part 39
16:36, 11 April 2025(Unicode)
Sky မနက် အိပ်ရာ နိုးခနဲက စိတ်ထဲမှ စနိုးစနောင့် နဲ့ ဘာဖြစ်နေမှန်း မသိတဲ့ ခံစားချက်ကြီးက ပေါ်ပေါက်လာခဲ့သည်။ ဝမ်းနည်းနေတာ လိုလို တစ်ခုခုကို လေးလံ့ နေတာ လိုလို ဖြစ်နေသည်။
"ဟျောင့် မထ သေးပဲ ဘာလို့ ငိုင်နေတာလဲ "
"အင်း ငါဒီနေ့ ညနေ အိမ်ပြန်တော့မယ် "
"ဘယ်လို အသိတရား ရသွားတာလဲ "
"မသိဘူး ငါ့စိတ်တွေ လေးနေလို့ "
"အေး ဘယ်လိုတွေ ဖြစ်နေလို့လဲ "
"ငါညက အိပ်မက် မက်တယ် Nani က ငါ့ကို ထားသွားတာတဲ့ "
"မဟုတ်လောက်ပါဘူးကွာ မင်းစိတ်စွဲလို့ နေမှာပါ"
"အင်း ငါအလုပ်သွားတော့မယ် ပြီးရင် အိမ်ပဲ ပြန်တော့မယ် "
"အေးအေး သေချာဂရုစိုက်သွားအုန်း "
"အေး ငါသွားတော့မယ် "
Skyလည်း ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး အလုပ်သို့ သွားလိုက်သည်။အလုပ်ရောက်တော့ ဒယ်ဒီကလည်း တစ်မျိုး ဖြစ်နေသလို ခံစားနေရသည်။
"ဒယ်ဒီ "
"အင်း "
"ကျွန်တော့ကို ပြောစရာ ရှိလို့လား "
"ညက သူငယ်ချင်းတွေနဲ့ အချိန်ကုန်ရတာကော အဆင်ပြေလား "
"ဗျာ "
"မင်းအိမ်မှာ မရှိတာ သူငယ်ချင်းတွေနဲ့ မစုံဖြစ်တာ ကြာလို့ဆို မဟုတ်ဘူးလား "
"ဒယ်ဒီကို ဘယ်သူပြောတာလဲ"
"Nani ပြောတာ"
Skyလည်း Nani က ဘာလို့ အဲ့လို ပြောထားတာလဲ ငါဘယ်မှာ ရှိနေလဲ ဆိုတာကိုတောင် သေချာမသိပဲနဲ့ သူ့အတွက် ဘာလို့ လိမ်ပေးထားရတာလဲ ဆိုပြီး မှင်သက်သွားခဲ့သည်။
"မဟုတ်ဘူးလား အဲ့တာဆို မင်း ဘယ်တွေ ရောက်နေတာလဲ "
"ဟုတ်တယ် ဒယ်ဒီ သားသူငယ်ချင်းအိမ်ရောက်နေတာ "
"အင်း ပြီးတာပဲ ဒီညရော အိမ်ပြန်မှာလား "
"ပြန်မှာ ဒယ်ဒီ "
"အေး အလုပ်သွားလုပ်တော့ "
"ဟုတ်ဒယ်ဒီ "
___________________
တစ်ဖက်တွင်လည်း အိမ်ကို ရောက်လာတော့ ကားပေါ်က အထုပ်တွေကို ချကာ အိမ်ပေါ်သို့တက်သွားခဲ့ပြီး ကုတင်ပေါ်မှာ Nani ဘာမှ မတွေးတော့ပဲ ခန္ဓာကိုယ်ကို ပစ်လှဲ ပစ်လိုက်သည်။
ရုတ်တရက် သားဖြစ်သူ အိမ်ရောက်လာတော့ Nani မေမေက နားမလည်ဟန် မေးမလို့ ရှိသေး သားဖြစ်သူက အိမ်ပေါ်သို့ တက်သွားခဲ့သည်။
"အကို သားက ဘာဖြစ်လို့ပြီး....."
Nani အဖေလည်း ဇနီးဖြစ်သူ အမေးကြောင့် ဖြစ်ခဲ့သမျှ အကြောင်းအရာတွေ အကုန်လုံးကို ပြောပြခဲ့လိုက်သည်။ထို့နောက် သူ့သားရှိတဲ့ အပေါ်ထပ်ကို လိုက်သွားခဲ့သည်။
ဒေါက်
"သားလေး မေမေ ဝင်ခဲ့မယ်နော် "
တံခါးခေါက်သံကြားတော့ Nani လည်း သက်ပြင်းချကာ ကုတင်ပေါ်မှာ ထိုင်လိုက်ပေမဲ့ လာခေါက်တဲ့ လူက မေမေ ဖြစ်နေတော့ အထဲဝင်ခွင့် ပြုလိုက်သည်။
"ဟုတ်မေမေ "
Nani လည်း တံခါး ဖွင့်ပေးလိုက်တော့ သူ့မေမေလည်း အခန်းထဲ ဝင်လာခဲ့လိုက်သည်။
"သား "
"ဟုတ်မေမေ "
မွေးထားတဲ့ အမေတစ်ယောက် အနေနဲ့ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ အတိအကျ မသိရင်တောင် သူ့သားလေး တစ်ခုခု ဖြစ်နေတာတော့ သိပါသည်။Nani မေမေလည်း Nani ကိုယ်လေးကို ဖက်ကာ စကားတွေ ပြောနေကြသည်။
"သားတစ်ခုခု ဖြစ်ရင် မေမေ့ကို ပြောနော် "
"သားဘာမှ မဖြစ်ပါဘူး "
"သားဖေဖေ ပြောပြလို့ သားတို့သဘောတူခဲ့တဲ့ ကိစ္စတွေကို မေမေသိပြီးပြီ သားပြန်လာတာရော သားskyသိရဲ့လား "
"..........."
