3
18:31, 5 August 2024အရာရာမှာ တော်နေဖို့မလိုအပ်ဘူး။လေ့ကျင့်မှုနဲ့ကြိုးစားမှုက မင်းဆီကိုအခွင့်အလမ်းတွေသယ်ဆောင်လာပေးလိမ့်မယ်။____________________အရင်ကလို သချာ်ဆိုရင် ဝေးဝေးရှောင် ဝေါင်ဝေါင်ရွှေး တဲ့ fourth nattawat မဟုတ်တော့ဘူး။
အဆင့် ၂ - အနီးကပ်သင်ကြားခွင့်ရဖို့
သချာ်ဆိုတာ အသေးအမွှားပါ။ သချာ်ကိုချစ်တယ်။သချာ်ဆိုတာ အသေးအမွှားပါ။ သချာ်ကိုချစ်တယ်။သချာ်ဆိုတာ အသေးအမွှားပါ။ သချာ်ကိုချစ်တယ်။
တနေ့ကို မနက်အိပ်ရာနိုးရင်သုံးခေါက် ညအိပ်ရာမဝင်ခင် သုံးခေါက် ရွတ်သော ဂါထာပင်ဖြစ်သည်။
လပတ်စာမေးပွဲမှာလဲ အတော်အသင့်လောက်ဖြေနိုင်ထားတာမလို့ အမှတ်ကြေငြာမဲ့အခါ ငါ အတန်းထဲမှာ ပြုံးပြုံးကြီးနဲ့ကော့ကော့ကြီး ထိုင်နားထောင်နေလိုက်သည်။
"Fourth Nattawat သချာ် ၂၄မှတ်"
အောင်း ဘာလားဟ!!? ကျန်တာတွေတောင် ၄၀ကျော်တာကို သချာ်က ၅၀ ဖိုးကို ၂၄မှတ် ဘဲလား။မဖြစ်နိုင်တာ! ဆရာ အမြင်မှားတာဘဲဖြစ်ရမယ်။
ဆရာက အဖြေကြေငြာပြီးထွက်သွားသည်နှင့် ငါ winny ဆီအပြေးလွှားသွားလိုက်သည်။
အားကစားကွင်းဘေးနားမှာ မှိုင်ပြီးထိုင်နေတော့ ငါ့ရဲ့အချစ်ရဆုံး သူငယ်ချင်းကအပြေးလာသည်။
"အငြင်းခံလိုက်ရလို့လား"
"ဘောကိုအငြင်းခံရမှာလားကွ"
"အဲ့ဒါဆိုဘာလို့လဲ"
"ငါ သချာ် ၂၄ မှတ်ဘဲရတယ်"
"အော်..မထူးဆန်းပါဘူး"
"ဘာကိုမထူးဆန်းရမှာတုန်း ငါ ဒီလောက်ကြိုးစားခဲ့တာကို"
ငါ့ရဲ့ငြီးတွားသံကြောင့် winny က ငါ့ပုခုံးကို လာပုတ်ပြီး...
"ဒါ လောကဓံရဲ့ပုံမှန်ပြကွက်တွေပါ"
"မင်းအငြင်းခံရမှ အဲ့စကားပြန်ပြောမယ်"
"သိပ်လဲစိတ်ဓာတ်ကျမနေပါနဲ့ မင်းအခုလို ညံ့နေတာကလဲ အခွင့်အလမ်းတခုရသွားနိုင်တယ်"
"မရရင်ကော"
"ဂျောင်မှာကပ်ငိုပေါ့"
ငါ လက်ခလယ်တချောင်းထောင်ပြလိုက်ပြီး ဆက်မှိုင်နေလိုက်သည်။
ဘာဆက်လုပ်ရမလဲ...
"Fourth"
"ဘာတုန်း ခွေးကောင်"
ငါ မော့ကြည့်လိုက်တော့ ထိုခေါ်သံက ငါ့ရဲ့ ဆရာ ဆီကပင်။
"အယ် ဆရာ ကန်တော့နော် ကျတော်က winny ထင်လို့"
"ဟုတ််ပါပြီ လာ ဆရာ့နောက်လိုက်ခဲ့"
"ဟုတ်ကဲ့ဗျ"
ငါ ဆရာ့နောက်လိုက်သွားရင်း winny ကို ကြည့်လိုက်တော့ "ငါ ပြောပါတယ်" ဆိုပြီး ပါးစပ်လှုပ်ပြသည်။
ဆရာက ငါ့အား နားနေခန်းထဲခေါ်လာကာ ထိုင်စေသည်။
"အမှတ်ကိစ္စလား ဆရာ"
"ဟုတ်တယ်"
"ကျတော်ပြောမယ် ကျတော်တကယ် ညလုံးပေါက် တွက်ခဲ့တာ" ဆိုပြီး ပါးစပ်က မရပ်မနားပြောနေတဲ့ ကျောင်းသားကို gemini ပြုံးတာမရပ်နိုင်ဘဲကြည့်နေမိသည်။
"ဟုတ်ပါပြီကွာ မင်းကြိုးစားတာ သိပါပြီ"
"ဆရာ ကျတော့်ကိုအမှတ်တိုးပေးမလို့လား"
"ဖြစ်စရာလား မင်းကိုချီးကျူးပေးမလို့ပါ အရင်ကမင်းကနောက်ဆုံးလေ အခုမင်းနောက်မှာ မင်းသူငယ်ချင်းဖြစ်သွားပြီ"
"တကယ်လား ဆရာ"
ငါ ထိုသို့ပြောလိုက်တော့ အပျော်လွန်ကာထခုန်ပြီး ငါ့အားလာဖက်သည်။
"အာ ဆောတီး ဆရာ"
"ရပါတယ် အခက်အခဲရှိရင် လာပြောနော် ရှင်းပြပေးမယ်"
"အဲ့ဒါဆို..."
