Fanfics

part 44

19:08, 24 April 2025

(Unicode)

Naniလည်း မှာထားတဲ့ ဟင်းပွဲတွေကို ထွက်ယူလိုက်ပြီး ကျသလောက် ရှင်းကာ အခန်းထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။ထို့အပြင် ကုတင်ပေါ်မှာ စားစရာတွေနဲ့ ဝင်လာတဲ့ ကောင်လေးကို စိတ်ကောက်နေတဲ့သူကလည်း ရှိနေသေးသည်။

အခန်းထဲရှိ စားပွဲပေါ်မှာ ဟင်းတွေကို ချလိုက်ပြီး ကုတင်ပေါ်မှာ ရှိနေတဲ့ တစ်ယောက်သောသူကို Naniမသိမသာလေး ခိုးကြည့်လိုက်သည်။skyရဲ့ မှုန်ကုတ်နေတဲ့ မျက်နှာကို မြင်တော့ မသိချင်ယောင်ဆောင်ကာ မောင်စားမလားဆိုပြီး Nani မေးလိုက်သည်။

"မစားချင်ဘူး "

Skyစိတ်ဆိုးနေမှန်း Nani သိပါတယ် တမင်စချင်သောကြောင့် မေးလိုက်ပေမဲ့ ပြန်‌ဖြေတဲ့ အသံက Naniတွက် မထိန်းနိုင် လောက်အောင် ရယ်သံပိစိလေး ထွက်သွားခဲ့သေးသည်။

"ဘာရယ်တာလဲ Nani "

"Nani မရယ်ပါဘူး "

ကုတင်ပေါ်မှာ ထိုင်နေတဲ့ skyအနားသို့ Nani သွားလိုက်ကာ ဘာဖြစ်နေတာလဲ ဆိုပြီး အကဲစမ်းလိုက်ပြန်သည်။Nani အမေးကို skyမဖြေပဲ အသံတိတ်နေပြန်သည်။

"မောင်~"

အသံလေးက ချွဲသံလေးနဲ့ Naniခေါ်လိုက်ရာ skyတစ်ယောက် ဘယ်ခံနိုင်မလဲ ဒါပေမဲ့ ဒီလောက်နဲ့ မပြေသေးပဲ ဒီထက် ပိုချစ်စရာ ကောင်းတဲ့ ကောင်လေးကို မြင်ချင်သေးတာကြောင့် skyဘာမှ ခွန်းတုံ့ မပြန်သေးပဲ ခန္ဓာကိုယ်ပါ ဟိုဘက် လှည့်သွားသေးသည်။

"မောင်လို့~"

Naniလည်း သူနဲ့ ဆန့်ကျင်ဘက်သို့ လှည့်သွားတဲ့ သူအား ပုခုံးကနေ အတင်းဆွဲယူကာ သူ့ဘက်သို့ လှည့်စေခဲ့လိုက်သည်။မိမိ ဆွဲလိုက်တဲ့ လူက မျက်နှာချင်းဆိုင် အနေအထားသို့ ရောက်လာပေမဲ့ အခုထိ ကိုယ့်မျက်နှာကို မကြည့်ပဲ ခေါင်းငုံ့ထားလေသည်။

ငုံ့ထားတဲ့ မျက်နှာဖောင်းဖောင်းလေးအား Nani လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ရာ စူပုပ်ပုပ်နဲ့  အသက်ငယ်ငယ်ရွယ်ရွယ် ကောင်လေးက အလွန်ချစ်ဖို့ ကောင်းလှသည်။

"မောင် ဘာဖြစ်နေတာလဲလို့ "

"ဘာမှ မဖြစ်ဘူး"

အခုထိ ဖြစ်နေတာကို မပြောပဲ ငြင်းနေတဲ့ ကောင်လေးကြောင့် ပါးနှစ်ဖက်ကို Nani အသည်းယားစွာ ညှစ်လိုက်ပြန်သည်။

"မောင်က ချစ်ဖို့ ကောင်းလိုက်တာ "

"ဟုတ်လို့လား "

Skyလည်း စိတ်ဆိုးနေပေမဲ့ သူ့အရှေ့က ကောင်လေး ဘာလုပ်လုပ် အသာတချီ ခံရှာသည်။

"မောင်ဘာဖြစ်နေတာလဲဟင် ဗိုက်ဆာလို့လား"

"ကိုယ့်ယောက်ျား ဘာဖြစ်နေတာလဲ ဆိုတာတောင် မသိဘူးလား"

"မသိလို့ မောင်ဘာဖြစ်တာလဲ မေးနေတာပေါ့" 

