1
19:31, 3 August 2024မင်းတို့ ကျောင်းက ဆရာကို မင်းတို့ ကြိုက်ဖူးလား။မင်းတို့အတွက်တော့မသိပေမဲ့...ငါ့အတွက်တော့ ဒါက စောက်ကျိုးနည်းဖြစ်ရပ်ကြီးဘဲ!!_________________ဒါရဲ့ဇာတ်လမ်းက ငါ ကျောင်းပထမဆုံးတက်တဲ့နေ့မှာဘဲ သချာ်ဆရာကို မြင်မြင်ချင်းကြွေသွားခဲ့တာကနေ စခဲ့တာဘဲ။
"Winny နောက်ဆုံးတန်းကိုသွား ငါတို့ ဇာတ်ကားကြည့်ကြမယ်"
ခုံသုံးခုံဆက် ဖြစ်သော ခုံတန်းတွင်နေရာယူကာ ငါပြောလိုက်သည်။
"မင်းဘာသာမင်းကြည့် fourth ငါအိပ်မလို့"
ငါတချက်လောက်ပိတ်ရိုက်ပလိုက်ပြီး ဖုန်းထုတ်ကာ ငါကြည့်နေတဲ့ ဇာတ်ကားကိုဘဲဆက်ကြည့်နေလိုက်တယ်။
ငါကြည့်နေတုန်း ငါ့ခုံကို လူတယောက်က လာခေါက်တာကြောင့် ငါ ကျစ် တချက်သပ်မိသွားပြီး ပြောလိုက်သည်။
"ငါမအားဘူး မင်းတခြားနေရာသွားထိုင်"
ငါ လေသံမာမာနဲ့ပြန််ပြောတော့ ထိုလူကလဲ ငါ့ လေသံ အတိုင်းပြန်ပြောသည်။
"ဘာလုပ်နေတာလဲ"
"ဇာတ်ကားကြည့်နေတာလေကွာ မမြင်ဘူးလား"
"ဘာကားလဲ"
"The Eclipse"
ငါ အဲ့လူကိုမော့ကြည့်လိုက်တော့ အဲ့လူကငါ့ကို ခပ်တည်တည်ဘဲကြည့်နေသည်။
ငါ စိတ်ပေါက်ပေါက်နဲ့ အဲ့လူ ထိုင်ဖို့နေရာ ဖယ်ပေးလိုက်တော့သည်။
"သွား မင်းဟိုဖက်အစွန်းမှာထိုင်"
အဲ့လူက ငါ့ကို ဆက်ပြီးစိုက်ကြည့်နေတာကြောင့် ငါတချက်လောက်ပိတ်အော်လိုက်သည်။
"ဘာလုပ်နေတာလဲ? မထိုင်ဘူးလား ခနနေ ဆရာလာရင်အပြစ်ပေးခံနေရမယ်နော်"
ကြောင်တောင်တောင်နဲ့ လို့ ငြီးတွားလိုက်တော့ ထိုလူက မျက်မှောင်ကြုတ်သွားပြီး ငါ့ဖုန်းကို ဆွဲယူလိုက်သည်။
"စာသင်ချိန်မှာ ဖုန်းမသုံးနဲ့ မင်းဖုန်းကိုအတန်းပြီးရင်လာယူ မင်းဘေးက တယောက်ကိုနှိုးလိုက်"
ဘာ ဒီလူကဆရာလားဟ!!ရုပ်က ၂၀တောင်မပြည့်သေးတဲ့ပုံနဲ့။နုချက်ကတော့...
"ဟာ နေအုန်း ဆရာ ကျတော့်ဖုန်းတော့မယူသွားနဲ့လေ"
"မင်းပြောသလို ဆရာ့ဆီကအပြစ်ပေးတာခံချင်လား"
"ဖုန်းပြန်ရမယ်ဆို ဘာဘဲလုပ်ရလုပ်ရဗျာ"
ငါ လန့်တော့လန့်သွားပေမဲ့ ငါ့ဖုန်းပြန်ရဖို့အတွက်ဘဲမို့ လက်ခံလိုက်သည်။
"မင်းဘေးကလူကိုအရင်နိုး"
ထိုလူ့ စကားကြောင့်ငါ winny ကိုနှိုးလိုက်သည်။နှိုးနှိုးချင်း ငါက ဆရာခိုင်းတာအကုန်လုပ်ရမယ်ပြောလိုက်တော့ ကျောင်းဆေးခန်းသွားရမယ်ဆိုတဲ့ အတွေးနဲ့ပျော်နေတဲ့ကောင်!
