Fanfics

2

18:04, 4 August 2024

ဆရာတစ်ယောက်နဲ့ဆရာဝန်တယောက်ကို ငါတို့လို သာမာန်ကျောင်းသားလေးနှစ်ယောက်က လိုက်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စလား?

မဖြစ်နိုင်ဘူး ဆိုတာမရှိပါဘူး။မင်းတို့ရဲ့ ဖြစ်ချင်တဲ့စိတ် ပြင်းထန်ဖို့ဘဲလိုတယ်။

ငါတို့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကြောင့် ငါတို့နှစ်ယောက်ကို ပြန်ကြိုက်မယ်ဆိုတာ ငါတို့သိသည်။

အခု ငါတို့လုပ်ရမှာက တဖြေးဖြေးချင်းချည်းကပ်ဖို့ဘဲ။_____________________အဆင့် ၁ - သချာ်ဆရာရဲ့အချစ်ကို ရဖို့ သချာ် တော်ရမယ်။

Gemini...ဆရာ့ နာမယ်က gemini တဲ့။

မနေ့က နားနေခန်းထဲမှာဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ရှက်ကာ ကျောင်းမလာဖို့ တွေးထားပေမဲ့ ငါမရှိရင် သေမလိုဖြစ်နေတဲ့ winny ကြောင့် ကျောင်းလာခဲ့ရသည်။

"ငါမရှိရင်မနေနိုင်ဘူးလား ငါ့ကိုဘဲယူလိုက်ပါလား"

"မင်းကို ယူစရာလား ငါ့ရဲ့ဒေါက်တာအလှလေးကိုဘဲယူမှာပေါ့"

"မွှန်နေလိုက် အဲ့မှာ"

ငါ ခေါင်းခါစွာဆိုမိရင်း အတန်းရဲ့ထောင့်ကျတဲ့နေရာမှာ နေရာဝင်ယူလိုက်သည်။ထောင့်ကျတယ် ဆိုပေမဲ့ ငါ့အတွက်တော့မဟုတ် စာသင်ချိန်မှာ အိပ်မည့် ချစ်လှစွာသော သူငယ်ချင်းကြီးအတွက်ပေ။

"Winny"

စာသင်ချိန်မို့ အိပ်နေသည့် winny ကို ငါ ခေါ်လိုက်သည်။

"အင်း"

"မင်း အခုလိုဘဲဆက်လုပ်နေအုန်းမှာလား"

"ဘာကိုလဲ"

"နေ့တိုင်းနားချိန်ကျ ဒေါက်တာ့ဆီသွား မနာတာတွေ နာအောင်လုပ်နေတာတွေက သူ မင်းကိုပြန်ကြိုက်လာမယ်လို့ထင်လား"

"ဖြေးဖြေးသွားရမှာပေါ့ ချက်ချင်းကြီး ဒေါက်တာ့ကိုချစ်တယ် ပြန်ချစ်ပါ လုပ်ရင် ငါကျောင်းပါထုတ်ခံရမှာပေါ့"

"မင်းဖြေးဖြေးသွားနေတာက ဒေါက်တာ မိန်းမနဲ့ကလေးရမှ ရောက်မဲ့ပုံဘဲ"

"မင်းကျတော့ စတောင်မစရသေးဘဲနဲ့"

"ထောင့်ကနှစ်ယောက် ဘာတွေစကားများနေတာလဲ"

ဆရာက ငါတို့နှစ်ယောက်ကိုတွေ့လို့ လှမ်းအော်လိုက်တာပင်။

"ဆရာ fourth ကမေးစရာရှိလို့တဲ့"

ဒီခွေးကောင်ကတော့! ငါ့ကိုထပ်တွန်းပို့ပြန်ပြီ။

"ဘာမေးမလို့လဲ ဘယ်နားမရှင်းလို့လဲ ကျောင်းသား"

ဆရာ့မှာ ရီးစားရှိလားလို့ မေးချင်ပေမဲ့လဲ တကယ်ထွက်သွားတာက...

"ကျတော် အိမ်သာသွားလို့ရမလား"

"ရတယ်လေ မြန်မြန်သွား"

ဒုက္ခဘဲ ငါဘာကြီးပြောလိုက်မိတာလဲ...

