Fanfics

part 46

20:03, 2 May 2025

(Unicode)

မနက်ခင်းမှာ အလုပ်သွားဖို့ တူညီနေကြသော်လည်း နေရာချင်းကတော့ ကွဲပြားနေကြသည်။ဒီလိုခြားနားနေပေမဲ့လည်း နှလုံးသားချင်းကတော့ နီးကပ်လျက်လို့ ပြောရင် ပိုရာများ ကျသွားနိုင်မလား။skyကတော့ သူများထက် နှစ်ဆ အလုပ်များနေသလိုပင် မနက်တစ်ခါ၊ညတစ်ခါဆိုတာထက် အားတဲ့ အချိန်တိုင်း Nani နဲ့ ဖုန်းပြောဖြစ်တယ်။အခုတောင် အလုပ်သွားခံနီး ဖုန်းဆက်ပြီးမှလည်း သွားတက်သေးသည်။

အလုပ်ရောက်ရောက်ချင်း မျက်နှာပိုး မသတ်နိုင်ပဲ ပြုံးစိစိလုပ်နေတဲ့ သားဖြစ်သူအား skyဒယ်ဒီမျက်စိ ဆံပင်မွှေး စူးနေပြီ ဖြစ်သည်။

"Sky"

"ဗျာ ဒယ်ဒီ "

"ရုံးခန်းထဲ လာခဲ့အုန်း "

"ဟုတ်ဒယ်ဒီ "

Skyကတော့ သူ့ဒယ်ဒီ သူ့အား အကောင်းမှတ်လို့ ခေါ်တယ် ထင်ပြီး မဆိုင်းမတွ သွားလိုက်သည်။

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ "

"ဘာလို့လဲ ဒယ်ဒီ "

"ပြုံးစိစိ လုပ်နေလို့လေ"

"အော်အဲ့တာလား ဒီလိုပါပဲ "

"မင်းကြည့်ရတာ တော်တော် ပျော်နေတာ ဆိုတော့ နောက်လကျရင် ငါမင်းကို ခွင့်မပေးတော့ဘူး"

"ဟာ ဒယ်ဒီ ကျွန်တော့ပုံစံက အလုပ်အရမ်း လုပ်ချင်တဲ့ ပုံစံ ပေါက်နေလို့လားဗျာ "

ကြားလိုက်ရတဲ့ စကားက သွေးစောင့်တိုးနိုင်တဲ့ အနေထားတောင် ဖြစ်သွားနိုင်သည်။သားမွေးထားတာ အားကိုးရမလား မှတ်ရတယ် သူက နှလုံးသားအများကြီး ပါတဲ့ အတိုင်း မလွမ်းရ မနေနိုင်တဲ့ ကောင် ဖြစ်နေပြီ။

"ဘာလို့လဲ မင်းအခု အလုပ်လုပ်ရလို့ ပျော်နေတာ မဟုတ်ဘူးလား "

တမင်ရွဲ့ကာ ပြောပေမဲ့ သူ့သားရဲ့ မျက်နှာကြောင့် skyဒယ်ဒီ ရယ်ချင်စိတ်ကို မနည်းအောင့်အီးထားရသေးသည်။

"ဒယ်ဒီ!!!"

"ဟားဟား ငါ့သားတောင် တော်တော် ချစ်တက်နေပြီပဲ"

"ကျွန်တော်သွားတော့မယ် ဒယ်ဒီ "

Skyဘာပဲ ဖြစ်ဖြစ် သူ့ဒယ်ဒီနဲ့ အရင်က အပေါက်လမ်း မတည့်ခဲ့ပေမဲ့ အခုချိန်မှာ ‌ဒယ်ဒီ ဖြစ်စေချင်တဲ့ အတိုင်းလည်း ဖြစ်လာခဲ့သည်မို့ အရင်လိုမတင်းမာတော့ပဲ နွေးထွေးလာကြသည်။Naniနဲ့ ပတ်သတ်လာရင်လည်း သူ့အပေါ်ကို အခုလိုစနေသောကြောင့် တစ်ခါမှ မကြံဖူးနဲ့ ခံစားချက်နဲ့ အတူ ရှက်စိတ်ကြောင့် စကားလမ်းကြောင်းလွှဲကာ အမြန်ထွက်လာခဲ့တော့သည်။

