Fanfics

7🍃

04:27, 12 September 2023

[Unicode]

'သူလား.. ကင်မ်ဆော့ဂျင်က..'

'ဟုတ်တယ်.. သူပဲ'

'ငါမြင်ဖူးနေသလိုပဲ.. ဂျောင်ဂုကြည့်ကြည့်.. ဒါငါတို့ ကလပ်မှာတွေ့ခဲ့တဲ့ တယောက်မဟုတ်ဘူးလား'

'ဟေ.. ဘယ်လိုဖြစ်နိုင်မှာလဲ'

'ငါတော့ မြင်ဖူးနေသလိုပဲ.. သေချာလည်းမမှတ်မိဘူး'

'ထယ်ယောင်း.. မင်းကိုနောက်ဆုံးအကြိမ်စဥ်းစားစေချင်တယ်'

'ဂျီမင်... ထပ်မပြောဖို့​ ပြောထားပြီးပြီနော်.. ငါစိတ်မဆိုးချင်ဘူး'

သူတို့သုံးယောက် စကားဝိုင်းကနေ ထယ်ယောင်းထွက်လာလိုက်တော့.. ကျန်ခဲ့တာက ဂျီမင်နဲ့ဂျောင်ဂု

'မင်းဘာလို့ဒါပဲ ခဏခဏလိုက်ပြောနေတာလဲ.. သူပြန်မပြင်ဘူးဆိုတာ သိနေရက်နဲ့...'

'ငါက စိတ်ပူလို့ပါ'

'သူ ဆော့ဂျင်ကိုတကယ်ချစ်သွားမှာ ​ကြောက်နေတာမလား'

'မဟုတ်ဘူး.. ငါကဘာကို..'

'ဒါတော့ မင်းအသိဆုံးပေါ့'။

🍃🍃🍃

ကားထဲကလှမ်းကြည့်လိုက်တော့ ထိုလူသားက တံခါးအဝနားလေးမှာရပ်စောင့်နေတယ်..ကိုယ်က နေမကောင်းဖြစ်ပြီး ပြန်လာတဲ့သူမို့လို့ချက်ချင်းကားထဲက မဆင်းသေးဘဲ ဂျီမင်လာခေါ်မှာကို စောင့်လိုက်ပြီး တံခါးလာဖွင့်ပေးမှ ဆင်းသွားလိုက်တယ်..

ဓာတ်ပုံထဲမှာ မြင်ဖူးထားတာထက်ပိုပြီး ကြည့်ကောင်းနေတယ်..ရွှေအိုရောင်ဆံပင်လေးတွေက နဖူးပြင်ပေါ်ဖုံးအုပ်ထားတယ်.. နှာတံစင်းစင်းလေးရဲ့ အောက်ဘက်မှာတော့ ဖူးပြီးဖောင်းကြွနေတဲ့နှုတ်ခမ်းတစုံ။ စွဲမက်ချင်စရာအတိပင်။ ညီဖြစ်သူစွဲလမ်းမိတာမဆန်းသလို ဖောက်ပြန်တာတွေဖြစ်တာမဆန်းကြယ်ပေ။

ကိုယ့်အတွက်တော့ မုန်းချင်စရာအတိပင်။ မျက်လုံးလေးတေ​ွကတော့ ပကတိရိုးသားပြီး မခုတ်တတ်တဲ့​ကြောင်လေးလို။

သူ့ရှေ့မှာရပ်နေပြီး ဘာမှလည်းမပြောဘဲ ကြောင်တောင်တောင်လုပ်နေတော့ 'မင်းက ငါ့ယောက်ျားလား'ဆိုတော့ 'ဟုတ်.. ဟုတ်တယ်'တဲ့

စကားပြောတာလည်း အထစ်ထစ်နဲ့ 'ဟွန်းလေး.. Hyungတို့အိမ်ထဲဝင်ရအောင်'ဆိုပြီး လက်ကိုမထိတထိနဲ့ လာကိုင်နေတော့ အမြင်ကပ်ကပ်နဲ့ဆွဲဖက်လိုက်တော့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးက ရင်ခုန်ထဲရောက်လာပေမဲ့ သူ့ကို ပြန်မဖက်ခဲ့ဘူး

ကင်မ်ဆော့ဂျင်က ဒီလောက်လေးတောင် ဟွန်းလေးအပေါ်နွေးထွေးမှုမပေးနိုင်တာလား။ သေချာပညာပြပေးဖို့ လိုနေတာပဲ။

🍃🍃🍃

'ဟွန်းလေး.. ဒီစန္ဒယားက ဘယ်သူတီးတာလဲ ဒီမှာရှိနေတာအမြဲတွေ့နေပေမဲ့ တီးတဲ့သူကိုတခါမှ မတွေ့မိလို့'

'ကျွန်တော်လည်အသံမကြားဖူးတာတောင်င် ကြာလှပြီ.. အရင်ကဆို ကိုကိုက စန္ဒာယားတီးပြရင် ကျွန်တော်က ဘေးနားကနေနားထောင်ပေးတယ်.. အဲ့အခိုက်အတန့်တွေကို ကျွန်တော်အရမ်းကြိုက်တယ်'

'ဟွန်းလေးကရော မတီးဘူးလား..'

'ဟင့်အင်း. ကျွန်တော်ကနားထောင်ရတာပဲ ကြိုက်တယ် Hyung'

ဆော့ဂျင် ဒီစန္ဒယားအနားကိုသွားလိုက်ရင်း လက်ချောင်းလေးတွေတင်လိုက်တော့ သံစဥ်လေးတွေ တောက်လျှောက်ထွက်လာခဲ့တယ်..

'Hyung!!!'

