Fanfics

4

21:03, 10 August 2024

အဆင့် ၃ - ဆရာ့အကြောင်းတွေစုံစမ်းဖို့

"P'gem"

"Krab"

အခုငါတို့က p'gem အိမ်မှာစာသင်နေတာပင်။ အမှန်တော့ စာသင်တာထက် စာရှင်းပြနေတဲ့ p'gem ရဲ့မျက်နှာလေးကိုဘဲ ထိုင်ကြည့်နေတာခပ်များများရယ်။

"ကျတော်ပျင်းတယ်"

"အဲ့တော့ စာသင်တာရပ်ပေးရမယ်ပေါ့?"

Phi ကအဲ့လိုပြောတော့ ငါ မျက်လုံးများပိတ်သည်အထိ ရယ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ပြီလေ နောက်ကျနေပြီဆိုတော့ မင်းလဲပြန်တော့လေ"

"ဟုတ်ကဲ့ပါ"

"နေအုန်း...phi လိုက်ပို့ပေးမယ်"

"တကယ်လား phi"

ငါ့မေးခွန်းကို phi ကခေါင်းညိတ်ဖြေကြားပြီးနောက် ငါတို့အတူတူအိမ်ပြင်ထွက်လာလိုက်သည်။

"Phi"

"Krab"

"ကျတော့်ကို phi အကြောင်းပြောပြ"

"ဘာလို့လဲ သိချင်လို့လား"

"ဟုတ်တယ်လေ ကျတော်တို့ကတကျောင်းထဲ ပြီးတော့ အိမ်မှာလဲစာသင်ကြတာကို ကျတော်က phi အကြောင်းဘာမှလဲမသိဘူး ဖြစ်သင့်လားဗျ"

"ဟုတ်ပါပြီကွာ Phi အကြောင်းက နာမယ်က Gemini လေ အသက်က ၂၁နှစ်"

"ဒါဘဲလား"

"ဘာထပ်သိချင်သေးလို့လဲ"

"P'gem မှာ ရီးစားရှိလား"

အဲ့ကျောင်းသားက ရဲတင်းစွာ ငါ့မျက်နှာအနားကပ်လာပြီး ထိုမေခွန်းကိုမေးတယ်။

ငါ ဘာမှပြန်မဖြေဘဲ ခပ်တည်တည်နဲ့ကြည့်နေတော့ စိတ်မရှည်စွာ ငါ့ကိုထပ်မေးသည်။

"ဟာ ဖြေလေဗျာ ဘာလို့ကြည့်နေတာလဲ"

"စာကိုဘဲစိတ်ဝင်စား ပေါက်ကရတွေမစဉ်းစားနဲ့"

ငါ တခွန်းဘဲပြောကာ လမ်းလျှောက်ထွက်လာခဲ့သည်။

ထိုနေ့ကစပြီး ထိုကလေးက ငါနဲ့ရင်းနှီးရဖို့ ဘာမဆိုလုပ်နေသည့်ပုံပင်။နေ့တိုင်းအိမ်ကို နေ့ ည မရွေးလာကာ စာတွေသင်သည်။အိမ်မှာလဲ ငါ့အမေ ဘာချက်ချက် ဝင်ဝင်စားလို့ ငါ့အမေနှင့်တောင်ရင်းနှီးနေပြီလေ။

"P'gem က သားကို အိမ်စာတွေအများကြီးပေးတယ် Mae"

အို ဒီလိုမျိုး ငါ့အမေကိုတောင် သူမကျေနပ်တာတွေရှိရင် တိုင်တတ်ပါသေးတယ်။ငါ့အမေမှာလဲ သူ့ကို မမွေးစားရုံတမယ်ပါဘဲ သားအရင်းဖြစ်တဲ့ငါ့ကိုတောင် ဂရုမစိုက်တော့ပေ။

"အိုးဟိုး..Mae ရဲ့သားက အဆင့်တွေကျလာတာသိလား"

"အယ် ဟုတ်လား ဖို့ဖို့"

ငါ့အမေ ရင်ခွင်ထဲခေါင်းတိုးချွဲကာ နှုတ်ခမ်းမှာလဲဆူထားသေးသည်။ဘယ်လိုကလေးပါလိမ့်။

"အဲ့တာ p'gem ခက်တဲ့ဟာတွေမေးတာကို"

"မင်း ငါမေးတာတွေတောင်မဖြေနိုင်တာ ကျောင်းကမေးတာတွေဆိုဘယ်လိုလုပ်မလဲ"

"ကျောင်းမှာလဲ phi ဘဲမေးတာကို"

"မရဘူး မနက်ဖြန် အဲ့အပုဒ်၂၀ငါ့ကိုပြန်ပြ ကူးချမလာနဲ့နော် fourth"

ထိုသို့ပြောပြီးသာ ငါ အခန်းပေါ်ပြန်တက်လာလိုက်သည်။ကျန်ခဲ့တဲ့ ငါ့အမေနဲ့သူ့မွေးစားသားလေးကတော့ အခုဆိုငါ့အတင်းတွေတုပ်နေမှာပေါ့။

"အပုဒ်၂၀ထဲပါ တညထဲနဲ့မှီပါတယ် ဖို့ဖို့ရဲ့"

"တခြားအိမ်စာတွေလဲလုပ်ရအုန်းမှာကို.."