"သား "
"ဗျာ မေမေ "
"သားတို့ တစ်ခုခု ဖြစ်လာလို့လား "
"မေမေ သား ဆိုင်ဖွင့်ဖို့ သွားလိုက်အုန်းမယ်နော်"
Nani လည်း ဖြစ်ခဲ့တာတွေကို မပြောချင်တော့တာကြောင့် ဆိုင်သွားတော့မယ် ဆိုပြီး အခန်းထဲမှ ထွက်မည့်အလုပ် သူ့အဖေဖြစ်သူကပါ အခန်းထဲသို့ ဝင်လာခဲ့သည်။
"သား မနက်စာ စားရအောင်လေ ပြီးတော့ ဖေဖေ ပြောစရာရှိသေးတယ် "
"ဟုတ်ဖေဖေ "
ဒီလိုနဲ့ သူတို့ မိသားစု သုံးယောက်လည်း မနက်စာ စားဖို့ ထမင်းစားခန်းထဲသို့ ရောက်လာကြပြန်သည်။
"သား ဒီနေ့ ဆိုင်ဖွင့်အုန်းမှာလား "
"ဟုတ် ဖေဖေ "
"ဖေဖေက Khun jamesကို ထမင်းစား ဖိတ်မလို့ စဉ်းစားနေတာ "
"ဘာလို့လဲ ဖေဖေ"
"အခု ဖေဖေ လုပ်နေတဲ့ ရင်နှီးမြုပ်နှံမှု မှာလည်း Khun Jamesရဲ့ အကူအညီတွေလည်း ပါတယ်လေ "
"အဲ့တာဆို ဖေဖေ ဘာသာ ကျေးဇူးတင်တဲ့ အနေနဲ့ ဆိုင်တစ်ဆိုင်မှာ ကျွေးလိုက်လို့ မရဘူးလား"
"သားကလည်း အဲ့လို မလုပ်သင့်ဘူးလေ ဘာလို့ဆို jamesကလည်း သားကို သဘောကျနေတာပဲ မလား "
"သားဘက်က သူ့ကို သဘောမကျသလို သူ့ကျေးဇူးတွေလည်း သားအပေါ်မှာ ဘာမှ မရှိဘူး ဖေဖေ "
"Nani မင်းက ငါ့မွေးထားတဲ့ သားရော ဟုတ်ရဲ့လား ဘယ်တုန်းက မင်းငါ့ကို ဒီလို တစ်ခွန်းမကျန် ပြန်ပြောဖူးလို့လဲ "
"အကိုရယ် ဘာမှ မဟုတ်ပဲနဲ့ သားလည်း သူ့ဘာသာသူ နေပါစေ "
"မင်းကို ကြိုပြောထားလိုက်မယ်နော် အခုက စပြီး CEO သားနဲ့လည်း ဘာမှ မဆိုင်တော့ဘူး ပြီးတော့ သူ့ကို စိတ်ထဲကနေလည်း ထုတ်ပစ်လိုက်တော့ "
"သားရဲ့ စိတ်ခံစားချက်နဲ့ ပတ်သတ်ပြီးတော့ ဖေဖေ မထိန်းချုပ်ပါနဲ့ မေမေ သားဆိုင်သွားတော့မယ် "
Nani လည်း မနက်စာ မစားပဲ ချက်ချင်းထ ထွက်သွားတော့သည်။
"သား... သားလေး"
"မင်းသားက အရင်က Nani မဟုတ်တော့ဘူး "
"အကိုရယ် ကလေးကို လွှတ်ထားပေးလိုက်ပါ"
"ငါက ကောင်းမဲ့ လမ်းကို ဖောက်ပေးနေတာ ညနေ အပြန်ကျမှ ငါနဲ့ တွေ့မယ် "
Nani အဖေကတော့ ဒေါပွ နေတော့သည်။ Nani ဆိုတာ သူဘာပြောပြော လက်ခံ ခဲ့တဲ့ ကလေးတစ်ယောက် အခုတော့ အရင်ကနဲ့ မတူပဲ ကွဲပြားလာခဲ့သည်။
Nani လည်း မနက်အစော သူ့အဖေ လာခေါ်တာကြောင့် skyနဲ့ နေခဲ့တဲ့ အိမ်ကနေ ထွက်လာခဲ့သည်။အိမ်ရောက်တော့ မနက်စာ စားပြီး ဆိုင်သွားဖို့ လုပ်ပေမဲ့လည်း သူ့အဖေကြောင့် မနက်စာ မစားခဲ့ပဲ ဆိုင်သို့ taxiဖြင့် လာခဲ့သည်။မနက်စာ အတွက်ကတော့ လမ်းကနေ တစ်ခုခု ဝယ်သွားပြီး ဆိုင်မှာ စားဖို့သာ Nani ပြင်လိုက်တော့သည်။
Nani ဆိုင်ရောက်တော့ လုပ်စရာ ရှိတာတွေ လုပ်ပြီး ဝယ်လာတဲ့ မနက်စာလေးကို စားနေသည်။ထိုစဉ် N'mike လည်း ရောက်ရှိလာခဲ့သည်။
"P'Nani မင်္ဂလာပါဗျ "
"မင်္ဂလာပါ N'mike မနက်စာ စားပြီးပြီလား P'နဲ့ တူတူ လာစားပါလား "
"ကျွန်တော် စားခဲ့ပြီ P'ကရော ဒီနေ့ ဘာလို့ မစားခဲ့ရတာလဲ kanက သွားစရာရှိလို့ စောစော လိုက်ပို့လို့လား P' "
"P'အိမ်ကနေ လာတာ "
Nani စကားလည်း ပြောရင်း လက်ထဲက ဇွန်းလေးလည်း ချရင်းပေါ့
"ဟင်! နားကို မလည်တော့ဘူး P'က ဘာလို့ အိမ်က လာတာလဲ "
"P'က နောက်ဆို ကိုယ့်အိမ်မှာပဲ နေရုံပဲ ဟိုအိမ်မှာလည်းနေစရာ မလိုတော့ဘူး အဲ့တာကြောင့် ဒီနေ့ အိမ်ကနေ လာတာ "
"ဘာလို့လဲ Khun skyနဲ့က အဆင်မပြေသေးဘူးလား "
"P'ပြောပြမယ် "
"ဟုတ် "
Nani ဘာကြောင့် skyနဲ့ လက်ထပ်ရတာလဲ ဆိုတဲ့ အကြောင်းတွေ အကုန်လုံးကို ရှင်းပြလိုက်ရာမှ N'mike လည်း နားလည်သွားခဲ့သည်။
"P'Nani "
"ဟင် "
"P'က ဦးလေးကြောင့် Khun sky နဲ့ လက်ထပ်ခဲ့ရပေမဲ့ P'လည်း Khun sky ကို အချိန်ကြာလာတာနဲ့ အမျှ ချစ်လာခဲ့တာ မဟုတ်လား "
"အင်း အဲ့တာတွေက အခုလည်း အသုံးမဝင်တော့ဘူးလေ "
"ဘာလို့လဲ "
"Skyဘက်ကလည်း P'ကို မချစ်လောက်တော့ဘူး ပြီးတော့ သူချစ်တဲ့သူလည်း ရှိနေလောက်ပြီ"
"P'က ဘယ်လို သိတာလဲ မြင်ဖူးလို့လား "
"မမြင်ဖူးဘူး ဒါပေမဲ့ လူတွေရဲ့ စိတ်ဆိုတာ အမြဲပြောင်းလဲ နေတာပဲမလား "
"ကျွန်တော် နားမလည်နိုင်တော့ဘူး P'ရာ "
"ကဲပါ အဲ့တာတွေ တွေးမနေနဲ့တော့ P'လည်း မတွေးချင်တော့ဘူး"
"တကယ်သေချာလား P'တကယ်ပဲ Khun skyကို မေ့နိုင်ပြီလား "
"အင်း....."