ဆော့ဂျင် မျက်ခုံးလေးတဖက်လှုပ်ပြလိုက်တယ်.. 'ဘယ်လိုလဲ'ဆိုတဲ့သဘောပေါ့

'Hyungလည်း တီးတတ်တာလား အဲ့ဆိုကျွန်တော့်ကို အမြဲတီးပြနော်'

ဘေးမှာလာထိုင်ပြီး ဆော့ဂျင်ပခုံးပေါ်မှီကာ ရယ်သံလွင်လွင်လေးနဲ့အတူ ပျော်ရွင်ခဲ့ဖူးတဲ့ အခိုက်အတန့်လေးတခု။

အခုလည်း ဆော့ဂျင် ဒီစန္ဒယားကိုတေ​ွ့တော့ ဟွန်လေးတခုခုများသတိရလာမလားဆိုတဲ့စိတ်နဲ့ တီးခတ်ပြမိတော့ ဟွန်းလေး ရုပ်ကြီးပုပ်သိုးပြီး စိုက်ကြည့်နေတော့ လူကလည်း လန့်လာတာမို့ ရပ်တန့်လိုက်တယ်..

ဒီစန္ဒယားသံကို ကြားမိတော့ မြင်ယောင်လာမိတာက ထယ်ဟွန်းနဲ့ထယ်ယောင်းအတူတူထိုင်နေတ​ဲ့မြင်ကွင်းလေး ဒီလိုမရှိရတာ ဘယ်လောက်တောင်ကြာပြီလဲ.. နောက်ထပ်ဒီလိုအချိန်ပြန်ရဖို့ဆိုတာကလည်း မဖြစ်နိုင်သလောက် ဒါတွေကင်မ်ဆော့ဂျင်ကြောင့်။

စိတ်မကြည်တာမို့ စိုက်ကြည့်ပေးလိုက်တော့ သူ့လက်ချောင်းတွေရပ်တန့်သွားတာနဲ့ ထယ်ယောင်းအပေါ်ထပ်ကို တက်သွားလိုက်တော့ နောက်ကနေလိုက်လာသေးတယ်။

'ဟွန်း​လေး.. Hyungအခန်းလိုက်ပြပေးမယ်'

(ဟုတ်သားပဲ အတိတ်မေ့တဲ့သူက အဲ့လိုသိနေလို့မဖ​စ်တာကို ဒုက္ခပါပဲ)*Tae opv

'ဟွန်းလေး.. ဒါကရေချိုးခန်း.. ဒီဗီရိုမှာတော့ ဟွန်းလေးရဲ့အဝတ်အစားတွေအပြည့်ရှိတယ်နော်.. အေးဆေးနားလိုက်အုံး.. တခုခုလိုအပ်ရင် Hyungကိုခေါ်လိုက်'

'ငါတို့က အသက်ဘယ်လောက်ကွာတာလဲ'

'2နှစ်ပဲကွာတာလေ'

'သိပ်မကွာဘူးပဲ.. ကျွန်တော်ကတော့ ဆော့ဂျင်လို့ပဲခေါ်မယ်'

'အရင်ကဆို ဟွန်းလေးက Hyungလိုပဲခေါ်တာ'

'ကျင့်သားမရသေးဘူးလေ..'

'ဟွန်းလေး အဆင်ပြေသလိုခေါ်ပါ'

စစရောက်ကတည်းက စကားပြောရတာ အဆင်မပြေဘူး.. ကန့်လန့်ဖြစ်နေသလိုပဲ။ ဘာတွေဖြစ်နေတာလဲ ဆော့ဂျင် စဥ်းစားမရတော့ပေ။

🍃🍃🍃

'ဟွန်းလေးကလေ... သူ့ခန္ဓာကိုယ်ကလေ ပြောင်းလဲနေသလိုပဲ ဟိုမှာအားကစားတွေ သေချာလုပ်ထားတာလား'

စစတွေ့တုန်း သူ့ကိုလှမ်းဖက်လိုက်ကတည်းက သတိထားမိတယ်.. ခန္ဓာကိုယ်က တောင့်တင်းနေပြီး ရင်ခွင်ကြီးကလည်း ပိုပြီးကျယ်ပြန့်နေသယောင်။

ဆော့ဂျင်မေးခွန်းကြောင့် အိမ်တော်ထိန်းကြီးကတော့ ပြာပြာသလဲပင် ရုတ်တရက်မို့ ဘာပြောရမှန်းမသိဖြစ်နေတာကြောင့် ဘေးကသားဖြစ်သူ ဂျီမင်က ဝင်ဖြေပေးတယ်

'ဟုတ်တယ် Hyung ... သူသတိရလာတော့ ဘာမှမမှတ်မိဘူးဖြစ်နေတာ သူ့အဖေကိုတောင် မမှတ်မိဘူးလေ.. သူစဥ်းစားလည်း ဘာမှမမှတ်မိဖြစ်နေတော့ အမြဲစိတ်ရှုပ်နေတတ်တယ်..အဲဒါနဲ့ထယ်ဟွန်းအကိုက ထယ်ဟွန်းကို Gymကိုခေါ်သွားတယ်.. စိတ်ထွက်ပေါက်အနေနဲ့ခဏခဏဆော့နေတော့ ကြည့်ပါလား ၁လအတွင်းပြောင်းလဲလာတာလေ'

'ဟုတ်မယ်.. စမြင်မြင်ချင်းပဲသတိထားမိတာ.. ဒါနဲ့သူ့အကိုဆိုတာလေ.. တခါမှမမြင်ဖူးသေးဘူး လက်ထပ်ပွဲတုန်းကလည်း မတွေ့မိဘူး'

'သူက အမြဲအလုပ်ရှုပ်နေတာ အလုပ်သရဲလေ'

'အော်..'

