Fanfics

A Portrait

11:22, 16 June 2023

Unicode

ကောင်းကင်ပြာပြာကိုသဘောကျလား၊ တိမ်ဖြူဖြူတွေကိုသဘောကျလားဆိုရင် ကောင်းကင်ပြာပေါ်က တိမ်စိုင်တိမ်ခဲလေးတွေကို သဘောကျတယ်ထင်တယ်။ သူ့ချည်းပြာလွင်နေတော့လည်း တစ်ခုခုလိုနေတတ်သလို၊ တိမ်ဖုံးနေတော့လည်း အပြာရောင်လွင်ပြင်လေးကိုမြင်လိုပြန်တယ်။ ဆိုတော့ ကောင်းကင်ပြာပေါ်က တိမ်စိုင်တွေကအကောင်းဆုံးပဲ။

ဆိုင်တံခါးဝက ဆည်းလည်းလေးတွေမြည်သံကြားကြားချင်း အသံကြည်ကြည်ဖြင့် နှုတ်ဆက်စကားဆိုလိုက်တယ်။ ပြီးမှ ဧည့်သည်ကိုသူကြည့်မိတယ်။

"ဟေး.... မင်းက ဟိုကောင်လေးပဲ"

သူ့အားဝမ်းသာအားရနှုတ်ဆက်ရှာတဲ့ အဲ့ဒီလူကို သူဘယ်လိုပြုံးပြရမလဲဆိုတာ စက္ကန့်ပိုင်းလောက်စဉ်းစားလိုက်ရတယ်။

"ဟုတ်ကဲ့၊ ဘာများသုံးဆောင်မလဲခင်ဗျ"

"အိုခေ၊ မိုခါးကိတ်တစ်ခု ၊ချိ့စ်ကိတ်တစ်ခုနဲ့ ကာပ်ချီနိုတစ်ခွက်၊ ဆိုင်မှာစားမယ်နော်"

"ဟုတ်ကဲ့ ခဏစောင့်ပေးပါ"

ဆွယ်တာ့လူကိုဆုံလိုက်ရတာမို့ ဆွယ်တာပါလာမလား မသိစိတ်ကရှာဖွေမိပေမဲ့ အရိပ်လေးတောင်မြင်တွေ့ခွင့်မရဘူး။ ဆိုင်ကိုမလာဖို့ဆုတောင်းမိတာလည်းသူပဲဆိုပေမဲ့ ရူးမတတ်တွေ့ချင်တာလည်းသူပဲလေ။

"မှာထားတာလေးတွေ ပြည့်စုံပါရဲ့လား"

"အကုန်စုံပါပြီ၊ အဲ...ဟိုလေ၊ ခက်ရင်းနောက်တစ်ချောင်းလောက်ပေးပါလား"

ခက်ရင်းနောက်တစ်ချောင်းတောင်းသည်ဆိုတော့ ဆွယ်တာများရောက်လာမှာကြောင့်လား။ သူခက်ရင်းသွားယူပြီး ကမ်းပေးလိုက်တဲ့အခါ ဆွယ်တာ့လူက ချိ့စ်ကိတ်ပန်းကန်မှာ ခက်ရင်းကိုကပ်လိုက်တယ်။ သူကောင်တာပြန်ရောက်သွားပေမဲ့ ဝင်ပေါက်နဲ့ အဲ့ဒီလူကိုပဲ အာရုံရောက်နေတော့တယ်။ ဒါပေမဲ့ ဆွယ်တာမလာပါဘူး။ အဲ့ဒီလူက ကိတ်မုန့်နှစ်ခုမို့ ခက်ရင်းနှစ်ခုလိုချင်ရုံသက်သက်ပဲ။ တစ်ချောင်းတည်းနဲ့စားရင် အရသာတွေရောကုန်မှာစိုးလို့ဖြစ်မယ်။

သူအလုပ်ချိန်ပြီးလို့ ဆိုင်ကထွက်မယ့်အချိန် ဆွယ်တာ့လူနဲ့ ပခုံးချင်းယှဉ်တိုးပြန်တယ်။ တိုက်လည်းတိုက်ဆိုင်တတ်လွန်းတယ်။

"ပြန်တော့မှာလား"

"ဟုတ်ကဲ့"

ရှောင်ထွက်ပြေးဖို့ကြိုးစားပေမဲ့ ညိုမဲနေခဲ့တဲ့မိုးသားတွေရဲ့ ရုတ်တရက်ဆန်မှုကြောင့် သူ့ခြေလှမ်းတွေတန့်သွားတော့တယ်။

"ဟာ မိုးရွာပြီ"

ဆွယ်တာ့လူက ဒီလိုပြောရင်း သည်းသည်းမည်းမည်းရွာနေတဲ့မိုးကို ခပ်ပြုံးပြုံးကြည့်နေတယ်။ ဆွယ်တာ့ကိုပိုင်ဆိုင်ထားရတဲ့သူမို့ ဒီလိုပြုံးနေနိုင်တာလားလို့ ဦးနှောက်ကခပ်တုံးတုံးတွေးလိုက်သေးတယ်။

"ယုံးဘို့-ကွန်း ထီးယူသွားလေ"

တာရှိဂဝ-စံက ထီးယူဖို့ပြောတာကြောင့် သူပြန်ဝင်ယူလိုက်တယ်။ ဒါပေမဲ့အပေါက်ဝမှာ ဟိုလူရှိနေတုန်းပဲ။ ကာစတန်မာရယ်၊ ကျန်းမာရေးမကောင်းတဲ့သူရယ်မို့ ထီးကိုပေးလိုက်သင့်တယ်ဆိုပြီး ဦးနှောက်ကစေ့ဆော်လာတဲ့အခါ ချက်ချင်းလုပ်ဆောင်မိပြန်တယ်။

"ထီးယူသွားလိုက်ပါလား၊ မနက်ဖြန်မှ ပြန်လာထားလို့ရတယ်"

"ရပါတယ်၊ မင်းကပြန်ရမှာမလား ယူသွားပါ၊ ဒီမိုးကလည်း ခဏနေစဲသွားမှာပါ"

အဲ့ဒီလူရဲ့စကားပြောသံကိုနားထောင်နေရင်း ဆွယ်တာဘယ်မှာရှိနေလဲ သိချင်စိတ်ပြင်းပြနေမိတယ်။ မေးသင့်လား ၊ မမေးသင့်လား လွန်ဆွဲနေတုန်း စိတ်တစ်ချက်လွတ်ရုံနဲ့ နှုတ်ကမေးပြီးသားဖြစ်သွားတယ်။

"Samမပါဘူးလား"

"ဟင်...သြော် ဆွယ်တာလား"

သူခေါင်းညိတ်ပြတယ်။ အဲ့ဒီလူကတော့ ပြုံးပြုံးပဲဆက်ပြောနေတယ်။

"ဆွယ်တာက ကိုယ့်ကိုစိတ်ဆိုးနေတာထင်တယ်၊ တစ်နေကုန်တော့အကောင်းပဲ၊ ကိတ်မုန့်စားချင်လို့ ဒီဆိုင်သွားရအောင်ပြောတော့ မသွားချင်ဘူးချည်းငြင်းနေတာ၊ ကိုယ်လည်း ဘာဖြစ်လို့လဲမေးပေမဲ့ သူကမဖြေဘူး၊ အဲ့ဒီကြားထဲ ကိုယ်သူမကြိုက်တာ တစ်ခုခုလုပ်မိလိုက်တယ်ထင်တယ်"

ဆွယ်တာ့အကြောင်းတွေးရ၊ ပြောရတာကြိုက်တဲ့သူမှန်း သိက်သိသာတယ်။ သူ့မျက်နှာမှာအပြုံးချည်းပဲ။ ရောဂါသည်ဆိုတာတောင် မေ့လောက်အောင် တက်ကြွနေတယ်။

"အခုတော့ ပန်းချီဆွဲနေမယ်ထင်တယ်၊ ဆွယ်တာက ပန်းချီဆွဲတာ အရမ်းတော်တာလေ၊ သြော် ဟုတ်သား၊ မင်းကသူ့တပည့်ပဲ ကိုယ်ကမေ့ပြီးပြောပြနေတာ"

