Part 7(End)
12:16, 3 December 2022Unicode.....
Sunghoonဒီနေ့မနက်စောစောJaeyunအိမ်ထွက်လာခဲ့လိုက်သည်။
Jaeyunရဲ့ကွန်ဒိုကိုလိုက်ကြည့်ချင်သည့်အတွက်။
JaeyunလဲSunghoonလာမှာသိတဲ့အတွက်မနက်စာလုပ်နေလိုက်သည်။
Jaeyunရဲ့အမေဟာဆိုလဲSunghoonကိုအရမ်းချစ်၏။ဘယ်သူကသားအရင်းလဲမေးယူရသည့်အထိ။
ခုလဲSunghoonကိုမတွေ့ရတာကြာလို့ဆိုပြီးသွားမယ့်အလုပ်ကိုမသွားသေးဘဲ ထိုင်စောင့်နေသည်။
အစကတစ်JayထဲJayနေတဲ့သူကSunghoonကိုတွေ့ပြီးကတည်းကသားသားနဲ့ပါးစပ်ကမချအဖေကတောင်အမြင်ကပ်လာပြီနော်ပြောရတဲ့အထိ။
"မေမေ"
"ဟယ်သားလေးလာပြီလား မေမေကလွမ်းနေတာ"
"သားကခုတလောအလုပ်တွေရှုပ်နေလို့ပါပြီးတော့ဟိုတစ်ခါလာတုန်းကလဲJakeကမှမရှိဘဲအဲ့တာကြောင့်မဝင်တော့တာ"
"ဟုတ်ပါပြီကွယ် ခုဘယ်သွားကြမလို့လဲ မနက်စာစားသွားကြအုန်း"
"ဒီတိုင်းလျှောက်လည်ရုံပဲမေမေ"
"အင်းဒါဆိုမေမေအလုပ်သွားတော့မယ်နော်"
"ဟုတ်ကဲ့မေမေ"
Jaeyunမေမေထွက်သွားမှJaeyunရှိတဲ့ထမင်းစားခန်းထဲကိုဝင်လာတဲ့Sunghoon။
"Jakeကိုယ်ဗိုက်ဆာနေပြီ"
"ငါရှိတယ်ဆိုတာသိသေးသားပဲ အိမ်ကမစားခဲ့ဘူးလား"
"Jakeကိုတွေ့ချင်နေပြီမလို့ မြန်မြန်လာလိုက်ရတာဘာမှမစားခဲ့ရဘူး"
ခုတလောဒီလိုမရိုးမသားစကားတွေပြောပြောလာလာကြောင့်Jaeyunတစ်ယောက်ရင်ခုန်ရတာခနခန။
"အေးပါကွာခနပဲစောင့် ကျက်တော့မယ်"
မနက်စာစားပြီး Sunghoonသွားချင်နေတဲ့Jaeyunရဲ့ကွန်ဒိုကိုထွက်လာခဲ့လိုက်တယ်။
ကျောင်းပိတ်ရက်အတွင်းSunghoonနဲ့ပဲအမြဲအတူတူရှိနေဖြစ်သည်။
အဲ့လိုပဲJaeyunနှလုံးသားလေးဟာSunghoonဆီကိုအလုံးစုံပေးအပ်လိုက်ရပြီဖြစ်၏။
SunghoonလဲJaeyunကိုဖလစ်နှုန်းတွေနဲ့စမ်းသပ်နေပေမဲ့Jaeyunဘက်ကဘယ်လိုပုံစံမှမပြလို့ရှေ့ဆက်မတိုးရဲ။
Jeongsongနဲ့Jungwonတောင်အရမ်းသဲကဲနေပြီးအမြင်ကပ်စရာလိုကြည်နူးပြနေကြပြီကို။
"တကယ်ချစ်မိတော့လဲမလွယ်ပါလား park sunghoonရေခံလိုက်ပေအုန်းပေါ့"
Sunghoonအိပ်ယာပေါ်လှဲနေရင်းညည်းညူမိသောစကားတစ်ခွန်း။
ဒီနေ့အထက်တန်းဒုတိယနှစ်ရဲ့ပထမဆုံးကျောင်းဖွင့်ရက်။
"Jake Jake Jake!"