'ဆော့ဂျင်Hyung... သိချင်တာတွေ ရှိသေးရင်ကျွန်တော့်ကိုမေးပါ.. ကျ​ွန်တော်ပြောပြပါ့မယ်'

'ကျေးဇူးပါပဲ ဂျီမင်.. ပြီးတော့ ဟွန်းလေးသောက်နေကျဆေးတွေရော ပေးအုံး Hyungသေချာလုပ်ပေးမလို့..'

'ဒီမှာပါ Hyung'

'ဆေးတွေက နည်းသွားတယ်နော်.. အရင်ကဆိုအများကြီးသောက်ရတာ'

'ဟုတ်တယ် ဟိုကဒေါက်တာက ဆေးတွေပြောင်းပေးလိုက်တာ'

'အော်.. အင်းပါ.. သူသက်သာလာတော့Hyungဝမ်းသာပါတယ်'

ဆော့ဂျင်က Nurseတယောက်ဖြစ်တော့ မဟုတ်တဲ့ဆေးတွေထည့်ပေးလို့တော့ မဖြစ်ဘူး ဘာဆေးတွေလဲဆိုတာ သိနေတာမို့လို​့ ဆေးတွေကိုပဲအရင်လောက် မများဘဲလျော့ထားလိုက်တယ်။ ဆေးသောက်ခါနီးတိုင်း ပစ်ချရမှာတော့ ထယ်ယောင်းတာဝန်ပင်။

🍃🍃🍃

ထုံးစံအတိုင်း ဆော့ဂျင်ကတော့ ကိုယ့်ခေါင်းအုံးကိုယူလိုက်ပြီး အိပ်နေကျနေရာကိုသွားဖို့လုပ်နေတုန်း ရေချိုးခန်းကနေ အခုမှထွက်လာတဲ့ ထယ်ယောင်းက ထိုမြင်ကွင်းကြောင့် မေးလိုက်မိတယ်

'ဆော့ဂျင် ဒါကဘယ်လဲ' ခပ်အောအောအသံကြောင့် ခြေလှမ်းတွေရပ်သွားတယ်.. ဆော့ဂျင်လို့ခေါ်လိုက်တဲ့ ဒီလေသံကိုလည်း လုံးဝနားမယဥ်ပေ။

'ဟို.. Hyungက ဒီမှာပဲအိပ်တာ' အိပ်နေကျဆိုဖာအရှည်လေးကိုလက်ညိုးထိုးပြတယ်..

'ပြောတော့ ငါတို့ကလက်ထပ်ထားတာဆို..'

'ဟုတ်တယ် ဒါပေမဲ့Hyungတို့က သိပ်မရင်းနှီးသေးတော့...'

'အော်~' သံရှည်ဆွဲရင်းပြောလာပြီး ဆော့ဂျင်ရဲ့အနီးကို လမ်းလျှောက်လာနေတယ်

သူ့ကိုစိုက်ကြည့်နေပြီး တဖြည်းဖြည်းနီးကပ်လာတဲ့ ဟွန်းလေးကိုကြောက်နေတာလား.. ရင်ခုန်နေတာလားမသိ အသက်ရှူနှုန်းတွေမြန်နေတယ်..

အနားရောက်လာကာ နားနားကပ်ပြီး လေသံဖွဖွလေးဖြင့်ပြောလိုက်တဲ့စကားကြောင့် ခေါင်းအုံးကိုဖက်ထားတဲ့ ဆော့ဂျင်ရဲ့လက်တွေ ပိုတင်းကြပ်သွားခဲ့တယ်

'ဒါဆို... ငါတို့ဟိုဟာမလုပ်ရသေးဘူးလား?'

'......'ဘာမှပြန်မပြောဘဲ ကြောင်​တောင်တောင်လုပ်နေတဲ့ ဆော့ဂျင်ကအမြင်ကပ်စရာပင်။

သူ့ညီနဲ့ အတူတူမအိပ်ပဲခွဲခြားအနိုင်ကျင့်ထားတာကြောင့် ထယ်ယောင်းအမြင်ကပ်စွာနဲ့ပင် ဆော့ဂျင်လက်ထဲက ခေါင်းအုံးကိုဆွဲယူ ကုတင်ပေါ်ပြန်ပစ်တင်လိုက်ပြီး ဆော့ဂျင်ကိုပါ တခါည်း ကုတင်ပေါ်တွန်းချလိုက်တယ်။

'အ့...' ရုတ်တရက်အဖြစ်အပျက်ကြောင့် ဆော့ဂျင်လန့်သွားခဲ့တယ်.. မွေ့ယာပေါ်ကျပြီးပြီးချင်း ချက်ချင်းပြန်ထထိုင်လိုက်မိတယ်..

'ဒီည.. ဒီကုတင်မှာအိပ် ကျွန်တော်ကအခုမှစရောက်တော့ တယောက်တည်းမအိပ်ရဲဘူး..'

