Fanfics
Part - 13
19:40, 12 September 2021
𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓
Yoongi မူမမှန်တဲ့ကလေးငယ်ကိုကြည့်ရင်းစိုးရိမ်စိတ်တွေမြင့်တက်လာသည်။ဖြူဖွေးနေတဲ့မျက်နှာလေးကချက်ချင်း နီရဲလာပြီးမျက်ရည်တွေဝိုင်းကာ သူ့ကိုအားကိုးတကြီးကြည့်နေတာ ဘာတွေဖြစ်နေတာလဲ ကလေးငယ်......
ထိုအချိန်မှာပဲ ကလေးက သူ့ရင်ဘတ်ကိုသည်းထန်စွာဖိရင်း လဲကျသွားတာကို မြင်လိုက်ရပေသည်။လက်ထဲကပန်းစည်းမှာလည်းမြေပြင်ပေါ်သို့ကျလျက်.....
"ကလေးငယ်!!!"
"သားလေး!!"
"Ji Ji!!"
"Jimin!!!"
Yoongiစိတ်ပူကာ ကလေးကိုခေါ်ရင်းအနားဆီပြေးသွားလိုက်မိသည်။နှစ်ဖက်လူကြီးတွေလည်းစိုးရိမ်စွာအနားရောက်လာကြသည်။Yoongiကတော့ လဲကျနေတဲ့ကလေးငယ်ကိုရင်ခွင်ထဲပွေ့ထားမိသည်။
"ကလေးငယ် ထပါဦး ဟေ့ ကလေးလေး ကိုကိုခေါ်နေတယ်လေ"
"သားလေး ထပါဦး"
ပွဲကိုလာတဲ့ဧည့်သည်တွေလည်း လန့်ကုန်ပြီး အသံများကျွတ်စီကျွတ်စီထွက်လာကြသည်။
"ခန ကျွန်တော်ကြည့်ပေးမယ်"
Seokjinလည်းJiminနားသို့ရောက်လာပြီး စမ်းသပ်ကြည့်ပေမဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့်အရမ်းလန့်သွားရသည်။
"ဟာ!! ဒါ ဒါ"
"ကလေး ဘာဖြစ်တာလဲ!!"
"မြန်မြန် Yoongi Jiminကိုခေါ်ခဲ့ ဆေးရုံပို့ရမယ်"
Seokjinလည်း ဆေးရုံတင်ရမှာမို့ YoongiကိုJiminခေါ်ခဲ့ခိုင်းလိုက်ပြီး သူကကားမောင်းရတော့သည်။မိဘတွေလည်း seokjinကားနောက်သို့လိုက်ကာ ဆေးရုံသွားရတော့သည်။အမှတ်မထင်ဖြစ်သွားတဲ့ကိစ္စကြောင့် မင်္ဂလာပွဲလည်းပျက်သွားခဲ့ရပြီ။ဒါ့ကြောင့် Yoongiရဲ့အတွင်း‌ရေးမှူးကနေ ဧည့်သည်တွေကိုပြောလိုက်ရသည်။
"သတို့သား နေမကောင်းဖြစ်သွားလို့ ပွဲကိုဆက်မလုပ်ဖြစ်တော့ပါဘူး ကြွရောက်လာတဲ့လူကြီးမင်းတို့ကို သတို့သားနှစ်ယောက်နဲ့နှစ်ဖက်မိဘတွေကိုယ်စား ကျွန်တော်ကပဲတောင်းပန်ပါတယ် ပြန်လို့ရပါပြီခဗျ"
ပြောပြီးတာနဲ့ အတွင်းရေးမှူးလည်း Bossနောက်ပြေးလိုက်ရပြီး ဧည့်သည်တွေလည်းကိုယ်စီပြန်သွားကြသည်။
ဆေးရုံရောက်တော့>>>>>
Yoongiကလေးငယ်ကိုချီထားရင်း seokjinနောက်လိုက်ရတော့သည်။ဆေးရုံက ဆရာဝန်နဲ့သူနာပြုတွေက seokjinကိုမြင်တာနဲ့ အပြေးလာသည်။
"လူနာပါတယ် !! ချက်ချင်းICUကိုပို့ရမယ် မြန်မြန်လုပ်ကြ!!!!"