သူပါအလိုလိုလိုက်ရယ်မိတဲ့အဖြစ်မျိုးဖြစ်သွားတယ်။ ဒီလူက တစ်မျိုးတော့တစ်မျိုးလေးပဲ။

"ဟုတ်တယ်၊ Samပန်းချီတွေက တကယ်လှတယ်"

မဆီမဆိုင် မျက်ဝန်းအောက်က မှဲ့နက်လေးကို သူပြေးမြင်ယောင်တယ်။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် နာမည်တောင်မသိကြပါဘဲ ဆွယ်တာဆိုတဲ့လူတစ်ယောက်တည်းရဲ့အကြောင်းကိုပဲ ပြောနေတာ အံ့တော့အံ့သြစရာပဲ။

"ဒီညမိုးမတိတ်ရင် ကိုယ်တို့အိမ်လိုက်တည်းလေ၊ ဆွယ်တာက မင်းဆရာပဲကို"

"ရပါတယ်၊ ကျွန်တော်ပြန်မှရမှာမို့ပါ၊ အရင်ပြန်နှင့်ပါမယ်"

သူထီးကိုဖွင့်ပြီး ပခုံးထက်မှာစောင်းတင်လိုက်တယ်။ အဲ့ဒီနောက် လမ်းမတည့်တည့်မျှော်အကြည့်မှာတော့ ထီးအဖြူလေးဆောင်းရင်း လျှောက်လာနေတဲ့ဆွယ်တာ။ ဆွယ်တာအဖြူရောင်၊ ထီးအဖြူရောင်နဲ့ ညဘက်မိုးရွာချိန်ထဲကနေ ထွက်လာတဲ့ပုံစံကို သူခဏငေးကြည့်မိတယ်။ သို့ပေမဲ့ မျက်ဝန်းချင်းဆုံချိန်မှာတော့ သူကအရင် မျက်နှာကိုလွှဲဖယ်လိုက်ပြီး ခပ်သုတ်သုတ်ရှောင်ထွက်လိုက်တယ်။ ခပ်လှမ်းလှမ်းရောက်မှ ပြန်လှည့်ကြည့်မိတော့ ရှင်းလင်းသွားတဲ့ဆိုင်ဝင်ပေါက်လေးကို မြင်ရမယ်။

ဆွယ်တာက သူ့လူကိုလာကြိုတာ....။

လက်ကခြစ်ချင်ရာလျှောက်ခြစ်နေတော့ ဘာမှန်းမသိတဲ့ပုံတွေပဲပေါ်ပေါ်လာတယ်။ ရှုပ်ထွေးနေတဲ့သူ့အတွေးအပိုင်းအစတွေဖြစ်ချင်ဖြစ်လိမ့်မယ်။

"ဟိတ် Lix"

"ငါ့ကိုအဲ့ဒီလိုမခေါ်နဲ့"

လေသံခပ်ပြတ်ပြတ်နဲ့ သတိပေးသလိုဖြစ်သွားပေမဲ့ သူအားမနာနိုင်ဘူး။ မကြားချင်တာတော့တကယ်ပဲ။

"မင်းကလည်းအခုတလောစိတ်ချည်းပဲ၊ ငါမနက်က ရုံးခန်းမှာ စာအုပ်တွေသွားပို့ရင်း ဘယ်သူ့ကိုတွေ့လာတယ်ထင်လဲ"

တစ်နေ့တစ်နေ့ ဒီသူငယ်ချင်း စကားများကောင်ရန်ကနေလွတ်ဖို့ ဘယ်လိုကြိုးပမ်းရမလဲ သူမသိဘူး။ စိတ်ဆိုးပြလည်းအလိုက်ကန်းဆိုးမသိဘူး။ အခုလို သူများတွေတိတ်တဆိတ် ပန်းချီဆွဲနေချိန်မှာတောင် သူကစကားကပ်ပြောလို့ကောင်းတုန်း။

"ဟိုဆွယ်တာပဲဝတ်တဲ့ဆရာလေ"

ခပ်နာနာချွန်ပြီး စာရွက်ပေါ်မှာ ပြန်ခြစ်နေမိတဲ့ခဲတံက ခဲသားက ထောက်ခနဲကျိုးထွက်သွားတယ်။ သူမသိချင်ယောင်ဆောင်ပြီး ခဲတံကိုပြန်ချွန်ဖို့ကြိုးစားပေမဲ့ အချွန်လွန်ပြီးခဲဆံကထပ်ကျိုးထွက်လာတယ်။

"သူငါတို့ကိုမနှုတ်ဆက်လိုက်ရလို့ လာနှုတ်ဆက်တယ်ထင်တယ်နော်"

"ငါဘယ်လိုလုပ်သိမှာလဲ၊ မင်းမြင်လာတာ မင်းမေးခဲ့လိုက်ပါလား"

"သူကတခြားဆရာနဲ့စကားပြောနေလို့ကွ၊ မဟုတ်ရင်မေးတာပေါ့"

"မင်းပြောပြီးရင်လည်း ဆွဲစရာရှိတာဆွဲစမ်းပါ"

"အေးပါကွာ၊ မင်းကဘာဖြစ်နေမှန်းကိုမသိတာ"

အစကတည်းက ဘာမှဆွဲမရတဲ့လက်က အခုပိုဆိုးသွားပြီဆိုတာ သူသိလိုက်တယ်။ ဆရာကိုအားနာရတာမို့ သူမထိုင်ချင်ဘဲဆက်ထိုင်ခြစ်နေပေမဲ့ ဆွယ်တာများ အတန်းထဲလာနှုတ်ဆက်မလားဆိုတဲ့ကြောက်စိတ်ရှိနေတယ်။ မဆီမဆိုင်တဲ့ဘေးလူဆိုပေမဲ့ ဆွယ်တာ့ကိုသူတော်တော်စိတ်ဆိုးမိသလိုပဲ။ ဘာလို့များ သူနဲ့အရင်မတွေ့ရတာလဲ။ ဘာလို့များသူ့ကိုမစောင့်ရတာလဲ။ ဟိုလူ့ကိုမချစ်ခဲ့ဘူးဆို ဒီအတိုင်းနေခဲ့ပါရောလား။ အပြစ်တင်စိတ်တွေရှိပေမဲ့ အခြေအနေအရ လက်တွေ့ကျကျစဉ်းစားရင်တော့ စည်းစကျော်မိတာကသူ။

အတန်းထဲကထွက်လို့ရတာနဲ့ အားလုံးထက်စောပြီးကို သူထထွက်လာတော့တယ်။ လှေကားတွေကိုကျော်ဆင်းရတိုင်း သူ့နှလုံးခုန်သံတွေပုံမှန်မဟုတ်တာကို ပိုခံစားရတယ်။ နှလုံးရောဂါထက် သူ့စိတ်ရောဂါကတကယ်ပိုဆိုးနေပြီ။ ရူးမတတ်တွေ့ချင်တယ်လို့ပဲ စိတ်ထဲကအော်ဟစ်နေတာ။

အလိုအလျောက်ဈေးရောင်းစက်ကနေ ဂလုတ်ခနဲကျလာတဲ့အချိုရည်ဘူးကိုဆွဲနှုတ်ပြီး တစ်ချိုက်တည်းဖောက်သောက်ပစ်လိုက်တယ်။ ပြီးတာနဲ့ အားအင်ကင်းကင်းနဲ့ပဲ အမှိုက်ပုံးထဲလှမ်းပစ်ထည့်မိတယ်။ ခါတိုင်းတည့်နေကျလက်က ဒီနေ့မှ ကွက်တိလွဲတာပဲ။ ချက်ချင်းပြန်ပြေးကောက်ဖို့လုပ်ပေမဲ့ သူ့ထက်အလျင်ကောက်ထည့်သွားတဲ့လူကြောင့် ရပ်တန့်လိုက်ရတယ်။

