Fanfics

8🍃

04:28, 12 September 2023

[Unicode]

တ

ယောက်တည်းအိမ်မှာ နေရတဲ့ တလအတွင်းမှာ ပျင်းတာနဲ့ Youtubeထဲက ဟင်းချက်နည်းတွေ မုန့်လုပ်နည်းတွေ လျှောက်ကြည့်ပြိး လေ့လာထားတာ တော်တော်ကို ကျွမ်းကျင်အဆင့်ရောက်နေပြီ။

အခုလည်း Cup cake လေးတွေလုပ်ရင်း အလုပ်ရှုပ်နေတာ.. ဟွန်းလေးရဲ့ ဂျပန်မှာခင်လာတဲ့သူငယ်ချင်းတယောက်ရောက်နေတယ်ဆိုလို့ မုန့်သွားပို့ပေးမှာ.. Cupcakeလေးတွေသယ်လာရင်း ရေကူးကန်ဘေးမှာ ထိုင်ပြီး စကားပြောနေကြတဲ့ သူတို့ဆီကိုလာခဲ့လိုက်တယ်။

'သုံးဆောင်ကြပါအုံး။ ဒါhyungကိုယ်တိုင်လုပ်ထားတာ'

'တွေ့ရတာဝမ်းသာပါတယ် Hyung.. ကျွန်တော်က ဂျွန်ဂ​ျောင်ဂုပါ'

ဂျောင်ဂုက အရင်မိတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလာတော့ ​ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်

'Hyungက ကင်မ်ဆော့ဂျင်ပါ'

'ငါ့ယောက်ျားလေ'

ဘေးကနေ ထယ်ယောင်းဆီက ရုတ်တရက်ထွက်လာတဲ့စကားသံကြောင့် ဂျောင်ဂုတယောက် ထယ်ယောင်းမျက်နှာကိုကြည့်မိတော့.. မျက်လုံးတွေက သူတို့နှစ်ယောက်နှုတ်ဆက်နေတဲ့လက်တွေပေါ်မှာ... ဂျောင်ဂုဘယ်လိုမှ မနေနိုင်ဘဲ အသံထွက်ပြီးပါရယ်မိတယ်..

'ဟား.. ဟား.. ဘာလဲ ဒါလေးကိုသဝန်တိုတာလား'

'မင်းက မြန်မြန်နှုတ်ဆက်မှပေါ​့... Hyungက အားတာမဟုတ်ဘူး'

'ခဏလေးပဲ ရှိသေးတာကိုကွာ.. သဝန်တိုချက်ကတော့နော်..'

တဟီးဟီးတဟားဟားနဲ့ စနောက်နေတဲ့ဂျောင်ဂုကြောင့် ဆော့ဂျင်ပါရှက်လာသည်။

'ဟို.. hyungသွားတော့မယ်.. မုန့်စားကြအုံးနော်'

'တကယ်စားကောင်းမယ့်ပုံပဲ Hyung.. အများကြီးစားပါ့မယ်'

'အရမ်းကောင်းတယ် Hyung' မုန့်တွေ ပလုံ့ပလောင်းနဲ့ ဂျီမင်အသံကိုအခုမှကြားရတယ်..

မုန့်လာချလိုက်ကတည်း​က ထယ်ယောင်းနဲ့ဆော့ဂျင်ကို ဂျောင်ဂုစနေတာကို ဘာစကားမှဝင်မပြောချင်တာကြောင့် ကိုယ့်အတွေးနဲ့ကိုယ် မုန့်ပဲစား​နေလိုက်တယ်။

ထွက်ခွာသွားသော ကင်မ်ဆော့ဂျင်ရဲ့ကျောပြင်တဆုံးကို လိုက်ငေးကြည့်လိုက်မိကြည့်တယ်..

'ဟိတ်ကောင်.. တော်တော့ လိုက်မယ်ဆိုလိုက်သွား.. ဇက်လည်သွားအုံးမယ်'

'မဟုတ်ပါဘူး..' ပြုံး​နေရင်း လည်ပင်နားကို လက်နဲ့ပွတ်သတ်နေလိုက်တယ်..

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ပုပ်သိုးသိုးမျက်နှာတခုကို တွေ့ရတော့ အပြုံးတွေကို ရပ်လိုက်မိတယ်

Jimin - 'ဘယ်တော့ပြောပြမှာလဲ.. မင်းကထယ်ဟွန်းမဟုတ်ဘူးဆိုတာ'

Taehyung - 'မပြောပြပါဘူး သူသိသွားတဲ့အချိန်ထိ ဒီအတိုင်းနေမှာ'

Jungkook - 'မင်းကိုမင်း ဘာတွေလုပ်နေလဲဆိုတာ သိသေးရဲ့လား'

Taehyung - 'အခုတော့ ဘာဆက်လုပ်ရမလဲမသိသေးလို့ ငါအဲ့တိုင်းပဲစောင့်ကြည့်နေတာ'

Jungkook - 'နေအုံး ငါသိချင်တာရှိသေးတယ် မင်းတို့က အခုလက်ထပ်ထားတဲ့သူတွေမယ့်လား မင်းတို့ဘယ်လိုနေလဲဟင် ထူးထူးခြားခြား ခံစားချက်များ.. အ့~'

ဂျောင်ဂုဘေးမှာရှိနေတဲ့ ဂျီမင်လက်ချက်.. ဂျောင်ဂုခြေထောက်ကို လာနင်းချလိုက်တာကြောင့်ပင်။

