Fanfics

part 32

19:06, 15 March 2025

(Unicode)

Nani တို့ နှစ်ယောက် အိမ်ကို ရောက်တော့ ကားကို ဆင်ဝင်အောက်မှာ ရပ်လိုက်ပြီး sky တစ်ယောက် Nani ရဲ့ အိတ်ကလေးကို ဆွဲကာ အရင်ဆင်းသွားခဲ့သည်။ထို့နောက် Nani ဘေးရှိ ကားတံခါးလေး ဖွင့်ပေးကာ Naniဆီသို့ လက်ကလေး လှမ်းပေးကာ ‌ကားထဲမှ ဆင်းစေခဲ့လိုက်သည်။

"Nani လာ အိမ်ထဲ ဝင်ရအောင်"

"အင်း ဘာလို့ လက်ကြီး ပေးနေတာလဲ"

"ဘာလို့လဲ Nani ရဲ့"

"မသိရင် ငါက ဒီအိမ်ကို အခုမှ ရောက်ဖူးတာ ကျနေတာပဲ "

"နှုတ်ခမ်းကြီး မစူပါနဲ့ဗျာ အိမ်ထဲ သွားရအောင်"

"ဘယ်မှာ စူလို့လဲ "

"ဒီမှာလေဗျာ နှုတ်ခမ်းလေး စူနေတာ ချစ်ဖို့ ကောင်းလိုက်တာ"

Skyလည်း ပါးစပ်ကလည်း ပြောရင်း လက်ကလေးကပါ စူနေတဲ့ နှုတ်ခမ်းနေရာလေးကို ညွှန်ပြလိုက်တော့ Nani လည်း မျက်စောင်းထိုးကာ ကားပေါ်မှ ဆင်းလိုက်သည်။

နှစ်ယောက်သား လက်ကလေး တွဲပြီး skyရဲ့ လက်ထဲမှာလည်း Naniရဲ့ အဝတ်အိတ်လေးနဲ့ ဆိုတော့ သူတို့နှစ်ဦးရဲ့ ပုံစံက ပူပူနွေးနွေးကြင်စဦး‌ မောင်နှံ အခုမှ အိမ်သစ်ကို ပြောင်းလာသလို ဖြစ်နေခဲ့သည်။

"သားNani သားမိဘအိမ် သွားမလို့ဆို မသွားဖြစ်တာလား "

"ဟုတ် "

"အေးအေး သား"

"Nani အဖေက အသည်းသန် ဖြစ်ပေမဲ့ အခုက သက်သာသွားလို့ သွားနေစရာ မလိုတော့တာပါ"

"ဟုတ်လား သားအဖေက ဘာရောဂါ ဖြစ်တာလဲ သားရဲ့ "

Skyစကားက သူ့အဖေကို အရောက်ပို့နေတော့ Nani လည်း skyလက်မောင်းကို ရိုက်ကာ အံ့ကြိတ်ပြလိုက်ရသည်။

"ဟုတ်ဒီတိုင်း နေမကောင်းရုံပါပဲ "

"‌အော်အေးအေး သားတို့ ညစာ စားလို့ရပြီ အဆင်သင့်ဖြစ်ပြီး သိလား "

"ဟုတ် သားတို့ ပြီးမှ ပဲ စားတော့မယ်နော်"

Nani လည်း sky လက်ထဲက အိတ်ကို ယူလိုက်ကာ အပေါ်သို့ အရင်တက်သွားခဲ့သည်။

"ကျွန်တော်တို့ ရေချိုးပြီးမှ ဆင်းလာတော့မယ်"

"အေးအေးသားsky "

Skyလည်း Nani နောက်ကိုအပြေး လိုက်ကာ လှေကားထိပ်နား ရောက်တော့ လက်ကလေး လှမ်းဆွဲလိုက်သည်။

"ကျွန်တော့ကို မစောင့်တော့ဘူးလား"

"ငါ့အဖေကို မေတ္တာပို့နေတဲ့ လူကို မစောင့်ချင်ပါဘူး"

"ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် Nani ရှက်နေမှာ ဆိုးလို့ပါဗျာ"

"ဘာကို ရှက်ရမှာလဲ "

"ကျွန်တော်တို့ မှတ်တိုင်မှာ နမ်းခဲ့တာကို ပြောလိုက်ရမလား"

"တိုးတိုးပြောစမ်းပါ အဒေါ်ပရင်ကြားသွားလိမ့်မယ်"

"မကြားပါဘူး အဲ့လို မပြောချင်လို့ ကျွန်တော်မုသားသုံးလိုက်တာပါဗျာ"

Nani လည်း မှတ်တိုင်က ကိစ္စအကြောင်းက ပါလာတော့ skyရဲ့ ပါးစပ်ကိုလည်း အလျင်အမြန်ပိတ်ခဲ့ရသေးသည်။skyလည်း ပါးစပ်လာပိတ်တဲ့ ကောင်လေးကို ခါးကနေ ဆွဲကာ သူ့မျက်နှာ နားကို နီးကပ်စေခဲ့သည်။

"မင်းရဲ့ မုသားကလည်း မလွန်ဘူးလား"

"နည်းနည်းလေးပဲ ပြောလိုက်တာပါ"

"တော်ပါ မင်းဒယ်ဒီကို ပြောရင်ရော ကြိုက်လား"

"ကျွန်တော်လည်း ‌ကျိုးကြောင်းဆီလျော်အောင် ပြောလိုက်တာပါဗျာ လာပါ အခန်းထဲ သွားရအောင်နော်"

ဒီလိုနဲ့ ဘာမှစကားထပ်မရှည်တော့ပဲ Nani တစ်ယောက် sky ခေါ်တဲ့ နောက်ကို ‌ပါလာခဲ့ပြန်သည်။

" Nani ထိုင်"

နှစ်ယောက်သား ကုတင် ပေါ်မှာ ခြေထောက်ချကာ ထိုင်နေရင်း စကားသံတွေကတော့ ထွက်မလာပဲ တွဲထားတဲ့ လက်တွေကတော့ အခုထိ မဖြုတ်ရသေးပေ။

"လက်လွှတ်အုန်း "

"အော် ကျွန်တော် မေ့သွားတာ "

"အင်း "

"ငါအိတ်ထဲက အဝတ်တွေကို ပြန်ထည့်လိုက်အုန်းမယ်"

"အဲ့တာက နောက်မှလည်း လုပ်လို့ရတယ် အခု ကျွန်တော့ အနားမှာ နေပေး"

Skyလည်း Nani ကိုယ်လေးအား ကုတင်ပေါ်မှာ ထိုင်ရင်း မျက်နှာချင်း ဖက်ထားလိုက်သည်။

Nani လည်း sky ပုခုံးပေါ် မျက်နှာလေး အပ်ထားပြီး လက်ကလေးဖြင့် skyကျောပြင်ကို ပြန်လည် ဖက်ထားလိုက်သည်။

"Nani"

"ဟင် "

"ကျွန်တော်နဲ့ Nani ဆက်ဆံရေးက ဘာလဲ ဆိုတာ ကျွန်တော်သိလို့ရမလား"

နှစ်ယောက်သား ဖက်နေရင်းကနေ skyရဲ့ စကားကြောင့် Nani သူ့ဘက်ကနေ အရင်ဆုံး ခွာလိုက်ကာ skyနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။

"မင်းနဲ့ငါက ယူထားတာပဲ မဟုတ်ဘူးလား"

"ကျွန်တော်တို့က ယူထားတယ် ဆိုပေမဲ့ မိဘတွေ ပေးစားထားတာလေ "

"ပေးစားလို့ ယူခဲ့ရတာ ဖြစ်ဖြစ် ငါတို့က အိမ်ထောင်သည်ဘဝမှာ နေနေ ကြတာ မလား"

"ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်လိုချင်တာ Nani ဆီက အချစ်"

"မင်းလည်း ငါ့အပေါ်မှာ သံယောဇဉ်ရှိသလို ငါလည်း မင်းအပေါ်မှာ သံယောဇဉ်ရှိတယ် အဲ့တာက ငါတို့အတွက် လုံလောက်တယ်မလား "