"အရူးကောင်"
ငါဘေးကိုလှည့်ကြည့်လိုက်တော့ ဆရာ ဆိုတဲ့လူက အခန်းရှေ့ကိုတောင်ရောက်သွားပြီ။တော်တော်တော့ချောတယ် ငါ့အကြိုက်ဘဲ.._________________အတန်းပြီးတော့ ဆရာ ဆိုတဲ့လူက ငါတို့ကို သူ့ပစ္စည်းတွေကို နားနေခန်းထဲကို ထည့်ခိုင်းတယ်။
"အိုဟိုး fourth ငါ့ရဲ့လက်ကလေးတွေပြုတ်ကျတော့မယ် နားချိန်မှာ ငါ့ရဲ့ ဆရာဝန်လေးမျက်နှာကိုကြည့်နေရမှာကွ"
"မင်းပါးစပ်လေးပိတ်ထားလို့မရဘူးလား ငါလဲမသယ်နိုင်တော့ဘူးကွ"
ငါတို့ သူ့ပစ္စည်းတွေ နားနေခန်း ထဲချပေးပြီးတော့ အဲ့လူကငါတို့ကိုထိုင်ခိုင်းတယ်။
"မောနေကြပြီမလား ရော့ ရေသောက်"
"မသောက်ဘူး..."
ငါကမူနေတုန်းရှိသေး ဘေးက winny ဆိုတဲ့ခွေးကောင်က ရေတပုလင်းလုံးမော့သောက်ပြီးနေပြီ။
"မမူနဲ့ မင်းလဲမောနေတယ်မလား"
"ကျေးဇူးဘဲ သောက်ချင်လို့တော့မဟုတ်ဘူး အားနာလို့"
ငါ မသောက်ချင်သောက်ချင်ပုံနဲ့ယူကာ တပုလင်းလုံးမော့ချလိုက်တော့ ထိုဆရာကပြုံးသည်။ဘယ်လိုတောင် ဆွဲဆောင်မှုရှိတဲ့အပြုံးလဲ..။
"ဒီနေ့ကိစ္စကို ဆရာခွင့်လွှတ်လိုက်မယ်။နောက်နေ့ စာသင်ချိန်မှာဖုန်းမသုံးနဲ့..မင်းလဲမအိပ်နဲ့"
"ဟုတ်ကဲ့ပါ"
ငါတို့ သံပြိုင်အော်ကာဖြေတော့ ထိုဆရာကသဘောကျသွားဟန်တူသည်။
"ဒါဆိုကျတော်တို့ပြန်လို့ရပြီလားဗျ"
"အွန်း ရပြီ"
ထိုဆရာဆီက စကားကြားတာနဲ့ winny ကငါ့လက်ကိုဆွဲကာ ချက်ချင်းပြေးတော့သည်။
"ဘော သရဲတွေ့လို့အဲ့လောက်ပြေးနေတာလား"
"နားချိန်မကုန်ခင် ငါ့ရဲ့ဆရာဝန်လေးကိုသွားတွေ့ရမယ်လေကွာ"
ဒါက ငါ့ရဲ့တဦးတည်းသော သူငယ်ချင်း winny thanawin။သူကငါနဲ့မတူစွာ ကျောင်းရဲ့ဆရာဝန် phi satang ကိုကြိုက်နေတာပင်..
