Fanfics

16

13:17, 22 September 2025

အပြင်ဘက်မှာ အေးစိမ့်နေတဲ့ လေအေးတွေက ကားပြတင်းပေါက်ကို တိုက်ခတ်နေသည်။ ဆန်းဝန်း ကားထဲမှာ ထိုင်နေရင်း အပြင်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

မြူခိုးတွေက မှန်ကို ဖုံးအုပ်နေပေမဲ့ ဆန်းဝန်းရဲ့ မျက်စိရှေ့မှာ မြင်နေရတာက လီယိုတို့ရဲ့ အိမ်ရှေ့လမ်းမကြီး။သူ့မျက်လုံးတွေက မျှော်လင့်ချက်အပြည့်နဲ့ လမ်းမပေါ်က အိမ်တံခါးဝကို စိုက်ကြည့်နေမိသည်။ သူ့ရင်ထဲမှာလည်း မရေရာတဲ့ ခံစားမှုတွေနဲ့ ပြည့်နှက်နေသည်။

လီယို့ ရဲ့အဖွားက ပြန်ခိုင်းခဲ့ပေမဲ့ သူ့ခြေလှမ်းတွေက ဒီနေရာကနေ ခွါလို့မရ။ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်က လီယို hyung အိမ်အပြင်ကို ထွက်လာမလားဆိုတာပဲ။

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာပေမဲ့ လီယို့ရဲ့အရိပ်အယောင်က ပေါ်မလာသေး။သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ကားစတီယာ ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

အခုချိန်မှာ သူအလိုချင်ဆုံးအရာက လီယို့ ကို မြင်ရဖို့ပဲ ဖြစ်နိုင်သည်။ လီယို့ရဲ့ မျက်နှာလေးကို မြင်ရရုံနဲ့တင် သူ့စိတ်ထဲက ပူလောင်မှုတွေ ပျောက်သွားမယ်လို့ သူ သိသည်။

ကားစက်ကို နှိုးလိုက်ပြီး အေးစိမ့်နေတဲ့လမ်းမပေါ်ကနေ ဖြည်းဖြည်းချင်း မောင်းထွက်ဖို့ လုပ်သည်။လီယို့ရဲ့ အိမ်ဝကို နောက်ဆုံးတစ်ခေါက်လှည့်ကြည့်လိုက်ချိန်မှာတော့ ခြံတံခါးက လှုပ်ရှားနေတာ တွေ့လိုက်ရသည်။

တစ်ဖြည်းဖြည်း ကားဘက်ဆီကို လာနေတဲ့ ပုံရိပ်ကို သူသေချာကြည့်လိုက်သည်။

" Hyung"

ပါးစပ်က တိုးတိုးဖွဖွ ထွက်လာကာ ကားပေါ်မှ သူချက်ချင်းဆင်းလိုက်သည်။ဆန်းဝန်းကို မြင်သွားတာမို့ လီယို အိမ်ဘက်ကို အမြန် ပြန်ဖို့အတွက် ခြေလှမ်းတွေကို ပြန်ဆုတ်လိုက်သည်။

လီယို ခြေလှမ်းတွေကို တမင်မြန်မြန်လှမ်းပြီး ရှေ့ကနေ ထွက်သွားသည်။  သူ့မျက်နှာက ရှုံ့မဲ့နေပြီး စိတ်အဆင်မပြေနေမှန်း ထင်ရှားသည်။

ဆန်းဝန်း နောက်ကနေ အမှီပြေးလိုက်ရင်း

"အကို အကို ခဏလေးပါ ခဏပဲ စကားပြောမှာ"

လီယို လှည့်မကြည့်ဘဲ ဆက်လျှောက်သွားသည်။ သူ့ခြေလှမ်းတွေက ပိုမြန်နေပြီး ဆန်းဝန်းသူ့အနား မြန်မြန် ပြေးလိုက်လိုက်သည်။

ဆန်းဝန်းတစ်ယောက် ခပ်သွက်သွက်လေး ပြေးလိုက်ပြီး လီယို့ ရဲ့လက်ကို လှမ်းဆွဲလိုက်သည်။ လီယို ရုန်းပေမယ့် ဆန်းဝန်းက တင်းတင်းဆုပ်ထားရင်း သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ကျွန်တော့် ကို ကြည့်ပါဦး ကျွန်တော် တောင်းပန်ပါတယ်"

ဆန်းဝန်းရဲ့ အသံကြောင့် လီယို သက်ပြင်းခပ်ဖွဖွ ချလိုက်ကာ သူ့လက်တွေကို ဖြုတ်ချလိုက်သည်။

