part 43
19:45, 21 April 2025(Unicode)
"Nani "
"မင်းဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ "
Nani hotel သို့ ရောက်တော့ ခေါ်သံတစ်ခုက မထင်မှတ်ထားပဲ ထွက်ပေါ်လာခဲ့သည်။ဇာတ်လမ်းတစ်ပုဒ်ဟာ ပြီးဆုံးသွားပြီးမှ ဘာလို့ အစကနေ ပြန်လည်ရောက်လာရတာလဲ ဆိုပြီး သူ့ရှေ့က အသံပိုင်ရှင်ကြောင့် အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။
မိမိရှေ့မှာ ရပ်နေတဲ့ လူက ခြေတစ်လှမ်းတိုးလာတော့ Nani ကိုယ့်ကိုကိုယ် အနောက်သို့ ဆုတ်လိုက်မိသည်။
"Nani မောင်...."
"မင်းနဲ့ငါလည်း ဘာမှ မဆိုင်တော့ဘူး ဘာလို့ ငါ့ရှေ့မှာ ပေါ်လာရတာလဲ "
Skyလည်း ရှင်းပြဖို့ ကြိုးစားနေသော်လည်း တစ်ဖြည်းဖြည်း နောက်ဆုတ်သွားတဲ့ ခန္ဓာကိုယ်လေးကြောင့် ပြောစရာတွေ မထွက်နိုင်လောက်အောင်ကို သတ္တိနည်းရပါသည်။
"မောင် တောင်းပန်ပါတယ် မောင်ရှင်းပြတာလေး နားထောင်ပေးပါအုန်း"
"ရတယ် တောင်းပန်စရာ မလိုဘူး မင်းနဲ့ငါနဲ့ ကြားမှာ ဘာပတ်သတ်မှု့မှလည်း မရှိတော့ဘူး"
"Nani မောင့်ကို တကယ်ပဲ စိတ်ပျက်သွားပြီလား"
"ငါမင်းပေါ်မှာ စိတ်ပျက်ရမဲ့ အနေထားလည်း မဟုတ်ဘူး မင်းနဲ့ငါ ဘာကြောင့် လက်ထပ်ရတာလဲ ဆိုတာ မင်းသိပြီးမယ်လို့ ငါထင်တယ် "
Sky ကို ပြောစရာ ရှိတာ ပြောခဲ့ပြီး hotel ထဲသို့ ဝင်မည့်အလုပ် ရုတ်တရက် လက်ကို ဆောင့်ဆွဲခံလိုက်ရသည်။
"Nani ဘက်က မောင့်ကို ဘာတွေပဲ ပြောပြော ကွာရှင်းစာချုပ်မှာ မောင်လက်မှတ်မထိုးရသေးသ၍ Nani နဲ့ မောင်က လက်ထပ်ထားတဲ့ လူတွေပဲ "
"ဘာကို လက်ထပ်တာလဲ ဒါတွေက ငါတို့မိသားစုရဲ့ ပြဿနာကြောင့် မင်းဒယ်ဒီနဲ့ အပေးအယူ လုပ်ခဲ့ရုံပဲ သက်သက်ပဲ sky ငါ့လက်ကို လွှတ်လိုက်တော့!"
"မလွှတ်ဘူး ကျေးဇူးပြုပြီး မောင်ပြောတာလေးကို နားထောင်ပါအုန်း"
Nani အားကုန်သုံးကာ skyရဲ့ လက်ကို ဖယ်ချသေးလည်း ကျစ်ကျစ်ဆုပ်ထားတဲ့ လက်ပိုင်ရှင်ရဲ့ အားကို မတိုးနိုင်ပေ။
"မင်းရဲ့ အဲ့လက်တွေနဲ့ ငါ့ကို လာမထိနဲ့ ရွံတယ် ငါ့လက်ကို အခုချက်ချင်း လွှတ်လိုက်တော့"
"Nani ဘာဖြစ်နေတာလဲ မောင်ရှင်းပြတာလေးကို နားမထောင်ပေးနိုင်ဘူးလား!"
"မင်းငါ့ကို လာအော်စရာ အကြောင်းမရှိဘူး မင်းလုပ်ချင်တိုင်း ငြိမ်ခံတက်တဲ့ ထဲမှာ ငါမပါဘူး အဲ့လက်တွေ မလွှတ်ဘူးလား ရတယ် ငါလုံခြုံရေးခေါ်ပေးမယ်"
ဘယ်လိုမှ ပြောမရတဲ့ အဆုံး လုံခြုံရေး ခေါ်ဖို့သာ Nani တွေးလိုက်တော့သည်။လုံခြုံရေးတွေ ရောက်လာတော့ Nani လည်း sky ဆီကနေ အမြန်ဆုံး ပြေးထွက်ကာ ခြေရာ ဖျောက်ခဲ့လိုက်သည်။
Sky's pov
ရှာနေတဲ့ ကောင်လေးကို တွေ့သော်လည်း ပျော်ရွှင်ရမယ်လို့ ထင်ထားခဲ့တာ။တကယ့်လက်တွေ့မှာတော့ ထိုကောင်လေးက ခါးခါးသီးသီးကို ဖြစ်နေခဲ့တော့သည်။မောင်ဘယ်တော့မှ လက်မလျော့ဘူး Nani ကို ရှင်းပြမှာမို့ မောင့်ကို မထားခဲ့ပါနဲ့နော် မောင် ဘာတွေ လုပ်ရ လုပ်ရ Nani ကျေနပ်တဲ့ အထိ တောင်းပန်မှာပါကွာ