"အချစ်နဲ့ သံယောဇဉ်ဆိုတာ မတူဘူးလေ ပြီးတော့ ကျွန်တော်က Naniကိုချစ်မြတ်နိုးတာ သံယောဇဉ်ပဲ မဟုတ်ဘူး"

"အချစ်ဆိုတာ လူမှန်အချိန်မှန် မဟုတ်ရင် ပြောင်းလဲသွားမှာပဲ သံယောဇဉ်ဆိုတဲ့ ကြိုးကမှ ငါတို့အတွက်ပိုအဆင်ပြေနိုင်မယ် "

"ကျွန်တော့ အတွက်ကတော့ မပြောင်းလဲဘူး ဒယ်ဒီပေးစားလို့ ယူခဲ့ပေမဲ့ Naniဆိုတဲ့ လူသားက ကျွန်တော့အပိုင်ပဲ Nani ကရော ကျွန်တော်က ဘာလဲ ပေးစားလို့ ယူရတာပဲလား"

"မဟုတ်ဘူး sky "

"အဲ့တာဆို ဘာလဲ ကျွန်တော် Nani ကို အခွင့်ရေး တောင်းခဲ့တာကရော ဘယ်နေရာမှာ အဆုံးသတ်သွားခဲ့တာလဲ "

"ငါမင်းကို ငါ့စိတ်ထဲက မပါပဲ မျှော်လင့်ချက် မပေးချင်ဘူး "

"1နှစ်တောင် ပြည့်တော့မှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ အခုထိ Nani က ကျွန်တော့ အတွက် အချစ်ဆိုတာ မပေါ်ပေါက်သေးဘူးလား "

"အချစ်ဆိုတာ သူပေါ်ပေါက်ချင်တိုင်း ပေါ်ပေါက်လို့မှ မရတာ မင်းငါ့ကို အခွင့်ရေးပေးဖို့ တောင်းခနဲက မင်းဘာပြောခဲ့တာလဲ မင်းပဲ စောင့်နိုင်တယ်ဆို "

"ဟုတ်ပါတယ် ကျွန်တော် စောင့်နိုင်ပါတယ် အမြဲတမ်းလည်း စောင့်နေမှာပါ ဒါပေမဲ့ ကျွန်တော့ရဲ့ မသိစိတ်မှာ ဒီလူကို ဆုံးရှုံးရတော့မယ်လို့ပဲ ခံစားနေရလို့ "

"မင်းနဲ့ငါ အခုမှ အဆင်ပြေလာတာ ငါတို့ထပ်ပြီး စကားမများပဲ နေကြရအောင် "

"ကျွန်တော် Nani ကို အတွေးလွန်ပြီး လျှောက်ပြောမိခဲ့ရင် တောင်းပန်ပါတယ် Nani ရေအရင်ချိုးလိုက်ပါ ကျွန်တော် ဝရံတာ ဘက် ခနသွားလိုက်အုန်းမယ် "

Skyလည်း Nani ကို ပြောပြီးတာနဲ့ ချက်ချင်းအခန်းထဲမှ ထွက်ကာ ဝရံတာသို့ စိတ်ပြေပျောက်ဖို့ အတွက် သွားခဲ့လိုက်သည်။

အရာအားလုံးကိုသိနေတဲ့ ကောင်လေး တစ်ယောက်ကတော့ ပိုလို့ပင် ခံစားနေရသည်။သူ့အနေနဲ့ skyကို ချစ်သည်။Nani သာ skyကို မချစ်ဘူး ဆိုရင် sky နဲ့ သူရဲ့ ပထမဆုံးအကြိမ်တွေကို ကျော်ဖြတ်ခဲ့ပါ့မလားဗျာ။နောက်ကွယ်မှာ ရှိနေတဲ့ ကိစ္စတွေကြောင့် သူဘယ်တော့မှ skyကို ချစ်တယ်ဆိုတဲ့ စကားကိုသူ့ပါးစပ်ကနေ ထုတ်ဖော်မပြခဲ့ပါ။