"ကူးချလိုက်လေ"

"Maeရဲ့သားက ဆူရင်ဘယ်လိုလုပ်မလဲ"

ငါ ငြီးတွားလိုက်တော့ phi ရဲ့အမေရဲ့ ငါ့အား သူ့သားကို သူပိုင်ကြောင်း ကူးသာချခဲ့ လို့အားပေးသည်။

"ဟုတ်ပြီ Mae အာ့ဆိုသားပြန်တော့မယ်နော်"

"အေး သားလေး ဂရုစိုက်ပြန်အုန်း Gemini ကိုလိုက်ပို့ခိုင်းရမလား"

"နေပါစေ Maeရ မလိုပါဘူး"

"ဟုတ်ပါပြီရှင့်"

ငါ အိမ်ရောက်တော့ ရေမိုးချိုးပြီး ကုတင်ပေါ် ခနလောက်လှဲလိုက်ရင်း အိပ်ပျော်သွားသည်။

*တီ တီ တီ*

ဖုန်းမြည်သံကြောင့် ကုတင်ပေးက ဖုန်းကိုစမ်းကာ အိပ်ချင်မူးတူးဖြင့်ကိုင်လိုက်သည်။

"ဟယ်လို"

"Fourth ဘာလုပ်နေတာလဲ"

သေစမ်း! ဒါ p'gem အသံ!!

"အာ ကျတော် အိမ်စာ..အိမ်စာတွက်နေတာပါ"

"ကူးချနေတာလား"

"ဟာ မကူးပါဘူး phiရ"

"Vc ခေါ်လို့ရလား"

"ဟုတ်"

Phi က vc ဖြင့်ပြန်ခေါ်တာကြောင့် ငါ စားပွဲမှာ စာအုပ်နည်းနည်းပါးပါးအမြန်တင်လိုက်ရသည်။

"တကယ်စာလုပ်နေတာလား"

"တကယ်ပါဗျ"

"အင်း အဲ့အတိုင်းလုပ် ကြည့်နေမယ်"

"ဟမ် ဘာလို့ကြည့်နေမှာလဲ"

"ကြည့်ချင်လို့လေ"

"ဟမ်!"

"အယ် ဟိုဟာ..မင်းစာသေချာမလုပ်မှာစိုးလို့ စောင့်ကြည့်မလို့"

ငါ မျက်ခုံးပင့်ပြီးခေါင်းညိမ့်ပြလိုက်ကာ စာစလုပ်ရတော့သည်။

ဒုက္ခဘဲ! စာလုပ်ရတာပြဿနာမဟုတ် ကိုယ့်ချစ်ရတဲ့လူက ဒီလိုကြီးစိုက်ကြည့်နေတာလေ..အဆင်မပြေလိုက်တာ ရှက်လိုက်တာ အိပ်ချင်စိတ်တောင်ပြေသွားတယ်။

"ဟို..phi"

"Krab"

"မကြည့်လို့မရဘူးလား"

"ဘာလို့လဲ"

"အာ..ကျတော်တို့စကားပြောကြမလား"

"စာဘဲဆက်လုပ်စမ်းပါ fourth"

"Phi ကလဲ လုပ်ပါနော်"

"သဘော သဘော"

"Phi အကြောင်းဆက်ပြောပြ"

"ဘာအကြောင်းသိချင်လဲ"

"အမ်..အကြိုက်ဆုံးအရောင်"

"အနီ"

"အစားအစာကော"

"အကုန်နီးပါးစားတယ်"

"အကြိုက်ဆုံးဘာသာကကော"

"သချာ်ပေါ့ကွ"

"ဘာလို့ သချာ်ကိုကြိုက်ရတာလဲ အဲ့လောက်ခက်တာကို"

"ဒါက ဘယ်တူနိုင်မှာလဲ phi ကတော့သချာ်တွက်နေရရင်ပျော်တယ်"

"ဘာလို့ ဆရာလုပ်ခဲ့တာလဲ"

"သဘောကျလို့ "

"ဆရာလုပ်ရတာကိုသဘောကျတာလား"

"မဟုတ်ဘူးလေ ကိုယ်သဘောကျတဲ့ဘာသာကို တွက်နေရတာလဲပါတယ် စာသင်နေရတာလဲပျော်တယ် ပြီးတော့ ကလေးတွေကိုပညာတတ်ဖြစ်စေချင်တယ်"

"အော်..."

