Fanfics
7
19:53, 2 September 2024
Phi က ငါ့ကိုချော့တယ်။
အဆင့် ၅ - p'gem ကိုရစ်မယ်။
"မပြန်ဘူး မပြန်ဘူးလို့ ချပေး"
"Fourth Nattawat! မင်းငြိမ်ငြိမ်မနေရင် ငါ ပစ်ချပလိုက်မှာ"
မွေးနေ့ပါတီမှာ အသောက်လွန်သွားတဲ့ အမူးသမားလေးကို ငါပြန်ဖို့ခေါ်ကော ရစ်နေတာကြောင့် ငါ့ပုခုံးပေါ်ချီခေါ်လာခဲ့ရသည်။
ချီခေါ်လာတော့လဲ အတင်းရုန်းနေတာမို့ ငါ ပစ်ချလိုက်မယ်လို့ ခြိမ်းခြောက်လိုက်မှ ငြိမ်သွားသည်။
အချိန်မတော်ကြီးမို့ fourth ကို အိမ်ပြန်မပို့ဘဲ ငါ့အိမ်ဘဲခေါ်လာဖို့ ဆုံးဖြတ်လိုက်သည်။
"မင်းကို မသောက်ပါနဲ့လို့မှာထားတာကို တော်သေးတယ် ငါရှိလို့ပေါ့"
"အင့် အိပ်ချင်တယ်" ဆိုကာ အကျီတွေကောက်ချွတ်နေတာမို့ ငါလန့်သွားသည်။ဆေးမိလာတာလား။မဖြစ်နိုင်လောက်ပါဘူး။
ငါ အကျီချွတ်လိုက်ပြီး fourth လှဲနေတဲ့အနားဝင်ထိုင်လိုက်သည်။အဲ့နောက်အပေါ်ပိုင်းဗလာနဲ့ fourth ဆီအကြည့်ရောက်သွားသည်။
လှလိုက်တာ..မိန်းကလေးတွေရှုံးအောင်ကို လှလွန်းတယ်။
ငါ ကိုယ်တိုင်တောင်မသိဘဲ ငါ့လက်တွေက fourth ရဲ့ကိုယ်ပေါ်ကိုရောက်နှင့်နေပြီ။
"ယားတယ်..ယားတယ်"
Fourth ရဲ့အသံကြားမှ လက်ကိုအမြန်ဖယ်ကာ ရှိတဲ့စောင်ကိုကောက်ခြုံပေးလိုက်ရသည်။
အခန်းရှေ့က ဝရံတာကိုထွက်ကာ စိတ်ပါရင် သောက်နေကျ စီးကရက်ကို မီးညှိလျက် အပေါ်ပိုင်းဗလာနှင့် စီးကရက်သောက်နေလိုက်သည်။
ငါ့အိပ်ရာပေါ်က အမူးသမားလေးကိုလဲ လှည့်ကြည့်ဖို့လဲမမေ့ပါ။
တချက်တချက် အတွေးထဲရောက်လာတဲ့ fourth ရဲ့အဝတ်မပါတဲ့ ခန္ဓာကိုယ်လေး..
ငါ ဘာတွေတွေးနေတာလဲ! သူက မင်းရဲ့တပည့်လေ gemini
ခေါင်းခါလျက် စီးကရက်ကို မီးသတ်ကာ fourth ဘေးနားကပ်ကာဝင်အိပ်လိုက်သည်။_____________________ကျင်နေတဲ့ ငါ့လက်မောင်းတဖက်နဲ့အတူ နိုးထလာခဲ့တယ်။ငါ့ လက်မောင်းပေါ်မှာအိပ်နေတဲ့ ကောင်လေး။မျက်နှာကို လက်ဖြင့်မသိမသာထိကြည့်လိုက်မိတော့ နူးညံ့လွန်းတယ်...
မင်းကြောင့် ငါလဲကျောင်းမသွားရတော့ဘူး။
ထိုမျက်နှာပိုင်ရှင်က လှုပ်လာတာကြောင့် လက်ကိုအမြန်ဖယ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။
"အာ p'gem"
ငါ့လက်မောင်းထက်ကနေဖယ်ပေးကာ ငါ့ကိုယ်အား စောင်ဖြင့်ခြုံပေးသည်။
ငါလဲ နိုးနေတာမို့ သိပ်မကြာခင်မှာ ထလိုက်ပြီး ကျင်နေတဲ့လက်ကို ကိုင်လိုက်သည်။
"ကျတော်တောင်းပန်ပါတယ် အဆင်ပြေရဲ့လား"
ငါ့လက်အား ကိုင်ကာ နှိပ်ပေးနေတဲ့ မနေ့ညကအမူးသမားလေး
"အမူးပြေပြီလား"
"အာ..ဟုတ်"
"မင်းကိုမသောက်နဲ့လို့ပြောထားတယ်လေ ဘာလို့အဲ့လောက်သောက်တာလဲ"
"အာ..winny က.."