ကျန်ခဲ့တဲ့ skyဒယ်ဒီကတော့ ခပ်ပြုံးပြုံးပေါ့ သူ့ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ် ဆိုပြီး သားဖြစ်သူ၏ ဒီလို မမြင်ဖူးတဲ့ အမူအရာလေးတွေကြောင့်လည်း သူကျေနပ်မိပါသည်။

~~~~~~~~~~~~~~

ညတုန်းက တွေ့လိုက်ရတဲ့ အရိပ်တစ်ခုကြောင့် အတည်ပြုဖို့ လိုအပ်နေတဲ့ သူအတွက်တော့ ဆုတောင်းပြည့်သွားတဲ့ အတိုင်းပင်။မနက်ကတည်းက သူ့အနေနဲ့ ထိုကောင်လေးအား လိုက်ရှာခဲ့သော်လည်း အချည်းနှီးပင် ဖြစ်ခဲ့သည်။သို့သော် အခုမှ ကစားပွဲက စသလိုပင် သူရှာနေတဲ့ လူသားအား တွေ့ခဲ့ပြီ ဖြစ်သည်။

သူငယ်ချင်း အုပ်စုလိုက် ပင်လယ်ကို အပျော်ခရီး ထွက်ခဲ့ကြကာ အခုတော့ အနီးပတ်ဝန်းကျင်တစ်ခွင် လည်ပတ်ကာ ဒီမြို့မှာ နာမည်ရှိတဲ့ bakery ဆိုင်လေး တစ်ဆိုင်ကို ရောက်လာခဲ့ပြီ ဖြစ်သည်။နာမည်ကြီးတာလဲ မပြောနဲ့ ဆိုင်လေးက ချစ်စရာလေးဖြစ်သည်။ဆိုင်ထဲ ဝင်ကတည်းက ထိုအကြောင်းရာကို သူပဲ သိတာ ဆိုတော့ မထင်မှတ်ထားတဲ့ လူအား တွေ့လိုက်ရသောကြောင့် မျက်နှာကို ချက်ချင်း maskတပ်လိုက်သည်။

"Pink ဘာလို့လဲ "

"ရှူးး ဒီတိုင်းပဲ ငါတပ်ချင်လို့"

ကျန်တဲ့သူငယ်ချင်းတွေကတော့ ဘာဖြစ်လို့လဲ ဆိုပြီး တွေးမရ ဖြစ်သွားခဲ့သည်။

အခုမှ pinkထင်နေတဲ့ လူက 100% သေချာသွားခဲ့ပြီ။ထိုလူက Nani ဆိုတဲ့ လူဆိုတာပဲ။ဟက်! ကိုကိုပြောတဲ့ ရွံဖို့ကောင်းတယ် ဆိုတဲ့ စကား အတိုင်း သေချာအောင် ပြပေးပါမို့ စိတ်ကို ပြင်ဆင်ထားဖို့ပဲ pink အကြံပေးချင်တော့တယ်။ကိုယ့်အတွေးနဲ့ကို မျက်စိရှေ့မှာ မြင်နေရတဲ့ လူအား စိုက်ကြည့်နေကာ ခပ်မဲ့မဲ့ ပြုံးလိုက်သည်။

Skyနဲ့ pink အဲ့နေ့ည ကတည်းက အဆက်သွယ် ပြတ်သွားကြပေမဲ့ မပြီးပြတ်နိုင်သေးတဲ့ သူတစ်ယောက်ကတော့ ဘာလို့ သူ့အပေါ်မှာ ဒီလို လုပ်ရတာလဲ ဆိုပြီး ငြိမ်ငြိမ်နေတက်တဲ့ ထဲမှာ ပါမဲ့ သူမဟုတ်ဘူး ဆိုတာ ကျိန်ပြောလို့တောင် ရနိုင်သည်။ကိုကိုနဲ့ ဟိုလူ့ကြားမှာ ဘာဖြစ်တာလဲ ဆိုပြီး သူစုံစမ်းတယ်၊ကိုကို့ရဲ့အိမ်၊ဟိုလူရဲ့ ဆိုင်ကိုလည်း သူစုံစမ်းခဲ့သည်။ရခဲ့တဲ့ အချက်လက်တွေကတော့ ကိုကိုနဲ့ သူက အတူရှိမနေဘူး ဆိုတဲ့ အရာပေါ့။

Pinkဆိုတာလည်း skyတို့လောက် မဟုတ်ရင်တောင် သူတို့ မိသားစုကလည်း သုံးနိုင် ဖြုန်းနိုင်တဲ့ နေရာမှာတော့ ရှိနေသည်။ခေတ်မှီတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ လူတစ်ယောက် အကြောင်းကို ခရေ‌စေ့တွင်းကျ စုံစမ်းဖို့ ဆိုတာ အရမ်းခက်ခဲလှသည် မဟုတ်ချေ။ကိုကို လက်ထပ် ထားတဲ့ လူ၏ မိသားစု အကြောင်းအားလုံးကို စုံစမ်းထားလိုက်သည်။