"ရပြီလား စပ်စုလိုက်တာ စာလုပ်တော့"

"အိုးဟိုး! Phi မစပ်စုပါဘူး"

Phi ကငါရန်ပြန်တွေ့တာကို သဘောကျတာ ထပ်စသည်။အဲ့လိုနဲ့ ငါတို့ညလုံးပေါက် စကားတွေပြောခဲ့သည်။______________________အဆင့် ၃ - ဒေါက်တာ့ရဲ့ vip လူနာဖြစ်ဖို့

"Winny ခြေထောက်က အဆင်ပြေပြီမို့လို့လား ဘာလို့ ဘောလုံးကန်နေတာလဲ မသက်သာဘဲဆော့ရင် ပိုဆိုးလာမယ်နော်"

ငါ့ရဲ့ ဒေါက်တာလေးရဲ့ စိတ်ပူသံနှင့်အတူ အနားရောက်လာတဲ့ ဒေါက်တာလေး။

"လာ နာနေပြီလား ကြည့်ရအောင်"

"ရပါတယ် ဒေါက်တာရဲ့ မနာပါဘူး"

"ကျတော်စိတ်မချသေးဘူး nong နားနေလိုက်ပါလား"

"ဟုတ်ပါပြီ ဒေါက်တာ့သဘောပါ"

ငါ သူ့စကားနားထောင်တော့ ပြုံးပြီး လိမ်မာတယ် ဆိုကာ ခေါင်းကိုပွတ်သေးသည်။

"ဒေါက်တာ ကျတော်ဘောလုံးကန်နေမှန်းဘယ်လိုသိတာလဲ"

ငါ မေးလိုက်တော့ ဒေါက်တာက သူခိုးလူမိသွားသလို အဟွတ် အဟက် နဲ့ ဖြစ်နေလေရဲ့

"အာ fourth ကိုမေးလိုက်တာလေ"

"Fourth မှကျောင်းမလာတာ"

"အော် fourth မဟုတ်ဘူး မင်းသူငယ်ချင်းနောက်တယောက်"

"အာ..ဟုတ်ပါပြီ"

အမှန်တော့ ငါ winny ခြေထောက်ကိုစိတ်ပူသည်။ထိုသို့စိတ်ပူ၍လဲ ငါ မျက်ခြေမပျက်စောင့်ကြည့်နေခဲ့ရခြင်းဖြစ်သည်။ပုံမှန်ဆို ဆေးခန်းကနေဘဲကြည့်နေပေမဲ့ ဒီနေ့ ဘောလုံးသွားကန်မယ်လို့သတင်းကြားတာကြောင့် လိုက်လာ၍နားခိုင်းရခြင်းဖြစ်သည်။

"အခုသွားနားလိုက်နော်"

"ရတယ် ဒေါက်တာ"

ငါ့ကို ဆေးခန်းကိုတွဲခေါ်သွားဖို့ပြင်နေတဲ့ ဒေါက်တာ့ကို လက်ကာပြီးပြောလိုက်တော့ ဒေါက်တာက အတင်းဆွဲသည်။

"လာစမ်းပါ"

"အား ဒေါက်တာအရမ်းမဆွဲနဲ့လေဗျ"

"အာ ကျတော်တောင်းပန်ပါတယ်နော်..အဆင်ပြေရဲ့လား"

ငါ အော်လိုက်မှ ငါ့ခြေထောက်ကား ဖြေးညှင်းစွာကိုင်ကာ စိတ်ပူနေလေသည်။

ဒီလိုတွေလုပ်နေမှတော့ ဘယ်သူကမချစ်မိဘဲနေနိုင်မှာလဲ...ဘယ်လိုလုပ်မှ ဒီဒေါက်တာလေးကို ငါပိုင်ဆိုင်ရမလဲ။

"ကျတော်တောင်းပန်ပါတယ်နော် အရမ်းနာသွားလား"

"ရပါတယ်ဗျ မနာတော့ပါဘူး"

"ကျတော်တွဲသွားမယ်နော်"ဟု ပြောရင်း ငါ့အားထပ်မံ တွဲခေါ်ပြီး ဆေးခန်းကိုခေါ်လာသည်။

"Phi!!"

