Fanfics

Part - 18

11:16, 28 December 2021

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

"ကလေးတောင်းပန်ပါတယ် ကိုကို"

ကလေးဆီကတောင်းပန်စကားကြားလိုက်တော့ Yoongi မျက်ရည်တွေကိုမထိန်းနိုင်တော့ပဲ စီးကျလာသည်။ကလေးကလည်းYoongiခါးကိုတင်းကြပ်နေအောင်ဖက်ထားသည်။

"ကလေးကိုကို့ကိုတောင်းပန်ပါတယ်"

Yoongiလက်ခုံဖြင့်မျက်ရည်တွေကိုသုတ်လိုက်ပြီး နောက်ကိုလှည့်ကာ ကလေးရဲ့ပုခုံးကိုကိုင်လိုက်သည်။ကလေးရဲ့မျက်ဝန်းမှာလည်းမျက်ရည်တွေပြည့်နေသည်။

"ကလေးကဘာလို့တောင်းပန်နေတာလဲ ဘာအပြစ်လုပ်ထားလို့လဲ ကိုကို့ကိုပြောပါဦး"

Yoongiမသိချင်ယောင်ဆောင်ကာမေးလိုက်သည်။မဟုတ်ရင် သူ့ကလေးပိုဝမ်းနည်းရလိမ့်မယ်လေ

"အဟင့် ကိုကို ကလေးက အဟင့် ဒီတိုင်းစနောက်ပြီးပြော အဟင့် ပြောလိုက်မိတာပါ အဲ့ဒါကကိုကို့ အဟင့် ကိုကို့အတွက်ဘယ်လိုအဓိပ္ပာယ်သက်ရောက် အဟင့် ရောက်သွားလဲဆိုတာကို အဟင့် ကလေးမတွေးမိလိုက်ဘူး အဟင့် အဟင့်"

Yoongiသက်ပြင်းချရင်းခေါင်းကိုမော့ကာမျက်လုံးမှိတ်ထားလိုက်သည်။နောက်တော့Jiminကိုကြည့်လိုက်ပြီး

"ကလေးတောင်းပန်စရာမလိုပါဘူး ဒါက ဒါက ကိုကို့အပြစ် ကိုကို့အပြစ်တွေပါ"

ကလေးရဲ့ပုခုံးကိုကိုင်ထားရင်း ငိုမိတာကြောင့်ခေါင်းကိုငုံ့ချလိုက်သည်။

"ကလေးကို အရမ်းချုပ်ခြယ်နေမိတယ် ကလေး ကလေးကိုစိတ်အနှောင့်အယှက်တွေ ပေးမိ ပေးမိနေတယ်"

Jiminလည်း ကိုကိုကရုတ်တရက်ငိုချလာတာကြောင့် တော်တော်လေးလန့်သွားမိသည်။သူမဆင်ခြင်ပဲပြောလိုက်တဲ့စကားတစ်ခွန်းက ကိုကို့ကိုအဲ့လောက်ထိ ခံစား‌သွားစေတာလား

"ကိုကို ကိုကိုမငိုနဲ့လေ ကိုကို့အပြစ်မဟုတ်ပါဘူး မငိုပါနဲ့ အဟင့် ကိုကိုမငိုပါနဲ့"

ခေါင်းကိုငုံ့ထားပြီးရှိုက်ငိုနေတဲ့ကိုကို့ကို Jiminလက်လေးဖြင့်ပြန်မော့ကာ ပြောရသည်။ကိုကို့ပုံကိုကြည့်ကာJiminလည်းဝမ်းနည်းရတာကြောင့် ဖက်ထားလိုက်တော့ ကိုကိုကလည်းပြန်ဖက်လာသည်။

"ကိုကိုတောင်းပန်ပါတယ် ကလေး ကလေးကိုအရမ်းချုပ်ခြယ်မိလို့တောင်းပန်ပါတယ်ကိုကိုက‌လေးအပေါ်အတ္တတွေလောဘတွေသိပ်ကြီးသွားတယ် အဲ့ဒါကလေးကိုအရမ်းချစ်လို့ပါ ကလေးကိုသိပ်ချစ်လို့ ကိုကိုချုပ်ခြယ်မိတာပါ  ကိုကိုတောင်းပန်ပါတယ် ကလေးငယ်"

ကိုကို့စကားတွေကြားပြီးJiminလည်းမျက်ရည်ကျရသည်။ကိုကို့ကိုဝမ်းနည်းအောင်ပြောမိတဲ့သူ့ကိုမပြောပဲ ကိုကို့အပြစ်ဆိုပြီးဝမ်းနည်းနေတဲ့ကိုကို...ကိုကိုကသူ့ကိုချစ်လို့ဒီလိုလုပ်တာကို သူကမသိပဲ ချုပ်ခြယ်တယ်လို့ပြောမိတယ်။

"အင်း အင်း ကလေးလည်းတောင်းပန်ပါတယ် ကိုကို့ကိုဒီလိုမပြောလိုက်သင့်ဘူး တော်ပြီ မငိုနဲ့တော့ ကိုကိုငိုရင် ကလေးဝမ်းနည်းတယ်ဆိုတာကိုမသိဘူးလား မငိုနဲ့တော့"

"........."

"မငိုနဲ့တော့လို့ တိတ်တော့ ကိုကို့အမှားလည်းမဟုတ်ဘူး မငိုနဲ့ ကိုကိုဆက်ငိုနေရင် ကလေးလည်းလိုက်ငိုမှာနော် အူးဝါးးးးးးး"

Jiminဖက်ထားရာကနေခွာလိုက်ပြီး ကိုကို့မျက်ရည်တွေသုတ်ပေးရင်းပြောလိုက်သည်။ဒါတောင်ငိုနေသေးတာမို့ မရတဲ့အဆုံး သူလည်းငိုချင်လာ၍အော်ငိုလိုက်တော့သည်။

Yoongi ကလေးကအော်ငိုတာကြောင့် ပြန်ချော့ရတော့မည်

"ကလေး မငိုနဲ့ ကိုကိုမငိုတော့ဘူး ဒီမှာကြည့်တွေ့လား ကိုကိုမငိုတော့ဘူး ကလေးလည်းမငိုနဲ့တော့"

ကလေးရှေ့၌ မျက်ရည်တွေသုတ်ပြလိုက်ပြီး မငိုအောင်ပြောရသည်။အဲ့ကျမှ ကလေးကငိုတာရပ်သွားတော့သည်။

"အဟင့် အာ့ဆို ကိုကို အဟင့် ကိုကို ပြုံးပြ"

Yoongi Jiminပြောတဲ့အတိုင်း ပြုံးပြလိုက်သည်။

"ရပြီလား ကလေး"

"ဟုတ်"

Jiminကိုကို့ကိုဖက်လိုက်သည်။

"ကိုကိုနောက်ဆိုဒီလိုတွေမပြောပါနဲ့ ကလေးကကိုကို့အပိုင်ပဲ ကိုကိုကြိုက်သလိုစီစဉ်နိုင်တယ် ကလေးကကိုကိုပြောသလိုပဲနေမှာ ကိုကိုမကြိုက်တာဆိုလုံးဝမလုပ်ဘူး ကိုကိုပျော်နေတာပဲမြင်ချင်တာ ကိုကိုဒီလိုဝမ်းနည်းနေရင်ကလေးရင်ထဲနာကျင်ရတယ် အာ့ကြောင့် ဒီလိုတွေမတွေးပါနဲ့ ကလေးကလည်းမဆင်ခြင်ပဲပြောလိုက်မိလို့ကိုကိုဒီလိုဖြစ်သွားတာကလေးတောင်းပန်တယ်နော် ကိုကို့ကိုအရမ်းချစ်တယ်"

"ကလေးကိုလည်းအရမ်းချစ်တယ်"

ကလေးစကားကြောင့်Yoongiရင်ထဲနွေးထွေးသွားရပြန်သည်။ဖက်ထားတဲ့ကလေးကို ရင်ခွင်ထဲရောက်အောင်ပိုတိုးဖက်ကာ ခေါင်းလုံးလုံးလေးကိုတချက်နမ်းလိုက်သည်။

"ကလေး ပြင်ဆင်ထားတော့လေ ကိုကိုတို့သွားရမဲ့အချိန်ရောက်တော့မယ်"

"ဟုတ်ကဲ့ ဟီးဟီး"

အိမ်ပေါ်သို့ပြေးတက်သွားသောကလေးကိုကြည့်ပြီးYoongiပြုံးလိုက်မိသည်။ဒီကလေးလေးကိုပိုင်ဆိုင်ခွင့်ရတာ သူ့ဘဝမှာအပျော်ဆုံးပဲ......