Seokjinအလုပ်လုပ်တဲ့ဆေးရုံမို့ ဆရာဝန်တွေကသူ့ကိုသိနေကြသည်။‌လေးစားရတဲ့စီနီယာတစ်ယောက်ဖြစ်တာမို့ ဂျူနီယာတွေကလည်းချစ်ကြောက်ရိုသေကြသည်။သူနာပြုတွေလည်းSeokjinပြောလိုက်တာနဲ့ Jiminကိုကုတင်ပေါ်တင်ကာ ICUအခန်းသို့ပို့ရတော့သည်။Seokjinလည်းဂျူတီကုတ်တောင်မဝတ်နိုင်ပဲ ချက်ချင်းပြေးလိုက်ရတော့သည်။
Yoongiမှာလည်းICUအခန်းထဲရောက်သွားတဲ့ချစ်ရသူကိုကြည့်ကာ စိုးရိမ်စိတ်ဒီဂရီတွေမြင့်တက်လာသည်။ခနကြာတော့ မိဘတွေရောက်လာပေမဲ့ အဘိုးနဲ့အဘွားတွေတော့ ပါမလာကြ။တခုခုဖြစ်သွားမှာစိုးလို့  အိမ်မှာပဲစောင့်နေခိုင်းလိုက်သည်။
"Yoongi JiJiလေးရော"
"အရေးပေါ်ခန်းရောက်သွားပါပြီ"
Yoongiမှာလည်း ငိုချင်နေတာကြောင့်မျက်လုံးတွေနီရဲနေသည်။မျက်ရည်မကျအောင်ထိန်းရင်းပြန်ဖြေလိုက်တော့ လူကြီးတွေလည်းကလေးကိုစိတ်ပူသွားကြသည်။
"အဟင့် မေ့သားလေးရယ်!!"
Jiminအမေကငိုချလာတာကြောင့်Jiminအဖေမှာလည်းစိတ်ပူနေတဲ့ကြားက နှစ်သိမ့်ပေးနေရသည်။Yoongiရဲ့အဖေနဲ့အမေလည်း Jiminလေးကိုသနားလွန်းလို့ မျက်ရည်တွေဝဲလာကြသည်။
"ကလေးရယ် ဘာလို့မပြောတာလဲ ကိုကိုအတန်တန်မှာထားရဲ့သားနဲ့ကွာ ပြောတော့အဆင်ပြေပါတယ်ဆို ရွှတ်!!"
Yoongiလည်းမျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားကာ ပြောရင်းအသံတိတ်ရှိုက်ငိုနေမိသည်။
ဒုဥက္ကဌမင်တို့လင်မယားလည်းသူတို့သားဖြစ်သူကိုကြည့်ကာ ဝမ်းနည်းရပြန်သည်။သူတို့သားလေးကJiminလေးကိုဘယ်လောက်ချစ်လဲ Yoongiကဘာတွေပဲဖြစ်နေပါစေ မျက်ရည်ကျတဲ့သူမဟုတ် ငယ်ငယ်ထဲကစိတ်ဓာတ်ခိုင်မာတဲ့သားက အခုတော့ တခါမှမကျဖူးတဲ့မျက်ရည်တွေကျလို့နေပြီ။
"သား သိပ်စိတ်မပူပါနဲ့ Jiminလေး အဆင်ပြေသွားမှာပါ"
Yoongiရဲ့အဖေနဲ့အမေကအနားကိုလာရင်း နှစ်သိမ့်ပေးနေသည်။
"အဟင့်..ဒါ ဒါမဲ့ ကျွန်တော်သူ့ကိုဆုံးရှုံးရမှာကြောက်တယ် အဖေ ကျွန်တော့်ဘဝမှာက‌လေးမရှိလို့မဖြစ်ဘူးအဖေရဲ့ ကျွန်တော့်မှာကလေးမရှိလို့မဖြစ်ဘူး အဟင့်..ရွှတ်"
"သားရယ်"
"အမေ ကလေးမရှိရင်ကျွန်တော်သေသွားလိမ့်မယ် ကျွန်တော်မနေနိုင်ဘူး!! ကျွန်တော် သေမှာ ကျွန်တော်သေမှာ မဖြစ်ဘူး ကလေးမရှိလို့မဖြစ်ဘူး ကလေး မြန်မြန်ပြန်နိုးလာခဲ့ပါကွာ ကလေးရေ ကိုကို ကိုကို ဟာကွာ!! ဒါငါ့ကြောင့် ငါမကောင်းလို့ ငါ့ကြောင့်ကလေးဒီလိုဖြစ်ရတာ ငါကမကောင်းတဲ့သူပဲ ငါကမကောင်းတဲ့သူ ဟာကွာ!!!"