Skyလည်း hotel ထဲသို့ သွားကာ Nani နဲ့ ဘေးကပ်ရပ် အခန်းသို့ မရပေမဲ့လည်း hotel ကတော့ တူတူ ဖြစ်သည်။ reservation မှာ Nani ဆိုတဲ့ ကောင်လေးရဲ့ room no.ကို မေးသော်လည်း privacy မို့ ပြောပြခွင့် မရသောကြောင့် ဒီညတော့ လွှတ်ပေးထားအုန်းမယ် ဆိုပြီး skyသူ့အခန်းထဲမှာ အိပ်မပျော်ဖြစ်နေသည်။
Nani's pov
ငါဒီမှာ ရှိနေတယ် ဆိုတာကို skyက ဘယ်လို လုပ်သိသွားရတာလဲ။တစ်ဖက်မှာလည်း သူအရင်က မျှော်နေခဲ့တဲ့ မျက်နှာလေးကို မြင်လိုက်ရပေမဲ့ သိစိတ်မှာလည်း ကိုယ့်စိတ်ကို ပိတ်ပင်တားမြစ်ထားနေသည်။သူနဲ့ ကိုယ့်ကြားမှာ ဘာပတ်သတ်မှုမှ မရှိတော့ဘူး ဆိုပြီး Nani ကိုယ့်ဦးနှောက်မှာ ထိုစကားကိုပဲ လွှမ်းမိုးစေခဲ့သည်။
ညတွင်းချင်း ထိုနေရာကနေ ထွက်သွားဖို့ လုပ်ပေမဲ့ ဘယ်နေရာကို သွားရမလဲ မသိတာကြောင့် အခက်တွေ့နေတော့သည်။N'Nick ဆီကို ဖုန်းဆက်ကာ အလုပ်မလုပ်ဖြစ်တော့ကြောင်းကို အသိပေးလိုက်ပေမဲ့လည်း တစ်ဖက်လူကလည်း အဲ့လိုမလုပ်ပါနဲ့ P'မရှိရင် သူတစ်ယောက်တည်း မနိုင်လို့ပါ ဆိုပြီး တောင်းတောင်းပန်ပန် ပြောရှာတော့လည်း အားနာမိပြန်သည်။
Naniရဲ့ အခုအခြေနေကတော့ အလွန်ပင် အကြပ်ရိုက်စေရပါသည်။ဒီကနေ နောက်တစ်နေရာကို ပြောင်းဖို့ လုပ်ပေမဲ့လည်း အခက်အခဲတွေ ရှိနေတာကြောင့် skyနဲ့ မတွေ့အောင် ရှောင်ပြေးဖို့ပဲ လုပ်ရတော့မည် ဖြစ်သည်။
~~~~~~~~~~
Mike တစ်ယောက် ညကြီးမှာ ထူးထူးဆန်းဆန်း ဖုန်းခေါ်သောကြောင့် Naniစဉ်းစားခန်း ဖွင့်ရတော့သည်။
"Hello P'Nani "
"အင်း N'mike "
"P'Nani အဆင်ပြေလား "
Mikeလည်း အဆင်ပြေပါ့မလား ဆိုပြီး စိုးရိမ်သဖြင့် ဖုန်းခေါ်လိုက်ရခြင်း ဖြစ်သည်။
"P'အဆင်ပြေပါတယ် ဘာလို့လဲဟင်"
"ကျွန်တော် သတိရလို့ ဆက်လိုက်တာပါ အခုရော P'ဘာလုပ်နေတာလဲ"
"P' hotel အခန်းထဲမှာ "
အခြေနေတွေကို ဒီထက် မဆိုးလာအောင် mikeအနေနဲ့ ကြားကနေ ကူညီပေးချင်တာ အမှန်ပင်။
"P' နဲ့ ကျွန်တော် စကားပြောလို့ ရလား"
"ရပါတယ် N'mike က ဘာပြောမလို့လဲ "
Mikeဘက်ကတော့ အသံခန ရပ်သွားကာ ရဲဆေးတင်တဲ့ အနေဖြင့် အသက်ကို ပြင်းပြင်းရှုလိုက်သည်။
"P'တကယ်တော့လေ Khun sky ကတော့ P'ကိုပဲ ချစ်ခဲ့တာပါဗျာ "
"ဘာလို့ skyအကြောင်းလဲ သူ့အကြောင်းဆို P'ဖုန်းချလိုက်တော့မယ် "
Nani ဒီချိန်မှာ ဘာမှလည်း မကြားချင်တော့ သူ့အနေနဲ့ အရင်က skyမရှိရင် မနေနိုင်တော့တဲ့ ဘဝကနေ အခုလို နေသားကျအောင် ပြုလုပ်ခဲ့ရတာက ကိုယ်ကိုတိုင်ပဲ ဖြစ်နေတော့ ထပ်ပြီး ခံစားရမဲ့ ဘဝကို မလိုချင်တော့ပေ။
"P' ခနနေပါအုန်း ကျွန်တော့ပြောတာကို အရင်ဆုံး နားထောင်ပေးဖို့ တောင်းဆိုပါတယ် ပြီးမှ P'ကြိုက်သလို ဆုံးဖြတ်ပါနော် "
Mikeဘက်ကနေ အခုလို skyအကြောင်းတွေ ပြောနေပုံသောကြောင့် အခုသူဒီမှာ ရှိနေတာကို ပြောပြလိုက်တာ mikeလား ဆိုပြီး Nani သံသရ ဝင်သွားတော့သည်။
"အခု P'ဒီမှာ ရှိတယ်ဆိုတာ skyကို ပြောပြလိုက်တာ N'mike လား "
"ကျွန်တော်ရှင်းပြတာလေးကို အရင်နားထောင်ပေးပါနော် "
"............"