Nani လည်း စိတ်ဆိုးနေတဲ့ ကောင်လေးကို မချော့သေးပဲ လိုက်စနေသည်။သူ့အပြောကြောင့် skyစိတ်ထဲ ဘာဖြစ်နေမလဲ ဆိုတာ သိသောကြောင့် မရယ်မိအောင် ထိန်းထားလိုက်သည်။

"မသိနဲ့ မသိနဲ့ "

Skyပေါက်ကွဲပြီး ကုတင်ပေါ်မှာသာ လှဲအိပ်နေတော့သည်။Naniခေါ်နေပေမဲ့ လှည့်မကြည့်ကာ စောင်ပါ ခေါင်းမူးခြုံလိုက်သေးသည်။skyရဲ့ အပြုမူတွေကြောင့် Nani တစ်ဟားဟား ရယ်မိသွားသည်။စောင်ခြုံထားတဲ့ ကောင်လေးကတော့ မချော့တဲ့ အပြင် လှောင်ရယ်နေသောကြောင့် ရန်တွေ့ဖို့ စောင်ထဲကနေ ချက်ချင်းထလိုက်သည်။

"Nani "

ပြွတ်စ်

Skyစိတ်ဆိုးပြီး နာမည်ခေါ်လိုက်ပေမဲ့ နူးညံ့ပါးလွှာတဲ့ အရာတစ်ခုက သူ့နှုတ်ခမ်းပေါ်သို့ ကွက်တိ ရောက်လာခဲ့သည်။

"မောင် စိတ်မဆိုးနဲ့တော့နော် "

"အင်း မဆိုးတော့ဘူး"

ကလေး တစ်ယောက် ချိုချဉ်စားလိုက်ရသလို အခိုက်အတန့်လေး ဖြစ်သွားရှာတော့ စိတ်မဆိုးတော့ပဲ ပြုံးပြုံးကြီးဖြစ်သွားတော့သည်။ထို့နောက် သူအရမ်းလွမ်းနေတဲ့ ကောင်လေးအား သူ့စိတ်ကြိုက် အားရပါးရ နမ်းယူနေတော့သည်။

"မောင်...အွန်း..တော်ပြီလေ "

သူတို့ နှစ်ယောက် ခွဲနေရတာ ဘယ်လောက်တောင် ရှိသွားပြီလဲ skyလွမ်းသလို Naniလည်း လွမ်းပါသည်။ဒါပေမဲ့ skyစိတ်ကြိုက်သာ လွှတ်ထားလိုက်ရင် Nani ပထမ တစ်ခါကလို ကမ်းခြေလာပြီး ဆန်ပြုတ်သောက်ရမဲ့ အခြေနေ ဖြစ်သွားနိုင်သည်။

"မောင်... Nani အသက်ရှုကြပ်နေပြီ "

လက်နဲ့ တွန်းထုတ်တာလည်း မရတဲ့ အပြင် သူ့လက်ကိုပါ ဆုပ်ကိုင်ထားပြီး အတင်းနမ်းယူနေတဲ့ skyကြောင့် Nani ပိုလို့တောင် ခေါင်းကြီးသွားသည်။ဘယ်လို ပြောပြော ဘယ်လောက်ထုထု တုတ်တုတ်မှ မလှုပ်တဲ့ လူကြောင့် Nani အကြံရသွားကာ ထိုအကြံတိုင်း လုပ်လိုက်တော့သည်။

"အာ့ Nani "

နှုတ်ခမ်းကို ကိုက်လိုက်မှ လွှတ်ပေးလာတဲ့ လူကြောင့် Nani အကြံအောင်မြင်သွားခဲ့သည်။

"မောင်မှ မလွှတ်ပေးတာ "

"သွားပါပြီ မောင့်နှုတ်ခမ်းလေး "

ကိုက်လိုက်လို့ သူ့နှုတ်ခမ်း သွေးစို့‌တာကိုလည်း Naniအား သူ့နာကျင်မှုကို အနမ်းပေးပြီး ပျောက်သွားအောင် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့လည်း ပြလိုက်လေသည်။

"Nani ဆေးထည့်ပေးမယ်နော် "

"ဆေးမလိုဘူး Nani နှုတ်ခမ်းလေးပဲ လိုတာ"

"Wongravee မလွန်လွန်းဘူးလား "

ဒီလို ပြောလိုက်တော့လည်း Nani လက်ကလေးတွေကို ကိုင်ယူကာ အနမ်းမရမှာ စိုးရိမ်သဖြင့် တကျီကျီ ပူဆာနေတော့သည်။

Nani မျက်စောင်းလှလှလေး ထိုးကာ မကျေနပ်တဲ့ ဟန်ဖြင့် skyနှုတ်ခမ်းလေးအား အနမ်းပေးလိုက်သည်။