ငါ မျက်ခုံးပင့်ပြလိုက်တော့ ထိုကျောင်းသားက ပြုံးကာ...
"ကျတော့်ကို သီးသန့်သင်ပေးမလား"_______________________ထိုစကားပြောပြီး ငါ့အား ဆရာက ကျောင်းဆင်းတော့ သူ့အိမ်ခေါ်လာကာ အခန်းထဲဝင်ခိုင်းသည်။
"အဲ့ခုံမှာ ထိုင် စာအုပ်ထုတ်"
"ဗျာ ဆရာ အခုမှရောက်တာလေ"
"ဘာဖြစ်လဲ နားချင်သေးလို့လား"
"ဟုတ်"
"မင်း သဘောလေ"
ငါ အနားယူသလိုလိုနှင့် အခန်းကိုလျှောက်ပတ်ကြည့်လိုက်သည်။မဆိုးပါဘူး တော်တော်သန့်ရှင်းတယ်။အမေပြောထားသလို လက်ထပ်မယ်ဆိုဒီလိုလူကိုလက်ထပ်ရမယ်။
"စပ်စုမနေနဲ့ လာထိုင်တော့"
"အို ဆရာကလဲ"
"Phi'Gem ဆိုရင်ရပြီ ဒါကျောင်းမဟုတ်ဘူး အဲ့ ဆရာ လို့သုံးတာကိုလဲသိပ်နေသားမကျသေးဘူး"
"အာ phi'gem"
ငါ ထိုသို့ခေါ်လိုက်တော့ မျက်လုံးများပိတ်သွားသည်အထိပြုံးပြကာ ရေပုလင်းလာပေးသည်။
"မောနေမယ် ရေဆာရင်သောက်လိုက်"
အမောပြေဖို့ ရေတောင်မလိုဘူး ဆရာ့အပြုံးတွေနဲ့တင် လုံလောက်နေပြီ။
အမေပြောတဲ့ အမောပြေဆိုတာ ဒါမျိုးဘဲနေမယ်။___________________အဆင့် ၂ - ဒေါက်တာ သဘောကျတဲ့လူမျိုးဖြစ်ဖို့
ဒေါက်တာက အားကစားမှာတော်တဲ့လူမျိုးကို သဘောကျတယ်တဲ့။
ဟိုတနေ့က ကျောင်းဆေးခန်းနားဖြတ်သွားတော့ ဖုန်းပြောနေတာကို ငါကြားလိုက်သည်။
ထိုအကြောင်းကို fourth ကိုသွားပြောတော့ ကျောင်းရဲ့ ဘောလုံးအသင်းကခေါင်းဆောင်ကအခုတလော ကျောင်းဆေးခန်းမှာ ခနခနတွေ့နေရတယ်တဲ့လေ
"အဲ့အသင်းခေါင်းဆောင်က ဘက်စကက်ဘောမှာလဲအရင်က ပထမရဖူးတယ် ကြက်တောင်မှာလဲတော်တယ်တဲ့ မင်းတော့သွားပြီ"
အဲ့ကောင်ပြောမှ ငါ့ကိုငါပြန်ကြည့်မိသည်။ဟုတ်ပါတယ်..ငါ့လိုအမြဲတမ်း အတန်းရဲ့ထောင့်မှာ အိပ်နေတဲ့ သာမန်လူက အဲ့လိုလူနဲ့ယှဉ်နိုင်မှာတဲ့လား?