"Phi"
"အော် nongတို့လာလေ ဘာဖြစ်လို့လဲ"
ကျောင်းဆေးခန်းကိုချောင်းပေါက်မတက်သွားနေတဲ့ winny ကြောင့် phi ငါတို့ကိုမှတ်မိနေရခြင်းဖြစ်သည်။
"ဒေါက်တာ ကျတော့်လက်တွေကိုက်နေလို့"
ဒီလိုအချိန်ကျ ဘယ်ကနေထွက်လာမှန်းမသိတဲ့ အကြံဥာဏ်တွေနဲ့ winny တယောက် စတင် ရွှီးတော့သည်။
"ကျတော့်ကိုတချက်ပြပါ ကျောင်းသား"
ငါ့လက်ကို ကိုင်ကာ အပြုံးလှလှလေးနဲ့ ကြည့်ပေးနေတဲ့ ဒေါက်တာအလှလေးကို ငါ မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်။
"အဟမ်း မင်းအဲ့လိုကြည့်မနေနဲ့ ဒေါက်တာ ကြောက်သွားအုန်းမယ်"
ငါ့ဘေးကနေ fourth က အသံတိုးတိုးဖြင့် လာပြောတော့ ငါ အသံမထွက်ဘဲ ဆဲပေးလိုက်သည်။
"ဘာမှတော့မဖြစ်ပါဘူးဗျ ကျတော်ပေးလိုက်တဲ့ ဆေးကိုဘဲလိမ်းပေးလိုက်ပါ သက်သာသွားမှာပါ"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
"ဟုတ်ကဲ့ပါ ပြန်လို့ရပါပြီဗျ"
ထိုကျောင်းသားနှစ်ယောက် ပြန်ထွက်သွားတော့ ဆေးခန်းဝမှာ လက်ပိုက်ကာ နံရံကိုမှီရင်း ကြည့်နေတဲ့ ငါ့ရဲ့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်း gemini
"အဲ့ကလေးနှစ်ယောက် ဘာလာလုပ်တာလဲ"
"သူတို့လက်တွေ ကိုက်နေလို့တဲ့ ပစ္စည်းအလေးကြီးတွေသယ်ထားလို့ဖြစ်မှာပေါ့"
"အော်..."
"ဒါနဲ့ မင်းကကော ဘာလာလုပ်တာလဲ"
"ထမင်းစားဖို့ လာခေါ်တာလေ"
"ဟုတ်ပြီလေ သွားမယ်"
ငါ သိမ်းစရာရှိတာတွေသိမ်းပြီး Gemini နဲ့အတူ နားနေခန်းကိုလိုက်လာပြီး နေ့လည်စာအတူစားဖို့ပြင်လိုက်သည်__________________"Fourth အဲ့တာ မင်းရဲ့ဆရာ မလား"
ငါနဲ့ winny နားနေခန်းတံခါးဝကနေ ဆရာနဲ့ဒေါက်တာကို ချောင်းနေရင်း winny ကပြောလိုက်တာပင်။
"ဟိုဟာကလဲ မင်းရဲ့ဒေါက်တာမလား? သူတို့ကဘာတွေလဲ"
"ရီးစားတွေ?"
"ဘာ! မဖြစ်ရဘူး ဒေါက်တာကငါ့အပိုင်"
အကျယ်ကြီးအော်ပြောသည့် winny ကို ငါပါးတချက်ရိုက်ပလိုက်ရသည်။
"တိုးတိုးပြော မင်းလင်ကနီးနီးလေးဟ"
"ဘာလုပ်နေကြတာလဲ"
အထဲက အသံထွက်လာတော့ winny က ငါ့ကိုတွန်းကာ ပြေးထွက်သွားသည်။
"ကျေးဇူးတင်လိုက်တာ ခွေးကောင်လေး"
"ဘာဖြစ်လို့လဲ ကျောင်းသား လက်ကိုက်လို့လား"
ဆရာ ဆိုတဲ့သူက ထကာ ငါ့လက်အားကိုင်ရင်းပြောသည်။အဲ့လောက်ကြီးကျ ရင်တွေခုန်တာပေါ့ဟ!!
"အာ..."