အခု တွေ့နေရတာကလည်း Nani ဆိုတဲ့ လူတစ်ယောက်ပဲ ကိုကို မရှိဘူး။ဒါဆို ကိုကိုနဲ့ ဟိုလူက မဲ့ကာရွဲ့ကာ ပြုံးပြီး သူ့အတွေးထဲမှာ ထင်ထားတဲ့ အတိုင်း ဖြစ်နေပြီ။pinkဘာလုပ်မလဲ ဆိုတာကိုကိုကို စောင့်ကြည့်နေပါ ဆိုပြီး အကြံစည်တစ်ခုခု ရှိနေခဲ့သည်။

အလုပ်ကို အာရုံစိုက်ကာ လာသမျှ ဧည့်သည်တိုင်းကို ပျူငှာစွာ ကြိုဆိုရောင်းချပေးနေတဲ့ ကောင်လေးအား မနှစ်မြို့နေတဲ့ ကောင်မလေး တစ်ယောက်ရှိနေတာကိုလည်း သူသိမည် မဟုတ်ချေ။

____________________

လူပဲ စိတ်မတိုတက်တာတော့ မရှိဘူးမလား။သူအရင်က လေးစားအားကျတဲ့ လူတစ်ယောက်က ကိုယ့်ကို ဒီလို ရင့်ရင့်သီးသီး ပြော‌ဆိုနေရတာတွေ ကြားတော့ Nani အဖေ ယောက်ျားတို့မာနအတိုင်း စိတ်ထဲမှာ တစ်နုပ်နုပ် ဖြစ်နေသည်။

တစ်ဖက်မှာလည်း သားလေးကို ရှာ မတွေ့ ဖြစ်နေတာကလည်း ရက်ပေါင်းမနည်း ရှိနေပြီ ဖြစ်သည်။တစ်ယောက်တည်း ရှိတဲ့ သားလေး အပေါ်မှာ သူ့ရဲ့ လုပ်ရက်တွေကပဲ အရမ်းကို အတ္တဆန်နေပြီလား ဆိုတဲ့ အတွေးတွေကြောင့် အိပ်မပျော်ဖြစ်နေတာတွေလည်း ကြာခဲ့ပြီ ဖြစ်သည်။

ငါက သားအပေါ်မှာ တကယ်ကော အဖေကောင်း ဖြစ်ခဲ့ရလား ငါ့ရဲ့ တစ်ကိုယ်ကောင်း ဆန်တဲ့ လုပ်ရက်တွေက သား အပေါ်မှာ အရမ်းကို တင်းကြပ်လွန်သွားပြီလား။ကျန်ရှိနေတဲ့ ဘဝကို အဆင်ပြေပြေနဲ့ ဖြတ်သန်းပြီး သားလေးကိုလည်း ကောင်းကောင်းမွန်မွန်လေး ရှိနေစေချင်တဲ့ အတွေးတွေက အခုတော့ လမ်းလွှဲကုန်ပြီ လားကွာ။အခုချိန်မှာ သားကိုသာ တွေ့ရရင် ဖေဖေ သားဆန္ဒအတိုင်း လိုက်လျောပေးမှာပါ သားလေးရယ်။

တစ်ခါတစ်ရံမှာ မိဘအနေနဲ့ ကိုယ့်သားသမီး အပါ်မှာ အတ္တဆန်တက် ကြတာ သဘာဝပင်။ဒါပေမဲ့ အရမ်းကို အစွန်းရောက်သွားခဲ့ရင် ဒီအရာက ကိုယ့်သားသမီး အပေါ်မှာ ချစ်တာလားနစ်‌တာလား ဝေခွဲပိုင်းခြားဖို့အတွက် အမှောင်ဖုံးလွှမ်းတက်သည်။သားသမီးဆိုတာ မိဘတိုင်းတွက် အဖိုးတန်လေးတွေမို့ ကိုယ့်သားသမီးတွေကို ချစ်ပေးပါ သူတို့ရဲ့ အတွေးအမြင် စိတ်ခံစားချက်တွေကိုလည်း အသိမှတ်ပြုပေးသင့်သည်။

Nani ဖေဖေ အလုပ်မှာရှိနေရင်း အတွေးတစ်ခု ဝင်သွားရာ Khun  jamesဆီကို သွားဖို့ ကားဖြင့် ထွက်သွားခဲ့လိုက်သည်။______________________

"ကျွန်တော်က သူ့သားကို သဘောကျလို့သာ ကူညီနေတာ အမှန်တိုင်း ပြောရရင် ကျွန်တော့အနေနဲ့ Khun Thun ကို လက်တွဲခေါ်ချင်တာ မဟုတ်ဘူး"