လေပြည်က အေးစက်စက်နဲ့ တိုက်ခတ်နေသည်။ လီယိုတစ်ယောက် ကားဘေးမှာ စိတ်ညစ်နေဟန် ။ဆန်းဝန်းကတော့ သူ့ကို နာကျင်တဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေတု သူခံစားမိသည်။

သူတို့နှစ်ယောက်ရဲ့ မျက်နှာမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ဝမ်းနည်းမှုတွေ အထင်းသားပေါ်နေသည်။

"ကျွန်တော် မင်းနဲ့ စကားမပြောချင်ဘူး ဒီတိုင်းလေးပဲ နေရအောင်ပါ "

လီယိုက အံကြိတ်ပြီးပြောလာသည်။

"ကျွန်တော်တို့ကြား ပြသနာမှ မရှိခဲ့တာ အကို မှန်မှန်ပြောစမ်းပါ အဲ့တာ Daddy ကြောင့်မလား"

ဆန်းဝန်းက ဒေါသသံနဲ့ပြောလာတော့ လီယို သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။

"ပြီးပြီ ဆန်းဝန်း  အားလုံးပြီးပြီ ကျွန်တော် တို့ လမ်းခွဲပြီးပြီလေ"

လီယိုက အော်ပြောလိုက်ပြီး ကျောခိုင်းဖို့ လုပ်လိုက်သည်။

ဆန်းဝန်းက ချက်ချင်းဆိုသလို လီယိုရဲ့လက်ကို ဆွဲပြီး သူ့ရဲ့အနက်ရောင် SUV ကားဆီကို အတင်းဆွဲခေါ်သွားသည်။လီယိုက ရုန်းကန်ပေမဲ့ ဆန်းဝန်းရဲ့ ဒေါသထွက်နေတဲ့ သူတစ်ယောက်ရဲ့ အားကို သူမယှဉ်နိုင်။

"လွှတ် "

လီယိုက အော်လိုက်ပေမဲ့ ဆန်းဝန်းက ဘာမှမပြောဘဲ လီယိုကို ကားပေါ် အတင်းထိုးထည့်လိုက်ပြီး ကားတံခါးကို လုံခြုံစွာ ပိတ်လိုက်သည်။

လီယိုက သူ့ကို စိုက် ကြည့်နေပြီး ဆန်းဝန်းကတော့ လီယိုကို ကားပေါ်ကနေ မဆင်းနိုင်အောင် တံခါးတွေကို Lock ချလိုက်သည်။

"မင်းရူးနေလား "

"ကျွန်တော် ဒီတိုင်းမထားခဲ့နိုင်ပါဘူး Hyung"ဆန်းဝန်းက တိုးလျစွာ လီယို့နားကပ်၍ ပြောလာသည်။

ကားက တိတ်ဆိတ်တဲ့နေရာဆီ ဦးတည်သွားနေသည်။ လီယိုရဲ့ ဒေါသတွေက တဖြည်းဖြည်းနဲ့ အားပျော့လာပြီး သူ့ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာသည်။

ဆန်းဝန်း ကားကို ရပ်လိုက်ပြီး လီယိုကို လှည့်ကြည့်လိုက်တယ်။ လီယိုက သူ့ရဲ့အကြည့်တွေကို ရှောင်ဖယ်လိုက်ပေမဲ့ ဆန်းဝန်းက သူ့ရဲ့မျက်နှာကို ညင်သာစွာ ဆွဲယူပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။

ဆန်းဝန်း သူ့မျက်ရည်တွေကို သုတ်ပေးလိုက်ကာ လီယို့ကို ညင်ညင်သာသာပင် လှမ်းဖက်လိုက်သည်။

လီယိုရဲ့မျက်လုံးထဲက မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာတာမို့ ဆန်းဝန်း ကျောပြင်ကိုအသာလေးပွတ်ပေးနေလိုက်သည်။

" တောင်းပန်ပါတယ် "

ဆန်းဝန်းရဲ့ ပခုံးလေးတွေကို တင်းတင်းသူပြန်ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာကို မော့ကြည့်စေလိုက်သည်။ မျက်ရည်တွေ စီးကျနေတဲ့ ဆန်းဝန်းရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဖိကိုင်လိုက်ပြီး မျက်ရည်တွေကို ညင်ညင်သာသာ သုတ်ပေးလိုက်သည်။

" ကိုယ့်ကြောင့် မင်းဘဝတက်လမ်းတွေ ပိတ်ကုန်မှာ မလိုချင်လို့ပါ "

" အကို့ကို Daddy ကဘာတွေပြောလဲဟင်"

