The Wrong Colour
19:07, 4 June 2023Unicode
လောကကြီးမှာ သေဖို့ကလွဲရင် ဘာမှဆက်မျှော်လင့်ချင်စိတ်မရှိတော့တဲ့ အခိုက်အတန့်မျိုးက ဘယ်လိုအချိန်မှာရောက်လာတတ်သလဲ။ ဘဝကြီးမှာ လုပ်စရာတွေ ဖြစ်ချင်တာတွေအများကြီးနဲ့ အဓိပ္ပါယ်ရှိနေချိန်၊ မထင်မှတ်ဘဲဝင်လာပြီး ပြန်ထွက်သွားတဲ့လူတစ်ယောက်ကြောင့်နဲ့ အရာရာအရှုံးပေးချင်ပါတယ်ဆိုမှတော့...။ အဲ့ဒီအရာက...။
သူတုန်လှုပ်မိခဲ့ပေမဲ့ မပေါက်ကွဲအောင်နေထားတယ်။ မနာလိုစိတ်တဲ့။ နှလုံးသွေးတွေကအစလောင်မြိုက်ပြီး တစ်ယောက်ယောက်ကို ဆွဲဖယ်ထုတ်ပစ်ချင်တဲ့စိတ်။
"ဒီနေ့ မင်းတို့ရဲ့ ပန်းချီဆရာက အရေးကြီးအလုပ်ကိစ္စနဲ့ လာမှာမဟုတ်လို့ ကိုယ်ပိုင်စာကြည့်ချိန်ပြောင်းထားပါတယ်နော်"
ဆွယ်တာ့အချိန်မတိုင်ခင်က ဆရာကတစ်ယောက်က ဒီလိုမှာသွားတယ်။ မျက်စိရှေ့မှာချထားတဲ့စာအုပ်ကို သူအတောင့်သားပဲ စိုက်ကြည့်နေမိတယ်။ သူ့ခေါင်းထဲမှာတော့ မျက်စိရှေ့မှာရှိနေတာနဲ့ ဘာမှမဆိုင်တဲ့အတွေးတွေ။
တကယ်ဆို သူနဲ့ဆွယ်တာက သူစိမ်းသက်သက်ပဲ။ ဘာမဟုတ်ဘဲ ချိုးမိတဲ့စည်းတစ်ခုကြောင့်နဲ့တော့ သူက ဆွယ်တာ့ဘေးကလူဖြစ်လာနိုင်စရာမရှိဘူး။ အခုဆို ဆွယ်တာ့လူက ဆွယ်တာ့ဆီပြန်ရောက်လာပြီ။ သူကဘာအတွက်နဲ့ ဆွယ်တာ့ဆီတိုးဝင်ရဦးမလဲ။ တကယ်နောက်ဆုတ်သင့်တာ သူဆိုတာ သူကိုယ်တိုင်သိတယ်။ ဆွယ်တာစိတ်ချမ်းသာလောက်ပြီ။ သူ့ဘေးမှာ ဟိုလူ့အကြောင်းတွေးဆွေးပြီး သတိရနေမှာထက်စာရင် ဆွယ်တာ့ကိုလက်လွှတ်လိုက်တာ အရာရာအတွက်အကောင်းဆုံးပဲ။
ဘရောင်းနီမုန့်စတွေကပ်ကျန်နေသေးတဲ့ ပန်းကန်နှစ်ချပ်ကို ပန်းကန်ဆေးစင်မှာချပြီး ရေလောင်းချလိုက်တယ်။ ပြီးရင် ဘာမှမရှိခဲ့သလို အရာအားလုံးစင်ကြယ်သွားအောင် သူတိုက်ချွတ်ဆေးကြောရမယ်။ အချိန်ကဆေးပဲ။ အရာရာကို ကုစားသွားလိမ့်မယ်။ ဒီလိုစိတ်နဲ့ကျိတ်မှိတ်သည်းခံပေမဲ့ မဝေးကွာသေးတဲ့ကာလမို့ သူဖြေသိမ့်လို့မရသေးဘူး။ သူနာကျင်တုန်းပဲ။
အနုမြူမှင်စာတွေကို သူငဲ့ကြည့်မိတယ်။ သူတို့ရဲ့ဖရိုဖရဲဖြစ်နေတဲ့ မျက်လုံးပေါက်တွေ၊ ပါးစပ်ပေါက်တွေက ဘာတွေကိုစုပ်ယူစားသုံးနေကြမလဲ။ ကံဆိုးမှုတွေလား။ ဒါမှမဟုတ် ကံကောင်းမှုတွေလား။
~ဒူ.....ဒူ....~
Vibrateမြည်လာတဲ့ဖုန်းကို သူလှမ်းကြည့်တော့ ဆက်သူက။
"Sam"
သက်ပြင်းကိုတစ်ဆုံးမချရခင်မှာတင် သူ့လက်ထဲကို ဖုန်းရောက်နေနှင့်ပြီးသား။
"ဟုတ်ကဲ့ အီဖီးလစ်စ်ပြောနေပါတယ်"
"Lix..."