"ကျွန်တော်ထင်မိပါတယ်ဗျာ Khun Jamesလို လူမျိုးက ဘယ်အရာမျိုးကို မဆို အကျိုးရှိမှ လုပ်တက်တာ မလား"

"တော်တယ် ခများ သိပ်တော်တယ် "

သူတို့ အကြံနဲ့ သူတို့ ဟားတိုက်ရယ်နေကြတဲ့ jamesနဲ့ စီးပွားရေးသမား တစ်ယောက်ကတော့ အကျိုးတင်း ပြောနေကြပေမဲ့ အခန်းပြင်ကနေ သူတို့ပြောနေတာကို ကြားတဲ့သူ ရှိနေတယ် ဆိုတာ မသိခဲ့ကြပေ။

ကြားရတဲ့ စကားကြောင့် ကိုယ့်နားကိုယ်တောင် မယုံနိုင် ထိုနေရာကနေ အမြန်ဆုံး ထွက်ခဲ့လိုက်သည်။သွားပြီ သူလူကဲခတ်တာ ညံ့သွားခဲ့ပြီ ဒီလို လူမျိုးနဲ့မှ ငါ့သားကို ပေးစားခဲ့မိတာ ငါ့အတွက် အကြီးမားဆုံး အမှားပဲ ရှေ့ဆက်ပြီးသာ ဒီအမှားကို သူလုပ်မိမယ် ဆိုရင် နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့သာ ရှင်သန်ရတော့မည် ဖြစ်သည်။

_____________________

ဆိုင်ကနေ ပြန်ခဲ့ပြီးတော့ hotelနားထိ သူ့အနောက်ကနေ တစ်ယောက်ယောက် ‌ထပ်ကြပ်မခွာ လိုက်နေသလိုမျိုး Nani ခံစားမိနေသည်။အနောက်ကို လှည့်ကြည့်လိုက် ပျောက်ကွယ်သွားလိုက် ဆက်လိုက်လာလိုက်နဲ့ စိတ်ခြောက်ခြားစေသည်။Nani သတိထားကာ ရပ်လိုက်ပြီး အနောက်လှည့်ကြည့်ကာ ထိုသူက Nani အတိုင်း ရပ်လိုက်ပြီး မသိချင်ယောင် ဆောင်နေသည်။ပိုပြီး သေချာလာအောင် ခြေလှမ်းတွေကို အမြန်လျှောက်တော့လည်း Nani နည်းတူ လျှောက်လှမ်းလာပြန်သည်။

သူ့နောက်ကို လိုက်လာတာ ပိုပြီး သေချာလာတော့ Nani မျက်ခြေဖျက်ကာ အမြန်လျှောက်လိုက်ပြီး နေရာ တစ်နေရာမှာ ဝင်ပုန်းနေလိုက်သည်။အနောက်က လိုက်နေတဲ့ လူက Nani ပုန်းနေတဲ့ နေရာကနေ ကျော်လွန်သွားတော့ safeဖြစ်ပြီ အထင်နဲ့ ကိုယ့်hotelသို့ ပြန်ဝင်သွားလိုက်သည်။

"ငါနောက်ယောင်ခံခိုင်းတာ ဘယ်လိုလဲ"

"ကျွန်တော် အချက်လက်တွေ ရခဲ့ပြီဗျ "

Hotelထဲကို အေးအေးလူလူ ဝင်သွားတဲ့ ကောင်လေးကတော့ နောက်ကွယ်မှာ သူ့နောက်ကို လိုက်နေတဲ့ လူက သူ့ရဲ့ တည်နေရာကို သိရှိသွားခြင်းကို မသိလိုက်ပေ။နောက်ယောင်ခံလိုက်နိုင်တာကလည်း လူရည်လည်လို့လည်း လုပ်နိုင်တာမလား။ထိုသူကတော့ Nani ရဲ့ hotelတည်နေရာကို ပြောပြလိုက်တာ pinkတစ်ယောက် ကျေနပ်သွားခဲ့သည်။

တကယ်တော့ တစ်နေရာထဲမှာ ရှိနေရုံနဲ့ မပြီးသေးဘူး hotelချင်းပါ တူနေတော့ ငါ့အတွက် ပိုအဆင်ပြေတာပေါ့။ကိုကို့ ကို ငါမရရင်တောင် နင်နဲ့လည်း ဘယ်တော့မှ ဆုံခွင့်ပေးမှာ မဟုတ်ဘူး။မစားရတဲ့ အမဲ ကို သဲနဲ့ ပတ်လိုက်ရတော့မည်ကို ကျေနပ်နေတဲ့ သူကတော့ pinkကိုယ်တိုင်ပင်။