"ကောင်လေး၊ အမှိုက်ကိုဒီလိုမပစ်နဲ့"

အချိန်ပိုင်းလုပ်သည့်ဆိုင်တွင်ပေါ်လာရသည်ကိုအားမရလို့ ကျောင်းထိပေါ်လာသလားထင်ရအောင် ဒီလူပေါ်လာပြန်တယ်။

"သြော်... အစ်ကိုပဲ၊ ကျောင်းကိုဘာလာလုပ်တာလဲ"

"ဆွယ်တာ့နောက်လိုက်လာတာပါ၊ ဆွယ်တာကအခု သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူရှိနေတယ်၊ ကိုယ်ကပျင်းလို့ ကျောင်းထဲပတ်ကြည့်နေတာ၊ ငယ်ဘဝကိုတောင်လွမ်းသွားတယ်"

ခမ်လှမ်းလှမ်းကမြင်နေရတဲ့အားကစားကွင်းကြီးကို ငေးကြည့်ရင်း ဒီဖြူဖျော့ဖျော့နဲ့ အားမရှိတော့တဲ့လူပြောပုံက တကယ်သနားစရာကောင်းလွန်းအားကြီးတယ်။ အနွေးထည်ခပ်ထူထူအရှည်ကြီးက တွေ့စကထက်ပိုမိုပိန်ကျသွားတဲ့ ခန္ဓာကိုယ်ကိုဖုံးအုပ်ထားနိုင်ပေမဲ့ မျက်နှာကိုတော့ မဖုံးအုပ်နိုင်ဘူး။ ဒီလူ့ကိုကြည့်ရင်း သူသနားလာမိတယ်။

"မင်း...မင်းရဲ့ပုံတူပန်းချီ"

သူကိုယ်ချင်းစာစိတ်အပြည့်နဲ့ ငေးစိုက်မိတဲ့သူက သူ့ကိုမကြည့်ဘဲ ချက်ချင်းနားလည်ဖို့ခက်တဲ့ စကားကိုဆိုလာတယ်။

"ဟင်"

"မင်းရဲ့ပုံတူပန်းချီလေ...၊ ဆွယ်တာ့အခန်းထဲမှာ ငါတွေ့တယ်"

"သြော်...ဟုတ်"

သူနေရကြပ်သွားသလို ဖြေရလည်းခက်သွားတယ်။

"Samက ပုံတူပန်းချီဆွဲချင်တယ်ဆိုလို့ ကျွန်တော်ကူညီလိုက်တုန်းကထင်တယ်"

သူ့စကားကရယ်စရာမပါပေမဲ့ အဲ့ဒီလူက တစ်ချက်ဟက်ခနဲရယ်တယ်။ အဲ့ဒီရယ်သံက သူ့စိတ်ကိုလည်း လှိုက်ခနဲတုန်လှုပ်စေတယ်။

"ကိုယ့်ဘဝမှာ ဆွယ်တာက လူတစ်ယောက်ပုံတူဆွဲတာ တစ်ခါမှမတွေ့ဖူးဘူး"

လေပြင်းတစ်ချက်က နေရောင်ဖျော့ဖျော့ကအပူဓာတ်ကလေးသယ်ရင်း ဖြတ်ပြေးသွားတယ်။

"ကိုယ်ဆွယ်တာ့ကိုမေးမိတယ်"

သူနှလုံးခုန်သံတွေက မငြိမ်သက်နိုင်ဘဲ စိတ်လှုပ်ရှားလွန်းအားကြီးနေတယ်။ အပြစ်လုပ်ထားမိတဲ့သူဆိုပေမဲ့ ဆွယ်တာ့ကိုထိခိုက်မှာ သူပိုကြောက်တယ်။

"တကယ်ကစမိတာ၊ ကိုယ့်ပုံတူတောင်မဆွဲဖူးတာ ဒီကောင်လေးကျမှဆွဲတယ်ဆိုတော့ ဆွယ်တာရိုးရဲ့လားလို့ စလိုက်မိတာ"

နောက်တစ်ကြိမ် ခပ်ဟဟရယ်သံထွက်လာပြန်တယ်။ သူဒီနေရာကနေ ထွက်မပြေးမိအောင် ခြေလှမ်းတွေကို ထိန်းထားရတယ်။

"ဆွယ်တာက စိတ်ဆိုးသွားတယ်သိလား၊ သူ့ပစ္စည်းတွေကို လျှောက်ထိပါတယ်၊ သူ့ပန်းချီခန်းထဲဝင်ကြည့်ပါတယ်ဆိုပြီး သောင်းကျန်းတော့တာပဲ၊ ပြီးတော့တစ်ညလုံးလည်းစကားမပြောတော့ဘူး၊ အခုထိပဲ"

သူ့ဘက်ကနေ ပြန်ပြောစရာစကားမရှိခဲ့ဘူး။ ငြိမ်သက်ပြီးရင်းငြိမ်သက်။ တုန်လှုပ်ပြီးရင်းတုန်လှုပ်နေခဲ့တယ်။ လေပြေသာဝေ့မနေရင် တိတ်ဆိတ်လွန်းအားကြီးလို့ ကြောက်စရာကောင်းနေခဲ့လိမ့်မှာသေချာတယ်။

"ငါမရှိတော့ရင် ဆွယ်တာ့အနားမှာ ဘယ်သူရှိနေလောက်မလဲ"

"ကျွန်တော် အချိန်ပိုင်းရှိသေးလို့၊ ခွင့်ပြုပါဦး"

မရိုင်းပေမဲ့ ယဉ်ကျေးရာမကျတဲ့ပုံစံနဲ့ သူရှောင်ထွက်လာခဲ့တယ်။ ခပ်ငြိမ်ငြိမ်ပြေးနေတဲ့ရထားပေါ်မှာ သူဟာလည်းငြိမ်ငြိမ်သက်သက်ပဲ။ ငြိမ်နေရုံကလွဲပြီးတော့လည်း သူမတတ်နိုင်တော့ဘူး။ အားလုံးက သူ့အမှားလို့ထင်လာတဲ့အခိုက်အတန့်တွေကြောင့် သူဒီမြို့ကနေ လွတ်မြောက်ချင်လာတယ်။ နေရာအသစ်မှာဘဝအသစ်စချင်တယ်။ ကျောင်းမှာဆွယ်တာ့ကိုတွေ့နိုင်စရာမရှိတော့တာမို့ သူပြောင်းရမှာက အလုပ်ဖြစ်လာတယ်။ တာရှိဂဝ-စံကို အားနာနာနဲ့ပဲ သူအဲ့ဒီအလုပ်ကထွက်လာခဲ့တယ်။

သိပ်မကြာခင် ၃၊ ၄ရက်မှာပဲ သူ့ကျောင်းနဲ့သိပ်မဝေးတဲ့ဆိုင်တစ်ခုမှာ အလုပ်ရခဲ့တယ်။ ဆွယ်တာနဲ့ဝေးလာတာ ဘယ်နှရက်တောင်ရှိပြီလဲ သူမတွက်ချင်တော့ဘူး။ ကုန်ပါစေ။ အချိန်တွေကုန်ပါစေ။ အချိန်တွေကုန်တာမြန်လေ သူ့ဒဏ်ရာလည်းသက်သာလာလေဖြစ်မှာမို့ တစ်နေ့ပြီးတစ်နေ့ မြန်မြန်ပြီးသွားဖို့ပဲဆုတောင်းတယ်။

နေ့ရက်အနည်းငယ်မှာ သူနေသားကျလာတယ်။ အချိန်တော်တော်များများမှာ ဆွယ်တာ့ကိုသတိရမိတတ်ပေမဲ့ နေတတ်လာတယ်။ ခံစားမှုကိုလက်ခံတတ်လာတယ်။ ဒီလိုနဲ့အရာအားလုံးပြီးဆုံးသွားမယ်ထင်တယ်။ ဒီအတိုင်းလေးပဲ အဆုံးသတ်လိုက်ရမယ်။