"မောင်နာနေတာ မပျောက်သေးဘူး"

"တော်ပြီ မောင့်ဟာက မဟုတ်တော့ဘူး မသက်သာရင် Nani ဆေးလိမ်းပေးမယ်"

"‌မလိမ်းချင်ဘူး "

"ကလေးဆိုးကြီး လုပ်မနေနဲ့တော့"

Skyသူ့ဘေးမှာ ထိုင်နေတဲ့ ကောင်လေးအား သူ့ပေါင်ပေါ်သို့ ဆွဲယူကာ ထိုင်စေခဲ့လိုက်သည်။

"မောင့်! "

"ဗျာ "

"ဘာလုပ်တာလဲ "

"မောင့်နဲ့ ဝေးနေသလို ခံစားရလို့"

"ရူးလိုက်တာ "

ပေါင်ပေါ်တင်ထားရုံတင် မပြီးသေးပဲ ခါးတစ်ဝိုက်ကိုပါ အပြည့်ဖတ်ထားသေးသည်။Nani လည်း ဖယ်ပေးတော့ ထမင်းစားရအောင် ပြောနေတော့လည်း မလွှတ်ပေးပဲ Nani ကျောပေါ်မှာ သူ့မျက်နှာလေးကို အပ်နှံထားပြန်သည်။

"Nani "

"ဟင် "

"မောင်တို့ အိမ်ကို ပြန်ရအောင်လေ"

"........."

Skyအပြောကြောင့် Nani အနည်းငယ် တိတ်ဆိတ်သွားပေမဲ့ သူလည်း အိမ်ပြန်ချင်တာပေါ့ ဒါပေမဲ့ အိမ်ပြန်ရင် ဖေဖေ့ကလည်း skyနဲ့ ကိစ္စကို လက်ခံမှာ မဟုတ်သလို အလုပ်ဆိုပေမဲ့ N'nickက ကူညီပေးဖို့ တောင်းဆိုထားသော‌ကြောင့် ဘာဆက်လုပ်ရမလဲ ဝေခွဲရခက်ပြန်သည်။

"Nani မောင်ပြောတာ နားထောင်နေလား "

"အင်း "

"အဲ့တာဆို ဘာလို့ ငြိမ်သွားတာလဲ "

"Nani စဉ်းစားနေတာ"

"Hirunkit လေး ဘာတွေ စဉ်းစားနေတာပါလဲခဗျ"

ဘာမှ ဆက်မပြောပဲ ထပ်မံ ငြိမ်သွားတဲ့ ကောင်လေးကြောင့် skyလည်း ပေါင်ပေါ်မှာ ထိုင်နေတဲ့ Nani ခန္ဓာကိုယ်လေးအား ဘေးတစ်စောင်း အနေထားသို့ ပြောင်းယူလိုက်လေသည်။

"အင်း ဒီတိုင်းပဲ"

"လိမ်တက်နေပြီပဲ မောင့်ကို မပြောလို့ ဘယ်သူ့ကို ပြောမှာလဲဗျာ"

ဟုတ်ပါတယ် Nani လည်း sky ကို ဘယ်လို ပြောရမလဲ မသိတာကြောင့် အကြပ်ရိုက်ရပါသည်။ဘာမှ မပြောပဲ ပေါင်ပေါ်မှာ ထိုင်ရင်း သူ့ရဲ့ လက်နှစ်ဖက်ကိုပဲ ပွတ်တိုက်နေမိသည်။

"Nani "

"မောင် Naniလေ အလုပ်လုပ်နေတာ အဲ့တာ..."

"အင်း ဆက်ပြောလေ မောင်နားထောင်နေတယ်"

skyပြောတာလည်း မှန်ပါတယ် သူ့မှာ ပြောပြစရာ ဆိုလို့လည်း ဒီလူပဲ ရှိတာ။အဲ့တော့ ဘာမှ တုံ့ဆိုင်း မနေတော့ပဲ အကျိုးသင့် အကြောင်းတော့ ပြောပြရမယ် ဖြစ်သည်။

"Nani အခု bakery ဆိုင်လေးမှာ အလုပ်လုပ်နေတာ "

"အင်း မောင်သိတယ်"

"ဟမ်! မောင်က ဘယ်လိုလုပ်သိတာလဲ "

"မောင်က Naniနောက်ကို လူလွှတ်ပြီး စုံစမ်းခိုင်းထားတာလေ "