အိမ်သာမှာ ခနတဖြုတ်နေလိုက်ပြီး အတန်းထဲပြန်ဝင်လာတော့ ဆရာ ဖြစ်သူကအချိန်ကုန်လို့ထွက်သွားပြီ။

"Fourth ဆရာက သူ့နားနေခန်းထဲလာခဲ့ပါတဲ့"

အတန်းခေါင်းဆောင်က ထိုသို့လာပြောတာကြောင့်ငါ winny ရှိရာ မော့ကြည့်လိုက်တော့ ငါ့ကို လက်မထောင်ပြကာ မျက်စိတစ်ဖက်မှိတ်ပြသည်။

ငါ လက်ခလယ်တချောင်းထောင်ပြလိုက်ပြီး နားနေခန်းထဲထွက်လာလိုက်သည်။

"ဆရာ ကျတော့်ကိုခေါ်တယ်ဆို"

"အင်း မင်းနာမယ်က fourth မလား"

"ဟုတ်ပါတယ် Fourth ပါ"

"အရင်အတန်းက သချာ်အမှတ်တွေပြန်ကြည့်နေတာ fourth ကအမှတ်တွေအရမ်းနည်းနေတယ်"

"အာ ဟုတ်..."

ငါ ရှက်လွန်းလို့ မျက်နှာကြီးကို winny နဲ့လဲပလိုက်ချင်တယ်။

"ဒီနှစ်အတန်းမှာတော့ သေချာကြိုးစားပေးမယ်မလား နောက်ဆုံးနှစ်လဲဖြစ်တယ်ဆိုတော့ နားမလည်တာတွေရှိရင်လဲ ဆရာ့ကိုမေးနော်"

"ဟုတ်ကဲ့ပါဗျ"

"ပြီးတော့ စာသင်ချိန်လဲသေချာနားထောင်နော် သွားလို့ရပြီ ဒါဘဲ"

ဆရာ့ရဲ့ အပြုံးချိုချိုလေးနဲ့အတူ ငါ နှုတ်ဆက်စကား ဆိုလိုက်ရင်း အတန်းထဲပြန်ဝင်လာလိုက်သည်။

ငါ ပြန်လာကော ဘေးက winny ကအိပ်နေရာကနေ ထလာပြီး ဘာဖြစ်ခဲ့လဲ ဟု မရမကမေးတော့သည်။

"Winny!"

"ဘာလဲ ဘာလဲ"

"မင်း ငါ့ကိုဒီညဂိမ်းဆော့ဖို့လာမခေါ်နဲ့တော့"

"ဘာလို့လဲ"

"ငါ သချာ်တွေတွက်တော့မယ်"

"အထူးအဆန်းပါလား ကျက်ဖြေနေတဲ့ကောင်က"

"အခုမကျက်တော့ဘူး တွက်တော့မှာ"

"မင်းကို ဟိုဆရာက အောက်လမ်းတွေနဲ့ ချုပ်လိုက်တာလား"

"မင်းလိုဘဲလေ ငါလဲ သချာ်ဆရာကိုမှ အရူးအမူးချစ်မိသွားတာကို"_____________________အဆင့် ၁ - ဒေါက်တာနဲ့ခင်မင်မှုရဖို့

"Nong ဘာလို့နေ့တိုင်း ဒီကိုလာနေတာလဲ"

ငါ့ ခန္ဓာကိုယ်ကိုစမ်းနေရင်း ဒေါက်တာကမေးသည်။

အမှန်တရားကို ငါဘယ်ပြောနိုင်မလဲ အလိမ်အညာ မုသား စကား ကိုဘဲ ငါ ဆိုလိုက်သည်။

"ကျတော်က ကျန်းမာရေးမကောင်းဘူးလေ ဒေါက်တာရဲ့ အမေကနေ့တိုင်း ဆေးခန်းမှာ သွားသွားစစ်ဖို့မှာထားလို့"

"အဲ့ဒါဆိုအပြင်ဆေးခန်းမှာ စစ်လေဗျ ဒါကကျောင်းဆေးခန်းလေ"

"ကျောင်းဆေးခန်းက အလကားလေ ပြီးတော့ ဒေါက်တာနဲ့လဲ ခင်ချင်လို့"

"ကျတော်နဲ့ခင်ချင်လို့ နေ့တိုင်းလာနေတာလား"