"P'Nani...... P'Nani "
"အင်း "
"ဒီလိုပါ P' "
Mikeဆီကို ညကြီး အချိန်မတော် ဖုန်းနံပါတ်စိမ်းတစ်ခုက ဝင်လာခဲ့တော့ ကိုင်လိုက်ရာ Khun sky ဖြစ်နေပြီး P'Nani ဘယ်မှာ ရှိလဲ ဆိုတာ မေးသောကြောင့် အံ့အားသင့်သွားခဲ့ရသည်
Mikeအနေနဲ့ သူ့အရှေ့မှာ Nani တစ်ယောက် ခံစားနေရတာတာတွေကိုလည်း အကြောင်းစုံ ပြောပြခဲ့သည်။P'Nani အနေနဲ့ သူ့အဖေကြောင့် လက်ထပ်ခဲ့ရပေမဲ့ Khun sky ပေါ်မှာ P'က တကယ်ချစ်တာပါ ဆိုတာလေးကလည်း မပါမဖြစ် ထည့်ပြောခဲ့သည်။
P'Nani ရည်းစားထားခဲ့တာလည်း တစ်ခါမှ မရှိခဲ့သလို အခုလို ပျော်ရွှင်နေတာကလည်း Khun sky ကြောင့်ပါ ဆိုပြီး ရှင်းပြခဲ့သည်။ဒါပေမဲ့ ဒီလိုဖြူစင်တဲ့ P'ကိုမှ ဘာလို့ ဒီလိုမျိုး ပြုမူရတာလဲ ဆိုပြီး mikeတစ်ယောက် ဖုန်းပြောရင်း skyပေါ်ကို ပေါက်ကွဲခဲ့သေးတယ်။ဘာပြဿနာတွေပဲ ဖြစ်ဖြစ် P'Nani အပေါ်မှာတော့ မရက်စက်သင့်ဘူးမလား အခုရော ပိုချစ်တဲ့သူ ရှိနေပြီမလား P'Nani သူ့ဘာသူ နေပါစေတော့ ဆိုပြီး တည်နေရာကို မပြောပဲ နှုတ်ပိတ်နေခဲ့သည်။
Skyဘက်ကနေလည်း ဒီအရာတွေက မဟုတ်မှန်ကြောင်းနဲ့ Nani က လွှဲပြီး သူဘယ်သူ့ကိုမှ မချစ်ဘူး ဆိုတာလည်း mikeအား ပြောခဲ့သည်။သူ့အနေနဲ့ သံသယ ဝင်မိတဲ့ စိတ်ကြောင့် အရွဲ့တိုက်ကာ အိမ်မပြန်ခဲ့ပေမဲ့ နောက်တစ်ယောက် ထပ်ချစ်ဖို့ နေနေသာသာ ဘယ်သူနဲ့မှ ပတ်သတ်မှု မရှိကြောင်းလဲ ပြောလိုက်သည်။ဒါကြောင့်မို့ Nani ရှိတဲ့ နေရာကို ပြောပြပေးနိုင်မလား ဆိုပြီး တောင်းပန်စကား ဆိုခဲ့သည်။
Mikeလည်း Khun sky ဆီကနေ အကြောင်းစုံ သိရှိရပြီးနောက် P'Nani ရှိတဲ့ နေရာသို့ ညွှန်ပေးလိုက်ရခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့လိုက်သည်။
"P'အခု ကျွန်တော်ပြောတဲ့ အရာတွေက လုပ်ကြံပြီး ပြောထားတာ တစ်ခုမှ မပါပါဘူး P'ဘက်က လျှို့ဝှက်ထားဖို့ တောင်းဆိုခဲ့ပေမဲ့ Khun skyကို ပြောပြလိုက်လို့လဲ ကျွန်တော် တောင်းပန်ပါတယ် P'ကျွန်တော့ကို စိတ်ဆိုးချင်လည်း ဆိုးပါ"
".........."
N'mike ရှင်းပြလို့ အရာအားလုံးကို Nani သိသွားပေမဲ့လည်း Nani အနေနဲ့ skyကို ထပ်ချစ်ဖို့ အတွက် စိတ်ထဲမှာ အနည်းငယ် စိုးထိတ်မိပါသည်။
"P' ကျွန်တော် တောင်းပန်ပါတယ်ဗျာ Khun sky ရော P'ဆီကို ရောက်လာတယ်မလား "
Skyကတော့ mikeနဲ့ ဖုန်းပြောပြီးနောက် Nani ဆိုတဲ့ ကောင်လေးကို တွေ့ရဖို့ ချက်ချင်းကားဖြင့် ပင်လယ်သို့ လိုက်လာခဲ့လိုက်သည်။ပင်လယ်ကို ရောက်တော့ ရှိသမျှ hotel တွေမှာ လိုက်ရှာတာလည်း မတွေ့ခဲ့။လက်မလျှော့ပဲ သူတို့ တည်းခဲ့တဲ့ hotel ရှေ့မှာပဲ ညနေအထိ Nani လာမှာကို ထိုင်စောင့်နေမိခဲ့သည်။ဒီလိုနဲ့ မျှော်နေတဲ့ သူ့ကို နောက်ဆုံးမှာ တွေ့ခဲ့ရပေလည်း အထင်နဲ့အမြင်က လုံးဝကို ကွာခြားလွန်းခဲ့ပြီး Naniရဲ့ ခံစားချက်တွေက သူ့အပေါ်မှာ ပြတ်သားလွန်းလှသည်။
"N'mike ပြောချင်တာ ဒါပဲမလား P'ဖုန်းချလိုက်တော့မယ် "
"P' ခနလေး နေပါအုန်း P'လည်း Khun sky ကို ချစ်ရဲ့သားနဲ့ ကိုယ့်ကိုကိုယ် အပင်ပန်းမခံပါနဲ့ "
"P'ဖုန်းချတော့မယ် "
Naniလည်း ဖုန်းကို တန်းချပစ်လိုက်ပြီး အခန်းတံခါးမှာ မှီထိုင်နေတော့သည်။အချစ်ဆိုတာ လေပြည်တွေလည်း ပေးနိုင်သလို တစ်ခါတစ်လေ ကျရင်လည်း မုန်တိုင်း ဖြစ်နိုင်တယ် ဆိုတာကို Nani ခံစားမိဖူးသွားပြီ ဖြစ်သည်။