အဲ့ဒီအသံက စိတ်သက်သာရာရသွားတဲ့လေသံမျိုး။ သူသဘောကျမိတဲ့ခေါ်ဆိုခြင်းနာမ်စားကို ကြားလိုစိတ်မရှိသေးတာမို့ နားဝင်တော့မချိုလှ။
"တော်သေးတာပေါ့၊ Lixဖုန်းမကိုင်မှာစိုးရိမ်နေတာ"
"ဘာကိစ္စလဲ Sam...၊ ကျွန်တော်သိပ်မအားလို့"
"Lixနဲ့ငါတွေ့ပြီး စကားပြောချင်လို့ပါ"
"ဘာတွေပြောဦးမှာလဲ Sam..၊ အခြေအနေတွေအားလုံးကို ကျွန်တော်သဘောပေါက်တယ်"
"မဟုတ်ဘူး Lix..."
"Sam...ကျွန်တော်ဘာမှနားမထောင်ချင်တော့ဘူး၊ ဒီလိုပဲ အဆုံးသတ်လိုက်ရအောင်"
"Lix..."
"အဲ့ဒီ Lix Lix Lix ဆိုတာကိုတော်လိုက်တော့"
သူSamကိုပြင်းပြင်းထန်ထန်အော်မိသွားတယ်။ Samသူ့ကို လန့်သွားလောက်မလား။
"Lix...ဟို... ငါ့ဆွယ်တာ မင်းဆီမှာကျန်ခဲ့တယ်၊ မင်းအဝတ်အစားတွေလည်း ငါပြန်ပေးရဦးမယ်၊ ငါတစ်ရက်လောက်လာခဲ့လို့ရမလား"
"ကျွန်တော်လာပို့ပေးမယ် Sam"
သူဖုန်းကို ခပ်မြန်မြန်ပဲချလိုက်တယ်။ သူ့လုပ်ရပ်ကမှားတယ်လို့တော့မထင်ဘူး။ လုပ်သင့်လုပ်ထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ခဲ့တာဆိုပေမဲ့ သူနာကျင်ရတာမခံသာဘူး။ သူမျက်ရည်တော့မကျချင်ဘူး။ အသက်ရှူတော့တကယ်ကြပ်တယ်။ သူ့ရင်ထဲမှာ မွန်းကြပ်လွန်းနေတယ်။
အခြောက်မခံဘဲ အချိန်ယူလျှော်ဖွပ်အခြောက်လှန်းထားတဲ့ ဆွယ်တာက အဖြူရောင်အိတ်ထဲမှာပါလာတယ်။ ဆွယ်တာ့အခန်းတံခါးကိုခေါက်ဖို့ သူသိပ်မတွန့်ဆုတ်ပါဘူး။ ဒီအခြေအနေက သူလက်ကိုလက်ခံရမယ့်အရာလေ။ တံခါသုံးချက်ဆင့်နောက်မှာ အခန်းတံခါးကလှစ်ဟလာတယ်။ လာဖွင့်ပေးတဲ့သူက ဆွယ်တာတော့မဟုတ်ဘူး။ ဆွယ်တာ့လူ။
"သြော်...ဘာကိစ္စများရှိလို့လဲမသိဘူး"
ဆွယ်တာ့လူက သူ့ကိုဂျပန်လိုမေးနေခဲ့တယ်။
"Samရှိလားမသိဘူး"
သူလည်းဂျပန်လိုပဲ ပြန်မေးလိုက်တယ်။
"ဆွယ်တာ့ဧည့်သည်ထင်တယ်၊ ခဏဝင်ထိုင်ပါဦး၊ သူဒီနားခဏသွားလို့"
"ရပါတယ်၊ ကျွန်တော် ဒါလေးလာပေးတာပါ၊ ပြီးရင်ပြန်မှာ"
ဆွယ်တာ့လူလက်ထဲကို အထုပ်ဖြူလေးထည့်ပေးလိုက်တယ်။ ဆွယ်တာ့လူက အိတ်ကိုလှစ်ဟကြည့်ပြီး သူ့ကိုပါ အနည်းငယ်အံ့သြသလိုကြည့်လာတယ်။
"ဒါ ဆွယ်တာ့ဟာထင်တယ်၊ မင်းဆီဘယ်လိုရောက်နေတာလဲ"