Nani တစ်ယောက် ရေချိုးပြီးတဲ့ ထိကို skyက အခန်းထဲ သို့ မရောက်လာသေးပေ။Nani လည်း ခေါင်းလေး သုတ်ကာ သွားခေါ်မည့် အလုပ် သူ့ဖေဖေ ဆီမှ ဖုန်းဝင်လာခဲ့သည်။

"Hello "

"Hello သား "

"ဟုတ်ဖေဖေ "

"ဖေဖေ ပြောစရာ ရှိလို့ ဆက်လိုက်တာ "

"ဟုတ်ဖေဖေ "

"ဖေဖေ အခု အလုပ်ကနေ ထွက်မလို့ "

"ဗျာ !ဘာလို့လဲ ဖေဖေ "

"Khun James ရဲ့ အကူအညီနဲ့ ဖေဖေရဲ့ ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္မဏီကလည်း အဆင်ပြေနေပြီ အဲ့တာ ဖေဖေအဲ့ဘက်ကို ပြောင်းရွေ့မလို့ "

"ဖေဖေက ဘယ်လို ပြောထွက်မှာလဲ CEOကရော လက်ခံပါ့မလား ဖေဖေ တကယ်ကို ဘာတွေ လုပ်နေတာလဲ "

"ငါက မင်းအဖေပါ ပထမ တစ်ခါက အဆင်မပြေခဲ့ပေမဲ့ အခုက အဆင်ပြေသွားပြီ "

"Jamesဆိုတဲ့ လူဆီကနေရော ဘာလို့ အကူအညီ ထပ်ယူရတာလဲ "

"Khun James က ဘာဖြစ်နေလို့လဲ ငါ ဖုန်းဆက်တယ် ဆိုတာကလည်း အခု လုပ်မဲ့ကိစ္စကို လှမ်းပြောတာ မင်းသာ 1နှစ်ပြည့်တော့မှာကို ခေါင်းထဲ ထည့်ထား "

Nani အဖေလည်း ဖုန်းချကာ Nani အတွက်ကတော့ တစ်ပူပြီး တစ်ပူ စိတ်ဒုက္ခတွေပဲ တိုးတိုးလာခဲ့သည်။ဖေဖေက ဘာတွေ သွားပြောလိုက်ပြန်တာလဲ James ကရော ဘာကြောင့် ကူညီရတာလဲ ဆိုပြီး ဖိအားတွေပဲ များလာခဲ့ရသည်။

Nani လည်း သူ့အဖေကိစ္စကို ခေါင်းထဲက ထုတ်ကာ ဝရံတာမှာ ရှိတဲ့ sky ဆီကိုသာ သွားလိုက်သည်။Nani ဝရံတာ ရောက်တော့ အသုံးပြုပြီးသာ ဆေးလိပ်မီးတို အပုံလိုက်ကလည်း ဘေးမှာ ရှိနေသလို လက်ထဲမှာ ဆေးလိပ်ဖွာနေတဲ့ skyကိုလည်း တွေ့လိုက်ရသည်။

"မင်းက ဆေးလိပ်သောက်တတ်တယ်လား "

"အင်း ဒါပေမဲ့ သောက်ရတာ မကြိုက်ဘူး တစ်ခါတစ်လေ  စိတ်ညစ်မှ သောက်တာ"

"မင်းငါ့‌ကြောင့်တော်တော် စိတ်ညစ်နေပုံ ရတယ်"

"မဟုတ်ဘူး Nani ဒီတိုင်း ကျွန်တော့စိတ်တွေ ရှုပ်နေလို့"

"မင်းငါ့ဆီက ချစ်တယ် ဆိုတဲ့ စကား ကြားချင်တာမလားဟမ် မင်းအဲ့စကားကို ကြားရရင် မင်းစိတ်တွေ မရှုပ်တော့ဘူးမလား မင်းကြားချင်တာကို ငါပြောမယ် "

"မဟုတ်ဘူး Nani "