Skyဆီက မထင်ထားတဲ့ စကားကို ကြားတော့ စိတ်ထဲမှာ တုန်လှုပ်သွားခဲ့ရတာတော့ အမှန်ပင်။သို့သော် ဘာပဲ ဖြစ်ဖြစ် skyက သိပြီးသား ဆိုတော့ စိတ်ထဲမှာ ပထမ အဆင့်ကို ဖြတ်ကျော်နိုင်သလို ခံစားလိုက်ရသည်။

"ဘာလို့ လူလွှတ်ထားတာလဲ "

"လွှတ်ရမှာပေါ့ မောင့်ရဲ့ တစ်ဦးတည်းသောလေး တစ်ခုခု ဖြစ်ရင် ဘယ်လို လုပ်မလဲ "

"စကားကို တက်တိုင်း လျှောက်ပြောနေတော့ Khun sky wongravee "

"မပြောရပါဘူးဗျာ "

ပိုပြန်ကော အကြည့်နဲ့ အမြဲ ကြည့်ပေးနေရတာတော့ Nani မျက်လုံးလေးတွေက ညောင်းချင်လာဟန် ရှိသည်။

"အလုပ်လုပ်နေတာ သိရင် ပြီးတာပဲ"

"မောင့်ကို ဘာပြောစရာ ကျန်သေးလဲ စဉ်းစားအုန်းမှာလားဗျ Khun Nani Hirunkit "

Nani လည်း ပထမအဆင့် ဖြတ်ကျော်ပြီးတော့ ကျန်နေတဲ့ အဆင့်တွေကို ဆက်လက်ဖြတ်သန်းရအုန်းမယ် ဖြစ်သည်။

"အခု Naniက အဲ့ဆိုင်မှာ တစ်လ အလုပ်လုပ်ရမှာ အဲ့တာကြောင့်မို့ Nani အိမ်မပြန်ချင်ဘူးမောင် "

"ထွက်လိုက်လေ Naniရဲ့ "

"ဆိုင်ပိုင်ရှင် ညီလေးက အကူညီတောင်းထားတာ Nani မထွက်ချင်ဘူး "

"အဲ့တာဆို Nani ဒီမှာ တစ်လ နေမှာအုန်းလား"

"အင်းပေါ့ "

တစ်လ နေအုန်းမယ် ဆိုတဲ့ အသံကြားတော့ skyမျက်နှာက ခပ်တည်တည် ဖြစ်သွားပြန်သည်။

"မောင်ပြန်ချင်ရင် ပြန်လိုက်ပါ "

"Nani မပါပဲ မောင်က ဘယ်လိုလုပ် ပြန်နိုင်မှာလဲ"

"အခုကလည်း တစ်လပဲလေနော် အဲ့ညီလေးနဲ့ အလုပ်တွဲလုပ်ပေးနေတဲ့ အစ်မကလည်း မွေးခွင့်ယူထားရလို့တဲ့ အဲ့တာ‌ကြောင့် ဆိုင်ကို တစ်ယောက်တည်း မနိုင်နေတာ"

"အင်းအင်း တစ်လပဲနော် ပြီးရင် အိမ်ပြန်ရမယ်"

"မောင်ကလည်း ပြန်မှာပေါ့ "

Naniနဲ့ skyကတော့ ဘာပဲ ဖြစ်ဖြစ် ဒီနေရာမှာ တစ်လ နေဖို့ ဆုံးဖြတ်ခဲ့ကြပြီး အခုထိ ဘာမှ မစားရသေးတာကြောင့် မှာထားတာတွေကို သွားစားလိုက်ကြသည်။

"Nani "

ထမင်းစားနေတဲ့ ကောင်လေးက ခေါ်သံကြားတော့ ခေါင်းလေး မော့ကြည့်လေသည်။

"အင်း မောင် "

"မနက်ဖြန်ကျရင် အဲ့ဆိုင်ကို မောင်လိုက်‌ပို့ပေးမယ်"

"ရပါတယ် Nani ဘာသာ ဆိုင်ကယ် ကယ်ရီနဲ့ သွားလိုက်မယ်လေ "

"မနက်ဖြန် Bangkok ကို တန်းပြန်မှာလား မောင်ပြောတာကို လက်ခံမှာလား "

"လိုက်ပို့ လိုက်ပို့ မောင်အဆင်ပြေသလိုသာ လုပ်"

Skyကတော့ ဘာပဲ ဖြစ်ဖြစ် လိုက်ပို့ပေးရမဲ့ တာဝန်ကို ကျေကျေနပ်နပ်ကြီး ယူလိုက်သည်။စိတ်ထဲမှာတော့ Naniမှာ ပိုင်ရှင်ရှိကြောင်းကလည်း တံဆိပ်တုံး ထုချင်တာလည်း ပါသည်။ပြီးနောက် ဆိုင်ပိုင်ရှင်လည်း Nani ပေါ်မှာ ဘာလိုလဲ ဆိုတာကိုလည်း အကဲခတ်ကြည့် ချင်ပြန်သည်။