"ဆရာ တောင်းပန်ပါတယ် အဲ့လောက်ထိဖြစ်သွားမယ်မထင်ဘူး"
ငါ့ကို စိတ်ပူနေတဲ့ ဆရာ့အားကြောင်ကြည့်ကာ အသိပြန်ဝင်မှ လက်ကိုခါချလိုက်သည်။
"အယ် မဟုတ်ပါဘူးဗျ သွားလိုက်ပါအုန်းမယ်"
ချက်ချင်း နားနေခန်းထဲမှ ပြေးထွက်လာကာ winny ဆိုတဲ့ကောင်အား အမြန်ရှာတော့သည်။
"မင်းမျက်နှာကို ခရမ်းချဉ်သီးနဲ့သုပ်ထားတာလား"
"ခွေးကောင် မင်းဘာလို့ငါ့ကို ထားခဲ့တာလဲ တွန်းကလဲတွန်းသေးတယ်"
ထိုနေ့ ငါ ကျောင်းပြန်တဲ့အထိ winny ကိုစိတ်ကောက်ပစ်လိုက်သည်။winny ကတော့ နေနိုင်သလိုလို မနေနိုင်သလိုလိုနဲ့ ငါ့အိမ်ထိလာပြီး ချော့ရှာပါသည်။______________________ကြိုက်ကြရဲ့လားဗျ vote လေးတွေ မစကြပါWS ပြောတာများလို့ WS ဘဲရေးထားပါတယ်
Zawgyi
မင္းတို႔ ေက်ာင္းက ဆရာကို မင္းတို႔ ႀကိဳက္ဖူးလား။မင္းတို႔အတြက္ေတာ့မသိေပမဲ့...ငါ့အတြက္ေတာ့ ဒါက ေစာက္က်ိဳးနည္းျဖစ္ရပ္ႀကီးဘဲ!!_________________ဒါရဲ့ဇာတ္လမ္းက ငါ ေက်ာင္းပထမဆုံးတက္တဲ့ေန႔မွာဘဲ သခ်ာ္ဆရာကို ျမင္ျမင္ခ်င္းေႂကြသြားခဲ့တာကေန စခဲ့တာဘဲ။
"Winny ေနာက္ဆုံးတန္းကိုသြား ငါတို႔ ဇာတ္ကားၾကည့္ၾကမယ္"
ခုံသုံးခုံဆက္ ျဖစ္ေသာ ခုံတန္းတြင္ေနရာယူကာ ငါေျပာလိုက္သည္။
"မင္းဘာသာမင္းၾကည့္ fourth ငါအိပ္မလို႔"
ငါတခ်က္ေလာက္ပိတ္ရိုက္ပလိုက္ၿပီး ဖုန္းထုတ္ကာ ငါၾကည့္ေနတဲ့ ဇာတ္ကားကိုဘဲဆက္ၾကည့္ေနလိုက္တယ္။
ငါၾကည့္ေနတုန္း ငါ့ခုံကို လူတေယာက္က လာေခါက္တာေၾကာင့္ ငါ က်စ္ တခ်က္သပ္မိသြားၿပီး ေျပာလိုက္သည္။
"ငါမအားဘူး မင္းတျခားေနရာသြားထိုင္"
ငါ ေလသံမာမာနဲ႔ျပန္္ေျပာေတာ့ ထိုလူကလဲ ငါ့ ေလသံ အတိုင္းျပန္ေျပာသည္။
"ဘာလုပ္ေနတာလဲ"
"ဇာတ္ကားၾကည့္ေနတာေလကြာ မျမင္ဘူးလား"
"ဘာကားလဲ"
"The Eclipse"
ငါ အဲ့လူကိုေမာ့ၾကည့္လိုက္ေတာ့ အဲ့လူကငါ့ကို ခပ္တည္တည္ဘဲၾကည့္ေနသည္။
ငါ စိတ္ေပါက္ေပါက္နဲ႔ အဲ့လူ ထိုင္ဖို႔ေနရာ ဖယ္ေပးလိုက္ေတာ့သည္။
"သြား မင္းဟိုဖက္အစြန္းမွာထိုင္"
အဲ့လူက ငါ့ကို ဆက္ၿပီးစိုက္ၾကည့္ေနတာေၾကာင့္ ငါတခ်က္ေလာက္ပိတ္ေအာ္လိုက္သည္။
"ဘာလုပ္ေနတာလဲ? မထိုင္ဘူးလား ခနေန ဆရာလာရင္အျပစ္ေပးခံေနရမယ္ေနာ္"
ေၾကာင္ေတာင္ေတာင္နဲ႔ လို႔ ၿငီးတြားလိုက္ေတာ့ ထိုလူက မ်က္ေမွာင္ၾကဳတ္သြားၿပီး ငါ့ဖုန္းကို ဆြဲယူလိုက္သည္။
"စာသင္ခ်ိန္မွာ ဖုန္းမသုံးနဲ႔ မင္းဖုန္းကိုအတန္းၿပီးရင္လာယူ မင္းေဘးက တေယာက္ကိုႏွိုးလိုက္"
ဘာ ဒီလူကဆရာလားဟ!!႐ုပ္က ၂၀ေတာင္မျပည့္ေသးတဲ့ပုံနဲ႔။ႏုခ်က္ကေတာ့...