အလုပ်ချိန်ပြီးကာနီးပြီမို့ သူဒီညအတွက် ညစာကိုတွေးနေမိတယ်။ ဒီအတိုင်း ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ ထမင်းဆုပ်တစ်လုံးဖြစ်သင့်လား၊ လစာထုတ်ရက်နီးပြီမို့ လက်ထဲကျန်တာလေးနဲ့ ကိုယ့်ဘာသာကောင်းကောင်းကျွေးမွေးသင့်လား။ တစ်ယောက်တည်းနေရတဲ့ဘဝက တကယ်တော့သာသာယာယာပဲ။ စားချင်ရာစား၊ စိတ်ပါတာစားရုံပဲ။ ဘယ်သူကတော့ ဘာကြိုက်တတ်တယ်ဆိုပြီးတွေးရင်း လုပ်ပေးခဲ့ဖူးတဲ့အခိုက်အတန့်လောက် ရင်ခုန်စရာမရှိပေမဲ့ သူအေးချမ်းတယ်လို့တော့ထင်တယ်။ အထင်ပါပဲ။ တစ်ခါတရံ ဒီလိုတွေးတယ်။ တစ်ခါတရံ အရှုံးသမားလိုတွေးတယ်။ လူတစ်ယောက်ပီပီသသပဲ သူ့စိတ်က အတက်အကျဖြစ်စမြဲပဲ။

"၂သောင်း၆ထောင်နဲ့၅ရာယန်း ကျသင့်ပါတယ်"

ဧည့်သည့်လက်ထဲက ကျသင့်ငွေကိုယူပြီး ပိုတာပြန်အမ်းလိုက်ပေမဲ့ ဧည့်သည်က သူ့ကိုခပ်တွေတွေကြည့်နေခဲ့တယ်။

"ဘာများကျန်သေးလဲခင်ဗျ"

"ကျန်တော့မကျန်ဘူး၊ ငါ့စိတ်ထဲမင်းကိုမြင်ဖူးနေလို့"

ဧည့်သည်ပြောကာမှ သူ ဧည့်သည်ကိုသေချာကြည့်မိတယ်။ သူကော်ဖီခွက်နဲ့ ဖြတ်တိုက်ခဲ့တဲ့လူ။

"အာ... ကျွန်တော်တို့ ပင်မင်းဆိုင်အတူတူသွားခဲ့တယ်လေ၊ အင်္ကျီတွေစွန်းကုန်လို့"

သူကဝမ်းသာအားရနှုတ်ဆက်တော့ တစ်ဖက်ကလည်း သတိရသွားဟန်နဲ့ ဝမ်းသာအားရနှုတ်ဆက်တယ်။

"အဲ့တာကြောင့်မြင်ဖူးတယ်လို့ တွေးနေတာ၊ စဉ်းစားမရတာနဲ့၊ ကျောင်းသားက ဒီမှာအချိန်ပိုင်းလုပ်နေတာလား"

"ဟုတ်ပါတယ်၊ ကျွန်တော်ဒီမှာညနေတိုင်းရှိတယ်"

"ငါလည်းဒီနားမှာနေတာပဲ၊ အခုမှဆုံတော့တယ်၊ စာရောကြိုးစားနေလား"

"ဟုတ်...လုပ်တော့လုပ်နေပါတယ်ဗျ"

သူခပ်ကျဲကျဲရယ်ရင်းဖြေမိတယ်။

"ကောင်းတယ် ကြိုးစားကွာ၊ ငါတို့ကုမ္ပဏီကိုလာရင် သေချာကြိုဆိုပေးမယ်"

သူပြောခဲ့တဲ့စကားကို အတည်မှတ်နေတော့ သူအနည်းငယ်တော့ရယ်ချင်ချင်ဖြစ်တယ်။ သူဘယ်လောက်တောင် အရူးထခဲ့လဲဆိုတာ အခုမှပိုသိလာတော့တယ်။

"ငါတို့ကုမ္ပဏီမှာ ကိုရီးယားလူမျိုးရောက်နေပြီ၊ မင်းကြိုးစားရင် အဖော်လည်းရှိမှာပါ၊ အရင်ငါပြောဖူးတဲ့တစ်ယောက်တော့မဟုတ်ဘူး၊ သူက ဒီနေ့ပဲဆုံးတယ်"

ရုတ်တရက် ကောင်းကင်ကနေကျလာတဲ့လျှပ်စီးက သူ့ခေါင်းထဲ ဝင်သွားသလိုမျိုးခံစားလိုက်ရတယ်။ ဆွယ်တာ့လူဆုံးပြီလား။

"ကဲ ငါသွားပြီ ကျောင်းသားလေး၊ ထပ်ဆုံကြတာပေါ့"

နိုမူရ-စံက သူ့ကိုအတွေးတွေပေးပြီး ထားခဲ့တယ်။ ဆွယ်တာ့လူဆုံးပြီဆိုတော့ ဆွယ်တာအခုချိန် ဘယ်လိုနေနေမလဲ။

အိမ်အပြန်လမ်းတစ်လျှောက်မှာ ခိုကပ်နေတဲ့ရေကွက်ငယ်တွေကို သူဂရုမပြုဘဲ နင်းဖြတ်လာတယ်။ ဆွယ်တာအခုချိန်ဆို ငိုနေလောက်မလား။ ဆွယ်တာ့အနားမှာ နှစ်သိမ့်ပေးမယ့်သူရောရှိပါရဲ့လား။ ပူပန်တဲ့စိတ်ကလေးက ကြီးစိုးလာတော့ ဆွယ်တာ့ဆီသွားချင်ပါတယ်။ မေ့လောက်ရင် မရမကပြန်တွန်းပို့တတ်တာ ကံကြမ္မာလေလား၊ သူ့စိတ်လေလား။

ဘယ်လိုနေနေ ဆွယ်တာ့လူရဲ့ ဈာပနကိုတော့ သူသွားသင့်တယ်ထင်တယ်။ မမြင်ကွယ်ရာကနေဖြစ်ဖြစ် ဆွယ်တာ့အခြေအနေကို သူသွားကြည့်ချင်မိတယ်။ အဆင်ပြေနေပါ့မလား။ ဆွယ်တာအတော်များ ငိုနေမှာလား။

မိုးစက်တွေထပ်ကျလာပြန်တယ်။ အိမ်အပြန်လမ်းကို သူခပ်နာနာနင်းရင်း ပြေးခဲ့မိတယ်။ လွတ်မြောက်နိုင်မလား။ လွတ်မြောက်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မိုးပြန်စိုခဲ့တယ်...။

Thanks For Reading

Note

မုန့်တီ(moti)လေးတွေပေးကြပါဦးဗျာ။

Zawgyi

ေကာင္းကင္ျပာျပာကုိသေဘာက်လား၊ တိမ္ျဖဴျဖဴေတြကုိသေဘာက်လားဆုိရင္ ေကာင္းကင္ျပာေပၚက တိမ္စုိင္တိမ္ခဲေလးေတြကုိ သေဘာက်တယ္ထင္တယ္။ သူ႔ခ်ည္းျပာလြင္ေနေတာ့လည္း တစ္ခုခုလိုေနတတ္သလို၊ တိမ္ဖံုးေနေတာ့လည္း အျပာေရာင္လြင္ျပင္ေလးကုိျမင္လိုျပန္တယ္။ ဆုိေတာ့ ေကာင္းကင္ျပာေပၚက တိမ္စုိင္ေတြကအေကာင္းဆံုးပဲ။

ဆုိင္တံခါးဝက ဆည္းလည္းေလးေတြျမည္သံၾကားၾကားခ်င္း အသံၾကည္ၾကည္ျဖင့္ နႈတ္ဆက္စကားဆုိလိုက္တယ္။ ၿပီးမွ ဧည့္သည္ကုိသူၾကည့္မိတယ္။

"ေဟး.... မင္းက ဟုိေကာင္ေလးပဲ"

သူ႔အားဝမ္းသာအားရနႈတ္ဆက္ရွာတဲ့ အဲ့ဒီလူကုိ သူဘယ္လိုၿပံဳးျပရမလဲဆုိတာ စကၠန္႔ပုိင္းေလာက္စဥ္းစားလိုက္ရတယ္။