"မောင် "

"ဗျာ "

"မောင့်ရဲ့ အလုပ်ကရော "

Nani ပြောမှ sky သူလုပ်နေတဲ့ အလုပ်ကို သတိရသွားခဲ့သည်။တကယ်တော့ Nani ပျောက်သွားတဲ့ နေ့ခနဲကနေ ဒီနေ့ထိ သူအလုပ်ကို တစ်ရက်မှ မသွားခဲ့ပေ။skyဒယ်ဒီကလည်း သားဖြစ်သူ ခံစား နေတာကို ကြည့်ပြီး အလုပ်လာခဲ့ဖို့လည်း မခေါ်သေးပါ။

"မောင် အလုပ်မသွားတာကို ကြာနေပြီ "

"မောင့်ဒယ်ဒီကရော ဘာမှ မပြောဘူးလား"

"အင်း မောင်Naniကို လိုက်ရှာတဲ့ နေ့ကတည်းကနေ ဒီနေ့ထိကို အလုပ်မသွားခဲ့တာ ဒယ်ဒီကလည်း လာဖို့ မပြောသေးဘူး"

"ဒီမှာ နေတာက မောင့်အတွက် အဆင်ပြေပါ့မလား မောင့်ဒယ်ဒီကို အလုပ်နဲ့ ပတ်သတ်ပြီး ဖုန်းဆက်ကြည့်ပါလား "

ညစာမှာသာ အာရုံစိုက်နေတဲ့ skyကတော့ ဘာလုပ်ရမလဲ မသိတဲ့ အခြေနေတွေ ဖြစ်ကြပြီ ဖြစ်သည်။ဒယ်ဒီဆီပဲ ဖုန်းဆက်ရမလား လွမ်းနေတဲ့ ကောင်လေးနဲ့ ဒီမှာပဲ တစ်သက်လုံး အခြေချပစ်ရမလား တွေးနေတော့သည်။

"မောင် "

ငူငူကြီး ထိုင်ကာ ငေးနေတဲ့ ‌skyကြောင့် Nani လက်ကလေးဖြင့် skyမျက်နှာ ရှေ့မှာ ဝေ့ယမ်းပြလိုက်သည်။

"မောင် ဘာတွေ ငေးနေတာလဲ "

"ဘာမှ မငေးပါဘူးဗျာ စားပြီးရင် မောင်တို့ သောင်ပြင်မှာ လမ်းသွား လျှောက်ကြမယ်"

"အင်း လျှောက်မယ်"

စားနေတာတွေကလည်း ကုန်လုနီးပါး ဖြစ်တော့ သေချာ သိမ်းဆည်းပြီး လက်ကလေး တွဲကာ နှစါယောက် တူတူ အခန်းထဲက ထွက်သွားခဲ့ကြသည်။

‌သောင်ပြင်ပေါ်‌မှာကတော့ လူတစ်ချို့ကလည်း လမ်းလျှောက်ကာ အပန်းဖြေနေကြသည်။ကောင်လေး နှစ်ယောက်လည်း လက်ကလေး တွဲကာ ခြေလှမ်းတွေ ညီနေသလို ကမ်းစပ်ကို အလည်လာတဲ့ လှိုင်းငယ်လေးတွေရဲ့ အသံလေးတွေကလည်း ပါဝင်အားဖြည့်ပေးနေသည်။

အခုဆို လမ်းလျှောက်တာကလည်း hotelနဲ့ အနည်းငယ် ဝေးလာခဲ့ပြီ ဖြစ်သည်။

"ညောင်းနေပြီလား Nani"

"အင်း အဆင်ပြေပါတယ် မောင်ရော ညောင်းနေပြီလား "

"မောင်က အဆင်ပြေပါတယ်ကွာ Nani ခြေထောက်လေးတွေ ညောင်းနေမှာ စိုးရိမ်လို့ပါ"

"စကားများလွန်းတယ် "

Naniရဲ့ အပြောကြောင့် sky အသံထွက်ကာ ရယ်လိုက်မိသည်။ရှက်စိတ်ကြောင့် Hirunkit လေးက တစ်ခါတစ်ခါ အဲ့လို ဆူတက်သေးတယ်

"မောင်တို့ ဟိုနားလေးမှာ ခန ထိုင်ကြမယ်"

"အင်း "

ညအ‌မှောင်ကြောင့် ပင်လယ်ကြီးကို ကောင်းကောင်း မမြင်ရပေမဲ့ ဘေးနားမှာ ရှိတဲ့ hotel အလင်းရောင်လေးတွေကြောင့် သောင်ပြင်တစ်နေရာမှာ ထိုင်ပြီး လေညင်းခံဖို့ sky ဆုံးဖြတ်လိုက်သည်။

