Fanfics

Part - 1

19:37, 12 September 2021

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

"သားရေ..Ji Ji ထမင်းစားရအောင်"

"ဟုတ်ကဲ့..လာခဲ့မယ်!!!"

လှေကားကနေပြေးဆင်းလာတဲ့ကောင်လေးကတော့Parkမျိုးရိုးအိမ်ကြီးထဲကအငယ်ဆုံး သူကအိမ်ကလူကြီးတွေရဲ့အသည်းအသက်လေးဖြစ်သလိုအိမ်ရဲ့ဆည်းလည်းလေးဆိုလည်းမမှား....အိမ်မှာရှိတဲ့ ဖေဖေ၊မေမေ၊ဘိုးဘိုး၊ဘွားဘွားတို့ရဲ့အချစ်တွေကိုအပိုင်သိမ်းထားသူလေး

အသားအရည်ကဖြူဖွေးစိုပြေနေပြီးမျက်လုံးလေးတွေကတောက်ပနေကာပါး‌လေးနှစ်ဖက်ကလည်းဖောင်းနေတာကြောင့် နှုတ်ခမ်းလေးမှာလဲစ‌ေတာ်ဘယ်ရီသီးလေးလိုရဲ‌နေပြီး လုံးလုံးလေးဖြစ်နေသည်။နက်‌မှောင်လှတဲ့ ဆံပင်အတိုလေးရှိပြီးအနည်းငယ်ရှည်နေတဲ့အရှေ့ဆံပင်လေးတွေကနဖူးပေါ်သို့ဝဲကျနေသည်။

အသက်အားဖြင့်၂၀ရှိပြီးဆိုပေမဲ့ လူကောင်လေးကသေးတော့ ကလေးလို့ထင်ချင်စရာပင် နာမည်လေးကတော့Park Jiminတဲ့.....မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် လူကြီးတွေကသူ့ကို ဘာမှထိခိုက်မှုမရှိအောင် ဂရုတစိုက်စောင့်ရှောက်ထားရသည်။

Parkမျိုးရိုးရဲ့ဥက္ကဌကြီးသည် Jimin၏အဘိုးဖြစ်ပြီး အိမ်ရဲ့စီးပွားရေးကိုဦးစီးနေသူတစ်ဦး Jimin၏အဖေမှာ ဒုဥက္ကဌ...အဘွားနှင့်အ‌မေကတော့အိမ်ရဲ့မိန်းကလေးဖြစ်တာမို့ အိမ်ရှင်မနေရာကိုသာတာဝန်ယူထားသည်။

"Ji Ji လေးဆင်းလာပြီ..လာ ထမင်းစားကြမယ် အမေ Ji Jiလေးကြိုက်တဲ့ဟင်းတွေချက်ထားတယ်...."

"Wow!! ဒါဆို သား အားရပါးရစားလို့ရပြီပေါ့..."

"စားပါရှင်...."

Parkမျိုးရိုးအိမ်ရဲ့ညစာထမင်းစားပွဲလေးကတော့မိသားစုစုံစုံလင်လင်နဲ့ပျော်ရွှင်ဖို့ကောင်းလှသည်။

တစ်ဖက်က>>>>>>>>>>

အဝေးကကြည့်ရင်တောင်အလွန်ခမ်းနားလှတဲ့အိမ်ကြီး...မြင်တာနဲ့တင်အဆင့်အတန်းမြင့်တဲ့သူတွေနေတယ်ဆိုတာတွေးကြည့်ရုံနဲ့တင်သိနိုင်သည်။

Min မျိုးရိုး~~~~~~

Minမျိုးရိုးဆိုတာ စီးပွားရေးလုပ်ငန်းတွေမှာထိပ်ထိပ်ကြဲ ထိပ်ဆုံးကနေနေရာယူထားတဲ့Min Group....

ထိုMin Groupအားအုပ်ချုပ်နေသော အိမ်ရဲ့အသက်အကြီးဆုံးဖြစ်တဲ့ ဥက္ကဌMin....တစ်နည်းအားဖြင့် Min Groupရဲ့C.E.O Min Yoongi၏ အဘိုး.....

Minမျိုးရိုးတစ်ခုလုံးဟာ အဆင့်အတန်းရှိရှိနဲ့သိုသိုသိပ်သိပ်နေတတ်လွန်းတာကြောင့် အိမ်ရဲ့အသက်အကြီးဆုံးကအစကျန်လူတွေအထိအနေအေးပြီးတည်ငြိမ်ကြသည်။

အသက်အားဖြင့် ၂၅နှစ်ရှိပြီဖြစ်တဲ့ CEO Min Yoongiကတော့အသက်ငယ်ငယ်နဲ့ကုမ္ပဏီကြီးတစ်ခုလုံးဦးစီးနိုင်လောက်တဲ့အထိ စီးပွားရေးလောကကိုပိုင်နိုင်စွာသိကျွမ်းနားလည်နေပြီဖြစ်သည်။အိမ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့Min Yoongiကတော့ခန့်ညားတဲ့ရုပ်ရည်သွင်ပြင်ရှိပြီးYoongiသွားတဲ့နေရာတိုင်းမှာတည်ငြိမ်‌ချေမိုးမှုဆိုတဲ့အရာကကပ်ပါလာတတ်သည်။

"ဒုဥက္ကဌ..Projectအတွက် planတွေလုပ်ပြီးပြီဆို"

"ဟုတ်ကဲ့ အဖေ ကျွန်တော်တို့အကုန်စီစဉ်ထားပြီးသားပါ ဒါကို သားလည်းဝင်ကူညီပေးထားပါတယ်...သား"

"ဟုတ်ပါတယ် အဘိုး နောက်တစ်ပတ် ကုမ္ပဏီအစည်းအဝေးမှာ ပြောမယ်လို့စီစဉ်ထားပါတယ်"

"အင်း..ဟုတ်ပြီ ဒါဆို ဆက်လုပ်ကြ..."

"@#$&@#&$&$_#&$&..........."

အခုလိုအချိန်တွေမှာဆို ကုမ္ပဏီကိုဦးစီးနေတဲ့  Min Yoongiတို့သုံးယောက်ဟာ အမြဲ အလုပ်အကြောင်းဆွေးနွေးရသည်။ဒါဟာလည်း အလုပ်ကိုသာအာရုံစိုက်တဲ့သူတို့အိမ်ရဲ့စည်းကမ်းတစ်ခုပေါ့......။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁Park အိမ်တော်၌.....

Jiminတစ်ယောက်အိမ်မှာ စားလိုက် အိပ်လိုက် TVကြည့်လိုက်နှင့်ပျင်းလို့နေသည်။အခုလည်းသူ့အခန်းထဲကကုတင်ပေါ်မှာလှဲလျောင်းကာ ဘာလုပ်ရမလဲစဉ်းစားနေသည်။

နောက်တော့ အကြံတစ်ခုရလာတာကြောင့်လှဲနေရာကနေ ငုတ်တုတ်ထထိုင်ပြီးအခနထဲမှထွက်ကာ Jiminဘေးမှာအမြဲနေသူ တစ်နည်းအားဖြင့် Jiminရဲ့ကိုယ်ရံတော် ကိုခေါ်ပြီးပြောလိုက်သည်။

"အကို..."

"ပြောပါ သခင်လေး"

"သား အပြင်မှာလျှောက်လည်ချင်လို့ မေ‌မေနဲ့‌ဖေဖေ တို့ကို ပြောပေးပါလားဟင်.."

"သခင်ကြီးတို့ကပေးထွက်မှာမဟုတ်ဘူး သခင်လေးရဲ့.."