"ဟုတ္ကဲ့၊ ဘာမ်ားသံုးေဆာင္မလဲခင္ဗ်"

"အုိေခ၊ မုိခါးကိတ္တစ္ခု ၊ခ်ိ့စ္ကိတ္တစ္ခုနဲ႔ ကာပ္ခ်ီႏုိတစ္ခြက္၊ ဆုိင္မွာစားမယ္ေနာ္"

"ဟုတ္ကဲ့ ခဏေစာင့္ေပးပါ"

ဆြယ္တာ့လူကုိဆံုလိုက္ရတာမုိ႔ ဆြယ္တာပါလာမလား မသိစိတ္ကရွာေဖြမိေပမဲ့ အရိပ္ေလးေတာင္ျမင္ေတြ႕ခြင့္မရဘူး။ ဆုိင္ကုိမလာဖုိ႔ဆုေတာင္းမိတာလည္းသူပဲဆုိေပမဲ့ ရူးမတတ္ေတြ႕ခ်င္တာလည္းသူပဲေလ။

"မွာထားတာေလးေတြ ျပည့္စံုပါရဲ႕လား"

"အကုန္စံုပါၿပီ၊ အဲ...ဟုိေလ၊ ခက္ရင္းေနာက္တစ္ေခ်ာင္းေလာက္ေပးပါလား"

ခက္ရင္းေနာက္တစ္ေခ်ာင္းေတာင္းသည္ဆုိေတာ့ ဆြယ္တာမ်ားေရာက္လာမွာေၾကာင့္လား။ သူခက္ရင္းသြားယူၿပီး ကမ္းေပးလိုက္တဲ့အခါ ဆြယ္တာ့လူက ခ်ိ့စ္ကိတ္ပန္းကန္မွာ ခက္ရင္းကုိကပ္လိုက္တယ္။ သူေကာင္တာျပန္ေရာက္သြားေပမဲ့ ဝင္ေပါက္နဲ႔ အဲ့ဒီလူကုိပဲ အာရံုေရာက္ေနေတာ့တယ္။ ဒါေပမဲ့ ဆြယ္တာမလာပါဘူး။ အဲ့ဒီလူက ကိတ္မုန္႔နွစ္ခုမုိ႔ ခက္ရင္းနွစ္ခုလိုခ်င္ရံုသက္သက္ပဲ။ တစ္ေခ်ာင္းတည္းနဲ႔စားရင္ အရသာေတြေရာကုန္မွာစုိးလို႔ျဖစ္မယ္။

သူအလုပ္ခ်ိန္ၿပီးလို႔ ဆုိင္ကထြက္မယ့္အခ်ိန္ ဆြယ္တာ့လူနဲ႔ ပခံုးခ်င္းယွဥ္တုိးျပန္တယ္။ တုိက္လည္းတုိက္ဆုိင္တတ္လြန္းတယ္။

"ျပန္ေတာ့မွာလား"

"ဟုတ္ကဲ့"

ေရွာင္ထြက္ေျပးဖုိ႔ႀကိဳးစားေပမဲ့ ညိဳမဲေနခဲ့တဲ့မုိးသားေတြရဲ႕ ရုတ္တရက္ဆန္မႈေၾကာင့္ သူ႔ေျခလွမ္းေတြတန္႔သြားေတာ့တယ္။

"ဟာ မုိး႐ြာၿပီ"

ဆြယ္တာ့လူက ဒီလိုေျပာရင္း သည္းသည္းမည္းမည္း႐ြာေနတဲ့မုိးကုိ ခပ္ၿပံဳးၿပံဳးၾကည့္ေနတယ္။ ဆြယ္တာ့ကုိပုိင္ဆုိင္ထားရတဲ့သူမုိ႔ ဒီလိုၿပံဳးေနႏုိင္တာလားလို႔ ဦးေနွာက္ကခပ္တံုးတံုးေတြးလိုက္ေသးတယ္။

"ယံုးဘုိ႔-ကြန္း ထီးယူသြားေလ"

တာရွိဂဝ-စံက ထီးယူဖုိ႔ေျပာတာေၾကာင့္ သူျပန္ဝင္ယူလိုက္တယ္။ ဒါေပမဲ့အေပါက္ဝမွာ ဟုိလူရွိေနတုန္းပဲ။ ကာစတန္မာရယ္၊ က်န္းမာေရးမေကာင္းတဲ့သူရယ္မုိ႔ ထီးကုိေပးလိုက္သင့္တယ္ဆုိၿပီး ဦးေနွာက္ကေစ့ေဆာ္လာတဲ့အခါ ခ်က္ခ်င္းလုပ္ေဆာင္မိျပန္တယ္။

"ထီးယူသြားလိုက္ပါလား၊ မနက္ျဖန္မွ ျပန္လာထားလို႔ရတယ္"

"ရပါတယ္၊ မင္းကျပန္ရမွာမလား ယူသြားပါ၊ ဒီမုိးကလည္း ခဏေနစဲသြားမွာပါ"

အဲ့ဒီလူရဲ႕စကားေျပာသံကုိနားေထာင္ေနရင္း ဆြယ္တာဘယ္မွာရွိေနလဲ သိခ်င္စိတ္ျပင္းျပေနမိတယ္။ ေမးသင့္လား ၊ မေမးသင့္လား လြန္ဆြဲေနတုန္း စိတ္တစ္ခ်က္လြတ္ရံုနဲ႔ နႈတ္ကေမးၿပီးသားျဖစ္သြားတယ္။

"Samမပါဘူးလား"

"ဟင္...ေၾသာ္ ဆြယ္တာလား"

သူေခါင္းညိတ္ျပတယ္။ အဲ့ဒီလူကေတာ့ ၿပံဳးၿပံဳးပဲဆက္ေျပာေနတယ္။

"ဆြယ္တာက ကုိယ့္ကုိစိတ္ဆုိးေနတာထင္တယ္၊ တစ္ေနကုန္ေတာ့အေကာင္းပဲ၊ ကိတ္မုန္႔စားခ်င္လို႔ ဒီဆုိင္သြားရေအာင္ေျပာေတာ့ မသြားခ်င္ဘူးခ်ည္းျငင္းေနတာ၊ ကုိယ္လည္း ဘာျဖစ္လို႔လဲေမးေပမဲ့ သူကမေျဖဘူး၊ အဲ့ဒီၾကားထဲ ကုိယ္သူမႀကိဳက္တာ တစ္ခုခုလုပ္မိလိုက္တယ္ထင္တယ္"

ဆြယ္တာ့အေၾကာင္းေတြးရ၊ ေျပာရတာႀကိဳက္တဲ့သူမွန္း သိက္သိသာတယ္။ သူ႔မ်က္နွာမွာအၿပံဳးခ်ည္းပဲ။ ေရာဂါသည္ဆုိတာေတာင္ ေမ့ေလာက္ေအာင္ တက္ႂကြေနတယ္။

"အခုေတာ့ ပန္းခ်ီဆြဲေနမယ္ထင္တယ္၊ ဆြယ္တာက ပန္းခ်ီဆြဲတာ အရမ္းေတာ္တာေလ၊ ေၾသာ္ ဟုတ္သား၊ မင္းကသူ႔တပည့္ပဲ ကုိယ္ကေမ့ၿပီးေျပာျပေနတာ"

သူပါအလိုလိုလိုက္ရယ္မိတဲ့အျဖစ္မ်ဳိးျဖစ္သြားတယ္။ ဒီလူက တစ္မ်ဳိးေတာ့တစ္မ်ဳိးေလးပဲ။

"ဟုတ္တယ္၊ Samပန္းခ်ီေတြက တကယ္လွတယ္"

မဆီမဆုိင္ မ်က္ဝန္းေအာက္က မွဲ႔နက္ေလးကုိ သူေျပးျမင္ေယာင္တယ္။ နွစ္ေယာက္သားက တစ္ေယာက္ကုိတစ္ေယာက္ နာမည္ေတာင္မသိၾကပါဘဲ ဆြယ္တာဆုိတဲ့လူတစ္ေယာက္တည္းရဲ႕အေၾကာင္းကုိပဲ ေျပာေနတာ အံ့ေတာ့အံ့ၾသစရာပဲ။