"အခုလဲ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲအတွက်က လေ့ကျင့်နေတာတွေ့သေးတယ်"
Fourth အဲ့လိုထပ်ပြောမှ ငါတွေးမိသွားသည်။ငါ ကြိုးစားလို့ရတာဘဲလေ။ပြိုင်ပွဲအတွက် စာရင်းကောက်နေသည့် ဆရာ့နားသွားကာ စာရင်းသွားပေးတော့ fourth အပြင် တခန်းလုံးကပါ အံဩသွားကြသည်။
အစကတော့ ဒေါက်တာ သဘောကျတဲ့ပုံစံဖြစ်အောင် ပါခဲ့တယ်ဆိုပေမဲ့ နောက်တော့ တကယ်လဲစိတ်ပါလာခဲ့ပါတယ် ဘောလုံးကစားနေတဲ့အချိန်ဆို အမြဲ ဒေါက်တာ့ကိုမြင်ယောင်လာသည်။
ဒါပေမဲ့ ဘောလုံးစလေ့ကျင့်ထဲက ဒေါက်တာ့မျက်နှာလေးကိုမတွေ့ခဲ့ရပါ။ငါ အရမ်းလွမ်းသည်။__________________"ဟိုတယောက် ခနလာအုန်း"
ဆေးခန်းကိုလာလာနေကျ winny ဆိုတဲ့ nong မလာတာ တပတ်ကျော်နေပြီ။ဘာလို့မလာတာလဲ စိတ်ပူလို့ ဆေးခန်းရှေ့မှာ သူ့သူငယ်ချင်း fourth ဆိုတာကိုတွေ့လို့ ငါခေါ်လိုက်တာပင်။
ငါ သတိရနေတာလဲမဟုတ်ပါဘူး ဒီတိုင်းတွေးမိလို့ပါ။
"ဗျာ ဒေါက်တာ ဘာခိုင်းမလို့လဲ"
"Nong ရဲ့ သူငယ်ချင်းလေ"
"အော် winny လား"
"သူ ဘာလို့မလာတာလဲ"
"အော် သူအခုဘောလုံးပြိုင်ပွဲဝင်ထားလို့ အဲ့မှာသွားလေ့ကျင့်နေရတာ"
"ဟုတ်ပါပြီ ကျေးဇူးပါနော်"
"ရပါတယ်ဗျ"
ဘာလို့များ အားကစားတွေလုပ်နေတာပါလိမ့်..။
ခြေထောက်တွေကမသိလိုက်ခင်မှာဘဲ ကျောင်းရဲ့ ဘောလုံးကွင်းသို့ထွက်လာခဲ့မိသည်။တချက်တချက် မသိမသာ ထိုကောင်လေးအားရှာကြည့်တော့ ကျောနံပါတ် 43 အကျီဖြင့် ငါတွေ့ခဲ့သည်။
ငါတောင်သတိမထားမိဘဲ ပြုံးမိသွားသည်။
"satang မင်းဘာတွေဖြစ်နေတာလဲ?"
ကိုယ့်ကိုကိုယ်သတိပြန်ပေးရင်း ဆေးခန်းကိုသာပြန်လာလိုက်သည်။အခုချိန်ထိ ငါ့မျက်လုံးထဲမှာ ကျောနံပါတ် 43 ရဲ့ပုံရိပ်တွေဟာ မထွက်သွားသေးပါ။
"ဒေါက်တာ!! ဒေါက်တာ"
တွေးနေတာတောင် ဘယ်လောက်မှမကြာသေးဘူး။ကျောင်းသားတယောက်က အလန့်တကြားပင်ဝင်လာသည်။
"ဘာဖြစ်လို့လဲဗျ"
"ဘောလုံးကွင်းမှာ လူတယောက် ထိခိုက်သွားလို့"
သူ့စကားလဲအဆုံး ငါအလျင်အမြန်ပြေးရတော့သည်။
ဘောလုံးကွင်းရောက်တော့ လှဲကျနေတဲ့ လူအနားသွားပြီးကြည့်တော့ ထိုလူဟာ ငါ့မျက်စိထဲက ထွက်မသွားတဲ့ ကျောင်းသားပင်။
"Winny"
ခြေထောက်ကထိခိုက်သွားတာကြောင့် ကျောင်းသားနှစ်ယောက်အား အကူအညီတောင်းကာ ဆေးခန်းကိုဘဲခေါ်လာခိုင်းလိုက်တော့သည်။
"နာရင်ပြောနော်"
ခြေထောက်က အရိုးကိုတော့မထိခိုက်သွားပေမဲ့ အနားယူဖို့လိုတာကြောင့် ဆေးခန်းမှာဘဲ ဆက်၍နေခိုင်းထားလိုက်သည်။
"အဆင်ပြေပါတယ် ဒေါက်တာ"
"Winny!!!"