အပြင်ထွက်လို့မရမှန်းသိရဲ့သားနဲ့ထွက်ချင်နေတယ်သခင်လေးရယ် သခင်ကြီးတို့သခင်မကြီးတို့က သခင်လေးကိုဘယ်မှလွှတ်တာမှမဟုတ်တာပဲ....

"လုပ်ပါ ပြောပေးပါ အကိုကလည်း ဒါမှမဟုတ် သားပြောမယ် အကိုကကူပြောပေး နော် နော် နော်လို့.."

Jiminတို့အပြင်ထွက်လို့မရမှန်းသိပေမဲ့ ကြိုးစားကြည့်တာပါ ကံကောင်းရင်ထွက်လို့ရနိုင်တယ်လေ...Jiminတို့ခမျာ ကိုယ်ရံတော်ကိုလက်ကနေဖက်ထားကာရှိသမျှ agyeoအကုန်ထုတ်သုံးတော့သည်။

ကိုယ်ရံတော်ကလည်းမတတ်နိုင်တော့ပဲ

"ဟုတ်ကဲ့ ဟုတ်ကဲ့"

"Yay!!! ဒါမှ တို့ကိုကြီးကွ...."

Jiminလည်းလူကြီးတွေရှိရာဆီသွားလေသည်။

"ဖေဖေ....မေမေ..ဘိုးဘိုး..ဘွားဘွား"

"Ji Ji လေးလာပါဦး.."

Jiminလည်းမေမေနဲ့ဘွားဘွားကြားမှာဝင်ထိုင်လိုက်ပြီး

"ဟီးဟီး..သားကမေမေတို့ကိုအရမ်းချစ်တာသိတယ်မ‌လား"

"ဟော်တော်...Ji Ji‌လေး ဒီလိုပြောလာပြီဆိုရင် တစ်ခုခုပူဆာတော့မယ်‌"

"ကဲ..အဘိုးမြေးလေးကဘာလိုချင်လို့တုန်း"

"သား..အပြင်သွားချင်လို့"

"ဟေ!!"

"ဘယ်လို!!"

Jiminပြောလိုက်တော့အကုန်လန့်သွားကြသည်။

"ငါ့မြေးရယ် ဘာလို့အပြင်သွားချင်ရတာတုန်း မြေးကကျန်းမာရေးမှမကောင်းပဲ"

"ဘိုးဘိုးကလည်း..သားလည်းအိမ်မှာနေရတာပျင်းလို့ အပြင်လေးခနထွက်ချင်လို့ကို"

Jiminမျက်နှာကိုငိုတော့မဲ့ရုပ်လုပ်ကာပူဆာတော့သည်။

"သား..JiJiလေး အခုတော့မသွားပါနဲ့ဦး JiJiလေးနေကောင်းသွားရင် မေမေတို့ကိုယ်တိုင်လိုက်ပို့မယ်လေ မကောင်းဘူးလား"

"ဟင့်..တကယ်နော်"

"တကယ်ပေါ့..Ji Jiရဲ့"

ထိုစဉ် Jiminအဘိုးထံဖုန်းလာတာကြောင့် ဘိုးဘိုးလည်းဖုန်းပြောရန်ဖုန်းကိုင်လိုက်သည်။

"Hello..."

"........."

"အင်း..ကျွန်တော့်မြေးလေးကိုပြောလိုက်ပါ့မယ်"

"........."

"အော် ဘာလိုလိုနဲ့ဒီအချိန်တောင်ရောက်လာပြီကိုး...."

"..........."

"နက်ဖြန် ကျွန်တော်တို့စောင့်နေပါ့မယ်"

"..........."

"ဟုတ်ပြီ ဟုတ်ပြီ..."

Jiminဘိုးဘိုးလည်းဖုန်းပြောပြီးသွားတော့Jiminကိုကြည့်လာသည်။ဟုတ်တယ် ခုနကဘိုးဘိုးဖုန်းပြောနေတုန်းက ကျွန်တော့်မြေးဆိုတာကြားလိုက်တယ် ဘိုးဘိုးမှာမြေးဆိုလို့သားတစ်ယောက်တည်းရှိတာ သားကလွဲလို့ဘယ်သူဖြစ်ဦးမှာလဲ အင်း ဒီကိစ္စသားနဲ့ဆိုင်နေတယ်...

"ကဲ..မိန်းမရေ..သားတို့ရော..အဖေတို့စောင့်နေတဲ့အချိန်ရောက်လာပြီထင်တယ်"

Jiminအဘိုးမှမိသားစုဝင်တွေကိုပြောလိုက်သည်။နေရာမှာကလည်းမိသားစုဝင်အကုန်ရှိနေသည်။အဘိုးကပြောလိုက်တော့အကုန်လုံးကသိနေတဲ့ပုံတဲ့ခေါင်းညိမ့်ကြသည်။မသိတာကJiminတစ်ယောက်တည်း ဘိုးဘိုးတို့ကဘာကိုစောင့်နေလို့ ဘာအချိန်ကရောက်လာတာလဲ အကုန်လုံးကလည်းJiminကိုကြည့်နေကြသည်။Jiminခမျာလည်းမနေတတ်..နောက်တော့Jiminအမေကနေ...

"Ji Ji..လေးမေမေတို့ပြောတာနားထောင်နော်..."

"ဟင်..ဟုတ်.."

"Ji Ji လေးကိုသဘောတူထားတဲ့သူနဲ့လက်ထပ်ရမယ်နော်"

"ဗျာ..."

"ဟုတ်တယ်..Ji Jiလေး ဖေဖေတို့လူကြီးတွေအကုန်စီစဉ်ပြီးသွားပြီ...သား ကိုကိုတစ်ယောက်နဲ့လက်ထပ်ရမယ် ဒါမဲ့အခုတော့မဟုတ်သေးဘူး"

ဘယ်လို!! သား လက်ထပ်ရ‌မယ် ဟုတ်လား ပြီးတော့ ကိုကိုတစ်ယောက်နဲ့ ဘာကြီးလဲ ကိုကိုဆိုတော့ မဟုတ်မှလွဲရော သားကယောက်ျားလေးနဲ့လက်ထပ်ရမှာလား........

Jiminကြောင်နေတုန်း Jiminအဘိုးကနေ JiminနားကိုလာကာJiminရဲ့လက်ကလေးကိုကိုင်ပြီး....

"မြေး‌ လက်ထပ်ရမယ်ဆိုပေမဲ့ သားဖေဖေပြောသလိုပဲအခုတော့မဟုတ်သေးဘူး ဟိုဘက်အိမ်ကလူတွေနက်ဖြန် ဘိုးဘိုးတို့ဆီလာလိမ့်မယ် ပြီးရင်နှစ်ဖက်မိဘတွေ့ဆုံပွဲလုပ်ပြီး‌နောက်နေ့ စေ့စပ်ပေးမယ်...ငါ့မြေးလေးနဲ့ နှစ်ယောက်သားရင်းနှီးလာကြပြီချစ်ခင်လာကြပြီဆိုရင် အဘိုးတို့မင်္ဂလာပွဲကျင်းပကြမယ်..."

"ဟုတ်တယ် မြေးလေး..မြေးနဲ့လက်ထပ်ရမဲ့ကောင်လေးက ရည်ရည်မွန်မွန်‌လေးနဲ့အဆင့်အတန်းရှိတယ် ပြီးတော့သူကအသက်ငယ်ငယ်နဲ့စီးပွားရေးလောကမှာနေရာရအောင်ယူနိုင်တယ် ငါ့မြေးလိုချစ်ဖို့ကောင်းပြီးလိမ္မာတဲ့သူကို အဲ့ကောင်လေးလိုထက်မြက်တဲ့လူတော်လေးနဲ့ပဲအဘွားစိတ်ချပါတယ် မြေးလေးရယ်"

"ဒါပေမဲ့...."