"အဲ့တာဆို ဘာလဲ မင်းက ဘာဖြစ်စေချင်တာလဲ"

"Nani စိတ်ထဲက မပါပဲ ကျွန်တော့ကြောင့် အတင်းကြပ်ပြောနေတာကို ကျွန်တော်မလိုချင်ဘူး ကျွန်တော် Nani ကို ချစ်သလို Nani ဘက်ကလည်း ကျွန်တော့နဲ့ ထပ်တူ Nani ရင်ထဲက လာတာကိုပဲ လိုချင်ခဲ့တာ ကျွန်တော် အခန်းထဲ သွားတော့မယ် "

ထွက်သွားတဲ့ ကောင်လေးလည်း ခံစားရသလို ကျန်ခဲ့တဲ့ ကောင်လေးမှာလည်း ဝရံတာမှာ ဒူးလေး ပိုက်ပြီး ခေါင်းလေး ငုံ့ကာ ထိုင်နေတော့သည်။

Nani လည်း ခနနေတော့ ဘာမှ တွေးမနေတော့ပဲ အခန်းထဲ ဝင်သွားပြီး skyထွက်လာမည်ကို ‌‌  ရေချိုးခန်း အရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ စောင့်နေခဲ့တော့သည်။

"Sky "

"........."

သပတ်အောက်ပိုင်း ပတ်ကာ ရေချိုးခန်းထဲက ထွက်လာတဲ့ skyကတော့ Nani စကားကို အရေးမစိုက်ပဲ ဗီရိုရှေ့သာ ထွက်သွားလိုက်တော့သည်။

Naniလည်း သူ့ကို ရှောင်ထွက်သွားပြီး ကျောပေးကာ အဝတ်ထုတ်နေတဲ့ sky ရဲ့ အနောက်မှာ ရပ်ကာ စကားတစ်ခွန်း ပြောလိုက်သည်။

"ငါမင်းကို ချစ်တယ် sky"

Sky တစ်ယောက် အဝတ်ထုတ်နေရင်း Nani စကားကြောင့် သူအံ့ဩသွားခဲ့ သလို အဝတ်ထုတ်နေတဲ့ လက်တွေပါ ရပ်တန့်သွားခဲ့သည်။သို့ပေမဲ့ သူ Nani ကို ဘာစကားမှ ပြန်မပြောခဲ့ပါ

"............"

"မင်းမယုံချင်ရင် နေ ဒီစကားက ငါ့ရင်ထဲက လာတဲ့ စကားပဲ "

Nani လည်း သူပြောချင်တဲ့ စကားကို သူဖွင့်ထုတ်နိုင်လိုက်ပေမဲ့ ဘာ တုံ့ပြန်မှု ရှိမလာတဲ့ လူကြောင့် အခန်းထဲမှ ထွက်သွားဖို့ပဲ ပြင်လိုက်တော့သည်။

Skyက ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်မှု လှိုင်းလေးတွေက ဖြတ်သွားခဲ့သည်။အနောက်က ကောင်လေးက ဘာအသံမှ ထွက်မလာခဲ့တော့ skyတစ်ယောက် လှည့်ကြည့်လိုက်ရာ အခန်းထဲမှ ထွက်ဖို့ ပြင်နေတာကို တွေ့လိုက်ရသည်။

Sky လည်း အလျင်အမြန် လှမ်းဆွဲကာ ထိုကောင်လေးကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

"Nani မောင့်ကို တကယ်ချစ်တာလား စနေတာလား တကယ်ပြောနေတာလား Nani ရာ "

"ဖယ် လွှတ် အခုမှ လာဖက်မနေနဲ့ "

"မရုန်းပါနဲ့ဗျာ မောင်ရူးသွားလိမ့်မယ် "

"ရူးပါလိမ့်စေ "

"Nani က မောင့်ကို တကယ်ရူးသွားစေချင်တာလား "

ဖက်ထားခံရတဲ့ ကောင်လေးက ပါးစပ်က ဖွင့်ဟ မပြောပဲ ခေါင်းလေးယမ်းကာ မရူးစေချင်ကြောင်း ခေါင်းလေးဖြင့် ပြောပြလိုက်သည်။

