚေနတာလား ဆရာ က်ေတာ္သြားလိုက္ပါအုန္း"

ေဒါက္တာ့နာမယ္ၾကားတာနဲ႔ ငါ့ကိုေတာင္ႏွုတ္မဆက္ဘဲ အလင္းလိုအရွိန္နဲ႔ေျပးသြားသည္။ဘယ္ထဲကသြားခ်င္ေနလဲမသိဘူး။

ငါ winny အားရယ္ေနတုန္း phi နဲ႔အၾကည့္ခ်င္းဆုံသြားသည္။မ်က္မွန္တက္ထားတာေတာင္ phi ရဲ့မ်က္ဝန္းေတြကို ငါရွက္မိသည္။

Phi ကအရမ္းေခ်ာသည္။

ငါ ရွက္သြားတာေၾကာင့္ ထိုအခန္းထဲကထြက္သြားဖို႔ျပင္လိုက္သည္။

"ဘယ္သြားမလို႔လဲ"

ထိုအသံစူးရွရွေတြၾကား ေျခလွမ္းေတြရပ္တန့္သြားခဲ့သည္။

"က်ေတာ္ အတန္းထဲျပန္ေတာ့မလို႔ပါ"

"ေအာ္..မင္းသူငယ္ခ်င္းကိုလဲျပန္သြားေခၚအုန္း ခနေနအတန္းစေတာ့မယ္"

"ဟုတ္ကဲ့ပါဗ်"

Fourth ထြက္သြားၿပီးေနာက္ Gemini သက္ျပင္းခ်မိသြားသည္။

ငါ မသြားေစခ်င္ေသးဘူး။ဒါေပမဲ့ ငါ fourth ကို ေျပာမထြက္ခဲ့ဘူး။

ေနစမ္းပါဦး ငါကဘာလို႔မသြားေစခ်င္တာလဲ?? ဘာလို႔မသြားေစခ်င္ရမွာလဲ?? ေတာ္ၿပီ ရွုပ္တယ္ စာသြားသင္တာဘဲေကာင္းတယ္။_____________WS___________"ဘာ!"

ငါ Gemini ကို ဟိုကေလးနဲ႔ကိစၥေျပာေတာ့ ထေအာ္ေလသည္။

"ဘာျဖစ္တာလဲ"

"မင္းနဲ႔ငါ အသက္၄၀အထိအိမ္ေထာင္မျပဳဘူးလို႔ေျပာထားတာေလ"

"အခုလဲအိမ္ေထာင္ျပဳတာမွမဟုတ္တာ..."

"လက္ထပ္မွာေလ ေဘာ"

"ငါက မင္းထပ္အရင္ရသြားေတာ့လဲ မတတ္နိုင္ဘူးေလကြာ"

"အဲ့ကေလးက မင္းကိုတကယ္ေကာခ်စ္ရဲ့လား"

"......"

"အခုေခတ္ကေလးေတြကမယုံရဘူး မင္းသိလား"

"ငါသိပါတယ္"

"မင္းကေလးဆီ ငါ့ကိုေခၚသြားေပး"

"ဘာလို႔လဲ"

"ငါသူငယ္ခ်င္းကိုခြသြားတဲ့ေကာင္ေလးကို ငါစကားေျပာၾကည့္သင့္တာေပါ့"

"ေဟ့ေကာင္ အဲ့ကိစၥကိုထည့္ထည့္မေျပာနဲ႔"

"ရွက္သြားတာလား ေဒါက္တာႀကီးခမ်"

Gemini က ငါရွက္ေနတာကိုလိုက္စေတာ့ ငါ အျမန္ winny တို႔အခန္းေရွ႕ကိုေျပးထြက္သြားလိုက္သည္။

ဟိုေရာက္ေတာ့ ျပဳံးေနတဲ့ Gemini မ်က္ႏွာက ခ်က္ခ်င္းတည္သြားတာကို ငါသတိထားမိလိုက္သည္။သူၾကည့္ေနတဲ့ ေနရာကိုလိုက္ၾကည့္လိုက္ေတာ့ winny ရဲ့သူငယ္ခ်င္း fourth ဆိုတဲ့ကေလးကို တျခားကေလးတေယာက္ကစာရွင္းျပေနတာပင္။

"အူတိုေနတာလား gem"

"ေဘာမို႔ ငါကအူတိုရမွာလား ဘာေတြလာေျပာေနတာလဲ"

"ငါမင္းနဲ႔ေပါင္းလာတာ ႏွစ္ေတြၾကာေနပါၿပီကြာ ငါသိတာေပါ့"