Yoongiကစိတ်လွတ်‌နေတဲ့လူတစ်ယောက်လိုအော်ဟစ်နေကာ ကိုယ့်ခေါင်းကိုယ်ထုရိုက်နေသည်။
သူ့စိတ်ထဲကလေးကသာလွှမ်းမိုးနေသည်။ကလေးတစ်ခုခုဖြစ်သွားရင် သူ့ကိုယ်သူလည်းခွင့်လွှတ်နိုင်မှာမဟုတ်ဘူး သူသာသေချာဖျောင်းဖျပြီးမေးရင် ကလေးကပြောရင်ပြောခဲ့မှာ အခုတော့သူကလေးကိုပစ်ထားမိသလိုဖြစ်သွားခဲ့သည်။
Yoongiအမေလည်း ဖြစ်နေတဲ့သူ့သားပုံကိုကြည့်ကာ ငိုမိသည်။Yoongiကိုဖက်ကာနှစ်သိမ့်ပေးရပြန်သည်။
"စိတ်ထိန်းပါသားလေးရယ် JiJiလေးကိုစိတ်မပူပါနဲ့ JiJiလေးပြန်နိုးလာမှာ သားလေးစိတ်လျှော့ သားဒိလိုဖြစ်နေတာကိုJiJiလေးသာမြင်ရင် သားကိုစိတ်ဆိုးမှာပေါ့ သားကပြုံးနေလေ JiJiလေးကသားပြုံးနေမှကြိုက်တာဆို"
အမေပြောလိုက်တော့မှYoongiငြိမ်ကျသွားတော့သည်။ကလေးပြောဖူးသည် သူ့ကိုပျော်နေတာပဲမြင်ချင်တာတဲ့ ကလေးကသူပျော်မှကြိုက်တာဆို သူငို‌လို့မဖြစ်ဘူး မဟုတ်ရင် ကလေးစိတ်ဆိုးသွားဦးမယ်....
Yoongiလည်း မျက်ရည်တွေသုတ်ကာ ICUအခန်းတံခါးကိုသာမျှော်လင့်တကြီးကြည့်နေလိုက်သည်............။
ခနကြာတော့ တံခါးပွင့်လာပြီး seokjinထွက်လာသည်။Yoongiလည်းSeokjinကိုမြင်တာနဲ့ အခြေအနေမေးရတော့သည်။
"Seokjin ငါ့ကလေး ဘယ်လိုနေသေးလဲ အဆင်ပြေရဲ့လား ဘာမှမဖြစ်ဘူးမှတ်လား"
စိုးရိမ်စိတ်တွေများပြီး Yoongiအသံတွေ‌တောင်တုန်နေသည်။
"ဟူး~~~~~~"
Seokjinရဲ့သက်ပြင်းချသံကြောင့်Yoongiလန့်နေမိသည်။လူကြီးတွေကလည်း Jiminရဲ့အခြေအနေကိုသိချင်နေကြသည်။
"Yoongi ဒီရက်တွေထဲ Jimin ရင်ဘတ်အောင့်တာတို့ နေမကောင်းချင်ဖြစ်နေတာတို့ကို မြင်မိလား"
"မမြင်မိဘူး"
"Jiminကတကယ်တော့ သူခနခနရင်ဘတ်အောင့်တာကိုခံနေရတာတော်တော်ကြာနေလောက်ပြီ ကျွန်တော်မေးတိုင်းလည်းဘာမှမဖြစ်ဘူးပြောနေတာကြောင့် ခနလွှတ်ထားပေးလိုက်တာ"
"နေဦး"
Seokjinပြောနေတုန်း Yoongiကတားလိုက်သည်။
"ငါ ငါတို့ဝတ်စုံသွားရွေးတဲ့နေ့က ကလေးကတစ်နေကုန်မျက်နှာမလန်းဘူး ခနခနလည်းရင်ဘတ်ကိုဖိနေလို့ မေးကြည့်တော့လည်းအဆင်ပြေတယ်လို့ပဲပြောတယ် အဲ့နေ့တည်းနဲ့တင် ကလေးရင်ဘတ်ကိုဖိဖိနေတာ သုံးလေးခါလောက်ရှိတယ်"
"အင်း ဒါကိုJiminကမပြောတာပဲ Jiminကနှလုံးရောဂါသည်ဆိုတော့ရင်ဘတ်အောင့်တာကတော့ရှိတတ်တယ် ဒါမဲ့ ဒီလိုအခြေအနေဖြစ်လာရင်တော့ အသက်အန္တရယ်စိုးရိမ်ရတယ်"
"အခု အခုရော ဘယ်လိုနေသေးလဲ"
"ပြောရမှာတော့ စိတ်မကောင်းပေမဲ့ သူ့နှလုံးကသိပ်ခံနိုင်ရည်မရှိတော့ဘူး Jiminအနည်းဆုံး၂လ အများဆုံး၅လလောက်ပဲခံလိမ့်မယ် နှလုံးအစားထိုးခွဲစိတ်မှုလုပ်လိုက်ရင်တော့ ပြန်ကောင်းလာဖို့သေချာသလောက်ရှိပါတယ်"
"ဘာ!!"