"မဟုတ်ပါဘူး ဆေးစစ်ဖို့ပါဆို"

ငါ ခုန်ဆွခုန်ဆွနဲ့ ငြင်းတော့ ဒေါက်တာက ပြုံးသည်။အဲ့အပြုံးလေးကိုဘဲ သူ့ ကြည့်ဖို့နေ့တိုင်းလာနေမိတာ ဒီနေ့နဲ့ဆို တနှစ်ကျော်ပြီပေါ့။

"ကျတော် စစ်ကြည့်တာတော့ nong ကအကောင်းကြီးပါ"

"ဒါပေမဲ့ တနေ့နေ့မှာ တခုခုမဖြစ်သွားနိုင်ဘူးလို့ မပြောနိုင်တာ"

"Nong က အခုမှကျောင်းသားဘဲရှိသေးတယ် အတွေးတွေအရမ်းမလွန်ပါနဲ့ စာကိုဘဲခေါင်းထဲထည့်ထားပါ"

"ဟုတ်ပါပြီ အကောင်းကြီးဆိုထားလိုက်ပါ ဒေါက်တာနဲ့ခင်ချင်တယ် ဆိုတာကကော..."

"အင်း ရတယ်လေ ဒါပေမဲ့ ဒီိကိုတော့နေ့တိုင်းလာစရာမလိုပါဘူး"

"ကျတော်က လာချင်တာကို..."

"နှာဘူးကောင်!"

ဆေးခန်းရှေ့က ထွက်လာတဲ့ fourth ရဲ့အသံ...

"အာ မင်းကိုပြောတာမဟုတ်ဘူး ခုနကနှာဘူးတကောင်တွေ့လိုက်လို့"

ပါးစပ်နဲ့လျှာပါတိုင်းအော်နေတာ နောက်တခါ တိပ်နဲ့ပိတ်ပြီးမှ ခေါ်လာရမယ်။

"Nong တို့ကရယ်ရတယ် လာချင်ရင်လဲလာခဲ့ပါ ကျတော်မပျင်းရတော့ဘူးပေါ့ စကားပြောလို့ရတယ်"

"ဟုတ် ဟုတ် ဒေါက်တာ"

ငါ ခေါင်းကိုပြတ်ထွက်မတတ်ငြိမ့်ပြီး ထောက်ခံလိုက်သည်။

"ဒေါက်တာ.."

"ဗျ"

"Winny ပါ"

"ဘာကိုလဲ Nong "

"နာမယ်က winny ပါ nong nong နဲ့ခေါ်နေလို့"

"အော် ဟုတ်သားဘဲ စာအုပ်ထဲမှာကျရေးထားပြီး မခေါ်မိတာ"

"Winny! ငါ ခြင်တွေကိုက်နေပြီ"

အခန်းရှေ့က ထပ်အော်လာတဲ့ fourth ရဲ့အသံကြောင့် ငါ ဒေါက်တာ့ကိုနှုတ်ဆက်ပြီး အမြန်ထွက်လာလိုက်ရသည်။

"ဘောမို့ အရှေ့ကနေ စွတ်အော်နေတာလား စကားပြောနေတာကို"

"မတတ်နိုင်ဘူးလေ ခြင်ကိုက်တာကို ညောင်းလဲညောင်းလာပြီ"

"မင်း ဒီညသချာ်မတွက်ဖြစ်စေရဘူး ငါ နှောင့်ယှက်ပေးမယ်"

"ခွေးကောင်" ဆိုတဲ့ဆဲသံနဲ့အတူ ငါ့အား ခြေထောက်နဲ့လိုက်ကန်နေတဲ့ fourth။___________________Zawgyi

ဆရာတစ္ေယာက္နဲ႔ဆရာဝန္တေယာက္ကို ငါတို႔လို သာမာန္ေက်ာင္းသားေလးႏွစ္ေယာက္က လိုက္ဖို႔ဆိုတာ ျဖစ္နိုင္တဲ့ကိစၥလား?