Sunghoonအိမ်ထဲမဝင်သေးပဲအပြင်ကနေလှမ်းခေါ်တော့ပြတင်းပေါက်လေးကနေပြူထွက်လာတဲ့ခေါင်းသေးသေးလေးကချစ်စရာအတိ။
"ဝင်ခေါ်မှာကိုကြိုမပြောဘူး"
"ကိုယ်ကsurpriseတိုက်လိုက်တာလေ"
"ေဩာ်တကယ့်surpriseကြီးပါပဲ"
"Jakeကရွဲ့တာလားကိုယ့်ကို"
"မရွဲ့ပါဘူး"
"ကိုယ်ကမင်းကို..."
"ဟာဟိုမှာHeeseung hyungသွားရအောင်မြန်မြန်"
Sunghoonပြောမဲ့စကားတောင်ပျောက်ပြီးHeeseung hyungဆီပြေးသွားတဲ့လူကိုကြည့်ပြီးနှခမ်းဆူမိသည်။
Jakeကလဲတမင်စကားဖြတ်ခြင်းမဟုတ်ပါ Heeseung hyungကိုအကူအညီတောင်းထားတဲ့ဟာလေးမေးမလို့ဖြစ်၏။
"Heeseung hyung morning"
"morning Jaeyun ဒါနဲ့Sunghoonကိုမတွေ့ပါလား"
"ဟာဟုတ်သားတစ်ယောက်ထဲသွားနှင့်ပြီထင်တယ်"
အကူအညီတောင်းထားတဲ့ဟာအကြောင်းရယ် တစ်ခြားရောက်လေရောအကြောင်းလေးတွေပြောပြီး ကျောင်းကိုလာခဲ့လို့က်သည်။
Sunghoonကတော့ဘာလို့တစ်ယောက်ထဲအရင်ထွက်သွားလဲမသိပါ။
Jaeyunအခန်းထဲရောက်သွားတော့ဆူပုတ်ပြီးစာအုပ်ပေါ်လျှောက်ခြစ်နေသည့်Sunghoonကြောင့်Jaeyunဘာဖြစ်နေတာလဲနားမလည်တော့။
စကားပြန်ပြောရင်လဲအင်းတစ်လုံးသားပြန်ပြောသည်။
"Sunghoon မင်းဘာဖြစ်နေတာလဲ မနက်ကထိအကောင်းကြီးကို"
"ဘာမှမဖြစ်ပါဘူး"
"အိုကေလေ"
"Jake"
"ဟင်"
"ညနေကြကိုယ်နဲ့တစ်နေရာလိုက်ခဲ့ပြစရာလဲရှိတယ်ပြောစရာလဲရှိတယ်"
"အင်းလိုက်ခဲ့မယ်"
အဲ့စကားပဲဲပြောပြီးစကားတစ်ခွန်းမှထပ်မပြောတော့တဲ့သူကဘာမြန်းဖြစ်နေပါလိမ့်။
ညနေကျောင်းဆင်းတော့Sunghoonခေါ်ရာနောက်Jaeyunလိုက်လာခဲ့လိုက်သည်။
တောင်ကုန်းလေးတစ်ခုပေါ်ဖြစ်ပြီးအဲ့တောင်ကုန်းပေါ်မှာခုံတန်းလေးတစ်ခုသာရှိသည်။
Sunghoonတစ်ယောက်Jaeyunကိုခေါ်လာတဲ့နေရာကတောင်ကုန်လေးတစ်ခု။
Sunghoonဒီနေရာကိုစတွေ့တုန်းကဘာဆိုဘာမှမရှိ။စတွေ့တဲ့နေ့ကJaeyunကိုချစ်မိနေပြီးလားဆိုတာသေချာအောင်အချိန်ယူဖို့ထွက်လာရင်းတွေ့ခဲ့ခြင်း။
နောက်ပိုင်းဒီနေ့ရာလေးဟာSunghoonအတွက်အေးချမ်းမှုလေးဖြစ်လာတဲ့အတွက် တစ်ချို့ပန်းပင်လေးတွေစိုက်ပျိုးပြီး ခုံတန်းလေးတစ်ခုကိုကိုယ်တိုင်ရိုက်ခဲ့၏။
Jaeyunကိုတစ်နေ့ဒီကိုခေါ်လာမယ်လို့စဥ်းစားပြီးအရာအားလုံးကိုလုပ်ခဲ့တာ။
အဲ့တစ်နေ့က SunghoonကJaeyunဆိုတဲ့တစ်ဦးတည်းသောSunghoonအပိုင်ဖြစ်လာရမဲ့Jakeကိုဖွင့်ပြောမဲ့နေ့။
ခုလည်းရောက်ကတည်းကအရမ်းအံ့ဩပြီးပတ်ဝန်းကျင်ရဲ့အလှကိုငေးနေတဲ့Jaeyunကိုငေးနေရတဲ့Sunghoonရဲ့မျက်နှာဟာတစ်ကမ္ဘာလုံးမှာသူကပဲကံအကောင်းဆုံးလူလို။
"Sunghoonမင်းဒီနေရာကိုဘယ်လိုရှာတွေ့ခဲ့တာလဲမိုက်လိုက်တာ"
"အဟမ်းအဲ့တာက ဒီနေရာကိုတစ်ခုခုလာလုပ်ရင်းတွေ့ခဲ့တာ"
"ဆေးလိပ်လာသောက်တာလို့တော့မပြောနဲ့နော်"
"ဟာမင်းကလဲကိုယ်ကမင်းနဲ့တွေ့ပြီးကတည်းကဆေးလိပ်မသောက်တော့တာသိသားနဲ့"
"ဟေးဟေးအဲ့လိုမပြောနဲ့တစ်ခါတစ်လေမင်းခိုးသောက်နေတာငါတွေ့ပါတယ်နော်"
"....."