မေ့နိုင်ပြီလို့ ပြောရင် Nani လိမ်ရာ ကျမှာပေါ့။ မမုန်းရက်နိုင် မမေ့ရက်နိုင်လို့ကို သူ့စိတ်ကိုယ်သူ အပြစ်တင်မိနေသည်။တစ်ဖက်က ပြန်ကြည့်ရင်လည်း သူ skyကို အားနာမိသည်။သူတို့ မိသားစု အရေးမှာ skyကိုပဲ အသုံးချမိသလားဆိုသည့် အတွေးက ဝင်ခဲ့ပြန်သည်။
"P' P' "
"ဟင် "
"ဘာတွေ စဉ်းစားနေတာလဲ "
"ဒီတိုင်းပဲ "
"ကျွန်တော် နောက်ဆုံး တစ်ခု မေးလို့ရမလား "
"ဘာအကြောင်းလဲ N'mike "
"P'အခု ပြန်လာတုန်းက Khun sky မရှိဘူးမလား"
"အင်း"
"တကယ်လို့ Khun sky ပြန်လာခဲ့လို့ P'ကို မတွေ့ရင်ရော ဘယ်လို လုပ်မလဲ "
"သူ.....ပြန်မလာလောက်ပါဘူးထားပါ P'တို့ ဒီနေ့ ဆိုင်ကို စောစော သိမ်းရအောင်"
"ဟုတ် P' "
Nani လည်း ဆိုင်စောစောသိမ်းပြီး အနားယူချင်မိတော့သည်။ခံစားချက်တွေကလည်း ဘာတွေမှန်း မသိ ဘာဖြစ်ချင်တာလဲထက် ဘာမှ မဖြစ်နိုင်တော့တဲ့ အနေထားက ပိုဆိုးလှသည်။
___________________
Skyလည်း ဒီနေ့ အိမ်ကို စောစော ပြန်ချင်ပါတယ် ဆိုနေမှ အလုပ်တွေက မပြီးပျက်သေးပေ။စိတ်ရှည်သည်းခံပြီး မြန်မြန်ပြီးအောင် လုပ်နေရာမှကို လုပ်ရမဲ့ အလုပ်တွေက တစ်ခုပြီး တစ်ခု ပုံလာခဲ့ပြန်သည်။
Nani ဒီနေ့ ဖြစ်ချင်တဲ့ ဆန္ဒလေး တစ်ဝက် ပြည့်သွားသလိုပင် မုန့်တွေကလည်း စောစော ကုန်သွားခဲ့သည်။ဆိုင်သိမ်းပြီး တံခါးပိတ်နေတုန်း ကားတစ်စီး ပေါ်ကနေ လူတစ်ယောက်က ဆင်းလာခဲ့သည်။
"Nani ဆိုင်ပိတ်ပြီလားဗျ "
အသံလာရာကို ကြည့်လိုက်တော့ မြင်တွေ့လိုက်ရတဲ့ လူကြောင့် Nani ဘာမှ ပြန်မပြောပဲ ဆိုင်ပိတ်ကာ busနဲ့ ပြန်ဖို့ မှတ်တိုင်ဆီ လမ်းဆက်လျှောက်လိုက်သည်။
"Nani "
"ခများ ကျွန်တော့နောက်ကို လိုက်မလာနဲ့ ခများ မျက်နှာကို မမြင်ချင်လို့ "
"Nani ကျွန်တော် ဘာလုပ်မိလို့လဲဗျ "
"အခုမှ လာပြီး မသိချင်ယောင် ဆောင်မနေနဲ့ ခများဘာရည်ရွယ်နဲ့ ဒီလို လုပ်ရတာလဲ "
Nani လည်း စိတ်တိုကာ Jamesရဲ့ အင်္ကျီကော်လံကို ဆွဲလိုက်မိသည်။
"Nani စိတ်လျော့ပါအုန်း ဘယ်ကိစ္စလည်း ကျွန်တော် မသိတာပါ "
"ခများ ကျွန်တော့ကို လာပြီး အရူးမလုပ်နဲ့ အဲ့တာဆို ဓာတ်ပုံတွေက ဘယ်လို ဖြစ်ပြီး skyဆီ ရောက်နေရတာလဲ "
"အော် ဓာတ်ပုံလား ဘာလို့လဲ "
"ဘာလို့လဲ ဟုတ်လား ခများ ဘယ်ကြောင့် ဒီလိုမျိုး လုပ်ရတာလဲ "
"Nani ကို ချစ်လို့လေ အခု Nani နဲ့ sky နဲ့လည်း ဘာမှ မဆိုင်တော့ဘူး မလား ကျွန်တော် လိုချင်တာ အဲ့တာပဲ "
'ခွပ်'
"ခများ တကယ်ကို လူယုတ်မာပဲ ခများကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး အဲ့တာကို ခများခေါင်းထဲမှာ မှတ်ထား"
Nani လည်း jamesမျက်နှာကို စိတ်မထိန်းနိုင်ပဲ လက်သီးဖြင့် ထိုးခဲ့လိုက်သည်။jamesဆိုတဲ့ ကောင်ကို ငါယုံခဲ့မိတာ ငါ့အတွက် အကြီးမားဆုံး အမှားတစ်ရပ် ဖြစ်ခဲ့ပြီ။အဲ့အမှားကြောင့် ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာ တွေက ပိုဆိုးခဲ့ကာ အခုတော့ ပြင်ခွင့်တောင် မရှိတော့တဲ့ အနေအထား ဖြစ်သွားခဲ့ပြီ။