နေ့လည်လောက်ကျတော့ နှစ်ယောက်သားဟန်းနီးမွန်းသွားရန်အသင့်ဖြစ်နေကြသည်။

"ကိုကို သွားကြမယ်လေ"

"အွန်း အွန်း သွားမယ်"

အိမ်ကကားနဲ့driverကလေဆိပ်ထိလိုက်ပို့ပေးသည်။လေယာဉ်ချိန်နီးမှထွက်လာခဲ့တာဆိုတော့ လေဆိပ်ရောက်တဲ့အချိန်နဲ့ကွက်တိဖြစ်သွားသည်။လေယာဉ်ပေါ်ရောက်တော့

"အိုက်ယား ကိုကိုနဲ့နိုင်ငံခြားကို ဒီလိုနှစ်ယောက်တည်းသွားရမယ်လို့မထင်ထားဘူး"

"အခုတကယ်သွားနေရပြီမဟုတ်လား"

"ဟီးဟီး ဟုတ်တယ် ပျော်စရာကြီး ဟိုရောက်ရင် ကလေးစားချင်တာတွေကိုကိုဝယ်ကျွေးရမယ် သွားချင်တဲ့နေရာတွေကိုလည်းလိုက်ပို့ပေးရမယ်နော်"

"လိုက်ပို့ပေးမှာပေါ့ကလေးရဲ့ ကလေးဆန္ဒ‌တွေအကုန် ကိုကိုဖြည့်ဆည်းပေးမယ်ဟုတ်ပြီလား"

"ဟုတ် ကိုကို အဲ့ဒါကြောင့် ကိုကို့ကိုချစ်‌တာ"

"ဟင် ဒါဆိုအရင်ကရောမချစ်ဘူးလား"

Yoongiရှေ့ကချစ်ဖို့ကောင်းနေတဲ့ကလေးလေးရဲ့ခေါင်းလေးကိုပုတ်ကာမေးလိုက်သည်။

"ချစ်တာပေါ့ကိုကိုရဲ့ ဒါမဲ့အခုပိုချစ်တယ်"

"ဟားဟား ကလေးကတော့ကွာ"

ခနကြာတော့ Jiminငိုက်နေပြီဖြစ်သည်။မနက်ကသွားချင်ဇောနဲ့အစောကြီးထထားတာ အခုတော့မျက်လုံးတောင်မဖွင့်နိုင်တော့ဘူး Jiminမျက်နှာကိုအမြဲတစေကြည့်နေတတ်တဲ့ကိုကိုက

"ကလေး အိပ်ချင်နေတာလား"

"အွန်း"

"လာ ကိုကို့ဆီ ကိုကို့ပေါ်လာအိပ်"

"ဟင် ရပါတယ် ဒီတိုင်းပဲအိပ်မယ်"

"ဒီတိုင်းဆိုကလေးအိပ်ရတာအဆင်မပြေဘူးလေ လာပါ"

Yoongiပြောပြီး ဘေးမှာထိုင်နေတဲ့ကလေးကိုလက်ကနေဆွဲကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်။

"ကိုကိုကလည်း ကိုကိုလေးနေမှာပေါ့"

"ဘာလို့လေးရမှာလဲ ကလေးကိုယ်ကပေါ့ပေါ့လေး ဒါကြောင့်စိတ်ချလက်ချအိပ်"

"ဟဲဟဲ ဒါဆိုလည်းအိပ်ပြီနော်"

"အိပ်ပါဗျာ"

JiminကYoongiရဲ့ပေါင်ပေါ်တင်ပလွှဲထိုင်လိုက်ပြီး ‌Yoongiရဲ့လည်ပင်းနားမျက်နှာအပ်ထားလိုက်သည်။Yoongiကတော့Jiminကိုယ်လေးကိုဖက်ထားပေးသည်။နောက်တော့Yoongiလည်းမျက်လုံးစင်းလာပြီဖြစ်တာကြောင့် အိပ်လိုက်တော့သည်။

လေယာဉ်ဆင်းချိန်ရောက်လာတော့ ကလေးကိုနှိုးရပေဦးမည်။တစ်လမ်းလုံးအိပ်လာတဲ့ရင်ခွင်ထဲကကလေးငယ်ကတော့အခုထိအိပ်မောကျနေတုန်း....

"ကလေး..ကလေးလေး ထတော့လေ"

"အင်းးးး"

"ကလေးထတော့ လေယာဉ်ဆင်းတော့မယ်"

"အင်းးး ထပြီ"

မျက်လုံးတွေကိုသူ့လက်သေးသေးလေးတွေနဲ့ပွတ်ရင်း သန်းနေသေးသည်။

"မျက်လုံးတွေအရမ်းမပွတ်နဲ့ ကလေး မျက်စိနာမယ်"

"ဟုတ် ကိုကို ကလေးအာဘွားပေး"

"ပေးမှာပေါ့ မွ မွ မွ ထတော့နော်"

ကလေးကရင်ခွင်ထဲကနေခေါင်းလေးမော့ကာအာဘွားတောင်းလာတော့ နှုတ်ခမ်းလေးကိုအနမ်းပေးလိုက်သည်။ပြီးတော့ အိပ်ထားလို့ဖွာနေတဲ့ဆံပင်လေးတွေကိုပြန်ပြင်ပေးလိုက်ပြီး ကလေးရဲ့ဖွေးဥနေတဲ့ပါး‌ဖောင်းဖောင်းလေးနှစ်ဖက်ကိုပါ နမ်းလိုက်သည်။

"ဟုတ်ကဲ့"

လေဆိပ်ရောက်တော့ Yoongiတစ်ဖက်ကကလေးရဲ့လက်ကိုဆွဲထားပြီးတစ်ဖက်ကခရီးဆောင်အိတ်ကိုဆွဲလာကာလမ်းလျှောက်နေကြသည်။

"ကိုကို"

"ဗျာ"

"ကလေး ရုပ်ရှင်ကားတွေထဲက‌လို ခရီးဆောင်အိတ်ကိုစီးချင်တယ်"

"ဟင်???"