"ငါ့ကြောင့်မသောက်ရဘူးဆိုတာမဖြစ်ရအောင်ဘာမှမပြောတော့တာ"
"မင်းနဲ့ချစ်သူဖြစ်ရင်တော့လုံးဝမသောက်တော့ဘူးဆုံးဖြတ်ထားတယ်"
"ဟင်"
"ကိုယ်မင်းကိုချစ်တယ်Jake"
"...."
"စတေွ့ကတည်းကမင်းကကိုယ့်အတွက်အမြဲထူးခြားခဲ့တာ ကိုယ်စကားပြောတိုင်းကိုယ်ကဘယ်သူနဲ့မှကိုယ်လို့မသုံးဖူးဘူးမင်းနဲ့စတေွ့မှ"
"...."
"ကိုယ့်သူများစကားကိုလဲဘယ်တော့မှနားမထောင်ခဲ့ဘူးဒါပေမဲ့မင်းစကားကိုတစ်ခွန်းမကျန်နားထောင်ခဲ့တယ်"
"...."
"ကိုယ့်အချစ်ကိုလက်ခံနိုင်မလားဟင်"
"ငါကလက်မခံဘူးဆိုရင်ရော"
"မင်းလက်ခံလာမဲ့အချိန်ထိကိုယ်ကြိုးစားမှာ"
"ငါ့မှာချစ်ရမဲ့သူရှိပြီးသားဆိုရင်ရော"
"....."
"အဲ့ချစ်ရမဲ့သူကမင်းပဲဖြစ်နေခဲ့တာဆိုရင်ရော"
"ဟမ်တကယ်လားJake"
"ငါဖြေဖို့မလိုတော့ဘူးထင်ပါတယ်"
"ဖြေဖို့လိုတာပေါ့ကိုယ်ကမင်းရဲ့နှခမ်းလေးကထွက်လာမဲ့ချစ်တယ်ဆိုတဲ့စကားကိုပိုမျှော်လင့်တယ်"
"ငါလဲမင်းကိုချစ်ပါတယ်Sunghoon မင်းငါ့ကိုချစ်သလောက်ထက်ပိုပြီးချစ်တယ်"
"ကိုယ်မင်းကိုအရမ်းချစ်လိုက်တာJakeရယ်"
"အင်းငါရော"
"မင်းကကိုယ့်ရဲ့ဘဝကြီးပဲ"
"အေးပါကွာဖက်ထားတာလွှတ်ပါတော့ကြာရင်ငါသေတော့မယ်"
Jakeတစ်ယောက်Sunghoonရဲ့ဖွင့်ပြောမှုမှာပထမဆုံးတော့အံ့အားသင့်ခဲ့ပေမဲ့နောက်တော့အတည်ကြီးတွေပြောနေတဲ့သူကိုစချင်လာတာကြောင့်စလိုက်တော့ဝမ်းနည်းသလိုဖြစ်သွားတဲ့မျက်နှာကြောင့်ဆက်မစတော့ဘဲ Jaeyunချစ်နေတဲ့သူဟာလဲSunghoonဆိုတဲ့သူဖြစ်နေကြောင်းတစ်ခါတည်းပြောပြခဲ့လိုက်တယ်။
"ညနေနေဝင်တာကြည််ပြီးမှပြန်ကြမယ်နော်ခနနေဝင်တော့မှာဆိုတော့"
"အင်းJakeသဘော မင်းကနေဝင်တာကြည့် ကိုယ်ကမင်းကိုကြည့်မယ်"
"အရင်ကောင်မလေးတွေလဲအဲ့လိုစကားတွေနဲ့ကြွေအောင်လုပ်ခဲ့တာမလား"
"မဟုတ်ပါဘူးနော် အချစ်ဦးကလွဲကျန်တာမင်းကပထမဆုံးတွေကြည့်ပဲ"
"မယံုပါဘူးနော်"
"ကိုယ့်first kissကိုလဲမင်းပထမဆုံးရမှာနော်"
"တော်တော့ဆက်မပြောနဲ့တော့"
"ကိုယ်မင်းကိုနမ်းလို့ရမလား"
"မရဘူးဆိုရင်ရော"
"နောက်မှခိုးနမ်းရုံပေါ့"
