15
13:19, 22 September 2025ခေါင်းတစ်ခုလုံးက ပေါက်ထွက်တော့မတတ် ကိုက်ခဲနေသည်။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့ အမြင်အာရုံတွေက ဝေဝါးနေပြီး ဘေးပတ်ဝန်းကျင်က အရာဝတ္ထုတွေဟာ အကွက်အကွင်းတွေလို လှုပ်ခါနေသည်။
မျက်နှာကျက်က ပုံမှန်မဟုတ်ဘဲ မြင့်မားနေတယ်။ ပြတင်းပေါက်ကနေ နေရောင်ခြည်က ပြင်းပြင်းထန်ထန် ဝင်လာပြီး ကုတင်ပေါ်က စောင်အဖြူက မျက်လုံးကို ကျိန်းစပ်စေသည်။
ညက ဘာတွေဖြစ်ခဲ့တာလဲ။ ဆန်းဝန်း ခေါင်းထဲမှာ ဘာတစ်ခုမှ မမှတ်မိ ။ နောက်ဆုံးမှတ်မိတာက သူ bar သွားတယ် ပြီးတော့ ဝီစကီတစ်ခွက်ပြီး တစ်ခွက် သောက်နေတာပဲ။
သူ ဘယ်သူနဲ့ ပြန်လာတာလဲ။ အိမ်ကို ဘယ်သူ လိုက်ပို့ပေးခဲ့တာလဲ။ ဘာလို့ ဒီအခန်းထဲမှာ ရောက်နေတာလဲ။ ဘေးကို လှည့်ကြည့်လိုက်တော့ ကုတင်ဘေးက စားပွဲပေါ်မှာ ရေတစ်ခွက်နဲ့ အကိုက်အခဲပျောက်ဆေးတစ်လုံးကို တွေ့လိုက်ရသည်။
ဆန်းဝန်း အဲဒါတွေကို ယူသောက်လိုက်ပြီး မှေးငိုက်နေလိုက်သည်။ ခဏကြာတော့ ခေါင်းကိုက်တာ သက်သာလာပြီး အရာအားလုံးကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရသည်။
ကုတင်ပေါ်က ထလိုက်ပြီး ဖုန်းကိုကောက်ယူကာ လီယို စာပြန်ထားလားလို့ သူစစ်ဆေးလိုက်သည်။ပို့ထားတဲ့စာတွေကိုပင် သူမဖတ်။
ဖုန်း call log ထဲမှာလည်း ဆန်းဝန်းဘက်က ဆက်သွယ်ထားတာတွေသာ ရှိနေသည်။
တစ်နေ့က သူ့ Daddy နဲ့ ကိစ္စကို သူသတိရသွားသည်။ ဒီလိုဖြစ်အောင် Daddy များလုပ်လိုက်တာလား? သူခေါင်းထဲ အတွေးမျိုးစုံဝင်ရောက်လာကာ ချက်ချင်းပင် သူ့အဖေရှိရာဆီ ကားမောင်းကာ ထွက်လာလိုက်သည်။
-----
ဆန်းဝန်းဟာ ဖခင်ရဲ့ ကုမ္ပဏီရုံးခန်းကြီးထဲကို ခပ်မြန်မြန် အလောတကြီး ဝင်လာခဲ့သည်။စားပွဲကြီးရဲ့ တစ်ဘက်မှာ သူ့အဖေက စာရွက်စာတမ်းတွေကို လေ့လာနေဟန် ရသည်။
ခါတိုင်းလိုပဲ အဖေ့ရဲ့မျက်နှာဟာ အေးတိအေးစက်ပဲ။
"Daddy"
ဆန်းဝန်းရဲ့ အသံက တုန်ယင်နေသော်လည်း ပြတ်သားသည်။ သု့အဖေက ခေါင်းမော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ပြောလေ"
"လီယို hyung ဆီ Daddyရဲ့ လူတွေကို လွှတ်ပြီး ခြိမ်းခြောက်လိုက်တာလား Daddy ဘာတွေ သွားပြောထားတာလဲ?"