'....' (သူဘာဖြစ်နေတာလဲ.. စိတ်မှန်သေးရဲ့လား)*Jin OPV

'ဒီတိုင်းပဲ အိပ်ပေးပါ Hyung'

'အင်း' (Hyungဖြစ်သွားပြန်ပြီ.. အရင်ကကျ ဆော့ဂျင်တဲ့)*Jin

အခုတော့ ကုတင်တခုတည်းအတူတူအိပ်နေရပြီ.. ကုတင်က အကျယ်ကြီးပါ လူနှစ်ယောက်လွတ်လွတ်လပ်လပ်နဲ့ အေးဆေးအိပ်လို့ရတယ်

ကုတင်ရဲ့တဖက်အစွန်းကိုကပ်ပြီး ဆော့ဂျင် က​ျောပေးအိပ်နေပေမဲ့ ကျောမလုံပေ။ နောက်ကိုလှည့်ကြည့်လိုက် စူးစိုက်ကြည့်နေတဲ့မျက်လုံးတစုံ။ ဘယ်လိုမှအဓိပ္ပါယ်ဖတ်မရပေ။

ဟွန်းလေးရဲ့မျက်လုံးနဲ့အကြည့်ချင်းဆုံမိတော့ လန့်သွား၍ ရုတ်တရက်ထထိုင်လိုက်မိတယ် ...

'Hyu.. Hyung~ ဟိုမှာပဲ.. '

သူအိပ်နေကျ ဆိုဖာကိုလက်ညိုးထိုးပြီးပြောနေတဲ့ ဆော့ဂျင်စကားပင်မဆုံးသေး။ အိပ်ယာထက်မှာထထိုင်နေတဲ့ ဆော့ဂျင်ကိုယ်ပေါ်ကို လွှားခနဲရောက်လာကာ ခွထိုင်ထားပြီး ထယ်ယောင်းရဲ့လက်ညိုးရှည်ရှည်က ဆော့ဂျင်ရဲ့နှုတ်ခမ်းသားပေါ်တွင်ဝယ်။

'ရှူး~~ ဒီမှာအိပ်မယ်ပြောထားပြီးပြီလေ'

အခုလည်း အိပ်ယာပေါ်ကို အတင်းပြန်လဲချနေပြန်ပြီ ဆော့ဂျင် ငိုသာငိုလိုက်ချင်တယ် ဟွန်းလေးက ဘာတေ​ွလုပ်နေမှန်းလဲမသိဘူး။

'ဒါ... ဒါပေမဲ့...'

'မရဘူး.. ကင်မ်ဆော့ဂျင်.. ထပ်ပြိး ထမလာနဲ့ ဒီမှာပဲအိပ်'

'အဲ့ဆိုလည်း.. အပေါ်ကနေ ဖယ်~ ဖယ်ပေးတော့'

ထယ်ယောင်းလုံးဝ ဘေးကိုဆင်းပေးလိုက်တာမျိူးမဟုတ်ဘဲ ဘေးတစောင်းအိပ်ပြီး ဆော့ဂျင်ခန္ဓာကိုယ်ကို ခြေရောလက်ရောသုံးပြီး ခွထားလိုက်တယ်။ ဆော့ဂျင်ရဲ့လည်ပင်းအနားမှာ မျက်နှာအပ်ထားလိုက်တော့ ဝင်သက်ထွက်သက်တိုင်းကလာရိုက်ခတ်နေတယ်။

(ဖက်အိပ်ထားတဲ့ပုံစံကို ပြပေးတာပါ ဒီပုံကိုpinကနေဆေ့လာတာ.. ဘယ်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းလဲဆိုတာတော့ မသိဘူးပေါ့နော်)

'နည်းနည်းဖယ်ပေးအုံး~' ဆော့ဂျင်တွန်းလွှတ်နေပေမဲ့ ထယ်ယောင်းကိုယ်ကနည်းနည်းမှမရွေ့သွား။

'ငြိမ်ငြိမ်အိပ်.. မဟုတ်ရင် မင်္ဂလာဦးညလုပ်ပစ်မယ်'

ဆော့ဂျင်တံတွေးမျိုချပြီးပဲ ငြိမ်ငြိမ်ပဲအိပ်စက်လိုက်တော့သည်။

Part 7 [END] 🍂

သဘောကျရဲ့လား။

ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်💚 Viewကလုံးဝတက်မလာတော့ ရေးရတာတော့ အားမရှိဘူးရယ်🍃

ထယ်ယောင်းကိုက နာမည်နှစ်မျိုးသုံးနေတော့ ရှုပ်သွားလားတော့မသိဘူး။ ရှုပ်သွားရင်သည်းခံပြီးဖတ်ပေးကြပါ.. အဲ့လိုမျိုးက အများကြီးမထည့်ပါဘူး ဆော့ဂျင်က ထယ်အမြွာကို အမြန်ဆုံးသိသွားမှာပါ🍃

Coverခဏခဏပြောင်းနေလို့ အနှောင့်မယှက်မဖြစ်ပါနဲ့နော်.. စိတ်တိုင်းမကျဖြစ်နေလို့ပါ.. ဒီတပုံကတော့ သေချာသွားပါပြီ💚

[Zawgyi]

'သူလား.. ကင္မ္ေဆာ့ဂ်င္က..'

'ဟုတ္တယ္.. သူပဲ'

'ငါျမင္ဖူးေနသလိုပဲ.. ေဂ်ာင္ဂုၾကည့္ၾကည့္.. ဒါငါတို႔ ကလပ္မွာေတြ႕ခဲ့တဲ့ တေယာက္မဟုတ္ဘူးလား'

'ေဟ.. ဘယ္လိုျဖစ္နိုင္မွာလဲ'

'ငါေတာ့ ျမင္ဖူးေနသလိုပဲ.. ေသခ်ာလည္းမမွတ္မိဘူး'

'ထယ္ေယာင္း.. မင္းကိုေနာက္ဆုံးအႀကိမ္စဥ္းစားေစခ်င္တယ္'

'ဂ်ီမင္... ထပ္မေျပာဖို႔​ ေျပာထားၿပီးၿပီေနာ္.. ငါစိတ္မဆိုးခ်င္ဘူး'

သူတို႔သုံးေယာက္ စကားဝိုင္းကေန ထယ္ေယာင္းထြက္လာလိုက္ေတာ့.. က်န္ခဲ့တာက ဂ်ီမင္နဲ႕ေဂ်ာင္ဂု

'မင္းဘာလို႔ဒါပဲ ခဏခဏလိုက္ေျပာေနတာလဲ.. သူျပန္မျပင္ဘူးဆိုတာ သိေနရက္နဲ႕...'