Jimin - 'မဆိုင်တာတွေ မမေးနဲ့.. ထယ်​ယောင်းကသူ့ကိုစိတ်မဝင်စားဘူး'

Jungkook - 'ဘာလဲ.. မင်းကဘာဖြစ်နေတာလဲ... ငါထယ်ယောင်းကိုမေးတာ'

Taehyung - 'ငါတို့ဘာမှမဖြစ်ကြသေးပါဘူး.. ပြီးတော့ဂျီမင်ပြောသလိုပါပဲ ငါသူ့ကိုမုန်းတယ် အခုတောင်သည်းခံပြီးနေနေရတာ'

Jimin - 'ဒါဆိုလည်း အမှန်တိုင်းပြောပြီး မကျေနပ်တာတွေ ရှင်းလိုက်လေ'

Taehyung - 'ငါလည်း အဲ့လိုလုပ်လိုက်ချင်ပေမဲ့ အချိန်မတန်သေးဘူးထင်လို့'

Jimin - 'သူကထယ်ဟွန်းနဲ့လက်ထပ်ထားတဲ့သူနော်.. မင်းချစ်လို့မရဘူး.. အဲ့တာမမေ့နဲ့'

Taehyung - 'ငါသိပါတယ် သူ့လိုရိုးသလိုလိုလုပ်ပြီး နောက်ကွယ်မှာဖောက်ပြားတတ်တဲ့သူကို ငါမချစ်ပါဘူး.. ငါသွားပြီ မင်းတို့လည်းပြန်တော့'

Jimin - 'အလုပ်ဖိုင်တွဲတွေက စာကြည့်ခန်းထဲမှာထားထားတယ် emailလည်းပို့ထားတယ် အဆင်ပြေရင်သွားကြည့်လိုက်ပါ'

Taehyung - 'OK'

စိတ်မပါစွာနဲ့ လက်နဲ့okသင်္ကတကို ဝိုင်းပြလိုက်ပြီး ထွက်လာလိုက်တယ်။

'ငါ ဆော့ဂျင်ကိုပြောပြတော့မယ်'

'ထယ်ယောင်းကိုလွတ်ထားစမ်းပါ မင်းအရမ်းဝင်မပါနဲ့..'

'ဟင့်အင်း.. ငါအဲ့တိုင်းဆက်ကြည့်ပြီး မနေနိုင်ဘူး.. အခုပဲသူ့ပုံစံကိုကြည့်အုံး ကြာလာရင် သူဆော့ဂျင်အပေါ်စိတ်ယိုင်သွားလိမ့်မယ်'

'အချစ်တွေဖြစ်လာတာ ဘာဖြစ်လဲ.. အခုလိုမုန်းနေတာမဟုတ်ဘဲ အဆင်ပြေသွားရင်ပိုကောင်းတာပေါ့ ဆော့ဂျင်ကိုကြည့်ရတာလည်း မကောင်းတဲ့သူလို မဟုတ်ပါဘူး'

'ဘယ်လိုပဲဖစ်ဖစ် ထယ်ယောင်းက ထယ်ဟွန်းမဟုတ်တဲ့အတ​ွက် ဒီနေရာကထယ်ဟွန်းနဲ့ပဲဆိုင်တာ သူကဆော့ဂျင်နဲ့ ဘာမှမဆိုင်တဲ့သူပဲ'

'ဆိုင်တဲ့သူတွေဖြစ်သွားမှာကြောက်နေတာလား'

'ဘာလို့ကြောက်ရမှာလဲ.. သူတို့ချစ်ပြီးမှ အမှန်တရားတွေသိရရင် ပိုနာကျင်ရလိမ့်မယ်'

'မင်းပြောတာမှန်ပေမဲ့ စကားကြီးစကားကျယ်တွေ မပြောလို့ရမလား.. ထယ်ယောင်းဆော့ဂျင်နောက်ပါသွားမှာကို စိုးရိမ်နေပါတယ်လို့ပဲ ပြောလိုက်!!!'

'မင်းက ဘာသိလို့လဲ!!!'

'မင်းထယ်ယောင်းကို ကြိုက်နေတာသိတယ်.. ထယ်ယောင်းမင်းကို စိတ်မဝင်စားဘူးဆိုတာမင်းလည်း သိတယ်မယ့်လား'

'မင်း!!! မင်းကဘယ်လောက်တောင်သိလို့ ဝင်ပါနေတာလဲ ဂျ​ွန်ဂျောင်ဂု!! စကားပြောတာ အရမ်းစည်းမကျော်နဲ့'

'ပြောတော့ ဘာဖြစ်လဲ!!! ငါပြောတာမဟုတ်လို့လား'

'ဘာပဲဖစ်ဖစ် ငါထယ်ယောင်းကိုချစ်တာမိ့လို့ ဟိုးအရင်ကတည်းက ငါချစ်ခဲ့တာမို့လို ထယ်ယောင်းကို ငါပဲအပိုင်ယူပြမယ်'

ကိစ္စလေးတခုကနေ စကားအချေအတင်ဖြစ်ပြီး နှစ်ယောက်ရန်ဖြစ်ကြမယ့်အထိ ရေကူးကန်ဘေးမှာ ဘယ်သူမှရှိမနေတာကြောင့် သူတို့ပြောနေတဲ့စကားတွေကို ကြားသွားမယ့်သူတော့မရှိပေ။ တခွန်းမကျန်ပြန်ပြောနေတဲ့ ဂျီမင်က ဒေါသထွက်ချင်စရာပင်။

'တောက်ခ်!!!...'