"ဒီညမုိးမတိတ္ရင္ ကုိယ္တုိ႔အိမ္လိုက္တည္းေလ၊ ဆြယ္တာက မင္းဆရာပဲကုိ"

"ရပါတယ္၊ ကြၽန္ေတာ္ျပန္မွရမွာမုိ႔ပါ၊ အရင္ျပန္နွင့္ပါမယ္"

သူထီးကုိဖြင့္ၿပီး ပခံုးထက္မွာေစာင္းတင္လိုက္တယ္။ အဲ့ဒီေနာက္ လမ္းမတည့္တည့္ေမ်ွာ္အၾကည့္မွာေတာ့ ထီးအျဖဴေလးေဆာင္းရင္း ေလ်ွာက္လာေနတဲ့ဆြယ္တာ။ ဆြယ္တာအျဖဴေရာင္၊ ထီးအျဖဴေရာင္နဲ႔ ညဘက္မုိး႐ြာခ်ိန္ထဲကေန ထြက္လာတဲ့ပံုစံကုိ သူခဏေငးၾကည့္မိတယ္။ သို႔ေပမဲ့ မ်က္ဝန္းခ်င္းဆံုခ်ိန္မွာေတာ့ သူကအရင္ မ်က္နွာကုိလႊဲဖယ္လိုက္ၿပီး ခပ္သုတ္သုတ္ေရွာင္ထြက္လိုက္တယ္။ ခပ္လွမ္းလွမ္းေရာက္မွ ျပန္လွည့္ၾကည့္မိေတာ့ ရွင္းလင္းသြားတဲ့ဆုိင္ဝင္ေပါက္ေလးကုိ ျမင္ရမယ္။

ဆြယ္တာက သူ႔လူကုိလာႀကိဳတာ....။

လက္ကျခစ္ခ်င္ရာေလ်ွာက္ျခစ္ေနေတာ့ ဘာမွန္းမသိတဲ့ပံုေတြပဲေပၚေပၚလာတယ္။ ရႈပ္ေထြးေနတဲ့သူ႔အေတြးအပုိင္းအစေတြျဖစ္ခ်င္ျဖစ္လိမ့္မယ္။

"ဟိတ္ Lix"

"ငါ့ကုိအဲ့ဒီလိုမေခၚနဲ႔"

ေလသံခပ္ျပတ္ျပတ္နဲ႔ သတိေပးသလိုျဖစ္သြားေပမဲ့ သူအားမနာႏုိင္ဘူး။ မၾကားခ်င္တာေတာ့တကယ္ပဲ။

"မင္းကလည္းအခုတေလာစိတ္ခ်ည္းပဲ၊ ငါမနက္က ရံုးခန္းမွာ စာအုပ္ေတြသြားပုိ႔ရင္း ဘယ္သူ႔ကုိေတြ႕လာတယ္ထင္လဲ"

တစ္ေန႔တစ္ေန႔ ဒီသူငယ္ခ်င္း စကားမ်ားေကာင္ရန္ကေနလြတ္ဖုိ႔ ဘယ္လိုႀကိဳးပမ္းရမလဲ သူမသိဘူး။ စိတ္ဆုိးျပလည္းအလိုက္ကန္းဆုိးမသိဘူး။ အခုလို သူမ်ားေတြတိတ္တဆိတ္ ပန္းခ်ီဆြဲေနခ်ိန္မွာေတာင္ သူကစကားကပ္ေျပာလို႔ေကာင္းတုန္း။

"ဟုိဆြယ္တာပဲဝတ္တဲ့ဆရာေလ"

ခပ္နာနာခြၽန္ၿပီး စာ႐ြက္ေပၚမွာ ျပန္ျခစ္ေနမိတဲ့ခဲတံက ခဲသားက ေထာက္ခနဲက်ဳိးထြက္သြားတယ္။ သူမသိခ်င္ေယာင္ေဆာင္ၿပီး ခဲတံကုိျပန္ခြၽန္ဖုိ႔ႀကိဳးစားေပမဲ့ အခြၽန္လြန္ၿပီးခဲဆံကထပ္က်ဳိးထြက္လာတယ္။

"သူငါတုိ႔ကုိမနႈတ္ဆက္လိုက္ရလို႔ လာနႈတ္ဆက္တယ္ထင္တယ္ေနာ္"

"ငါဘယ္လိုလုပ္သိမွာလဲ၊ မင္းျမင္လာတာ မင္းေမးခဲ့လိုက္ပါလား"

"သူကတျခားဆရာနဲ႔စကားေျပာေနလို႔ကြ၊ မဟုတ္ရင္ေမးတာေပါ့"

"မင္းေျပာၿပီးရင္လည္း ဆြဲစရာရွိတာဆြဲစမ္းပါ"

"ေအးပါကြာ၊ မင္းကဘာျဖစ္ေနမွန္းကုိမသိတာ"

အစကတည္းက ဘာမွဆြဲမရတဲ့လက္က အခုပုိဆုိးသြားၿပီဆုိတာ သူသိလိုက္တယ္။ ဆရာကုိအားနာရတာမုိ႔ သူမထုိင္ခ်င္ဘဲဆက္ထုိင္ျခစ္ေနေပမဲ့ ဆြယ္တာမ်ား အတန္းထဲလာနႈတ္ဆက္မလားဆုိတဲ့ေၾကာက္စိတ္ရွိေနတယ္။ မဆီမဆုိင္တဲ့ေဘးလူဆုိေပမဲ့ ဆြယ္တာ့ကုိသူေတာ္ေတာ္စိတ္ဆုိးမိသလိုပဲ။ ဘာလို႔မ်ား သူနဲ႔အရင္မေတြ႕ရတာလဲ။ ဘာလို႔မ်ားသူ႔ကုိမေစာင့္ရတာလဲ။ ဟုိလူ႔ကုိမခ်စ္ခဲ့ဘူးဆုိ ဒီအတုိင္းေနခဲ့ပါေရာလား။ အျပစ္တင္စိတ္ေတြရွိေပမဲ့ အေျခအေနအရ လက္ေတြ႕က်က်စဥ္းစားရင္ေတာ့ စည္းစေက်ာ္မိတာကသူ။

အတန္းထဲကထြက္လို႔ရတာနဲ႔ အားလံုးထက္ေစာၿပီးကုိ သူထထြက္လာေတာ့တယ္။ ေလွကားေတြကုိေက်ာ္ဆင္းရတုိင္း သူ႔နွလံုးခုန္သံေတြပံုမွန္မဟုတ္တာကုိ ပုိခံစားရတယ္။ နွလံုးေရာဂါထက္ သူ႔စိတ္ေရာဂါကတကယ္ပုိဆုိးေနၿပီ။ ရူးမတတ္ေတြ႕ခ်င္တယ္လို႔ပဲ စိတ္ထဲကေအာ္ဟစ္ေနတာ။

အလိုအေလ်ာက္ေစ်းေရာင္းစက္ကေန ဂလုတ္ခနဲက်လာတဲ့အခ်ဳိရည္ဘူးကုိဆြဲနႈတ္ၿပီး တစ္ခ်ဳိက္တည္းေဖာက္ေသာက္ပစ္လိုက္တယ္။ ၿပီးတာနဲ႔ အားအင္ကင္းကင္းနဲ႔ပဲ အမႈိက္ပံုးထဲလွမ္းပစ္ထည့္မိတယ္။ ခါတုိင္းတည့္ေနက်လက္က ဒီေန႔မွ ကြက္တိလြဲတာပဲ။ ခ်က္ခ်င္းျပန္ေျပးေကာက္ဖုိ႔လုပ္ေပမဲ့ သူ႔ထက္အလ်င္ေကာက္ထည့္သြားတဲ့လူေၾကာင့္ ရပ္တန္႔လိုက္ရတယ္။