"မင်းကိုယ်တိုင်ကမသောက်ရင်ရတယ်လေ။ဒီလောက်မူးနေတာ ငါရှိလို့ပေါ့ ငါသာမရှိရင် ဘယ်လိုလုပ်မလဲ"
"...."
ငါ အော်လိုက်တော့ ခေါင်းလေးအောက်ငုံ့သွားစွာ ထွက်ပေါ်လာတဲ့ ရှိုက်သံတွေ...
"အယ် မငိုရဘူးလေ တိတ်နော် phi မှားတာ"
ရင်ခွင်ထဲထည့်ကာ မျက်ရည်လေးတွေသုတ်ပေးတော့ ထိုကလေးကပိုငိုသည်။ဒီကလေးကိုက အငိုလွယ်တာပါ။ဒါလေးပြောတာကို ငိုစရာလား။
"ကျတော်လဲမသိဘူးလေ winny ရှိနေတော့စိတ်ချလက်ချသောက်လိုက်တာ..phi ဘာသာခေါ်လာပီးတော့ဘာလို့လာဆူနေတာလဲဗျ"
ငိုသံတွေနှင့်ပြောတဲ့ ကောင်လေးမမြင်အောင် ခိုးရယ်ရင်း ငါ့မှာချော့ရတော့သည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ် Phi ကိုကခေါ်လာမိတာနော် phi မှားတာ တိတ်တော့"
တိတ်ပါတော့ တော်ကြာ ငါ့ကို အမေကမင်းငိုအောင်လုပ်တယ်ဆိုပြီးဆူနေအုန်းမယ် လို့ စိတ်ထဲမှာ ငြီးတွားလိုက်သည်နှင့် တပြိုင်နက် ငါ့အမေကအခန်းရှေ့ရောက်လာသည်။
"ဟယ် ဘယ်လိုဖြစ်တာလဲ"
"Mae..အာ..ဒါက"
"ကုတင်ပေါ်မှာ! နှစ်ယောက်လုံးအပေါ်ပိုင်းဗလာနဲ့!Fourth ကငို​နေတယ်! ညကလဲမူးနေကြတာမလား..."
"ဟာ Mae! ဘာတွေပြောနေတာလဲ သားသူ့ကိုအော်လိုက်လို့ငိုနေတာ သားတို့ညကဒီတိုင်းအိပ်သွားတာ"
ငါ ပေါက်ကရတွေပြောနေတဲ့ အ​မေဖြစ်ကိုပြန်ပြောကာ အကျီအမြန်ဝတ်လိုက်သည်။
"တိတ်တော့ ရော့ ဒါဝတ်လိုက်"
"ဟုတ် phi"
ရှိုက်သံလေးတွေနဲ့အတူပြောတော့ ငါ တကယ်မနေနိုင်ပါ။ငါ့အမေအား ထွက်သွားခိုင်းလိုက်ပြီး ငိုနေလို့တုန်နေတဲ့ကိုယ်လုံးလေးကို ထပ်မံထိတွေ့လိုက်သည်။
"ကိုယ် တောင်းပန်ပါတယ် မင်းကိုစိတ််ပူလို့ပြောတာသိတယ်မလား"
"ဟုတ် သိပါတယ်"
ငါ fourth ခေါင်းအားပွတ်ပေးလိုက်သည်။
"တိတ်တော့ mae က ငါ့ကိုဘဲဆူမှာ"
"ဟီး ကောင်းတယ်"
လက်မ နှစ်ချောင်းထောင်ပြတဲ့ ပေါက်စကို ပါးဆွဲညစ်ကာ ငါ ရေချိုးခန်းထဲပြေးဝင်လိုက်သည်။
"Phi! ထွက်ခဲ့နော် လုပ်တုန်းကလုပ်ပြီးတော့"
"ချစ်ဖို့ကောင်းလို့လေ"
"နာတယ်ဗျ phi ကို mae နဲ့တိုင်မယ်"
"ဟေး မလုပ်ရဘူး"
ငါ တံခါးဖွင့်ပေးလိုက်တော့ ရေချိုးခန်းရှေ့မှာ အနည်းငယ်ကြီးနေတဲ့ ငါ့ရဲ့အကျီလေးနဲ့ လက်ပိုက်ကာ ရှူးရှူးရှဲရှဲမြည်နေသည်။
"အိုး ပါးလေးဆွဲတာကို ဘာဖြစ်သွားလို့လဲ"
ငါပြောလိုက်တာနဲ့ တပြိုင်နက် ငါ့ လက်ကိုဆွဲလာတဲ့ fourth
"အား fourth နာတယ်ကွ လွှတ်"
ငါ့လက်အား ကိုက်နေတဲ့ ခွေးပေါက်မဟုတ်တဲ့ ကြောင်ပေါက်လေးအား အတင်းဖယ်ပြီး လက်အားချုပ်ထားလိုက်သည်။
"ဘာလို့ကိုက်တာတုန်း fourth!"