ထိုခေါ်သံက ငါ့ထံကလာတာတော့မဟုတ်။ကျောင်းရဲ့ ဘောလုံးအသင်းခေါင်းဆောင် Sam ရဲ့အသံ။

"အော် Sam ဘာလာလုပ်တာလဲ တခုခုဖြစ်လို့လဲ"

"တခုခုမဖြစ်ရင်မလာရဘူးလား phi"

"အဲ့လိုမဟုတ်ပါဘူးကွာ လာလို့ရပါတယ်"

"ဒါနဲ့ ဒါဘယ်သူလဲ"

"ဒါ winny လေ phiနဲ့ခင်တာသိပ်တော့မကြာသေးဘူး သူလဲဘောလုံးအသင်းကဘဲလေ ခြေထောက်ထိထားလို့နားနေတာ"

"အာ..ကျတော်က Sam ပါ winny"

ငါ့အား လက်လှမ်းပြတော့ လက်ကိုပြန်ဆွဲကာ နှုတ်ဆက်လိုက်သည်။

"ဟုတ် winny ပါ"

"Winny လို့ဘဲခေါ်မယ်နော် ရလား"

"ရပါတယ်"

"Sam ဖယ်အုန်း winny ကဆေးထည့်ပေးရအုန်းမယ်"

ဒေါက်တာက ပြောလိုက်တော့ Sam က ဖယ်ပေးရင်း ငါ့ကို ဆေးခန်းကုတင်ပေါ်ကူတင်ပေးသည်။

"Winny ကကျတော့်အသင်းထဲပါတယ်ဆိုတော့ ကျတော်စောင့်ရှောက်ပေးရမှာပေါ့ တခုခုဆိုပြောနော်"

"ရတယ် Sam..Phi သူ့ကိုနားခိုင်းထားတယ်"

ဒေါက်တာ့က ငါ့အစားဝင်ဖြေသွားသည်။

"ဟမ် အဲ့ဒါဆိုလူလိုနေမှာပေါ့"

"တခြားတယောက်ထည့်လိုက် Sam ဒီကျောင်းမှာ မင်းရဲ့အသင်းထဲပါချင်တဲ့လူ မရှားပါဘူး"

ဒေါက်တာက ရုပ်တည်နဲ့ပြောလိုက်မှ ခေါင်းညိမ့်ကာ ထွက်သွားသည်။

"Nong ပါချင်တာသိပေမဲ့ ကျတော်ခွင့်မပြုနိုင်ဘူး ခြေထောက်ကဘာမှမဟုတ်ပေမဲ့ စိတ်ပူတယ်"

ငါတောင်ဘာမှမပြောရသေးခင် ငါ့ခြေထောက်အားဆေးလိမ်းပေးရင်းပြောသည်။ငါ မသိသာပြုံးလိုက်မိသည်။

"ဒေါက်တာ ခွင့်မပြုရင်ကျတော်မပါပါဘူး အရာရာ ဒေါက်တာ့သဘောဘဲလေ"

ငါ့စကားအဆုံးမှာ ဒေါက်တာ့ရဲ့အပြုအမူတွေရပ်တန့်သွားပြီး တခြားတဖက်သို့လှည့်သွားသည်။

"ဒေါက်တာ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး ခနနော် လက်သွားဆေးမလို့"

ဆင်ခြင်တခုအမြန်ပေးပြီး ငါ ဆေးခန်းကနေအမြန်ထွက်လာလိုက်သည်။ပေါက်ထွက်မတက် ခုန်နေရင်တဲ့ ရင်ဘတ်ကိုလက်ဖြင့်စမ်းကာ ပြုံးမိသည်။

ဒီကလေးက ငါ့ကိုလာကြောင်တဲ့လူတွေထဲကပါဘဲ။ဒါပေမဲ့ အဲ့လူတွေနဲ့မတူဘူး။_________________________ဆရာတို့ကတော့ မသိသေးပေမဲ့ ဒေါက်တာတို့ကတော့ အခြေအနေကောင်းနေပြီ

Zawgyi

အဆင့္ ၃ - ဆရာ့အေၾကာင္းေတြစုံစမ္းဖို႔

"P'gem"

"Krab"

အခုငါတို႔က p'gem အိမ္မွာစာသင္ေနတာပင္။ အမွန္ေတာ့ စာသင္တာထက္ စာရွင္းျပေနတဲ့ p'gem ရဲ့မ်က္ႏွာေလးကိုဘဲ ထိုင္ၾကည့္ေနတာခပ္မ်ားမ်ားရယ္။

"က်ေတာ္ပ်င္းတယ္"

"အဲ့ေတာ့ စာသင္တာရပ္ေပးရမယ္ေပါ့?"