"ငါ့သားလေး...သားရယ် ဖြစ်မှဖြစ်ရလေ"
Jiminအမေကနဂိုတည်းကဝမ်းနည်းနေကာမှအခုJiminအကြောင်းလဲကြားရော မတ်တတ်တောင်ကောင်းကောင်းမရပ်နိုင်တော့ Jiminအဖေထိန်းထားပေးလို့သာပေါ့
"အဲ့ဒါကြောင့် နှလုံးအလှူရှင်ရှာမှဖြစ်ပါလိမ့်မယ် ကျွန်တော်လည်းJiminအတွက်အရင်တည်းကစုံစမ်းနေပေမဲ့ အခုထိလည်းစုံစမ်းလို့မရဘူးဗျာ နှလုံးအလှူရှင်အမြန်ဆုံးရှာတွေ့မှဖြစ်မယ် မဟုတ်ရင်Jimin"
"ကလေးကိုအဲ့လိုအဖြစ်မခံနိုင်ဘူး ပိုက်ဆံဘယ်လောက်ကုန်ကုန် ကလေးအတွက်အလှူရှင်ပေါ်လာမှဖြစ်မယ် မရရအောင်မြေလှန်ရှာမယ်ကွာ"
Yoongiမှာပြောပြီးပြီးချင်း သူ့အတွင်းရေးမှူးကိုဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြလိုက်သည်။
"ငါ ကလေးကိုတွေ့လို့ရလား ငါကလေးနဲ့တွေ့ချင်တယ်"
"ရပါတယ် အခြေအနေကိုထိန်းလိုက်နိုင်လို့VIPခန်းကိုရွှေ့ခိုင်းထားတယ်"
ခနကြာတော့လူကြီးတွေကိုခေါ်ကာ Yoongiလည်းကလေးငယ်ရှိရာသို့လာလိုက်သည်။အခန်းထဲရောက်တော့ သူချစ်ရတဲ့က‌လေးငယ်ကကုတင်ပေါ်မှာဖြူဖျော့စွာလဲလျောင်းနေသည်။ လက်မှာလည်းဆေးပိုက်တွေအများကြီးနှင့် အောက်ဆီဂျင်မျက်နှာဖုံးကိုလည်းတပ်ထားသေးသည်။
Yoongiလည်း သူရှေ့ကကလေးငယ်ကိုကြည့်ကာသနားမိသလို ဝမ်းလည်းဝမ်းနည်းမိသည်။အဖေနဲ့အမေတို့ကလည်း မကြည့်ရက်တာကြောင့်အခန်းပြင်ထွက်ကာ ငိုနေတဲ့Jiminမေမေကိုသာဝိုင်းနှစ်သိမ့်ပေးနေကြသည်။
Yoongiဖြည်းဖြည်းချင်း Jiminနားသွားလိုက်သည်။ထို့နောက် ဆေးအပ်တွေများစွာနေရာယူထားတဲ့လက်ဖမိုးလေးအားကိုင်ကာ အနမ်းပေးလိုက်မိသည်။ပြီးတော့ ထိုလက်ကလေးကိုပဲဆုပ်ကိုင်ထားရင်းပြောလိုက်သည်။
"ကလေးရေ ကလေးကိုကို့ကိုဘာလို့မပြောရတာလဲ ကိုကိုဘာမေးမေး အဆင်ပြေပါတယ်ဆို စိတ်မပူနဲ့ဆို အခုကလေးပုံကအရမ်းအဆင်ပြေနေတာလား"
"........."