"ဒီလိုလေ ကလေးကခရီးဆောင်အိတ်ပေါ်တက်မယ် ကိုကိုကအိတ်ကိုဆွဲ ဟီးဟီး"

"ကောင်းပါပြီဗျာ လာ တက်"

Yoongiလည်း ကလေးကိုပွေ့ချီကာအိတ်ပေါ်တင်ပေးလိုက်သည်။သူလည်းကလေးကိုယ်လေးပြုတ်ကျမှာစိုးလို့ ထိန်းရင်းအိတ်ကိုဆွဲနေသည်။လုပ်ချင်တာလုပ်နေရတဲ့ကလေးကတော့ ပျော်လို့ရွှင်လို့

"ဝူးးးးမိုက်တယ် ကိုကို ပျော်စရာကြီး"

"ကလေးပျော်ရင်ကျေနပ်ပါတယ်ဗျာ"

လေဆိပ်မှာ ပျော်ရွှင်‌နေတဲ့ကောင်လေးနှစ်ယောက်ကိုတွေ့နေတဲ့လူတွေကလည်းအားကျမှုပေါင်းများစွာဖြင့်ကြည့်နေကြသည်။ဒီလောက်လိုက်ဖက်တဲ့အတွဲလေးကိုမမြင်ဖူးသည့်အတိုင်းကြည့်နေကြတာ မြင်ကွင်းမှပျောက်သွားသည်အထိကိုကိုနဲ့ကလေးကတော့ဘာကိုမှဂရုမစိုက်ပဲနှစ်ယောက်တည်းကြည်နူးနေကြသည်။

လာကြိုတဲ့ကားနဲ့လိုက်သွားပြီး bookingချိတ်ထားတဲ့Hotelဆီသို့သွားကြသည်။အခန်းထဲရောက်တော့ Jiminမှာကုတင်ပေါ် ဝုန်းခနဲနေအောင်လှဲချလိုက်တော့သည်။

"အာ.....ပင်ပန်းလိုက်တာ"

တစ်လမ်းလုံးအိပ်ပြီးလိုက်လာတဲ့သူကပင်ပန်းလိုက်တာဆိုတော့ Yoongiတွေးပြီးခေါင်းခါလိုက်သည်။

"ကလေး ဖြည်းဖြည်းလုပ်ပါကွာ နာသွားဦးမယ်"

"ဟီးဟီး လှဲချင်စိတ်များသွားလို့ပါ ကိုကိုလည်းလာခဲ့"

လှဲနေရာကနေသူ့ဘေးနားကိုလက်ဖြင့်ပုတ်ပြလိုက်သည်။Yoongiလည်းဝင်လှဲလိုက်ပြီးကလေးကိုဖက်ထားလိုက်သည်။ကလေးကလည်းတင်းနေအောင်ပြန်ဖက်လာသည်။

"ကလေး"

"........"

Yoongiဘာမှမပြောပဲငြိမ်နေလိုက်တာ ကလေးကိုခေါ်လိုက်တော့ အသံတိတ်နေသည်။ဖက်ထားရာကနေ နည်းနည်းလေးခွာကြည့်တော့ သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေပြီဒီကလေး အိပ်လည်းအိပ်နိုင်တယ်  Yoongiတချက်ရယ်လိုက်ပြီးခေါင်းခါကာ သူလည်းလိုက်အိပ်လိုက်တော့သည်။ပင်ပန်းနေလို့ ပုံမှန်လိုတောင်ပြင်မအိပ်နိုင်ပဲ လှဲချလိုက်တဲ့အတိုင်းဖြစ်သလိုအိပ်ပျော်သွားသည်။

နောက်တစ်နေ့မိုးလင်းတော့ ရင်ခွင်ထဲကကောင်လေးက လူးလွန့်လာသည်။

"အင်းးးးဟင်းးး"

"ကလေး နိုးပြီလား"

"ဟင့် ဟုတ်"

"ကဲ ထ မျက်နှာသစ် breakfastသွားစားကြမယ် လျှောက်လည်ကြမယ်လေ"

Yoongiပြောပြီးထလိုက်သည်။အိပ်ချင်မူးတူးဖြစ်နေတဲ့Jiminကတော့ ပက်လက်ပဲရှိသေးသည်။

"ကိုကို ချီ"

Jiminကလှဲလျက်သားနဲ့ လက်နှစ်ဖက်ကိုမြှောက်ပြလိုက်သည် Yoongiလည်းကလေးစိတ်တိုင်းကျ မြှောက်ပြတဲ့လက်နှစ်ဖက်ကိုဆွဲလိုက်တော့လည်ပင်းကိုဖက်လာသည်။ပြီးတော့ ကလေးရဲ့ခြေထောက်လေးနှစ်ဖက်ကိုခါးမှာချိတ်စေပြီး ရေချိုးခန်းထဲခေါ်သွားတော့သည်။ရေချိုးခန်းကိုရောက်တော့ ကလေးကိုဘေစင်ပေါ်တင်ပေးလိုက်ပြီးသွားတိုက်‌ဆေးတွေပြင်ပြီး နှစ်ယောက်သားသွားတိုက်ကြသည်။

"အာဝါး မွ မွ"

Jiminကသွားတိုက်နေရင်းပါးကိုလာနမ်းတော့ Yoongiပါးတွင်သွားတိုက်ဆေးတွေပေသွားသည်။Yoongiမှာလန့်ကာ

"ဟာ ကလေး ကိုကို့ကိုပေကုန်ပြီလေ"

"ဟီးဟီး ပေအောင်နမ်းတာ blah blah!"

"ကလေးစုတ်လေး တွေ့မယ်"

Yoongi လက်ထဲကသွားပွတ်တံကိုချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကလေးပါးလေးကိုအုပ်ကိုင်လိုက်တော့သည်။ပါးနှစ်ဖက်ကိုညှစ်လိုက်တော့ နှုတ်ခမ်းလေးကထော်လာသည်။Yoongiလည်းကလေးကိုစချင်တာနဲ့ ကလေးရဲ့ပါးတွေကို သွားတိုက်ဆေးတွေပေနေတဲ့သူ့နှုတ်ခမ်းနဲ့လိုက်နမ်းနေလိုက်သည်။

"ကိုကို!! မလုပ်နဲ့ ကလေးကိုပေကုန်ပြီ ကိုကို ဟာ ပေကုန်ပြီလို့ ဟားဟား ရပ်တော့ဆို"

"ကလေးအရင်စတာလေ ကိုကိုလည်းပြန်စမယ် ရော့ကွာ"

"အားးကိုကို မလုပ်နဲ့လို့ ဟားဟား တော်ပီလို့ ယားတယ် ကိုကိုရဲ့ ကလေးမှားသွားပါတယ် ကိုကို့ကိုနောက်မစတော့ပါဘူး ဟားဟား ကိုကိုတော်တော့လို့ ကိုကို ဟားဟားဟား"

Yoongiလည်းကလေးမောနေမှာစိုးလို့ရပ်ပေးလိုက်သည်။ကလေးရဲ့နှဖူးလေးကိုလက်ညိုး‌လေးနဲ့တချက်တောက်ပြီး

"ဟားဟားဟား ကလေးမျက်နှာမှာပေကုန်ပြီ ဟားဟား"

Yoongiအော်ရယ်နေလိုက်သည်။ကလေးကတော့သူ့ကိုမျက်စောင်းစူးစူးကြီးတွေထိုးနေပြီး နှုတ်ခမ်းကြီးစူထားတော့သည်။

"ကိုကိုနော်!! ဟွန့်"

"ဟားဟား မျက်နှာသစ်ကြမယ်"

Yoongi လက်ကိုရေစွပ်ပြီးကလေးကိုမျက်နှာသစ်ပေးရန်ပြင်လိုက်သည်။

"မသစ်ဘူး"

မသစ်ဘူးဆိုပြီး ဘေစင်ပေါ်ကနေခုန်ဆင်းကာ ပလုတ်ကျင်းနေသည်။

"ကိုကိုမျက်နှာသစ်ပေးမယ်လေ"

"မသစ်ပေးနဲ့ ကိုယ့်ဘာသာကိုယ်သစ်မယ်"

"ကိုကိုသစ်ပေးချင်လို့လေ"

"မသစ်ပေးနဲ့ ဖယ်! မျက်နှာသစ်မလို့"