မျဖစ္နိုင္ဘူး ဆိုတာမရွိပါဘူး။မင္းတို႔ရဲ့ ျဖစ္ခ်င္တဲ့စိတ္ ျပင္းထန္ဖို႔ဘဲလိုတယ္။

ငါတို႔ရဲ့ ျပင္းျပတဲ့ စိတ္ဓာတ္ေၾကာင့္ ငါတို႔ႏွစ္ေယာက္ကို ျပန္ႀကိဳက္မယ္ဆိုတာ ငါတို႔သိသည္။

အခု ငါတို႔လုပ္ရမွာက တေျဖးေျဖးခ်င္းခ်ည္းကပ္ဖို႔ဘဲ။_____________________အဆင့္ ၁ - သခ်ာ္ဆရာရဲ့အခ်စ္ကို ရဖို႔ သခ်ာ္ ေတာ္ရမယ္။

Gemini...ဆရာ့ နာမယ္က gemini တဲ့။

မေန႔က နားေနခန္းထဲမွာျဖစ္သြားတဲ့ ကိစၥနဲ႔ပတ္သတ္ၿပီး ရွက္ကာ ေက်ာင္းမလာဖို႔ ေတြးထားေပမဲ့ ငါမရွိရင္ ေသမလိုျဖစ္ေနတဲ့ winny ေၾကာင့္ ေက်ာင္းလာခဲ့ရသည္။

"ငါမရွိရင္မေနနိုင္ဘူးလား ငါ့ကိုဘဲယူလိုက္ပါလား"

"မင္းကို ယူစရာလား ငါ့ရဲ့ေဒါက္တာအလွေလးကိုဘဲယူမွာေပါ့"

"မႊန္ေနလိုက္ အဲ့မွာ"

ငါ ေခါင္းခါစြာဆိုမိရင္း အတန္းရဲ့ေထာင့္က်တဲ့ေနရာမွာ ေနရာဝင္ယူလိုက္သည္။ေထာင့္က်တယ္ ဆိုေပမဲ့ ငါ့အတြက္ေတာ့မဟုတ္ စာသင္ခ်ိန္မွာ အိပ္မည့္ ခ်စ္လွစြာေသာ သူငယ္ခ်င္းႀကီးအတြက္ေပ။

"Winny"

စာသင္ခ်ိန္မို႔ အိပ္ေနသည့္ winny ကို ငါ ေခၚလိုက္သည္။

"အင္း"

"မင္း အခုလိုဘဲဆက္လုပ္ေနအုန္းမွာလား"

"ဘာကိုလဲ"

"ေန႔တိုင္းနားခ်ိန္က် ေဒါက္တာ့ဆီသြား မနာတာေတြ နာေအာင္လုပ္ေနတာေတြက သူ မင္းကိုျပန္ႀကိဳက္လာမယ္လို႔ထင္လား"

"ေျဖးေျဖးသြားရမွာေပါ့ ခ်က္ခ်င္းႀကီး ေဒါက္တာ့ကိုခ်စ္တယ္ ျပန္ခ်စ္ပါ လုပ္ရင္ ငါေက်ာင္းပါထုတ္ခံရမွာေပါ့"

"မင္းေျဖးေျဖးသြားေနတာက ေဒါက္တာ မိန္းမနဲ႔ကေလးရမွ ေရာက္မဲ့ပုံဘဲ"

"မင္းက်ေတာ့ စေတာင္မစရေသးဘဲနဲ႔"

"ေထာင့္ကႏွစ္ေယာက္ ဘာေတြစကားမ်ားေနတာလဲ"

ဆရာက ငါတို႔ႏွစ္ေယာက္ကိုေတြ႕လို႔ လွမ္းေအာ္လိုက္တာပင္။

"ဆရာ fourth ကေမးစရာရွိလို႔တဲ့"

ဒီေခြးေကာင္ကေတာ့! ငါ့ကိုထပ္တြန္းပို႔ျပန္ၿပီ။

"ဘာေမးမလို႔လဲ ဘယ္နားမရွင္းလို႔လဲ ေက်ာင္းသား"

ဆရာ့မွာ ရီးစားရွိလားလို႔ ေမးခ်င္ေပမဲ့လဲ တကယ္ထြက္သြားတာက...

"က်ေတာ္ အိမ္သာသြားလို႔ရမလား"

"ရတယ္ေလ ျမန္ျမန္သြား"

ဒုကၡဘဲ ငါဘာႀကီးေျပာလိုက္မိတာလဲ...