"သြော်...မုန်တိုင်းရှိတဲ့နေ့က Samက ကျွန်တော်နေတဲ့ဘက်ရောက်နေတာနဲ့ တစ်ညတည်းခိုင်းလိုက်တာ၊ ကျွန်တော်တို့က ဆရာတပည့်ဆိုတော့ အဆက်အသွယ်ရှိတယ်လေ"
"ဆရာတပည့်လား၊ တစ်မျိုးပဲနော်.... ဆရာကို Samလို့ခေါ်တာက"
သူဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်ပြီး အနည်းငယ်ကြောင်အနေမိတယ်။ သူ့ကြောင့် ဆွယ်တာ့သိက္ခာကိုတော့ မထိခိုက်စေချင်ဘူး။
"ဟိုနေ့ကလည်း မင်းကိုတွေ့မိသလားလို့၊ ဆွယ်တာနဲ့အတူ ဒီအိမ်ထဲဝင်လာသေးတယ်လေ"
"ကျွန်တော်တို့က ဆရာတပည့်ဆိုတာထက် ရင်းနှီးတဲ့မိတ်ဆွေတွေပါ၊ ခင်ဗျားကင်မရာကို ကောက်တွေ့ပြီး Samဆီပေးတာ ကျွန်တော်ပါ"
"အာ...ကျေးဇူးရှင်ပဲ၊ ဆောရီးကွာ၊ ကိုယ်စစ်ဆေးသလိုတွေဖြစ်သွားတယ်"
ဆွယ်တာ့လူက သူ့နဖူးပေါ်သူလက်တင်ရင်း ရယ်ရယ်မောမောပြောရှာတယ်။
"ဒါဆို မင်းလည်းကိုရီးယားပေါ့"
"ဟုတ်ပါတယ်"
"လာလေ အထဲဝင်ထိုင်ပါဦး၊ ဆွယ်တာခဏနေပြန်လာမှာပါ"
"ရပါတယ်၊ ကျွန်တော်ပြန်တော့မယ်၊ နောက်မှထပ်လာပါ့မယ်"
သူလှေကားထစ်ဘက်ကို ခြေဦးလှည့်လိုက်ချိန်မှာ လှေကားတွေအဆင့်ဆင့်ကိုဖြတ်တက်လာတဲ့ဆွယ်တာ။ သူအားတင်းပြီး ပြုံးပြရင်း ရှောင်ထွက်ဖို့လုပ်ပေမဲ့ ဆွယ်တာက သူ့လက်ကိုဖမ်းဆွဲထားခဲ့တယ်။ ဒီအခြေအနေကို ဆွယ်တာ့လူလည်းမြင်တယ်။
"Sam...ကျွန်တော့်ကိုလွှတ်"
သူခပ်တိုးတိုးဆိုရင်း Samလက်ကို ဖယ်ချလိုက်တယ်။
"ငါတို့ခဏစကားပြောရအောင်"
သူခပ်သာသာပဲခေါင်းညိတ်ပြလိုက်တယ်။ ဆွယ်တာ့လူအရှေ့မှာ ဆွယ်တာဒုက္ခရောက်အောင်တော့ သူမလုပ်ဘူး။
"ပြောပါ Sam...၊ ကျွန်တော့်ကိုဘာတွေပြောစရာရှိသေးလဲ"
ပန်းကန်ပြားပေါ်က ကိတ်မုန့်ကို သူပြီးစလွယ်ဖဲ့စားရင်း မေးလိုက်တယ်။ သူဘာမှခံစားပြနေလို့မရဘူး။ အစကတည်းက ဘာမှမသက်ဆိုင်ခဲ့တဲ့သူတွေချည်းပဲ။
"Lixအပေါ်မှာ ငါမတရားသလိုဖြစ်ခဲ့တယ်"
"အကုန်တရားပါတယ် Sam...၊ ဖြစ်သင့်ဖြစ်ထိုက်တာလို့ပဲတွေးလိုက်ပါ"
"Lix..."
သူက ဆွယ်တာ့ကိုစိုက်ကြည့်နေခဲ့သလို ဆွယ်တာကလည်း သူ့ကိုစူးစမ်းစွာကြည့်နေခဲ့တယ်။
"အဲ့ဒီလောက် ငါမပြတ်သားဘူးလေ Lix...၊ ငါတို့နှစ်ယောက်က သာမန်မှမဟုတ်ခဲ့ကြတာ"
"မေ့လိုက် Sam...၊ အခုအချိန်မှာ ခင်ဗျားလူထက်တော့ ဘာမှအရေးမကြီးဘူးထင်တယ်၊ သူကမကြာခင်..."