အရာအားလုံးကို လွှတ်ချပြီး သူထွက်လာခဲ့ပေမဲ့ ဒီလိုတွေ လုပ်နေရတာကရော သူ့အတွက် အဓိပ္ပာယ် ရှိရဲ့လား ပျော်ရွှင်နေရလား ဆိုတာ Nani ခွဲခြားရခက် နေပြီ။
သိစိတ်မှာ တောင့်ခံနေပေမဲ့လည်း မသိစိတ်ရဲ့ တစ်နေရာမှာ ပြိုလဲနေပြီဆိုတာ အသိသာပင်။ကုတင်ထက်မှာ နေရာယူရင်း လူတွေဆိုတာ သူ့အကြောင်းနဲ့သူ ဖြစ်တည်ဖို့ ပါလာပြီးသားနဲ့ အချစ်ဆိုတဲ့ အရာကလည်း နှစ်ဦးနှစ်ဖက် ချစ်နေမှ မြဲနိုင်မည် ဖြစ်ကြောင်းနားလည်လာခဲ့သည်။
ချစ်ပါတယ် ထားမသွားဘူး ပြောပေမဲ့လည်း ခွဲခွာရမည့် အချိန်ရောက်ရင် ခွဲခွာရစမြဲပင်။ကံဆိုတာ လူက ဖန်တီးတာတဲ့ Nani အနေနဲ့ သူ့ရဲ့ ကံကြမ္မာကို ပြုပြင်ခွင့်ရမယ် ဆိုရင် အချစ်ဆိုတဲ့ စိတ္တနာမ်လေးကို မထည့်မိမှာ အသေချာပင်ဖြစ်သည်။
~~~~~~~~~~~~~~~~~
တစ်မြို့ထဲ တစ်နေရာထဲမှာ အတူရှိနေပေမဲ့ နှလုံးသားချင်းကတော့ ကမ္ဘာခြားနေသလိုဖြစ်သည်။မနက်အာရုံမှာ သူမျှော်နေတဲ့ လူသားလေးဆီကို သွားချင်ပေမဲ့လည်း သူ့ကြောင့်ဆိုပြီး စိတ်အနှောက်ယှက် ဖြစ်သွားမှာ ဆိုးလို့ ပေါ်ပေါ်ထင်ထင် မလုပ်ရဲပေ။
ဒီလိုတွေ့ရဖို့တောင် သူကြိုးစားခဲ့ရတာ နောက်တစ်ကြိမ်သာ ဆိုတဲ့ အသံလည်း မကြားချင်တော့သလို နောက်တစ်ခါများ သူ့နဲ့ အဝေးကို ထွက်ပြေးသွားမယ် ဆိုပြီး skyရဲ့ ကမ္ဘာကြီးက လုံးဝကို အမှောင်ဖုံးသွားနိုင်သည်။
ဒါကြောင့်မို့ ထိုကောင်လေး နောက်ကို မသိမသာ လိုက်ချင်ပေမဲ့လည်း မလိုက်ရဲတာကြောင့် sky လူငှားကာ Nani နောက်လိုက်ဖို့ စုံစမ်းခိုင်းထားသည်။
မနေ့ညက တွေ့လိုက်ရတဲ့ လူက အခုမနက်မှာ ဘာအရိပ်ရောင်မှ မတွေ့ရသေးတော့ Nani စိတ်ထဲမှာ အနည်းငယ် လွတ်လပ်သယောင် ဖြစ်နေသည်။ဒီနေ့က bakery ဆိုင်မှာ ပထမဆုံး အလုပ်လုပ်ရမဲ့ နေ့ဖြစ်တာကြောင့် Nani မနေ့က အကြောင်းရာတွေကို ခေါင်းထဲမှ ထုတ်ကာ သပ်သပ်ရပ်ရပ် ဝတ်စားပြီး ဆိုင်ကယ် ကယ်ရီလေးဖြင့် သွားလိုက်သည်။
ကိုယ်တိုင်လည်း ဆိုင်ဖွင့်ထားတာ ဆိုတော့ ဝီရိယ ရှိရှိဖြင့် စောစော သွားခဲ့လိုက်သည်။ခေါ်ထားတဲ့ အချိန်ထက် စောရောက်နေခဲ့ပေမဲ့ ဆိုင်ထဲမှာ N'nickက ရောက်နေပြီးသား ဖြစ်သည်။
"N'nick မင်္ဂလာပါ "
"P'Nani စောလှရီလား ဒီလောက် အစောကြီး လာစရာ မလိုပါဘူးဗျ"
"ရပါတယ် P'လည်း ပထမ နေ့မလို့ ရင်ခုန်လို့ပါ"
"ဟုတ်ပါပြီဗျာ "
Nani ကတော့ သူလွယ်လာတဲ့ အိတ်ကလေးကို သိမ်းဆည်းကာ ဆိုင်logoပါတဲ့ အေပရွန်လေးကို ဝတ်လိုက်ပြီး N'nick ပေးတဲ့ listလေး အတိုင်း ဒီနေ့ အတွက် မုန့်တွေကို စတင် လုပ်ဆောင် တော့သည်။
မုန့်တွေ ပြင်ဆင်ပြီးသွားတော့ ခုံတွေ သေချာ စီပြီး close ဆိုတဲ့ ကဒ်ပြားလေးကနေ openဆိုတဲ့ အနေထားဘက်သို့ လှည့်လိုက်သည်။
အစပိုင်းမှာတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ မြို့မှာ အလုပ်လုပ်နေရတော့ စိတ်ထဲမှာ ကြောက်စိတ်လေး ဖြစ်မိပေမဲ့ ပထမ တစ်ရက်တာကတော့ အဆင်ပြေ ချောချောမွေ့မွေ့ ရှိလှသည်။
"P' အဆင်ပြေလား "
"အဆင်ပြေပါတယ် "
"ခနနေ လူရှင်းရင် ကျွန်တော်တို့ နေ့လည်စာ စားကြမယ်လေ "
"အင်း "
နေ့လည်စာ စားချိန်ရောက်တော့ nickပြောသလို တကယ်ကို လာဝယ်သူ ကြဲလာတာ အမှန်ပင်။Naniလည်း ဆောင်ထားတဲ့ ပိုက်ဆံလေးကို ယူကာ နေ့လည်စာ သွားဝယ်ဖို့ N'nick ကို ပြောလိုက်ပေမဲ့ သွားစားစရာ မလိုဘူး ကျွန်တော့ဆိုင်မှာပဲ စားရမယ် ဆိုလို့ အားနာနာနဲ့ စားခဲ့လိုက်ရသည်။