"ဟာ ေနအုန္း ဆရာ က်ေတာ့္ဖုန္းေတာ့မယူသြားနဲ႔ေလ"
"မင္းေျပာသလို ဆရာ့ဆီကအျပစ္ေပးတာခံခ်င္လား"
"ဖုန္းျပန္ရမယ္ဆို ဘာဘဲလုပ္ရလုပ္ရဗ်ာ"
ငါ လန့္ေတာ့လန့္သြားေပမဲ့ ငါ့ဖုန္းျပန္ရဖို႔အတြက္ဘဲမို႔ လက္ခံလိုက္သည္။
"မင္းေဘးကလူကိုအရင္နိုး"
ထိုလူ႔ စကားေၾကာင့္ငါ winny ကိုႏွိုးလိုက္သည္။ႏွိုးႏွိုးခ်င္း ငါက ဆရာခိုင္းတာအကုန္လုပ္ရမယ္ေျပာလိုက္ေတာ့ ေက်ာင္းေဆးခန္းသြားရမယ္ဆိုတဲ့ အေတြးနဲ႔ေပ်ာ္ေနတဲ့ေကာင္!
"အ႐ူးေကာင္"
ငါေဘးကိုလွည့္ၾကည့္လိုက္ေတာ့ ဆရာ ဆိုတဲ့လူက အခန္းေရွ႕ကိုေတာင္ေရာက္သြားၿပီ။ေတာ္ေတာ္ေတာ့ေခ်ာတယ္ ငါ့အႀကိဳက္ဘဲ.._________________အတန္းၿပီးေတာ့ ဆရာ ဆိုတဲ့လူက ငါတို႔ကို သူ႔ပစၥည္းေတြကို နားေနခန္းထဲကို ထည့္ခိုင္းတယ္။
"အိုဟိုး fourth ငါ့ရဲ့လက္ကေလးေတြျပဳတ္က်ေတာ့မယ္ နားခ်ိန္မွာ ငါ့ရဲ့ ဆရာဝန္ေလးမ်က္ႏွာကိုၾကည့္ေနရမွာကြ"
"မင္းပါးစပ္ေလးပိတ္ထားလို႔မရဘူးလား ငါလဲမသယ္နိုင္ေတာ့ဘူးကြ"
ငါတို႔ သူ႔ပစၥည္းေတြ နားေနခန္း ထဲခ်ေပးၿပီးေတာ့ အဲ့လူကငါတို႔ကိုထိုင္ခိုင္းတယ္။
"ေမာေနၾကၿပီမလား ေရာ့ ေရေသာက္"
"မေသာက္ဘူး..."