Yoongiကိုတွန်းထုတ်နေတာကြောင့် သိလိုက်ပြီ ကလေးပေါက်ကောက်သွားပြီ...Yoongiရယ်ချင်စိတ်ကိုထိန်းကာကလေးပေါက်မျက်နှာသစ်နေတာကိုစောင့်ပြီး ပြီးသွားမှသူသစ်လိုက်တော့သည်။

ရေချိုးခန်းထဲကနေ ကော့ပတ်ကော့ပတ်နဲ့ထွက်သွားသည်။ Yoongiလည်းမနိုင်ဘူးဆိုတဲ့ပုံနဲ့ ခေါင်းသာခါလိုက်မိသည်။

အင်္ကျီတွေဘာ‌တွေလဲပြီးBreakfastစားဖို့ထွက်လာကြသည်။Yoongiလည်းကလေးရဲ့လက်ကလေးကိုဆွဲကိုင်ကာအတူတူလမ်းလျှောက်ကြသည်။ကလေးကမရုန်းပေမဲ့ စိတ်ဆိုးမပြေသေးဘူးဆိုတဲ့ပုံနဲ့မျက်နှာကိုလွှဲထားသည်။မျက်နှာလေးကသာစူပုတ်နေတာ တော်တော်ချစ်ဖို့ကောင်းတဲ့ကလေးလေး

Yoongiကတော့ဘေးကကလေးကိုအသည်းတွေယားကာကြည့်နေလိုက်သည်။သူကြည့်နေတာကိုသိတော့ လှည့်ကြည့်ပေမဲ့ မျက်စောင်းလေးထိုးကာ ပြန်လှည့်သွားပြန်သည်။

Breakfastစားသည့်နေရာရောက်တော့ ကလေးကမုန့်ကိုသာအားရပါးရစားနေသည်။Yoongiကိုလည်းစကားမပြော စိတ်ကောက်‌နေတဲ့ခင်ပွန်းလေးကြောင့်နည်းနည်းတော့နေရခက်ပေမဲ့ လွှတ်ပေးထားလိုက်သည်။ဒါပေမဲ့ ပျော်‌စရာကောင်းအောင်ခရီးထွက်လာတာလေ ဒီလိုကြီးကျတော့မဟုတ်သေးဘူးထင်တယ် ကလေးသူ့ကိုစကားပြန်ပြောအောင်ဘယ်လိုလုပ်ရမလဲ....

အခုသူတို့မနက်စာစားပြီးရင် လျှောက်လည်ကြမှာလေ ဒီလိုဖြစ်နေရင်သိပ်တော့အဆင်မပြေဘူး Yoongiချက်ချင်းအကြံရသွားသလိုတန်းပြုံးမိသွားသည်။

"ကလေး"

"........"

"ကိုကိုတို့လျှောက်မလည်ကြရင်ကောင်းမယ်ထင်တယ်"

Yoongiပြောလိုက်တော့ ကလေးက စားနေရာကနေရပ်သွားသည်။သူ့ကိုတော့ကြည့်မလာသေး

"အခု ကလေးကစိတ်မကြည်တော့ လျှောက်လည်ရင်အချိန်တွေကုန်သွားတာပဲအဖတ်တင်မယ် ပျော်မှမပျော်ရတာ"

ထိုသို့ပြောလိုက်တော့ ကလေးကသူ့ကိုပြန်ကြည့်လာသည်။သူ့အကြံအောင်မြင်ခါနီးပြီကလေးရဲ့အခြေအနေကိုကြည့်ကာဆက်ပြောလိုက်သည်။

"ကိုကိုတို့အခန်းပြန်ကြရအောင် ဒီနေ့လျှောက်မလည်တော့ဘူးနော်"

Yoongiထိုင်ခုံကနေထရပ်လိုက်တော့ ချက်ချင်းသူ့လက်ကိုလာဆွဲတဲ့ကလေးYoongiတဖက်လှည့်ကာ ရယ်လိုက်ပြီး ရုပ်ကိုပြန်တည်လိုက်ကာ ကလေးကိုကြည့်လိုက်သည်။

"ကလေး ပြန်ကြမယ်လေ"

"ကို ကိုကို မပြန်ပါနဲ့"

"ဟင်"

"မပြန်နဲ့ ကလေးတို့လျှောက်လည်ကြမယ်လေ"

"ကလေးမှစိတ်မကြည်သေးတာ အဆင်ပြေလို့လား"

"ကလေးစိတ်ကြည်ပါတယ် အဆင်လည်းပြေ ပြေပါတယ် သွားကြမယ် ကလေးကိုလိုက်ပို့ နော် ကိုကိုနော် ကလေးသွားချင်လို့ပါ"

Yoongiလက်ကိုကိုင်ကာ ပူဆာနေသော ကလေးငယ်ကိုကြည့်ရင်း အသည်းယားလာသည်။ကလေးကအဲ့လို လုပ်ချင်တာမလုပ်ရရင် အတင်းပူဆာသလားမမေးနဲ့ အခုကလေးစိတ်ကောက်နေတယ်ဆိုတာတောင်သတိရသေးရဲ့လား အပြင်မထွက်ရမှာစိုးလို့အသနားခံတဲ့မျက်လုံးလေးတွေနဲ့ချွဲနေတာ

"အင်းပါ ဟုတ်ပါပြီ သွားကြမယ်"

"ရေးးးးဟီးဟီး အာ့ကြောင့်ကိုကို့ကိုချစ်တာ"

ကလေးပေါက်ကခုနကသူမဟုတ်တဲ့အတိုင်း Yoongiကိုချစ်တယ်ပါပြောနေသေးတယ်

"ကိုကိုကပိုချစ်တယ် သွားကြမယ်လာ"

"Go Go!!!"

Yoongiလက်ကိုအတင်းဆွဲဖက်ကာ ပျော်နေတဲ့မျက်နှာနဲ့ Hotelအပြင်သို့ပြေးထွက်လာသော JiminYoongiမှာကလေးပေါက်ကြောင့်သဘောတွေကျကာ မျက်နှာပိုးမသတ်နိုင် သွားကြီးဖြီးလို့နေသည်..................။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

𝐙𝐚𝐰𝐠𝐲𝐢✓✓✓

"ကေလးေတာင္းပန္ပါတယ္ ကိုကို"

ကေလးဆီကေတာင္းပန္စကားၾကားလိုက္ေတာ့ Yoongi မ်က္ရည္ေတြကိုမထိန္းႏိုင္ေတာ့ပဲ စီးက်လာသည္။ကေလးကလည္းYoongiခါးကိုတင္းၾကပ္ေနေအာင္ဖက္ထားသည္။

"ကေလးကိုကို႔ကိုေတာင္းပန္ပါတယ္"

Yoongiလက္ခုံျဖင့္မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ေနာက္ကိုလွည့္ကာ ကေလးရဲ႕ပုခုံးကိုကိုင္လိုက္သည္။ကေလးရဲ႕မ်က္ဝန္းမွာလည္းမ်က္ရည္ေတြျပည့္ေနသည္။

"ကေလးကဘာလို႔ေတာင္းပန္ေနတာလဲ ဘာအျပစ္လုပ္ထားလို႔လဲ ကိုကို႔ကိုေျပာပါဦး"

Yoongiမသိခ်င္ေယာင္ေဆာင္ကာေမးလိုက္သည္။မဟုတ္ရင္ သူ႕ကေလးပိုဝမ္းနည္းရလိမ့္မယ္ေလ

"အဟင့္ ကိုကို ကေလးက အဟင့္ ဒီတိုင္းစေနာက္ၿပီးေျပာ အဟင့္ ေျပာလိုက္မိတာပါ အဲ့ဒါကကိုကို႔ အဟင့္ ကိုကို႔အတြက္ဘယ္လိုအဓိပၸာယ္သက္ေရာက္ အဟင့္ ေရာက္သြားလဲဆိုတာကို အဟင့္ ကေလးမေတြးမိလိုက္ဘူး အဟင့္ အဟင့္"