Flash Back-------

ကောင်းကင်တစ်ခုလုံး အမှောင်ဖုံးနေတဲ့ ည...။ လေအေးတွေက တဖြူးဖြူးနဲ့တိုက်ခတ်နေပြီး လမ်းမီးတိုင်အောက်က အလင်းရောင်မှိန်မှိန်လေးက မြို့ကြီးရဲ့ အထီးကျန်ဆန်မှုကို ပိုပြီး ပေါ်လွင်စေသည်။ လီယိုတစ်ယောက် ဆိုင်က အပြန်နောက်ကျတာမို့ တစ်ယောက်တည်း အေးစက်နေတဲ့ လေထဲကို ထိုးဖောက်ကာ လှမ်းလျှောက်နေမိသည်။

ဆန်းဝန်းက ဒီနေ့ Company မှာ မီတင်တွေ ဆက်နေတဲ့အကြောင်း သူ့ကိုဖုန်းဆက်ကာ ပြောပြထားသည်။ လီယို နောက်ကျနေပေမဲ့ သူစိတ်အေးအောင်စောစောပြန်ဖြစ်ကြောင်း စာပို့ထားသည်။လေအေးက သူ့မျက်နှာကို ရိုက်ခတ်လာတဲ့အခါ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်ခုက ဖျတ်ကနဲပေါ်လာသည်။

ရုတ်တရက် ကားတစ်စီးက သူ့အရှေ့မှာ ရပ်လာသည်။ ကားတံခါးပွင့်လာပြီး လူကြီးတစ်ယောက် ကားထဲကနေ ဆင်းလာသည်။ လီယိုကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်တဲ့လေသံနဲ့...

"မင်း အီဆန်းဝန်းကို ကပ်နေတဲ့ ဆုံးဖြတ်ချက်ကို ငါသိချင်တယ်"

လီယိုလည်း သူ့ရဲ့မျက်လုံးတွေကို ဆန်းဝန်းဖခင်ရဲ့ မျက်လုံးထဲ နားမလည်စွာ တည့်တည့်စိုက်ကြည့်မိလိုက်သည်။

"ဗျာ "

" ငါက ဆန်းဝန်းရဲ့အဖေပဲ ငါ့သားရဲ့ တက်လမ်းတွေကို လာမပိတ်နဲ့ မင်းနားလည်စမ်းပါ"

ဆန်းဝန်းရဲ့ဖခင်က လီယိုရဲ့ ပခုံးကို ဆွဲကိုင်လိုက်ပြီး...

" ဒီမှာကြည့် မင်းလည်း မင်းရဲ့ဘဝမှာ နေရာတစ်နေရာရဖို့ ကြိုးစားနေတာကို ငါသိတယ်  ဒီလိုမျိုးမင်းရဲ့တက်လမ်းကို မပိတ်လိုက်ဖို့ ဆုံးဖြတ်ချက်က မင်းလက်ထဲမှာပဲ ရှိတယ် အဲ့လိုပဲ ငါ့သားရဲ့ တက်လမ်းတွေ ဂုဏ်သိက္ခာတွေကို ဆွဲမချပါနဲ့ကွ "

လီယို ဘာစကားမှ ပြန်မပြောဘဲ ဆန်းဝန်းရဲ့ဖခင်ကို စိုက်ကြည့်နေသည်။ မျက်လုံးထဲမှာ ဝမ်းနည်းခြင်း နာကျင်ခြင်း ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေက ထင်ဟပ်နေသည်။

လီယို ဆန်းဝန်းဖခင်ရဲ့ လက်ထဲကနေ သူ့ပခုံးကို ရုန်းလိုက်သည်။ ဘာစကားမှမပြောဘဲ မျက်နှာက ငြိမ်သက်နေသည်။ ဒီအခြေအနေမှာ သူ့နှလုံးသားက ပိုပြီး အေးစက်နေသလား ဒါမှမဟုတ် ပိုပြီး ခိုင်မာနေသလားတော့ သူကိုယ်တိုင်လည်း မပြောတတ်ပေ။

" မင်းရှေ့ဆက်တိုးနေမယ်ဆိုရင် မင်းအဖွားရော မင်းရော သတိထားနေတော့"

ထိုလူရဲ့ စကားကြောင့် လီယို အတော်လေး ဒေါသဖြစ်သွားရသည်။ သူ့အဖွားထိပါ ဆွဲထည့်လာတာက လွန်လွန်းသည်မဟုတ်လား ။

ဆန်းဝန်းရဲ့ ဖခင်က သူ့ရဲ့ ကားဆီကို ပြန်လျှောက်သွားပြီး လီယိုကို နောက်တစ်ကြိမ် နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားသည်။