ဂျောင်ဂု ဂျီမင်ရဲ့ ပခုံးနှစ်ဖက်ကို တင်းကျပ်စွာကိုင်ထားရင်း

'ပတ်ဂျီမင် မရူးစမ်းနဲ့.. အဲ့အစား အခြားတယောက်ပြောင်းကြည့်စမ်းပါ'

'မင်း.. ဝင်ပါစရာမလိုဘူး.. ဖယ်~'

'ဂျီမင်..'

လက်ကိုဖြုတ်ချပြီး လှည့်ထွက်သွားတယ့်ဂျီမင်ရဲ့ကျောပြင်ကိုသာ ငေးကြည့်ရင်းကျန်ခဲ့ရတယ်

'ဂျ​ီမင်.. အရူးကောင်!!!'

🍃🍃🍃

ထယ်ဟွန်းပုံစံလိုနေနေတာ ၁၀ရက်ပြည့်တော့မယ်... ဒိလူသားကိုမုန်းနေပေမဲ့ စကားပြောတာ အသံနည်းနည်းကြမ်းလိုက်တာနဲ့ တဟုတ်ဟုတ်နဲ့ အူတူတူလုပ်တတ်တာကိုတော့ တကယ်အူယားမိတယ်။

စိတ်ရှုပ်စရာအကောင်းဆုံးကတော့ ဆေးလာတိုက်တဲ့အချိန်ပဲ။ သောက်လိုက်မယ် ဆေးထားခဲ့လို့ အသံခပ်မာမာပြောရင်တောင် မရဘူး။ သောက်ပြီးမှသွားမယ်တဲ့ ပထမဆုံးရက်ကဆို တော်တော်အကြပ်ရိုက်သွားတယ်။သူဆေးမသောက်မချင်း မသွားဘူးဆိုတော့ သူ့ရှေ့မှာသောက်ပြမှရတော့မယ့် အခြေအနေထိရောက်နေပြီ..

'ကျွန်တော်ကို ရေနွေးယူပေးပါ ရေအေးနဲ့မသောက်ချင်ဘူး..'

'ဘာဖြစ်လို့လဲ အရင်ကဆို..'

'Hyung~'

ရေနွေးဆိုတော့ အောက်ထပ်ကိုတခေါက်ဆင်းပြီး ပြန်လာယူပေးရပြန်တယ်.. ရေနွေးယူပေးပြီးပြန်လာတော့ ..

'ရော့.. ဆေးသောက်တော့နော်'

'သောက်လိုက်ပြိ... Hyungကြာနေလို့... ရေအေးနဲ့ပဲသောက်လိုက်ပြီ'

'တကယ်သောက်ရဲ့လား.. ပါးစပ်ဟကြည့်..'

'အာ..'

'လျှာရော လျှာရောမကြည့်..'

'သောက်လိုက်ပါပြီဆို.. ကျွန်တော်ကလည်း နေကောင်းချင်တဲ့သူပါ။ ဆေးပုံမှန်သောက်မှာပါ အသေးစိတ်ကြည့်စရာမလိုပါဘူး'

'ဟွန်းလေးက အရင်ကဆိုဆေးကြောက်တတ်တော့.. လူလည်လုပ်မှာစိုးလို့ပါ'

ဆော့ဂျင်ထွက်သွားတော့မှ.. ခေါင်းအုံးအောက်က ဆေးတွေကိုယူကြည့်ရင်း သူ့ကိုကလေးလို လာဆက်ဆံနေတဲ့ ကင်ဆော့ဂျင်ရဲ့ပုံစံကို မြင်ယောင်ရင်း ပြုံးမိပြန်တယ်။ ဒီလိုကျ အူတူတူမဟုတ်ဘဲ Nurseတယောက်နဲ့ တူနေပြန်တယ်။

နောက်ရက်တွေတော့ ဆော့ဂျင်က အရမ်းလိုက်မကြည့်တော့တာမို့ လွတ်လွတ်လပ်လပ် ပစ်ချလို့ရနေပြီ။

🍃🍃🍃

ဟွန်းလေးပြန်လာတာ ၁၀ရက်လောက်ရှိတော့မယ်။ အတိတ်မေ့တဲ့ဟွန်းလေးက အရင်နဲ့မတူတာတော့ သတိထားမိတယ်။ လက်ရဲဇက်ရဲနဲ့ဟွန်းလေးက ပိုပြီးရင်ခုန်စရာကောင်းနေခဲ့တယ်။

အခု တကုတင်တည်းအတူတူအိပ်တယ်။ တယောက်နဲ့တယောက်မထိဘဲအိပ်ကြပေမဲ့ မနက်ကျရင်တော​့ ဟွန်းလေးရင်ခွင်ထဲရောက်နေပြန်ပြီ။ အဲ့အနေအထားကိုဘယ်လိုရောက်သွားလဲ မသိပေမဲ့ ဒီလိုနိူးထရတာလေးကို ဆော့ဂျင်သဘောကျနေတတ်ပြီ။

ဒါပေမဲ့လည်း နည်းနည်းတော့ သူစိမ်းဆန်နေသေးသလိုတော့ ခံစားနေရတယ်။ အထူးသဖြင့် အသံအနေအထားကို ဟွန်းလေးလို့ပင် ခံစားလို့မရပေ။

စကားကိုလည်း ကောင်းကောင်းမပြောပေ။ ကိုယ့်အပေါ်မကျေနပ်တာတွေ ရှိနေသလိူခံစားနေရတာကြောင့် ဟွန်းလေးက အရင်ကအကြောင်းတွေ မှတ်မိနေရက်နဲ့များ မကျေနပ်လို့ဟန်ဆောင်နေတာများလား။ ဒီလိုမျိုးတွေ တွေးမိတိုင်း တကယ်ရှုပ်ထွေးမိတယ်။