"ငါသိတယ် Lix...၊ ဒါပေမဲ့"
"တော်ပါတော့ Sam...၊ ကျွန်တော်နားမထောင်ချင်ဘူး"
"Lix... ငါမင်းနဲ့ ဒီလိုမပြတ်တောက်ချင်ဘူးလေ"
"ကျွန်တော် မိတ်ဆွေကောင်းအနေနဲ့ရှိနေပါ့မယ် Sam...၊ ပြီးတော့ ခင်ဗျား သူ့ကိုချစ်ပါတယ်၊ ချစ်လို့လည်း အသည်းအသန်ရှာခဲ့တာပဲ၊ ကျွန်တော်ကအစကတည်းက အပြင်လူလေ၊ Samကို မကောင်းတဲ့လူအဖြစ်မြင်မှာ ကျွန်တော်မလိုလားဘူး၊ Samက ကျွန်တော့်ထက်အသက်ကြီးသလို ကျွန်တော့်ထက်လည်းရင့်ကျတ်ပါတယ်၊ အခုလောလောဆယ် အခြေအနေကိုလည်း Samကအနားလည်ဆုံးဖြစ်မှာပါ၊ Sam နှစ်ဖက်လုံးကိုဆွဲထားလို့မရဘူးလေ၊ ပြီးတော့ ကျွန်တော်ယှဉ်ရမယ့်လူက ..."
သူခဏတာ ပြောမထွက်ဘဲဖြစ်နေတယ်။ ဒီအကြောင်းအရာကို သူကျော်ထားတာကောင်းတယ်။
"မဖြစ်သင့်ဘူးမလား၊ ကျွန်တော် နောက်ဆုတ်ပါမယ် Sam...၊ Sam အေးအေးဆေးဆေးသာလျှောက်ပါ၊ ကျွန်တော်ဝင်မရှုပ်ပါဘူး"
သူ့ရင်ထဲကစကားတွေအကုန်ပြောပြီးနောက်တော့ သူအရင်ဦးအောင်ထထွက်ခဲ့တယ်။ ဆွယ်တာဘယ်လိုကျန်ခဲ့မလဲ။ ဆွယ်တာ့မျက်နှာဘယ်လိုရှိနေမလဲ သူမသိချင်တော့ဘူး။ ကြာကြာအတူရှိနေလေ လွှတ်ချဖို့ခက်လေဖြစ်တဲ့စက်ဝန်းထဲမှာပဲ သူပိတ်မိနေလိမ့်တော့မှာ။
ကိတ်မုန့်ဆိုင်မှာ အလုပ်ဆင်းရင်း ဆွယ်တာရောက်မလာဖို့ တောင်းဆိုမိတယ်။ ကျောင်းကပန်းချီချိန်မှာလည်း ဆွယ်တာရောက်မလာဖို့ပဲ ဆုတောင်းတယ်။ သူမျှော်လင့်နိုင်တာ ဆွယ်တာ့ကိုမမြင်မတွေ့ရဖို့ပဲ။ သေလောက်အောင်သတိရ၊ သေလောက်အောင်လွမ်းလည်း သူ့မှာခံစားချက်တွေကို မျိုချနိုင်စွမ်းကောင်းကောင်းရှိခဲ့တယ်။
ကျောင်းမှာ ပန်းချီဆရာအသစ်ရောက်လာခဲ့တယ်။ ဆွယ်တာက ကျွန်တော်တို့ကို နှုတ်မဆက်ဘဲထွက်သွားတယ်လို့ ဆိုကြပေမဲ့ ကျွန်တော်ကတော့ နှုတ်ဆက်လိုက်ရတယ်ထင်တယ်။ ကံကောင်းတာလား၊ ကံဆိုးတာလား။
သူဆွဲတဲ့ပန်းချီမှာအရောင်လွဲနေတယ်လို့ ပြောသံမကြားရတော့ဘူး။ သူအရောင်မှန်သွားပြီထင်တယ်။ ဒါမှမဟုတ် ဆရာပြောတာကို သူမကြားလိုက်တာထင်တယ်။
Thanks For Reading
Note
၇လပိုင်း JLPTနီးလာပြီမို့ နိုရာupdateလေးကြာပါမယ်ဗျ။
Zawgyi