ထိုအော်သံကို ငါအလွတ်ရနေပါပြီ။သတင်းက ပျံ့တာမြန်လိုက်တာ။
"ခြေထောက်ထိသွားတာမလား မင်းအရင်လိုအတန်းထဲမှာဘဲ ပြန်အိပ်ရတော့မယ်ထင်တယ်"
"မနက်ဖြန်လောက်ဆို ငါပြန်ကန်လို့ရလောက်ပါပြီ"
"မရဘူးလေ winny ဒါကတပတ် နှစ်ပတ်လောက် နားဖို့လိုတယ်"
"ပြိုင်ပွဲကနီးနေပြီလေ"
"အင်း မင်းပြိုင်ပွဲကတော့ထွက်ရမယ်ထင်တယ်"
"ဆိုးဆပ်ပါ ဘရို ဒေါက်တာ့ဆီကသဘောကျခံရဖို့လုပ်တာ အခုမင်းပေးဆပ်လိုက်ရပြီ"
Fourth က ငါ့အား တိုးတိုးလေးလာပြောသည်။ငါ စိတ်ပျက်လက်ပျက် မှိုင်သွားတော့ fourth ကဘေးကနေ အားပေးရှာပါတယ်။
"Winny မင်းလမ်းလျှောက်လို့မရတော့ရင် ငါပြုစုပါ့မယ်"
"ခွေးကောင်..."
"Winny က ဘောလုံးကန်ရတာ ဝါသနာပါလို့လား"
"မပါပါဘူး ဒေါက်တာရာ"
"အဲ့တာဆိုဘာလို့ အရမ်းကန်ချင်နေတာလဲ"
"ဒေါက်တာက အားကစားမှာတော်တဲ့လူမျိုးကိုသဘောကျတယ်ဆို"
Fourth nattawat ပြုံးပြုံးကြီးလွှတ်ခနဲထွက်သွားတော့ ဘေးက winny ကိုတောင်မကြည့်ရဲဘဲ ချက်ချင်း ထွက်ပြေးသွားတော့သည်။
"အဲ့ပါးစပ်ကအငြိမ်ကိုမနေဘူး"
ငါ ခပ်တိုးတိုးပြောလိုက်ပြီး ရှေ့က ဒေါက်တာ့အားမသိချင်ယောင်ဆောင်လိုက်သည်။
"ကျတော့်ကြောင့်လား"
"ဟုတ်တယ်"
"ကျတော်လဲမပြောမိပါဘူး nongကို"
"ကျတော်ကြားလိုက်တာပါ..."
"ကျတော်က အားကစားလုပ်တဲ့လူတွေကိုမကြိုက်ပါဘူး"
"ဟမ် အဲ့ဒါဆို အဲ့နေ့က ဒေါက်တာ ပြောနေတာကကော..?"
"ကျတော့် ညမက သူ့ကိုလာကြိုက်တဲ့လူနှစ်ယောက်မှာ ဘယ်သူ့ကိုရွေးရမှန်းမသိဘူးဖြစ်နေလို့ အားကစားလုပ်တဲ့လူကိုသဘောကျတယ်လို့ပြောလိုက်တာပါ"
ငါ့အရှေ့က ကျောင်းသားက ငါ့စကားကြောင့် မျက်နှာက တည်သွားကာ ခြေထောက်ကိုဘဲငုံ့ကြည့်နေသည်။ငါ စဉ်းစားမရပါ ဘာလို့များသူက အခုလိုလုပ်ရတာလဲ?
တခါမှ မခံစားဖူးတဲ့ ဒီခံစားချက်။ကျောင်းသူ/ကျောင်းသားပေါင်းများစွာဆီက ဖွင့်ပြောချင်းတွေကိုခံရဖူးတယ် လိုက်နည်းပေါင်းစုံဖြင့်လဲ အလိုက်ခံရဖူးပါတယ် ဒါပေမဲ့ ဒီကျောင်းသားကို ဘယ်သူကမှ သူ့ကို ရင်မခုန်စေခဲ့ဘူး။_______________________ဆရာကတော့ ဘယ်လိုလဲမသိပေမဲ့ ဒေါက်တာကတော့ ဖောလင်းအင်လပ်တော့မယ်ထင်ပါတယ်😌🤚🏻
Zawgyi
အရာရာမွာ ေတာ္ေနဖို႔မလိုအပ္ဘူး။ေလ့က်င့္မွုနဲ႔ႀကိဳးစားမွုက မင္းဆီကိုအခြင့္အလမ္းေတြသယ္ေဆာင္လာေပးလိမ့္မယ္။____________________အရင္ကလို သခ်ာ္ဆိုရင္ ေဝးေဝးေရွာင္ ေဝါင္ေဝါင္ေရႊး တဲ့ fourth nattawat မဟုတ္ေတာ့ဘူး။
အဆင့္ ၂ - အနီးကပ္သင္ၾကားခြင့္ရဖို႔