"Nani လာ မောင့်ဖိနပ်‌ လေးပေါ်မှာ ထိုင်"

သူကတော့ သဲ‌ သောင်ပြင်ပေါ်မှာ တိုက်ရိုက် ထိုင်ပြီး Naniကိုပေမှာ စိုးရိမ်သောကြောင့် သူ့ဖိနပ် ပေါ်မှာ ထိုင်‌‌ ခိုင်းဖို့အတွက် ဖိနပ် ချွတ်လိုက်သည်။

"Nani မထိုင်ချင်ပါဘူး "

"ထိုင်ပါ Nani ပေသွားရင် ဘယ်လို လုပ်မလဲ"

Skyရဲ့ စိုးရိမ်စိတ်လေးတွေက Nani ရဲ့ နှလုံးသားကို လှိုင်းလေးတွေလိုပဲ ရိုက်ခတ်စေနိုင်တာတော့ အမှန်ပင်။

"မောင်ကျတော့ရော"

"မောင်က ဘာမှ မဖြစ်ပါဘူးကွာ"

"တော်ပြီ Nani လည်း မထိုင်ချင်ဘူး "

ထို့နောက် Nani လည်း sky နည်းတူ ဖိနပ်လိုက်ချွတ်လိုက်သည်။

"Nani ဖိနပ်မချွတ်နဲ့လေ"

"အဲ့တာဆို မောင်ရော ဖိနပ်ပြန်စီး "

"အင်းအင်း "

Skyလည်း Nani သဘောအတိုင်း ဖိနပ်ပြန်စီးလိုက်သည်။ထို့နောက် သူ့လက်ကို ဆွဲကာ သောင်ပြင်ပေါ်မှာ ဒီတိုင်း ထချလိုက်တဲ့ ကောင်လေးကြောင့် sky လည်း ရယ်ရခက် ငိုရခက်ပင်။

"ပင်လယ်ရောက်မှတော့ သဲနဲ့ မ‌ထိတွေ့ရရင် ဘယ်သဘာဝ ကျမလဲနော် အဲ့တာကြောင့်မို့ Nani တို့ ဒီတိုင်း ထကြမယ် "

"ဟုတ်ပါပြီဗျာ"

Naniတို့လည်းလက်တွဲထားပြီး skyပုခုံးပေါ် ခေါင်းလေးမှီကာ ပူးပူးကပ်ကပ် ထိုင်နေခဲ့ကြသည်။

"မောင် "

"ဗျာ "

"Nani ကို တကယ်ချစ်လား"

"မေးတက်လိုက်တာ အချစ်ရာ မောင်သာ Naniကို တကယ်မချစ်ရင် Nani ထွက်သွားတဲ့ နေ့ခနဲက ဒီနေ့ထိ မောင်လိုက်ရှာပါ့မလား မောင့်ရဲ့ ဒေါသထွက်လွယ်တက်တဲ့ စိတ်‌က မကောင်းခဲ့ပေမဲ့...."

ရုတ်တရက် skyနှုတ်ခမ်းပေါ် ရောက်လာတဲ့ လက်ညိုးပိုင်ရှင်လေးကြောင့် skyရဲ့ စကားတွေက ရပ်တန့်သွားခဲ့သည်။

"Nani လည်း မောင့်ကို သေချာ မရှင်းပြပဲ အရွဲ့တိုက်ခဲ့တဲ့ စိတ်က အရာအားလုံးကို ပိုဆိုးစေခဲ့တာ "

ခေါင်းလေး ထောင်ကာ သူ့လည်း အပြစ်မကင်းကြောင်း ပြောတဲ့ ကောင်လေးကြောင့် ပုခုံးလေးကတော့ ပြန်ဆွဲယူကာ သူ့ကိုယ်ပေါ်မှာ အသာတကြည်လေး ပြန်မှီစေခဲ့သည်။

"အဲ့အကြောင်းတွေ မတွေးပဲ နေရအောင်နော် အခုက မောင်နဲ့ Nani ရဲ့ ရှေ့ဆက်ရမဲ့ အနာဂတ်ကိုပဲ အလှဆုံး ပုံဖော်ရအောင်"

"အင်း "

"ဘာအကြောင်းတွေကြောင့် ဆုံခဲ့ဆုံခဲ့ Hirunkit ဆိုတဲ့ လူသားလေးက Wongravee အပိုင်လေး ဖြစ်ဖို့ မွေးဖွားလာတာပဲ နေမှာနော် "