ကိုယ်ကလည်း မလုံမလဲဖြစ်နေတာကြောင့် သူစကားခပ်ကျယ်ကျယ်ပြောလိုက်တိုင်း ထွက်လာတဲ့ခပ်သြသြအသံကြောင့် အူတူတူနဲ့ စကားတွေပါထစ်တတ်လာတယ်။

🍃🍃🍃

အလုပ်တွေက အဖေ့ကိုလွဲထားတယ်ဆိုပေမဲ့ ကိုယ်တိုင်လည်း ကြည့်နေမှဖစ်မယ်။ အလုပ်တွေကို ပစ်ထားတာလည်းကြာနေပြီဆိုတော့ ဂျီမင်ထားခဲ့တဲ့ဖိုင်တွဲတွေကို စာကြည့်ခန်းထဲမှာကြည့်နေလိုက်တယ်။

အခန်းထဲရောက်တော့ ဆော့ဂျင်ရှိမနေတာကြောင့် emailတွေပါစစ်ပြီး စာရင်းတွေပါကြည့်နေတုန်း..

'ဟွန်းလေး.. ဘာတွေကြည့်နေတာလဲ'

(ဟင်.. အသံကတော်တော်နီးကပ်နေတာပဲ..)*tae opv

ဆော့ဂျင်အခန်းထဲဝင်လာတော့ ဟွန်းလေးက တခုခုကိုစူးစိုက်ကြည့်တော့ နောက်ကနေခိုးကြည့်မိတော့.. စာရင်းဇယားတွေကို သူကြည့်နေတာ။ ဘာတွေလဲဆိုတာ သေချာသိချင်မိတာကြောင့် ဘေးကနေ laptopကိုပေါ်တင်ကြည့်မိတယ်။

ဟုတ်တယ် ကင်မ်ဆော့ဂျင်က သူရှေ့က laptopကိုပင် စူးစိုက်ကြည့်နေပြီ။ laptopကိုပဲ ပိတ်ချလိုက်ရမလား ရုတ်တရက်ဘာလုပ်ရမလဲ မသိဖြစ်နေတာကြောင့်..

ဘေးကနေ laptopကိုလာကြည့်နေတဲ့ဆော့ဂျင်ရဲ့မျက်နှာကို ဆွဲလှည့်လိုက်ရင်းမျက်လုံးရှေ့လာနေတဲ့ ပန်းနုရောင်ပါးဖောင်းဖောင်းလေးကိုပဲ နမ်းရှိုက်ပစ်လိုက်တယ်။

ကြည့်နေပြန်ပြီ။ အူတူတူပုံစံနဲ့ ဒိတခါတော့ နားရွက်ဖျားလေးကရဲတွတ်နေပြီး မျက်နှာလေးက ပိုပြီးပန်းရောင်သန်းနေသယောင်။ကိုယ်ကတော့ သူ့ကိုမသိချင်ယောင်ဆောင်ပြီး laptopကို ပိတ်ချလိုက်တယ်

'အဖေက.. ကြည့်ခိုင်းထားတာလေးရှိလို့ပါ'

'အင်း.. Hyung.. Hyung အိပ်တော့မယ်'

စိတ်ထဲမှာတော့ မရှင်းမလင်းဖြစ်နေပေမဲ့ သူအလုပ်တွေလုပ်နေတာလားလို့ မေးချင်ပေမဲ့ သူကမဖြေချင်သလို တခုခုဖုံးကွယ်ထားသလို ဖြစ်နေတာကြောင့် စိတ်ထဲရှင်းရှင်းလင်းလင်းဖြစ်ချင်တာကြောင့် ဂျီမင်ကိုပဲ မေးကြည့်ဖို့ဆုံးဖြတ်ထားလိုက်တယ်။

Part 8 [END] 🍃

ဖတ်ပေးတဲ့သူတယောက်ချင်းဆီကိုကျေးဇူးပါ။အရှေ့အပိုင်းမှာ commentလေးတွေ ရေးပေးတာ အရမ်းကျေးဇူးတင်ပါတယ်💚

ပုံမှန်ဆို ၂ပိုင်းပဲဆိုပေမဲ့ မနက်ဖြန်ကျရင် နောက်တပိုင်းထပ်upပေးပါ့မယ်နော်🍃💚

[Zawgyi]

တေယာက္တည္းအိမ္မွာ ေနရတဲ့ တလအတြင္းမွာ ပ်င္းတာနဲ႕ Youtubeထဲက ဟင္းခ်က္နည္းေတြ မုန့္လုပ္နည္းေတြ ေလွ်ာက္ၾကည့္ၿပိး ေလ့လာထားတာ ေတာ္ေတာ္ကို ကြၽမ္းက်င္အဆင့္ေရာက္ေနၿပီ။

အခုလည္း Cup cake ေလးေတြလုပ္ရင္း အလုပ္ရႈပ္ေနတာ.. ဟြန္းေလးရဲ႕ ဂ်ပန္မွာခင္လာတဲ့သူငယ္ခ်င္းတေယာက္ေရာက္ေနတယ္ဆိုလို႔ မုန့္သြားပို႔ေပးမွာ.. Cupcakeေလးေတြသယ္လာရင္း ေရကူးကန္ေဘးမွာ ထိုင္ၿပီး စကားေျပာေနၾကတဲ့ သူတို႔ဆီကိုလာခဲ့လိုက္တယ္။