"ေကာင္ေလး၊ အမႈိက္ကုိဒီလိုမပစ္နဲ႔"

အခ်ိန္ပုိင္းလုပ္သည့္ဆုိင္တြင္ေပၚလာရသည္ကုိအားမရလို႔ ေက်ာင္းထိေပၚလာသလားထင္ရေအာင္ ဒီလူေပၚလာျပန္တယ္။

"ေၾသာ္... အစ္ကုိပဲ၊ ေက်ာင္းကုိဘာလာလုပ္တာလဲ"

"ဆြယ္တာ့ေနာက္လိုက္လာတာပါ၊ ဆြယ္တာကအခု သူ႔လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔အတူရွိေနတယ္၊ ကုိယ္ကပ်င္းလို႔ ေက်ာင္းထဲပတ္ၾကည့္ေနတာ၊ ငယ္ဘဝကုိေတာင္လြမ္းသြားတယ္"

ခမ္လွမ္းလွမ္းကျမင္ေနရတဲ့အားကစားကြင္းႀကီးကို ေငးၾကည့္ရင္း ဒီျဖဴေဖ်ာ့ေဖ်ာ့နဲ႔ အားမရွိေတာ့တဲ့လူေျပာပံုက တကယ္သနားစရာေကာင္းလြန္းအားႀကီးတယ္။ အေႏြးထည္ခပ္ထူထူအရွည္ႀကီးက ေတြ႕စကထက္ပုိမုိပိန္က်သြားတဲ့ ခႏၶာကုိယ္ကုိဖံုးအုပ္ထားႏုိင္ေပမဲ့ မ်က္နွာကုိေတာ့ မဖံုးအုပ္ႏုိင္ဘူး။ ဒီလူ႔ကုိၾကည့္ရင္း သူသနားလာမိတယ္။

"မင္း...မင္းရဲ႕ပံုတူပန္းခ်ီ"

သူကုိယ္ခ်င္းစာစိတ္အျပည့္နဲ႔ ေငးစုိက္မိတဲ့သူက သူ႔ကုိမၾကည့္ဘဲ ခ်က္ခ်င္းနားလည္ဖုိ႔ခက္တဲ့ စကားကုိဆုိလာတယ္။

"ဟင္"

"မင္းရဲ႕ပံုတူပန္းခ်ီေလ...၊ ဆြယ္တာ့အခန္းထဲမွာ ငါေတြ႕တယ္"

"ေၾသာ္...ဟုတ္"

သူေနရၾကပ္သြားသလို ေျဖရလည္းခက္သြားတယ္။

"Samက ပံုတူပန္းခ်ီဆြဲခ်င္တယ္ဆုိလို႔ ကြၽန္ေတာ္ကူညီလိုက္တုန္းကထင္တယ္"

သူ႔စကားကရယ္စရာမပါေပမဲ့ အဲ့ဒီလူက တစ္ခ်က္ဟက္ခနဲရယ္တယ္။ အဲ့ဒီရယ္သံက သူ႔စိတ္ကုိလည္း လႈိက္ခနဲတုန္လႈပ္ေစတယ္။

"ကုိယ့္ဘဝမွာ ဆြယ္တာက လူတစ္ေယာက္ပံုတူဆြဲတာ တစ္ခါမွမေတြ႕ဖူးဘူး"

ေလျပင္းတစ္ခ်က္က ေနေရာင္ေဖ်ာ့ေဖ်ာ့ကအပူဓာတ္ကေလးသယ္ရင္း ျဖတ္ေျပးသြားတယ္။

"ကုိယ္ဆြယ္တာ့ကုိေမးမိတယ္"

သူနွလံုးခုန္သံေတြက မၿငိမ္သက္ႏုိင္ဘဲ စိတ္လႈပ္ရွားလြန္းအားႀကီးေနတယ္။ အျပစ္လုပ္ထားမိတဲ့သူဆုိေပမဲ့ ဆြယ္တာ့ကုိထိခိုက္မွာ သူပုိေၾကာက္တယ္။

"တကယ္ကစမိတာ၊ ကုိယ့္ပံုတူေတာင္မဆြဲဖူးတာ ဒီေကာင္ေလးက်မွဆြဲတယ္ဆုိေတာ့ ဆြယ္တာရုိးရဲ႕လားလို႔ စလိုက္မိတာ"

ေနာက္တစ္ႀကိမ္ ခပ္ဟဟရယ္သံထြက္လာျပန္တယ္။ သူဒီေနရာကေန ထြက္မေျပးမိေအာင္ ေျခလွမ္းေတြကုိ ထိန္းထားရတယ္။

"ဆြယ္တာက စိတ္ဆုိးသြားတယ္သိလား၊ သူ႔ပစၥည္းေတြကုိ ေလ်ွာက္ထိပါတယ္၊ သူ႔ပန္းခ်ီခန္းထဲဝင္ၾကည့္ပါတယ္ဆုိၿပီး ေသာင္းက်န္းေတာ့တာပဲ၊ ၿပီးေတာ့တစ္ညလံုးလည္းစကားမေျပာေတာ့ဘူး၊ အခုထိပဲ"

သူ႔ဘက္ကေန ျပန္ေျပာစရာစကားမရွိခဲ့ဘူး။ ၿငိမ္သက္ၿပီးရင္းၿငိမ္သက္။ တုန္လႈပ္ၿပီးရင္းတုန္လႈပ္ေနခဲ့တယ္။ ေလေျပသာေဝ့မေနရင္ တိတ္ဆိတ္လြန္းအားႀကီးလို႔ ေၾကာက္စရာေကာင္းေနခဲ့လိမ့္မွာေသခ်ာတယ္။

"ငါမရွိေတာ့ရင္ ဆြယ္တာ့အနားမွာ ဘယ္သူရွိေနေလာက္မလဲ"

"ကြၽန္ေတာ္ အခ်ိန္ပုိင္းရွိေသးလို႔၊ ခြင့္ျပဳပါဦး"

မရုိင္းေပမဲ့ ယဥ္ေက်းရာမက်တဲ့ပံုစံနဲ႔ သူေရွာင္ထြက္လာခဲ့တယ္။ ခပ္ၿငိမ္ၿငိမ္ေျပးေနတဲ့ရထားေပၚမွာ သူဟာလည္းၿငိမ္ၿငိမ္သက္သက္ပဲ။ ၿငိမ္ေန႐ံုကလြဲၿပီးေတာ့လည္း သူမတတ္ႏုိင္ေတာ့ဘူး။ အားလံုးက သူ႔အမွားလို႔ထင္လာတဲ့အခိုက္အတန္႔ေတြေၾကာင့္ သူဒီၿမိဳ႕ကေန လြတ္ေျမာက္ခ်င္လာတယ္။ ေနရာအသစ္မွာဘဝအသစ္စခ်င္တယ္။ ေက်ာင္းမွာဆြယ္တာ့ကုိေတြ႕ႏုိင္စရာမရွိေတာ့တာမုိ႔ သူေျပာင္းရမွာက အလုပ္ျဖစ္လာတယ္။ တာရွိဂဝ-စံကုိ အားနာနာနဲ႔ပဲ သူအဲ့ဒီအလုပ္ကထြက္လာခဲ့တယ္။

သိပ္မၾကာခင္ ၃၊ ၄ရက္မွာပဲ သူ႔ေက်ာင္းနဲ႔သိပ္မေဝးတဲ့ဆုိင္တစ္ခုမွာ အလုပ္ရခဲ့တယ္။ ဆြယ္တာနဲ႔ေဝးလာတာ ဘယ္နွရက္ေတာင္ရွိၿပီလဲ သူမတြက္ခ်င္ေတာ့ဘူး။ ကုန္ပါေစ။ အခ်ိန္ေတြကုန္ပါေစ။ အခ်ိန္ေတြကုန္တာျမန္ေလ သူ႔ဒဏ္ရာလည္းသက္သာလာေလျဖစ္မွာမုိ႔ တစ္ေန႔ၿပီးတစ္ေန႔ ျမန္ျမန္ၿပီးသြားဖုိ႔ပဲဆုေတာင္းတယ္။