"သူနာတော့ သူသိတယ်" လို့ မျက်စောင်းထိုးပြောရင်း ငါ့အခန်းထဲကထွက်သွားသည်။
အင်း ချစ်ဖို့တော့ကောင်းသား...
ထူးဆန်းစွာ ငါ့ ရင်ဘတ်က ဒုတ် ဒုတ် နဲ့အသံတွေထွက်လာသည်။ဒီခံစားချက်ကဘာလဲ...ငါ နှလုံးရောဂါရသွားတာလားဟ??
Satang ကိုပြောပြရမယ်။_________WS__________ဒေါက်တာ့ကို တာဝန်ယူလိုက်ရပြီ။
အဆင့် ၅ တွေဘာတွေမလိုတော့ဘူး ငါ့ချစ်ရသူဆီက ဖွင့်ပြောခံရပြီ။
နာကျင်မှုတွေနဲ့အတူ ငါ မနက်ခင်းမှာနိုးထလာသည်။
ခါးအထက်ကနာကျင်မှုကို တောင့်ခံရင်း ငါ့ကိုဖက်ထားတဲ့ လက်ကိုဖယ်လိုက်သည်။
ဘုရားရေ...အခုဘာတွေဖြစ်ကုန်တာလဲသူအခုဒီကလေးနဲ့အတူနေမိလိုက်ပြီ။ချစ်တယ်လို့တော့ ငါ သေချာမသိပေမဲ့ winny ဟာ ငါ့ညီ Sam ရဲ့ချစ်ရသူတယောက်ပင်။
ထိုနေ့ ငါ့မွေးနေ့မရောက်ခင် ၁ပတ်လောက်အလိုတွင် ပွဲအတွက် လိုအပ်တာတွေပြင်ဆင်နေတုန်း Sam ဟာ ငါ့အနားရောက်လာသည်။
"Phi tang"
"ဗျာ..နေပါအုန်း ဘာလိုချင်လို့လဲ"
Sam က သူလိုချင်တာရှိမှ phi tang လို့​ခေါ်လေ့ရှိတာကြောင့် ငါပြောလိုက်ခြင်းပေ။
"Phi မွေးနေ့မှာလေ..."
"အင်း ပြောလေ nong"
"Winny ကိုဖိတ်လို့ရလားဗျ"
"ရတာပေါ့ ဘာလို့လဲ nongရဲ့"
"အာ ဒီအတိုင်းပါ"
"နေစမ်းပါအုန်း မင်း winny အပေါ်တမျိုးဘဲနော် မင်းသူ့ကိုကြိုက်နေတာလား sam"
"အာ phi ကလဲဗျာ..."
"ဟိုတခါ မင်းချစ်မိသွားပြီပြောတာ winny မလား"
"ဟုတ်..ဟုတ်တယ် ကျတော် သူ့ကိုချစ်တယ်"
"ဘာ!!"