ညနေပိုင်းကတော့ အပျင်းပြေ လာထိုင်တဲ့ လူတွေနဲ့ ပါဆယ်လာဝယ်တဲ့ လူတွေက များလာခဲ့သည်။အခုNaniပါ ရှိနေသောကြောင့် nickတစ်ယောက် စိတ်မမောရပဲ အတွဲညီညီ အလုပ်လုပ်လို့ ကောင်းတဲ့ အဖော်တစ်ယောက်ပါ ရှိနေခဲ့သည်။
ဆိုင်လေးကတော့ ဖွင့်ချိန်နဲ့ ပိတ်ချိန်က အမြဲ တိကျနေတာမို့ အခုဆို မုန့်တွေလည်း ကုန်သလောက် ရှိနေပြီဖို့ ပိတ်ရမဲ့ အချိန်တောင် ရောက်လာခဲ့ပြီ ဖြစ်သည်။Naniရဲ့ Day 1လေးကတော့ ဘာအခက်ခဲမှ မရှိသည့် အပြင် ဆိုင်လာတဲ့ ကောင်မလေး အချို့ကပါ ချောလို့ ဆိုပြီး ကြိတ်တိုးလေး ပြောနေခဲ့ကြသည်။
~~~~~~~~~~~~~~~
ထုံးစံ အတိုင်း ကယ်ရီလေးနဲ့ ပြန်လာခဲ့ရာ အနောက်ကနေ သတိရှိရှိဖြင့် မျက်လုံးကို ဘေးပတ်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ထိုသူ သူ့ရှေ့ကို နောက်တစ်ခေါက် ရောက်လာမှာကို စိုးရိမ်သဖြင့် Nani မျက်လုံးကို ကစားလိုက်သော်လည်း ဘာမှ မတွေ့ သောကြောင့် စိတ်သက်သာရာ ရခဲ့သည်။hotel ရှေ့ အရောက်ကယ်ရီပေါ်က ဆင်းကာ ကျသလောက် ပေးခဲ့ပြီး ကိုယ့်အခန်းထဲသို့ ပြန်လာခဲ့တယ်။
ကောင်လေးတစ်ယောက်က အန္တရာယ်ကင်းကင်း အခန်းထဲ ရောက်သွားပေမဲ့ ထိုကောင်လေးကို ဘယ်ကနေ ဘယ်သို့သွားတာလဲ ဆိုပြီး နောက်ယောင်ခံနေတဲ့ ကောင်လေးမှာလည်း တိကျတဲ့ အချက်လက်တွေကို ရခဲ့တော့ ဝမ်းသာ သွားခဲ့သည်။
Nani လည်း အလုပ်ကအပြန် ရေချိုးလိုက်ပြီး dining room မှာ ညစာ သွားမစားတော့ပဲ ရေမချိုးခင် menu card ကနေ အစားစာ တစ်ချို့ မှာယူခဲ့လိုက်သည်။မှာထားတာကလည်း ကြာအုန်းမှာ ဆိုတော့ သူအနေနဲ့ ရေအရင်ချိုးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
သူထင်ထားတဲ့ အတိုင်းပဲ မှာထားတာတွေက မရောက်သေးတော့ ရေချိုးဖြီးလိမ်းကာ စောင့်နေခဲ့သည်။တွေးလို့ပင် မဆုံးသေးဘူး တံခါးခေါက်သံ ကြားတော့ Nani တစ်ယောက် မှာထားတာတွေ လာပို့တာ နေမှာ ဆိုပြီး သွားဖွင့်ဖို့ လုပ်လိုက်သည်။
တံခါးဖွင့်လိုက်ရာ မှာထားတဲ့ ညစာကို လာပို့တဲ့သူ မဟုတ်ပဲ sky ဖြစ်နေတော့ Nani ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းတံခါးပိတ်ဖို့ လုပ်လိုက်ပေမဲ့ အရင်ခနဲက ကိုယ့်ထက် ငယ်ပေမဲ့ ခန္ဓာကိုယ် ထွားကြိုင်းတဲ့ သူ့ရဲ့ ခွန်အားကို မယှဉ်နိုင်ခဲ့ပေ။
Skyလည်း မိမိကို မြင်ပြီး အလန့်တကြား တံခါးပိတ်လိုက်တဲ့ ကောင်လေးကြောင့် အားအနည်းငယ်သုံးပြီး တွန်းဖွင့်လိုက်ရာ မိမိထက် သေးသွယ်တဲ့ခန္ဓာကိုယ် လေးက တောင့်မခံနိုင်သဖြင့် အခန်းထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။
"မင်းငါ့အခန်းထဲကို ဘာလာလုပ်တာလဲ ထွက်သွား "
"မောင်ရှင်းပြတာကို နားမထောင်သရွေ့ မသွားဘူး "
"မင်းမသွားရင် ငါသွားမယ် "
Nani အခန်းထဲကနေ ထွက်သွားဖို့ လုပ်လိုက်ပေမဲ့ အနောက်ကနေ လှမ်းဆွဲခံလိုက်တော့ skyရဲ့ ရင်ခွင်ထဲသို့ ရုတ်တရက် ရောက်သွားခဲ့သည်။
အတင်းရုန်းကန်နေတဲ့ ကြောင်ပေါက်လေးကြောင့် skyလည်း ဒူးအောက်ကနေ လျှိုကာ ကုတင်ပေါ်သို့ ပွေ့ချီသွားခဲ့သည်။
"လွှတ်စမ်း ငါ့ကို"
"ငြိမ်ငြိမ် မနေရင် မောင်ပစ်ချလိုက်မှာနော်"
"ချလိုက် ပင်လယ်ထဲကိုပါ ပစ်ချလိုက် မင်းဆီမှာ နေရမှာထက် သေသွားတာကမှ ပိုကောင်းအုန်းမယ် "
"Nani !!!"