အိမ္သာမွာ ခနတျဖဳတ္ေနလိုက္ၿပီး အတန္းထဲျပန္ဝင္လာေတာ့ ဆရာ ျဖစ္သူကအခ်ိန္ကုန္လို႔ထြက္သြားၿပီ။

"Fourth ဆရာက သူ႔နားေနခန္းထဲလာခဲ့ပါတဲ့"

အတန္းေခါင္းေဆာင္က ထိုသို႔လာေျပာတာေၾကာင့္ငါ winny ရွိရာ ေမာ့ၾကည့္လိုက္ေတာ့ ငါ့ကို လက္မေထာင္ျပကာ မ်က္စိတစ္ဖက္မွိတ္ျပသည္။

ငါ လက္ခလယ္တေခ်ာင္းေထာင္ျပလိုက္ၿပီး နားေနခန္းထဲထြက္လာလိုက္သည္။

"ဆရာ က်ေတာ့္ကိုေခၚတယ္ဆို"

"အင္း မင္းနာမယ္က fourth မလား"

"ဟုတ္ပါတယ္ Fourth ပါ"

"အရင္အတန္းက သခ်ာ္အမွတ္ေတြျပန္ၾကည့္ေနတာ fourth ကအမွတ္ေတြအရမ္းနည္းေနတယ္"

"အာ ဟုတ္..."

ငါ ရွက္လြန္းလို႔ မ်က္ႏွာႀကီးကို winny နဲ႔လဲပလိုက္ခ်င္တယ္။

"ဒီႏွစ္အတန္းမွာေတာ့ ေသခ်ာႀကိဳးစားေပးမယ္မလား ေနာက္ဆုံးႏွစ္လဲျဖစ္တယ္ဆိုေတာ့ နားမလည္တာေတြရွိရင္လဲ ဆရာ့ကိုေမးေနာ္"

"ဟုတ္ကဲ့ပါဗ်"

"ၿပီးေတာ့ စာသင္ခ်ိန္လဲေသခ်ာနားေထာင္ေနာ္ သြားလို႔ရၿပီ ဒါဘဲ"

ဆရာ့ရဲ့ အျပဳံးခ်ိဳခ်ိဳေလးနဲ႔အတူ ငါ ႏွုတ္ဆက္စကား ဆိုလိုက္ရင္း အတန္းထဲျပန္ဝင္လာလိုက္သည္။

ငါ ျပန္လာေကာ ေဘးက winny ကအိပ္ေနရာကေန ထလာၿပီး ဘာျဖစ္ခဲ့လဲ ဟု မရမကေမးေတာ့သည္။

"Winny!"

"ဘာလဲ ဘာလဲ"

"မင္း ငါ့ကိုဒီညဂိမ္းေဆာ့ဖို႔လာမေခၚနဲ႔ေတာ့"

"ဘာလို႔လဲ"

"ငါ သခ်ာ္ေတြတြက္ေတာ့မယ္"

"အထူးအဆန္းပါလား က်က္ေျဖေနတဲ့ေကာင္က"

"အခုမက်က္ေတာ့ဘူး တြက္ေတာ့မွာ"

"မင္းကို ဟိုဆရာက ေအာက္လမ္းေတြနဲ႔ ခ်ဳပ္လိုက္တာလား"

"မင္းလိုဘဲေလ ငါလဲ သခ်ာ္ဆရာကိုမွ အ႐ူးအမူးခ်စ္မိသြားတာကို"_____________________အဆင့္ ၁ - ေဒါက္တာနဲ႔ခင္မင္မွုရဖို႔

"Nong ဘာလို႔ေန႔တိုင္း ဒီကိုလာေနတာလဲ"

ငါ့ ခႏၶာကိုယ္ကိုစမ္းေနရင္း ေဒါက္တာကေမးသည္။

အမွန္တရားကို ငါဘယ္ေျပာနိုင္မလဲ အလိမ္အညာ မုသား စကား ကိုဘဲ ငါ ဆိုလိုက္သည္။

"က်ေတာ္က က်န္းမာေရးမေကာင္းဘူးေလ ေဒါက္တာရဲ့ အေမကေန႔တိုင္း ေဆးခန္းမွာ သြားသြားစစ္ဖို႔မွာထားလို႔"

"အဲ့ဒါဆိုအျပင္ေဆးခန္းမွာ စစ္ေလဗ် ဒါကေက်ာင္းေဆးခန္းေလ"