ဆန်းဝန်းက လီယို့ အကြောင်း စပြောတော့ အဖေ့ရဲ့ မျက်နှာဟာ တောင့်တင်းသွားသည်။
"မင်းပြောသလို ငါ့မှာ အချိန်မရှိဘူး"
သူ့အဖေက အေးဆေးတည်ငြိမ်စွာနဲ့ပဲ ပြန်ပြောလာတယ်။ ဒါပေမဲ့ ဆန်းဝန်းက သူအဖေရဲ့ လိမ်လည်မှုကို မျက်နှာကနေတစ်ဆင့် ချက်ချင်းသိလိုက်ရသည်။
"Daddy လုပ်နိုင်သလောက်ထိ လုပ်ကြည့်ပါ"
ဆန်းဝန်းက ဒေါသတကြီးနဲ့ သူ့ကိုကြည့်ပြီး ပြောလိုက်သည်။သူ့အဖေက သူ့ခေါင်းကို မော့ကြည့်လိုက်ပြီး "မင်းရဲ့ ဆုံးဖြတ်ချက်က ငါ့ရဲ့ ကုမ္ပဏီကို ထိခိုက်စေတယ် ငါ့ရဲ့ မိသားစုကို ထိခိုက်စေတယ်" လို့ ပြောလာသည်။
"Daddy !ကျွန်တော်က Daddyရဲ့ ကုမ္ပဏီမဟုတ်ဘူး ကျွန်တော်က Daddy ရဲ့ သားပါကျွန်တော်ရဲ့ စိတ်ကူး အနာဂတ် အိပ်မက်တွေက ကုမ္ပဏီရဲ့ အမြတ်အစွန်းမဟုတ်ဘူး"
ဆန်းဝန်းက ဒီလိုပြောလာတော့သူ့ အဖေက တိတ်ဆိတ်စွာနဲ့ပဲ ဆန်းဝန်းကို မျက်ထောက်နီကြီးများဖြင့် ကြည့်နေခဲ့ပြီး ဘာမှ ထပ်မပြောလာ။ ဆန်းဝန်း ရုံးခန်းထဲကနေ အလျင်အမြန် ပြန်ထွက်လာခဲ့သည်။
----
ဆန်းဝန်း သူ့ကားကိုယူပြီး လီယို၏အိမ်သို့ မောင်းထွက်လာခဲ့သည်။ ခြံတံခါးရှေ့သို့ ရောက်တဲ့အခါသူကားကို ရပ်လိုက်သည်။ အိမ်၏ပြတင်းပေါက်များအားလုံး ပိတ်လျက်၊ အလင်းရောင် တစ်စက်တစ်စုံမျှ ထွက်မလာ။ လုံးဝတိတ်ဆိတ်နေသည်။
ဆန်းဝန်း ကားပေါ်မှဆင်း၍ ခြံတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။ တံခါးက အနည်းငယ်ဟသွားသည်။ သူ တံခါးပေါက်ဝတွင် ရပ်နေရင်း လီယို၏အမည်ကို ခေါ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း အသံမထွက်လာ။
လီယိုထံမှ အဆက်အသွယ် မရတော့သည်မှာ အလွန်ပင် ခက်ခဲနေသည်။
တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်ပြီးနောက် ဆန်းဝန်းသည် အိမ်ထဲသို့ ဝင်လိုက်သည်။ ခြံတံခါး မတော်တဆ ဖွင့်မိသည်ထင်သည်။ လီယိုက သူ့ကို မလိုလားသည်ကို သူသိသည်။ သို့သော် သူသည် ရပ်တန့်၍ မရပါ။
သူ တံခါးကို အတင်းတွန်းဝင်လိုက်သည်။ တံခါးသည် "ဒုန်း" ဟူသော အသံကြီးနှင့် ပွင့်သွားသည်။ အိမ်သည် လုံးဝတိတ်ဆိတ်လျက်ရှိသည်။ ထိုတိတ်ဆိတ်ခြင်းကပင် ဆန်းဝန်း၏ ပူပန်မှုနှင့် ခံစားချက်ကို ပိုမို၍ ပွားများစေသည်။
ဆန်းဝန်း အိမ်ဝအရောက် တံခါးကို ဖြည်းညှင်းစွာ ခေါက်ကြည့်သည်။ အိမ်မကြီးရဲ့ ခြံတံခါးကပွင့်လာခဲ့ပြီး သူ မျှော်လင့်ထားသလို လီယို တော့ မဟုတ်။ အသက် ၈၀ နီးပါးလောက်ရှိပြီဖြစ်တဲ့ လီယိုရဲ့အဖွား။
လီယိုရဲ့အဖွားက တုတ်ကောက်ကို ကိုင်ပြီး လှေကားထစ်ကို တစ်ထစ်ချင်းဆင်းလာနေတယ်။ အဖွားရဲ့ခြေလှမ်းတွေက တည်ငြိမ်မှုမရှိဘဲ တုန်ယင်နေတယ်။ နောက်ဆုံး ဆန်းဝန်းရဲ့ရှေ့ကိုရောက်တော့ အဖွားက ခေါင်းမော့လိုက်ပြီး သူ့မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်တယ်။ အဲ့ဒီအကြည့်က ပြောစရာစကားတွေ အများကြီးရှိနေသလိုပဲ။
"သားသားကို လာရှာတာလား"
ဆန်းဝန်း ခေါင်းတစ်ချက် ခပ်မြန်မြန် ညှိမ့်ပြလိုက်သည်။
"လီယို က မင်းနဲ့ တွေ့ချင်ပုံမရဘူး ဒါကြောင့် ပြန်လိုက်ပါတော့"
အဖွားက ဒါကိုပြောပြီးတာနဲ့ ကျောခိုင်းပြီး အိမ်ထဲပြန်ဝင်သွားတယ်။ ဆန်းဝန်း အဲ့ဒီနေရာမှာ တောင့်တောင့်ကြီး ရပ်နေဆဲ ။ အဖွားရဲ့ ခြောက်သွေ့နေတဲ့ အကြည့်တွေနဲ့ ဝမ်းနည်းနေတဲ့အသံက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေသည်။
ဆန်းဝန်း အဲ့ဒီအိမ်ရှေ့မှာပဲ မိနစ်အနည်းငယ်ကြာ ရပ်နေခဲ့ပြီး နောက်ဆုံးတော့ ကားထဲပြန်ဝင်ကာ အဲ့ဒီနေရာကနေ မောင်းထွက်လာခဲ့တော့သည်။
-----
ဆက်ရန်။
ခုပါတ်၂ပိုင်း ရေးပေးထားပါတယ်နော် Leowon လေးကိုလည်း Vote ကြပါဦးနော် 💕
There are no comments yet. Log in to be the first to leave a review!


![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)