Skyတစ်ယောက် ကြားလိုက်ရတဲ့ စကားကြောင့် ရင်ထဲ မဆန့်အောင် ခံစားရပါသည်။
"ချလိုက်လေ မင်းဘာလုပ်နေတာလဲ"
Skyလည်း Nani ခန္ဓာကိုယ်လေးအား ကုတင်ပေါ်သို့ အသာတချီ ချပေးလိုက်သည်။ပြီးနောက် ကုတင်ပေါ်ကနေ ဆင်းသွားပြီး Nani မှာမူ ချက်ချင်း ထကာ အခန်းထဲကနေ ထွက်သွားမည့် အလုပ် Skyကုတင်နားမှာ ဒူးလေးထောက်ကာ ထတော့မဲ့ ကောင်လေးရဲ့ လက်အား လှမ်းဆွဲကာ ကုတင်ထပ်မှာ ထိုင်စေခဲ့လိုက်သည်။
"Nani မောင်ပြောတာလေးကို ခနလောက် နားထောင်ပေးပါကွာ "
"ဘာမှ နားမထောင်ချင်ဘူး မင်းမျက်နှာကိုလည်း မမြင်ချင်ဘူး ငါ့အရှေ့ကနေ ထွက်သွားပါတော့"
"မောင်ပြောတာတွေကို နားမထောင်မချင်း ထွက်မသွားဘူး"
အခုချိန်ထိ သူပြောတာကို နားထောင်ဖို့ တောင်းဆိုနေတဲ့ ကောင်လေးကတော့ ကုတင်ဘေးကနေ ဒူးလေး ထောက်ကာ Nani လက်ကလေးကို ကိုင်ရင်း တောင်းပန်စကား ဆိုနေတော့သည်။
"မထိနဲ့ ငါ့လက်ကို!"
"မောင်တောင်းပန်ပါတယ် မောင်ဘာလုပ်ပေးမှ Nani ကျေနပ်မှာလဲ"
"မင်းနဲ့ငါ့ကြားမှာ ဘာမှလည်း မရှိခဲ့တာမို့ မင်းတောင်းပန်စရာ မလိုဘူး "
"ရှိတယ် မောင်တို့ကြားမှာ မေ့လို့ မရတဲ့ ကိစ္စတွေ အများကြီးပဲ"
"အဲ့တာတွေက မင်းဘက်ကပဲ ငါ့ဘက်က မင်းအပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူး "
"Nani သေချာလား"
".........."
Skyမေးတဲ့ မေးခွန်းအတွက် Nani ဖြေဖို့ ခဲယဉ်းလှသည်။သူ့ဘဝမှာ အချစ်ဆိုတာ ဒီလူနဲ့မှ သိခဲ့ရတာ ဘယ်လောက်ပဲ အပေးယူကြောင့် လုပ်ခဲ့ရပေမဲ့လည်း skyကို သူတကယ် ချစ်ခဲ့တာကတော့ လိမ်လို့ မရတဲ့ အမှန်တရား တစ်ခုပင်ဖြစ်သည်။
"Naniလည်း မောင်နဲ့ ထပ်တူပဲ ဆိုတာ မောင်ယုံတယ် မောင့်ကို ချစ်ရင် အခွင့်ရေးလေး ပေးပါကွာ"
မေးတဲ့လူရဲ့ အဖြေကို မပြောပဲ မျက်နှာလေး ကို ဟိုဘက်သို့ Nani လှည့်ထားမိသည်။
"Naniအပေါ်မှာ ဘာမဟုတ်တဲ့ ဓာတ်ပုံကြောင့် သံသယ ဝင်မိခဲ့တဲ့ အတွက် မောင်တောင်းပန်ပါတယ် အရွဲ့တိုက်ပြီး အိမ်ပြန်မလာခဲ့တဲ့အပြင် ဖုန်းကို စက်ပိတ်ထားခဲ့တဲ့ အတွက်ရော မောင့်ကြောင့် ဆေးရုံရောက်ပြီး ပင်ပန်းခဲ့တာတွေ အားလုံးအတွက် မောင်တောင်းပန်ပါတယ်
မောင့်ရဲ့ ဒေါသထွက်လွယ်တက်တဲ့ အကျင့်က မောင်တို့ကြားမှာ တကယ်ကို ဆိုးရွာ စေခဲ့ပါတယ် ကိုယ်ချစ်တဲ့လူကို မယုံကြည်ပဲ စကားလုံးကြမ်းတွေနဲ့ ထင်ရာတွေ ပြောခဲ့မိတဲ့ အတွက်လည်း တောင်းပန်ပါတယ်
မောင့်ကို ခွင့်လွှတ်ဖို့ မဖြစ်နိုင်သေးရင်တောင် ထားမသွားပါနဲ့ Nani မရှိတဲ့ မောင့်ဘဝက သေတာနဲ့ မခြားပါပဲ မောင် နေရာအနှံ့ ရှာခဲ့ပေမဲ့ Naniသာ မောင့်ဆီကနေ ပျောက်သွားခဲ့မယ် ဆိုရင် မောင့်ဘဝက နေရတာထက် သေရတာကမှ ပို အဓိပ္ပာယ်ရှိအုံးမယ်"
"Sky!!"
"အင်း နောက်ဆုံးတော့ မောင့်Naniက ဒီလို မကောင်းတဲ့ ကောင်ကို လှည့်ကြည့်ခဲ့ပြီပေါ့ မောင်မလိမ်ပါဘူး မောင်လေ Naniကို ဆုံးရှုံးလိုက်ရတဲ့ အချိန်က မောင့်ဘဝတွက်နောင်တအရဆုံးပဲ ကိုယ့်ကိုကိုယ်ပဲ အပြစ်တွေ တင်မိတယ် မောင်သာ အိမ်ပြန်လာခဲ့ရင် ဆိုတဲ့ စိတ်က အမြဲခြောက်လှန့်နေခဲ့တယ်"
"မဟုတ်... ငါ...."
"Nani နဲ့ ဒယ်ဒီကြားမှာ ဘယ်လို အပေးယူတွေပဲ ရှိခဲ့ရှိခဲ့ ဒီအိမ်ထောင်ရေး သက်တမ်း တစ်ခုလုံးမှာ မောင့်ဘက်ကတော့ ခံစားချက်တွေ စစ်မှန်ခဲ့တယ် Nani ဘက်ကလည်း မောင့်လိုပဲ ထပ်တူဖြစ်နေခဲ့မယ်လို့ မောင်ယုံတယ်"
မောင်..