'သုံးေဆာင္ၾကပါအုံး။ ဒါhyungကိုယ္တိုင္လုပ္ထားတာ'

'ေတြ႕ရတာဝမ္းသာပါတယ္ Hyung.. ကြၽန္ေတာ္က ဂြၽန္ဂ​်ောင္ဂုပါ'

ေဂ်ာင္ဂုက အရင္မိတ္ဆက္ၿပီး လက္ဆြဲႏႈတ္ဆက္ဖို႔ လက္ကမ္းေပးလာေတာ့ ​ျပန္ၿပီးလက္ဆြဲႏႈတ္ဆက္လိုက္တယ္

'Hyungက ကင္မ္ေဆာ့ဂ်င္ပါ'

'ငါ့ေယာက္်ားေလ'

ေဘးကေန ထယ္ေယာင္းဆီက ႐ုတ္တရက္ထြက္လာတဲ့စကားသံေၾကာင့္ ေဂ်ာင္ဂုတေယာက္ ထယ္ေယာင္းမ်က္ႏွာကိုၾကည့္မိေတာ့.. မ်က္လုံးေတြက သူတို႔ႏွစ္ေယာက္ႏႈတ္ဆက္ေနတဲ့လက္ေတြေပၚမွာ... ေဂ်ာင္ဂုဘယ္လိုမွ မေနနိုင္ဘဲ အသံထြက္ၿပီးပါရယ္မိတယ္..

'ဟား.. ဟား.. ဘာလဲ ဒါေလးကိုသဝန္တိုတာလား'

'မင္းက ျမန္ျမန္ႏႈတ္ဆက္မွေပါ​့... Hyungက အားတာမဟုတ္ဘူး'

'ခဏေလးပဲ ရွိေသးတာကိုကြာ.. သဝန္တိုခ်က္ကေတာ့ေနာ္..'

တဟီးဟီးတဟားဟားနဲ႕ စေနာက္ေနတဲ့ေဂ်ာင္ဂုေၾကာင့္ ေဆာ့ဂ်င္ပါရွက္လာသည္။

'ဟို.. hyungသြားေတာ့မယ္.. မုန့္စားၾကအုံးေနာ္'

'တကယ္စားေကာင္းမယ့္ပုံပဲ Hyung.. အမ်ားႀကီးစားပါ့မယ္'

'အရမ္းေကာင္းတယ္ Hyung' မုန့္ေတြ ပလုံ႕ပေလာင္းနဲ႕ ဂ်ီမင္အသံကိုအခုမွၾကားရတယ္..

မုန့္လာခ်လိဳက္ကတည္း​က ထယ္ေယာင္းနဲ႕ေဆာ့ဂ်င္ကို ေဂ်ာင္ဂုစေနတာကို ဘာစကားမွဝင္မေျပာခ်င္တာေၾကာင့္ ကိုယ့္အေတြးနဲ႕ကိုယ္ မုန့္ပဲစား​ေနလိုက္တယ္။

ထြက္ခြာသြားေသာ ကင္မ္ေဆာ့ဂ်င္ရဲ႕ေက်ာျပင္တဆုံးကို လိုက္ေငးၾကည့္လိုက္မိၾကည့္တယ္..

'ဟိတ္ေကာင္.. ေတာ္ေတာ့ လိုက္မယ္ဆိုလိုက္သြား.. ဇက္လည္သြားအုံးမယ္'

'မဟုတ္ပါဘူး..' ၿပဳံး​ေနရင္း လည္ပင္နားကို လက္နဲ႕ပြတ္သတ္ေနလိုက္တယ္..

မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ ပုပ္သိုးသိုးမ်က္ႏွာတခုကို ေတြ႕ရေတာ့ အၿပဳံးေတြကို ရပ္လိုက္မိတယ္

Jimin - 'ဘယ္ေတာ့ေျပာျပမွာလဲ.. မင္းကထယ္ဟြန္းမဟုတ္ဘူးဆိုတာ'

Taehyung - 'မေျပာျပပါဘူး သူသိသြားတဲ့အခ်ိန္ထိ ဒီအတိုင္းေနမွာ'

Jungkook - 'မင္းကိုမင္း ဘာေတြလုပ္ေနလဲဆိုတာ သိေသးရဲ႕လား'

Taehyung - 'အခုေတာ့ ဘာဆက္လုပ္ရမလဲမသိေသးလို႔ ငါအဲ့တိုင္းပဲေစာင့္ၾကည့္ေနတာ'

Jungkook - 'ေနအုံး ငါသိခ်င္တာရွိေသးတယ္ မင္းတို႔က အခုလက္ထပ္ထားတဲ့သူေတြမယ့္လား မင္းတို႔ဘယ္လိုေနလဲဟင္ ထူးထူးျခားျခား ခံစားခ်က္မ်ား.. အ့~'

ေဂ်ာင္ဂုေဘးမွာရွိေနတဲ့ ဂ်ီမင္လက္ခ်က္.. ေဂ်ာင္ဂုေျခေထာက္ကို လာနင္းခ်လိဳက္တာေၾကာင့္ပင္။

Jimin - 'မဆိုင္တာေတြ မေမးနဲ႕.. ထယ္​ေယာင္းကသူ႕ကိုစိတ္မဝင္စားဘူး'

Jungkook - 'ဘာလဲ.. မင္းကဘာျဖစ္ေနတာလဲ... ငါထယ္ေယာင္းကိုေမးတာ'