"ဘာမှလည်း မဆိုင်ဘူး "

"Nani ကလည်း ဆိုင်ပါတယ် "

"ဘယ်နားဆိုင်တာလဲ "

"Nani စဉ်းစားကြည့်လေ တကယ်ဆိုရင်မောင်နဲ့ Nani နဲ့ အသက်ဘယ်လောက်ကွာတာလဲ "

"6နှစ် "

"မောင့်လို ငယ်ငယ်‌ရွယ်ရွယ်လေးက ကိုယ့်နဲ့ အသက်အများကြီး ကွာတဲ့ လူကို ယူလိုက်ရတာ ဆိုတာ တော်ရုံလူ မလုပ်နိုင်တဲ့ အလုပ်လေ ဟုတ်တယ်မလား"

"အင်း "

"မောင်သာ မယူရင် Nani ဆိုတာ...."

"ခနလေး "

Nani တစ်ယောက် skyပြောသမျှ စကားတွေကို နားထောင်ကာ ဘာပြောပြော လက်ခံ ခဲ့ပေမဲ့ ကြာလာတာနဲ့ အမျှ စကားတွေက သူ့ကို အသက်ကြီးကြောင်း ဝေဖန်‌ နေသောကြောင့် အူတူတူလေး ဖြစ်လာခဲ့သည်။

"မောင်က Nani ကို ဘယ်သူမှ မယူဘူး ဆိုတာ ပြောနေတာလား "

"အင်းလေ "

"ဘာ!"

"မဟုတ်ဘူး မဟုတ်ဘူး မောင်ပြောတာက...."

"တော်ပြီ ဘာမှ မပြောပြနဲ့ တကယ်ဆိုရင် ငါ့ဘက်ကတောင် သနားစရာ ကောင်းနေသေး အသက်ငယ်ငယ်ရွယ်ရွယ် ယောက်ျားကို ရထားတာ ကလေးထိန်းနေရသလိုပဲ "

Nani ချက်ချင်း ခေါင်းထောင်ကာ skyကို ရန်တွေ့နေတော့သည်။

"ဟားဟား "

"ဘာရယ်တာလဲ"

"ဘယ်သူကမှ  တကယ့် ကလေးလဲ အရုပ်တွေ ကြိုက်တာကရော ဘယ်သူလဲ ပန်းရောင် ညအိပ်ဝတ်စုံလေး ဝတ်ပြီး အိပ်တက်တာရော ဘယ်သူလဲ "

"အဲ့တာ ဘာဖြစ်လဲ ငါ့အကြိုက်နဲ့ငါ တစ်ယောက်တည်း နေခဲ့တော့ မင်းနဲ့ငါကတော့ ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး"

Nani တစ်ယောက် စိတ်ဆိုးကာ ထိုင်နေရာကနေ မထခင် sky လက်မောင်းအား လက်သီးဖြင့် ထိုးခဲ့ကာ သောင်ပြင်နေရာကနေ ချက်ချင်း ထသွားခဲ့သည်။

"အာ့ Nani မောင့်ကို စောင့်အုန်းလေ"

"မစောင့်ဘူး "

Sky တစ်ယောက် ပြေးလိုက်ကာ ဘေးကနေ စကားတွေ တဖွဖွ ပြောနေတော့သည်။skyက အမှီလိုက်နိုင်တော့ Nani နဲ့ ခြေလှမ်းတွေ တူသွားခဲ့ရာ Nani ချက်ချင်း ရပ်လိုက်ပြီး ဆန့်ကျင်ဘက် အရပ်ကို ပြန်လှည့်ကာ လမ်းလျှောက်လိုက်သည်။

စလိုက်ရာ လက်လွန်သွားတော့ ကိုယ့်မိုက်ပစ်နဲ့ကို လိုက်နေရတော့သည်။ဘာပြောပြော နားမထောင်တဲ့ အဆုံး ပွေ့ချီလိုက်တော့ ပါးလွှားတဲ့ ခန္ဓာကိုယ်လေးက အလိုက်သင့်လေး ပါလာခဲ့သည်။

"ဟ! ဘာလုပ်တာလဲ"

"မောင်ပြောတာကို နားထောင်ပါအုန်း "

"နားမထောင်ချင်ဘူး "

လက်ထဲမှာ ရှိနေတဲ့ ကောင်လေးအား ချော့ပြောမရတော့ မြင်နေရတဲ့ မျက်နှာလေးတွေအား sky တစ်ဝကြီး မွှေးကြူနေတော့သည်။

"မောင် မနမ်းနဲ့လို့ "

"နမ်းမှာပဲ "