"မောင်တို့ တွေ့ဆုံမှုက ဘာအကြောင်းပြချက် ကြောင့် စခဲ့စခဲ့ မောင်ပြောင်းလဲ လာတယ် ဆိုတာက Nani ပေါ်မှာ ထားတဲ့ မောင်ရဲ့ အချစ်တွေကြောင့်မို့ပဲ။ချုပ်နှောင်ခြင်းတွေ စည်းမျဉ်းစည်းကမ်းတွေကို မကြိုက်လို့ အမြဲလုပ်ချင်တာတွေ လုပ်ပြီး လေလိုလွှင့်မျောနေခဲ့တဲ့ မောင်က မဒယ်ဒီနဲ့မာမီ အတွက် ဂုဏ်ယူရတဲ့ သားကောင်းတစ်ယောက် မဟုတ်ခဲ့ပေမဲ့ Naniဆိုတဲ့ ချည်တိုင်လေးနဲ့ တွေ့မှ အမြဲဒီချည်တိုင်လေးဆီမှာပဲ ချုပ်နှောင်ခံချင်လာတယ် အဲ့ဒီ ဦးတည်ရာလေးကြောင့် မောင်အလုပ်တွေ ကြိုးစားပြီး အရင်ပုံစံကနေ ပြောင်းလဲခဲ့တာပါ"
ထိုအခါ ကုတင်ထက်က ကောင်လေးကတော့ မျက်ရည်ဥများ ပါးပြင်ပေါ်သို့ ကြွေကျလာခဲ့ပြီး ရှိုက်သံလေးတွေပါ ထွက်ပေါ်လာခဲ့သည်။ကုတင်ဘေးမှာ ဒူးထောက် ထိုင်နေတဲ့ ကောင်လေးကလည်း ငိုနေတဲ့ ကောင်လေးကို မျက်ရည်သုတ်ပေးဖို့ ကုတင် ပေါ်သို့ ဝင်ထိုင်လိုက်သည်။
မောင်နဲ့ နေခဲ့တဲ့ တစ်လျှောက်လုံး Naniကို ငိုအောင် လုပ်ခဲ့မိတဲ့ အတွက် မောင်တောင်းပန်ပါတယ်နော်
Skyတစ်ယောက် တောင်းပန်ရင်း ငိုနေတဲ့ ကောင်လေးရဲ့ ပါးပြင်အား သူ့လက်မလေးနဲ့ ငြင်ငြင်သာသာလေး သုတ်ပေးလိုက်သည်။
မဟုတ်ဘူး မောင်
Nani လည်း skyအား ဖတ်ကာ ပုခုံးပေါ်မှာ မျက်နှာလေး အပ်နှင်းရင်း ကလေးတစ်ယောက်နယ် ငိုနေတော့သည်။
Naniလည်း မောင့်ကို တောင်းပန်ပါတယ်နော် မိသားစု ပြဿနာကြောင့် မောင့်အပေါ်မှာ လိမ်ခဲ့ရတာတွေရော ထွက်သွားခဲ့တာတွေရော တောင်းပန်ပါတယ် မောင်ပြန်မလာတဲ့ နေ့ခနဲက မောင့်ဖုန်းကို ဆက်ပေမဲ့လည်း ကောင်မလေး တစ်ယောက်က ကိုင်တော့ မောင်Naniကို တကယ်မုန်းသွားပြီ ထင်ခဲ့တာ
မောင့်ဘက်က Naniကို စိတ်နာသွားရင်တောင် မောင်အိမ်ကို ဘယ်ချိန်များ ပြန်လာမလဲ ဆိုပြီး အရူးတစ်ယောက်လို စောင့်နေခဲ့တာ ဒါပေမဲ့ မောင်ပြန်မလာခဲ့တဲ့ ရက်တွေက များလာတော့ Naniလည်း စာချုပ်အတိုင်း တစ်နှစ်လည်း ပြည့်သွားတော့ ထွက်သွားခဲ့တာပါ
အိမ်မှာ နေပေမဲ့လည်း jamesဆိုတဲ့ လူနဲ့ ဖေဖေက လက်ထပ်ပေးဖို့ စီစဉ်နေတာကြောင့် Nani အိမ်မှာ မနေပဲ ခြေဦးတည့်ရာ ထွက်ပြေးခဲ့တာ မောင့်ဆီကို ဆက်သွယ်ချင်ပေမဲ့လည်း ဒီကိစ္စက Nani ရဲ့ ကိစ္စဆို တော့ အကူညီ မတောင်းတော့ပဲ အားလုံးရဲ့ အဝေးကို ထွက်လာခဲ့ပါ"
Skyလည်း ငိုနေတဲ့ ကောင်လေးအား ခေါင်းလေးပွတ်ပေးကာ ကလေးလေးလို ချော့မြူနေလိုက်သည်။
"အခု မောင်ရှိတယ်နော် Nani ဘယ်ကိုမှ ထွက်ပြေးစရာ မလိုတော့ဘူး"
"ဒါပေမဲ့ ဖေဖေက....."