~~~~~~~~~~~~~~~~~

Pinkကတော့ Bangkok မှာလည်း Nani တို့ မိသားစု အကြောင်းကို စုံစမ်းခိုင်းထားတော့ သူတို့သားကို ရှာနေတဲ့ ကိစ္စက ခေါင်းစီးပိုင်းမှာ ပါဝင်နေသည်။Nani အဖေဆိုတာကလည်း ကိုကို့ ဒယ်ဒီဆီမှာ အရင်က မန်နေဂျာ ဖြစ်ခဲ့တဲ့ ဆိုတာလည်း သူသိခဲ့ရသည်။ဘာလို့ Naniဆိုတဲ့ လူနဲ့ ကိုကိုနဲ့ လက်ထပ်ခဲ့တာလည်း ဆိုတာတော့ သူတိကျတဲ့ အချက်လက်တွေကို မရခဲ့ပေမဲ့ Nani ဆိုတဲ့လူ ကိုကို့နဲ့ တူတူ မရှိတော့ရင် ပြီးရော ဆိုတဲ့ အကြောင်းရာက သူ့အတွက် အခရာ ကျနေသည်။

Nani နဲ့ ကိုကို သူ့ကြောင့် ဒီလို ဝေးကွာနေရတာကို မြင်တော့ ကျေနပ်အားရပါသည်။ဝေးမဲ့ဝေးတော့ တစ်သက်လုံး ဝေးနေတာ မကောင်းဘူးလား။Nani ဆိုတဲ့လူ ဒီနေရာမှာ ရှိနေတာကို သူ့မိဘတွေ ဘာလို့ မသိကြတာလဲ သူ့က ဘာကြောင့်လဲ။ဘာပဲဖြစ်ဖြစ် သူ့မိဘတွေကလည်း အခုချိန်မှာ သူ့ကို ရှာနေကြတာ ဆိုတော့ ကိုကိုထက် စာရင် သူ့မိဘတွေဆီကို ရောက်သွားတာကမှ ပိုကောင်းတယ် ဆိုပြီး အကြံပိုင်လျှင် တစ်လှမ်းဆိုသည့်အတိုင်း မနက်ဖြန်ကျရင် ဒီနေရာကနေ ပြန်ဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။

_____________________

ဘာလိုလိုနဲ့ နှစ်ပတ်ကျော်ကာ သုံးပတ်ထဲသို့ ရောက်လာပြီ ဖြစ်သည်။အားတင်းကာ လုပ်ဆောင်နေသော်လည်း ရှေ့ဆက်ရမဲ့ အရာတွေ အတွက်လည်း ခေါင်းကိုက်နေတော့သည်။တစ်ပြည့်လို့ မောင်နဲ့ အရင်က နေခဲ့တဲ့ အိမ်ကို ပြန်ချင်သော်လည်း ဖေဖေက မောင်နဲ့ သဘောမတူဘူး ဆိုတာကို Nani သိပါသည်။

ဒီနေ့က ပိတ်ရက်မို့ နားရက် ရပေမဲ့ hotelမှာ နေရတာလဲ ကြာနေပြီ ဆိုတော့ နေစရိတ်၊စားစရိတ်ကလည်း သက်သာသွားသည် မဟုတ်တာကြောင့် မောင်နဲ့ တိုင်ပင်ပြီး ငှားခ အရမ်းမများတဲ့ နေရာလေးကို ပြောင်းလဲခဲ့သည်။မောင်ကတော့ hotelမှာ နေလို့ ပြောပေမဲ့ Nani အနေနဲ့ ပိုက်ဆံတွေ ပိုကုန်မှာ ဆိုးတာကြောင့် သူ့ဆန္ဒအတိုင်း လိုက်လျောပေးဖို့လည်း ချော့ပြောခဲ့ရသေးသည်။

"Hello "

"Hello Nani ထူးထူးဆန်းဆန်း မောင့်ကို ဖုန်းခေါ်တာ ဆိုတော့ လွမ်းနေပြီလား "

ဟုတ်ပါတယ် Nani မောင့်ကို လွမ်းတယ် ဒါကြောင့်မို့ သူ့ဘက်ကနေ အရင် စခေါ်လိုက်ခြင်း ဖြစ်သည်။Naniရဲ့ စိတ်ခံစားချက်တွေကို အကြားမြင်ရသည့်အတိုင်း အကုန်သိနေတဲ့ မောင့်ကို အမြင်ကတ်မိပါသည်။နေရာတစ်ကာ သူအကုန်သိနေတဲ့ လူကြီးကြောင့် Nani ဝန်မခံချင်ပေ။

"လွမ်းစရာလား ဒီတိုင်းမှားနှိပ်မိတာ"

"သေချာလား မောင့်ကို တကယ်မလွမ်းဘူးပေါ့"

လိမ်ချင်ပေမဲ့လည်း တကယ်တစ်ခါလေ စိတ်ထဲရှိတဲ့ ခံစားချက်တွေ အကုန်လုံးကို မောင့်အပေါ်မှာ ဖွင့်ဟ ပြချင်သည်။ရှက်စိတ်က ဖုံးလွှမ်းနေတော့သည် ခံစားချက်တိုင်းက အရာမရောက် နေခဲ့ပြန်သည်။

"..........."