"Ji Jiလေးစိတ်ချပါ..အဖေတို့ကနှစ်ယောက်လုံးချစ်ခင်လာကြပြီဆိုမှ လက်ထပ်ပေးမှာ အခုလောလောဆယ်တော့ စေ့စပ်ပေးထားရုံပါ..."

Jiminဘာမှမပြောနိုင်...အခုလူကြီးတွေအကုန်လုံးကသူတို့ဘာသာစီစဉ်ထားကြတာလား ကာယကံရှင်ဖြစ်တဲ့သူ့ကိုတောင်မမေးပဲနဲ့လေ...သားကမမြင်ဖူးမတွေ့ဖူးတဲ့သူနဲ့ဘာလို့ဘာလို့လက်ထပ်ရမှာလဲ ပြီးတော့ ယောက်ျားလေး.....

"နက်ဖြန်ကျရင် အဲ့ဒီ့အိမ်ကလူကြီးတွေနဲ့အတူကောင်လေးပါရောက်လာလိမ့်မယ် ကလေးတွေကိုလည်းပေးတွေ့ရင်း အဖေတို့စီစဉ်...."

"တော်ပြီ...မပြောကြနဲ့တော့""

Jiminလည်းမနေနိုင်တော့တာနဲ့ရပ်ခိုင်းလိုက်ရသည်။ထိုအခါမှ လူကြီးတွေလည်းတိတ်သွားကြသည်။

"သားက ဘာလို့မသိတဲ့လူနဲ့လက်ထပ်ရမှာလဲ!!! ပြီးတော့ ဖေဖေတို့ မေမေတို့က သားကိုလည်းမမေးကြဘူး သားနဲ့လည်းမတိုင်ပင်ကြဘူး သားက အဖေတို့အမေတို့အတွက် ဘာလဲ သားကိုရောထည့်မတွေးကြဘူးလား!! သားလက်မထပ်နိုင်ဘူး!!"

"Ji Ji လေး အဲ့လိုမရဘူးလေ မေမေတို့ကသားလေးကိုပျော်ပျော်ရွှင်ရွှင်နေစေချင်လို့ပါ သားကိုအဲ့ကောင်လေးကလွဲပြီးဘယ်သူနဲ့မှစိတ်မချလို့ပါ သားရယ်"

"သားသူ့ကိုမယူနိုင်ဘူးလို့ပြောပြီးပြီနော်!!!...သားလက်မထပ်ချင်သေးဘူး မေမေရဲ့!! သား လက် မ ထပ် နိုင် ဘူး ဒါပဲ!!"

Jiminလည်းသူလက်မထက်နိုင်ကြောင်းတစ်လုံးချင်းစီကိုသေချာပြောကာ အပေါ်ထက်သို့ ငိုပြီး ပြေးတက်သွားသည်။

ကျန်ခဲ့တဲ့လူကြီးတွေကလည်းသေချာချော့ပြောရင် ကလေးလေးလက်ခံမယ်ထင်ခဲ့တာ အခုတော့အတွေးနဲ့တလွဲဆီ.....

ဘယ်လိုလုပ်ရမလဲ Ji Jiလေးရယ်  သားလက်မခံနိုင်ဘူးဆိုတာသိပေမဲ့ အဖေတို့ အဘိုးတို့က အဲ့မောင်ရင်လေးနဲ့ပဲစိတ်ချပါတယ်ကွယ် သားကကျန်းမာရေးချူချာတဲ့သူဆိုတော့တစ်ခုခုဖြစ်သွားမှာမလိုလားဘူး တစ်ချိန်မှာသားကိုဂရုစိုက်ပေးနိုင်မဲ့သူက ထိုမောင်ရင်လေးပဲဖြစ်နိုင်မယ်လို့ပဲယုံကြည်လို့ပါ တခြားဘယ်သူနဲ့မှကိုစိတ်မချဘူး ကလေးရဲ့ ........

လူကြီးတွေလည်းအပေါ်ထပ်ပြေးတက်သွားတဲ့Jiminလေးကိုကြည့်ကာ သက်ပြင်းပြိုင်တူချမိသည်။

Min အိမ်တော်၌....

"အိမ်တော်ထိန်း..Yoongiရော"

"အခန်းထဲမှာ စာဖတ်နေပါတယ် ဥက္ကဌကြီး"

"အင်း အင်း ပြီးရင် ဧည့်ခန်းထဲမှာအကုန်လူစုဖို့ပြောလိုက်..အရေးကြီးကိစ္စပြောရမယ်"

"ဟုတ်ကဲ့ပါ...သခင်ကြီး"

ဥက္ကဌကြီးလည်းအိမ်တော်ထိန်းအားပြောကာသူကိုယ်တိုင်လည်းဧည့်ခန်းမှာသွားထိုင်နေလိုက်သည်။

ခနကြာတော့ မိသားစုဝင်တွေရောက်လာကြသည်။အကုန်လုံးက ဥက္ကဌကြီးခေါ်ရတဲ့အကြောင်းအရင်းကိုသိနေကြသလို......

"အားလုံး..ငါခေါ်ရတဲ့အကြောင်းအရင်းကိုသိကြမဲ့ပုံပါပဲ"

"သိပါတယ်..."

"ဟုတ်ပြီ...ငါ့မြေး Yoongi."

"ဟုတ်ကဲ့ အဘိုး.."

"မြေးကိုအဘိုးပြောထားပြီးသားပါနော်"

"ဟုတ်ကဲ့..အဘိုး..ကျွန်တော်ကငြင်းစရာမရှိပါဘူး..."

Yoongi အဘိုးပြောထားလို့သိပြီးပါပြီ။လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကအဘိုးကကြိုပြောထားပြီးစဉ်းစားချိန်ပေးခဲ့ပါတယ်။ဒါမဲ့ကျွန်တော်က အဘိုးပြောလိုက်ကတည်းကလက်ခံတာပါ..အဘိုးပြောတယ်လေ အဲ့ကောင်လေးကတစ်အိမ်လုံးရဲ့သည်းသည်းလှုပ်တဲ့ အဲ့အပြင်ကို သူ့မှာ‌နှလုံးရောဂါလည်းရှိတော့လိုတာထက်ပိုပြီးဂရုစိုက်ပေးရတယ်တဲ့ အဲ့ဘက်ကလည်းကျွန်တော့်အပေါ်ယုံကြည်လို့ကောင်လေးကိုအပ်တာပေါ့ ဘိုးဘိုးတို့နဲ့ကလည်းဟိုးအရင်ကတည်းက ကတိတွေထားခဲ့ကြတော့ ကျွန်တော့်ဘက်ကငြင်းစရာမရှိပါဘူး...ဒါနဲ့ အဲ့ကောင်လေးကရောလက်ခံပါ့မလား...

"သား..Yoongiလက်ခံတာမှန်ပါတယ်..အဲ့ကလေးလေးက အရမ်းကလေးဆန်ပြီးချစ်ဖို့လည်းကောင်းတယ်..."

"ဟုတ်တယ် မိန်းမရေ အဲ့လိုချစ်ဖို့ကောင်းနေတော့တစ်အိမ်လုံးကချစ်ကြတာလည်းမဆန်းပါဘူး"

"ဒီလိုကလေးမျိုးလေးဆီကျမှဘာလို့ရောဂါဆိုးကပ်နေမှန်းမသိပါဘူး အစ်မကသူ့သားလေးအကြောင်းအမြဲပြောတယ် ကျွန်မတောင်နားထောင်ရင်းနဲ့သနားလွန်းလို့ဝမ်းနည်းမိပါတယ်ဆို..."