Phi ကအဲ့လိုေျပာေတာ့ ငါ မ်က္လုံးမ်ားပိတ္သည္အထိ ရယ္လိုက္ကာ ေခါင္းၿငိမ့္ျပလိုက္သည္။

"ဟုတ္ၿပီေလ ေနာက္က်ေနၿပီဆိုေတာ့ မင္းလဲျပန္ေတာ့ေလ"

"ဟုတ္ကဲ့ပါ"

"ေနအုန္း...phi လိုက္ပို႔ေပးမယ္"

"တကယ္လား phi"

ငါ့ေမးခြန္းကို phi ကေခါင္းညိတ္ေျဖၾကားၿပီးေနာက္ ငါတို႔အတူတူအိမ္ျပင္ထြက္လာလိုက္သည္။

"Phi"

"Krab"

"က်ေတာ့္ကို phi အေၾကာင္းေျပာျပ"

"ဘာလို႔လဲ သိခ်င္လို႔လား"

"ဟုတ္တယ္ေလ က်ေတာ္တို႔ကတေက်ာင္းထဲ ၿပီးေတာ့ အိမ္မွာလဲစာသင္ၾကတာကို က်ေတာ္က phi အေၾကာင္းဘာမွလဲမသိဘူး ျဖစ္သင့္လားဗ်"

"ဟုတ္ပါၿပီကြာ Phi အေၾကာင္းက နာမယ္က Gemini ေလ အသက္က ၂၁ႏွစ္"

"ဒါဘဲလား"

"ဘာထပ္သိခ်င္ေသးလို႔လဲ"

"P'gem မွာ ရီးစားရွိလား"

အဲ့ေက်ာင္းသားက ရဲတင္းစြာ ငါ့မ်က္ႏွာအနားကပ္လာၿပီး ထိုေမခြန္းကိုေမးတယ္။

ငါ ဘာမွျပန္မေျဖဘဲ ခပ္တည္တည္နဲ႔ၾကည့္ေနေတာ့ စိတ္မရွည္စြာ ငါ့ကိုထပ္ေမးသည္။

"ဟာ ေျဖေလဗ်ာ ဘာလို႔ၾကည့္ေနတာလဲ"

"စာကိုဘဲစိတ္ဝင္စား ေပါက္ကရေတြမစဥ္းစားနဲ႔"

ငါ တခြန္းဘဲေျပာကာ လမ္းေလၽွာက္ထြက္လာခဲ့သည္။

ထိုေန႔ကစၿပီး ထိုကေလးက ငါနဲ႔ရင္းႏွီးရဖို႔ ဘာမဆိုလုပ္ေနသည့္ပုံပင္။ေန႔တိုင္းအိမ္ကို ေန႔ ည မေရြးလာကာ စာေတြသင္သည္။အိမ္မွာလဲ ငါ့အေမ ဘာခ်က္ခ်က္ ဝင္ဝင္စားလို႔ ငါ့အေမႏွင့္ေတာင္ရင္းႏွီးေနၿပီေလ။

"P'gem က သားကို အိမ္စာေတြအမ်ားႀကီးေပးတယ္ Mae"

အို ဒီလိုမ်ိဳး ငါ့အေမကိုေတာင္ သူမေက်နပ္တာေတြရွိရင္ တိုင္တတ္ပါေသးတယ္။ငါ့အေမမွာလဲ သူ႔ကို မေမြးစား႐ုံတမယ္ပါဘဲ သားအရင္းျဖစ္တဲ့ငါ့ကိုေတာင္ ဂ႐ုမစိုက္ေတာ့ေပ။

"အိုးဟိုး..Mae ရဲ့သားက အဆင့္ေတြက်လာတာသိလား"

"အယ္ ဟုတ္လား ဖို႔ဖို႔"

ငါ့အေမ ရင္ခြင္ထဲေခါင္းတိုးခၽြဲကာ ႏွုတ္ခမ္းမွာလဲဆူထားေသးသည္။ဘယ္လိုကေလးပါလိမ့္။

"အဲ့တာ p'gem ခက္တဲ့ဟာေတြေမးတာကို"

"မင္း ငါေမးတာေတြေတာင္မေျဖနိုင္တာ ေက်ာင္းကေမးတာေတြဆိုဘယ္လိုလုပ္မလဲ"

"ေက်ာင္းမွာလဲ phi ဘဲေမးတာကို"

"မရဘူး မနက္ျဖန္ အဲ့အပုဒ္၂၀ငါ့ကိုျပန္ၿပ ကူးခ်မလာနဲ႔ေနာ္ fourth"

ထိုသို႔ေျပာၿပီးသာ ငါ အခန္းေပၚျပန္တက္လာလိုက္သည္။က်န္ခဲ့တဲ့ ငါ့အေမနဲ႔သူ႔ေမြးစားသားေလးကေတာ့ အခုဆိုငါ့အတင္းေတြတုပ္ေနမွာေပါ့။

"အပုဒ္၂၀ထဲပါ တညထဲနဲ႔မွီပါတယ္ ဖို႔ဖို႔ရဲ့"

"တျခားအိမ္စာေတြလဲလုပ္ရအုန္းမွာကို.."