"ဒီလို တိတ်ဆိတ်သွားပုံ ဆိုရင် မောင့်ကို လွမ်းနေတာ သေချာပါတယ်ကွာ"

"ဟုတ်တယ် လွမ်းတယ် ဘာဖြစ်လဲ မောင့်ကရော Naniကို မလွမ်းဘူးလား "

"ပြောမပြတက်အောင် လွမ်းပါတယ်ဗျာ အခုတောင် အလုပ်က မပြီးပြတ်သေးလို့ ပြီးတော့ ဒယ်ဒီအလုပ်မို့ ကိုယ်ပိုင်အလုပ်သာ ဆိုလို့ကတော့ လုပ်မနေတော့ဘူး မောင့်Naniဆီမှာပဲခိုနားချင်တော့တာ"

"အမယ်လေး Khun sky အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ "

"မောင်က ဥပမာ ပြောပြတာပါကွာ Naniနဲ့ မောင် ရှေ့ဆက်ရမဲ့ အနာဂတ်အတွက် မောင်ကြိုးစားရအုန်းမယ်လေ"

"အင်း တော်တယ်"

"ဒါပေါ့ Naniအမျိုးသားပဲဟာ"

Sky သူ့ကိုယ်သူ မဏ္ဍပ်တိုင် တက်ပြနေတာ အလွန်အကျွန်ပင်။Nani ကတော့ skyပြောတာ နားထောင်လိုက် ရယ်လိုက်နဲ့ နေ့လည် ရောက်လို့ ရောက်သွားမှန်းတောင် မသိလိုက်ပေ။မောင်နဲ့ ဖုန်းပြောတာကို ရပ်စဲလိုက်ပြီး သူတို့အဖြစ်ကို စဉ်းစားကြည့်လိုက်တော့လည်း ရယ်စရာ ကောင်းနေပြန်သည်။မသိရင် အခုမှ ရည်းစားဘဝ ဖြတ်သန်းနေတဲ့ အတိုင်း နေ့တစ်တူဝ ဖုန်းပြောဖြစ်နေကြသည်။

___________________

ကိုယ့်အကြံကို အောင်မြင်စွာ လုပ်ဆောင်ဖို့ ကြံရွယ်နေတဲ့ မိန်းမငယ်လေး တစ်ဦးကတော့ အခုချိန်မှာ နေရာ တစ်နေရာသို့ ရောက်နေသည်။ထိုနေရာကတော့ Nani တို့ အိမ်ဖြစ်နေသည်။အိမ်ထဲ မဝင်ခင် ပုံစံကြည့်ရတာကတော့ အရမ်းပိုက်ဆံရှိနေတဲ့ ပုံလည်း မပေါက်ဘူး ဒါကြောင့် ကိုကိုနဲ့ လက်ထပ်တာ နေမှာပေါ့ ဆိုပြီး မဲ့ပြုံး ပြုံးလိုက်သေးသည်။

အိမ်ထဲဝင်ဖို့ ခြံတံခါး bell ကို တီးလိုက်ရာ အန်တီကြီးတစ်ယောက်က ထွက်လာခဲ့သည်။pinkထင်တာတော့ ဒီအန်တီက Naniဆိုတဲ့ လူရဲ့ အမေ ဖြစ်လောက်မည်။

"ဘယ်ကိစ္စ ရှိလို့လဲ"

"အိမ်ထဲကို အရင် ဝင်လို့ရမလား အန်တီ"

ဘယ်သူဘယ်ဝါ မပြောပဲ အိမ်ထဲကို အရင် ခွင့်တောင်းဖို့ ပြောနေသော ကောင်မလေးကြောင့် စိတ်ထဲမှာ အနည်းငယ် တွေးမိသွားသည်။

"ကျွန်မက လူကောင်းတစ်ယောက်မို့ စိတ်မပူပါနဲ့ အန်တီ"

ရယ်ကျဲကျဲ ပြောသော သူကြောင့် Nani မေမေလည်း တစ်ဖြေးဖြေး စိတ်ပြောင်းလာခဲ့သည်။သို့သော်....