Taehyung - 'ငါတို႔ဘာမွမျဖစ္ၾကေသးပါဘူး.. ၿပီးေတာ့ဂ်ီမင္ေျပာသလိုပါပဲ ငါသူ႕ကိုမုန္းတယ္ အခုေတာင္သည္းခံၿပီးေနေနရတာ'

Jimin - 'ဒါဆိုလည္း အမွန္တိုင္းေျပာၿပီး မေက်နပ္တာေတြ ရွင္းလိုက္ေလ'

Taehyung - 'ငါလည္း အဲ့လိုလုပ္လိုက္ခ်င္ေပမဲ့ အခ်ိန္မတန္ေသးဘူးထင္လို႔'

Jimin - 'သူကထယ္ဟြန္းနဲ႕လက္ထပ္ထားတဲ့သူေနာ္.. မင္းခ်စ္လို႔မရဘူး.. အဲ့တာမေမ့နဲ႕'

Taehyung - 'ငါသိပါတယ္ သူ႕လိုရိုးသလိုလိုလုပ္ၿပီး ေနာက္ကြယ္မွာေဖာက္ျပားတတ္တဲ့သူကို ငါမခ်စ္ပါဘူး.. ငါသြားၿပီ မင္းတို႔လည္းျပန္ေတာ့'

Jimin - 'အလုပ္ဖိုင္တြဲေတြက စာၾကည့္ခန္းထဲမွာထားထားတယ္ emailလည္းပို႔ထားတယ္ အဆင္ေျပရင္သြားၾကည့္လိုက္ပါ'

Taehyung - 'OK'

စိတ္မပါစြာနဲ႕ လက္နဲ႕okသကၤတကို ဝိုင္းျပလိုက္ၿပီး ထြက္လာလိုက္တယ္။

'ငါ ေဆာ့ဂ်င္ကိုေျပာျပေတာ့မယ္'

'ထယ္ေယာင္းကိုလြတ္ထားစမ္းပါ မင္းအရမ္းဝင္မပါနဲ႕..'

'ဟင့္အင္း.. ငါအဲ့တိုင္းဆက္ၾကည့္ၿပီး မေနနိုင္ဘူး.. အခုပဲသူ႕ပုံစံကိုၾကည့္အုံး ၾကာလာရင္ သူေဆာ့ဂ်င္အေပၚစိတ္ယိုင္သြားလိမ့္မယ္'

'အခ်စ္ေတြျဖစ္လာတာ ဘာျဖစ္လဲ.. အခုလိုမုန္းေနတာမဟုတ္ဘဲ အဆင္ေျပသြားရင္ပိုေကာင္းတာေပါ့ ေဆာ့ဂ်င္ကိုၾကည့္ရတာလည္း မေကာင္းတဲ့သူလို မဟုတ္ပါဘူး'

'ဘယ္လိုပဲဖစ္ဖစ္ ထယ္ေယာင္းက ထယ္ဟြန္းမဟုတ္တဲ့အတ​ြက္ ဒီေနရာကထယ္ဟြန္းနဲ႕ပဲဆိုင္တာ သူကေဆာ့ဂ်င္နဲ႕ ဘာမွမဆိုင္တဲ့သူပဲ'

'ဆိုင္တဲ့သူေတြျဖစ္သြားမွာေၾကာက္ေနတာလား'

'ဘာလို႔ေၾကာက္ရမွာလဲ.. သူတို႔ခ်စ္ၿပီးမွ အမွန္တရားေတြသိရရင္ ပိုနာက်င္ရလိမ့္မယ္'

'မင္းေျပာတာမွန္ေပမဲ့ စကားႀကီးစကားက်ယ္ေတြ မေျပာလို႔ရမလား.. ထယ္ေယာင္းေဆာ့ဂ်င္ေနာက္ပါသြားမွာကို စိုးရိမ္ေနပါတယ္လို႔ပဲ ေျပာလိုက္!!!'

'မင္းက ဘာသိလို႔လဲ!!!'

'မင္းထယ္ေယာင္းကို ႀကိဳက္ေနတာသိတယ္.. ထယ္ေယာင္းမင္းကို စိတ္မဝင္စားဘူးဆိုတာမင္းလည္း သိတယ္မယ့္လား'

'မင္း!!! မင္းကဘယ္ေလာက္ေတာင္သိလို႔ ဝင္ပါေနတာလဲ ဂ်​ြန္ေဂ်ာင္ဂု!! စကားေျပာတာ အရမ္းစည္းမေက်ာ္နဲ႕'

'ေျပာေတာ့ ဘာျဖစ္လဲ!!! ငါေျပာတာမဟုတ္လို႔လား'

'ဘာပဲဖစ္ဖစ္ ငါထယ္ေယာင္းကိုခ်စ္တာမိ့လို႔ ဟိုးအရင္ကတည္းက ငါခ်စ္ခဲ့တာမို႔လို ထယ္ေယာင္းကို ငါပဲအပိုင္ယူျပမယ္'

ကိစၥေလးတခုကေန စကားအေခ်အတင္ျဖစ္ၿပီး ႏွစ္ေယာက္ရန္ျဖစ္ၾကမယ့္အထိ ေရကူးကန္ေဘးမွာ ဘယ္သူမွရွိမေနတာေၾကာင့္ သူတို႔ေျပာေနတဲ့စကားေတြကို ၾကားသြားမယ့္သူေတာ့မရွိေပ။ တခြန္းမက်န္ျပန္ေျပာေနတဲ့ ဂ်ီမင္က ေဒါသထြက္ခ်င္စရာပင္။

'ေတာက္ခ္!!!...'