"ကူးခ်လိုက္ေလ"

"Maeရဲ့သားက ဆူရင္ဘယ္လိုလုပ္မလဲ"

ငါ ၿငီးတြားလိုက္ေတာ့ phi ရဲ့အေမရဲ့ ငါ့အား သူ႔သားကို သူပိုင္ေၾကာင္း ကူးသာခ်ခဲ့ လို႔အားေပးသည္။

"ဟုတ္ၿပီ Mae အာ့ဆိုသားျပန္ေတာ့မယ္ေနာ္"

"ေအး သားေလး ဂ႐ုစိုက္ျပန္အုန္း Gemini ကိုလိုက္ပို႔ခိုင္းရမလား"

"ေနပါေစ Maeရ မလိုပါဘူး"

"ဟုတ္ပါၿပီရွင့္"

ငါ အိမ္ေရာက္ေတာ့ ေရမိုးခ်ိဳးၿပီး ကုတင္ေပၚ ခနေလာက္လွဲလိုက္ရင္း အိပ္ေပ်ာ္သြားသည္။

*တီ တီ တီ*

ဖုန္းျမည္သံေၾကာင့္ ကုတင္ေပးက ဖုန္းကိုစမ္းကာ အိပ္ခ်င္မူးတူးျဖင့္ကိုင္လိုက္သည္။

"ဟယ္လို"

"Fourth ဘာလုပ္ေနတာလဲ"

ေသစမ္း! ဒါ p'gem အသံ!!

"အာ က်ေတာ္ အိမ္စာ..အိမ္စာတြက္ေနတာပါ"

"ကူးခ်ေနတာလား"

"ဟာ မကူးပါဘူး phiရ"

"Vc ေခၚလို႔ရလား"

"ဟုတ္"

Phi က vc ျဖင့္ျပန္ေခၚတာေၾကာင့္ ငါ စားပြဲမွာ စာအုပ္နည္းနည္းပါးပါးအျမန္တင္လိုက္ရသည္။

"တကယ္စာလုပ္ေနတာလား"

"တကယ္ပါဗ်"

"အင္း အဲ့အတိုင္းလုပ္ ၾကည့္ေနမယ္"

"ဟမ္ ဘာလို႔ၾကည့္ေနမွာလဲ"

"ၾကည့္ခ်င္လို႔ေလ"

"ဟမ္!"

"အယ္ ဟိုဟာ..မင္းစာေသခ်ာမလုပ္မွာစိုးလို႔ ေစာင့္ၾကည့္မလို႔"

ငါ မ်က္ခုံးပင့္ၿပီးေခါင္းညိမ့္ျပလိုက္ကာ စာစလုပ္ရေတာ့သည္။

ဒုကၡဘဲ! စာလုပ္ရတာျပႆနာမဟုတ္ ကိုယ့္ခ်စ္ရတဲ့လူက ဒီလိုႀကီးစိုက္ၾကည့္ေနတာေလ..အဆင္မေျပလိုက္တာ ရွက္လိုက္တာ အိပ္ခ်င္စိတ္ေတာင္ေျပသြားတယ္။

"ဟို..phi"

"Krab"

"မၾကည့္လို႔မရဘူးလား"

"ဘာလို႔လဲ"

"အာ..က်ေတာ္တို႔စကားေျပာၾကမလား"

"စာဘဲဆက္လုပ္စမ္းပါ fourth"

"Phi ကလဲ လုပ္ပါေနာ္"

"သေဘာ သေဘာ"

"Phi အေၾကာင္းဆက္ေျပာျပ"

"ဘာအေၾကာင္းသိခ်င္လဲ"

"အမ္..အႀကိဳက္ဆုံးအေရာင္"

"အနီ"

"အစားအစာေကာ"

"အကုန္နီးပါးစားတယ္"

"အႀကိဳက္ဆုံးဘာသာကေကာ"

"သခ်ာ္ေပါ့ကြ"

"ဘာလို႔ သခ်ာ္ကိုႀကိဳက္ရတာလဲ အဲ့ေလာက္ခက္တာကို"

"ဒါက ဘယ္တူနိုင္မွာလဲ phi ကေတာ့သခ်ာ္တြက္ေနရရင္ေပ်ာ္တယ္"

"ဘာလို႔ ဆရာလုပ္ခဲ့တာလဲ"

"သေဘာက်လို႔ "

"ဆရာလုပ္ရတာကိုသေဘာက်တာလား"

"မဟုတ္ဘူးေလ ကိုယ္သေဘာက်တဲ့ဘာသာကို တြက္ေနရတာလဲပါတယ္ စာသင္ေနရတာလဲေပ်ာ္တယ္ ၿပီးေတာ့ ကေလးေတြကိုပညာတတ္ျဖစ္ေစခ်င္တယ္"

"ေအာ္..."