Yoongiသက္ျပင္းခ်ရင္းေခါင္းကိုေမာ့ကာမ်က္လုံးမွိတ္ထားလိုက္သည္။ေနာက္ေတာ့Jiminကိုၾကည့္လိုက္ၿပီး

"ကေလးေတာင္းပန္စရာမလိုပါဘူး ဒါက ဒါက ကိုကို႔အျပစ္ ကိုကို႔အျပစ္ေတြပါ"

ကေလးရဲ႕ပုခုံးကိုကိုင္ထားရင္း ငိုမိတာေၾကာင့္ေခါင္းကိုငုံ႔ခ်လိုက္သည္။

"ကေလးကို အရမ္းခ်ဳပ္ျခယ္ေနမိတယ္  ကေလး ကေလးကိုစိတ္အေႏွာင့္အယွက္ေတြ ေပးမိ ေပးမိေနတယ္"

Jiminလည္း ကိုကိုက႐ုတ္တရက္ငိုခ်လာတာေၾကာင့္ ေတာ္ေတာ္ေလးလန္႔သြားမိသည္။သူမဆင္ျခင္ပဲေျပာလိုက္တဲ့စကားတစ္ခြန္းက ကိုကို႔ကိုအဲ့ေလာက္ထိ ခံစား‌သြားေစတာလား

"ကိုကို ကိုကိုမငိုနဲ႔ေလ ကိုကို႔အျပစ္မဟုတ္ပါဘူး မငိုပါနဲ႔ အဟင့္ ကိုကိုမငိုပါနဲ႔"

ေခါင္းကိုငုံ႔ထားၿပီး႐ိႈက္ငိုေနတဲ့ကိုကို႔ကို Jiminလက္ေလးျဖင့္ျပန္ေမာ့ကာ ေျပာရသည္။ကိုကို႔ပုံကိုၾကည့္ကာJiminလည္းဝမ္းနည္းရတာေၾကာင့္ ဖက္ထားလိုက္ေတာ့ ကိုကိုကလည္းျပန္ဖက္လာသည္။

"ကိုကိုေတာင္းပန္ပါတယ္ ကေလး ကေလးကိုအရမ္းခ်ဳပ္ျခယ္မိလို႔ေတာင္းပန္ပါတယ္  ကိုကိုက‌ေလးအေပၚအတၱေတြေလာဘေတြသိပ္ႀကီးသြားတယ္ အဲ့ဒါကေလးကိုအရမ္းခ်စ္လို႔ပါ  ကေလးကိုသိပ္ခ်စ္လို႔ ကိုကိုခ်ဳပ္ျခယ္မိတာပါ  ကိုကိုေတာင္းပန္ပါတယ္ ကေလးငယ္"

ကိုကို႔စကားေတြၾကားၿပီးJiminလည္းမ်က္ရည္က်ရသည္။ကိုကို႔ကိုဝမ္းနည္းေအာင္ေျပာမိတဲ့သူ႕ကိုမေျပာပဲ ကိုကို႔အျပစ္ဆိုၿပီးဝမ္းနည္းေနတဲ့ကိုကို...ကိုကိုကသူ႕ကိုခ်စ္လို႔ဒီလိုလုပ္တာကို သူကမသိပဲ ခ်ဳပ္ျခယ္တယ္လို႔ေျပာမိတယ္။

"အင္း အင္း ကေလးလည္းေတာင္းပန္ပါတယ္ ကိုကို႔ကိုဒီလိုမေျပာလိုက္သင့္ဘူး ေတာ္ၿပီ မငိုနဲ႔ေတာ့ ကိုကိုငိုရင္ ကေလးဝမ္းနည္းတယ္ဆိုတာကိုမသိဘူးလား မငိုနဲ႔ေတာ့"

"........."

"မငိုနဲ႔ေတာ့လို႔ တိတ္ေတာ့ ကိုကို႔အမွားလည္းမဟုတ္ဘူး မငိုနဲ႔ ကိုကိုဆက္ငိုေနရင္ ကေလးလည္းလိုက္ငိုမွာေနာ္ အူးဝါးးးးးးး"

Jiminဖက္ထားရာကေနခြာလိုက္ၿပီး ကိုကို႔မ်က္ရည္ေတြသုတ္ေပးရင္းေျပာလိုက္သည္။ဒါေတာင္ငိုေနေသးတာမို႔ မရတဲ့အဆုံး သူလည္းငိုခ်င္လာ၍ေအာ္ငိုလိုက္ေတာ့သည္။

Yoongi ကေလးကေအာ္ငိုတာေၾကာင့္ ျပန္ေခ်ာ့ရေတာ့မည္

"ကေလး မငိုနဲ႔ ကိုကိုမငိုေတာ့ဘူး ဒီမွာၾကည့္ေတြ႕လား ကိုကိုမငိုေတာ့ဘူး ကေလးလည္းမငိုနဲ႔ေတာ့"

ကေလးေ႐ွ႕၌ မ်က္ရည္ေတြသုတ္ျပလိုက္ၿပီး မငိုေအာင္ေျပာရသည္။အဲ့က်မွ ကေလးကငိုတာရပ္သြားေတာ့သည္။

"အဟင့္ အာ့ဆို ကိုကို အဟင့္ ကိုကို ျပဳံးျပ"

Yoongi Jiminေျပာတဲ့အတိုင္း ျပဳံးျပလိုက္သည္။

"ရၿပီလား ကေလး"

"ဟုတ္"

Jiminကိုကို႔ကိုဖက္လိုက္သည္။

"ကိုကိုေနာက္ဆိုဒီလိုေတြမေျပာပါနဲ႔ ကေလးကကိုကို႔အပိုင္ပဲ ကိုကိုႀကိဳက္သလိုစီစဥ္ႏိုင္တယ္ ကေလးကကိုကိုေျပာသလိုပဲေနမွာ ကိုကိုမႀကိဳက္တာဆိုလုံးဝမလုပ္ဘူး ကိုကိုေပ်ာ္ေနတာပဲျမင္ခ်င္တာ ကိုကိုဒီလိုဝမ္းနည္းေနရင္ကေလးရင္ထဲနာက်င္ရတယ္ အာ့ေၾကာင့္ ဒီလိုေတြမေတြးပါနဲ႔ ကေလးကလည္းမဆင္ျခင္ပဲေျပာလိုက္မိလို႔ကိုကိုဒီလိုျဖစ္သြားတာကေလးေတာင္းပန္တယ္ေနာ္ ကိုကို႔ကိုအရမ္းခ်စ္တယ္"

"ကေလးကိုလည္းအရမ္းခ်စ္တယ္"

ကေလးစကားေၾကာင့္Yoongiရင္ထဲေႏြးေထြးသြားရျပန္သည္။ဖက္ထားတဲ့ကေလးကို ရင္ခြင္ထဲေရာက္ေအာင္ပိုတိုးဖက္ကာ ေခါင္းလုံးလုံးေလးကိုတခ်က္နမ္းလိုက္သည္။

"ကေလး ျပင္ဆင္ထားေတာ့ေလ ကိုကိုတို႔သြားရမဲ့အခ်ိန္ေရာက္ေတာ့မယ္"

"ဟုတ္ကဲ့ ဟီးဟီး"

အိမ္ေပၚသို႔ေျပးတက္သြားေသာကေလးကိုၾကည့္ၿပီးYoongiျပဳံးလိုက္မိသည္။ဒီကေလးေလးကိုပိုင္ဆိုင္ခြင့္ရတာ သူ႕ဘဝမွာအေပ်ာ္ဆုံးပဲ......