ေလာကႀကီးမွာ ေသဖုိ႔ကလြဲရင္ ဘာမွဆက္ေမ်ွာ္လင့္ခ်င္စိတ္မရွိေတာ့တဲ့ အခုိက္အတန္႔မ်ဳိးက ဘယ္လိုအခ်ိန္မွာေရာက္လာတတ္သလဲ။ ဘဝႀကီးမွာ လုပ္စရာေတြ ျဖစ္ခ်င္တာေတြအမ်ားႀကီးနဲ႔ အဓိပၸါယ္ရွိေနခ်ိန္၊ မထင္မွတ္ဘဲဝင္လာၿပီး ျပန္ထြက္သြားတဲ့လူတစ္ေယာက္ေၾကာင့္နဲ႔ အရာရာအရႈံးေပးခ်င္ပါတယ္ဆုိမွေတာ့...။ အဲ့ဒီအရာက...။
သူတုန္လႈပ္မိခဲ့ေပမဲ့ မေပါက္ကြဲေအာင္ေနထားတယ္။ မနာလိုစိတ္တဲ့။ နွလံုးေသြးေတြကအစေလာင္ၿမိဳက္ၿပီး တစ္ေယာက္ေယာက္ကုိ ဆြဲဖယ္ထုတ္ပစ္ခ်င္တဲ့စိတ္။
"ဒီေန႔ မင္းတုိ႔ရဲ႕ ပန္းခ်ီဆရာက အေရးႀကီးအလုပ္ကိစၥနဲ႔ လာမွာမဟုတ္လို႔ ကုိယ္ပုိင္စာၾကည့္ခ်ိန္ေျပာင္းထားပါတယ္ေနာ္"
ဆြယ္တာ့အခ်ိန္မတုိင္ခင္က ဆရာကတစ္ေယာက္က ဒီလိုမွာသြားတယ္။ မ်က္စိေရွ႕မွာခ်ထားတဲ့စာအုပ္ကုိ သူအေတာင့္သားပဲ စုိက္ၾကည့္ေနမိတယ္။ သူ႔ေခါင္းထဲမွာေတာ့ မ်က္စိေရွ႕မွာရွိေနတာနဲ႔ ဘာမွမဆုိင္တဲ့အေတြးေတြ။
တကယ္ဆုိ သူနဲ႔ဆြယ္တာက သူစိမ္းသက္သက္ပဲ။ ဘာမဟုတ္ဘဲ ခ်ဳိးမိတဲ့စည္းတစ္ခုေၾကာင့္နဲ႔ေတာ့ သူက ဆြယ္တာ့ေဘးကလူျဖစ္လာႏုိင္စရာမရွိဘူး။ အခုဆုိ ဆြယ္တာ့လူက ဆြယ္တာ့ဆီျပန္ေရာက္လာၿပီ။ သူကဘာအတြက္နဲ႔ ဆြယ္တာ့ဆီတုိးဝင္ရဦးမလဲ။ တကယ္ေနာက္ဆုတ္သင့္တာ သူဆုိတာ သူကုိယ္တုိင္သိတယ္။ ဆြယ္တာစိတ္ခ်မ္းသာေလာက္ၿပီ။ သူ႔ေဘးမွာ ဟုိလူ႔အေၾကာင္းေတြးေဆြးၿပီး သတိရေနမွာထက္စာရင္ ဆြယ္တာ့ကုိလက္လႊတ္လိုက္တာ အရာရာအတြက္အေကာင္းဆံုးပဲ။
ဘေရာင္းနီမုန္႔စေတြကပ္က်န္ေနေသးတဲ့ ပန္းကန္နွစ္ခ်ပ္ကုိ ပန္းကန္ေဆးစင္မွာခ်ၿပီး ေရေလာင္းခ်လိုက္တယ္။ ၿပီးရင္ ဘာမွမရွိခဲ့သလို အရာအားလံုးစင္ၾကယ္သြားေအာင္ သူတုိက္ခြၽတ္ေဆးေၾကာရမယ္။ အခ်ိန္ကေဆးပဲ။ အရာရာကုိ ကုစားသြားလိမ့္မယ္။ ဒီလိုစိတ္နဲ႔က်ိတ္မွိတ္သည္းခံေပမဲ့ မေဝးကြာေသးတဲ့ကာလမုိ႔ သူေျဖသိမ့္လို႔မရေသးဘူး။ သူနာက်င္တုန္းပဲ။
အႏုျမဴမွင္စာေတြကုိ သူငဲ့ၾကည့္မိတယ္။ သူတုိ႔ရဲ႕ဖရုိဖရဲျဖစ္ေနတဲ့ မ်က္လံုးေပါက္ေတြ၊ ပါးစပ္ေပါက္ေတြက ဘာေတြကုိစုပ္ယူစားသံုးေနၾကမလဲ။ ကံဆုိးမႈေတြလား။ ဒါမွမဟုတ္ ကံေကာင္းမႈေတြလား။
~ဒူ.....ဒူ....~
Vibrateျမည္လာတဲ့ဖုန္းကုိ သူလွမ္းၾကည့္ေတာ့ ဆက္သူက။
"Sam"
သက္ျပင္းကုိတစ္ဆံုးမခ်ရခင္မွာတင္ သူ႔လက္ထဲကုိ ဖုန္းေရာက္ေနနွင့္ၿပီးသား။
"ဟုတ္ကဲ့ အီဖီးလစ္စ္ေျပာေနပါတယ္"
"Lix..."