"ရၿပီလား စပ္စုလိုက္တာ စာလုပ္ေတာ့"

"အိုးဟိုး! Phi မစပ္စုပါဘူး"

Phi ကငါရန္ျပန္ေတြ႕တာကို သေဘာက်တာ ထပ္စသည္။အဲ့လိုနဲ႔ ငါတို႔ညလုံးေပါက္ စကားေတြေျပာခဲ့သည္။______________________အဆင့္ ၃ - ေဒါက္တာ့ရဲ့ vip လူနာျဖစ္ဖို႔

"Winny ေျခေထာက္က အဆင္ေျပၿပီမို႔လို႔လား ဘာလို႔ ေဘာလုံးကန္ေနတာလဲ မသက္သာဘဲေဆာ့ရင္ ပိုဆိုးလာမယ္ေနာ္"

ငါ့ရဲ့ ေဒါက္တာေလးရဲ့ စိတ္ပူသံႏွင့္အတူ အနားေရာက္လာတဲ့ ေဒါက္တာေလး။

"လာ နာေနၿပီလား ၾကည့္ရေအာင္"

"ရပါတယ္ ေဒါက္တာရဲ့ မနာပါဘူး"

"က်ေတာ္စိတ္မခ်ေသးဘူး nong နားေနလိုက္ပါလား"

"ဟုတ္ပါၿပီ ေဒါက္တာ့သေဘာပါ"

ငါ သူ႔စကားနားေထာင္ေတာ့ ျပဳံးၿပီး လိမ္မာတယ္ ဆိုကာ ေခါင္းကိုပြတ္ေသးသည္။

"ေဒါက္တာ က်ေတာ္ေဘာလုံးကန္ေနမွန္းဘယ္လိုသိတာလဲ"

ငါ ေမးလိုက္ေတာ့ ေဒါက္တာက သူခိုးလူမိသြားသလို အဟြတ္ အဟက္ နဲ႔ ျဖစ္ေနေလရဲ့

"အာ fourth ကိုေမးလိုက္တာေလ"

"Fourth မွေက်ာင္းမလာတာ"

"ေအာ္ fourth မဟုတ္ဘူး မင္းသူငယ္ခ်င္းေနာက္တေယာက္"

"အာ..ဟုတ္ပါၿပီ"

အမွန္ေတာ့ ငါ winny ေျခေထာက္ကိုစိတ္ပူသည္။ထိုသို႔စိတ္ပူ၍လဲ ငါ မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနခဲ့ရျခင္းျဖစ္သည္။ပုံမွန္ဆို ေဆးခန္းကေနဘဲၾကည့္ေနေပမဲ့ ဒီေန႔ ေဘာလုံးသြားကန္မယ္လို႔သတင္းၾကားတာေၾကာင့္ လိုက္လာ၍နားခိုင္းရျခင္းျဖစ္သည္။

"အခုသြားနားလိုက္ေနာ္"

"ရတယ္ ေဒါက္တာ"

ငါ့ကို ေဆးခန္းကိုတြဲေခၚသြားဖို႔ျပင္ေနတဲ့ ေဒါက္တာ့ကို လက္ကာၿပီးေျပာလိုက္ေတာ့ ေဒါက္တာက အတင္းဆြဲသည္။

"လာစမ္းပါ"

"အား ေဒါက္တာအရမ္းမဆြဲနဲ႔ေလဗ်"

"အာ က်ေတာ္ေတာင္းပန္ပါတယ္ေနာ္..အဆင္ေျပရဲ့လား"

ငါ ေအာ္လိုက္မွ ငါ့ေျခေထာက္ကား ေျဖးညႇင္းစြာကိုင္ကာ စိတ္ပူေနေလသည္။

ဒီလိုေတြလုပ္ေနမွေတာ့ ဘယ္သူကမခ်စ္မိဘဲေနနိုင္မွာလဲ...ဘယ္လိုလုပ္မွ ဒီေဒါက္တာေလးကို ငါပိုင္ဆိုင္ရမလဲ။

"က်ေတာ္ေတာင္းပန္ပါတယ္ေနာ္ အရမ္းနာသြားလား"

"ရပါတယ္ဗ် မနာေတာ့ပါဘူး"

"က်ေတာ္တြဲသြားမယ္ေနာ္"ဟု ေျပာရင္း ငါ့အားထပ္မံ တြဲေခၚၿပီး ေဆးခန္းကိုေခၚလာသည္။

"Phi!!"