"ဒါပေမဲ့လည်း ရောဂါသည်နဲ့မတူအောင် ပျော်ပျော်နေတတ်တာပဲလေ သူ့ဘဝနဲ့သူပျော်နေတာပဲ လူကြီးတွေကလည်းပျော်အောင်ထားပေးတာကို..."

"ငါ့သားတွေသမီးတွေပြောတာမှန်တယ် အဲ့တော့ မနက်ဖြန် သူတို့အိမ်ကိုသွားကြမယ် ကလေးတွေကိုလည်းပေးတွေ့ရင်း စေ့စပ်ပေးဖို့စီစဉ်ကြမယ်.."

"ဟုတ်ကဲ့ပါ..."

"‌ရပြီ..သွားနားကြတော့.."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"သားရေ...Ji Jiလေးလိမ္မာပါတယ်..အခန်းထဲကထွက်လာခဲ့ပါဦး..."

အခုကတော့ အိမ်ကလူကြီးတွေမနေရတော့ဘူး Jiminကိုဖျောင်းဖျနေရသည်။ ဒီကလေးလေးအခန်းထဲဝင်သွားတာ တော်တော်ကြာနေပြီ...

"မြေးလေး အဘွားလေ..အဘွားမြေးလေးကလိမ္မာပါတယ်...ထွက်လာခဲ့နော်"

"ချလောက်!!"

အဘွားရဲ့အသံကြားမှထွက်လာတဲ့Jimin...

"အိုက်ယိုး..ငါ့မြေးလေးကဘာလို့ငိုနေရတာတုန်း..မျက်လုံးတွေရဲနေတာပဲ"

"ဟင့်...ဟင့်"

"Ji Ji လေးလာ...ဘိုးဘိုးခေါ်နေတယ်"

"ဟုတ်..ဟင့် ဟင့်"

အမေ နဲ့ အဘွားက Jiminကိုအဘိုးဆီခေါ်လာလိုက်သည်။ အဘိုးက နားဝင်အောင်ဖျောင်းဖျပေးနိုင်ဖို့ပဲမျှော်လင့်ပါတယ်...

"ဘိုးဘိုး..."

"ဟော..Ji Jiလေး ဘာလို့ငိုတာလဲကွယ် လာပါဦး ဘိုးဘိုးဆီ"

Jiminရဲ့အဘိုးကထိုင်‌ေနရာက‌ေနချက်ချင်းထလာကာJiminကိုလက်ကနေကိုင်ကာခေါ်လာသည်။ပြီးတော့Jiminကိုခုံပေါ်မှာသေချာထိုင်ခိုင်းပြီး အဘိုးကဒူးထောက်လျက်Jiminလက်ကလေးကိုအုပ်ကိုင်ရင်း

"ဘိုးဘိုး မြေးလေး က ဘာလို့လက်မခံတာလဲ အဘိုးကိုပြော မြေးလေး"

"ဟင့်..ဘိုးဘိုးတို့က သားကိုကြိုမှမပြောကြတာ.ဟင့်..သားကိုစဉ်းစားချိန်လည်းမပေးဘူး ဟင့်..."

"အင်း အဘိုးတို့မှားပါတယ် မြေးကိုကြိုပြောထားရမှာကို ဒါမဲ့အခုပြောလိုက်ရင် မြေးလေးလက်ခံမယ်ထင်လို့ပါ"

"ဟင့် ဘိုးဘိုးကလည်း အခုပြောတာကို သားကဘယ်လိုလို့ချက်ချင်းလက်ခံနိုင်မာလဲလို့"

"အေးပါကွယ် မြေးလေးပြောတာလည်းမှန်ပါတယ် ဒါဆို လက်မထပ်ချင်တာဘာလို့လဲ"

"သားလက်မထပ်ချင်ဘူးဆိုတာ ဘိုးဘိုးတို့နဲ့နေချင်သေးတယ်လေ သားဘိုးဘိုးတို့နဲ့မခွဲနိုင်သေးဘူး အီးဟီးးးးးးးးးးး"

ပြောပြီးတာနဲ့ထငိုတာကြောင့် လူကြီးတွေမှာလန့်သွားကြသည်။နောက်မှသဘောပေါက်သွားကြသည်။လူကြီးတွေက‌တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးပြုံးစိစိJiminကတစ်ဖန်သူ့အဘိုးကိုဖက်ကာဆက်ပြောသည်။

"သားက ဘိုးဘိုးတို့နဲ့နေချင်သေးတာ ဘိုးဘိုးတို့ကိုချစ်လို့လဲမဝသေးသလို ဆိုးလို့လည်းမဝသေးဘူး..."

"ဟားဟားးးး ငါ့မြေးရယ် ဘိုးဘိုးတို့ပြောပြီးသားလေ မြေးလေးကဘိုးဘိုးတို့နဲ့နေလို့ရသေးတယ်..အခုကစေ့စပ်ရုံပဲစေ့စပ်မှာ မောင်ရင်လေးနဲ့ဘိုးမြေး‌လေး ‌တို့ရင်းနှီးပြီးသံယောဇဉ်တွေဖြစ်ပြီဆိုမှ လက်ထပ်ပေးမှာပါ"

"ဟင့်...တကယ်နော် သားကိုပစ်တာမဟုတ်ဘူးနော်"

"ဟုတ်ပ့ဗျာ ဘိုးဘိုးက မြေးကိုဘာလို့ပစ်ရမှာလဲ ချစ်လို့တောင်မဝတာကို..."

"အာ့ဆို ပြီးရော...သားလက်ခံတယ်"

"ဟော..ဘိုးမြေးလေးကလိမ္မာလိုက်တာဗျာ"

"ဟီးဟီး..."

အဲ့တော့မှပဲ အိမ်ကလူကြီးတွေ စိတ်ချမ်းသာသွားကြတော့တယ်....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

                               

𝐙𝐚𝐰𝐠𝐲𝐢✓✓✓

"သားေရ..Ji Ji ထမင္းစားရေအာင္"

"ဟုတ္ကဲ့..လာခဲ့မယ္!!!"

ေလွကားကေနေျပးဆင္းလာတဲ့ေကာင္ေလးကေတာ့Parkမ်ိဳး႐ိုးအိမ္ႀကီးထဲကအငယ္ဆုံး သူကအိမ္ကလူႀကီးေတြရဲ႕အသည္းအသက္ေလးျဖစ္သလိုအိမ္ရဲ႕ဆည္းလည္းေလးဆိုလည္းမမွား....အိမ္မွာ႐ွိတဲ့ ေဖေဖ၊ေမေမ၊ဘိုးဘိုး၊ဘြားဘြားတို႔ရဲ႕အခ်စ္ေတြကိုအပိုင္သိမ္းထားသူေလး

အသားအရည္ကျဖဴေဖြးစိုေျပေနၿပီးမ်က္လုံးေလးေတြကေတာက္ပေနကာပါး‌ေလးႏွစ္ဖက္ကလည္းေဖာင္းေနတာေၾကာင့္ ႏႈတ္ခမ္းေလးမွာလဲစ‌ေတာ္ဘယ္ရီသီးေလးလိုရဲ‌ေနၿပီး လုံးလုံးေလးျဖစ္ေနသည္။နက္‌ေမွာင္လွတဲ့ ဆံပင္အတိုေလး႐ွိၿပီးအနည္းငယ္႐ွည္ေနတဲ့အေ႐ွ႕ဆံပင္ေလးေတြကနဖူးေပၚသို႔ဝဲက်ေနသည္။