သခ်ာ္ဆိုတာ အေသးအမႊားပါ။ သခ်ာ္ကိုခ်စ္တယ္။သခ်ာ္ဆိုတာ အေသးအမႊားပါ။ သခ်ာ္ကိုခ်စ္တယ္။သခ်ာ္ဆိုတာ အေသးအမႊားပါ။ သခ်ာ္ကိုခ်စ္တယ္။
တေန႔ကို မနက္အိပ္ရာနိုးရင္သုံးေခါက္ ညအိပ္ရာမဝင္ခင္ သုံးေခါက္ ရြတ္ေသာ ဂါထာပင္ျဖစ္သည္။
လပတ္စာေမးပြဲမွာလဲ အေတာ္အသင့္ေလာက္ေျဖနိုင္ထားတာမလို႔ အမွတ္ေၾကျငာမဲ့အခါ ငါ အတန္းထဲမွာ ျပဳံးျပဳံးႀကီးနဲ႔ေကာ့ေကာ့ႀကီး ထိုင္နားေထာင္ေနလိုက္သည္။
"Fourth Nattawat သခ်ာ္ ၂၄မွတ္"
ေအာင္း ဘာလားဟ!!? က်န္တာေတြေတာင္ ၄၀ေက်ာ္တာကို သခ်ာ္က ၅၀ ဖိုးကို ၂၄မွတ္ ဘဲလား။မျဖစ္နိုင္တာ! ဆရာ အျမင္မွားတာဘဲျဖစ္ရမယ္။
ဆရာက အေျဖေၾကျငာၿပီးထြက္သြားသည္ႏွင့္ ငါ winny ဆီအေျပးလႊားသြားလိုက္သည္။
အားကစားကြင္းေဘးနားမွာ မွိုင္ၿပီးထိုင္ေနေတာ့ ငါ့ရဲ့အခ်စ္ရဆုံး သူငယ္ခ်င္းကအေျပးလာသည္။
"အျငင္းခံလိုက္ရလို႔လား"
"ေဘာကိုအျငင္းခံရမွာလားကြ"
"အဲ့ဒါဆိုဘာလို႔လဲ"
"ငါ သခ်ာ္ ၂၄ မွတ္ဘဲရတယ္"
"ေအာ္..မထူးဆန္းပါဘူး"
"ဘာကိုမထူးဆန္းရမွာတုန္း ငါ ဒီေလာက္ႀကိဳးစားခဲ့တာကို"
ငါ့ရဲ့ၿငီးတြားသံေၾကာင့္ winny က ငါ့ပုခုံးကို လာပုတ္ၿပီး...
"ဒါ ေလာကဓံရဲ့ပုံမွန္ျပကြက္ေတြပါ"
"မင္းအျငင္းခံရမွ အဲ့စကားျပန္ေျပာမယ္"
"သိပ္လဲစိတ္ဓာတ္က်မေနပါနဲ႔ မင္းအခုလို ညံ့ေနတာကလဲ အခြင့္အလမ္းတခုရသြားနိုင္တယ္"
"မရရင္ေကာ"
"ေဂ်ာင္မွာကပ္ငိုေပါ့"
ငါ လက္ခလယ္တေခ်ာင္းေထာင္ျပလိုက္ၿပီး ဆက္မွိုင္ေနလိုက္သည္။
ဘာဆက္လုပ္ရမလဲ...
"Fourth"
"ဘာတုန္း ေခြးေကာင္"
ငါ ေမာ့ၾကည့္လိုက္ေတာ့ ထိုေခၚသံက ငါ့ရဲ့ ဆရာ ဆီကပင္။
"အယ္ ဆရာ ကန္ေတာ့ေနာ္ က်ေတာ္က winny ထင္လို႔"
"ဟုတ္္ပါၿပီ လာ ဆရာ့ေနာက္လိုက္ခဲ့"
"ဟုတ္ကဲ့ဗ်"
ငါ ဆရာ့ေနာက္လိုက္သြားရင္း winny ကို ၾကည့္လိုက္ေတာ့ "ငါ ေျပာပါတယ္" ဆိုၿပီး ပါးစပ္လွုပ္ျပသည္။
ဆရာက ငါ့အား နားေနခန္းထဲေခၚလာကာ ထိုင္ေစသည္။
"အမွတ္ကိစၥလား ဆရာ"
"ဟုတ္တယ္"
"က်ေတာ္ေျပာမယ္ က်ေတာ္တကယ္ ညလုံးေပါက္ တြက္ခဲ့တာ" ဆိုၿပီး ပါးစပ္က မရပ္မနားေျပာေနတဲ့ ေက်ာင္းသားကို gemini ျပဳံးတာမရပ္နိုင္ဘဲၾကည့္ေနမိသည္။
"ဟုတ္ပါၿပီကြာ မင္းႀကိဳးစားတာ သိပါၿပီ"
"ဆရာ က်ေတာ့္ကိုအမွတ္တိုးေပးမလို႔လား"
"ျဖစ္စရာလား မင္းကိုခ်ီးက်ဴးေပးမလို႔ပါ အရင္ကမင္းကေနာက္ဆုံးေလ အခုမင္းေနာက္မွာ မင္းသူငယ္ခ်င္းျဖစ္သြားၿပီ"
"တကယ္လား ဆရာ"
ငါ ထိုသို႔ေျပာလိုက္ေတာ့ အေပ်ာ္လြန္ကာထခုန္ၿပီး ငါ့အားလာဖက္သည္။
"အာ ေဆာတီး ဆရာ"
"ရပါတယ္ အခက္အခဲရွိရင္ လာေျပာေနာ္ ရွင္းျပေပးမယ္"
"အဲ့ဒါဆို..."