ထိုေခၚသံက ငါ့ထံကလာတာေတာ့မဟုတ္။ေက်ာင္းရဲ့ ေဘာလုံးအသင္းေခါင္းေဆာင္ Sam ရဲ့အသံ။

"ေအာ္ Sam ဘာလာလုပ္တာလဲ တခုခုျဖစ္လို႔လဲ"

"တခုခုမျဖစ္ရင္မလာရဘူးလား phi"

"အဲ့လိုမဟုတ္ပါဘူးကြာ လာလို႔ရပါတယ္"

"ဒါနဲ႔ ဒါဘယ္သူလဲ"

"ဒါ winny ေလ phiနဲ႔ခင္တာသိပ္ေတာ့မၾကာေသးဘူး သူလဲေဘာလုံးအသင္းကဘဲေလ ေျခေထာက္ထိထားလို႔နားေနတာ"

"အာ..က်ေတာ္က Sam ပါ winny"

ငါ့အား လက္လွမ္းျပေတာ့ လက္ကိုျပန္ဆြဲကာ ႏွုတ္ဆက္လိုက္သည္။

"ဟုတ္ winny ပါ"

"Winny လို႔ဘဲေခၚမယ္ေနာ္ ရလား"

"ရပါတယ္"

"Sam ဖယ္အုန္း winny ကေဆးထည့္ေပးရအုန္းမယ္"

ေဒါက္တာက ေျပာလိုက္ေတာ့ Sam က ဖယ္ေပးရင္း ငါ့ကို ေဆးခန္းကုတင္ေပၚကူတင္ေပးသည္။

"Winny ကက်ေတာ့္အသင္းထဲပါတယ္ဆိုေတာ့ က်ေတာ္ေစာင့္ေရွာက္ေပးရမွာေပါ့ တခုခုဆိုေျပာေနာ္"

"ရတယ္ Sam..Phi သူ႔ကိုနားခိုင္းထားတယ္"

ေဒါက္တာ့က ငါ့အစားဝင္ေျဖသြားသည္။

"ဟမ္ အဲ့ဒါဆိုလူလိုေနမွာေပါ့"

"တျခားတေယာက္ထည့္လိုက္ Sam ဒီေက်ာင္းမွာ မင္းရဲ့အသင္းထဲပါခ်င္တဲ့လူ မရွားပါဘူး"

ေဒါက္တာက ႐ုပ္တည္နဲ႔ေျပာလိုက္မွ ေခါင္းညိမ့္ကာ ထြက္သြားသည္။

"Nong ပါခ်င္တာသိေပမဲ့ က်ေတာ္ခြင့္မျပဳနိုင္ဘူး ေျခေထာက္ကဘာမွမဟုတ္ေပမဲ့ စိတ္ပူတယ္"

ငါေတာင္ဘာမွမေျပာရေသးခင္ ငါ့ေျခေထာက္အားေဆးလိမ္းေပးရင္းေျပာသည္။ငါ မသိသာျပဳံးလိုက္မိသည္။

"ေဒါက္တာ ခြင့္မျပဳရင္က်ေတာ္မပါပါဘူး အရာရာ ေဒါက္တာ့သေဘာဘဲေလ"

ငါ့စကားအဆုံးမွာ ေဒါက္တာ့ရဲ့အျပဳအမူေတြရပ္တန့္သြားၿပီး တျခားတဖက္သို႔လွည့္သြားသည္။

"ေဒါက္တာ ဘာျဖစ္လို႔လဲ"

"ဘာမွမျဖစ္ပါဘူး ခနေနာ္ လက္သြားေဆးမလို႔"

ဆင္ျခင္တခုအျမန္ေပးၿပီး ငါ ေဆးခန္းကေနအျမန္ထြက္လာလိုက္သည္။ေပါက္ထြက္မတက္ ခုန္ေနရင္တဲ့ ရင္ဘတ္ကိုလက္ျဖင့္စမ္းကာ ျပဳံးမိသည္။

ဒီကေလးက ငါ့ကိုလာေၾကာင္တဲ့လူေတြထဲကပါဘဲ။ဒါေပမဲ့ အဲ့လူေတြနဲ႔မတူဘူး။_________________________ဆရာတို႔ကေတာ့ မသိေသးေပမဲ့ ေဒါက္တာတို႔ကေတာ့ အေျခအေနေကာင္းေနၿပီ

There are no comments yet. Log in to be the first to leave a review!

More by louis-nattawat

Similar stories