ငါကမူေနတုန္းရွိေသး ေဘးက winny ဆိုတဲ့ေခြးေကာင္က ေရတပုလင္းလုံးေမာ့ေသာက္ၿပီးေနၿပီ။
"မမူနဲ႔ မင္းလဲေမာေနတယ္မလား"
"ေက်းဇူးဘဲ ေသာက္ခ်င္လို႔ေတာ့မဟုတ္ဘူး အားနာလို႔"
ငါ မေသာက္ခ်င္ေသာက္ခ်င္ပုံနဲ႔ယူကာ တပုလင္းလုံးေမာ့ခ်လိုက္ေတာ့ ထိုဆရာကျပဳံးသည္။ဘယ္လိုေတာင္ ဆြဲေဆာင္မွုရွိတဲ့အျပဳံးလဲ..။
"ဒီေန႔ကိစၥကို ဆရာခြင့္လႊတ္လိုက္မယ္။ေနာက္ေန႔ စာသင္ခ်ိန္မွာဖုန္းမသုံးနဲ႔..မင္းလဲမအိပ္နဲ႔"
"ဟုတ္ကဲ့ပါ"
ငါတို႔ သံၿပိဳင္ေအာ္ကာေျဖေတာ့ ထိုဆရာကသေဘာက်သြားဟန္တူသည္။
"ဒါဆိုက်ေတာ္တို႔ျပန္လို႔ရၿပီလားဗ်"
"အြန္း ရၿပီ"
ထိုဆရာဆီက စကားၾကားတာနဲ႔ winny ကငါ့လက္ကိုဆြဲကာ ခ်က္ခ်င္းေျပးေတာ့သည္။
"ေဘာ သရဲေတြ႕လို႔အဲ့ေလာက္ေျပးေနတာလား"
"နားခ်ိန္မကုန္ခင္ ငါ့ရဲ့ဆရာဝန္ေလးကိုသြားေတြ႕ရမယ္ေလကြာ"
ဒါက ငါ့ရဲ့တဦးတည္းေသာ သူငယ္ခ်င္း winny thanawin။သူကငါနဲ႔မတူစြာ ေက်ာင္းရဲ့ဆရာဝန္ phi satang ကိုႀကိဳက္ေနတာပင္..
"Phi"
"ေအာ္ nongတို႔လာေလ ဘာျဖစ္လို႔လဲ"
ေက်ာင္းေဆးခန္းကိုေခ်ာင္းေပါက္မတက္သြားေနတဲ့ winny ေၾကာင့္ phi ငါတို႔ကိုမွတ္မိေနရျခင္းျဖစ္သည္။
"ေဒါက္တာ က်ေတာ့္လက္ေတြကိုက္ေနလို႔"
ဒီလိုအခ်ိန္က် ဘယ္ကေနထြက္လာမွန္းမသိတဲ့ အႀကံဥာဏ္ေတြနဲ႔ winny တေယာက္ စတင္ ရႊီးေတာ့သည္။
"က်ေတာ့္ကိုတခ်က္ျပပါ ေက်ာင္းသား"
ငါ့လက္ကို ကိုင္ကာ အျပဳံးလွလွေလးနဲ႔ ၾကည့္ေပးေနတဲ့ ေဒါက္တာအလွေလးကို ငါ မ်က္ေတာင္မခတ္ဘဲ ေငးၾကည့္ေနမိသည္။
"အဟမ္း မင္းအဲ့လိုၾကည့္မေနနဲ႔ ေဒါက္တာ ေၾကာက္သြားအုန္းမယ္"
ငါ့ေဘးကေန fourth က အသံတိုးတိုးျဖင့္ လာေျပာေတာ့ ငါ အသံမထြက္ဘဲ ဆဲေပးလိုက္သည္။
"ဘာမွေတာ့မျဖစ္ပါဘူးဗ် က်ေတာ္ေပးလိုက္တဲ့ ေဆးကိုဘဲလိမ္းေပးလိုက္ပါ သက္သာသြားမွာပါ"
"ဟုတ္ကဲ့ပါ ေဒါက္တာ"
"ဟုတ္ကဲ့ပါ ျပန္လို႔ရပါၿပီဗ်"
ထိုေက်ာင္းသားႏွစ္ေယာက္ ျပန္ထြက္သြားေတာ့ ေဆးခန္းဝမွာ လက္ပိုက္ကာ နံရံကိုမွီရင္း ၾကည့္ေနတဲ့ ငါ့ရဲ့ ႏွစ္ေယာက္မရွိတဲ့ သူငယ္ခ်င္း gemini
"အဲ့ကေလးႏွစ္ေယာက္ ဘာလာလုပ္တာလဲ"
"သူတို႔လက္ေတြ ကိုက္ေနလို႔တဲ့ ပစၥည္းအေလးႀကီးေတြသယ္ထားလို႔ျဖစ္မွာေပါ့"
"ေအာ္..."
"ဒါနဲ႔ မင္းကေကာ ဘာလာလုပ္တာလဲ"
"ထမင္းစားဖို႔ လာေခၚတာေလ"
"ဟုတ္ၿပီေလ သြားမယ္"
ငါ သိမ္းစရာရွိတာေတြသိမ္းၿပီး Gemini နဲ႔အတူ နားေနခန္းကိုလိုက္လာၿပီး ေန႔လည္စာအတူစားဖို႔ျပင္လိုက္သည္__________________"Fourth အဲ့တာ မင္းရဲ့ဆရာ မလား"
ငါနဲ႔ winny နားေနခန္းတံခါးဝကေန ဆရာနဲ႔ေဒါက္တာကို ေခ်ာင္းေနရင္း winny ကေျပာလိုက္တာပင္။
"ဟိုဟာကလဲ မင္းရဲ့ေဒါက္တာမလား? သူတို႔ကဘာေတြလဲ"
"ရီးစားေတြ?"
"ဘာ! မျဖစ္ရဘူး ေဒါက္တာကငါ့အပိုင္"
အက်ယ္ႀကီးေအာ္ေျပာသည့္ winny ကို ငါပါးတခ်က္ရိုက္ပလိုက္ရသည္။
"တိုးတိုးေျပာ မင္းလင္ကနီးနီးေလးဟ"
"ဘာလုပ္ေနၾကတာလဲ"
အထဲက အသံထြက္လာေတာ့ winny က ငါ့ကိုတြန္းကာ ေျပးထြက္သြားသည္။
"ေက်းဇူးတင္လိုက္တာ ေခြးေကာင္ေလး"
"ဘာျဖစ္လို႔လဲ ေက်ာင္းသား လက္ကိုက္လို႔လား"
ဆရာ ဆိုတဲ့သူက ထကာ ငါ့လက္အားကိုင္ရင္းေျပာသည္။အဲ့ေလာက္ႀကီးက် ရင္ေတြခုန္တာေပါ့ဟ!!
"အာ..."
"ဆရာ ေတာင္းပန္ပါတယ္ အဲ့ေလာက္ထိျဖစ္သြားမယ္မထင္ဘူး"
ငါ့ကို စိတ္ပူေနတဲ့ ဆရာ့အားေၾကာင္ၾကည့္ကာ အသိျပန္ဝင္မွ လက္ကိုခါခ်လိုက္သည္။
"အယ္ မဟုတ္ပါဘူးဗ် သြားလိုက္ပါအုန္းမယ္"
ခ်က္ခ်င္း နားေနခန္းထဲမွ ေျပးထြက္လာကာ winny ဆိုတဲ့ေကာင္အား အျမန္ရွာေတာ့သည္။
"မင္းမ်က္ႏွာကို ခရမ္းခ်ဥ္သီးနဲ႔သုပ္ထားတာလား"
"ေခြးေကာင္ မင္းဘာလို႔ငါ့ကို ထားခဲ့တာလဲ တြန္းကလဲတြန္းေသးတယ္"
ထိုေန႔ ငါ ေက်ာင္းျပန္တဲ့အထိ winny ကိုစိတ္ေကာက္ပစ္လိုက္သည္။winny ကေတာ့ ေနနိုင္သလိုလို မေနနိုင္သလိုလိုနဲ႔ ငါ့အိမ္ထိလာၿပီး ေခ်ာ့ရွာပါသည္။______________________ႀကိဳက္ၾကရဲ့လားဗ် vote ေလးေတြ မစၾကပါWS ေျပာတာမ်ားလို႔ WS ဘဲေရးထားပါတယ္
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)