အသက္အားျဖင့္၂၀႐ွိၿပီးဆိုေပမဲ့ လူေကာင္ေလးကေသးေတာ့ ကေလးလို႔ထင္ခ်င္စရာပင္ နာမည္ေလးကေတာ့Park Jiminတဲ့.....ေမြးရာပါႏွလုံးေရာဂါအခံ႐ွိတာေၾကာင့္ လူႀကီးေတြကသူ႕ကို ဘာမွထိခိုက္မႈမ႐ွိေအာင္ ဂ႐ုတစိုက္ေစာင့္ေ႐ွာက္ထားရသည္။

Parkမ်ိဳး႐ိုးရဲ႕ဥကၠဌႀကီးသည္ Jimin၏အဘိုးျဖစ္ၿပီး အိမ္ရဲ႕စီးပြားေရးကိုဦးစီးေနသူတစ္ဦး Jimin၏အေဖမွာ ဒုဥကၠဌ...အဘြားႏွင့္အ‌ေမကေတာ့အိမ္ရဲ႕မိန္းကေလးျဖစ္တာမို႔ အိမ္႐ွင္မေနရာကိုသာတာဝန္ယူထားသည္။

"Ji Ji ေလးဆင္းလာၿပီ..လာ ထမင္းစားၾကမယ္ အေမ Ji Jiေလးႀကိဳက္တဲ့ဟင္းေတြခ်က္ထားတယ္...."

"Wow!! ဒါဆို သား အားရပါးရစားလို႔ရၿပီေပါ့..."

"စားပါ႐ွင္...."

Parkမ်ိဳး႐ိုးအိမ္ရဲ႕ညစာထမင္းစားပြဲေလးကေတာ့မိသားစုစုံစုံလင္လင္နဲ႔ေပ်ာ္႐ႊင္ဖို႔ေကာင္းလွသည္။

တစ္ဖက္က>>>>>>>>>>

အေဝးကၾကည့္ရင္ေတာင္အလြန္ခမ္းနားလွတဲ့အိမ္ႀကီး...ျမင္တာနဲ႔တင္အဆင့္အတန္းျမင့္တဲ့သူေတြေနတယ္ဆိုတာေတြးၾကည့္႐ုံနဲ႔တင္သိႏိုင္သည္။

Min မ်ိဳး႐ိုး~~~~~~

Minမ်ိဳး႐ိုးဆိုတာ စီးပြားေရးလုပ္ငန္းေတြမွာထိပ္ထိပ္ႀကဲ ထိပ္ဆုံးကေနေနရာယူထားတဲ့Min Group....

ထိုMin Groupအားအုပ္ခ်ဳပ္ေနေသာ အိမ္ရဲ႕အသက္အႀကီးဆုံးျဖစ္တဲ့ ဥကၠဌMin....တစ္နည္းအားျဖင့္ Min Groupရဲ႕C.E.O Min Yoongi၏ အဘိုး.....

Minမ်ိဳး႐ိုးတစ္ခုလုံးဟာ အဆင့္အတန္း႐ွိ႐ွိနဲ႔သိုသိုသိပ္သိပ္ေနတတ္လြန္းတာေၾကာင့္ အိမ္ရဲ႕အသက္အႀကီးဆုံးကအစက်န္လူေတြအထိအေနေအးၿပီးတည္ၿငိမ္ၾကသည္။

အသက္အားျဖင့္ ၂၅ႏွစ္႐ွိၿပီျဖစ္တဲ့ CEO Min Yoongiကေတာ့အသက္ငယ္ငယ္နဲ႔ကုမၸဏီႀကီးတစ္ခုလုံးဦးစီးႏိုင္ေလာက္တဲ့အထိ စီးပြားေရးေလာကကိုပိုင္ႏိုင္စြာသိကြၽမ္းနားလည္ေနၿပီျဖစ္သည္။အိမ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တဲ့Min Yoongiကေတာ့ခန္႔ညားတဲ့႐ုပ္ရည္သြင္ျပင္႐ွိၿပီးYoongiသြားတဲ့ေနရာတိုင္းမွာတည္ၿငိမ္‌ေခ်မိုးမႈဆိုတဲ့အရာကကပ္ပါလာတတ္သည္။

"ဒုဥကၠဌ..Projectအတြက္ planေတြလုပ္ၿပီးၿပီဆို"

"ဟုတ္ကဲ့ အေဖ ကြၽန္ေတာ္တို႔အကုန္စီစဥ္ထားၿပီးသားပါ ဒါကို သားလည္းဝင္ကူညီေပးထားပါတယ္...သား"

"ဟုတ္ပါတယ္ အဘိုး ေနာက္တစ္ပတ္ ကုမၸဏီအစည္းအေဝးမွာ ေျပာမယ္လို႔စီစဥ္ထားပါတယ္"

"အင္း..ဟုတ္ၿပီ ဒါဆို ဆက္လုပ္ၾက..."

"@#$&@#&$&$_#&$&..........."

အခုလိုအခ်ိန္ေတြမွာဆို ကုမၸဏီကိုဦးစီးေနတဲ့  Min Yoongiတို႔သုံးေယာက္ဟာ အၿမဲ အလုပ္အေၾကာင္းေဆြးေႏြးရသည္။ဒါဟာလည္း အလုပ္ကိုသာအာ႐ုံစိုက္တဲ့သူတို႔အိမ္ရဲ႕စည္းကမ္းတစ္ခုေပါ့......။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁Park အိမ္ေတာ္၌.....

Jiminတစ္ေယာက္အိမ္မွာ စားလိုက္ အိပ္လိုက္ TVၾကည့္လိုက္ႏွင့္ပ်င္းလို႔ေနသည္။အခုလည္းသူ႕အခန္းထဲကကုတင္ေပၚမွာလွဲေလ်ာင္းကာ ဘာလုပ္ရမလဲစဥ္းစားေနသည္။

ေနာက္ေတာ့ အၾကံတစ္ခုရလာတာေၾကာင့္လွဲေနရာကေန ငုတ္တုတ္ထထိုင္ၿပီးအခနထဲမွထြက္ကာ Jiminေဘးမွာအၿမဲေနသူ တစ္နည္းအားျဖင့္ Jiminရဲ႕ကိုယ္ရံေတာ္ ကိုေခၚၿပီးေျပာလိုက္သည္။

"အကို..."

"ေျပာပါ သခင္ေလး"

"သား အျပင္မွာေလွ်ာက္လည္ခ်င္လို႔ ေမ‌ေမနဲ႔‌ေဖေဖ တို႔ကို ေျပာေပးပါလားဟင္.."

"သခင္ႀကီးတို႔ကေပးထြက္မွာမဟုတ္ဘူး သခင္ေလးရဲ႕.."

အျပင္ထြက္လို႔မရမွန္းသိရဲ႕သားနဲ႔ထြက္ခ်င္ေနတယ္သခင္ေလးရယ္ သခင္ႀကီးတို႔သခင္မႀကီးတို႔က သခင္ေလးကိုဘယ္မွလႊတ္တာမွမဟုတ္တာပဲ....

"လုပ္ပါ ေျပာေပးပါ အကိုကလည္း ဒါမွမဟုတ္ သားေျပာမယ္ အကိုကကူေျပာေပး ေနာ္ ေနာ္ ေနာ္လို႔.."