"အန်တီက အဲ့လို သဘောနဲ့ မဟုတ်ပါဘူး လာရင်း ကိစ္စလေး သိချင်လို့ပါ"

"ဒီအိမ်က တစ်ယောက်ယောက် အကြောင်းဆိုရင် အန်တီ စိတ်ဝင်စားလားဟင်"

"ဘယ်သူ့အကြောင်းလဲ "

"ကျွန်မက အိမ်ထဲမှာ အေးဆေးထိုင်ပြောချင်တာ အဲ့တာ အန်တီ အဆင်ပြေမလား "

ဒီလိုနဲ့ Nani မေမေလည်း pinkအား အိမ်ထဲသို့ ဝင်ထိုင် စေခဲ့လိုက်သည်။ဘယ်သူမှန်း မသိရင်တောင် အိမ်ထဲရောက်နေမှတော့ ဧည့်သည်ပဲ။ဧည့်သည်အတွက် Nani မေမေ စားစရာတစ်ချို့နဲ့ ဧည့်ခံလေသည်။

'လာရင်းကိစ္စလေး..."

"ခနလေးနော် အန်တီ "

ပြောနေတာကို အရေးမစိုက်တဲ့ အတိုင်း တည်ခင်းထားတဲ့ အချိုရည်ခွက်အား မော့ကာ သောက်နေသည်။

"အားး အခုမှပဲ အမောပြေသွားတယ် ဒါနဲ့ အန်တီအမျိုးသားရော?"

"အလုပ်သွားတယ် "

"ပြန်မလာသေးဘူးလား "

"စိတ်တော့ မရှိပါနဲ့ အန်တီအမျိုးသားနဲ့ ပတ်သတ်မှုများ ရှိလို့လား"

မချိပြုံး ပြုံးလိုက်တဲ့ pinkကြောင့် Nani မေမေ သူ့မေးတဲ့ မေးခွန်းက ဘယ်နေရာမှာများ ရယ်စရာကောင်းနေလဲ ထင်မိသွားသည်။

"အန်တီရယ် ကျွန်မကအနေမဲ့ အခြေမဲ့ မိန်းကလေး မဟုတ်ပါဘူး "

"အဲ့တာဆို ဘာလို့မေးတာလဲ ဆိုတာ အန်တီသိခွင့်ရှိမလား "

"သူဘယ်ချိန်ပြန်လာမှာလဲ အရင်ပြောပေးလို့ ရမလား အန်တီ "

"ခနနေ ပြန်လာတော့မှာ "

လက်မှာ ပတ်ထားတဲ့ နာရီကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်ပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကလည်း Nani အဖေဆိုတဲ့ လူနဲ့ တွေ့မှကို ဖြစ်သည်။

"အဲ့တာဆို အန်တီအမျိုးသား လာမှ စကားဝိုင်းကို စကြတာပေါ့"