"အဲ့တာဆို မောင့်ကို  ဘာဖြစ်စေချင်တာလဲ "

"မင်းကရော ဘာဖြစ်ချင်တာလဲ"

"မောင်က ကမ္ဘာပေါ်မှာ Nani အချစ်ဆုံးလူ ဖြစ်ချင်တာ "

"လူဆိုးကောင် ငါ့ကို အဲ့ချစ်တယ်ဆိုတဲ့ စကား မပြော ပြောအောင်လုပ်တာ "

Nani လည်း မကျေနပ်ကာ လက်သီးဖြင့် တောင့်တင်း ကျယ်ပြန့်နေတဲ့ skyရဲ့ ရင်ဘတ်ကို ထုနှက်လေသည်။

"မောင် ဘာလုပ်မိလို့လဲ "

"ငါမင်းကို ချစ်တာ မသိဘူးလား "

"မသိပါဘူး "

"မသိရင် နေ "

"Nani ကလည်း မသွားပါနဲ့ မောင့်အနေနဲ့လည်း ဒွိဟ ဖြစ်သင့်တယ်မလား မောင့်ကို တကယ်မချစ်နေတာလား အောင့်အီးပြီး နေပေးရတာလား ဆိုတဲ့ အတွေးနဲ့ ရင်မောနေရတာပါဗျာ"

"ငတုံး ငါပါးစပ်ကပဲ မပြောခဲ့တာ ငါသာ မင်းကို မချစ်ရင် ငါမင်းနဲ့ ဒီချိန်ထိ တူတူရှိနေပါ့မလား"

"ဟုတ်တယ်နော် မောင်က ငတုံးပဲ ဟားဟား "

"ရယ်‌မနေနဲ့ တကယ်ငတုံး"

"ငတုံးကို ချစ်တဲ့ ငပေါလေးကရော မောင့်ကို နောက်တစ်ခေါက် ချစ်‌တယ်လို့ မပြောချင်ဘူးလား"

"မပြောချင်ပါဘူး ငါပြောနေတာကို မင်းက ကျောပေးထားတာလေ"

"အဲ့တာ မောင်က စိတ်ဆိုးနေတာလေ "

"ဘာကို စိတ်ဆိုး တာလဲ ငါ့ကို ကျောပေးထားတဲ့ မင်းရဲ့ ကျောပြင်ကြီးကို ငါထုပစ်ချင်တာ "

"ဟားဟား မောင့်ကို အဲ့လောက်တောင် မကျေနပ်နေတာလား မောင့်ကို ထုရင် Nani လက်ကလေး‌တွေ နာသွားမှာပေါ့ "

"နာနာကွာ ထုမှာပဲ "

"ကဲပါ စိတ်လျှော့တော့ မောင်တို့ ချစ်ကြမယ်လေနော်"

"မချစ်ပါဘူး "

"ပြွတ်စ် "

"ဘာလို့ ပါးကို လာနမ်းနေတာလဲ "

"ပါးနမ်းတာ မကြိုက်ဘူးလား မောင် နှုတ်ခမ်းကို နမ်းရမလား "

"ပြွတ်စ် "

"မနမ်းနဲ့လို့ "

Nani တစ်ယောက် မျက်နှာ အနှံ့ နမ်းခံရတော့ ယားသလိုဖြစ်ကာ အသည်းယားပြီး ရယ်သံလေးတွေ ထွက်ကာ တားမြစ်လိုက်ရသည်။

"နမ်းမှာပဲကွာ မွှေးနေတာပဲ မောင့်အပိုင်လေးက "

"မနမ်းနဲ့ ရပ်ပေးတော့လို့ "

"အဲ့တာဆို ချစ်တယ်လို့ အကျယ်ကြီးပြောရင် ရပ်ပေးမယ် "

"တကယ်ရပ်ပေးမှာလား"

"မောင် ဘယ်တုန်းက လိမ်ဖူးလို့လဲ "