"အဲ့လိုတော့ခွင့်မပြုနိုင်ပါဘူး"ဆိုပြီးSunghoonနှခမ်းပေါ်ကိုသုံးစက္ကန့်ထိကပ်လိုက်တဲ့Jaeyunနှခမ်းလေး။
"မင်းကကိုယ့်ကိုဒီလိုလာစမ်းတာပေါ့ဟုတ်လား"
"မင်းကမကျေနပ်...အွန့်"
စကားတောင်ဆုံးအောင်ပြောခွင့်မပေးပဲSunghoonဟာJaeyunရဲ့နှခမ်းတစ်ခုလုံးကိုသိမ်းပိုက်လိုက်၏။
နေဝင်လာပြီဖြစ်လို့အဝါရောင်သန်းနေတဲ့နေရောင်ခြည်အောက်တောင်ကုန်းပေါ်ကခုံတန်းလေးတစ်ခုပေါ်မှာတစ်ယောက်နဲ့တစ်ယောက်ချိုမြိန်တဲ့အနမ်းတွေကိုပုံဖော်နေကြတဲ့မြင်ကွင်းဟာပန်းချီတစ်ချပ်အလား။
ညရောက်တော့နောက်ဆုံးမှီတဲ့busပေါ်တက်ပြီးနောက်ဆုံးခုံပေါ်မှာနှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။
Sunghoonပါလာတဲ့ဖုန်းနဲ့နားကြပ်ကိုထုတ် သီချင်းတစ်ပုဒ်ကိုဖွင့်ပြီး တစ်ယောက်တစ်ဖက်ဆီတက်လိုက်သည်။
သီချင်းကြောင့်ရောပင်ပန်းတာရောကြောင့်ထင်တယ်Jaeyunအိပ်ငိုက်နေသောကြောင့်Sunghoonမိမိပုခုံးပေါ်မှီအိပ်ခိုင်းလိုက်ရသည်။
နောက်ဆုံးအိပ်ပျော်သွားပြီထင်တယ် အသက်ရှူသံပုံမှန်လေးထွက်ပေါ်လာတဲ့ကောင်လေးကိုသူ့ရဲ့မြတ်နိုးဖွယ်ရာလိုတစ်လမ်းလုံးကြည့်လာပြီး နောက်ဆုံးရောက်ခါနီး ပါး နှဖူး နှခမ်း နှာခေါင်းလုံးလုံးလေးတို့ကခိုးနမ်းနေတယ်ဆိုအိပ်ပျော်နေတဲ့ကောင်လေးကတော့သိမယ်မထင်ပါ။
End......
Donationအတွက်ficလေးတစ်ပုဒ်တော့အဆုံးသတ်ပေးနိုင်ခဲ့ပါပြီ ခုလိုယုံ"ကြည်"နဲ့လာရောက်လှူဒါန်းပြီးficလေးကိုအပ်ပေးတဲ့အတွက်ကျေးဇူးပါနော်
မီကလဲကျွမ်းကျင်တဲ့စာရေးသူမဟုတ်တော့လိုအပ်ချက်တွေအများကြီးရှိပါသေးတယ် အဲ့ဒီလိုအပ်ချက်တွေအတွက်လဲတောင်းပန်ပါတယ်
အားလုံးပျော်ရွှင်နိုင်ကြပါစေရှင့်
နောက်ထပ် Donaterတွေလဲခနပဲစောင့်ပေးပါနော် updateမှန်မှန်နဲ့ပြန်လာနိုင်အောင်ကြိုးစားနေပါတယ်ရှင့်
Zawgyi.....
"Jake Jake Jake!"
"Heeseung hyung morning"
"Jake"
"....."
"...."
"...."
"...."
"....."
End........
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