"ငါ ကေလးေတြကိုစိတ္မဝင္စားဘူး satang"

"ငါလဲမင္းကိုအဲ့လိုစကားမ်ိဳးေျပာခဲ့တာဘဲေလ အခု ငါလဲကေလးကိုလင္ေတာ္မိသြားတာဘဲေလ"

"မင္းကအခြခံလိုက္ရတာေလ"

Gemini ကငါ့ပုခုံးေပၚလက္တင္ကာ စေတာ့ ထိုလက္ကို satang ရိုက္ပလိုက္သည္။

"မင္းငါ့ကိုအခုလိုစေနမယ္ဆို မင္းလဲအခြခံရေအာင္ လုပ္ပစ္မယ္"

ငါ ႀကိမ္းဝါးလိုက္ေတာ့ ငါရိုက္ခ်လိုက္တဲ့ လက္ကို ကိုင္ရင္း အခန္းဘက္ကိုေမးေငါ့ျပသည္။

"မင္းဟာေလး လာေနၿပီ ငါေခၚသြားမွာမလို႔ မင္းတိတ္တိတ္ေန"

ငါ သေဘာေပါက္စြာေခါင္းၿငိမ့္ျပလိုက္ၿပီး winny ကို gemini ႏွင့္ႏွစ္ေယာက္ထဲရွိေစရန္ fourth ကို ပထုတ္ခဲ့လိုက္သည္။_____________________"ဆိုေတာ့ မင္းက ငါ့သူငယ္ခ်င္းနဲ႔လက္ထပ္မဲ့ကေလးေပါ့"

ခင္ပြန္းေလာင္းေလးဆီလာရမွ ႐ုတ္တရက္ႀကီး အတန္းပိုင္ဆရာရဲ့ ေခၚေဆာင္ျခင္းခံလာရၿပီး သူခိုးဖမ္းသလိုေမးခြန္းေတြေမးျခင္းခံေနရသည္။

"Krub"

"မင္းက satang ကိုလိုက္ေနတာၾကာၿပီဆို ဟုတ္လား?"

"ဟုတ္"

"ဘယ္ထဲကစႀကိဳက္တာလဲ"

"၁၁ တန္းႏွစ္ကပါ"

"ဘယ္လိုေတြ႕ခဲ့ၾကတာလဲ"

"၁၁တန္းႏွစ္က Fourth ေခ်ာ္လဲတုန္း ေဒါက္တာကေရာက္လာၿပီး ေဆးလာထည့္ေပးတာ...အျပဳံးကႏူးညံ့တယ္"

"မင္းတကယ္သူ႔ကိုခ်စ္တာလား"

"က်ေတာ္ ေဒါက္တာ့ကိုတကယ္ခ်စ္တာပါဗ်"

ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ ငါ့ကို ၾကည့္ကာအကဲခတ္ေနတာမို႔ ေနရခက္သည္။fourth ေက်းဇူးျပဳၿပီးလာကယ္ပါ။

"မင္းအေနနဲ႔...."

*ေဒါက္ ေဒါက္ ေဒါက္*

တ လိုက္တာနဲ႔ေရာက္လာတဲ့ စူပါဟီးရိုးႀကီး!!က်န္းမာပါေစ ခ်မ္းသာပါေစ သက္ေက်ာ္ရာေက်ာ္ရွည္ပါတယ္ ဆရာ နဲ႔လဲညားပါေစ ဖို႔နထဝက္!!

Fourth ေရာက္လာၿပီး ေဒါက္တာေခၚေနတယ္လို႔ေျပာတာေၾကာင့္ ငါအေျပးအလႊားထြက္သြားလိုက္သည္။

ေဒါက္တာ့ကိုလဲေတြ႕ခ်င္တာတေၾကာင္း fourth ကိုလဲ ဆရာနဲ႔အတူထားခဲ့ခ်င္တာက တေၾကာင္းေပါ့။

"ေဒါက္တာ မြ"

ငါ့ ဆရာဝန္ေလးရဲ့ ေဆးခန္းကိုသြားကာ ပါးျပင္ေလးကိုအနမ္းေပးလိုက္သည္။

"Nong..."