"ရှူးး မောင်တို့ရဲ့ ကမ္ဘာမှာ Naniနဲ့ မောင်သာ အဓိကပဲ တစ်ခြားသူတွေ မလိုဘူး အဲ့တာကြောင့်မို့ တစ်ခုခု ဆိုရင် မောင်တို့ လက်တွဲမဖြုတ်ပဲ အတူဖြတ်ကျော်မယ်နော် "
ငြိမ်နေတဲ့ ကောင်လေးရဲ့ ခန္ဓာကိုယ်လေးအား ပုခုံးကနေ ကိုင်ကာ skyသူနဲ့ မျက်နှာခြင်း ဆိုင်စေခဲ့လိုက်သည်။
"Nani မောင့်ကိုကြည့်"
ထိုသို့ပြောလိုက်သောအခါ ငိုထားတဲ့ အရှိန်ကြောင့် နှာခေါင်းလုံးလေး ရဲနေတဲ့ ကောင်လေးက စိုစွတ်နေတဲ့ မျက်ဝန်းလေးဖြင့် ကြည့်လေသည်။
"Nani မောင့်ကို ချစ်လား"
"အင်း "
"မောင်လည်း Naniကို ချစ်တယ် မောင်တို့သာ တူတူရှိရင် ဘာမှ မဖြစ်ဘူး Nani မောင့်ကို ယုံလား "
"အင်းယုံတယ်"
"အဲ့တာဆို မောင်တို့ရဲ့ ကျန်နေတဲ့ ဘဝလေးကို အချစ်တွေ အပြည့်နဲ့ နေကြမယ်နော်"
"အင်း "
"Naniကို မောင်ပေးစရာ ရှိတယ် "
Naniကတော့ ဘာလဲ ဆိုပြီး skyပေးမဲ့ အရာလေးအား နားမလည်ဟန် ကြည့်နေတော့သည်။
"ဒီမှာ "
လက်သီးဆုပ်ထားပြီး အထဲ ထဲက အရာကို မပြပဲ လျှို့ဝှက်ထားပြန်သည်။
"ဘာလဲမောင်"
"သိချင်လား"
"အင်း"
"အဲ့တာဆို မောင့်ကို နမ်း "
Skyတစ်ယောက် အခုမှ ပြေလည်ခါစ ရှိသေးတာကို အနမ်းလာတောင်းနေတော့ Nani မျက်စောင်းထိုးကာ မသိချင်တော့ ဘူးလို့ ပြန်ပြောလိုက်သည်။
"မောင်က စတာပါကွာ "
"အဲ့တာဆို အဲ့လက်ထဲမှာ ဘာရှိတာလဲ "
Skyလည်း လက်သီးဆုပ်လေးကို ဖြေလျော့လိုက်တော့ လက်ထဲမှာ ရှိနေတဲ့ ကိုယ်နဲ့မကွာ အမြဲဆောင်ထားတဲ့ အရာလေးက သူNaniကို အိမ်ထောင်သက် တစ်နှစ်ပြည့်လက်ဆောင် ပေးဖို့ ဝယ်ယူထားတဲ့ 'N' ဆွဲကြိုးလေး ဖြစ်နေသည်။
"မောင် ဒါက.."
"ဒီဆွဲကြိုးလေးက မောင်တို့ လက်ထပ်တာတစ်နှစ်ပြည့်နဲ့ အနေနဲ့ မောင်ချစ်သက်လက်ဆောင် ပေးဖို့ ဝယ်ထားတာလေး "
ငိုထားတဲ့ ကောင်လေးက ထိုအရာလေးကို မြင်တော့ အနည်းငယ် ဝမ်းနည်းလာကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
"မောင်ဆွဲပေးမယ်နော် "
"အင်း "
ကျော့ရှင်းလှတဲ့ လည်တိုင်ဖြူဖြူလေးမှာ 'N' ဆိုတဲ့ အက္ခရာလေးက Naniရဲ့ ထူးခြားတဲ့ လည်ပင်းမှဲ့ကလေးနဲ့ တူတူ အလည်centerမှာ အပေါ်အောက်လေး တည်ရှိနေသည်။
ကောင်လေး နှစ်ယောက်ရဲ့ အချစ်တွေကတော့ နောက်ဆုံးမှာ တကယ်ကို အဆင်ပြေပြေနဲ့ စစ်မှန်သွားခဲ့ပြီ ဖြစ်သည်။ဆွဲကြိုးလေး ဆွဲပေးပြီးနောက် skyအရမ်းလွမ်းနေတဲ့ နှုတ်ခမ်းလေးအား အနမ်းပေးဖို့ တစ်ဖြည်းဖြည်း တိုးကပ်လာရင်း....
Ting Tong
"မှာထားတာတွေ လာပို့တာပါဗျ"
အခန်းပြင်က အော်သံကြောင့် ကောင်လေးနှစ်ယောက် တကယ်ပင် လန့်သွားခဲ့တော့ အနမ်းခရီးလေးက မဆက်လိုက်ရပဲ လမ်းလွှဲသွားခဲ့သည်။
Naniလည်း ကုတင်ပေါ်က ထကာ သွားယူမည့်အလုပ်
"Nani ဘယ်သွားမလို့လဲ "
"မှာထားတာတွေ လာပို့တာ ဆိုတော့ Nani သွားယူမလို့လေ"
"ယူမနေနဲ့ လာ "
"မောင်ကလည်း မှာထားတာပါဆို "
Nani တစ်ယောက်နဲ့ ရှက်ရှက်နဲ့ လစ်ပြေးကာ အခန်းရှေ့ ရောက်နေတဲ့ ဟင်းပွဲတွေကို သွားယူလိုက်ပြီး ကုတင်ထက်က ကောင်လေးကလည်း Naniနာမည်ကို ခေါ်ကာ မသွားဖို့ရာ တားမြစ်နေတော့သည်။
TBCThanks for reading, guys
(Zawgyi)
"Nani "
Sky's pov
Nani's pov
~~~~~~~~~~
"Hello P'Nani "
"............"
"P'Nani...... P'Nani "
".........."
အရာအားလုံးကို လှှတျခပြွီး သူထှကျလာခဲ့ပမေဲ့ ဒီလိုတှလေုပျနရေတာကရော သူ့အတှကျ အဓိပ်ပာယျ ရှိရဲ့လား ပြောျရှှငျနရေလား ဆိုတာ Nani ခှဲခွားရခကျ နပွေီ။
~~~~~~~~~~~~~~~~~
"N'nick မငျ်ဂလာပါ "
"P'Nani စောလှရီလား ဒီလောကျ အစောကွီး လာစရာ မလိုပါဘူးဗြ"
~~~~~~~~~~~~~~~
"Nani !!!"
"ရှိတယျ မောငျတို့ကွားမှာ မေ့လို့ မရတဲ့ ကိစ်စတှအေမြားကွီးပဲ"
".........."
"Sky!!"
Ting Tong
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