'ငါက စိတ္ပူလို႔ပါ'

'သူ ေဆာ့ဂ်င္ကိုတကယ္ခ်စ္သြားမွာ ​ေၾကာက္ေနတာမလား'

'မဟုတ္ဘူး.. ငါကဘာကို..'

'ဒါေတာ့ မင္းအသိဆုံးေပါ့'။

🍃🍃🍃

ကားထဲကလွမ္းၾကည့္လိုက္ေတာ့ ထိုလူသားက တံခါးအဝနားေလးမွာရပ္ေစာင့္ေနတယ္..ကိုယ္က ေနမေကာင္းျဖစ္ၿပီး ျပန္လာတဲ့သူမို႔လို႔ခ်က္ခ်င္းကားထဲက မဆင္းေသးဘဲ ဂ်ီမင္လာေခၚမွာကို ေစာင့္လိုက္ၿပီး တံခါးလာဖြင့္ေပးမွ ဆင္းသြားလိုက္တယ္..

ဓာတ္ပုံထဲမွာ ျမင္ဖူးထားတာထက္ပိုၿပီး ၾကည့္ေကာင္းေနတယ္..ေ႐ႊအိုေရာင္ဆံပင္ေလးေတြက နဖူးျပင္ေပၚဖုံးအုပ္ထားတယ္.. ႏွာတံစင္းစင္းေလးရဲ႕ ေအာက္ဘက္မွာေတာ့ ဖူးၿပီးေဖာင္းႂကြေနတဲ့ႏႈတ္ခမ္းတစုံ။ စြဲမက္ခ်င္စရာအတိပင္။ ညီျဖစ္သူစြဲလမ္းမိတာမဆန္းသလို ေဖာက္ျပန္တာေတြျဖစ္တာမဆန္းၾကယ္ေပ။

ကိုယ့္အတြက္ေတာ့ မုန္းခ်င္စရာအတိပင္။ မ်က္လုံးေလးေတ​ြကေတာ့ ပကတိရိုးသားၿပီး မခုတ္တတ္တဲ့​ေၾကာင္ေလးလို။

သူ႕ေရွ႕မွာရပ္ေနၿပီး ဘာမွလည္းမေျပာဘဲ ေၾကာင္ေတာင္ေတာင္လုပ္ေနေတာ့ 'မင္းက ငါ့ေယာက္်ားလား'ဆိုေတာ့ 'ဟုတ္.. ဟုတ္တယ္'တဲ့

စကားေျပာတာလည္း အထစ္ထစ္နဲ႕ 'ဟြန္းေလး.. Hyungတို႔အိမ္ထဲဝင္ရေအာင္'ဆိုၿပီး လက္ကိုမထိတထိနဲ႕ လာကိုင္ေနေတာ့ အျမင္ကပ္ကပ္နဲ႕ဆြဲဖက္လိုက္ေတာ့ ပိန္ပိန္ပါးပါးခႏၶာကိုယ္ေလးက ရင္ခုန္ထဲေရာက္လာေပမဲ့ သူ႕ကို ျပန္မဖက္ခဲ့ဘူး

ကင္မ္ေဆာ့ဂ်င္က ဒီေလာက္ေလးေတာင္ ဟြန္းေလးအေပၚႏြေးေထြးမႈမေပးနိုင္တာလား။ ေသခ်ာပညာျပေပးဖို႔ လိုေနတာပဲ။

🍃🍃🍃

'ဟြန္းေလး.. ဒီစႏၵယားက ဘယ္သူတီးတာလဲ ဒီမွာရွိေနတာအၿမဲေတြ႕ေနေပမဲ့ တီးတဲ့သူကိုတခါမွ မေတြ႕မိလို႔'

'ကြၽန္ေတာ္လည္အသံမၾကားဖူးတာေတာင္င္ ၾကာလွၿပီ.. အရင္ကဆို ကိုကိုက စႏၵာယားတီးျပရင္ ကြၽန္ေတာ္က ေဘးနားကေနနားေထာင္ေပးတယ္.. အဲ့အခိုက္အတန့္ေတြကို ကြၽန္ေတာ္အရမ္းႀကိဳက္တယ္'

'ဟြန္းေလးကေရာ မတီးဘူးလား..'

'ဟင့္အင္း. ကြၽန္ေတာ္ကနားေထာင္ရတာပဲ ႀကိဳက္တယ္ Hyung'

ေဆာ့ဂ်င္ ဒီစႏၵယားအနားကိုသြားလိုက္ရင္း လက္ေခ်ာင္းေလးေတြတင္လိုက္ေတာ့ သံစဥ္ေလးေတြ ေတာက္ေလွ်ာက္ထြက္လာခဲ့တယ္..

'Hyung!!!'