"ကိုကိုကလိမ်တာကိုအမုန်းဆုံးဆိုတာသိရဲ့သားနဲ့ ကလေးကိုကို့ကိုလိမ်တယ် ကိုကိုအရမ်းစိတ်ဆိုးတယ်"
"........."
"ပြောတော့ ကိုကိုနဲ့လက်ထပ်ပြီးရင် လျှောက်သွားကြမယ်ဆို ကိုကို့ကိုလည်းမထားခဲ့ပါဘူးဆို အခု ဘာလို့ ဘာလို့ ဒီလိုလဲသွားရတာလဲ ကိုကိုတို့မင်္ဂလာပွဲတောင်မပြီးသေးဘူးလေ"
"........."
"ကလေးပဲ ကိုကိုနဲ့အရမ်းလက်ထပ်ချင်တာဆို ဘာလို့လဲ ကလေးကစိတ်ပြောင်းသွားတာလား ကိုကိုနဲ့လက်မထပ်ချင်တော့လို့ ရှောင်ထွက်သွားတာလား"
".........."
"ကလေး အရမ်းဆိုးတယ် ကိုကို့ကိုပစ်ထားတယ် ကလေးလုံးဝကိုမလိမ္မာဘူး ကလေးပြောတော့ကိုကိုကလူဆိုးကြီးဆို အခုကလေးကိုယ်တိုင်ကလူဆိုးလေးဖြစ်နေပြီကလေးရဲ့ သိရဲ့လား"
"..........."
Yoongi ကလေးကိုဆူနေပေမဲ့ ထိုကလေးပေါက်ကတော့ ဘာမှပြန်မပြော အိပ်မြဲအိပ်နေသည်။ကလေးရဲ့ဆံပင်လေးတွေကိုလက်ဖဝါးလေးနှင့်သပ်ပေးရင်း ငိုနေမိသည်။
အခန်းဝက မိဘတွေကလည်း Yoongiကိုကြည့်ရင်းသက်ပြင်းသာချနိုင်တော့သည်။အရမ်းချစ်ကြတဲ့ကလေးနှစ်ယောက်ကိုမှကံကြမ္မာကလုပ်ရက်သည်။ရက်စက်လိုက်တာ ကံကြမ္မာရယ်~~~~~~
တဖက်အိမ်က ဥက္ကဌကြီးMinနဲ့ဥက္ကဌကြီးParkကလည်း Jiminသတင်းကြားပြီး လန့်သွားကြသေးသည်။နောက်တော့ နှလုံးအလှူရှင်လိုတယ်လည်းဆိုရော သူတို့မှာရှိသမျှလူအင်အားရောငွေအင်အားနဲ့ပါ စုံစမ်းပေးနေကြသည်။
ဆေးရုံကYoongiကလည်းJiminနားကမခွာ...‌ဆရာဝန်တွေroundလှည့်တဲ့တချိန်ပဲအခန်းပြင်ထွက်ပြီး ကျန်တဲ့အချိန်တွေမှာJiminအနားမှာပဲကပ်လို့နေသည်။လူကြီးတွေကတလှည့်စီ လာစောင့်ပေးကြပြီး Yoongiကိုပါစောင့်ကြည့်နေရသည်။ဒီကလေးတနေကုန်JiJiလေးနားမှာပဲနေပြီးမစားမသောက်ပဲလုပ်နေလို့ချော့ကျွေးနေရသည်။
"Yoongi တခုခုစားလိုက်ပါ သား ဘာမှမစားလို့ လဲကျသွားရင်ဘယ်လိုလုပ်မလဲ အဲ့ကျရင်JiJiလေးကိုဘယ်သူဂရုစိုက်ပေးမှာလဲ သားနေကောင်းနေမှJiJiကိုဂရုစိုက်ပေးလို့ရမှာပေါ့ စားနော် သားလေး"
"ဟုတ် စားပါ့မယ်"
"အင်း အမေJiminလေးကိုကြည့်ပေးထားမယ် သွားစားလိုက်"
"ဟုတ်ကဲ့"
Yoongiခမျာလည်းJiminဒီလိုဖြစ်တဲ့နေ့ကစလို့ စားမဝင်အိပ်မပျော် ဘာမှလုပ်ချင်စိတ်လည်းမရှိ မိဘတွေချော့ပြောနေလို့သာ ထမင်းစားရေသောက်လုပ်နေရတာ။သူလဲကျသွားရင်ကလေးစိတ်မကောင်းဖြစ်မှာကျိန်းသေတယ်.....