ငါ အော်လိုက်တော့ sam ဟာလန့်သွားသည်။
"ဘာလို့လဲ phi"
"အာ ဘာမှမဟုတ်ပါဘူး"
Sam ကိုပြန်လွှတ်လိုက်ပြီး လုပ်လက်စတွေ ဆက် လုပ်နေလိုက်သည်။ငါ အလုပ်ထဲအာရုံစိုက်မရ Sam ရဲ့ကိစ္စကိုဘဲ ခေါင်းထဲရောက်နေသည်။
ငါ့စိတ်ထဲ တမျိုးကြီးပေ။အဲ့နေ့ကစပြီး Sam winny ကိုကပ်တိုင်း ငါ စိတ်တိုလာသည်။ငါ တကယ်မကြိုက်ပါ။ဒါကြောင့်လဲ ရအောင်ကို ခွဲပစ်သည်။
မွေးနေ့ပွဲကိုခေါ်တာ တခုခုရှိမယ် ငါထင်ပေမဲ့ ငါ့ညီဟာ winny ကိုအခုလိုတွေ အရက်အတင်းတိုက်မယ်လို့မထင်ထားခဲ့။
ငါ့ညီနေရာမှာ ငါဖြစ်နေတာဘဲ ကောင်းပါတယ်လို့ တွေးမှတ်လိုက်သည်။ဒါပေမဲ့ ဒီအကြောင်းကိုတွေးလိုက်တိုင်း Sam ကိုအားနာမိသည်။အခုတော့ ဘယ်လိုဆက်လုပ်ကြမလဲ??
Sam မမြင်ခင် ဒီနားကထွက်သွားမှဘဲ။
ငါ အားယူကာထလိုက်ပြီး အခန်းပြင်ထွက်လာလိုက်သည်။
"Phi!"
ငါ အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ sam ကိုအခန်းရှေ့မှာတွေ့ရသည်။
"Sam.."
"ညက phi ပျောက်သွားလို့လိုက်ရှာနေတာ"
"အော် ညကမူးသွားလို့ phi အခန်းထဲဘဲပြန်အိပ်လိုက်တာ"
"ဒါနဲ့ phi ညက winny ကိုတွေ့သေးလား ကိတ်ခွဲပြီးတော့ သူ့ကိုမတွေ့တော့ဘူး"
"အယ်...winny လား..."
ငါ ဘာဖြေရမလဲလို့အကျပ်ရိုက်နေစဉ် ငါ့နောက်ကနေအသံတသံကြားလိုက်ရသည်။
"ဒေါက်တာ.."
Winny ဟာ ငါ့အခန်းထဲကထွက်လာသည်။
"Winny! ဘယ်လိုရောက်နေတာ..?"
"အာ phi ညကသူမူးနေတာတွေ့လို့ အခန်းထဲပို့ပေးလိုက်တာ"
"Phi နဲ့အတူတူအိပ်ခဲ့တာလား!!"
"ဟုတ်..တယ်လေ"
"Phi ကျတော်နဲ့လိုက်ခဲ့" ဆိုကာ sam ကငါ့အား winny နဲ့အဝေးသို့ခေါ်သွားသည်။
"Phi ညက winnyနဲ့..."
"ဟမ် မဟုတ်ဘူး ဘာမှမဖြစ်ခဲ့ဘူး"
"မဖြစ်နိုင်တာဗျာ အဲ့ဆေးကသေချာပေါက်နေနိုင်မှာမဟုတ်ဘူး"
"Sam!"
Sam ဆီကထိုစကားကြောင့် ငါအရမ်းအံဩမိသွားသည်။ငါ့ညီက...ဆေးခတ်ခဲ့တာလား
"မင်းဘာတွေလုပ်နေတာလဲ sam"
"ကျတော် သူ့ကိုပိုင်ဆိုင်ချင်တယ် phi"
"မင်းသူ့ကိုဖွင့်ပြောပြီး သေချာလိုက်လေ အခုလိုဆေးခတ်တယ်ဆိုထဲက မင်းမှားနေပြီ winny ကော မင်းကောက ကျောင်းပြီးသေးတာတောင်မဟုတ်ဘူးနော်"
"အခု သူ phi နဲ့လုပ်ခဲ့ပြီးပြီဘဲလေ"
"Sam! မင်းစကားကိုကြည့်ပြော"
"ဘာလို့လဲ ကျတော်လိုချင်သမျှအရာတွေအကုန် phi ကဘဲရနေခဲ့တာလဲ..ဖေဖေနဲ့မေမေရဲ့ အချစ်တွေကော အကုန် phi ဘဲရတယ် ဘယ်အရာမဆို phi ကကျ​တော့်ထက်သာတယ် အခုလဲ ကျတော်ချစ်တဲ့လူကိုပါ phi ကယူသွားမှာပေါ့"
"Sam..Nong"
ငါ sam ကို ဖက်ကာ နှစ်သိပ့်ပေးလိုက်သည်။