ေန႔လည္ေလာက္က်ေတာ့ ႏွစ္ေယာက္သားဟန္းနီးမြန္းသြားရန္အသင့္ျဖစ္ေနၾကသည္။

"ကိုကို သြားၾကမယ္ေလ"

"အြန္း အြန္း သြားမယ္"

အိမ္ကကားနဲ႔driverကေလဆိပ္ထိလိုက္ပို႔ေပးသည္။ေလယာဥ္ခ်ိန္နီးမွထြက္လာခဲ့တာဆိုေတာ့ ေလဆိပ္ေရာက္တဲ့အခ်ိန္နဲ႔ကြက္တိျဖစ္သြားသည္။ေလယာဥ္ေပၚေရာက္ေတာ့

"အိုက္ယား ကိုကိုနဲ႔ႏိုင္ငံျခားကို ဒီလိုႏွစ္ေယာက္တည္းသြားရမယ္လို႔မထင္ထားဘူး"

"အခုတကယ္သြားေနရၿပီမဟုတ္လား"

"ဟီးဟီး ဟုတ္တယ္ ေပ်ာ္စရာႀကီး ဟိုေရာက္ရင္ ကေလးစားခ်င္တာေတြကိုကိုဝယ္ေကြၽးရမယ္ သြားခ်င္တဲ့ေနရာေတြကိုလည္းလိုက္ပို႔ေပးရမယ္ေနာ္"

"လိုက္ပို႔ေပးမွာေပါ့ကေလးရဲ႕ ကေလးဆႏၵ‌ေတြအကုန္ ကိုကိုျဖည့္ဆည္းေပးမယ္ဟုတ္ၿပီလား"

"ဟုတ္ ကိုကို အဲ့ဒါေၾကာင့္ ကိုကို႔ကိုခ်စ္‌တာ"

"ဟင္ ဒါဆိုအရင္ကေရာမခ်စ္ဘူးလား"

Yoongiေ႐ွ႕ကခ်စ္ဖို႔ေကာင္းေနတဲ့ကေလးေလးရဲ႕ေခါင္းေလးကိုပုတ္ကာေမးလိုက္သည္။

"ခ်စ္တာေပါ့ကိုကိုရဲ႕ ဒါမဲ့အခုပိုခ်စ္တယ္"

"ဟားဟား ကေလးကေတာ့ကြာ"

ခနၾကာေတာ့ Jiminငိုက္ေနၿပီျဖစ္သည္။မနက္ကသြားခ်င္ေဇာနဲ႔အေစာႀကီးထထားတာ အခုေတာ့မ်က္လုံးေတာင္မဖြင့္ႏိုင္ေတာ့ဘူး Jiminမ်က္ႏွာကိုအၿမဲတေစၾကည့္ေနတတ္တဲ့ကိုကိုက

"ကေလး အိပ္ခ်င္ေနတာလား"

"အြန္း"

"လာ ကိုကို႔ဆီ ကိုကို႔ေပၚလာအိပ္"

"ဟင္ ရပါတယ္ ဒီတိုင္းပဲအိပ္မယ္"

"ဒီတိုင္းဆိုကေလးအိပ္ရတာအဆင္မေျပဘူးေလ လာပါ"

Yoongiေျပာၿပီး ေဘးမွာထိုင္ေနတဲ့ကေလးကိုလက္ကေနဆြဲကာ သူ႕ေပါင္ေပၚထိုင္ခိုင္းလိုက္သည္။

"ကိုကိုကလည္း ကိုကိုေလးေနမွာေပါ့"

"ဘာလို႔ေလးရမွာလဲ ကေလးကိုယ္ကေပါ့ေပါ့ေလး ဒါေၾကာင့္စိတ္ခ်လက္ခ်အိပ္"

"ဟဲဟဲ ဒါဆိုလည္းအိပ္ၿပီေနာ္"

"အိပ္ပါဗ်ာ"

JiminကYoongiရဲ႕ေပါင္ေပၚတင္ပလႊဲထိုင္လိုက္ၿပီး ‌Yoongiရဲ႕လည္ပင္းနားမ်က္ႏွာအပ္ထားလိုက္သည္။Yoongiကေတာ့Jiminကိုယ္ေလးကိုဖက္ထားေပးသည္။ေနာက္ေတာ့Yoongiလည္းမ်က္လုံးစင္းလာၿပီျဖစ္တာေၾကာင့္ အိပ္လိုက္ေတာ့သည္။

ေလယာဥ္ဆင္းခ်ိန္ေရာက္လာေတာ့ ကေလးကိုႏိႈးရေပဦးမည္။တစ္လမ္းလုံးအိပ္လာတဲ့ရင္ခြင္ထဲကကေလးငယ္ကေတာ့အခုထိအိပ္ေမာက်ေနတုန္း....

"ကေလး..ကေလးေလး ထေတာ့ေလ"

"အင္းးးး"

"ကေလးထေတာ့ ေလယာဥ္ဆင္းေတာ့မယ္"

"အင္းးး ထၿပီ"

မ်က္လုံးေတြကိုသူ႕လက္ေသးေသးေလးေတြနဲ႔ပြတ္ရင္း သန္းေနေသးသည္။

"မ်က္လုံးေတြအရမ္းမပြတ္နဲ႔ ကေလး မ်က္စိနာမယ္"

"ဟုတ္ ကိုကို ကေလးအာဘြားေပး"

"ေပးမွာေပါ့ မြ မြ မြ ထေတာ့ေနာ္"

ကေလးကရင္ခြင္ထဲကေနေခါင္းေလးေမာ့ကာအာဘြားေတာင္းလာေတာ့ ႏႈတ္ခမ္းေလးကိုအနမ္းေပးလိုက္သည္။ၿပီးေတာ့ အိပ္ထားလို႔ဖြာေနတဲ့ဆံပင္ေလးေတြကိုျပန္ျပင္ေပးလိုက္ၿပီး ကေလးရဲ႕ေဖြးဥေနတဲ့ပါး‌ေဖာင္းေဖာင္းေလးႏွစ္ဖက္ကိုပါ နမ္းလိုက္သည္။

"ဟုတ္ကဲ့"

ေလဆိပ္ေရာက္ေတာ့ Yoongiတစ္ဖက္ကကေလးရဲ႕လက္ကိုဆြဲထားၿပီးတစ္ဖက္ကခရီးေဆာင္အိတ္ကိုဆြဲလာကာလမ္းေလွ်ာက္ေနၾကသည္။

"ကိုကို"

"ဗ်ာ"

"ကေလး ႐ုပ္႐ွင္ကားေတြထဲက‌လို ခရီးေဆာင္အိတ္ကိုစီးခ်င္တယ္"

"ဟင္???"