Yoongiလည်းထမင်းစားရန်အပြင်ထွက်သွားတော့အခန်းထဲမှာYoongiအမေနဲ့အဖေကျန်ခဲ့သည်။
"Jiminလေးရေ သားမြန်မြန်နေကောင်းလာတော့နော် သားကိုကိုစောင့်နေတယ် သားကိုကို့ကိုမသနားဘူးလား Yoongiကနေ့တိုင်းသားနားမှာမှိုင်တွေတွေနဲ့ ထိုင်နေတာ စကားလည်းနားမထောင်ဘူး သားနိုးလာပြီးသားကိုကို ကိုဆူတော့ ကြားလား Jiminလေး"
Yoongiအမေက Jiminကိုယ်ပေါ်ကစောင်လေးကိုသေချာလေးပြန်ခြုံပေးပြီးခေါင်းလေးကိုသပ်ပေးလိုက်သည်။သူမဒီကလေးကိုအရမ်းချစ်သည် အနားမှာရှိတဲ့သူတွေကိုလည်းအမြဲပျော်အောင်လုပ်ပေးသည်။ကြာတော့လည်းသံယောဇဉ်တွယ်မိသွားပြီး လက်မလွှတ်ပေးနိုင်ပါ။သူမတောင်ဒီလောက်ဖြစ်နေတာ မိဘတွေဖြစ်တဲ့ဒုဥက္ကဌနဲ့အစ်မတို့ဆိုဘယ်လောက်တောင်ခံစားလိုက်ရမလဲ။
Yoongiအခန်းထဲပြန်ဝင်လာတော့အဖေနဲ့အမေလည်း အခန်းပြင်ထွက်ပေးကြသည်။Jiminမြန်မြန်နေကောင်းမှပဲYoongiလည်းပုံမှန်လိုပြန်ဖြစ်လာနိုင်တော့မည်.....>>>>>>>>>>>>>>>>>>>>>>>>>>>>>
Jiminသတိမေ့နေတာ ၁လပြည့်တော့မည်...အလှူရှင်ကလည်းအခုချိန်ထိရှာမတွေ့... ဒီကြားထဲနှလုံးထထဖောက်လို့ Yoongiမှာပိုစိတ်ပူနေရသည်...ဆရာဝန်ကလည်းပြောတယ် နှလုံးအလှူရှင်မြန်မြန်တွေ့မှာဖြစ်မည်တဲ့ မဟုတ်ရင်ဒီတစ်ခေါက်နှလုံးထပ်ဖောက်လို့ကတော့ လက်လွှတ်ရတဲ့အထိဖြစ်သွားနိုင်သည်တဲ့.....
"ကလေးကို ကိုကိုစကားတွေအများကြီးပြောမယ်နော် ကလေးပြန်မပြောချင်လည်းရတယ် ကိုကိုပဲပြောမယ် ကလေးကနားထောင်ပေး ဟုတ်ပြီနော်"
"........."
"ကလေးကို ကိုကိုပုံပြင်တစ်ပုဒ်ပြောပြမယ်"
"........."
"ဟိုးရှေးရှေးတုန်းက ကောင်လေးနဲ့ကောင်မလေးကသူငယ်ချင်းတွေတဲ့ သူတို့ကငယ်ငယ်တည်းကခင်မင်လာကြတော့တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ သူတို့တွေအရွယ်ရောက်လာတဲ့အခါကျတော့ ကောင်လေးကကောင်မလေးကို ငါနင့်ကိုချစ်တယ်တဲ့ ငယ်ငယ်လေးထဲကနင့်ကိုချစ်လာခဲ့တာပါတဲ့ ငါ့အချစ်ကိုလက်ခံပေးပါဆိုပြီးပြောလိုက်တော့ ကောင်မလေးကလည်းချစ်ပေမဲ့လက်မခံဘူးတဲ့ ကောင်လေးကဘာလို့လဲလို့မေးတော့ ငါကနင်နဲ့မတန်ဘူးတဲ့ ငါ့ထက်သာတဲ့မိန်းကလေးကိုပဲရွေးချယ်ပါဆိုပြီးရင်နာနာနဲ့ပြောခဲ့တယ် အဲ့နောက်ပိုင်းကောင်မလေးကကောင်လေးကိုအဆက်အသွယ်ဖြတ်သွားပြီး အဝေးဆုံးတစ်နေရာကိုထွက်သွားခဲ့တယ်တဲ့"
".........."