အိမ်ထဲ ရောက်တော့လည်း ဘာကြောင့် လာရတဲ့ ရည်ရွယ်ချက်ကို မပြောသေးတဲ့ သူကြောင့် စိတ်ထဲမှာ နားမလည်နိုင်ပေမဲ့ မျက်နှာကတော့ ဟန်မပျက်အောင် ထိန်းထားရသည်။

~~~~~~~~~~~~~ဘာမှ စကားမပြောဖြစ်ပဲ ထိုင်နေတဲ့ အမျိုးသမီး နှစ်ယောက် ကြားမှာတော့ တိတ်ဆိတ်နေဆဲပင်။Nani မေမေက ညစာ အတွက် လုပ်စရာ ရှိတာ သွားလုပ်နေပေမဲ့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ pinkကတော့ အိမ်အတွင်းထဲမှာ မြင်သမျှကို စူးစမ်း‌နေသည်။

ထိုစဉ် အပြင်ကနေ ကားသံ ကြားရတော့ Nani မေမေ အိမ်ပြင်ထွက်ကာ သွားကြိုလိုက်သည်။ထူးထူးဆန်းဆန်း အိမ်ရှေ့ ထွက်စောင့်နေတဲ့ မိန်းမ ဖြစ်‌သူကြောင့် Nani ဖေဖေ အနည်းငယ် အံ့ဩသွားရသည်။အကျိုးကြောင်းစုံကို ရှင်းပြနေတဲ့ မိန်းမ ဖြစ်သူကြောင့် Nani ဖေဖေ အိမ်ထဲသို့ ဝင်သွားခဲ့သည်

"ဦး‌လေးကို စောင့်နေတာ ဘာကိစ္စများ ရှိလို့လဲ "

"အော် ဦးလေးတောင် ရောက်လာပြီလား အဲ့တာကြောင့် လာရင်းကိစ္စကို ပြောကြတာပေါ့ "

"အင်း ပြောပါ "

"ကျွန်မပြောမဲ့ အရာက ဦးလေး သားအကြောင်း ဆိုရင်ရော...."

သားဆိုတဲ့ အသံကို ကြားခနဲက ဖြစ်သွားတဲ့ မိဘနှစ်ယောက်ရဲ့ မျက်နှာကို ကြည့်ကာ ခနဲ့ပြုံးလေး ခိုးပြုံးလိုက်သေးသည်။

"သား ဘာဖြစ်လို့လဲ ပြောပြပေးလို့ ရမလား"

"အခု လာရတဲ့ ကိစ္စက ဦးလေးသား ဘယ်မှာ ရှိလဲ ဆိုတာ ပြောပြမလို့ပါ "

"ဦးလေးသား ဘယ်မှာလဲ ဆိုတာ ဦးလေး ပြောပြပါ"

"ဟုတ်တယ်ကွယ်  အန်တီတို့ သားလေး ဘယ်မှာလဲ ဆိုတာ ပြောပြပေးပါနော် "

Pinkက‌တော့ Naniဘယ်မှာ ရှိတယ် ဘယ်အလုပ် လုပ်နေတယ် ဆိုတာကို တစ်ခု မကျန် အကုန်ပြောပြခဲ့သည်။နေရာကို သိသွားတော့ မိဘတို့ အပူတိုင်း အခုချက်ချင်း သွားရှာချင်မိသည်။

"အကို သားလေးဆီ အခု သွားရအောင်"

"ခန နေပါအုန်းအန်တီတို့ အခုက နေရာ အတိကျလည်း သိနေပြီ ဆိုတော့ မနက်လင်းမှ သွားတာ ပိုမကောင်းဘူးလားကျွန်မက စိတ်ပူလို့ ပြောတာပါ"

ဒီလို စကားသံ ကြားတော့လည်း Nani အဖေက မိန်းမ ဖြစ်သူအား တားကာ မနက်မှ သွားဖို့ ပြောလိုက်လေသည်။ဘာပဲ ဖြစ်ဖြစ် အခုက သူတို့ရဲ့ သားလေးကို ပြန်တွေ့တော့မှာ ဆိုတော့ ရင်ထဲမှာလည်း အတိုင်းမတိ ဝမ်းသာခဲ့ကြသည်။

"အဲ့တာဆို ကျွန်မကို ခွင့်ပြုပါအုန်းနော်"

"ခနလေးပါ ဦးလေးတို့ကို လာပြောပြ‌ ပေးလို့ ကျေးဇူးတင်ပါတယ် သမီးနဲ့ ဦးတို့သားက သိတာလား"

"ကျွန်မတို့အချင်းချင်း ကောင်းကောင်းကြီးသိပါတယ် ကျေးဇူးတင်စရာ မလိုပါဘူး သူ့ကို ရှာနေတယ် ဆိုတာ ကြားလို့ လာပြောပြပေးတာ ကျွန်မကို ခွင့်ပြုပါအုန်း "

ဧည့်ခန်းထဲကနေထွက်လာတဲ့ သူမကတော့ ကျောခိုင်းလိုက်တာနဲ့ ဖြစ်လာနိုင်မဲ့ အခြေနေတွေကို တွေးမိပြီး မျက်နှာ ထက်မှာ ကောက်ကျစ်တဲ့ အပြုံး တစ်ခုနဲ့ အတူ ပြန်သွားခဲ့တော့သည်။

Pinkရဲ့ တစ်နပ်စားဉာဏ်နဲ့ လုပ်လိုက်တဲ့ အပြုမူတွေကရော Naniပေါ်မှာ သက်ရောက်မှု ရှိသွားနိုင်မလား။

TBCThanks for reading, guys

နောက်ကျမှ update လေးပေးမိတဲ့ အတွက် စာဖတ်သူအားလုံးကို အားနာမိပါတယ်ဗျ🥺❤️

(Zawgyi)



"Sky"



















~~~~~~~~~~~~~~











____________________











_____________________







~~~~~~~~~~~~~~~~~



_____________________



"Hello "






"..........."









___________________



"ဘယျကိစ်စ ရှိလို့လဲ"










'လာရငျးကိစ်စလေး..."

















"ဦး‌လေးကို စောငျ့နတော ဘာကိစ်စမြား ရှိလို့လဲ "





"သား ဘာဖွဈလို့လဲ ပွောပွပေးလို့ ရမလား"

"အခု လာရတဲ့ ကိစ်စက ဦးလေးသား ဘယျမှာ ရှိလဲ ဆိုတာ ပွောပွမလို့ပါ "

"ဦးလေးသား ဘယျမှာလဲ ဆိုတာ ဦးလေး ပွောပွပါ"











TBCThanks for reading, guys


There are no comments yet. Log in to be the first to leave a review!

Similar stories