ေန႔ရက္အနည္းငယ္မွာ သူေနသားက်လာတယ္။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဆြယ္တာ့ကုိသတိရမိတတ္ေပမဲ့ ေနတတ္လာတယ္။ ခံစားမႈကုိလက္ခံတတ္လာတယ္။ ဒီလိုနဲ႔အရာအားလံုးၿပီးဆံုးသြားမယ္ထင္တယ္။ ဒီအတုိင္းေလးပဲ အဆံုးသတ္လိုက္ရမယ္။

အလုပ္ခ်ိန္ၿပီးကာနီးၿပီမုိ႔ သူဒီညအတြက္ ညစာကုိေတြးေနမိတယ္။ ဒီအတုိင္း ေခါက္ဆြဲျပဳတ္တစ္ပြဲနဲ႔ ထမင္းဆုပ္တစ္လံုးျဖစ္သင့္လား၊ လစာထုတ္ရက္နီးၿပီမုိ႔ လက္ထဲက်န္တာေလးနဲ႔ ကုိယ့္ဘာသာေကာင္းေကာင္းေကြၽးေမြးသင့္လား။ တစ္ေယာက္တည္းေနရတဲ့ဘဝက တကယ္ေတာ့သာသာယာယာပဲ။ စားခ်င္ရာစား၊ စိတ္ပါတာစားရံုပဲ။ ဘယ္သူကေတာ့ ဘာႀကိဳက္တတ္တယ္ဆုိၿပီးေတြးရင္း လုပ္ေပးခဲ့ဖူးတဲ့အခုိက္အတန္႔ေလာက္ ရင္ခုန္စရာမရွိေပမဲ့ သူေအးခ်မ္းတယ္လို႔ေတာ့ထင္တယ္။ အထင္ပါပဲ။ တစ္ခါတရံ ဒီလိုေတြးတယ္။ တစ္ခါတရံ အရႈံးသမားလိုေတြးတယ္။ လူတစ္ေယာက္ပီပီသသပဲ သူ႔စိတ္က အတက္အက်ျဖစ္စၿမဲပဲ။

"၂ေသာင္း၆ေထာင္နဲ႔၅ရာယန္း က်သင့္ပါတယ္"

ဧည့္သည့္လက္ထဲက က်သင့္ေငြကုိယူၿပီး ပုိတာျပန္အမ္းလိုက္ေပမဲ့ ဧည့္သည္က သူ႔ကုိခပ္ေတြေတြၾကည့္ေနခဲ့တယ္။

"ဘာမ်ားက်န္ေသးလဲခင္ဗ်"

"က်န္ေတာ့မက်န္ဘူး၊ ငါ့စိတ္ထဲမင္းကုိျမင္ဖူးေနလို႔"

ဧည့္သည္ေျပာကာမွ သူ ဧည့္သည္ကုိေသခ်ာၾကည့္မိတယ္။ သူေကာ္ဖီခြက္နဲ႔ ျဖတ္တုိက္ခဲ့တဲ့လူ။

"အာ... ကြၽန္ေတာ္တုိ႔ ပင္မင္းဆုိင္အတူတူသြားခဲ့တယ္ေလ၊ အက်ႌေတြစြန္းကုန္လို႔"

သူကဝမ္းသာအားရနႈတ္ဆက္ေတာ့ တစ္ဖက္ကလည္း သတိရသြားဟန္နဲ႔ ဝမ္းသာအားရနႈတ္ဆက္တယ္။

"အဲ့တာေၾကာင့္ျမင္ဖူးတယ္လို႔ ေတြးေနတာ၊ စဥ္းစားမရတာနဲ႔၊ ေက်ာင္းသားက ဒီမွာအခ်ိန္ပုိင္းလုပ္ေနတာလား"

"ဟုတ္ပါတယ္၊ ကြၽန္ေတာ္ဒီမွာညေနတုိင္းရွိတယ္"

"ငါလည္းဒီနားမွာေနတာပဲ၊ အခုမွဆံုေတာ့တယ္၊ စာေရာႀကိဳးစားေနလား"

"ဟုတ္...လုပ္ေတာ့လုပ္ေနပါတယ္ဗ်"

သူခပ္က်ဲက်ဲရယ္ရင္းေျဖမိတယ္။

"ေကာင္းတယ္ ႀကိဳးစားကြာ၊ ငါတုိ႔ကုမၸဏီကုိလာရင္ ေသခ်ာႀကိဳဆုိေပးမယ္"

သူေျပာခဲ့တဲ့စကားကုိ အတည္မွတ္ေနေတာ့ သူအနည္းငယ္ေတာ့ရယ္ခ်င္ခ်င္ျဖစ္တယ္။ သူဘယ္ေလာက္ေတာင္ အရူးထခဲ့လဲဆုိတာ အခုမွပုိသိလာေတာ့တယ္။

"ငါတုိ႔ကုမၸဏီမွာ ကုိရီးယားလူမ်ဳိးေရာက္ေနၿပီ၊ မင္းႀကိဳးစားရင္ အေဖာ္လည္းရွိမွာပါ၊ အရင္ငါေျပာဖူးတဲ့တစ္ေယာက္ေတာ့မဟုတ္ဘူး၊ သူက ဒီေန႔ပဲဆံုးတယ္"

ရုတ္တရက္ ေကာင္းကင္ကေနက်လာတဲ့လ်ွပ္စီးက သူ႔ေခါင္းထဲ ဝင္သြားသလိုမ်ဳိးခံစားလိုက္ရတယ္။ ဆြယ္တာ့လူဆံုးၿပီလား။

"ကဲ ငါသြားၿပီ ေက်ာင္းသားေလး၊ ထပ္ဆံုၾကတာေပါ့"

ႏုိမူရ-စံက သူ႔ကုိအေတြးေတြေပးၿပီး ထားခဲ့တယ္။ ဆြယ္တာ့လူဆံုးၿပီဆုိေတာ့ ဆြယ္တာအခုခ်ိန္ ဘယ္လိုေနေနမလဲ။

အိမ္အျပန္လမ္းတစ္ေလ်ွာက္မွာ ခုိကပ္ေနတဲ့ေရကြက္ငယ္ေတြကုိ သူဂရုမျပဳဘဲ နင္းျဖတ္လာတယ္။ ဆြယ္တာအခုခ်ိန္ဆုိ ငုိေနေလာက္မလား။ ဆြယ္တာ့အနားမွာ နွစ္သိမ့္ေပးမယ့္သူေရာရွိပါရဲ႕လား။ ပူပန္တဲ့စိတ္ကေလးက ႀကီးစုိးလာေတာ့ ဆြယ္တာ့ဆီသြားခ်င္ပါတယ္။ ေမ့ေလာက္ရင္ မရမကျပန္တြန္းပုိ႔တတ္တာ ကံၾကမၼာေလလား၊ သူ႔စိတ္ေလလား။

ဘယ္လိုေနေန ဆြယ္တာ့လူရဲ႕ စ်ာပနကုိေတာ့ သူသြားသင့္တယ္ထင္တယ္။ မျမင္ကြယ္ရာကေနျဖစ္ျဖစ္ ဆြယ္တာ့အေျခအေနကုိ သူသြားၾကည့္ခ်င္မိတယ္။ အဆင္ေျပေနပါ့မလား။ ဆြယ္တာအေတာ္မ်ား ငုိေနမွာလား။

မုိးစက္ေတြထပ္က်လာျပန္တယ္။ အိမ္အျပန္လမ္းကုိ သူခပ္နာနာနင္းရင္း ေျပးခဲ့မိတယ္။ လြတ္ေျမာက္ႏုိင္မလား။ လြတ္ေျမာက္ႏုိင္မလားဆုိတဲ့ ေမ်ွာ္လင့္ခ်က္နဲ႔ မုိးျပန္စုိခဲ့တယ္...။

Thanks For Reading

Note

မုန္႔တီ(moti)ေလးေတြေပးၾကပါဦးဗ်ာ။

There are no comments yet. Log in to be the first to leave a review!

Similar stories