"ကလေးလည်းကိုကို့ကို ပုံပြင်ထဲကလိုထားမသွားရဘူးနော် ဘယ်ကိုမှလည်းထွက်မသွားရဘူး ကိုကို့နားမှာပဲနေ ကြားလား ကလေး"
'တီ တီ တီ တီ တီ!!!!'
"က ကလေးငယ်!!"
ရုတ်တရက် စက်မှအသံတွေအဆက်မပြတ်မြည်လာကာJiminကိုယ်ကပါတုန်နေတာကြောင့်Yoongiလန့်သွားပြီး ဆရာဝန်ခေါ်ရတော့သည်။ချက်ချင်းတာဝန်ကျဆရာဝန်နဲ့သူနာပြုတွေရောက်လာပြီးJiminကိုစမ်းသပ်တော့သည်။Yoongiမှာလည်းလူနာရှင်အပြင်ထွက်ပေးပါဆိုလို့ အခန်းပြင်ထွက်လာရသည်။
"လျှပ်စစ်ရှော့ခ်ရိုက်ဖို့ပြင်!!"
ဆရာဝန်ကပြောလိုက်တော့သူနာပြုတွေမှာလည်းအဆင်သင့်ပြင်ပေးရသည်။
"1 2 3!! ရှောခ့်!!"
"1 2 3!! ရှောခ့်!!"
"1 2 3!! ရှောခ့်!!"
အကြိမ်ပေါင်းများစွာလုပ်နေသော်လည်း နှလုံးခုန်နှုန်းကတဖြည်းဖြည်းကျလာသည်။စက်ကအသံကလည်းတတီတီနှင့်မြည်ပြီးရင်းမြည်နေကာ ဆရာဝန်တွေလည်းပင်ပန်းနေကြပြီဖြစ်သည်။
"တီ~~~~~~~~~~~"
နောက်ဆုံး နှလုံးခုန်နှုန်းကိုပြ‌နေတဲ့ စက်မှ ရှည်လျားတဲ့ဆွဲသံတစ်ခုမြည်လာပြီး စက်ပေါ်ကလိုင်းလေးကပါ မျဉ်းဖြောင်းတစ်ကြောင်းလို ပုံစံပြောင်းလဲသွားတော့သည်။ဆရာဝန်တွေလည်း စိတ်ဓာတ်တွေကျသွားပြီး လက်ထဲကနာရီကိုကြည့်လိုက်ရင်း......
"လူနာ Park Jimin သေဆုံးချိန်......"
"ဝုန်း!!!!!!!!"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
𝐙𝐚𝐰𝐠𝐲𝐢✓✓✓
"ကလေးငယ်!!!"
"သားလေး!!"
"Ji Ji!!"
"Jimin!!!"
"သားလေး ထပါဦး"
"ဟာ!! ဒါ ဒါ"
"ကလေး ဘာဖြစ်တာလဲ!!"
ဆေးရုံရောက်တော့>>>>>
"Yoongi JiJiလေးရော"
"အဟင့် မေ့သားလေးရယ်!!"
"သားရယ်"
"ဟူး~~~~~~"
"မမြင်မိဘူး"
"နေဦး"
"ဘာ!!"
"........."
"........."
"........."
".........."
"..........."
"ဟုတ် စားပါ့မယ်"
"ဟုတ်ကဲ့"
"........."
"........."
".........."
'တီ တီ တီ တီ တီ!!!!'
"က ကလေးငယ်!!"
"1 2 3!! ရှောခ့်!!"
"1 2 3!! ရှောခ့်!!"
"1 2 3!! ရှောခ့်!!"
"တီ~~~~~~~~~~~"
"ဝုန်း!!!!!!!!"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
There are no comments yet. Log in to be the first to leave a review!
Similar stories