ငါ မ်က္ခုံးပင့္ျပလိုက္ေတာ့ ထိုေက်ာင္းသားက ျပဳံးကာ...
"က်ေတာ့္ကို သီးသန့္သင္ေပးမလား"_______________________ထိုစကားေျပာၿပီး ငါ့အား ဆရာက ေက်ာင္းဆင္းေတာ့ သူ႔အိမ္ေခၚလာကာ အခန္းထဲဝင္ခိုင္းသည္။
"အဲ့ခုံမွာ ထိုင္ စာအုပ္ထုတ္"
"ဗ်ာ ဆရာ အခုမွေရာက္တာေလ"
"ဘာျဖစ္လဲ နားခ်င္ေသးလို႔လား"
"ဟုတ္"
"မင္း သေဘာေလ"
ငါ အနားယူသလိုလိုႏွင့္ အခန္းကိုေလၽွာက္ပတ္ၾကည့္လိုက္သည္။မဆိုးပါဘူး ေတာ္ေတာ္သန့္ရွင္းတယ္။အေမေျပာထားသလို လက္ထပ္မယ္ဆိုဒီလိုလူကိုလက္ထပ္ရမယ္။
"စပ္စုမေနနဲ႔ လာထိုင္ေတာ့"
"အို ဆရာကလဲ"
"Phi'Gem ဆိုရင္ရၿပီ ဒါေက်ာင္းမဟုတ္ဘူး အဲ့ ဆရာ လို႔သုံးတာကိုလဲသိပ္ေနသားမက်ေသးဘူး"
"အာ phi'gem"
ငါ ထိုသို႔ေခၚလိုက္ေတာ့ မ်က္လုံးမ်ားပိတ္သြားသည္အထိျပဳံးျပကာ ေရပုလင္းလာေပးသည္။
"ေမာေနမယ္ ေရဆာရင္ေသာက္လိုက္"
အေမာေျပဖို႔ ေရေတာင္မလိုဘူး ဆရာ့အျပဳံးေတြနဲ႔တင္ လုံေလာက္ေနၿပီ။
အေမေျပာတဲ့ အေမာေျပဆိုတာ ဒါမ်ိဳးဘဲေနမယ္။___________________အဆင့္ ၂ - ေဒါက္တာ သေဘာက်တဲ့လူမ်ိဳးျဖစ္ဖို႔
ေဒါက္တာက အားကစားမွာေတာ္တဲ့လူမ်ိဳးကို သေဘာက်တယ္တဲ့။
ဟိုတေန႔က ေက်ာင္းေဆးခန္းနားျဖတ္သြားေတာ့ ဖုန္းေျပာေနတာကို ငါၾကားလိုက္သည္။
ထိုအေၾကာင္းကို fourth ကိုသြားေျပာေတာ့ ေက်ာင္းရဲ့ ေဘာလုံးအသင္းကေခါင္းေဆာင္ကအခုတေလာ ေက်ာင္းေဆးခန္းမွာ ခနခနေတြ႕ေနရတယ္တဲ့ေလ
"အဲ့အသင္းေခါင္းေဆာင္က ဘက္စကက္ေဘာမွာလဲအရင္က ပထမရဖူးတယ္ ၾကက္ေတာင္မွာလဲေတာ္တယ္တဲ့ မင္းေတာ့သြားၿပီ"
အဲ့ေကာင္ေျပာမွ ငါ့ကိုငါျပန္ၾကည့္မိသည္။ဟုတ္ပါတယ္..ငါ့လိုအျမဲတမ္း အတန္းရဲ့ေထာင့္မွာ အိပ္ေနတဲ့ သာမန္လူက အဲ့လိုလူနဲ႔ယွဥ္နိုင္မွာတဲ့လား?