"ဒါတွေက မင်းထင်နေတာလေ sam..ဖေဖေနဲ့မေမေက အားလုံးကိုအညီအမျှချစ်ပေးခဲ့တာ အငယ်ဖြစ်တဲ့ မင်းကိုတောင်ပိုအလိုလိုက်ခဲ့သေးတာဘဲ အဲ့တာကြောင့် မင်းအခုလိုဘောလုံးအသင်းမှာခေါင်းဆောင်ဖြစ်လာခဲ့တာလေ"
ငါတို့မိဘတွေက အရမ်းတင်းကြပ်သည်။စာဆိုစာဘဲ တစိုက်မတ်မတ်လုပ်ခိုင်းတာကြောင့် ငါ ဆရာဝန်ဖြစ်လာရတာဘဲကြည့်လေ။အငယ်ဖြစ်တဲ့ sam ကိုကျ အလိုလိုက်တာကြောင့် ဘောလုံးအသင်းထဲပါဖို့ခွင့်ပြုခဲ့တာပင်။ဒါတောင် ငါကော sam ကောအစာအငတ်ခံ ဆန္ဒပြခဲ့ကြလို့ပါ။
"ဒါပေမဲ့ အခုမင်းလုပ်နေတာကမဟုတ်ဘူးလေ"
"ကျတော် winny ကို ပိုင်ဆိုင်ချင်တယ်"
"အတ္တမကြီးနဲ့ sam"
"ဘာလဲ phi ကကော winny ကိုချစ်နေလို့လား"
ငါ sam ကို မသိသေးဘူး ပြောကာ ထိုနေရာကထွက်ဖို့ပြင်လိုက်သည်။
"Phi သူ့ကိုချစ်နေတာပါ" လို့ အနောက်က sam ကအော်ပြောတော့ ငါ ပြန်တွေးမိသွားသည်။
အဲ့ကလေးက ငါ့ကိုတခါမှမခံစားဖူးတဲ့ခံစားချက်မျိုး ပေးနိုင်တယ်။သူ့အနားမှာရှိရင်ပျော်တယ်။အူလဲတိုတယ်..winny မရှိတဲ့အချိန်တွေဆို ငါလွမ်းတာကို ဝန်ခံပါသည်။
"အာ ဒေါက်တာ.."
Winny အနား ငါ ပြုံးရင်း သွားလိုက်တော့ winny က လှမ်းခေါ်သည်။
"ဗျာ"
"ကျတော် တောင်းပန်ပါတယ်နော်..ညက..အွန့်"
ငါ့ဘက်ကနေ အနမ်းတပွင့်စတင်လိုက်သည်။
"ငါ့ကို တာဝန်ယူမှာလား"
"ဗျာ"
"ဖြေလေ"
"ယူမှာပေါ့ ဒေါက်တာ့ဘက်က ကျတော့်ကိုလက်ခံလား"
"အင်း ငါ မင်းကိုချစ်တယ် ငါ့ကိုလက်ထပ်ပါ"______________________ရှည်ရှည်လေးရေးပေးထားပါတယ်ဗျပေါ့သွားတဲ့အတွက် တောင်းပန်ပါတယ်
Zawgyi
Phi က ငါ့ကိုချော့တယ်။
အဆင့် ၅ - p'gem ကိုရစ်မယ်။
"ယားတယ်..ယားတယ်"
"အာ p'gem"
"အမူးပြေပြီလား"
"အာ..ဟုတ်"
"အာ..winny က.."
"...."
"ဟယ် ဘယ်လိုဖြစ်တာလဲ"
"Mae..အာ..ဒါက"
"ဟုတ် phi"
"ကိုယ် တောင်းပန်ပါတယ် မင်းကိုစိတ်ပူလို့ပြောတာသိတယ်မလား"
"ဟုတ် သိပါတယ်"
"ဟီး ကောင်းတယ်"
"ဟေး မလုပ်ရဘူး"
"Phi tang"
"Phi မွေးနေ့မှာလေ..."
"အင်း ပြောလေ nong"
"အာ ဒီအတိုင်းပါ"
"အာ phi ကလဲဗျာ..."
"ဘာ!!"
"ဘာလို့လဲ phi"
"အာ ဘာမှမဟုတ်ပါဘူး"
"Phi!"
"Sam.."
"အယ်...winny လား..."
"ဒေါက်တာ.."
"ဟုတ်..တယ်လေ"
"Phi ညက winnyနဲ့..."
"Sam!"
"Sam..Nong"
"အတ္တမကြီးနဲ့ sam"
"အာ ဒေါက်တာ.."
"ဗျာ"
"ငါ့ကို တာဝန်ယူမှာလား"
"ဗျာ"
"ဖြေလေ"
There are no comments yet. Log in to be the first to leave a review!
More by louis-nattawat
Similar stories