ေဆာ့ဂ်င္ မ်က္ခုံးေလးတဖက္လႈပ္ျပလိုက္တယ္.. 'ဘယ္လိုလဲ'ဆိုတဲ့သေဘာေပါ့

'Hyungလည္း တီးတတ္တာလား အဲ့ဆိုကြၽန္ေတာ့္ကို အၿမဲတီးျပေနာ္'

ေဘးမွာလာထိုင္ၿပီး ေဆာ့ဂ်င္ပခုံးေပၚမွီကာ ရယ္သံလြင္လြင္ေလးနဲ႕အတူ ေပ်ာ္႐ြင္ခဲ့ဖူးတဲ့ အခိုက္အတန့္ေလးတခု။

အခုလည္း ေဆာ့ဂ်င္ ဒီစႏၵယားကိုေတ​ြ႕ေတာ့ ဟြန္ေလးတခုခုမ်ားသတိရလာမလားဆိုတဲ့စိတ္နဲ႕ တီးခတ္ျပမိေတာ့ ဟြန္းေလး ႐ုပ္ႀကီးပုပ္သိုးၿပီး စိုက္ၾကည့္ေနေတာ့ လူကလည္း လန့္လာတာမို႔ ရပ္တန့္လိုက္တယ္..

ဒီစႏၵယားသံကို ၾကားမိေတာ့ ျမင္ေယာင္လာမိတာက ထယ္ဟြန္းနဲ႕ထယ္ေယာင္းအတူတူထိုင္ေနတ​ဲ့ျမင္ကြင္းေလး ဒီလိုမရွိရတာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ.. ေနာက္ထပ္ဒီလိုအခ်ိန္ျပန္ရဖို႔ဆိုတာကလည္း မျဖစ္နိုင္သေလာက္ ဒါေတြကင္မ္ေဆာ့ဂ်င္ေၾကာင့္။

စိတ္မၾကည္တာမို႔ စိုက္ၾကည့္ေပးလိုက္ေတာ့ သူ႕လက္ေခ်ာင္းေတြရပ္တန့္သြားတာနဲ႕ ထယ္ေယာင္းအေပၚထပ္ကို တက္သြားလိုက္ေတာ့ ေနာက္ကေနလိုက္လာေသးတယ္။

'ဟြန္း​ေလး.. Hyungအခန္းလိုက္ျပေပးမယ္'

(ဟုတ္သားပဲ အတိတ္ေမ့တဲ့သူက အဲ့လိုသိေနလို႔မဖ​စ္တာကို ဒုကၡပါပဲ)*Tae opv

'ဟြန္းေလး.. ဒါကေရခ်ိဳးခန္း.. ဒီဗီရိုမွာေတာ့ ဟြန္းေလးရဲ႕အဝတ္အစားေတြအျပည့္ရွိတယ္ေနာ္.. ေအးေဆးနားလိုက္အုံး.. တခုခုလိုအပ္ရင္ Hyungကိုေခၚလိုက္'

'ငါတို႔က အသက္ဘယ္ေလာက္ကြာတာလဲ'

'2ႏွစ္ပဲကြာတာေလ'

'သိပ္မကြာဘူးပဲ.. ကြၽန္ေတာ္ကေတာ့ ေဆာ့ဂ်င္လို႔ပဲေခၚမယ္'

'အရင္ကဆို ဟြန္းေလးက Hyungလိုပဲေခၚတာ'

'က်င့္သားမရေသးဘူးေလ..'

'ဟြန္းေလး အဆင္ေျပသလိုေခၚပါ'

စစေရာက္ကတည္းက စကားေျပာရတာ အဆင္မေျပဘူး.. ကန့္လန့္ျဖစ္ေနသလိုပဲ။ ဘာေတြျဖစ္ေနတာလဲ ေဆာ့ဂ်င္ စဥ္းစားမရေတာ့ေပ။

🍃🍃🍃

'ဟြန္းေလးကေလ... သူ႕ခႏၶာကိုယ္ကေလ ေျပာင္းလဲေနသလိုပဲ ဟိုမွာအားကစားေတြ ေသခ်ာလုပ္ထားတာလား'

စစေတြ႕တုန္း သူ႕ကိုလွမ္းဖက္လိုက္ကတည္းက သတိထားမိတယ္.. ခႏၶာကိုယ္က ေတာင့္တင္းေနၿပီး ရင္ခြင္ႀကီးကလည္း ပိုၿပီးက်ယ္ျပန့္ေနသေယာင္။

ေဆာ့ဂ်င္ေမးခြန္းေၾကာင့္ အိမ္ေတာ္ထိန္းႀကီးကေတာ့ ျပာျပာသလဲပင္ ႐ုတ္တရက္မို႔ ဘာေျပာရမွန္းမသိျဖစ္ေနတာေၾကာင့္ ေဘးကသားျဖစ္သူ ဂ်ီမင္က ဝင္ေျဖေပးတယ္

'ဟုတ္တယ္ Hyung ... သူသတိရလာေတာ့ ဘာမွမမွတ္မိဘူးျဖစ္ေနတာ သူ႕အေဖကိုေတာင္ မမွတ္မိဘူးေလ.. သူစဥ္းစားလည္း ဘာမွမမွတ္မိျဖစ္ေနေတာ့ အၿမဲစိတ္ရႈပ္ေနတတ္တယ္..အဲဒါနဲ႕ထယ္ဟြန္းအကိုက ထယ္ဟြန္းကို Gymကိုေခၚသြားတယ္.. စိတ္ထြက္ေပါက္အေနနဲ႕ခဏခဏေဆာ့ေနေတာ့ ၾကည့္ပါလား ၁လအတြင္းေျပာင္းလဲလာတာေလ'

'ဟုတ္မယ္.. စျမင္ျမင္ခ်င္းပဲသတိထားမိတာ.. ဒါနဲ႕သူ႕အကိုဆိုတာေလ.. တခါမွမျမင္ဖူးေသးဘူး လက္ထပ္ပြဲတုန္းကလည္း မေတြ႕မိဘူး'

'သူက အၿမဲအလုပ္ရႈပ္ေနတာ အလုပ္သရဲေလ'

'ေအာ္..'