အဲ့ဒီအသံက စိတ္သက္သာရာရသြားတဲ့ေလသံမ်ဳိး။ သူသေဘာက်မိတဲ့ေခၚဆုိျခင္းနာမ္စားကုိ ၾကားလိုစိတ္မရွိေသးတာမုိ႔ နားဝင္ေတာ့မခ်ိဳလွ။
"ေတာ္ေသးတာေပါ့၊ Lixဖုန္းမကုိင္မွာစုိးရိမ္ေနတာ"
"ဘာကိစၥလဲ Sam...၊ ကြၽန္ေတာ္သိပ္မအားလို႔"
"Lixနဲ႔ငါေတြ႕ၿပီး စကားေျပာခ်င္လို႔ပါ"
"ဘာေတြေျပာဦးမွာလဲ Sam..၊ အေျခအေနေတြအားလံုးကုိ ကြၽန္ေတာ္သေဘာေပါက္တယ္"
"မဟုတ္ဘူး Lix..."
"Sam...ကြၽန္ေတာ္ဘာမွနားမေထာင္ခ်င္ေတာ့ဘူး၊ ဒီလိုပဲ အဆံုးသတ္လိုက္ရေအာင္"
"Lix..."
"အဲ့ဒီ Lix Lix Lix ဆုိတာကုိေတာ္လိုက္ေတာ့"
သူSamကုိျပင္းျပင္းထန္ထန္ေအာ္မိသြားတယ္။ Samသူ႔ကုိ လန္႔သြားေလာက္မလား။
"Lix...ဟုိ... ငါ့ဆြယ္တာ မင္းဆီမွာက်န္ခဲ့တယ္၊ မင္းအဝတ္အစားေတြလည္း ငါျပန္ေပးရဦးမယ္၊ ငါတစ္ရက္ေလာက္လာခဲ့လို႔ရမလား"
"ကြၽန္ေတာ္လာပုိ႔ေပးမယ္ Sam"
သူဖုန္းကုိ ခပ္ျမန္ျမန္ပဲခ်လိုက္တယ္။ သူ႔လုပ္ရပ္ကမွားတယ္လို႔ေတာ့မထင္ဘူး။ လုပ္သင့္လုပ္ထုိက္၊ ျဖစ္သင့္ျဖစ္ထုိက္တာကုိ လုပ္ခဲ့တာဆုိေပမဲ့ သူနာက်င္ရတာမခံသာဘူး။ သူမ်က္ရည္ေတာ့မက်ခ်င္ဘူး။ အသက္ရွဴေတာ့တကယ္ၾကပ္တယ္။ သူ႔ရင္ထဲမွာ မြန္းၾကပ္လြန္းေနတယ္။
အေျခာက္မခံဘဲ အခ်ိန္ယူေလ်ွာ္ဖြပ္အေျခာက္လွန္းထားတဲ့ ဆြယ္တာက အျဖဴေရာင္အိတ္ထဲမွာပါလာတယ္။ ဆြယ္တာ့အခန္းတံခါးကုိေခါက္ဖို႔ သူသိပ္မတြန္႔ဆုတ္ပါဘူး။ ဒီအေျခအေနက သူလက္ကုိလက္ခံရမယ့္အရာေလ။ တံခါသံုးခ်က္ဆင့္ေနာက္မွာ အခန္းတံခါးကလွစ္ဟလာတယ္။ လာဖြင့္ေပးတဲ့သူက ဆြယ္တာေတာ့မဟုတ္ဘူး။ ဆြယ္တာ့လူ။
"ေၾသာ္...ဘာကိစၥမ်ားရွိလို႔လဲမသိဘူး"
ဆြယ္တာ့လူက သူ႔ကုိဂ်ပန္လိုေမးေနခဲ့တယ္။
"Samရွိလားမသိဘူး"
သူလည္းဂ်ပန္လိုပဲ ျပန္ေမးလိုက္တယ္။
"ဆြယ္တာ့ဧည့္သည္ထင္တယ္၊ ခဏဝင္ထုိင္ပါဦး၊ သူဒီနားခဏသြားလို႔"
"ရပါတယ္၊ ကြၽန္ေတာ္ ဒါေလးလာေပးတာပါ၊ ၿပီးရင္ျပန္မွာ"
ဆြယ္တာ့လူလက္ထဲကုိ အထုပ္ျဖဴေလးထည့္ေပးလုိက္တယ္။ ဆြယ္တာ့လူက အိတ္ကုိလွစ္ဟၾကည့္ၿပီး သူ႔ကုိပါ အနည္းငယ္အံ့ၾသသလိုၾကည့္လာတယ္။
"ဒါ ဆြယ္တာ့ဟာထင္တယ္၊ မင္းဆီဘယ္လိုေရာက္ေနတာလဲ"