Jiminတို႔အျပင္ထြက္လို႔မရမွန္းသိေပမဲ့ ႀကိဳးစားၾကည့္တာပါ ကံေကာင္းရင္ထြက္လို႔ရႏိုင္တယ္ေလ...Jiminတို႔ခမ်ာ ကိုယ္ရံေတာ္ကိုလက္ကေနဖက္ထားကာ႐ွိသမွ် agyeoအကုန္ထုတ္သုံးေတာ့သည္။

ကိုယ္ရံေတာ္ကလည္းမတတ္ႏိုင္ေတာ့ပဲ

"ဟုတ္ကဲ့ ဟုတ္ကဲ့"

"Yay!!! ဒါမွ တို႔ကိုႀကီးကြ...."

Jiminလည္းလူႀကီးေတြ႐ွိရာဆီသြားေလသည္။

"ေဖေဖ....ေမေမ..ဘိုးဘိုး..ဘြားဘြား"

"Ji Ji ေလးလာပါဦး.."

Jiminလည္းေမေမနဲ႔ဘြားဘြားၾကားမွာဝင္ထိုင္လိုက္ၿပီး

"ဟီးဟီး..သားကေမေမတို႔ကိုအရမ္းခ်စ္တာသိတယ္မ‌လား"

"ေဟာ္ေတာ္...Ji Ji‌ေလး ဒီလိုေျပာလာၿပီဆိုရင္ တစ္ခုခုပူဆာေတာ့မယ္‌"

"ကဲ..အဘိုးေျမးေလးကဘာလိုခ်င္လို႔တုန္း"

"သား..အျပင္သြားခ်င္လို႔"

"ေဟ!!"

"ဘယ္လို!!"

Jiminေျပာလိုက္ေတာ့အကုန္လန္႔သြားၾကသည္။

"ငါ့ေျမးရယ္ ဘာလို႔အျပင္သြားခ်င္ရတာတုန္း ေျမးကက်န္းမာေရးမွမေကာင္းပဲ"

"ဘိုးဘိုးကလည္း..သားလည္းအိမ္မွာေနရတာပ်င္းလို႔ အျပင္ေလးခနထြက္ခ်င္လို႔ကို"

Jiminမ်က္ႏွာကိုငိုေတာ့မဲ့႐ုပ္လုပ္ကာပူဆာေတာ့သည္။

"သား..JiJiေလး အခုေတာ့မသြားပါနဲ႔ဦး JiJiေလးေနေကာင္းသြားရင္ ေမေမတို႔ကိုယ္တိုင္လိုက္ပို႔မယ္ေလ မေကာင္းဘူးလား"

"ဟင့္..တကယ္ေနာ္"

"တကယ္ေပါ့..Ji Jiရဲ႕"

ထိုစဥ္ Jiminအဘိုးထံဖုန္းလာတာေၾကာင့္ ဘိုးဘိုးလည္းဖုန္းေျပာရန္ဖုန္းကိုင္လိုက္သည္။

"Hello..."

"........."

"အင္း..ကြၽန္ေတာ့္ေျမးေလးကိုေျပာလိုက္ပါ့မယ္"

"........."

"ေအာ္ ဘာလိုလိုနဲ႔ဒီအခ်ိန္ေတာင္ေရာက္လာၿပီကိုး...."

"..........."

"နက္ျဖန္ ကြၽန္ေတာ္တို႔ေစာင့္ေနပါ့မယ္"

"..........."

"ဟုတ္ၿပီ ဟုတ္ၿပီ..."

Jiminဘိုးဘိုးလည္းဖုန္းေျပာၿပီးသြားေတာ့Jiminကိုၾကည့္လာသည္။ဟုတ္တယ္ ခုနကဘိုးဘိုးဖုန္းေျပာေနတုန္းက ကြၽန္ေတာ့္ေျမးဆိုတာၾကားလိုက္တယ္ ဘိုးဘိုးမွာေျမးဆိုလို႔သားတစ္ေယာက္တည္း႐ွိတာ သားကလြဲလို႔ဘယ္သူျဖစ္ဦးမွာလဲ အင္း ဒီကိစၥသားနဲ႔ဆိုင္ေနတယ္...

"ကဲ..မိန္းမေရ..သားတို႔ေရာ..အေဖတို႔ေစာင့္ေနတဲ့အခ်ိန္ေရာက္လာၿပီထင္တယ္"

Jiminအဘိုးမွမိသားစုဝင္ေတြကိုေျပာလိုက္သည္။ေနရာမွာကလည္းမိသားစုဝင္အကုန္႐ွိေနသည္။အဘိုးကေျပာလိုက္ေတာ့အကုန္လုံးကသိေနတဲ့ပုံတဲ့ေခါင္းညိမ့္ၾကသည္။မသိတာကJiminတစ္ေယာက္တည္း ဘိုးဘိုးတို႔ကဘာကိုေစာင့္ေနလို႔ ဘာအခ်ိန္ကေရာက္လာတာလဲ အကုန္လုံးကလည္းJiminကိုၾကည့္ေနၾကသည္။Jiminခမ်ာလည္းမေနတတ္..ေနာက္ေတာ့Jiminအေမကေန...

"Ji Ji..ေလးေမေမတို႔ေျပာတာနားေထာင္ေနာ္..."

"ဟင္..ဟုတ္.."

"Ji Ji ေလးကိုသေဘာတူထားတဲ့သူနဲ႔လက္ထပ္ရမယ္ေနာ္"

"ဗ်ာ..."

"ဟုတ္တယ္..Ji Jiေလး ေဖေဖတို႔လူႀကီးေတြအကုန္စီစဥ္ၿပီးသြားၿပီ...သား ကိုကိုတစ္ေယာက္နဲ႔လက္ထပ္ရမယ္ ဒါမဲ့အခုေတာ့မဟုတ္ေသးဘူး"

ဘယ္လို!! သား လက္ထပ္ရ‌မယ္ ဟုတ္လား ၿပီးေတာ့ ကိုကိုတစ္ေယာက္နဲ႔ ဘာႀကီးလဲ ကိုကိုဆိုေတာ့ မဟုတ္မွလြဲေရာ သားကေယာက်္ားေလးနဲ႔လက္ထပ္ရမွာလား........

Jiminေၾကာင္ေနတုန္း Jiminအဘိုးကေန JiminနားကိုလာကာJiminရဲ႕လက္ကေလးကိုကိုင္ၿပီး....

"ေျမး‌ လက္ထပ္ရမယ္ဆိုေပမဲ့ သားေဖေဖေျပာသလိုပဲအခုေတာ့မဟုတ္ေသးဘူး ဟိုဘက္အိမ္ကလူေတြနက္ျဖန္ ဘိုးဘိုးတို႔ဆီလာလိမ့္မယ္ ၿပီးရင္ႏွစ္ဖက္မိဘေတြ႕ဆုံပြဲလုပ္ၿပီး‌ေနာက္ေန႔ ေစ့စပ္ေပးမယ္...ငါ့ေျမးေလးနဲ႔ ႏွစ္ေယာက္သားရင္းႏွီးလာၾကၿပီခ်စ္ခင္လာၾကၿပီဆိုရင္ အဘိုးတို႔မဂၤလာပြဲက်င္းပၾကမယ္..."

"ဟုတ္တယ္ ေျမးေလး..ေျမးနဲ႔လက္ထပ္ရမဲ့ေကာင္ေလးက ရည္ရည္မြန္မြန္‌ေလးနဲ႔အဆင့္အတန္း႐ွိတယ္ ၿပီးေတာ့သူကအသက္ငယ္ငယ္နဲ႔စီးပြားေရးေလာကမွာေနရာရေအာင္ယူႏိုင္တယ္ ငါ့ေျမးလိုခ်စ္ဖို႔ေကာင္းၿပီးလိမၼာတဲ့သူကို အဲ့ေကာင္ေလးလိုထက္ျမက္တဲ့လူေတာ္ေလးနဲ႔ပဲအဘြားစိတ္ခ်ပါတယ္ ေျမးေလးရယ္"

"ဒါေပမဲ့...."