'ေဆာ့ဂ်င္Hyung... သိခ်င္တာေတြ ရွိေသးရင္ကြၽန္ေတာ့္ကိုေမးပါ.. က်​ြန္ေတာ္ေျပာျပပါ့မယ္'

'ေက်းဇူးပါပဲ ဂ်ီမင္.. ၿပီးေတာ့ ဟြန္းေလးေသာက္ေနက်ေဆးေတြေရာ ေပးအုံး Hyungေသခ်ာလုပ္ေပးမလို႔..'

'ဒီမွာပါ Hyung'

'ေဆးေတြက နည္းသြားတယ္ေနာ္.. အရင္ကဆိုအမ်ားႀကီးေသာက္ရတာ'

'ဟုတ္တယ္ ဟိုကေဒါက္တာက ေဆးေတြေျပာင္းေပးလိုက္တာ'

'ေအာ္.. အင္းပါ.. သူသက္သာလာေတာ့Hyungဝမ္းသာပါတယ္'

ေဆာ့ဂ်င္က Nurseတေယာက္ျဖစ္ေတာ့ မဟုတ္တဲ့ေဆးေတြထည့္ေပးလို႔ေတာ့ မျဖစ္ဘူး ဘာေဆးေတြလဲဆိုတာ သိေနတာမို႔လို​့ ေဆးေတြကိုပဲအရင္ေလာက္ မမ်ားဘဲေလ်ာ့ထားလိုက္တယ္။ ေဆးေသာက္ခါနီးတိုင္း ပစ္ခ်ရမွာေတာ့ ထယ္ေယာင္းတာဝန္ပင္။

🍃🍃🍃

ထုံးစံအတိုင္း ေဆာ့ဂ်င္ကေတာ့ ကိုယ့္ေခါင္းအုံးကိုယူလိုက္ၿပီး အိပ္ေနက်ေနရာကိုသြားဖို႔လုပ္ေနတုန္း ေရခ်ိဳးခန္းကေန အခုမွထြက္လာတဲ့ ထယ္ေယာင္းက ထိုျမင္ကြင္းေၾကာင့္ ေမးလိုက္မိတယ္

'ေဆာ့ဂ်င္ ဒါကဘယ္လဲ' ခပ္ေအာေအာအသံေၾကာင့္ ေျခလွမ္းေတြရပ္သြားတယ္.. ေဆာ့ဂ်င္လို႔ေခၚလိုက္တဲ့ ဒီေလသံကိုလည္း လုံးဝနားမယဥ္ေပ။

'ဟို.. Hyungက ဒီမွာပဲအိပ္တာ' အိပ္ေနက်ဆိဳဖာအရွည္ေလးကိုလက္ညိုးထိုးျပတယ္..

'ေျပာေတာ့ ငါတို႔ကလက္ထပ္ထားတာဆို..'

'ဟုတ္တယ္ ဒါေပမဲ့Hyungတို႔က သိပ္မရင္းႏွီးေသးေတာ့...'

'ေအာ္~' သံရွည္ဆြဲရင္းေျပာလာၿပီး ေဆာ့ဂ်င္ရဲ႕အနီးကို လမ္းေလွ်ာက္လာေနတယ္

သူ႕ကိုစိုက္ၾကည့္ေနၿပီး တျဖည္းျဖည္းနီးကပ္လာတဲ့ ဟြန္းေလးကိုေၾကာက္ေနတာလား.. ရင္ခုန္ေနတာလားမသိ အသက္ရႉႏႈန္းေတြျမန္ေနတယ္..

အနားေရာက္လာကာ နားနားကပ္ၿပီး ေလသံဖြဖြေလးျဖင့္ေျပာလိုက္တဲ့စကားေၾကာင့္ ေခါင္းအုံးကိုဖက္ထားတဲ့ ေဆာ့ဂ်င္ရဲ႕လက္ေတြ ပိုတင္းၾကပ္သြားခဲ့တယ္

'ဒါဆို... ငါတို႔ဟိုဟာမလုပ္ရေသးဘူးလား?'

'......'ဘာမွျပန္မေျပာဘဲ ေၾကာင္​ေတာင္ေတာင္လုပ္ေနတဲ့ ေဆာ့ဂ်င္ကအျမင္ကပ္စရာပင္။

သူ႕ညီနဲ႕ အတူတူမအိပ္ပဲခြဲျခားအနိုင္က်င့္ထားတာေၾကာင့္ ထယ္ေယာင္းအျမင္ကပ္စြာနဲ႕ပင္ ေဆာ့ဂ်င္လက္ထဲက ေခါင္းအုံးကိုဆြဲယူ ကုတင္ေပၚျပန္ပစ္တင္လိုက္ၿပီး ေဆာ့ဂ်င္ကိုပါ တခါည္း ကုတင္ေပၚတြန္းခ်လိဳက္တယ္။

'အ့...' ႐ုတ္တရက္အျဖစ္အပ်က္ေၾကာင့္ ေဆာ့ဂ်င္လန့္သြားခဲ့တယ္.. ေမြ႕ယာေပၚက်ၿပီးၿပီးခ်င္း ခ်က္ခ်င္းျပန္ထထိုင္လိုက္မိတယ္..

'ဒီည.. ဒီကုတင္မွာအိပ္ ကြၽန္ေတာ္ကအခုမွစေရာက္ေတာ့ တေယာက္တည္းမအိပ္ရဲဘူး..'