မှတ်တိုင်ထိ လျှောက်လာတဲ့ လမ်းတစ်လျှောက် Nani အတွေးနဲ့ဖြင့် နောက်ဆုံးတော့ bus စီး ရမဲ့ နေရာသို့ ရောက်လာခဲ့သည်။Nani ကားစောင့်တဲ့ နေရာမှာ အိမ်ပြန်ဖို့ ထိုင်စောင့်ခဲ့ပေမဲ့ စိတ်တွေကတော့ အဝေးတစ်နေရာကို ထွက်သွားချင်မိသည်။
နောက်ဆုံး သူ့ရှေ့မှာ ရပ်လာတဲ့ busပေါ်သို့ Nani တက်သွားကာ လိုက်သွားခဲ့တော့သည်။busပေါ်မှာလည်း လမ်းတစ်လျှောက် တိုက်တာတွေ မီးအလင်းရောင်တွေကို ကြည့်ရင်း skyဆိုတဲ့ လူသားလေးကလည်း အတွေးထဲကို ဝင်လာခဲ့သည်။
Nani အိမ်ရောက်တော့ အချိန်အားဖြင့် ၆နာရီလောက် ရှိပြီ။အိမ်ထဲ ဝင်ဝင်ချင်းပင် jamesဆိုတဲ့ လူ ဧည့်ခန်းထဲမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။Nani အရေးမစိုက်ပဲ အိမ်ပေါ်သို့ တက်မည့် အလုပ်
"Nani ခနလာအုန်း "
"သား ပင်ပန်းလာလို့ သွားနားတော့မယ် ဖေဖေ "
"အခုချက်ချင်း လာခဲ့ ဒီမှာ Khun James ရောက်နေတယ်လေ "
"အဲ့တာ သားဧည့်သည် မဟုတ်ဘူး "
Nani လည်း အရေးမစိုက်ပဲ အိမ်ပေါ်သို့တက်သွားခဲ့သည်။Nani အဖေ ထိုင်နေရာကနေ ထကာ သားဖြစ်သူ နောက်ကို လိုက်ဖို့ လုပ်လိုက်ပေမဲ့ jamesက ပိတ်ပင်တားမြစ်လိုက်သည်။
"Khun Thun ထားလိုက်ပါ Nani အနေနဲ့လည်း အချိန်လိုမယ် ထင်တယ် "
"ကျွန်တော် အားနာပါတယ်ဗျာ "
"ရပါတယ် နောက်ဆို မိသားစုတွေ ဖြစ်လာမှာပဲ မလား ကျွန်တော့ကို ခွင့်ပြုပါအုန်း"
"ဟုတ် Khun James ကျွန်တော် အိမ်ရှေ့ထိလိုက်ပို့ပေးပါမယ်"
____________________
Skyလည်း အလုပ်တွေ လက်စသတ်ပြီးတော့ နာရီ တစ်ချက် ကြည့်လိုက်ရာ ၈ နာရီ တောင် ထိုးသွားခဲ့ပြီ ဖြစ်သည်။
တစ်ချို့တစ်ဝက်က ရုံးဆင်းသွားကြပေမဲ့ လူနည်းစုလောက်သာ ကျန်ခဲ့သည်။skyလည်း အလုပ်ပြီးတော့ ကားသော့ဆွဲကာ အိမ်ပြန်ဖို့ လုပ်လိုက်သည်။
Skyလည်း ကားပေါ်ရောက်တော့ patကို ဖုန်းဆက်လိုက်သည်။
"Hello "
"pat ငါပြောစရာရှိလို့ "
"အေး ပြောလေ "
"ငါအခု အိမ်ပြန်မလို့"
"အေး ပြန်လေကွာ အိမ်ပြန်တာတောင် ငါ့ကို လာပြောပြနေသေးတယ်ကွာ "
"မင်းကလည်းကွာ အိမ်ပြန်တာလောက်ကတော့ မင်းကို ဖုန်းဆက်ပြီး ပြောပါ့မလား "
"အဲ့တာဆိုဘာလဲ မင်းက ပွင့်ပွင့်လင်းလင်း ပြောလေ "
"ဟိုဟာကွာ....."
"ဟျောင့် ပြောလို့ "
"ငါနဲ့ Nani က စကားများခဲ့ကြတာ ဆိုတော့ အခုက အဆင်ပြေဖို့တွက် အိမ်ပြန်ချင်ပေမဲ့ ငါမပြန်ရဲဘူး Nani ငါ့ကို လက်မခံမှာလည်း ကြောက်တယ် ပြီးတော့ ငါNani ပေါ်ကိုလည်း ငါ့ရဲ့ တစ်ဖက်သတ် အတွေးတွေကြောင့် စကားလုံးကြမ်းတွေနဲ့လည်း ပြောမိခဲ့တယ် "
"စိတ်ထဲ အရမ်းမတွေးပါနဲ့ကွာ ကောင်းတဲ့ ဘက်က ကြည့်ရင် P'Nani လည်း မင်းပြန်လာမဲ့ နေ့ကို စောင့်နေမှာပါကွာ "
"အေးပါ အဲ့တာ ငါအိမ်ကို လက်ဗလာနဲ့ ပြန်သင့်လား "
"မင်းက ဘယ်လို ပြန်ချင်လို့လဲ စဉ်းစားမိတာ တစ်ခုခု ရှိလို့လား "
"စဉ်းစားရ ခက်နေလို့ မင်းကို အကူအညီ တောင်းမလို့ "
"မင်းတို့ အထိမ်းအမှတ် နေ့တွေရော နီးပြီလား "
"အထိမ်းအမှတ်နေ့?"