ကားထွက်သွားတာကို လီယိုတစ်ယောက် ငေးကြည့်နေမိသည်။ညရဲ့ အအေးဓာတ်ဟာ လီယိုရဲ့ မျက်နှာကို ရိုက်ခတ်နေသည်။ အေးစက်နေတဲ့ မျက်ရည်တစ်စက်က သူ့ပါးပြင်ပေါ်ကနေ စီးကျလာသည်။

------လီယို့ရဲ့ စကားသံအဆုံးမှာ ဆန်းဝန်းက လီယို့ရဲ့ ရင်ခွင်ကြား တိုးဝင်ကာ ငိုသည်။ဆန်းဝန်းရဲ့ ကျောပြင်လေးကို သူ တင်းတင်းဖက်ထားလိုက်သည်။

" ကျွန်တော် တောင်းပန်တယ်နော် သူ အကိုတို့ကို ဘယ်လိုမှ ဒုက္ခမပေးနိုင်စေရဘူး အဲ့တာမို့ အဲ့တာမို့လေ ကျွန်တော့်ကိုတော့ ပစ်မထားပါနဲ့နော် "

ဆန်းဝန်းနဲ့တွဲလာတဲ့တစ်လျှောက်မှာ သူတို့အချင်းချင်း ချစ်တယ်လို့ တစ်ခွန်းမှ ဖွင့်မဟခဲ့ကြပေမဲ့ အခုလို ပြသနာဖြစ်သွားတဲ့အချိန်မှာ အချင်းချင်း ခံစားချက်ရှိကြတာက ပိုသေချာသွားသည်။

အချိန်တစ်ခုကြာတော့ ဆန်းဝန်းရဲ့ ငိုသံတွေ တဖြည်းဖြည်း တိတ်သွားပြီး လီယိုရဲ့ ရင်ခွင်ထဲမှာ ခေါင်းငုံ့ပြီး ငြိမ်သက်စွာ ရှိနေသည်။ လီယိုကလည်း သူ့ရဲ့လက်တွေနဲ့ ဆန်းဝန်းရဲ့ ဆံပင်လေးတွေကို ဖွဖွလေး သပ်ပေးနေမိသည်။

"မင်းကို လွမ်းနေတာ ။ ရူးတော့မယ် ကိုယ့်ကိုကိုယ် လိမ်ရတာ ပိုပြီး ခက်ခဲတယ် မင်းနဲ့ တကယ်ဝေးရင် ရူးသွားလောက်တယ်"

ဆန်းဝန်းက လီယိုရဲ့ ရင်ခွင်ထဲကနေ ခွာလိုက်ပြီး မျက်ရည်တွေစွန်းနေတဲ့ မျက်လုံးအစုံနဲ့ သူ့ကို မော့ကြည့်လာသည်။ ဘာစကားမှမပြောဘဲ လီယိုရဲ့ မျက်နှာကို စိုက်ကြည့်နေသည်။

ရုတ်တရက် ဆန်းဝန်းက လီယို့ အနားကပ်ပြီး သူ့လီယို့ရဲ့နှုတ်ခမ်းကိုဖိကက်နမ်းလိုက်သည်။

အဲ့ဒီ အနမ်းတွေ အထိအတွေ့တွေကို လွမ်းနေခဲ့တဲ့ လီယိုက ဆန်းဝန်းရဲ့ ပါးပြင်တစ်လျှောက်ကို သူ့လက်ဖြင့် တင်းတင်း ထိလိုက်ရင်း သူ့နှုတ်ခမ်းတွေကို ပြန်လည် ဖိကပ် နမ်းလိုက်သည်။

ဒီအနမ်းက ပထမဆုံးအကြိမ် သူတို့နှစ်ဦးကြားက ယုံကြည်မှု နွေးထွေးမှု ကို ခံစားလိုက်ရတဲ့ အနမ်းဖြစ်ပြီးအချစ်နဲ့ ယုံကြည်မှုတို့ဟာ အခုလိုမျိုး ခိုင်မြဲနေတာကို နှစ်ယောက်လုံး ခံစားမိသည်။

ဆန်းဝန်းက လီယိုရဲ့ ရင်ခွင်ထဲကို ပြန်တိုးဝင်ပြီး သူ့ရဲ့ ကိုယ်ကို တင်းတင်းဖက်လိုက်သည်။ လီယိုက ဆန်းဝန်းရဲ့ ဆံပင်တွေကို ပွတ်သပ်ရင်း

"ကိုယ်တို့ ထပ်မခွဲပဲ နေရအောင်"

-------ဆက်ရန်။

There are no comments yet. Log in to be the first to leave a review!

Similar stories