ဘယ်လောက် တားတား မရတဲ့ အဆုံး Nani လက်ဖြင့် skyရဲ့ ပါးစပ်အား ပိတ်ပစ်လိုက်သည်။ဒီလောက် ပါးစပ်ပိတ်ထားတဲ့ လက်ကိုတောင် အတင်းလိုက်နမ်းနေတဲ့ skyကြောင့် Nani မြင်နေရတဲ့ ရင်ပြင်ကျယ်ကြီးကို တစ်ဒုန်းဒုန်း ထုနေတော့သည်။

"အာ့ နာလိုက်တာ သေပါပြီ "

"ဖယ် ချပေးတော့ "

Sky လည်း ရင်ခွင်ထဲက ကောင်လေးကို အောက်သို့ ချပေးလိုက်ကာ ရင်ဘတ်ကို ဖိထားလိုက်သည်။

"မောင်က Naniကို  စတာပါကွာ "

"မင်းရဲ့ စိတ်ထဲကိုက ပြောချင်နေတာ မလား"

"မဟုတ်ပါဘူးကွာ မောင်က Nani ကို ချစ်လို့ စတာပါ "

"မစနဲ့ သွား "

"မသွားဘူး "

Nani က တွန်းထုတ်လိုက် skyက ပြန်ဖက်လိုက်နဲ့ သောင်ပြင်ပေါ်မှာ ဒီအချိန်ထိ ကောင်လေး နှစ်ယောက် အလုပ်ရှုပ်နေသည်။

"မောင် တော်တော့လို့ "

"ဟုတ်ပြီ မောင်မစတော့ဘူးနော် လာ မောင်ပြောပြမယ် "

အရှေ့ကနေ လက်ဆွဲကာ ဦးဆောင်ပြီး သွားနေတဲ့ ကောင်လေးကြောင့် အနောက်ကနေ ဘာအသံမှ မထွက်ပဲ အသံတိတ်လေး လိုက်သွားရှာသည်။ကလေးလေးလို ဆွဲသမျှ ပါလာတဲ့ ကောင်လေးကြောင့် Sky ခြေလှမ်းတွေ ရပ်လိုက်ကာ သူနဲ့ အတူ ဘေးချင်းယှဉ်လျက် အနေထားသို့ ပြောင်းလိုက်သည်။လက်တွဲရာကနေ တစ်ဆင့် Nani ပုခုံးလေးပေါ်သို့ လက်တင်ကာ သူ့ရဲ့ အပြစ်တွေကို ပြောပြီး စိတ်ဆိုးပြေခိုင်းနေတော့သည်။

"မောင်က Nani ကိုပဲ ချစ်တယ်ဆိုတာ သိတယ်မလား "

"မသိဘူး "

"ဟောဗျာ Nani လေးနဲ့ ဆုံအောင် ပြုလုပ်ပေးတဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်တယ်ဗျို့"

အသံပြဲကြီးနဲ့ အော်နေတဲ့ လူကြောင့် Nani ထိုသူ၏ ဝမ်းဗိုက်သို့ တစ်ချက် ရိုက်ပေးလိုက်ရသေးသည်။

"မရှက်တိုင်း လျှောက်အော်မနေနဲ့"

"Nani Hirunkit ကို ချစ်တယ်ဗျို့"

"မောင် ရှက်စရာကြီး တော်တော့လို့"

"Nani Hirunkit I Love U "

"အားး ရှက်ဖို့ ကောင်းလိုက်တာ နေခဲ့တော့ "

"Nani မောင့်ကို စောင့်အုန်းလေ"

ဒီတစ်ခါတော့ Nani လုံးဝ မစောင့်ပဲ အခန်းထဲသို့ ဝင်သွားခဲ့ရာ skyတစ်ယောက် အပြေးပြိုင်ပွဲ ကစားသမားနယ် အမြန်ပြေးကာ အခန်းထဲသို့ လိုက်သွားခဲ့တော့သည်။ကောင်လေး နှစ်ယောက်အနက် မနိုင်ပဲ လိုက်လိုက်စနေတဲ့ ကောင်လေးကတော့ sky wongravee ပဲဆိုတာ အသိသာပင်။ကျီစားလိုက် ရန်များလိုက်နဲ့ နှစ်ယောက်တည်း အတူရှိနေတဲ့အချိန်လေးက တကယ်ကို ပျော်ရွှင်စရာ ကောင်းနေတော့သည်။

TBCThanks for reading, guys

(Zawgyi)

























"Nani "































"Nani "



"........."











"Nani "





























"Nani "














































































































"Nani Hirunkit I Love U "




TBCThanks for reading, guys

























"Nani "































"Nani "



"........."











"Nani "










There are no comments yet. Log in to be the first to leave a review!

Similar stories