"ေက်ာင္းေဆးခန္းက အလကားေလ ၿပီးေတာ့ ေဒါက္တာနဲ႔လဲ ခင္ခ်င္လို႔"

"က်ေတာ္နဲ႔ခင္ခ်င္လို႔ ေန႔တိုင္းလာေနတာလား"

"မဟုတ္ပါဘူး ေဆးစစ္ဖို႔ပါဆို"

ငါ ခုန္ဆြခုန္ဆြနဲ႔ ျငင္းေတာ့ ေဒါက္တာက ျပဳံးသည္။အဲ့အျပဳံးေလးကိုဘဲ သူ႔ ၾကည့္ဖို႔ေန႔တိုင္းလာေနမိတာ ဒီေန႔နဲ႔ဆို တႏွစ္ေက်ာ္ၿပီေပါ့။

"က်ေတာ္ စစ္ၾကည့္တာေတာ့ nong ကအေကာင္းႀကီးပါ"

"ဒါေပမဲ့ တေန႔ေန႔မွာ တခုခုမျဖစ္သြားနိုင္ဘူးလို႔ မေျပာနိုင္တာ"

"Nong က အခုမွေက်ာင္းသားဘဲရွိေသးတယ္ အေတြးေတြအရမ္းမလြန္ပါနဲ႔ စာကိုဘဲေခါင္းထဲထည့္ထားပါ"

"ဟုတ္ပါၿပီ အေကာင္းႀကီးဆိုထားလိုက္ပါ ေဒါက္တာနဲ႔ခင္ခ်င္တယ္ ဆိုတာကေကာ..."

"အင္း ရတယ္ေလ ဒါေပမဲ့ ဒီိကိုေတာ့ေန႔တိုင္းလာစရာမလိုပါဘူး"

"က်ေတာ္က လာခ်င္တာကို..."

"ႏွာဘူးေကာင္!"

ေဆးခန္းေရွ႕က ထြက္လာတဲ့ fourth ရဲ့အသံ...

"အာ မင္းကိုေျပာတာမဟုတ္ဘူး ခုနကႏွာဘူးတေကာင္ေတြ႕လိုက္လို႔"

ပါးစပ္နဲ႔လၽွာပါတိုင္းေအာ္ေနတာ ေနာက္တခါ တိပ္နဲ႔ပိတ္ၿပီးမွ ေခၚလာရမယ္။

"Nong တို႔ကရယ္ရတယ္ လာခ်င္ရင္လဲလာခဲ့ပါ က်ေတာ္မပ်င္းရေတာ့ဘူးေပါ့ စကားေျပာလို႔ရတယ္"

"ဟုတ္ ဟုတ္ ေဒါက္တာ"

ငါ ေခါင္းကိုျပတ္ထြက္မတတ္ၿငိမ့္ၿပီး ေထာက္ခံလိုက္သည္။

"ေဒါက္တာ.."

"ဗ်"

"Winny ပါ"

"ဘာကိုလဲ Nong "

"နာမယ္က winny ပါ nong nong နဲ႔ေခၚေနလို႔"

"ေအာ္ ဟုတ္သားဘဲ စာအုပ္ထဲမွာက်ေရးထားၿပီး မေခၚမိတာ"

"Winny! ငါ ျခင္ေတြကိုက္ေနၿပီ"

အခန္းေရွ႕က ထပ္ေအာ္လာတဲ့ fourth ရဲ့အသံေၾကာင့္ ငါ ေဒါက္တာ့ကိုႏွုတ္ဆက္ၿပီး အျမန္ထြက္လာလိုက္ရသည္။

"ေဘာမို႔ အေရွ႕ကေန စြတ္ေအာ္ေနတာလား စကားေျပာေနတာကို"

"မတတ္နိုင္ဘူးေလ ျခင္ကိုက္တာကို ေညာင္းလဲေညာင္းလာၿပီ"

"မင္း ဒီညသခ်ာ္မတြက္ျဖစ္ေစရဘူး ငါ ေႏွာင့္ယွက္ေပးမယ္"

"ေခြးေကာင္" ဆိုတဲ့ဆဲသံနဲ႔အတူ ငါ့အား ေျခေထာက္နဲ႔လိုက္ကန္ေနတဲ့ fourth။___________________

There are no comments yet. Log in to be the first to leave a review!

More by louis-nattawat

Similar stories