"ေၾသာ္...မုန္တုိင္းရွိတဲ့ေန႔က Samက ကြၽန္ေတာ္ေနတဲ့ဘက္ေရာက္ေနတာနဲ႔ တစ္ညတည္းခိုင္းလိုက္တာ၊ ကြၽန္ေတာ္တုိ႔က ဆရာတပည့္ဆုိေတာ့ အဆက္အသြယ္ရွိတယ္ေလ"
"ဆရာတပည့္လား၊ တစ္မ်ဳိးပဲေနာ္.... ဆရာကုိ Samလို႔ေခၚတာက"
သူဘယ္လိုျပန္ေျဖရမွန္းမသိျဖစ္ၿပီး အနည္းငယ္ေၾကာင္အေနမိတယ္။ သူ႔ေၾကာင့္ ဆြယ္တာ့သိကၡာကုိေတာ့ မထိခိုက္ေစခ်င္ဘူး။
"ဟုိေန႔ကလည္း မင္းကုိေတြ႕မိသလားလို႔၊ ဆြယ္တာနဲ႔အတူ ဒီအိမ္ထဲဝင္လာေသးတယ္ေလ"
"ကြၽန္ေတာ္တုိ႔က ဆရာတပည့္ဆုိတာထက္ ရင္းနွီးတဲ့မိတ္ေဆြေတြပါ၊ ခင္ဗ်ားကင္မရာကုိ ေကာက္ေတြ႕ၿပီး Samဆီေပးတာ ကြၽန္ေတာ္ပါ"
"အာ...ေက်းဇူးရွင္ပဲ၊ ေဆာရီးကြာ၊ ကုိယ္စစ္ေဆးသလိုေတြျဖစ္သြားတယ္"
ဆြယ္တာ့လူက သူ႔နဖူးေပၚသူလက္တင္ရင္း ရယ္ရယ္ေမာေမာေျပာရွာတယ္။
"ဒါဆုိ မင္းလည္းကုိရီးယားေပါ့"
"ဟုတ္ပါတယ္"
"လာေလ အထဲဝင္ထုိင္ပါဦး၊ ဆြယ္တာခဏေနျပန္လာမွာပါ"
"ရပါတယ္၊ ကြၽန္ေတာ္ျပန္ေတာ့မယ္၊ ေနာက္မွထပ္လာပါ့မယ္"
သူေလွကားထစ္ဘက္ကုိ ေျခဦးလွည့္လိုက္ခ်ိန္မွာ ေလွကားေတြအဆင့္ဆင့္ကုိျဖတ္တက္လာတဲ့ဆြယ္တာ။ သူအားတင္းၿပီး ၿပံဳးျပရင္း ေရွာင္ထြက္ဖုိ႔လုပ္ေပမဲ့ ဆြယ္တာက သူ႔လက္ကုိဖမ္းဆြဲထားခဲ့တယ္။ ဒီအေျခအေနကုိ ဆြယ္တာ့လူလည္းျမင္တယ္။
"Sam...ကြၽန္ေတာ့္ကုိလႊတ္"
သူခပ္တုိးတုိးဆုိရင္း Samလက္ကုိ ဖယ္ခ်လိုက္တယ္။
"ငါတုိ႔ခဏစကားေျပာရေအာင္"
သူခပ္သာသာပဲေခါင္းညိတ္ျပလိုက္တယ္။ ဆြယ္တာ့လူအေရွ႕မွာ ဆြယ္တာဒုကၡေရာက္ေအာင္ေတာ့ သူမလုပ္ဘူး။
"ေျပာပါ Sam...၊ ကြၽန္ေတာ့္ကုိဘာေတြေျပာစရာရွိေသးလဲ"
ပန္းကန္ျပားေပၚက ကိတ္မုန္႔ကုိ သူၿပီးစလြယ္ဖဲ့စားရင္း ေမးလိုက္တယ္။ သူဘာမွခံစားျပေနလို႔မရဘူး။ အစကတည္းက ဘာမွမသက္ဆုိင္ခဲ့တဲ့သူေတြခ်ည္းပဲ။
"Lixအေပၚမွာ ငါမတရားသလိုျဖစ္ခဲ့တယ္"
"အကုန္တရားပါတယ္ Sam...၊ ျဖစ္သင့္ျဖစ္ထုိက္တာလို႔ပဲေတြးလုိက္ပါ"
"Lix..."
သူက ဆြယ္တာ့ကုိစုိက္ၾကည့္ေနခဲ့သလို ဆြယ္တာကလည္း သူ႔ကုိစူးစမ္းစြာၾကည့္ေနခဲ့တယ္။
"အဲ့ဒီေလာက္ ငါမျပတ္သားဘူးေလ Lix...၊ ငါတုိ႔နွစ္ေယာက္က သာမန္မွမဟုတ္ခဲ့ၾကတာ"
"ေမ့လိုက္ Sam...၊ အခုအခ်ိန္မွာ ခင္ဗ်ားလူထက္ေတာ့ ဘာမွအေရးမႀကီးဘူးထင္တယ္၊ သူကမၾကာခင္..."