"အခုလဲ ေက်ာင္းေပါင္းစုံေဘာလုံးၿပိဳင္ပြဲအတြက္က ေလ့က်င့္ေနတာေတြ႕ေသးတယ္"
Fourth အဲ့လိုထပ္ေျပာမွ ငါေတြးမိသြားသည္။ငါ ႀကိဳးစားလို႔ရတာဘဲေလ။ၿပိဳင္ပြဲအတြက္ စာရင္းေကာက္ေနသည့္ ဆရာ့နားသြားကာ စာရင္းသြားေပးေတာ့ fourth အျပင္ တခန္းလုံးကပါ အံဩသြားၾကသည္။
အစကေတာ့ ေဒါက္တာ သေဘာက်တဲ့ပုံစံျဖစ္ေအာင္ ပါခဲ့တယ္ဆိုေပမဲ့ ေနာက္ေတာ့ တကယ္လဲစိတ္ပါလာခဲ့ပါတယ္ ေဘာလုံးကစားေနတဲ့အခ်ိန္ဆို အျမဲ ေဒါက္တာ့ကိုျမင္ေယာင္လာသည္။
ဒါေပမဲ့ ေဘာလုံးစေလ့က်င့္ထဲက ေဒါက္တာ့မ်က္ႏွာေလးကိုမေတြ႕ခဲ့ရပါ။ငါ အရမ္းလြမ္းသည္။__________________"ဟိုတေယာက္ ခနလာအုန္း"
ေဆးခန္းကိုလာလာေနက် winny ဆိုတဲ့ nong မလာတာ တပတ္ေက်ာ္ေနၿပီ။ဘာလို႔မလာတာလဲ စိတ္ပူလို႔ ေဆးခန္းေရွ႕မွာ သူ႔သူငယ္ခ်င္း fourth ဆိုတာကိုေတြ႕လို႔ ငါေခၚလိုက္တာပင္။
ငါ သတိရေနတာလဲမဟုတ္ပါဘူး ဒီတိုင္းေတြးမိလို႔ပါ။
"ဗ်ာ ေဒါက္တာ ဘာခိုင္းမလို႔လဲ"
"Nong ရဲ့ သူငယ္ခ်င္းေလ"
"ေအာ္ winny လား"
"သူ ဘာလို႔မလာတာလဲ"
"ေအာ္ သူအခုေဘာလုံးၿပိဳင္ပြဲဝင္ထားလို႔ အဲ့မွာသြားေလ့က်င့္ေနရတာ"
"ဟုတ္ပါၿပီ ေက်းဇူးပါေနာ္"
"ရပါတယ္ဗ်"
ဘာလို႔မ်ား အားကစားေတြလုပ္ေနတာပါလိမ့္..။
ေျခေထာက္ေတြကမသိလိုက္ခင္မွာဘဲ ေက်ာင္းရဲ့ ေဘာလုံးကြင္းသို႔ထြက္လာခဲ့မိသည္။တခ်က္တခ်က္ မသိမသာ ထိုေကာင္ေလးအားရွာၾကည့္ေတာ့ ေက်ာနံပါတ္ 43 အက်ီျဖင့္ ငါေတြ႕ခဲ့သည္။
ငါေတာင္သတိမထားမိဘဲ ျပဳံးမိသြားသည္။
"satang မင္းဘာေတြျဖစ္ေနတာလဲ?"
ကိုယ့္ကိုကိုယ္သတိျပန္ေပးရင္း ေဆးခန္းကိုသာျပန္လာလိုက္သည္။အခုခ်ိန္ထိ ငါ့မ်က္လုံးထဲမွာ ေက်ာနံပါတ္ 43 ရဲ့ပုံရိပ္ေတြဟာ မထြက္သြားေသးပါ။
"ေဒါက္တာ!! ေဒါက္တာ"
ေတြးေနတာေတာင္ ဘယ္ေလာက္မွမၾကာေသးဘူး။ေက်ာင္းသားတေယာက္က အလန့္တၾကားပင္ဝင္လာသည္။
"ဘာျဖစ္လို႔လဲဗ်"
"ေဘာလုံးကြင္းမွာ လူတေယာက္ ထိခိုက္သြားလို႔"
သူ႔စကားလဲအဆုံး ငါအလ်င္အျမန္ေျပးရေတာ့သည္။
ေဘာလုံးကြင္းေရာက္ေတာ့ လွဲက်ေနတဲ့ လူအနားသြားၿပီးၾကည့္ေတာ့ ထိုလူဟာ ငါ့မ်က္စိထဲက ထြက္မသြားတဲ့ ေက်ာင္းသားပင္။
"Winny"
ေျခေထာက္ကထိခိုက္သြားတာေၾကာင့္ ေက်ာင္းသားႏွစ္ေယာက္အား အကူအညီေတာင္းကာ ေဆးခန္းကိုဘဲေခၚလာခိုင္းလိုက္ေတာ့သည္။
"နာရင္ေျပာေနာ္"
ေျခေထာက္က အရိုးကိုေတာ့မထိခိုက္သြားေပမဲ့ အနားယူဖို႔လိုတာေၾကာင့္ ေဆးခန္းမွာဘဲ ဆက္၍ေနခိုင္းထားလိုက္သည္။
"အဆင္ေျပပါတယ္ ေဒါက္တာ"
"Winny!!!"