ေဂ်ာင္ဂု ဂ်ီမင္ရဲ႕ ပခုံးႏွစ္ဖက္ကို တင္းက်ပ္စြာကိုင္ထားရင္း

'ပတ္ဂ်ီမင္ မ႐ူးစမ္းနဲ႕.. အဲ့အစား အျခားတေယာက္ေျပာင္းၾကည့္စမ္းပါ'

'မင္း.. ဝင္ပါစရာမလိုဘူး.. ဖယ္~'

'ဂ်ီမင္..'

လက္ကိုျဖဳတ္ခ်ၿပီး လွည့္ထြက္သြားတယ့္ဂ်ီမင္ရဲ႕ေက်ာျပင္ကိုသာ ေငးၾကည့္ရင္းက်န္ခဲ့ရတယ္

'ဂ်​ီမင္.. အ႐ူးေကာင္!!!'

🍃🍃🍃

ထယ္ဟြန္းပုံစံလိုေနေနတာ ၁၀ရက္ျပည့္ေတာ့မယ္... ဒိလူသားကိုမုန္းေနေပမဲ့ စကားေျပာတာ အသံနည္းနည္းၾကမ္းလိုက္တာနဲ႕ တဟုတ္ဟုတ္နဲ႕ အူတူတူလုပ္တတ္တာကိုေတာ့ တကယ္အူယားမိတယ္။

စိတ္ရႈပ္စရာအေကာင္းဆုံးကေတာ့ ေဆးလာတိုက္တဲ့အခ်ိန္ပဲ။ ေသာက္လိုက္မယ္ ေဆးထားခဲ့လို႔ အသံခပ္မာမာေျပာရင္ေတာင္ မရဘူး။ ေသာက္ၿပီးမွသြားမယ္တဲ့ ပထမဆုံးရက္ကဆို ေတာ္ေတာ္အၾကပ္ရိုက္သြားတယ္။သူေဆးမေသာက္မခ်င္း မသြားဘူးဆိုေတာ့ သူ႕ေရွ႕မွာေသာက္ျပမွရေတာ့မယ့္ အေျခအေနထိေရာက္ေနၿပီ..

'ကြၽန္ေတာ္ကို ေရႏြေးယူေပးပါ ေရေအးနဲ႕မေသာက္ခ်င္ဘူး..'

'ဘာျဖစ္လို႔လဲ အရင္ကဆို..'

'Hyung~'

ေရႏြေးဆိုေတာ့ ေအာက္ထပ္ကိုတေခါက္ဆင္းၿပီး ျပန္လာယူေပးရျပန္တယ္.. ေရႏြေးယူေပးၿပီးျပန္လာေတာ့ ..

'ေရာ့.. ေဆးေသာက္ေတာ့ေနာ္'

'ေသာက္လိုက္ၿပိ... Hyungၾကာေနလို႔... ေရေအးနဲ႕ပဲေသာက္လိုက္ၿပီ'

'တကယ္ေသာက္ရဲ႕လား.. ပါးစပ္ဟၾကည့္..'

'အာ..'

'လွ်ာေရာ လွ်ာေရာမၾကည့္..'

'ေသာက္လိုက္ပါၿပီဆို.. ကြၽန္ေတာ္ကလည္း ေနေကာင္းခ်င္တဲ့သူပါ။ ေဆးပုံမွန္ေသာက္မွာပါ အေသးစိတ္ၾကည့္စရာမလိုပါဘူး'

'ဟြန္းေလးက အရင္ကဆိုေဆးေၾကာက္တတ္ေတာ့.. လူလည္လုပ္မွာစိုးလို႔ပါ'

ေဆာ့ဂ်င္ထြက္သြားေတာ့မွ.. ေခါင္းအုံးေအာက္က ေဆးေတြကိုယူၾကည့္ရင္း သူ႕ကိုကေလးလို လာဆက္ဆံေနတဲ့ ကင္ေဆာ့ဂ်င္ရဲ႕ပုံစံကို ျမင္ေယာင္ရင္း ၿပဳံးမိျပန္တယ္။ ဒီလိုက် အူတူတူမဟုတ္ဘဲ Nurseတေယာက္နဲ႕ တူေနျပန္တယ္။

ေနာက္ရက္ေတြေတာ့ ေဆာ့ဂ်င္က အရမ္းလိုက္မၾကည့္ေတာ့တာမို႔ လြတ္လြတ္လပ္လပ္ ပစ္ခ်လိဳ႕ရေနၿပီ။

🍃🍃🍃

ဟြန္းေလးျပန္လာတာ ၁၀ရက္ေလာက္ရွိေတာ့မယ္။ အတိတ္ေမ့တဲ့ဟြန္းေလးက အရင္နဲ႕မတူတာေတာ့ သတိထားမိတယ္။ လက္ရဲဇက္ရဲနဲ႕ဟြန္းေလးက ပိုၿပီးရင္ခုန္စရာေကာင္းေနခဲ့တယ္။

အခု တကုတင္တည္းအတူတူအိပ္တယ္။ တေယာက္နဲ႕တေယာက္မထိဘဲအိပ္ၾကေပမဲ့ မနက္က်ရင္ေတာ​့ ဟြန္းေလးရင္ခြင္ထဲေရာက္ေနျပန္ၿပီ။ အဲ့အေနအထားကိုဘယ္လိုေရာက္သြားလဲ မသိေပမဲ့ ဒီလိုနိူးထရတာေလးကို ေဆာ့ဂ်င္သေဘာက်ေနတတ္ၿပီ။