အနမ္းေပးလိုက္ေသာ ပါးေလးကို ကိုင္ကာ ငါ့ရဲ့ေဒါက္တာက ရွက္ေနသည္။

"ဘာလို႔နမ္းတာလဲ Nong"

"နမ္းလို႔မရဘူးလား"

ငါ ထိုသို႔ေျပာလိုက္ေတာ့ ေဒါက္တာ့ဟာ ျပဳံးလာသည္။

"ဘာလို႔ မရရမွာလဲ ကိုယ့္ခ်စ္သူကိုနမ္းတာဘဲကို"

ေဒါက္တာ့ရဲ့အေျပာေၾကာင့္ ငါရွက္သြားသည္။

"ဒါနဲ႔ fourth ကိုေခၚၿပီးဘာေျပာတာလဲ"

"Fourth ကိုလား...ဟိုေကာင့္ကိုလိုက္ဖို႔ မိုတီေပးတာပါ"

"အဲ့လိုလား" လို႔ ငါေမးေတာ့ ေဒါက္တာဟာ ေခါင္းၿငိမ့္ျပသည္။

"ခ်စ္ဖို႔ေကာင္းတယ္ က်ေတာ့္ရဲ့ေဒါက္တာေလး"

ငါ ေျပာရင္း ေဒါက္တာ့အားဖက္လိုက္သည္။

"အမယ္ ခ်စ္ေနၾကတယ္ေပါ့"

ေဆးခန္းအဝင္နားက ထြက္လာတဲ့ စူပါဟီးရိုးအသံဒီစူပါဟီးရိုးက မတ လဲေရာက္ေရာက္လာတယ္ဟ။

"ဘာၾကည့္တာလဲ အတန္းရွိတယ္ေလ သြားမယ္"

"မင္းကေတာ့"

"သြားေတာ့ေလ ေက်ာင္းဆင္းရင္ တူတူျပန္ၾကမယ္ Nong"

ေဒါက္တာက ငါ့လက္ေတြအား ကိုင္ရင္း ဆိုသည္။

"Krub ေဒါက္တာ"

စကားအဆုံး ငါ့ ပါးျပင္သို႔ေရာက္လာတဲ့ အနမ္းတပြင့္အား အျပဳံးျဖင့္တုံ႔ျပန္ရင္း fourth ႏွင့္အတူထြက္လာခဲ့သည္။

"ေက်ာင္းဆင္းရင္ အတူတူျပန္ၾကမယ္ေနာ္ nong"

ေဆးခန္းကေန အခန္းထဲေရာက္သည္ထိ ငါ့ေဘးကေန လိုက္စေနတဲ့ fourth

"မင္းေစာက္ေပါက္ပိတ္ထားလိုက္ေတာ့"

"ဘာလို႔လဲ nong ရဲ့ ေဒါက္တာကခ်စ္လို႔ေလ"

"Fourth nattawat ဘာေတြစကားမ်ားေနတာလဲ!"

ဆရာ့ထံမွ အသံၾကားမွ fourth ဟာငါ့ကို စေနရာမွ ရပ္သြားသည္။

"ထြက္လာခဲ့ ဒီပုစၧာကိုတြက္ျပ"

"ဗ်ာ ဆရာ"

Fourth သူ႔ကိုယ္သူလက္ညိဳးထိုးရင္း ဆရာ့ အား တကယ္လား ဆိုတဲ့အၾကည့္ႏွင့္ၾကည့္လိုက္သည္။

"အင္း ထြက္ခဲ့"

"ေကာင္းေကာင္းတြက္ခဲ့ေနာ္ ဟားဟား မင္း p'gem ဆူတာခံလိုက္အုန္း"

"Winny! မင္းကေကာရယ္စရာပါလား မင္းလဲလာတြက္"

တကယ္ဘဲ ဝတ္ကလည္တာျမန္လွရီလား!ငါ ဘာမွမေျပာဘဲ အခန္းေရွ႕ထြက္ကာ fourth ေဘးနားသြားရပ္ရင္း whiteboard ကပုစၧာကိုတြက္ဖို႔ျပင္လိုက္သည္။

"ရယ္နိုင္ေသးလား"

Fourth ကငါ့အား မထိတထိနဲ႔လာစသည္။

"ဟားဟားဟား ေတြ႕လား အဲ့မွာသုံးခြန္း"

"တြက္စရာရွိတာတြက္မယ္"

အေနာက္က ဆရာ့ေအာ္သံေၾကာင့္ အျပင္ပန္းမွာ ငါတို႔တြက္တဲ့ဘက္ကိုဘဲ အာ႐ုံစိုက္လိုက္ေပမဲ့ စိတ္ထဲမွာေတာ့ ငါတို႔ခ်င္းဆဲေနမွာ ငါသိသည္။________________________ပစ္ထားမိတာၾကာလို႔ ရွည္ရွည္ေလးေရးေပးထားပါတယ္ဗ်။တတ္နိုင္သေလာက္ေတာ့ ျမန္ျမန္ up ေပးပါ့မယ္။

There are no comments yet. Log in to be the first to leave a review!

More by louis-nattawat

Similar stories