ထိုေအာ္သံကို ငါအလြတ္ရေနပါၿပီ။သတင္းက ပ်ံ႕တာျမန္လိုက္တာ။
"ေျခေထာက္ထိသြားတာမလား မင္းအရင္လိုအတန္းထဲမွာဘဲ ျပန္အိပ္ရေတာ့မယ္ထင္တယ္"
"မနက္ျဖန္ေလာက္ဆို ငါျပန္ကန္လို႔ရေလာက္ပါၿပီ"
"မရဘူးေလ winny ဒါကတပတ္ ႏွစ္ပတ္ေလာက္ နားဖို႔လိုတယ္"
"ၿပိဳင္ပြဲကနီးေနၿပီေလ"
"အင္း မင္းၿပိဳင္ပြဲကေတာ့ထြက္ရမယ္ထင္တယ္"
"ဆိုးဆပ္ပါ ဘရို ေဒါက္တာ့ဆီကသေဘာက်ခံရဖို႔လုပ္တာ အခုမင္းေပးဆပ္လိုက္ရၿပီ"
Fourth က ငါ့အား တိုးတိုးေလးလာေျပာသည္။ငါ စိတ္ပ်က္လက္ပ်က္ မွိုင္သြားေတာ့ fourth ကေဘးကေန အားေပးရွာပါတယ္။
"Winny မင္းလမ္းေလၽွာက္လို႔မရေတာ့ရင္ ငါျပဳစုပါ့မယ္"
"ေခြးေကာင္..."
"Winny က ေဘာလုံးကန္ရတာ ဝါသနာပါလို႔လား"
"မပါပါဘူး ေဒါက္တာရာ"
"အဲ့တာဆိုဘာလို႔ အရမ္းကန္ခ်င္ေနတာလဲ"
"ေဒါက္တာက အားကစားမွာေတာ္တဲ့လူမ်ိဳးကိုသေဘာက်တယ္ဆို"
Fourth nattawat ျပဳံးျပဳံးႀကီးလႊတ္ခနဲထြက္သြားေတာ့ ေဘးက winny ကိုေတာင္မၾကည့္ရဲဘဲ ခ်က္ခ်င္း ထြက္ေျပးသြားေတာ့သည္။
"အဲ့ပါးစပ္ကအၿငိမ္ကိုမေနဘူး"
ငါ ခပ္တိုးတိုးေျပာလိုက္ၿပီး ေရွ႕က ေဒါက္တာ့အားမသိခ်င္ေယာင္ေဆာင္လိုက္သည္။
"က်ေတာ့္ေၾကာင့္လား"
"ဟုတ္တယ္"
"က်ေတာ္လဲမေျပာမိပါဘူး nongကို"
"က်ေတာ္ၾကားလိုက္တာပါ..."
"က်ေတာ္က အားကစားလုပ္တဲ့လူေတြကိုမႀကိဳက္ပါဘူး"
"ဟမ္ အဲ့ဒါဆို အဲ့ေန႔က ေဒါက္တာ ေျပာေနတာကေကာ..?"
"က်ေတာ့္ ညမက သူ႔ကိုလာႀကိဳက္တဲ့လူႏွစ္ေယာက္မွာ ဘယ္သူ႔ကိုေရြးရမွန္းမသိဘူးျဖစ္ေနလို႔ အားကစားလုပ္တဲ့လူကိုသေဘာက်တယ္လို႔ေျပာလိုက္တာပါ"
ငါ့အေရွ႕က ေက်ာင္းသားက ငါ့စကားေၾကာင့္ မ်က္ႏွာက တည္သြားကာ ေျခေထာက္ကိုဘဲငုံ႔ၾကည့္ေနသည္။ငါ စဥ္းစားမရပါ ဘာလို႔မ်ားသူက အခုလိုလုပ္ရတာလဲ?
တခါမွ မခံစားဖူးတဲ့ ဒီခံစားခ်က္။ေက်ာင္းသူ/ေက်ာင္းသားေပါင္းမ်ားစြာဆီက ဖြင့္ေျပာခ်င္းေတြကိုခံရဖူးတယ္ လိုက္နည္းေပါင္းစုံျဖင့္လဲ အလိုက္ခံရဖူးပါတယ္ ဒါေပမဲ့ ဒီေက်ာင္းသားကို ဘယ္သူကမွ သူ႔ကို ရင္မခုန္ေစခဲ့ဘူး။_______________________ဆရာကေတာ့ ဘယ္လိုလဲမသိေပမဲ့ ေဒါက္တာကေတာ့ ေဖာလင္းအင္လပ္ေတာ့မယ္ထင္ပါတယ္😌🤚🏻
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)