"အင်း အဲ့တာဆို ပြောမယ် မနမ်းနဲ့နော် "

Skyတစ်ယောက် Nani ပြောမှာကို နားထောင်နေပါတယ် ဆိုပြီး စောင့်စားနေသည်။

"ချစ်တယ် "

"Nani ကလည်း မောင်က ချစ်တယ် ဆိုပဲ ကြားချင်တာမှ မဟုတ်တာ "

"အဲ့တာဆို ဘယ်လို ပြောရမှာလဲ မင်းက ကြားလည်း ကြားချင်သေးလဲ ဂျီးများလိုက်တာ "

"လုပ်ပါ သေချာလေး ပြောပါ "

"မင်းကို ချစ်တယ် "

"မကြားရဘူး ကျယ်ကျယ်လေး "

"မင်းနဲ့ငါ နှစ်ယောက်တည်း ရှိတာ ဘာလို့ မကြားရတာလဲ "

"မောင်တကယ် မကြားရတာ ပြီးတော့ မောင့်ကို ချိုချိုသာသာလေး ပြောပေးပါကွာ "

"ငါစိတ်တိုလာပြီ မင်းကြားအောင် နားထောင်နော်"

"အင်း မောင် သေချာ နားထောင်နေတယ် "

"Sky ငါမင်းကို ချစ်တယ်"

"Sky ဘာဖြစ်တယ် မောင်မကြားရဘူး"

"မင်းသက်သက် လူလည်ကျမနေနဲ့နော် "

"ဗျာ ဘာပြောလိုက်တာလဲ မကြားရဘူး Nani ရဲ့"

Nani တစ်ယောက် အသက်ဝဝရှူကာ

"Sky ငါမင်းကို ချစ်တယ် မင်းကို အချစ်ဆုံးပဲလို့"

Skyတစ်ယောက် အပျော်ကြီး ပျော်ကာ Naniကို ဒူးအောက်ကနေ ပွေ့ချီကာ အခန်းတစ်ပတ် ချီပြေးနေသည်။

"မောင့် ချော်လှဲကုန်မယ်လို့ "

"မောင်ပျော်လို့ပါကွာ "

"အောက်ချပေးတော့ ပြီးတော့အအေးပတ်လိမ့်မယ် အင်္ကျီမဝတ်တော့ဘူးလား "

"ဟုတ်သားပဲ မောင်ဝတ်ဖို့ မေ့နေတာ "

Nani ကို ချပေးပြီး sky လည်း အင်္ကျီသွားဝတ်လိုက်လေသည်။ပြီးနောက် Nani ရှိရာသို့ ပြန်လာကာ အနူးညံ့ဆုံး အနမ်းလေးကို နမ်းလိုက်သည်။Nani လည်း ဒီတစ်ခါ အနမ်းတွေကို မရှောင်တော့ပဲ skyနဲ့ ထပ်တူ အနမ်းတွေကို ပြန်လည်တုံ့ပြန်လိုက်သည်။

နှစ်ယောက်သား အနမ်းတွေ ပေးပြီးမှ ထမင်းစားဖို့ သတိရသွားကာ အောက်သို့ ဆင်းသွားကြတော့သည်။အရှက်သည်းတွေ ကောင်လေးကတော့ နားရွက်တင်မက ပါးလေးတွေ ရဲကာ ဟင်းတောင် မထည့်ပဲ ထမင်းတွေကြည့် စားမိနေတော့သည်။

"Nani "

"ဟင် "၀

"ဟင်းတွေ ထည့်စားအုန်း‌လေ "

"မောင် မှ မထည့်ပေးတာ "

Nani တစ်ယောက် ရှက်ပြီး skyအပြစ်သာ လွှဲချနေတော့သည်။

"မောင်ထည့်ပေး ထားတယ် လေဗျာ"

"ထပ်ထည့်ပေးလို့ မရဘူးလားပြော"

"ဟုတ်ပါပြီ မောင် ထပ်ထည့်ပေးမယ်နော် "

"အင်း "