ဒါေပမဲ့လည္း နည္းနည္းေတာ့ သူစိမ္းဆန္ေနေသးသလိုေတာ့ ခံစားေနရတယ္။ အထူးသျဖင့္ အသံအေနအထားကို ဟြန္းေလးလို႔ပင္ ခံစားလို႔မရေပ။

စကားကိုလည္း ေကာင္းေကာင္းမေျပာေပ။ ကိုယ့္အေပၚမေက်နပ္တာေတြ ရွိေနသလိူခံစားေနရတာေၾကာင့္ ဟြန္းေလးက အရင္ကအေၾကာင္းေတြ မွတ္မိေနရက္နဲ႕မ်ား မေက်နပ္လို႔ဟန္ေဆာင္ေနတာမ်ားလား။ ဒီလိုမ်ိဳးေတြ ေတြးမိတိုင္း တကယ္ရႈပ္ေထြးမိတယ္။

ကိုယ္ကလည္း မလုံမလဲျဖစ္ေနတာေၾကာင့္ သူစကားခပ္က်ယ္က်ယ္ေျပာလိုက္တိုင္း ထြက္လာတဲ့ခပ္ၾသၾသအသံေၾကာင့္ အူတူတူနဲ႕ စကားေတြပါထစ္တတ္လာတယ္။

🍃🍃🍃

အလုပ္ေတြက အေဖ့ကိုလြဲထားတယ္ဆိုေပမဲ့ ကိုယ္တိုင္လည္း ၾကည့္ေနမွဖစ္မယ္။ အလုပ္ေတြကို ပစ္ထားတာလည္းၾကာေနၿပီဆိုေတာ့ ဂ်ီမင္ထားခဲ့တဲ့ဖိုင္တြဲေတြကို စာၾကည့္ခန္းထဲမွာၾကည့္ေနလိုက္တယ္။

အခန္းထဲေရာက္ေတာ့ ေဆာ့ဂ်င္ရွိမေနတာေၾကာင့္ emailေတြပါစစ္ၿပီး စာရင္းေတြပါၾကည့္ေနတုန္း..

'ဟြန္းေလး.. ဘာေတြၾကည့္ေနတာလဲ'

(ဟင္.. အသံကေတာ္ေတာ္နီးကပ္ေနတာပဲ..)*tae opv

ေဆာ့ဂ်င္အခန္းထဲဝင္လာေတာ့ ဟြန္းေလးက တခုခုကိုစူးစိုက္ၾကည့္ေတာ့ ေနာက္ကေနခိုးၾကည့္မိေတာ့.. စာရင္းဇယားေတြကို သူၾကည့္ေနတာ။ ဘာေတြလဲဆိုတာ ေသခ်ာသိခ်င္မိတာေၾကာင့္ ေဘးကေန laptopကိုေပၚတင္ၾကည့္မိတယ္။

ဟုတ္တယ္ ကင္မ္ေဆာ့ဂ်င္က သူေရွ႕က laptopကိုပင္ စူးစိုက္ၾကည့္ေနၿပီ။ laptopကိုပဲ ပိတ္ခ်လိဳက္ရမလား ႐ုတ္တရက္ဘာလုပ္ရမလဲ မသိျဖစ္ေနတာေၾကာင့္..

ေဘးကေန laptopကိုလာၾကည့္ေနတဲ့ေဆာ့ဂ်င္ရဲ႕မ်က္ႏွာကို ဆြဲလွည့္လိုက္ရင္းမ်က္လုံးေရွ႕လာေနတဲ့ ပန္းႏုေရာင္ပါးေဖာင္းေဖာင္းေလးကိုပဲ နမ္းရွိုက္ပစ္လိုက္တယ္။

ၾကည့္ေနျပန္ၿပီ။ အူတူတူပုံစံနဲ႕ ဒိတခါေတာ့ နား႐ြက္ဖ်ားေလးကရဲတြတ္ေနၿပီး မ်က္ႏွာေလးက ပိုၿပီးပန္းေရာင္သန္းေနသေယာင္။ကိုယ္ကေတာ့ သူ႕ကိုမသိခ်င္ေယာင္ေဆာင္ၿပီး laptopကို ပိတ္ခ်လိဳက္တယ္

'အေဖက.. ၾကည့္ခိုင္းထားတာေလးရွိလို႔ပါ'

'အင္း.. Hyung.. Hyung အိပ္ေတာ့မယ္'

စိတ္ထဲမွာေတာ့ မရွင္းမလင္းျဖစ္ေနေပမဲ့ သူအလုပ္ေတြလုပ္ေနတာလားလို႔ ေမးခ်င္ေပမဲ့ သူကမေျဖခ်င္သလို တခုခုဖုံးကြယ္ထားသလို ျဖစ္ေနတာေၾကာင့္ စိတ္ထဲရွင္းရွင္းလင္းလင္းျဖစ္ခ်င္တာေၾကာင့္ ဂ်ီမင္ကိုပဲ ေမးၾကည့္ဖို႔ဆုံးျဖတ္ထားလိုက္တယ္။

Part 8 [END] 🍃

ဖတ္ေပးတဲ့သူတေယာက္ခ်င္းဆီကိုေက်းဇူးပါ။အေရွ႕အပိုင္းမွာ commentေလးေတြ ေရးေပးတာ အရမ္းေက်းဇူးတင္ပါတယ္💚

ပုံမွန္ဆို ၂ပိုင္းပဲဆိုေပမဲ့ မနက္ျဖန္က်ရင္ ေနာက္တပိုင္းထပ္upေပးပါ့မယ္ေနာ္🍃💚

There are no comments yet. Log in to be the first to leave a review!

Similar stories