"အေးလေကွာ Anni dateတို့ ဘာတို့ ပြောတာ အဲ့လို နီးရင် P'Nani တွက် တစ်ခုခု လုပ်ပေးရင်ရော "
"ငါစဉ်းစားလိုက်အုန်းမယ် ဘာနေ့ရှိလဲဆိုတာ"
"အေး "
"ဟာ ဒီနေ့က ငါနဲ့ Nani နဲ့ တစ်နှစ်ပြည့်တာပဲ ငါဘာလို့ မေ့နေခဲ့တာလဲကွာ "
"မင်းကတော့ ဖြစ်ရမယ် နောက်နေ့ မကူးသေးဘူး မှီပါသေးတယ်ကွ"
"အေးပါ "
"အခု မင်းအိမ်ပြန်တော့မှာ မလား ဆိုင်တစ် ဝင်ပြီး ဝယ်လိုက် အခုမှ ၈နာရီ ရှိသေးတာကို "
"အေး ငါဘာဝယ်ရမလဲ စဉ်းစားလိုက်အုန်းမယ် "
"P'Nani ဘာကြိုက်တာလဲပါ ငါပြောပြရအုန်းမလား ဟျောင့် "
"ရူးနေလား မလိုဘူး ဟျောင့် မင်းက ငါ့လောက် Naniအကြိုက်ကို သိမှာ မဟုတ်ဘူးကွ"
"ဟုတ်ပါတယ်ကွာ နွား အခုကျတော့ ငါ့ကို ပုန်ကန်နေပြီ '
"စတာပါကွာ အဲ့တာဆို ငါဖုန်းချလိုက်တော့မယ်"
"အေးအေး အဆင်ပြေပါစေ ငါ့ကောင် "
"ငါပါကွာ မပြေဘူးဆိုတာ မရှိစေရဘူး "
"အေးအေး လေကြီးနေတဲ့ကောင် "
Skyလည်း patနဲ့ ဖုန်းပြောပြီးတော့ သူNani တွက် ဘာဝယ်ပေးရမလဲ ဆိုတဲ့ အကြံ ရရှိသွားခဲ့သည်။ထို့နောက် ဖုန်းကနေ တစ်ဆင့် ဆိုင်ရှာလိုက်ပြီး လိပ်စာအတိုင်း ကားဖြင့် မောင်းသွားလိုက်သည်။skyရှာခဲ့တာလဲ design စုံတဲ့အပြင် လိုချင်တဲ့အတိုင်း customized လုပ်လို့ ရသည်။
Skyတစ်ယောက် ဆိုင်ထဲကို ဝင်ပြီး 1year Anni ကြောင့်မို့ Nani အတွက် Jewellery ဆိုင်မှာ အဆင်ပြေမဲ့ ဟာလေး ဝင်ရွေးခဲ့သည်။
အရင်ဆုံး skyရဲ့ မျက်လုံးထဲ ဝင်လာတာကတော့ English alphabet လေးတွေ ဖြစ်သည်။ရိုးရိုးရှင်းရှင်းလေးနဲ့ 'N' ဆိုတဲ့ အရာလေးက သူ့အတွက် တန်ဖိုးရှိသည်။skyလည်း နှစ်ခါ မစဉ်းစားပဲ အဲ့အက္ခရာလေးကို ယူကာ platinum ကြိုးdesignကိုလည်း Quality အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးကို ဝယ်ယူပစ်လိုက်သည်။
ချစ်သက်လက်ဆောင် ပေးမဲ့ သဘောဖြင့် ပစ္စည်းကို boxလှလှလေးဖြင့် သေချာ ထုတ်ပိုးခိုင်းလိုက်သည်။ဒီ နေ့က သူ့ရဲ့ မေ့လျော့မှု တစ်ခုနဲ့ ကြောင့် တစ်နှစ်ပြည့်သွားတဲ့ နေ့ကို သတိမရခဲ့ ပေ မဲ့ သူချစ်တဲ့ လူသားလေးကို နောက်နေ့ကျရင် နှစ်ယောက် အတူ ပျော်စရာလေးတွေ ဖြတ်သန်းအုန်းမယ် ဆိုပြီး တွေးလိုက်သည်။skyလည်း အပြုံးကြီးဖြင့် အိမ်ရောက်ရင် လွမ်းနေတဲ့ မျက်နှာလေးကို တစ်ဝကြီး နမ်းပစ်မယ် ဆိုပြီး ဝယ်ယူခဲ့တဲ့ ပစ္စည်းလေးနဲ့ အတူ ပြန်သွားခဲ့သည်။
__________________
Sky တစ်ယောက် ခြံရှေ့ ရောက်သော အခါ ကားဟွန်း တီးလိုက်သည်။kanလည်း အံ့ဩဝမ်းသာမှု အပြည့်နဲ့ ခြံတံခါးလာဖွင့်ပေးလိုက်သည်။
Skyကားကတော့ ခြံတံခါး ကနေ မောင်းလာခဲ့ပြီး ဆင်ဝင်အောက်မှာ ရပ်ကာ သူဝယ်လာတဲ့ အရာလေးနဲ့ အတူ အိမ်ပေါ်သို့ တက်သွားခဲ့သည်။ပထမဆုံး အနေနဲ့ သူအနည်းငယ် စိတ်လှုပ်ရှားနေမိသည်။အသက်ကို ဝဝရှူကာ အခန်းတံခါးကို လှပ်လိုက်ပေမဲ့ lockချထားသည်။
ဒေါက် ဒေါက်
"Nani.... Nani "
ထိုစဉ် Nani ပေးခဲ့တဲ့ သော့အပိုလေးဖြင့် အိမ်ပေါ်တက်လာတဲ့ သူက Kan ဖြစ်နေသည်။
"အကိုလေး "
"ဟင် "
"အခန်းသော့"
"အင်း "
Skyအစက ကြောင်သွားခဲ့သည် ဘာလို့ kanက အခန်းသော့ လာပေးရတာလဲလို့ တွေးနေပေမဲ့ လက်တွေ့မှာတော့ kanပေးတဲ့ သော့လေးကို ယူလိုက်သည်။
အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်ပေမဲ့ လုံးဝကို ရှင်းလင်းနေပြီး သူရှာနေတဲ့ လူသားလေးကို မတွေ့ပေ။ ရေချိုးခန်းက အစ ရှိသမျှ အခန်းတွေကို လိုက်လှန် ရှာကြည့်ပေမဲ့ အရိပ်ရောင်လေးတောင် မရှိပေ။
"Kan... အဒေါ်ပရင် "
"ဗျာ အကိုလေး "
"Nani ဘယ်မှာလဲ အိမ်ပြန်မလာသေးဘူးလား"
Nani ဆိုတဲ့ အသံကြားတော့ အဒေါ်ပရင်ဆီမှာ ငိုသံ တစ်ချို့က ထွက်ပါ်လာခဲ့သည်။
"အဒေါ်ပရင် ဘာလို့ ငိုတာလဲ Nani ဘယ်သွားတာလဲ ကျွန်တော် မေးတာကို ဖြေပါအုန်း"
"သားsky သားNaniက..."
မျက်ရည်တွေက ရပ်တန့်လို့ မရတဲ့ အပြင် ဆက်ပြောဖို့လည်း အဒေါ်ပရင် ခက်ခဲနေသည်။
"Kan Nani ဘယ်သွားတာလဲ "
"အကိုလေးNani က ဒီအိမ်ကနေ ထွက်သွားပြီ အကိုလေး"
"ဘာ!မဖြစ်နိုင်ဘူး Nani က ဘာကြောင့် ထွက်သွားရမှာလဲ "
"အကိုလေး ကျွန်တော် တကယ်ပြောတာပါ အကိုလေး Nani က ဒီနေ့ မနက်ကပဲ ဒီအိမ်ကြီးကနေ ထွက်သွားတာပါ "
"ငါမယုံဘူး "
Sky တစ်ယောက် တစ်အိမ်လုံး အနှံ့ ပတ်ရှာလိုက်သည်။
"Nani မောင့်ကို စနေတာမလား မောင်တောင်းပန်ပါတယ်ကွာ "
တစ်အိမ်လုံး အနှံ့ လိုက်ရှာ ခဲ့ပေမဲ့ အချည်းနှီးသာ ဖြစ်သည်။ထွက်သွားခဲ့တဲ့ လူကလည်း ခံစားကြေကွဲခဲ့သလို လိုက်ရှာနေတဲ့ ကောင်လေးမှာလည်း ရင်ထဲမှာ ပူလောင်နေတော့သည်။
"အကိုလေး ဒီမှာ အကိုလေးNaniက ပေးသွားခဲ့တာ "
Nani ပေးခဲ့တဲ့ စာစောင်လေးကို skyဆီသို့ Kan ပေးလိုက်သည်။skyလည်း Kan ပေးတဲ့ စာစောင်လေးကို ယူလိုက်သည်။
"အကိုလေးNani ကလည်း အကိုလေး ပြန်လာမဲ့ နေ့ကို စောင့်နေခဲ့တာ အကိုလေးတို့ ရန်ဖြစ်တဲ့ နေ့တုန်းကလည်း အကိုလေးကို ဖုန်းခေါ်ခဲ့တယ် "
"ဘာ! Nani က ငါ့ကို ဖုန်းခေါ်တယ် "
"ဟုတ်တယ် အကိုလေး အဲ့နေ့ညတွင်းချင်းကို အကိုလေး Naniက မေ့လှဲပြီး ဆေးရုံပါ ရောက်သွားခဲ့တာပါ "
"ဘာလို့ ငါ့ဆီကို ဖုန်းမခေါ်တာလဲ "
"သားကို အဒေါ်တို့ ခေါ်ခဲ့ပါတယ် ဒါပေမဲ့ ဖုန်းက စက်ပိတ်ထားတယ် က လွှဲပြီး ဘယ်လိုမှ ခေါ်လို့ မရတာပါ "
"အကိုလေး Nani က အကိုလေး sky ပြန်လာမဲ့ နေ့ကို စောင့်နေသလို ဆေးရုံမှာ သတိမေ့နေတုန်းကလည်း သတိရရချင်း အကိုလေးကို သူ့ဘေးမှာ ရှိစေချင်ခဲ့တာပါ အကိုလေးတို့ ဘာအကြောင်းကြောင့် ပြဿနာတွေ ဖြစ်ခဲ့လည်း ဆိုတာ ကျွန်တော်တို့ မသိပေမဲ့ အကိုလေး Nani က အကိုလေးကိုပဲ ချစ်ခဲ့တာပါ"
Skyလည်း လက်ထဲက စာစောင်လေးကို ကိုင်ကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။စာထဲမှာ ပါရှိတဲ့ အကြောင်းအရာတွေကို ဖတ်ဖို့လည်း sky ကြောက်ရွံ့နေမိတော့သည်။
- sky မင်းဒီစာလေးကို ဖတ်ပေးပါဆိုပြီး ငါမျှော်လင့်သင့်လား ဆုတောင်းသင့်လား မင်းငါ့ကို မမြင်ချင်လို့ အိမ်ပြန်မလာဘူး ဆိုတာ ငါသိပါတယ် ဒါပေမဲ့ နောက်ဆုံး အနေနဲ့ ဒီစာလေးကို ဖတ်ပေးပါ ပြီးတော့ အခု မင်း လွတ်လွတ်လပ်လပ် နေလို့ ရပါပြီ မင်းမမြင်ချင်တဲ့ ငါ့ကိုလည်း ကြည့်စရာ မလိုတော့ပါဘူး ဘာလို့ဆို ငါဒီအိမ်ကြီးကနေ ထွက်သွားတော့မှာပါ မင်းအတွက်လည်း စိတ်အနှောက်ယှက် မဖြစ်တော့ပါဘူး
"Nani မဟုတ်ဘူး မောင်ဘယ်တုန်းကမှ အဲ့လို မတွေးခဲ့ပါဘူးကွာ မောင့်အမှားတွေပါကွာ"
Nani ရဲ့ စာလေးကို ဖတ်ကာ ပထမ အကြောင်းလောက်နဲ့ကို skyခေါင်းတစ်ယမ်းယမ်းဖြင့် ငြင်းကန်နေမိသည်။
- မနက်ဖြန်ဆိုရင် မင်းနဲ့ငါ လက်ထက်ခဲ့တာ တစ်နှစ်တောင် ရှိသွားပြီးပဲ မင်းနဲ့ငါက မိဘတွေ ပေးစားလို့ လက်ထပ်ခဲ့ရတာ မဟုတ်ပဲ အကြောင်းတစ်ခုခုကြောင့် လက်ထပ်ခဲ့ရတာ ဆိုရင် မင်းငါ့ကို အခုထက် ပိုမုန်းသွားမှာလား မင်းအနေနဲ့ငါ့ကို မုန်းသင့်ပါတယ်။
- ငါ့အဖေက လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံ ဖို့ အတွက် ငွေအင်အား လိုအပ်ခဲ့တယ်။ဒါပေမဲ့ သူ့ဆီမှာ ငွေပမာဏအများကြီး မရှိခဲ့ဘူး။အဲ့တာကြောင့် ငါ့အဖေက မင်းဒယ်ဒီ ကုမ္ပဏီကနေ ငွေတွေကို လှည့်သုံးခဲ့မိတယ်။ကံဆိုးချင်တော့ အဲ့ငွေက ရင်းနှီးမြုပ်နှံမှု မလုပ်လိုက်ရပဲ လိမ်ခံလိုက်ရတယ်။တစ်နေ့မှာ မင်းဒယ်ဒီက ငွေစာရင်းတွေ စစ်ရင်း ငွေစာရင်းကွာဟမှုကို သိသွားခဲ့တယ်။
-မင်းဒယ်ဒီတွက် ဒီငွေပမာဏက ဘာမှ မဖြစ်ပေမဲ့ ငါ့အဖေတွက်ကတော့ တရားရင်ဆိုင်ရတဲ့ အထိပါ ရောက်သွားနိုင်ခဲ့တယ်။မင်းဒယ်ဒီက ငါ့အဖေပေါ်မှာ အရမ်းကို ကောင်းခဲ့ပါတယ်။ ဒီငွေတွေကို ဆပ်ဖို့ အတွက် အချိန်တစ်နှစ်ပေးခဲ့တယ် ဒါပေမဲ့ ငါတို့ အနေအထားနဲ့ အချိန်တစ်နှစ်အတွင်းမှာ ပြန်ဆပ်ပေးဖို့ တကယ် ခက်ခဲခဲ့ပါတယ်
- ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ရော ငါ့ဆိုင်ကိုပါ ရောင်းဖို့ အတွက် လုပ်ခဲ့ပါတယ်။အဲ့တာတွေ အားလုံး ရောင်းခဲ့ရင်တောင် ဒီငွေပမာဏကို မလျော်ပေးနိုင်ပါဘူး။မင်းဒယ်ဒီက ငါ့တို့ကို နောက်ထပ် အခွင့်ရေး တစ်ခု ထပ်ပေးခဲ့တယ် အဲ့အခွင့်ရေးကတော့ ငါတို့မိသားစုအတွက် နောက်ဆုံး အခွင့်ရေးတစ်ခုလိုပါပဲ။မင်းငါ့ကို ငွေကြောင့်နဲ့ လက်ထပ်ခဲ့တယ်လို့ မင်းထင်ခဲ့တယ်မလား တကယ်တော့ ငါ့မိသားစု ပြဿနာကြောင့် မင်းနဲ့ လက်ထပ်ခဲ့တာပါ
- မင်းဒယ်ဒီက မင်းကို အလုပ်ကြိုးစားပြီး ပြောင်းလဲစေချင်ခဲ့တာ မင်းကို ပြောင်းလဲအောင် လုပ်ဖို့ မင်းနဲ့ငါ့ကို လက်ထပ်စေချင်ခဲ့တယ် ပြီးတော့ ငါ့ကို အချိန်တစ်နှစ် ပေးခဲ့တယ် အဲ့အချိန်အတွင်းမှာ မင်းကို ပြောင်းလဲအောင် လုပ်နိုင်ခဲ့ရင် ငါ့အဖေရဲ့လုပ်ရပ်တွေရော ပိုက်ဆံတွေရောပါ ကြေအေးပေးမယ် တကယ်လို့ ငါမင်းကို တစ်နှစ်အတွင်း မပြောင်းလဲပေးနိုင်ရင် ငါ့အဖေက ထောင်ကျသွားနိုင်တဲ့ အထိပါ ဖြစ်သွားနိုင်တယ် ဒီကိစ္စက ငါတို့အတွက်က အကြီးမားဆုံး အခွင့်ရေးတစ်ခုလိုပဲ
- ဒါကြောင့် ငါတို့ သားဖနှစ်ယောက် မင်းဒယ်ဒီနဲ့ ဒီသဘောတူညီချက်ကို ယူခဲ့ပြီးတော့ မင်းနဲ့ လက်ထပ်ခဲ့တာပါ ငါ့မိသားစု အတွက် ဒီတာဝန်ကြီးက ငါ့အပေါ်မှာ ရောက်လာခဲ့တော့ ငါမင်းပြောင်းလဲဖို့ အတွက် ကြိုးစားခဲ့တယ်
- ဒီအကြောင်းတွေကို ဘာမှ မသိတဲ့ မင်းကတော့ ငါ့အပေါ်မှာ မေတ္တာတွေ ထားပေးခဲ့တယ် ဂရုစိုက်ပေးခဲ့တယ် ချစ်ပေးခဲ့တယ် အရာအားလုံးအတွက် ငါမင်းကို တကယ်ကျေးဇူးတင်ပါတယ် ငါမင်းကို အရင်က ချစ်တယ်လို့ ဘာလို့ မပြောခဲ့တာလဲ သိလား ဘာလို့ဆို တစ်နှစ်ပြည့်လို့ မင်းပြောင်းလဲသွားခဲ့ရင် ငါက ထွက်သွားရမှာပဲလေ ဒါပေမဲ့ ငါမင်းနဲ့ တူတူရှိရင်ကို ပျော်တယ် ငါ့ပါးစပ်ကနေ ဒီစကားထွက်ခဲ့ရင်တောင် မင်းငါ့ကို ယုံကြည်ပါ့မလား
- ငါ့မိသားစုအတွက်ကြောင့် မင်းနဲ့ လက်ထပ်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ငါမင်းအပေါ်မှာ သံယောဇဉ် ရှိလာခဲ့တယ် မင်းနဲ့ပဲ အချိန်အကြာကြီး နေပြီး မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားချင်တာပါ ဒီစကားတွေက အခုတော့ ဘာမှ အသုံးမဝင်တော့ပါဘူး မင်းလည်း မင်းချစ်တဲ့ ကောင်မလေးနဲ့ ပျော်ရွှင်ပါစေနော် ငါမင်းအပေါ်မှာ ဒီလို လိမ်ညာခဲ့ရတာတွေရော ငါ့အဖေရဲ့ ပြုမူဆက်ခံ ခဲ့တာတွေရောအတွက် ငါတောင်းပန်ပါတယ်
Sky အတွက်ကတော့ Nani ရေးခဲ့တဲ့ စာတွေကိုဖတ်ရှူပြီးနောက် ကုတင်ခြေရင်းမှာမှီကာ အရူးတစ်ယောက်လို ဖြစ်နေတော့သည်။
Skyအဖြစ်က ရယ်ရခက် ငိုရခက်ပင်။ အရူးတစ်ယောက် ဖြစ်သွားခဲ့တာတောင် သူဒေါသထွက်သင့်တယ်မလား။ဒါပေမဲ့ ကမ္ဘာကြီး ပျက်သွားသလိုပင် skyဘာကိုမှ မတွေးနိုင်တော့ပဲ Nani အလုပ် လုပ်နေကျ စားပွဲလေးကို ထိုင်ကြည့်နေမိတော့သည်။ထိုနေရာမှာ အမြဲ အလုပ် လုပ်နေတဲ့ လူသားလေးကတော့ အရိပ်လေးတောင် ရှိမနေတော့ပေ။
Sky ဒီအခြေနေတွေကို တကယ် မယုံနိုင်သေးတာကြောင့် အဝတ်ဗီရိုတွေပါ ဖွင့်ကြည့်လိုက်သည်။ ဗီရိုထဲမှာလည်း sky အဝတ်အစားတွေနဲ့ sky Nani ကို ဝယ်ပေးခဲ့တဲ့ အရုပ်လေးတွေပဲ ကျန်နေခဲ့သည်။
Sky လည်း Nani အလုပ် လုပ်နေကျ စားပွဲပေါ်မှာ စာရွက်တွေနဲ့ ဗူးလေး တစ်ဗူးပါ ထပ်မံ တွေ့လိုက်ရတယ်။ sky သွားကြည့်လိုက်ရာ 'ကွာရှင်းစာချုပ်' ဖြစ်နေပြီး Nani လက်မှတ် နဲ့ အတူ ဘေးက ဗူးလေး ထဲမှာက သူနဲ့ Nani လက်ထပ်တုန်းက မာမီ ပေးခဲ့တဲ့ လက်စွပ်လေး ဖြစ်နေခဲ့သည်။
"Nani က မောင့်ကို တကယ်ထားခဲ့ပြီး ဆန္ဒရှိခဲ့တာလားကွာ မောင်တောင်းပန်ပါတယ် မောင်ရဲ့ မဟုတ်တဲ့ မာနတွေကြောင့်ပါကွာ မောင့်ဆီကို ပြန်လာခဲ့ပါ "
ယောက်ျားလေး တစ်ယောက် မျက်ရည်ကျတဲ့ အကြောင်းအရာတွေထဲမှာ အချစ်ဆိုတဲ့ အရာကလည်း ပါဝင်နိုင်တယ်မလား။Sky တစ်ယောက် လက်ထဲမှာ 'N' ဆိုတဲ့ ဆွဲကြိုးလေးနဲ့ အတူ ဝမ်းနည်းမျက်ရည်တွေက တစ်လှိမ့်လှိမ့် စီးဆင်းလာခဲ့သည်။ ထို့နောက် ဆွဲကြိုးလေးရဲ့ ပိုင်ရှင်လေးကလည်း သူ့ဆီကနေ အိပ်မက်မဟုတ်ပဲ တကယ်ကို ထွက်သွားခဲ့သည်။
TBCThanks for reading, guys
Update လေး ကြာသွားခဲ့ရင်လည်း စာဖတ်သူတွေကို တောင်းပန်ပါတယ်ဗျ။အခုနောက်ပိုင်း ငလျင် လှုပ်ခတ်မှုက ပြင်းထန်လာသလို အချိန်အပိုင်းခြားလည်း စိပ်လာပါတယ် အားလုံးလည်း သတိရှိပြီး ဂရုစိုက်ကြပါဗျ💞
(Zawgyi)
___________________
"သားဘာမှ မဖွဈပါဘူး "
"သားဖဖေပွေောပွလို့ သားတို့သဘောတူခဲ့တဲ့ ကိစ်စတှကေို မမေသေိပွီးပွီ သားပွနျလာတာရော သားskyသိရဲ့လား "
"..........."
"သား "
"ဗြာ မမေေ "
"သားတို့ တဈခုခု ဖွဈလာလို့လား "
"P'Nani မငျ်ဂလာပါဗြ "
"မငျ်ဂလာပါ N'mike မနကျစာ စားပွီးပွီလား P'နဲ့ တူတူ လာစားပါလား "
"P'Nani "
"P' P' "
___________________
"Nani "
____________________
"Hello "
__________________
"Nani.... Nani "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