ဒီလိုနဲ့ sky နဲ့ Nani ထမင်းစားပြီးကာ အပေါ်ကို ပြန်တက်သွားကြလေ‌သည်။

"Nani မောင်တို့ကတစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုတာကို ဝန်ခံ ပြီးပြီ ဆိုတော့ သာယာတဲ့ အိမ်ထောင်သည် ဘဝလေးကို တည်ထောင်ရအောင်နော်"

"အင်း "

"မောင်လည်း အခုက အလုပ်က အတည်တကျ ဖြစ်သွားပြီ ဆိုတော့နောက်ကျရင် ဒယ်ဒီနေရာကို လွှဲပြောင်းယူဖို့ပဲ ကျန်တော့တာ "

"ဦး ကြားရင်လည်း သူ့ကို CEO နေရာကနေ မြန်မြန်ဆင်းခိုင်းနေတယ် ဖြစ်နေပါအုန်းမယ် မောင်ရယ် "

"မောင်ပြောတာ အမှားမပါဘူးကွာ "

"ဒါပေမဲ့ ကြားလို့လည်း မကောင်းဘူးလေ"

"ဟုတ်ပါပြီဗျာ "

"အင်း "

"မနက်ကျရင် မောင်တို့ အလုပ်ကို တူတူသွားမယ်နော်"

"အင်း"

"မောင်တို့ အိပ်ကြတော့မလား "

"အင်း အိပ်မယ်လေ "

"လာ မောင့်လက်ပေါ် ခေါင်းအုံး "

"မောင့်လက်တွေ နာသွားမယ်လေ ခေါင်းအုံးလည်း ရှိ‌တာပဲကို "

"မောင့်လက်က ခေါင်းအုံးထက် ပိုအိပ်လို့ ကောင်းတယ် "

"မထင်ပါဘူး ဒီလောက် အဖုတွေ အထစ်တွေနဲ့ တောင့်တင်းနေတာကြီးကို "

"အဲ့တာ မောင့်ကို တစ်သက်လုံး အားကိုးလို့ ရအောင်လို့ ဗလကြီးထားတာလေဗျာ"

"အပိုတွေ "

"တကယ်ပါဗျာ "

"တော်ပြီ အိပ်တော့ "

"အင်း အိပ်ကြမယ် ကောင်းသောညပါ မောင့်ယောက်ျားလေးရေ မွ "

Nani လည်း skyရဲ့ စကားတွေကြောင့် နှုတ်ခမ်းက စူမိပြန်သည်။

"စူနေတဲ့ နှုတ်ခမ်းလေး နမ်းပစ်မှာနော် "

"မနမ်းနဲ့ အိပ်မယ်လို့ "

"မောင့်ကိုလည်း အိပ်မက်လှလှ မက်ခိုင်းအုန်းလေ"

"မောင် အိပ်မက်လှလှမက်ပါ‌ စေနော်"

"ဟုတ်ကဲ့ပါခဗျ အများကြီးချစ်တယ်"

Skyလည်း Nani ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ ထည့်ကာ စောင်လေး ခြုံထားပြီး အိပ်ဆက်လိုက်ကြသည်။အချစ်ဆိုတဲ့ ခံစားချက်ကလည်း အောင့်ထားလို့ရတဲ့ အရာမဟုတ်တော့ ကောင်နှစ်ယောက်ရဲ့ အချစ်တွေကလည်း နောက်ဆုံးမှာ သိသိသာသာ ပေါ်ထွက်လာခဲ့တော့သည်။

TBCThanks for reading, guys

(Zawgyi)

























"ငါ့အဖကေို မတေ်တာပို့နတေဲ့ လူကို မစောငျ့ခငြျပါဘူး"





















"Nani"























"Hello "
























"Sky "

"........."





"............"













"မောငျက ကမ်ဘာပေါျမှာ Nani အခဈြဆုံးလူ ဖွဈခငြျတာ "



















































"အောကျခပြေးတော့ ပွီးတော့အအေးပတျလိမျ့မယျ အငျ်ကြီမဝတျတော့ဘူးလား "




"Nani "






































TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories