Fanfics

Part - 19

20:39, 31 August 2021

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

Japanမှာ Jiminသွားချင်တဲ့နေရာတွေ စားချင်တဲ့အစားအစာတွေကိုYoongiလိုက်ပို့လိုက်ကျွေးသည်။သူ့ကလေးပျော်ဖို့လွှတ်ထားပေးလိုက်ပြီး သူကတော့နောက်ကနေလိုက်ထိန်းပေးရသည်။

Jiminကတော့ သူဘာလုပ်လုပ် ကိုကိုကလွှတ်ပေးထားတာကြောင့် လုပ်ချင်ရာလုပ်ရတော့အရမ်းပျော်နေသည်။ကိုကို့ကလက်ကလေးကို‌ဆွဲကိုင်ပြီး နေရာအနှံ့လျှောက်သွားကြသည်။လှတဲ့နေရာတွေရောက်ရင်လည်းကိုကိုနဲ့အမှတ်တရဓာတ်ပုံလေးတွေရိုက်ရတာအမော

"ဝါးးးးး လှလိုက်တာ ကိုကို"

"အဲ့လောက်တောင်သဘောကျတာလား ကလေး"

"ဒါပေါ့ ကိုကိုရဲ့ ကလေးက ဟိုးအရင်ထဲကဒီဆာကူရာပန်းလေးတွေကိုအရမ်းသဘောကျတာ လှလည်းလှတယ် မြင်ရတာလည်းစိတ်ချမ်းသာတယ် ပုံတွေထဲမှာတောင်လှနေတာ အခုအပြင်မှာမြင်လိုက်ရတော့ ပျော်လို့မဆုံးဘူး"

Yoongiဆာကူရာပန်းတွေရှိရာဆီခေါ်လာတော့ ကလေးက‌အရမ်းသဘောကျနေသည်။ပတ်ပတ်လည်မှာရှိနေတဲ့ပန်းတွေကိုကြည့်ရင်း မျက်နှာမှာလည်းအပြုံးတွေနဲ့ထိုစဉ် အပင်ပေါ်မှ ဆာကူရာပန်းလေးတစ်ပွင့်ကကြွေကျကာ Jiminရဲ့ခေါင်းလုံးလုံးလေးပေါ်သို့တင်သွားသည်။

"ကလေး ခန"

"ဟင် ဘာလို့လဲ"

Yoongi ကလေးခေါင်းပေါ်က ပန်းလေးကိုယူကာ ကလေးကိုပြလိုက်သည်။

"ဒီမှာ"

"ဟင် ကြွေကျလာတာလား"

"အင်း ကြွေကျလာတာ ကလေးခေါင်းပေါ်ကိုကြွေကျလာတာ"

Yoongiကရယ်ရင်းပြောလိုက်သည်။

"Wow!! လှလိုက်တာ"

Yoongi ကလေးလက်ထဲက ပန်းလေးကိုယူလိုက်သည်။ပြီးတော့ ကလေးရဲ့နားလေးမှာပန်ပေးလိုက်ပြီး သဘောကျစွာပြုံးလိုက်မိသည်။

"ကိုကို ကလေးမိန်းကလေးမှမဟုတ်တာ ဘာလို့ပန်းပန်ပေးတာလဲ"

"ယောက်ျားလေး ပန်းမပန်ရဘူးလို့ ဘယ်သူပြောလဲ ကိုကို့ကလေးလေးကချစ်ဖို့ကောင်းလို့ ကိုကိုကပန်ပေးတာ အရမ်းချစ်ဖို့ကောင်းတာပဲ"

ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုလက်ကလေးနှင့်ညှစ်လိုက်သည်။

"ကိုကိုပန်ပေးတော့ ကြိုက်တာပေါ့လို့ လှလား"

"လှတာပေါ့ ကိုကို့ကလေးကဒီကမ္ဘာပေါ်မှာအချောဆုံး အလှဆုံး ချစ်ဖို့အကောင်းဆုံး"

Yoongiပြောလိုက်တော့Jiminကဖက်လာသည်။Yoongiလည်းပြန်ဖက်လိုက်သည်။ခနကြာတော့ကလေးကဖက်ထားရာကနေခွာလိုက်ပေမဲ့လက်နှစ်ဖက်ကိုတော့တစ်ဖက်ဆီကိုင်ထားတုန်း။ကလေးက Yoongiကိုကြည့်ပြီး

"ကိုကို့ကိုကလေးအရမ်းချစ်တယ် ကလေးဆိုးသမျှရစ်သမျှကိုသည်းခံပြီးချစ်ပေးတဲ့အတွက်လည်းကျေးဇူးတင်တယ် ကိုကို့ဆီကနေဘယ်ကိုမှထွက်မသွားဘူး နောင်ဘဝ‌ဆိုတာရှိခဲ့ရင် ဘဝဆက်တိုင်း Min Yoongiဆိုတဲ့က‌လေးချစ်ရတဲ့ကိုကိုနဲ့ပဲပေါင်းဖက်ပါရစေ ကလေးဒီဆာကူရာပန်းတွေကိုတိုင်တည်ပြီးသစ္စာဆိုတယ် ကိုကို့ကိုချစ်တယ်"

Yoongiလည်းကလေးရဲ့ပါးလေးကိုနူးညံ့စွာအုပ်ကိုင်ထားရင်း

"ကိုကိုကလည်း ကလေးကိုအရမ်းချစ်ပါတယ်ဗျာ အလုပ်တွေပဲလုပ်ပြီးအထီးကျန်နေတဲ့ကိုကို့ဘဝထဲကိုမင်းလေးဝင်လာတဲ့အချိန်ကစပြီး ကိုကို့နှလုံးသားကလည်းကလေးအတွက်ပဲ ကလေးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်လည်းအရမ်းဝမ်းသာတယ် ကျေးဇူးလည်းတင်တယ် ကလေးကသာကိုယ့်အတွက်အရာရာပါ ကလေးကိုဘာအန္တရာယ်မှမဖြစ်အောင် အသက်‌ပေးပြီးတော့ကိုကာကွယ်ပေးမယ် အရမ်းချစ်တယ် ကလေးငယ် "

ထိုသို့ပြောပြီး တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ကောင်လေးနှစ်ယောက်က ပတ်ပတ်လည်မှာဆာကူရာပန်းပင်တွေဝိုင်းနေတဲ့ထိုနေရာလေးကိုသက်သေထားကာ နူးညံ့သောအနမ်းများကိုပုံဖော်လိုက်ကြတော့သည်။

ညနေစောင်းတော့ Yoongiနဲ့Jimin Hotelသို့ပြန်လာခဲ့ကြသည်။တစ်နေကုန်လုံး မနားမနေ‌လည်နေကြမှတော့ Jiminတစ်ယောက်ပင်ပန်းပြီးငြိမ်သွားရှာပြီ

"ကိုကို မနက်ဖြန်ရော လျှောက်လည်ဦးမယ်နော်"

"မပင်ပန်း‌ဘူးလား ကလေး"

"လုပ်ချင်တာလုပ်နေရတော့မပင်ပန်းဘူး ကိုကိုရဲ့ ဟီးဟီး"

"အင်းပါ နက်ဖြန်ကျရင်ထပ်လည်ကြမယ်နော်"

"ဟုတ်"

"ညစာစားချိန်ရောက်ရင်ကိုကိုပြောမယ် အခုတော့နားလိုက်ဦးနော် မွ"

"ဟုတ်ကဲ့ မွ"

ကလေးရဲ့နဖူးလေးကိုနမ်းကာ စောင်ကိုသေချာခြုံပေးလိုက်သည်။Yoongiကတော့ အလုပ်ကိစ္စနဲ့ဖုန်းလာတာမို့ အပြင်ထွက်ကာဖုန်းပြောနေလိုက်သည်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

နောက်တစ်နေ့ရောက်တော့ ဝေးတဲ့နေရာတွေကိုမနေ့ကပြီးသလောက်လည်ပြီးပြီဖြစ်လို့ ဒီနေ့မှာကိုကိုက လမ်းလျှောက်ရင်းလိုက်ကြည့်ကြမယ်ဆိုလို့ Jiminတစ်ယောက် ကိုကိုနဲ့ပါလာသည်။ဒါလည်းတစ်မျိုးကောင်းတာပဲကိုကို့အကြံဆိုပေမဲ့ Jiminကပိုအခွင့်အရေးရသည်။ဟီးဟီး အကြံဇိုးရီးနက်

အခု Hotelမှထွက်လာပြီး တွေ့တဲ့နေရာလျှောက်သွားကြသည်။သဘောကျတာတွေ့ပြီဆိုရင်Jimin ကိုကို့လက်ကိုဆွဲကာ ထိုနေရာကိုသွားတော့သည်။Yoongiမှာလည်း သူ့ကလေးဆွဲခေါ်ရာ ပါပါသွားတော့သည်။ သူ့အကြံပေးမိတာမှားပြီထင်တယ် အဲ့ဒါမှန်းသိ မနေ့ကလိုကားနဲ့ပဲလျှောက်လည်တာကမှအဆင်ပြေသေးသည်။Yoongiကလေးနဲ့အတူ လမ်းလျှောက်နေရင်း

"Jimin??"

ဘေးကဖြတ်လျှောက်သွားတဲ့ကောင်မလေးတစ်ယောက်က သူတို့ရှေ့ပြန်ရောက်လာပြီးကလေးကိုခေါ်လိုက်သည်။ကလေးပုံကိုကြည့်လိုက်တော့ အံ့ဩနေတဲ့ပုံ

"ဟဲ့ Jimin နင်Park Jiminမဟုတ်လား"

"Sooin!! Go Sooin??"

"အေး ဟုတ်တယ် ငါ Sooin"

"ဟာ ငါနင့်ကိုလွမ်းနေတာ!!"

Jiminပြောလိုက်တဲ့စကားကြောင့်Yoongiလန့်သွားသည်။ဒါ့အပြင် ထိုကောင်မလေးကိုဖက်လိုက်တာမို့ Yoongiမှာဆွဲဖို့တောင်မမီလိုက်။ကောင်မလေးကလည်းသူ့ကလေးကိုဖက်ထားလိုက်တာ တင်းကြပ်နေတာပဲ Yoongiစိတ်တွေဂနာမငြိမ်တော့ သူတို့ကဘာတွေပက်သက်နေလို့လဲ???

"နင် ဒီJapanကိုဘယ်လိုရောက်လာတာလဲ"

JiminမှSooinကိုမေးလိုက်တော့

"ငါကဒီမှာ အလုပ်လုပ်နေတာ အခုနားရက်လေးရ‌တုန်း သူငယ်ချင်းတွေနဲ့လျှောက်လည်မလို့ နင်ကရော ပြီးတော့ ဘယ်သူလဲ"

Sooinက Jiminဘေးက ကိုကို့ကိုမေးငေါ့ကာမေးသည်။သူမေးလိုက်မှပဲကိုကို့ကိုသတိရတော့သည်။

"ဒါလား ဒါက ဟဲဟဲ ငါ့ယောက်ျားလေ ငါတို့က Japanကိုဟန်းနီးမွန်းထွက်လာတာ"

ကိုကို့လက်ကိုချိတ်ကာပုခုံးပေါ်ခေါင်းလေးစောင်းပြီးပြန်ဖြေလိုက်သည်။ထိုအခါမှSooinမ မျက်နှာကြီးပြုံးဖြီးကာမယုံနိုင်တဲ့အကြည့်တွေနဲ့ကြည့်လာသည်။

"တကယ်ကြီး!!"

"အေး"

"မိုက်တယ် နင်တို့နှစ်ယောက်တကယ်လိုက်တယ်"

"လိုက်လို့ပဲ ယူတောင်ယူလိုက်ကြတာပေါ့"

"အမလေး နင်ဟာလေ မြှောက်လို့ကိုမရဘူး နင်ဘာမှကိုမပြောင်းလဲဘူးနော် အရပ်ကလည်းဒီအရပ်ကဒီအရပ် ငါတောင်နင့်ထက်ပိုရှည်လာပြီ တွေ့လား"

Jiminနားကပ်ကာ လက်နဲ့အရပ်တိုင်းပြသလိုလုပ်ပြသည့်Sooin တခြားကိုပြောတာကကိစ္စမရှိပေမဲ့ Jiminတို့အရပ်ကိုထိလာရင်တော့ စိတ်တိုပါသည်။‌မေမေကလည်းဘာလို့ပုအောင်မွေးပေးထားမှန်းမသိဘူး ဟွန့်

"နင် ငါ့အရပ်ကိုမထိနဲ့ ဒါရင်ခွင်မီလို့ခေါ်တယ် ဒီအရပ်ရှိနေလို့ ကိုကို့ရင်ခွင်ကိုငါမီလို့ရနေတာ သဘောပေါက် နင့်မှာရောငါ့လိုမီစရာရင်ခွင်ရှိလား ပြောလေ ပြောလိုက်"

Sooin စလိုက်တာတောင်မှားပြီလားမသိ လင်အားကိုးနဲ့အနိုင်ယူသွားပြီး faမဆိုပြီးမသိမသာနှိမ်သွားတာ မသိဘူးများထင်နေလား

Yoongiမှာလည်း သူ့ကို‌ဘေးဖယ်ကာ နှစ်ယောက်သားစကားပြောနေတာမြင်တော့ စိတ်တိုလေပြီ အဲ့စကားဝိုင်းက ဒီတစ်သက်ပြီးဦးမှာလား ကောင်မလေးကလည်း ပြောနေလိုက်တဲ့စကား မပြီးတော့ဘူးအဲ့လောက်တောင်ပြောစကားတွေများနေလား ကလေးပေါက်ကလည်းပျော်ပျော်ကြီးနားထောင်နေတာများ သူ့ကိုမေ့နေမှန်းသိသာသည်။Yoongiကအခုဘေးလူတစ်ယောက်လိုဖြစ်နေသည်။ကလေးပေါက်ကသူ့ကိုမေ့နေတယ်ဆိုတော့လည်း စိတ်ထဲနည်းနည်းတော့စိတ်မကောင်းဖြစ်မိသား။ တွေ့မယ် ဒီကလေး တွေ့ကြသေးတာပေါ့ ကလေးစုတ်ရေ

"ငါ့ကိုဖုန်းခေါ်နေပြီ သွားရတော့မယ် နောက်မှထပ်တွေ့ကြတာပေါ့"

Sooinလည်းသူငယ်ချင်းတွေကဖုန်းခေါ်နေတာမို့ အမြန်ပြေးရတော့သည်။Jiminလည်းသူငယ်ချင်းနဲ့အမှတ်မထင်တွေ့လိုက်တော့အပျော်လွန်ပြီးစကားတွေအများကြီးပြောနေလိုက်သည်။

"သူကဘယ်သူလဲ"

အယ် ကိုကို အိုက်ယိုးးးသေပါပီ ကိုကို့ကိုမေ့နေတာ Park Jiminမင်းဟာလေ လေပေါနေတာနဲ့ ကိုယ့်ယောက်ျားကိုမေ့နေရတယ်လို့

"ဟီး ကိုကို လာ သွားရင်းပြောပြမယ်နော်

Jiminမှာအတတ်နိုင်တုံးမျက်နှာချိုသွေးကာ ကိုကို့ကိုစကားပြောလိုက်သည်။ကိုကို့မျက်နှာကနည်းနည်း.......

"အဲ့ကောင်မလေးက ဘယ်သူလဲ"

"ကလေးကျောင်းတုန်းကသူငယ်ချင်းပါ အခင်ဆုံးတွေလေ"

အခင်ဆုံး???what ကလေးငယ် ကိုကိုစိတ်ထိန်းထားပါတယ်

"ကျောင်းမှာကလေးတို့ကသူငယ်ချင်း6ယောက်တစ်ဖွဲ့နေကြတာလေ ယောက်ျားလေး 3ယောက် မိန်းကလေး3ယောက် ကလေးတို့6ယောက်ကတစ်ကျောင်းလုံးမှာအတော်ဆုံးတွေဖြစ်ခဲ့တာနော် ဟီးဟီး ကိုကိုသိလား အဲ့Sooinကလေ Queenတောင်ဖြစ်ခဲ့သေးတယ် မလွယ်ဘူး"

"Kingကဘယ်သူလဲ"

Yoongiပုံမှန်ဆိုမေးမှာမဟုတ်ပေမဲ့ သူတို့သူငယ်ချင်းတွေကတစ်ကျောင်းလုံးတောင်အတော်ဆုံးဆိုတော့ မေးရမည် ကျောင်းသား‌တိုင်းက သူတို့ကိုအာရုံစိုက်ကြမှာပဲလေ ကလေးသူငယ်ချင်းကQueenဆိုတော့Kingဘယ်သူလဲဆိုတာသူသိခွင့်ရှိတယ်မလား။Yoongi Jiminအဖြေအားစောင့်ဆိုင်းနေသည်။

"သေချာပေါက် ကလေးပေါ့"

"ဘာ!!"

ကလေးငယ်က ချက်ချင်းပြုံးရွှင်စွာပြန်ဖြေလာသည်။Yoongiမှာတော့ လန့်သွားသည်။ တကယ်ပဲကလေးကKingတဲ့လား ဒါဆို ဟိုလို လိုက်ပြီးဆွဲချိတ်နေကြတာတွေလည်းရှိနေမှာပေါ့ ကျောင်းရဲ့Kingနဲ့Queenဆိုရင် အများစုက ဆွဲချိတ်ကြတာများတယ်လေ Yoongiလည်းမသိမသာမေးကြည့်ရန်ပြင်လိုက်သည်။

"ကျောင်းမှာ အဲ့တစ်ယောက်နဲ့ကလေးကိုတွဲပြောကြတာတွေရှိလား"

"တချို့တွေကအဲ့လိုတွေပြောကြပေမဲ့ သူနဲ့ကသူငယ်ချင်းတွေပါပဲ ကျန်တဲ့ကလေးသူငယ်ချင်းတွေလည်းသိတယ် ပြီးတော့သူ့မှာအဲ့တုန်းကကောင်လေးရှိတယ် ဟီးဟီး"

ကလေးပြောတော့နည်းနည်းတော့စိတ်အေးသွားသည်။ဒါမဲ့ Yoongiအဆင်ပြေမနေဘူး ခုနကနှစ်ယောက်သားစကားတွေပျော်ပျော်ကြီးပြောနေကြပြီး သူ့ကိုကျဘေးမှာပလစ်ထားတာလေ...ဒါကိုတော့Yoongiစိတ်ဆိုးမိသည်။

Jimin ဘာမှမပြောပဲငြိမ်သွားတဲ့ကိုကို့ကိုကြည့်ကာ ကြောင်နေသည်။ကိုကိုကမျက်နှာကြီးကိုတည်ထားပြီး အပေါ်ထပ်အင်္ကျီရဲ့အိတ်ကပ်ထဲကိုလက်ထည့်ကာလမ်းလျှောက်နေသည်။Jiminလည်းဘာမှမတွေးတော့ပဲ ကိုကိုနဲ့သွားလိုက်တော့သည်။ထိုစဉ် ဆိုင်အကြီးကြီးတစ်ဆိုင်တွေ့တာမို့ကြည့်လိုက်တော့ ဆိုင်ရဲ့ဆိုင်းဘုတ်ပေါ်မှာ ဂျပန်စာတွေနဲ့အတူ ငါးအသားလွှာပုံလေးပါရှိသည်။နောက်တော့Jiminသတိရမိတာက Sushi

ဟုတ်တယ် သူဂျပန်ကိုရောက်ကတည်းကSushiမစားရသေးဘူး လျှောက်လည်တာနဲ့တင်အချိန်ကုန်ပြီး Sushiစားဖို့ကျမေ့‌နေတယ်။Jiminဘေးကကိုကို့ကိုပြောရန်လုပ်တော့ ကိုကိုကသူ့ကိုလက်ကောက်ဝတ်ကနေဆွဲကာJiminစားချင်တဲ့Sushiဆိုင်ထဲသို့ဝင်သွားသည်။

ဆိုင်ထဲရောက်တော့ ကိုကိုကJiminကိုစကားတစ်ခွန်းမှမပြောပေမဲ့ ရှေ့ကSushiပြင်ပေးသည့်စားဖိုမှူးလိုလူတစ်ယောက်ကိုတော့ကိုကိုကဂျပန်လိုပြောနေသည် ထိုလူကလည်းခေါင်းကိုငြိမ့်ငြိမ့်ပြသည်။Jiminမှာကိုကို့ကိုတချက်ကြည့်လိုက်ပြီး အကြည့်မလွှဲနိုင်အောင်ပင်။ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနေတာ အားကျစရာကြီး စတိုင်ကလည်းမိုက်နေရော Jiminရဲ့ကိုကိုကအဲ့လိုဘက်စုံတော်တာပါဆို

ခနကြာတော့ Jiminရှေ့မှာ စားချစ်စဖွယ်ကောင်းတဲ့မျိုးစုံတဲ့ဆူရှီလေးတွေ ရောက်လာသည်။ အရောင်လေးတွေကလည်းစုံလို့ ကိုကို့ကိုကြည့်လိုက်တော့ ကိုကိုကစားကြည့်ဆိုတဲ့ပုံနဲ့မေးငေါ့ပြသည်။နေပါဦး Jiminမသိတာတစ်ခုက ကိုကိုဘာလို့Jiminကိုစကားမပြောတာလဲ ခုနကတောင်အကောင်းကြီးကို

ကိုကိုကတော့Jiminစားရအဆင်ပြေအောင် ဆူရှီလေးတွေကိုရုပ်တည်ကြီးနဲ့သေချာပြင်ပေးနေသည်။Jiminကတော့အားရပါးရစားနေရတာနဲ့အလုပ်ရှုပ်နေသည်။

စားသောက်ပြီးသွားတော့ပိုက်ဆံရှင်းကာဆိုင်ထဲမှထွက်လာခဲ့ကြသည်။နောက်ထပ်ခြေဦးတည့်ရာနေရာဆီလျှောက်သွားကြသည်။Jiminကြည့်ရ‌သလောက်တော့ ကိုကိုတခုခုကိုမကျေမနပ်ဖြစ်နေသည်။ ဒါမှမဟုတ်  ခုနကသူကိုကို့ကိုမေ့နေလို့ဆိုပြီးစိတ်ဆိုးနေတာများ‌လား ကိုကို့ပုံကJiminကိုစိတ်ဆိုးနေလို့ဒီလိုဖြစ်နေတာ ကိုကိုစိတ်ကောက်နေတာပဲ Jiminတွေးလိုက်မိသည်။ကိုကိုဘာလုပ်မလဲသိချင်တာမို့ စိတ်ဆိုးနေပြီးJiminကိုစကားမ‌ပြောတဲ့ကိုကို့ကိုမသိချင်ယောင်ဆောင်နေလိုက်သည်။

တစ်နေရာရောက်တော့ ဘေးမှာပန်းတွေအများကြီးရှိပြီး အနည်းငယ်မြင့်တဲ့ပလက်ဖောင်းကျဉ်းကျဉ်းလေးရှိသည်။Jiminလည်းထိုကျဉ်းကျဉ်းလေးပေါ်မှာမှစမ်းလျှောက်ချင်တဲ့စိတ်ကထိန်းမရတော့ ကိုကို့ကိုခွင့်တောင်းရတော့သည်။

"ကိုကို ကလေးဒီပေါ်မှာလမ်းလျှောက်ချင်တယ်"

Jiminလက်ကိုဆွဲထားဖို့နေနေသာသာသူ့ဘာသာသူလမ်းလျှောက်နေတဲ့ကိုကိုကဘာမှမပြောပဲ ထိုပလက်ဖောင်းကိုတချက်ကြည့်လိုက်ပြီး Jiminလက်ကိုကိုင်လိုက်ကာထိုနေရာမှာရပ်နေသည်။Jiminကိုတက်ဆိုတဲ့ပုံနဲ့စောင့်နေတာ။ ကိုကိုကစိတ်သာဆိုး‌နေတာချစ်ဖို့ကောင်းတယ်

Jiminထိုပလက်ဖောင်းပေါ်ကိုရောက်တော့ လက်တစ်ဖက်ကို ကိုကိုကထိန်းကိုင်ပေးထားသည်။လမ်းကကျဥ်းနေတာကြောင့် Jiminမှာယိုင်နဲ့နဲ့ နှင့်လျှောက်နေရသည်။ကျဉ်းကလည်းကျဉ်း မြင့်ကလည်းမြင့်နေတော့ ကိုကိုကထိန်းပေးထားပေမဲ့ Jiminလန့်နေသည်။ကစားကွင်းမှာကြောက်စရာကောင်းတာတွေကိုမျိုးစုံကစားနိုင်တဲ့သူကဒီပလက်ဖောင်းလေးကိုလန့်နေတယ်ဆိုတော့

"အားးးကိုကို!!"

ရုတ်တရက်အတွေးလွန်ကာခြေချော်ကျသွားသည်။ကံကောင်းချင်တော့ ကိုကိုကဖမ်းပေးထားလို့သက်သာသွားသည်။

"ဟူး~~~~တော်သေးလို့"

Jiminကိုကို့ကိုကြည့်ပြီးရေရွတ်လိုက်သည်။ကိုကိုကတော့ ခေါင်းခါလိုက်ပြီးJiminလက်ကိုဆွဲကာ ပုံမှန်အတိုင်းသွားနေပြန်သည်။စကားတော့မပြောသေး ကိုကိုက‌တော်တော်နဲ့စိတ်ပြေမှာမဟုတ်ဘူးပဲ........။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

𝐙𝐚𝐰𝐠𝐲𝐢✓✓✓

Japanမွာ Jiminသြားခ်င္တဲ့ေနရာေတြ စားခ်င္တဲ့အစားအစာေတြကိုYoongiလိုက္ပို႔လိုက္ေကြၽးသည္။သူ႕ကေလးေပ်ာ္ဖို႔လႊတ္ထားေပးလိုက္ၿပီး သူကေတာ့ေနာက္ကေနလိုက္ထိန္းေပးရသည္။

Jiminကေတာ့ သူဘာလုပ္လုပ္ ကိုကိုကလႊတ္ေပးထားတာေၾကာင့္ လုပ္ခ်င္ရာလုပ္ရေတာ့အရမ္းေပ်ာ္ေနသည္။ကိုကို႔ကလက္ကေလးကို‌ဆြဲကိုင္ၿပီး ေနရာအႏွံ႔ေလွ်ာက္သြားၾကသည္။လွတဲ့ေနရာေတြေရာက္ရင္လည္းကိုကိုနဲ႔အမွတ္တရဓာတ္ပုံေလးေတြ႐ိုက္ရတာအေမာ

"ဝါးးးးး လွလိုက္တာ ကိုကို"

"အဲ့ေလာက္ေတာင္သေဘာက်တာလား ကေလး"

"ဒါေပါ့ ကိုကိုရဲ႕ ကေလးက ဟိုးအရင္ထဲကဒီဆာကူရာပန္းေလးေတြကိုအရမ္းသေဘာက်တာ လွလည္းလွတယ္ ျမင္ရတာလည္းစိတ္ခ်မ္းသာတယ္ ပုံေတြထဲမွာေတာင္လွေနတာ အခုအျပင္မွာျမင္လိုက္ရေတာ့ ေပ်ာ္လို႔မဆုံးဘူး"

Yoongiဆာကူရာပန္းေတြ႐ွိရာဆီေခၚလာေတာ့ ကေလးက‌အရမ္းသေဘာက်ေနသည္။ပတ္ပတ္လည္မွာ႐ွိေနတဲ့ပန္းေတြကိုၾကည့္ရင္း မ်က္ႏွာမွာလည္းအျပဳံးေတြနဲ႔ထိုစဥ္ အပင္ေပၚမွ ဆာကူရာပန္းေလးတစ္ပြင့္ကေႂကြက်ကာ Jiminရဲ႕ေခါင္းလုံးလုံးေလးေပၚသို႔တင္သြားသည္။

"ကေလး ခန"

"ဟင္ ဘာလို႔လဲ"

Yoongi ကေလးေခါင္းေပၚက ပန္းေလးကိုယူကာ ကေလးကိုျပလိုက္သည္။

"ဒီမွာ"

"ဟင္ ေႂကြက်လာတာလား"

"အင္း ေႂကြက်လာတာ ကေလးေခါင္းေပၚကိုေႂကြက်လာတာ"

Yoongiကရယ္ရင္းေျပာလိုက္သည္။

"Wow!! လွလိုက္တာ"

Yoongi ကေလးလက္ထဲက ပန္းေလးကိုယူလိုက္သည္။ၿပီးေတာ့ ကေလးရဲ႕နားေလးမွာပန္ေပးလိုက္ၿပီး သေဘာက်စြာျပဳံးလိုက္မိသည္။

"ကိုကို ကေလးမိန္းကေလးမွမဟုတ္တာ ဘာလို႔ပန္းပန္ေပးတာလဲ"

"ေယာက်္ားေလး ပန္းမပန္ရဘူးလို႔ ဘယ္သူေျပာလဲ ကိုကို႔ကေလးေလးကခ်စ္ဖို႔ေကာင္းလို႔ ကိုကိုကပန္ေပးတာ အရမ္းခ်စ္ဖို႔ေကာင္းတာပဲ"

ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကိုလက္ကေလးႏွင့္ညႇစ္လိုက္သည္။

"ကိုကိုပန္ေပးေတာ့ ႀကိဳက္တာေပါ့လို႔ လွလား"

"လွတာေပါ့ ကိုကို႔ကေလးကဒီကမ႓ာေပၚမွာအေခ်ာဆုံး အလွဆုံး ခ်စ္ဖို႔အေကာင္းဆုံး"

Yoongiေျပာလိုက္ေတာ့Jiminကဖက္လာသည္။Yoongiလည္းျပန္ဖက္လိုက္သည္။ခနၾကာေတာ့ကေလးကဖက္ထားရာကေနခြာလိုက္ေပမဲ့လက္ႏွစ္ဖက္ကိုေတာ့တစ္ဖက္ဆီကိုင္ထားတုန္း။ကေလးက Yoongiကိုၾကည့္ၿပီး

"ကိုကို႔ကိုကေလးအရမ္းခ်စ္တယ္ ကေလးဆိုးသမွ်ရစ္သမွ်ကိုသည္းခံၿပီးခ်စ္ေပးတဲ့အတြက္လည္းေက်းဇူးတင္တယ္ ကိုကို႔ဆီကေနဘယ္ကိုမွထြက္မသြားဘူး ေနာင္ဘဝ‌ဆိုတာ႐ွိခဲ့ရင္ ဘဝဆက္တိုင္း Min Yoongiဆိုတဲ့က‌ေလးခ်စ္ရတဲ့ကိုကိုနဲ႔ပဲေပါင္းဖက္ပါရေစ ကေလးဒီဆာကူရာပန္းေတြကိုတိုင္တည္ၿပီးသစၥာဆိုတယ္ ကိုကို႔ကိုခ်စ္တယ္"

Yoongiလည္းကေလးရဲ႕ပါးေလးကိုႏူးညံ့စြာအုပ္ကိုင္ထားရင္း

"ကိုကိုကလည္း ကေလးကိုအရမ္းခ်စ္ပါတယ္ဗ်ာ အလုပ္ေတြပဲလုပ္ၿပီးအထီးက်န္ေနတဲ့ကိုကို႔ဘဝထဲကိုမင္းေလးဝင္လာတဲ့အခ်ိန္ကစၿပီး ကိုကို႔ႏွလုံးသားကလည္းကေလးအတြက္ပဲ ကေလးကိုပိုင္ဆိုင္ခြင့္ရတဲ့အတြက္လည္းအရမ္းဝမ္းသာတယ္ ေက်းဇူးလည္းတင္တယ္ ကေလးကသာကိုယ့္အတြက္အရာရာပါ ကေလးကိုဘာအႏၲရာယ္မွမျဖစ္ေအာင္ အသက္‌ေပးၿပီးေတာ့ကိုကာကြယ္ေပးမယ္ အရမ္းခ်စ္တယ္ ကေလးငယ္ "

ထိုသို႔ေျပာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းခ်စ္ၾကတဲ့ေကာင္ေလးႏွစ္ေယာက္က ပတ္ပတ္လည္မွာဆာကူရာပန္းပင္ေတြဝိုင္းေနတဲ့ထိုေနရာေလးကိုသက္ေသထားကာ ႏူးညံ့ေသာအနမ္းမ်ားကိုပုံေဖာ္လိုက္ၾကေတာ့သည္။

ညေနေစာင္းေတာ့ Yoongiနဲ႔Jimin Hotelသို႔ျပန္လာခဲ့ၾကသည္။တစ္ေနကုန္လုံး မနားမေန‌လည္ေနၾကမွေတာ့ Jiminတစ္ေယာက္ပင္ပန္းၿပီးၿငိမ္သြား႐ွာၿပီ

"ကိုကို မနက္ျဖန္ေရာ ေလွ်ာက္လည္ဦးမယ္ေနာ္"

"မပင္ပန္း‌ဘူးလား ကေလး"

"လုပ္ခ်င္တာလုပ္ေနရေတာ့မပင္ပန္းဘူး ကိုကိုရဲ႕ ဟီးဟီး"

"အင္းပါ နက္ျဖန္က်ရင္ထပ္လည္ၾကမယ္ေနာ္"

"ဟုတ္"

"ညစာစားခ်ိန္ေရာက္ရင္ကိုကိုေျပာမယ္ အခုေတာ့နားလိုက္ဦးေနာ္ မြ"

"ဟုတ္ကဲ့ မြ"

ကေလးရဲ႕နဖူးေလးကိုနမ္းကာ ေစာင္ကိုေသခ်ာျခဳံေပးလိုက္သည္။Yoongiကေတာ့ အလုပ္ကိစၥနဲ႔ဖုန္းလာတာမို႔ အျပင္ထြက္ကာဖုန္းေျပာေနလိုက္သည္။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

ေနာက္တစ္ေန႔ေရာက္ေတာ့ ေဝးတဲ့ေနရာေတြကိုမေန႔ကၿပီးသေလာက္လည္ၿပီးၿပီျဖစ္လို႔ ဒီေန႔မွာကိုကိုက လမ္းေလွ်ာက္ရင္းလိုက္ၾကည့္ၾကမယ္ဆိုလို႔ Jiminတစ္ေယာက္ ကိုကိုနဲ႔ပါလာသည္။ဒါလည္းတစ္မ်ိဳးေကာင္းတာပဲကိုကို႔အၾကံဆိုေပမဲ့ Jiminကပိုအခြင့္အေရးရသည္။ဟီးဟီး အၾကံဇိုးရီးနက္

အခု Hotelမွထြက္လာၿပီး ေတြ႕တဲ့ေနရာေလွ်ာက္သြားၾကသည္။သေဘာက်တာေတြ႕ၿပီဆိုရင္Jimin ကိုကို႔လက္ကိုဆြဲကာ ထိုေနရာကိုသြားေတာ့သည္။Yoongiမွာလည္း သူ႕ကေလးဆြဲေခၚရာ ပါပါသြားေတာ့သည္။ သူ႕အၾကံေပးမိတာမွားၿပီထင္တယ္ အဲ့ဒါမွန္းသိ မေန႔ကလိုကားနဲ႔ပဲေလွ်ာက္လည္တာကမွအဆင္ေျပေသးသည္။Yoongiကေလးနဲ႔အတူ လမ္းေလွ်ာက္ေနရင္း

"Jimin??"

ေဘးကျဖတ္ေလွ်ာက္သြားတဲ့ေကာင္မေလးတစ္ေယာက္က သူတို႔ေ႐ွ႕ျပန္ေရာက္လာၿပီးကေလးကိုေခၚလိုက္သည္။ကေလးပုံကိုၾကည့္လိုက္ေတာ့ အံ့ဩေနတဲ့ပုံ

"ဟဲ့ Jimin နင္Park Jiminမဟုတ္လား"

"Sooin!! Go Sooin??"

"ေအး ဟုတ္တယ္ ငါ Sooin"

"ဟာ ငါနင့္ကိုလြမ္းေနတာ!!"

Jiminေျပာလိုက္တဲ့စကားေၾကာင့္Yoongiလန္႔သြားသည္။ဒါ့အျပင္ ထိုေကာင္မေလးကိုဖက္လိုက္တာမို႔ Yoongiမွာဆြဲဖို႔ေတာင္မမီလိုက္။ေကာင္မေလးကလည္းသူ႕ကေလးကိုဖက္ထားလိုက္တာ တင္းၾကပ္ေနတာပဲ Yoongiစိတ္ေတြဂနာမၿငိမ္ေတာ့ သူတို႔ကဘာေတြပက္သက္ေနလို႔လဲ???

"နင္ ဒီJapanကိုဘယ္လိုေရာက္လာတာလဲ"

JiminမွSooinကိုေမးလိုက္ေတာ့

"ငါကဒီမွာ အလုပ္လုပ္ေနတာ အခုနားရက္ေလးရ‌တုန္း သူငယ္ခ်င္းေတြနဲ႔ေလွ်ာက္လည္မလို႔ နင္ကေရာ ၿပီးေတာ့ ဘယ္သူလဲ"

Sooinက Jiminေဘးက ကိုကို႔ကိုေမးေငါ့ကာေမးသည္။သူေမးလိုက္မွပဲကိုကို႔ကိုသတိရေတာ့သည္။

"ဒါလား ဒါက ဟဲဟဲ ငါ့ေယာက်္ားေလ ငါတို႔က Japanကိုဟန္းနီးမြန္းထြက္လာတာ"

ကိုကို႔လက္ကိုခ်ိတ္ကာပုခုံးေပၚေခါင္းေလးေစာင္းၿပီးျပန္ေျဖလိုက္သည္။ထိုအခါမွSooinမ မ်က္ႏွာႀကီးျပဳံးၿဖီးကာမယုံႏိုင္တဲ့အၾကည့္ေတြနဲ႔ၾကည့္လာသည္။

"တကယ္ႀကီး!!"

"ေအး"

"မိုက္တယ္ နင္တို႔ႏွစ္ေယာက္တကယ္လိုက္တယ္"

"လိုက္လို႔ပဲ ယူေတာင္ယူလိုက္ၾကတာေပါ့"

"အမေလး နင္ဟာေလ ေျမႇာက္လို႔ကိုမရဘူး နင္ဘာမွကိုမေျပာင္းလဲဘူးေနာ္ အရပ္ကလည္းဒီအရပ္ကဒီအရပ္ ငါေတာင္နင့္ထက္ပို႐ွည္လာၿပီ ေတြ႕လား"

Jiminနားကပ္ကာ လက္နဲ႔အရပ္တိုင္းျပသလိုလုပ္ျပသည့္Sooin တျခားကိုေျပာတာကကိစၥမ႐ွိေပမဲ့ Jiminတို႔အရပ္ကိုထိလာရင္ေတာ့ စိတ္တိုပါသည္။‌ေမေမကလည္းဘာလို႔ပုေအာင္ေမြးေပးထားမွန္းမသိဘူး ဟြန္႔

"နင္ ငါ့အရပ္ကိုမထိနဲ႔ ဒါရင္ခြင္မီလို႔ေခၚတယ္ ဒီအရပ္႐ွိေနလို႔ ကိုကို႔ရင္ခြင္ကိုငါမီလို႔ရေနတာ သေဘာေပါက္ နင့္မွာေရာငါ့လိုမီစရာရင္ခြင္႐ွိလား ေျပာေလ ေျပာလိုက္"

Sooin စလိုက္တာေတာင္မွားၿပီလားမသိ လင္အားကိုးနဲ႔အႏိုင္ယူသြားၿပီး faမဆိုၿပီးမသိမသာႏွိမ္သြားတာ မသိဘူးမ်ားထင္ေနလား

Yoongiမွာလည္း သူ႕ကို‌ေဘးဖယ္ကာ ႏွစ္ေယာက္သားစကားေျပာေနတာျမင္ေတာ့ စိတ္တိုေလၿပီ အဲ့စကားဝိုင္းက ဒီတစ္သက္ၿပီးဦးမွာလား ေကာင္မေလးကလည္း ေျပာေနလိုက္တဲ့စကား မၿပီးေတာ့ဘူးအဲ့ေလာက္ေတာင္ေျပာစကားေတြမ်ားေနလား ကေလးေပါက္ကလည္းေပ်ာ္ေပ်ာ္ႀကီးနားေထာင္ေနတာမ်ား သူ႕ကိုေမ့ေနမွန္းသိသာသည္။Yoongiကအခုေဘးလူတစ္ေယာက္လိုျဖစ္ေနသည္။ကေလးေပါက္ကသူ႕ကိုေမ့ေနတယ္ဆိုေတာ့လည္း စိတ္ထဲနည္းနည္းေတာ့စိတ္မေကာင္းျဖစ္မိသား။ ေတြ႕မယ္ ဒီကေလး ေတြ႕ၾကေသးတာေပါ့ ကေလးစုတ္ေရ

"ငါ့ကိုဖုန္းေခၚေနၿပီ သြားရေတာ့မယ္ ေနာက္မွထပ္ေတြ႕ၾကတာေပါ့"

Sooinလည္းသူငယ္ခ်င္းေတြကဖုန္းေခၚေနတာမို႔ အျမန္ေျပးရေတာ့သည္။Jiminလည္းသူငယ္ခ်င္းနဲ႔အမွတ္မထင္ေတြ႕လိုက္ေတာ့အေပ်ာ္လြန္ၿပီးစကားေတြအမ်ားႀကီးေျပာေနလိုက္သည္။

"သူကဘယ္သူလဲ"

အယ္ ကိုကို အိုက္ယိုးးးေသပါပီ ကိုကို႔ကိုေမ့ေနတာ Park Jiminမင္းဟာေလ ေလေပါေနတာနဲ႔ ကိုယ့္ေယာက်္ားကိုေမ့ေနရတယ္လို႔

"ဟီး ကိုကို လာ သြားရင္းေျပာျပမယ္ေနာ္

Jiminမွာအတတ္ႏိုင္တုံးမ်က္ႏွာခ်ိဳေသြးကာ ကိုကို႔ကိုစကားေျပာလိုက္သည္။ကိုကို႔မ်က္ႏွာကနည္းနည္း.......

"အဲ့ေကာင္မေလးက ဘယ္သူလဲ"

"ကေလးေက်ာင္းတုန္းကသူငယ္ခ်င္းပါ အခင္ဆုံးေတြေလ"

အခင္ဆုံး???what ကေလးငယ္ ကိုကိုစိတ္ထိန္းထားပါတယ္

"ေက်ာင္းမွာကေလးတို႔ကသူငယ္ခ်င္း6ေယာက္တစ္ဖြဲ႕ေနၾကတာေလ ေယာက်္ားေလး 3ေယာက္ မိန္းကေလး3ေယာက္ ကေလးတို႔6ေယာက္ကတစ္ေက်ာင္းလုံးမွာအေတာ္ဆုံးေတြျဖစ္ခဲ့တာေနာ္ ဟီးဟီး ကိုကိုသိလား အဲ့Sooinကေလ Queenေတာင္ျဖစ္ခဲ့ေသးတယ္ မလြယ္ဘူး"

"Kingကဘယ္သူလဲ"

Yoongiပုံမွန္ဆိုေမးမွာမဟုတ္ေပမဲ့ သူတို႔သူငယ္ခ်င္းေတြကတစ္ေက်ာင္းလုံးေတာင္အေတာ္ဆုံးဆိုေတာ့ ေမးရမည္ ေက်ာင္းသား‌တိုင္းက သူတို႔ကိုအာ႐ုံစိုက္ၾကမွာပဲေလ ကေလးသူငယ္ခ်င္းကQueenဆိုေတာ့Kingဘယ္သူလဲဆိုတာသူသိခြင့္႐ွိတယ္မလား။Yoongi Jiminအေျဖအားေစာင့္ဆိုင္းေနသည္။

"ေသခ်ာေပါက္ ကေလးေပါ့"

"ဘာ!!"

ကေလးငယ္က ခ်က္ခ်င္းျပဳံး႐ႊင္စြာျပန္ေျဖလာသည္။Yoongiမွာေတာ့ လန္႔သြားသည္။ တကယ္ပဲကေလးကKingတဲ့လား ဒါဆို ဟိုလို လိုက္ၿပီးဆြဲခ်ိတ္ေနၾကတာေတြလည္း႐ွိေနမွာေပါ့ ေက်ာင္းရဲ႕Kingနဲ႔Queenဆိုရင္ အမ်ားစုက ဆြဲခ်ိတ္ၾကတာမ်ားတယ္ေလ Yoongiလည္းမသိမသာေမးၾကည့္ရန္ျပင္လိုက္သည္။

"ေက်ာင္းမွာ အဲ့တစ္ေယာက္နဲ႔ကေလးကိုတြဲေျပာၾကတာေတြ႐ွိလား"

"တခ်ိဳ႕ေတြကအဲ့လိုေတြေျပာၾကေပမဲ့ သူနဲ႔ကသူငယ္ခ်င္းေတြပါပဲ က်န္တဲ့ကေလးသူငယ္ခ်င္းေတြလည္းသိတယ္ ၿပီးေတာ့သူ႕မွာအဲ့တုန္းကေကာင္ေလး႐ွိတယ္ ဟီးဟီး"

ကေလးေျပာေတာ့နည္းနည္းေတာ့စိတ္ေအးသြားသည္။ဒါမဲ့ Yoongiအဆင္ေျပမေနဘူး ခုနကႏွစ္ေယာက္သားစကားေတြေပ်ာ္ေပ်ာ္ႀကီးေျပာေနၾကၿပီး သူ႕ကိုက်ေဘးမွာပလစ္ထားတာေလ...ဒါကိုေတာ့Yoongiစိတ္ဆိုးမိသည္။

Jimin ဘာမွမေျပာပဲၿငိမ္သြားတဲ့ကိုကို႔ကိုၾကည့္ကာ ေၾကာင္ေနသည္။ကိုကိုကမ်က္ႏွာႀကီးကိုတည္ထားၿပီး အေပၚထပ္အက်ႌရဲ႕အိတ္ကပ္ထဲကိုလက္ထည့္ကာလမ္းေလွ်ာက္ေနသည္။Jiminလည္းဘာမွမေတြးေတာ့ပဲ ကိုကိုနဲ႔သြားလိုက္ေတာ့သည္။ထိုစဥ္ ဆိုင္အႀကီးႀကီးတစ္ဆိုင္ေတြ႕တာမို႔ၾကည့္လိုက္ေတာ့ ဆိုင္ရဲ႕ဆိုင္းဘုတ္ေပၚမွာ ဂ်ပန္စာေတြနဲ႔အတူ ငါးအသားလႊာပုံေလးပါ႐ွိသည္။ေနာက္ေတာ့Jiminသတိရမိတာက Sushi

ဟုတ္တယ္ သူဂ်ပန္ကိုေရာက္ကတည္းကSushiမစားရေသးဘူး ေလွ်ာက္လည္တာနဲ႔တင္အခ်ိန္ကုန္ၿပီး Sushiစားဖို႔က်ေမ့‌ေနတယ္။Jiminေဘးကကိုကို႔ကိုေျပာရန္လုပ္ေတာ့ ကိုကိုကသူ႕ကိုလက္ေကာက္ဝတ္ကေနဆြဲကာJiminစားခ်င္တဲ့Sushiဆိုင္ထဲသို႔ဝင္သြားသည္။

ဆိုင္ထဲေရာက္ေတာ့ ကိုကိုကJiminကိုစကားတစ္ခြန္းမွမေျပာေပမဲ့ ေ႐ွ႕ကSushiျပင္ေပးသည့္စားဖိုမႉးလိုလူတစ္ေယာက္ကိုေတာ့ကိုကိုကဂ်ပန္လိုေျပာေနသည္ ထိုလူကလည္းေခါင္းကိုၿငိမ့္ၿငိမ့္ျပသည္။Jiminမွာကိုကို႔ကိုတခ်က္ၾကည့္လိုက္ၿပီး အၾကည့္မလႊဲႏိုင္ေအာင္ပင္။ဂ်ပန္စကားကို ကြၽမ္းကြၽမ္းက်င္က်င္နဲ႔ေျပာဆိုေနတာ အားက်စရာႀကီး စတိုင္ကလည္းမိုက္ေနေရာ Jiminရဲ႕ကိုကိုကအဲ့လိုဘက္စုံေတာ္တာပါဆို

ခနၾကာေတာ့ Jiminေ႐ွ႕မွာ စားခ်စ္စဖြယ္ေကာင္းတဲ့မ်ိဳးစုံတဲ့ဆူ႐ွီေလးေတြ ေရာက္လာသည္။ အေရာင္ေလးေတြကလည္းစုံလို႔ ကိုကို႔ကိုၾကည့္လိုက္ေတာ့ ကိုကိုကစားၾကည့္ဆိုတဲ့ပုံနဲ႔ေမးေငါ့ျပသည္။ေနပါဦး Jiminမသိတာတစ္ခုက ကိုကိုဘာလို႔Jiminကိုစကားမေျပာတာလဲ ခုနကေတာင္အေကာင္းႀကီးကို

ကိုကိုကေတာ့Jiminစားရအဆင္ေျပေအာင္ ဆူ႐ွီေလးေတြကို႐ုပ္တည္ႀကီးနဲ႔ေသခ်ာျပင္ေပးေနသည္။Jiminကေတာ့အားရပါးရစားေနရတာနဲ႔အလုပ္႐ႈပ္ေနသည္။

စားေသာက္ၿပီးသြားေတာ့ပိုက္ဆံ႐ွင္းကာဆိုင္ထဲမွထြက္လာခဲ့ၾကသည္။ေနာက္ထပ္ေျခဦးတည့္ရာေနရာဆီေလွ်ာက္သြားၾကသည္။Jiminၾကည့္ရ‌သေလာက္ေတာ့ ကိုကိုတခုခုကိုမေက်မနပ္ျဖစ္ေနသည္။ ဒါမွမဟုတ္  ခုနကသူကိုကို႔ကိုေမ့ေနလို႔ဆိုၿပီးစိတ္ဆိုးေနတာမ်ား‌လား ကိုကို႔ပုံကJiminကိုစိတ္ဆိုးေနလို႔ဒီလိုျဖစ္ေနတာ ကိုကိုစိတ္ေကာက္ေနတာပဲ Jiminေတြးလိုက္မိသည္။ကိုကိုဘာလုပ္မလဲသိခ်င္တာမို႔ စိတ္ဆိုးေနၿပီးJiminကိုစကားမ‌ေျပာတဲ့ကိုကို႔ကိုမသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။

တစ္ေနရာေရာက္ေတာ့ ေဘးမွာပန္းေတြအမ်ားႀကီး႐ွိၿပီး အနည္းငယ္ျမင့္တဲ့ပလက္ေဖာင္းက်ဥ္းက်ဥ္းေလး႐ွိသည္။Jiminလည္းထိုက်ဥ္းက်ဥ္းေလးေပၚမွာမွစမ္းေလွ်ာက္ခ်င္တဲ့စိတ္ကထိန္းမရေတာ့ ကိုကို႔ကိုခြင့္ေတာင္းရေတာ့သည္။

"ကိုကို ကေလးဒီေပၚမွာလမ္းေလွ်ာက္ခ်င္တယ္"

Jiminလက္ကိုဆြဲထားဖို႔ေနေနသာသာသူ႕ဘာသာသူလမ္းေလွ်ာက္ေနတဲ့ကိုကိုကဘာမွမေျပာပဲ ထိုပလက္ေဖာင္းကိုတခ်က္ၾကည့္လိုက္ၿပီး Jiminလက္ကိုကိုင္လိုက္ကာထိုေနရာမွာရပ္ေနသည္။Jiminကိုတက္ဆိုတဲ့ပုံနဲ႔ေစာင့္ေနတာ။ ကိုကိုကစိတ္သာဆိုး‌ေနတာခ်စ္ဖို႔ေကာင္းတယ္

Jiminထိုပလက္ေဖာင္းေပၚကိုေရာက္ေတာ့ လက္တစ္ဖက္ကို ကိုကိုကထိန္းကိုင္ေပးထားသည္။လမ္းကက်ဥ္းေနတာေၾကာင့္ Jiminမွာယိုင္နဲ႔နဲ႔ ႏွင့္ေလွ်ာက္ေနရသည္။က်ဥ္းကလည္းက်ဥ္း ျမင့္ကလည္းျမင့္ေနေတာ့ ကိုကိုကထိန္းေပးထားေပမဲ့ Jiminလန္႔ေနသည္။ကစားကြင္းမွာေၾကာက္စရာေကာင္းတာေတြကိုမ်ိဳးစုံကစားႏိုင္တဲ့သူကဒီပလက္ေဖာင္းေလးကိုလန္႔ေနတယ္ဆိုေတာ့

"အားးးကိုကို!!"

႐ုတ္တရက္အေတြးလြန္ကာေျခေခ်ာ္က်သြားသည္။ကံေကာင္းခ်င္ေတာ့ ကိုကိုကဖမ္းေပးထားလို႔သက္သာသြားသည္။

"ဟူး~~~~ေတာ္ေသးလို႔"

Jiminကိုကို႔ကိုၾကည့္ၿပီးေရ႐ြတ္လိုက္သည္။ကိုကိုကေတာ့ ေခါင္းခါလိုက္ၿပီးJiminလက္ကိုဆြဲကာ ပုံမွန္အတိုင္းသြားေနျပန္သည္။စကားေတာ့မေျပာေသး ကိုကိုက‌ေတာ္ေတာ္နဲ႔စိတ္ေျပမွာမဟုတ္ဘူးပဲ........။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

There are no comments yet. Log in to be the first to leave a review!

Similar stories