"Ji Jiေလးစိတ္ခ်ပါ..အေဖတို႔ကႏွစ္ေယာက္လုံးခ်စ္ခင္လာၾကၿပီဆိုမွ လက္ထပ္ေပးမွာ အခုေလာေလာဆယ္ေတာ့ ေစ့စပ္ေပးထား႐ုံပါ..."

Jiminဘာမွမေျပာႏိုင္...အခုလူႀကီးေတြအကုန္လုံးကသူတို႔ဘာသာစီစဥ္ထားၾကတာလား ကာယကံ႐ွင္ျဖစ္တဲ့သူ႕ကိုေတာင္မေမးပဲနဲ႔ေလ...သားကမျမင္ဖူးမေတြ႕ဖူးတဲ့သူနဲ႔ဘာလို႔ဘာလို႔လက္ထပ္ရမွာလဲ ၿပီးေတာ့ ေယာက်္ားေလး.....

"နက္ျဖန္က်ရင္ အဲ့ဒီ့အိမ္ကလူႀကီးေတြနဲ႔အတူေကာင္ေလးပါေရာက္လာလိမ့္မယ္ ကေလးေတြကိုလည္းေပးေတြ႕ရင္း အေဖတို႔စီစဥ္...."

"ေတာ္ၿပီ...မေျပာၾကနဲ႔ေတာ့""

Jiminလည္းမေနႏိုင္ေတာ့တာနဲ႔ရပ္ခိုင္းလိုက္ရသည္။ထိုအခါမွ လူႀကီးေတြလည္းတိတ္သြားၾကသည္။

"သားက ဘာလို႔မသိတဲ့လူနဲ႔လက္ထပ္ရမွာလဲ!!! ၿပီးေတာ့ ေဖေဖတို႔ ေမေမတို႔က သားကိုလည္းမေမးၾကဘူး သားနဲ႔လည္းမတိုင္ပင္ၾကဘူး သားက အေဖတို႔အေမတို႔အတြက္ ဘာလဲ သားကိုေရာထည့္မေတြးၾကဘူးလား!! သားလက္မထပ္ႏိုင္ဘူး!!"

"Ji Ji ေလး အဲ့လိုမရဘူးေလ ေမေမတို႔ကသားေလးကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေစခ်င္လို႔ပါ သားကိုအဲ့ေကာင္ေလးကလြဲၿပီးဘယ္သူနဲ႔မွစိတ္မခ်လို႔ပါ သားရယ္"

"သားသူ႕ကိုမယူႏိုင္ဘူးလို႔ေျပာၿပီးၿပီေနာ္!!!...သားလက္မထပ္ခ်င္ေသးဘူး ေမေမရဲ႕!! သား လက္ မ ထပ္ ႏိုင္ ဘူး ဒါပဲ!!"

Jiminလည္းသူလက္မထက္ႏိုင္ေၾကာင္းတစ္လုံးခ်င္းစီကိုေသခ်ာေျပာကာ အေပၚထက္သို႔ ငိုၿပီး ေျပးတက္သြားသည္။

က်န္ခဲ့တဲ့လူႀကီးေတြကလည္းေသခ်ာေခ်ာ့ေျပာရင္ ကေလးေလးလက္ခံမယ္ထင္ခဲ့တာ အခုေတာ့အေတြးနဲ႔တလြဲဆီ.....

ဘယ္လိုလုပ္ရမလဲ Ji Jiေလးရယ္  သားလက္မခံႏိုင္ဘူးဆိုတာသိေပမဲ့ အေဖတို႔ အဘိုးတို႔က အဲ့ေမာင္ရင္ေလးနဲ႔ပဲစိတ္ခ်ပါတယ္ကြယ္ သားကက်န္းမာေရးခ်ဴခ်ာတဲ့သူဆိုေတာ့တစ္ခုခုျဖစ္သြားမွာမလိုလားဘူး တစ္ခ်ိန္မွာသားကိုဂ႐ုစိုက္ေပးႏိုင္မဲ့သူက ထိုေမာင္ရင္ေလးပဲျဖစ္ႏိုင္မယ္လို႔ပဲယုံၾကည္လို႔ပါ တျခားဘယ္သူနဲ႔မွကိုစိတ္မခ်ဘူး ကေလးရဲ႕ ........

လူႀကီးေတြလည္းအေပၚထပ္ေျပးတက္သြားတဲ့Jiminေလးကိုၾကည့္ကာ သက္ျပင္းၿပိဳင္တူခ်မိသည္။

Min အိမ္ေတာ္၌....

"အိမ္ေတာ္ထိန္း..Yoongiေရာ"

"အခန္းထဲမွာ စာဖတ္ေနပါတယ္ ဥကၠဌႀကီး"

"အင္း အင္း ၿပီးရင္ ဧည့္ခန္းထဲမွာအကုန္လူစုဖို႔ေျပာလိုက္..အေရးႀကီးကိစၥေျပာရမယ္"

"ဟုတ္ကဲ့ပါ...သခင္ႀကီး"

ဥကၠဌႀကီးလည္းအိမ္ေတာ္ထိန္းအားေျပာကာသူကိုယ္တိုင္လည္းဧည့္ခန္းမွာသြားထိုင္ေနလိုက္သည္။

ခနၾကာေတာ့ မိသားစုဝင္ေတြေရာက္လာၾကသည္။အကုန္လုံးက ဥကၠဌႀကီးေခၚရတဲ့အေၾကာင္းအရင္းကိုသိေနၾကသလို......

"အားလုံး..ငါေခၚရတဲ့အေၾကာင္းအရင္းကိုသိၾကမဲ့ပုံပါပဲ"

"သိပါတယ္..."

"ဟုတ္ၿပီ...ငါ့ေျမး Yoongi."

"ဟုတ္ကဲ့ အဘိုး.."

"ေျမးကိုအဘိုးေျပာထားၿပီးသားပါေနာ္"

"ဟုတ္ကဲ့..အဘိုး..ကြၽန္ေတာ္ကျငင္းစရာမ႐ွိပါဘူး..."

Yoongi အဘိုးေျပာထားလို႔သိၿပီးပါၿပီ။လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္တည္းကအဘိုးကႀကိဳေျပာထားၿပီးစဥ္းစားခ်ိန္ေပးခဲ့ပါတယ္။ဒါမဲ့ကြၽန္ေတာ္က အဘိုးေျပာလိုက္ကတည္းကလက္ခံတာပါ..အဘိုးေျပာတယ္ေလ အဲ့ေကာင္ေလးကတစ္အိမ္လုံးရဲ႕သည္းသည္းလႈပ္တဲ့ အဲ့အျပင္ကို သူ႕မွာ‌ႏွလုံးေရာဂါလည္း႐ွိေတာ့လိုတာထက္ပိုၿပီးဂ႐ုစိုက္ေပးရတယ္တဲ့ အဲ့ဘက္ကလည္းကြၽန္ေတာ့္အေပၚယုံၾကည္လို႔ေကာင္ေလးကိုအပ္တာေပါ့ ဘိုးဘိုးတို႔နဲ႔ကလည္းဟိုးအရင္ကတည္းက ကတိေတြထားခဲ့ၾကေတာ့ ကြၽန္ေတာ္႕ဘက္ကျငင္းစရာမ႐ွိပါဘူး...ဒါနဲ႔ အဲ့ေကာင္ေလးကေရာလက္ခံပါ့မလား...