"ဒီလိုေလ ကေလးကခရီးေဆာင္အိတ္ေပၚတက္မယ္ ကိုကိုကအိတ္ကိုဆြဲ ဟီးဟီး"

"ေကာင္းပါၿပီဗ်ာ လာ တက္"

Yoongiလည္း ကေလးကိုေပြ႕ခ်ီကာအိတ္ေပၚတင္ေပးလိုက္သည္။သူလည္းကေလးကိုယ္ေလးျပဳတ္က်မွာစိုးလို႔ ထိန္းရင္းအိတ္ကိုဆြဲေနသည္။လုပ္ခ်င္တာလုပ္ေနရတဲ့ကေလးကေတာ့ ေပ်ာ္လို႔႐ႊင္လို႔

"ဝူးးးးမိုက္တယ္ ကိုကို ေပ်ာ္စရာႀကီး"

"ကေလးေပ်ာ္ရင္ေက်နပ္ပါတယ္ဗ်ာ"

ေလဆိပ္မွာ ေပ်ာ္႐ႊင္‌ေနတဲ့ေကာင္ေလးႏွစ္ေယာက္ကိုေတြ႕ေနတဲ့လူေတြကလည္းအားက်မႈေပါင္းမ်ားစြာျဖင့္ၾကည့္ေနၾကသည္။ဒီေလာက္လိုက္ဖက္တဲ့အတြဲေလးကိုမျမင္ဖူးသည့္အတိုင္းၾကည့္ေနၾကတာ ျမင္ကြင္းမွေပ်ာက္သြားသည္အထိကိုကိုနဲ႔ကေလးကေတာ့ဘာကိုမွဂ႐ုမစိုက္ပဲႏွစ္ေယာက္တည္းၾကည္ႏူးေနၾကသည္။

လာႀကိဳတဲ့ကားနဲ႔လိုက္သြားၿပီး bookingခ်ိတ္ထားတဲ့Hotelဆီသို႔သြားၾကသည္။အခန္းထဲေရာက္ေတာ့ Jiminမွာကုတင္ေပၚ ဝုန္းခနဲေနေအာင္လွဲခ်လိုက္ေတာ့သည္။

"အာ.....ပင္ပန္းလိုက္တာ"

တစ္လမ္းလုံးအိပ္ၿပီးလိုက္လာတဲ့သူကပင္ပန္းလိုက္တာဆိုေတာ့ Yoongiေတြးၿပီးေခါင္းခါလိုက္သည္။

"ကေလး ျဖည္းျဖည္းလုပ္ပါကြာ နာသြားဦးမယ္"

"ဟီးဟီး လွဲခ်င္စိတ္မ်ားသြားလို႔ပါ ကိုကိုလည္းလာခဲ့"

လွဲေနရာကေနသူ႕ေဘးနားကိုလက္ျဖင့္ပုတ္ျပလိုက္သည္။Yoongiလည္းဝင္လွဲလိုက္ၿပီးကေလးကိုဖက္ထားလိုက္သည္။ကေလးကလည္းတင္းေနေအာင္ျပန္ဖက္လာသည္။

"ကေလး"

"........"

Yoongiဘာမွမေျပာပဲၿငိမ္ေနလိုက္တာ ကေလးကိုေခၚလိုက္ေတာ့ အသံတိတ္ေနသည္။ဖက္ထားရာကေန နည္းနည္းေလးခြာၾကည့္ေတာ့ သူ႕ရင္ခြင္ထဲမွာအိပ္ေပ်ာ္ေနၿပီဒီကေလး အိပ္လည္းအိပ္ႏိုင္တယ္  Yoongiတခ်က္ရယ္လိုက္ၿပီးေခါင္းခါကာ သူလည္းလိုက္အိပ္လိုက္ေတာ့သည္။ပင္ပန္းေနလို႔ ပုံမွန္လိုေတာင္ျပင္မအိပ္ႏိုင္ပဲ လွဲခ်လိုက္တဲ့အတိုင္းျဖစ္သလိုအိပ္ေပ်ာ္သြားသည္။

ေနာက္တစ္ေန႔မိုးလင္းေတာ့ ရင္ခြင္ထဲကေကာင္ေလးက လူးလြန္႔လာသည္။

"အင္းးးးဟင္းးး"

"ကေလး ႏိုးၿပီလား"

"ဟင့္ ဟုတ္"

"ကဲ ထ မ်က္ႏွာသစ္ breakfastသြားစားၾကမယ္ ေလွ်ာက္လည္ၾကမယ္ေလ"

Yoongiေျပာၿပီးထလိုက္သည္။အိပ္ခ်င္မူးတူးျဖစ္ေနတဲ့Jiminကေတာ့ ပက္လက္ပဲ႐ွိေသးသည္။

"ကိုကို ခ်ီ"

Jiminကလွဲလ်က္သားနဲ႔ လက္ႏွစ္ဖက္ကိုေျမႇာက္ျပလိုက္သည္ Yoongiလည္းကေလးစိတ္တိုင္းက် ေျမႇာက္ျပတဲ့လက္ႏွစ္ဖက္ကိုဆြဲလိုက္ေတာ့လည္ပင္းကိုဖက္လာသည္။ၿပီးေတာ့ ကေလးရဲ႕ေျခေထာက္ေလးႏွစ္ဖက္ကိုခါးမွာခ်ိတ္ေစၿပီး ေရခ်ိဳးခန္းထဲေခၚသြားေတာ့သည္။ေရခ်ိဳးခန္းကိုေရာက္ေတာ့ ကေလးကိုေဘစင္ေပၚတင္ေပးလိုက္ၿပီးသြားတိုက္‌ေဆးေတြျပင္ၿပီး ႏွစ္ေယာက္သားသြားတိုက္ၾကသည္။

"အာဝါး မြ မြ"

Jiminကသြားတိုက္ေနရင္းပါးကိုလာနမ္းေတာ့ Yoongiပါးတြင္သြားတိုက္ေဆးေတြေပသြားသည္။Yoongiမွာလန္႔ကာ

"ဟာ ကေလး ကိုကို႔ကိုေပကုန္ၿပီေလ"

"ဟီးဟီး ေပေအာင္နမ္းတာ blah blah!"

"ကေလးစုတ္ေလး ေတြ႕မယ္"

Yoongi လက္ထဲကသြားပြတ္တံကိုခ်လိုက္ၿပီး လက္ႏွစ္ဖက္ျဖင့္ ကေလးပါးေလးကိုအုပ္ကိုင္လိုက္ေတာ့သည္။ပါးႏွစ္ဖက္ကိုညႇစ္လိုက္ေတာ့ ႏႈတ္ခမ္းေလးကေထာ္လာသည္။Yoongiလည္းကေလးကိုစခ်င္တာနဲ႔ ကေလးရဲ႕ပါးေတြကို သြားတိုက္ေဆးေတြေပေနတဲ့သူ႕ႏႈတ္ခမ္းနဲ႔လိုက္နမ္းေနလိုက္သည္။

"ကိုကို!! မလုပ္နဲ႔ ကေလးကိုေပကုန္ၿပီ ကိုကို ဟာ ေပကုန္ၿပီလို႔ ဟားဟား ရပ္ေတာ့ဆို"

"ကေလးအရင္စတာေလ ကိုကိုလည္းျပန္စမယ္ ေရာ့ကြာ"

"အားးကိုကို မလုပ္နဲ႔လို႔ ဟားဟား ေတာ္ပီလို႔ ယားတယ္ ကိုကိုရဲ႕ ကေလးမွားသြားပါတယ္ ကိုကို႔ကိုေနာက္မစေတာ့ပါဘူး ဟားဟား ကိုကိုေတာ္ေတာ့လို႔ ကိုကို ဟားဟားဟား"

Yoongiလည္းကေလးေမာေနမွာစိုးလို႔ရပ္ေပးလိုက္သည္။ကေလးရဲ႕ႏွဖူးေလးကိုလက္ညိဳး‌ေလးနဲ႔တခ်က္ေတာက္ၿပီး

"ဟားဟားဟား ကေလးမ်က္ႏွာမွာေပကုန္ၿပီ ဟားဟား"

Yoongiေအာ္ရယ္ေနလိုက္သည္။ကေလးကေတာ့သူ႕ကိုမ်က္ေစာင္းစူးစူးႀကီးေတြထိုးေနၿပီး ႏႈတ္ခမ္းႀကီးစူထားေတာ့သည္။