"ငါသိတယ္ Lix...၊ ဒါေပမဲ့"
"ေတာ္ပါေတာ့ Sam...၊ ကြၽန္ေတာ္နားမေထာင္ခ်င္ဘူး"
"Lix... ငါမင္းနဲ႔ ဒီလိုမျပတ္ေတာက္ခ်င္ဘူးေလ"
"ကြၽန္ေတာ္ မိတ္ေဆြေကာင္းအေနနဲ႔ရွိေနပါ့မယ္ Sam...၊ ၿပီးေတာ့ ခင္ဗ်ား သူ႔ကုိခ်စ္ပါတယ္၊ ခ်စ္လို႔လည္း အသည္းအသန္ရွာခဲ့တာပဲ၊ ကြၽန္ေတာ္ကအစကတည္းက အျပင္လူေလ၊ Samကုိ မေကာင္းတဲ့လူအျဖစ္ျမင္မွာ ကြၽန္ေတာ္မလိုလားဘူး၊ Samက ကြၽန္ေတာ့္ထက္အသက္ႀကီးသလို ကြၽန္ေတာ့္ထက္လည္းရင့္က်တ္ပါတယ္၊ အခုေလာေလာဆယ္ အေျခအေနကုိလည္း Samကအနားလည္ဆံုးျဖစ္မွာပါ၊ Sam နွစ္ဖက္လံုးကုိဆြဲထားလို႔မရဘူးေလ၊ ၿပီးေတာ့ ကြၽန္ေတာ္ယွဥ္ရမယ့္လူက ..."
သူခဏတာ ေျပာမထြက္ဘဲျဖစ္ေနတယ္။ ဒီအေၾကာင္းအရာကုိ သူေက်ာ္ထားတာေကာင္းတယ္။
"မျဖစ္သင့္ဘူးမလား၊ ကြၽန္ေတာ္ ေနာက္ဆုတ္ပါမယ္ Sam...၊ Sam ေအးေအးေဆးေဆးသာေလ်ွာက္ပါ၊ ကြၽန္ေတာ္ဝင္မရႈပ္ပါဘူး"
သူ႔ရင္ထဲကစကားေတြအကုန္ေျပာၿပီးေနာက္ေတာ့ သူအရင္ဦးေအာင္ထထြက္ခဲ့တယ္။ ဆြယ္တာဘယ္လိုက်န္ခဲ့မလဲ။ ဆြယ္တာ့မ်က္နွာဘယ္လိုရွိေနမလဲ သူမသိခ်င္ေတာ့ဘူး။ ၾကာၾကာအတူရွိေနေလ လႊတ္ခ်ဖုိ႔ခက္ေလျဖစ္တဲ့စက္ဝန္းထဲမွာပဲ သူပိတ္မိေနလိမ့္ေတာ့မွာ။
ကိတ္မုန္႔ဆုိင္မွာ အလုပ္ဆင္းရင္း ဆြယ္တာေရာက္မလာဖုိ႔ ေတာင္းဆုိမိတယ္။ ေက်ာင္းကပန္းခ်ီခ်ိန္မွာလည္း ဆြယ္တာေရာက္မလာဖုိ႔ပဲ ဆုေတာင္းတယ္။ သူေမ်ွာ္လင့္ႏုိင္တာ ဆြယ္တာ့ကုိမျမင္မေတြ႕ရဖုိ႔ပဲ။ ေသေလာက္ေအာင္သတိရ၊ ေသေလာက္ေအာင္လြမ္းလည္း သူ႔မွာခံစားခ်က္ေတြကုိ မ်ဳိခ်ႏုိင္စြမ္းေကာင္းေကာင္းရွိခဲ့တယ္။
ေက်ာင္းမွာ ပန္းခ်ီဆရာအသစ္ေရာက္လာခဲ့တယ္။ ဆြယ္တာက ကြၽန္ေတာ္တုိ႔ကုိ နႈတ္မဆက္ဘဲထြက္သြားတယ္လို႔ ဆုိၾကေပမဲ့ ကြၽန္ေတာ္ကေတာ့ နႈတ္ဆက္လိုက္ရတယ္ထင္တယ္။ ကံေကာင္းတာလား၊ ကံဆုိးတာလား။
သူဆြဲတဲ့ပန္းခ်ီမွာအေရာင္လြဲေနတယ္လို႔ ေျပာသံမၾကားရေတာ့ဘူး။ သူအေရာင္မွန္သြားၿပီထင္တယ္။ ဒါမွမဟုတ္ ဆရာေျပာတာကုိ သူမၾကားလိုက္တာထင္တယ္။
Thanks For Reading
Note
၇လပုိင္း JLPTနီးလာၿပီမုိ႔ ႏုိရာupdateေလးၾကာပါမယ္ဗ်။
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