"သား..Yoongiလက္ခံတာမွန္ပါတယ္..အဲ့ကေလးေလးက အရမ္းကေလးဆန္ၿပီးခ်စ္ဖို႔လည္းေကာင္းတယ္..."

"ဟုတ္တယ္ မိန္းမေရ အဲ့လိုခ်စ္ဖို႔ေကာင္းေနေတာ့တစ္အိမ္လုံးကခ်စ္ၾကတာလည္းမဆန္းပါဘူး"

"ဒီလိုကေလးမ်ိဳးေလးဆီက်မွဘာလို႔ေရာဂါဆိုးကပ္ေနမွန္းမသိပါဘူး အစ္မကသူ႕သားေလးအေၾကာင္းအၿမဲေျပာတယ္ ကြၽန္မေတာင္နားေထာင္ရင္းနဲ႔သနားလြန္းလို႔ဝမ္းနည္းမိပါတယ္ဆို..."

"ဒါေပမဲ့လည္း ေရာဂါသည္နဲ႔မတူေအာင္ ေပ်ာ္ေပ်ာ္ေနတတ္တာပဲေလ သူ႕ဘဝနဲ႔သူေပ်ာ္ေနတာပဲ လူႀကီးေတြကလည္းေပ်ာ္ေအာင္ထားေပးတာကို..."

"ငါ့သားေတြသမီးေတြေျပာတာမွန္တယ္ အဲ့ေတာ့ မနက္ျဖန္ သူတို႔အိမ္ကိုသြားၾကမယ္ ကေလးေတြကိုလည္းေပးေတြ႕ရင္း ေစ့စပ္ေပးဖို႔စီစဥ္ၾကမယ္.."

"ဟုတ္ကဲ့ပါ..."

"‌ရၿပီ..သြားနားၾကေတာ့.."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"သားေရ...Ji Jiေလးလိမၼာပါတယ္..အခန္းထဲကထြက္လာခဲ့ပါဦး..."

အခုကေတာ့ အိမ္ကလူႀကီးေတြမေနရေတာ့ဘူး Jiminကိုေဖ်ာင္းဖ်ေနရသည္။ ဒီကေလးေလးအခန္းထဲဝင္သြားတာ ေတာ္ေတာ္ၾကာေနၿပီ...

"ေျမးေလး အဘြားေလ..အဘြားေျမးေလးကလိမၼာပါတယ္...ထြက္လာခဲ့ေနာ္"

"ခ်ေလာက္!!"

အဘြားရဲ႕အသံၾကားမွထြက္လာတဲ့Jimin...

"အိုက္ယိုး..ငါ့ေျမးေလးကဘာလို႔ငိုေနရတာတုန္း..မ်က္လုံးေတြရဲေနတာပဲ"

"ဟင့္...ဟင့္"

"Ji Ji ေလးလာ...ဘိုးဘိုးေခၚေနတယ္"

"ဟုတ္..ဟင့္ ဟင့္"

အေမ နဲ႔ အဘြားက Jiminကိုအဘိုးဆီေခၚလာလိုက္သည္။ အဘိုးက နားဝင္ေအာင္ေဖ်ာင္းဖ်ေပးႏိုင္ဖို႔ပဲေမွ်ာ္လင့္ပါတယ္...

"ဘိုးဘိုး..."

"ေဟာ..Ji Jiေလး ဘာလို႔ငိုတာလဲကြယ္ လာပါဦး ဘိုးဘိုးဆီ"

Jiminရဲ႕အဘိုးကထိုင္‌ေနရာက‌ေနခ်က္ခ်င္းထလာကာJiminကိုလက္ကေနကိုင္ကာေခၚလာသည္။ၿပီးေတာ့Jiminကိုခုံေပၚမွာေသခ်ာထိုင္ခိုင္းၿပီး အဘိုးကဒူးေထာက္လ်က္Jiminလက္ကေလးကိုအုပ္ကိုင္ရင္း

"ဘိုးဘိုး ေျမးေလး က ဘာလို႔လက္မခံတာလဲ အဘိုးကိုေျပာ ေျမးေလး"

"ဟင့္..ဘိုးဘိုးတို႔က သားကိုႀကိဳမွမေျပာၾကတာ.ဟင့္..သားကိုစဥ္းစားခ်ိန္လည္းမေပးဘူး ဟင့္..."

"အင္း အဘိုးတို႔မွားပါတယ္ ေျမးကိုႀကိဳေျပာထားရမွာကို ဒါမဲ့အခုေျပာလိုက္ရင္ ေျမးေလးလက္ခံမယ္ထင္လို႔ပါ"

"ဟင့္ ဘိုးဘိုးကလည္း အခုေျပာတာကို သားကဘယ္လိုလို႔ခ်က္ခ်င္းလက္ခံႏိုင္မာလဲလို႔"

"ေအးပါကြယ္ ေျမးေလးေျပာတာလည္းမွန္ပါတယ္ ဒါဆို လက္မထပ္ခ်င္တာဘာလို႔လဲ"

"သားလက္မထပ္ခ်င္ဘူးဆိုတာ ဘိုးဘိုးတို႔နဲ႔ေနခ်င္ေသးတယ္ေလ သားဘိုးဘိုးတို႔နဲ႔မခြဲႏိုင္ေသးဘူး အီးဟီးးးးးးးးးးး"

ေျပာၿပီးတာနဲ႔ထငိုတာေၾကာင့္ လူႀကီးေတြမွာလန္႔သြားၾကသည္။ေနာက္မွသေဘာေပါက္သြားၾကသည္။လူႀကီးေတြက‌တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ၿပီးျပဳံးစိစိJiminကတစ္ဖန္သူ႕အဘိုးကိုဖက္ကာဆက္ေျပာသည္။

"သားက ဘိုးဘိုးတို႔နဲ႔ေနခ်င္ေသးတာ ဘိုးဘိုးတို႔ကိုခ်စ္လို႔လဲမဝေသးသလို ဆိုးလို႔လည္းမဝေသးဘူး..."

"ဟားဟားးးး ငါ့ေျမးရယ္ ဘိုးဘိုးတို႔ေျပာၿပီးသားေလ ေျမးေလးကဘိုးဘိုးတို႔နဲ႔ေနလို႔ရေသးတယ္..အခုကေစ့စပ္႐ုံပဲေစ့စပ္မွာ ေမာင္ရင္ေလးနဲ႔ဘိုးေျမး‌ေလး ‌တို႔ရင္းႏွီးၿပီးသံေယာဇဥ္ေတြျဖစ္ၿပီဆိုမွ လက္ထပ္ေပးမွာပါ"

"ဟင့္...တကယ္ေနာ္ သားကိုပစ္တာမဟုတ္ဘူးေနာ္"

"ဟုတ္ပ့ဗ်ာ ဘိုးဘိုးက ေျမးကိုဘာလို႔ပစ္ရမွာလဲ ခ်စ္လို႔ေတာင္မဝတာကို..."

"အာ့ဆို ၿပီးေရာ...သားလက္ခံတယ္"

"ေဟာ..ဘိုးေျမးေလးကလိမၼာလိုက္တာဗ်ာ"

"ဟီးဟီး..."

အဲ့ေတာ့မွပဲ အိမ္ကလူႀကီးေတြ စိတ္ခ်မ္းသာသြားၾကေတာ့တယ္....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

                                 

18К6150

There are no comments yet. Log in to be the first to leave a review!

Similar stories