'....' (သူဘာျဖစ္ေနတာလဲ.. စိတ္မွန္ေသးရဲ႕လား)*Jin OPV

'ဒီတိုင္းပဲ အိပ္ေပးပါ Hyung'

'အင္း' (Hyungျဖစ္သြားျပန္ၿပီ.. အရင္ကက် ေဆာ့ဂ်င္တဲ့)*Jin

အခုေတာ့ ကုတင္တခုတည္းအတူတူအိပ္ေနရၿပီ.. ကုတင္က အက်ယ္ႀကီးပါ လူႏွစ္ေယာက္လြတ္လြတ္လပ္လပ္နဲ႕ ေအးေဆးအိပ္လို႔ရတယ္

ကုတင္ရဲ႕တဖက္အစြန္းကိုကပ္ၿပီး ေဆာ့ဂ်င္ က​်ောေပးအိပ္ေနေပမဲ့ ေက်ာမလုံေပ။ ေနာက္ကိုလွည့္ၾကည့္လိုက္ စူးစိုက္ၾကည့္ေနတဲ့မ်က္လုံးတစုံ။ ဘယ္လိုမွအဓိပၸါယ္ဖတ္မရေပ။

ဟြန္းေလးရဲ႕မ်က္လုံးနဲ႕အၾကည့္ခ်င္းဆုံမိေတာ့ လန့္သြား၍ ႐ုတ္တရက္ထထိုင္လိုက္မိတယ္ ...

'Hyu.. Hyung~ ဟိုမွာပဲ.. '

သူအိပ္ေနက် ဆိုဖာကိုလက္ညိုးထိုးၿပီးေျပာေနတဲ့ ေဆာ့ဂ်င္စကားပင္မဆုံးေသး။ အိပ္ယာထက္မွာထထိုင္ေနတဲ့ ေဆာ့ဂ်င္ကိုယ္ေပၚကို လႊားခနဲေရာက္လာကာ ခြထိုင္ထားၿပီး ထယ္ေယာင္းရဲ႕လက္ညိုးရွည္ရွည္က ေဆာ့ဂ်င္ရဲ႕ႏႈတ္ခမ္းသားေပၚတြင္ဝယ္။

'ရႉး~~ ဒီမွာအိပ္မယ္ေျပာထားၿပီးၿပီေလ'

အခုလည္း အိပ္ယာေပၚကို အတင္းျပန္လဲခ်ေနျပန္ၿပီ ေဆာ့ဂ်င္ ငိုသာငိုလိုက္ခ်င္တယ္ ဟြန္းေလးက ဘာေတ​ြလုပ္ေနမွန္းလဲမသိဘူး။

'ဒါ... ဒါေပမဲ့...'

'မရဘူး.. ကင္မ္ေဆာ့ဂ်င္.. ထပ္ၿပိး ထမလာနဲ႕ ဒီမွာပဲအိပ္'

'အဲ့ဆိုလည္း.. အေပၚကေန ဖယ္~ ဖယ္ေပးေတာ့'

ထယ္ေယာင္းလုံးဝ ေဘးကိုဆင္းေပးလိုက္တာမ်ိဴးမဟုတ္ဘဲ ေဘးတေစာင္းအိပ္ၿပီး ေဆာ့ဂ်င္ခႏၶာကိုယ္ကို ေျခေရာလက္ေရာသုံးၿပီး ခြထားလိုက္တယ္။ ေဆာ့ဂ်င္ရဲ႕လည္ပင္းအနားမွာ မ်က္ႏွာအပ္ထားလိုက္ေတာ့ ဝင္သက္ထြက္သက္တိုင္းကလာရိုက္ခတ္ေနတယ္။

(ဖက္အိပ္ထားတဲ့ပုံစံကို ျပေပးတာပါ ဒီပုံကိုpinကေနေဆ့လာတာ.. ဘယ္ဇာတ္ကားထဲက ဇာတ္ဝင္ခန္းလဲဆိုတာေတာ့ မသိဘူးေပါ့ေနာ္)

'နည္းနည္းဖယ္ေပးအုံး~' ေဆာ့ဂ်င္တြန္းလႊတ္ေနေပမဲ့ ထယ္ေယာင္းကိုယ္ကနည္းနည္းမွမေ႐ြ႕သြား။

'ၿငိမ္ၿငိမ္အိပ္.. မဟုတ္ရင္ မဂၤလာဦးညလုပ္ပစ္မယ္'

ေဆာ့ဂ်င္တံေတြးမ်ိဳခ်ၿပီးပဲ ၿငိမ္ၿငိမ္ပဲအိပ္စက္လိုက္ေတာ့သည္။

Part 7 [END] 🍂

သေဘာက်ရဲ႕လား။

ဖတ္ေပးတဲ့သူအားလုံးကို ေက်းဇူးတင္ပါတယ္ရွင္💚 Viewကလုံးဝတက္မလာေတာ့ ေရးရတာေတာ့ အားမရွိဘူးရယ္🍃

ထယ္ေယာင္းကိုက နာမည္ႏွစ္မ်ိဳးသုံးေနေတာ့ ရႈပ္သြားလားေတာ့မသိဘူး။ ရႈပ္သြားရင္သည္းခံၿပီးဖတ္ေပးၾကပါ.. အဲ့လိုမ်ိဳးက အမ်ားႀကီးမထည့္ပါဘူး ေဆာ့ဂ်င္က ထယ္အႁမြာကို အျမန္ဆုံးသိသြားမွာပါ🍃

Coverခဏခဏေျပာင္းေနလို႔ အႏွောင့္မယွက္မျဖစ္ပါနဲ႕ေနာ္.. စိတ္တိုင္းမက်ျဖစ္ေနလို႔ပါ.. ဒီတပုံကေတာ့ ေသခ်ာသြားပါၿပီ💚

There are no comments yet. Log in to be the first to leave a review!

Similar stories