"ကိုကိုေနာ္!! ဟြန္႔"

"ဟားဟား မ်က္ႏွာသစ္ၾကမယ္"

Yoongi လက္ကိုေရစြပ္ၿပီးကေလးကိုမ်က္ႏွာသစ္ေပးရန္ျပင္လိုက္သည္။

"မသစ္ဘူး"

မသစ္ဘူးဆိုၿပီး ေဘစင္ေပၚကေနခုန္ဆင္းကာ ပလုတ္က်င္းေနသည္။

"ကိုကိုမ်က္ႏွာသစ္ေပးမယ္ေလ"

"မသစ္ေပးနဲ႔ ကိုယ့္ဘာသာကိုယ္သစ္မယ္"

"ကိုကိုသစ္ေပးခ်င္လို႔ေလ"

"မသစ္ေပးနဲ႔ ဖယ္! မ်က္ႏွာသစ္မလို႔"

Yoongiကိုတြန္းထုတ္ေနတာေၾကာင့္ သိလိုက္ၿပီ ကေလးေပါက္ေကာက္သြားၿပီ...Yoongiရယ္ခ်င္စိတ္ကိုထိန္းကာကေလးေပါက္မ်က္ႏွာသစ္ေနတာကိုေစာင့္ၿပီး ၿပီးသြားမွသူသစ္လိုက္ေတာ့သည္။

ေရခ်ိဳးခန္းထဲကေန ေကာ့ပတ္ေကာ့ပတ္နဲ႔ထြက္သြားသည္။ Yoongiလည္းမႏိုင္ဘူးဆိုတဲ့ပုံနဲ႔ ေခါင္းသာခါလိုက္မိသည္။

အက်ႌေတြဘာ‌ေတြလဲၿပီးBreakfastစားဖို႔ထြက္လာၾကသည္။Yoongiလည္းကေလးရဲ႕လက္ကေလးကိုဆြဲကိုင္ကာအတူတူလမ္းေလွ်ာက္ၾကသည္။ကေလးကမ႐ုန္းေပမဲ့ စိတ္ဆိုးမေျပေသးဘူးဆိုတဲ့ပုံနဲ႔မ်က္ႏွာကိုလႊဲထားသည္။မ်က္ႏွာေလးကသာစူပုတ္ေနတာ ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတဲ့ကေလးေလး

Yoongiကေတာ့ေဘးကကေလးကိုအသည္းေတြယားကာၾကည့္ေနလိုက္သည္။သူၾကည့္ေနတာကိုသိေတာ့ လွည့္ၾကည့္ေပမဲ့ မ်က္ေစာင္းေလးထိုးကာ ျပန္လွည့္သြားျပန္သည္။

Breakfastစားသည့္ေနရာေရာက္ေတာ့ ကေလးကမုန္႔ကိုသာအားရပါးရစားေနသည္။Yoongiကိုလည္းစကားမေျပာ စိတ္ေကာက္‌ေနတဲ့ခင္ပြန္းေလးေၾကာင့္နည္းနည္းေတာ့ေနရခက္ေပမဲ့ လႊတ္ေပးထားလိုက္သည္။ဒါေပမဲ့ ေပ်ာ္‌စရာေကာင္းေအာင္ခရီးထြက္လာတာေလ ဒီလိုႀကီးက်ေတာ့မဟုတ္ေသးဘူးထင္တယ္ ကေလးသူ႕ကိုစကားျပန္ေျပာေအာင္ဘယ္လိုလုပ္ရမလဲ....

အခုသူတို႔မနက္စာစားၿပီးရင္ ေလွ်ာက္လည္ၾကမွာေလ ဒီလိုျဖစ္ေနရင္သိပ္ေတာ့အဆင္မေျပဘူး Yoongiခ်က္ခ်င္းအၾကံရသြားသလိုတန္းျပဳံးမိသြားသည္။

"ကေလး"

"........"

"ကိုကိုတို႔ေလွ်ာက္မလည္ၾကရင္ေကာင္းမယ္ထင္တယ္"

Yoongiေျပာလိုက္ေတာ့ ကေလးက စားေနရာကေနရပ္သြားသည္။သူ႕ကိုေတာ့ၾကည့္မလာေသး

"အခု ကေလးကစိတ္မၾကည္ေတာ့ ေလွ်ာက္လည္ရင္အခ်ိန္ေတြကုန္သြားတာပဲအဖတ္တင္မယ္ ေပ်ာ္မွမေပ်ာ္ရတာ"

ထိုသို႔ေျပာလိုက္ေတာ့ ကေလးကသူ႕ကိုျပန္ၾကည့္လာသည္။သူ႕အၾကံေအာင္ျမင္ခါနီးၿပီကေလးရဲ႕အေျခအေနကိုၾကည့္ကာဆက္ေျပာလိုက္သည္။

"ကိုကိုတို႔အခန္းျပန္ၾကရေအာင္ ဒီေန႔ေလွ်ာက္မလည္ေတာ့ဘူးေနာ္"

Yoongiထိုင္ခုံကေနထရပ္လိုက္ေတာ့ ခ်က္ခ်င္းသူ႕လက္ကိုလာဆြဲတဲ့ကေလးYoongiတဖက္လွည့္ကာ ရယ္လိုက္ၿပီး ႐ုပ္ကိုျပန္တည္လိုက္ကာ ကေလးကိုၾကည့္လိုက္သည္။

"ကေလး ျပန္ၾကမယ္ေလ"

"ကို ကိုကို မျပန္ပါနဲ႔"

"ဟင္"

"မျပန္နဲ႔ ကေလးတို႔ေလွ်ာက္လည္ၾကမယ္ေလ"

"ကေလးမွစိတ္မၾကည္ေသးတာ အဆင္ေျပလို႔လား"

"ကေလးစိတ္ၾကည္ပါတယ္ အဆင္လည္းေျပ ေျပပါတယ္ သြားၾကမယ္ ကေလးကိုလိုက္ပို႔ ေနာ္ ကိုကိုေနာ္ ကေလးသြားခ်င္လို႔ပါ"

Yoongiလက္ကိုကိုင္ကာ ပူဆာေနေသာ ကေလးငယ္ကိုၾကည့္ရင္း အသည္းယားလာသည္။ကေလးကအဲ့လို လုပ္ခ်င္တာမလုပ္ရရင္ အတင္းပူဆာသလားမေမးနဲ႔ အခုကေလးစိတ္ေကာက္ေနတယ္ဆိုတာေတာင္သတိရေသးရဲ႕လား အျပင္မထြက္ရမွာစိုးလို႔အသနားခံတဲ့မ်က္လုံးေလးေတြနဲ႔ခြၽဲေနတာ

"အင္းပါ ဟုတ္ပါၿပီ သြားၾကမယ္"

"ေရးးးးဟီးဟီး အာ့ေၾကာင့္ကိုကို႔ကိုခ်စ္တာ"

ကေလးေပါက္ကခုနကသူမဟုတ္တဲ့အတိုင္း Yoongiကိုခ်စ္တယ္ပါေျပာေနေသးတယ္

"ကိုကိုကပိုခ်စ္တယ္ သြားၾကမယ္လာ"

"Go Go!!!"

Yoongiလက္ကိုအတင္းဆြဲဖက္ကာ ေပ်ာ္ေနတဲ့မ်က္ႏွာနဲ႔ Hotelအျပင္သို႔ေျပးထြက္လာေသာ JiminYoongiမွာကေလးေပါက္ေၾကာင့္သေဘာေတြက်ကာ မ်က္ႏွာပိုးမသတ္ႏိုင္ သြားႀကီးၿဖီးလို႔ေနသည္..................။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

There are no comments yet. Log in to be the first to leave a review!

Similar stories