Hwang Sensei
21:03, 25 October 2022Unicode
ဆိုင်ရဲ့ထောင့်ကျကျနေရာဘက်မှာ ကော်ဖီသောက်နေတဲ့ ဆွယ်တာ့ကို သူလှမ်းမြင်နေရတယ်။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ခဏခဏအာရုံစိုက်နေမိတာလား မပြောတတ်ဘူး။ ကင်မရာထဲကလူနဲ့ ဆွယ်တာနဲ့ တွေ့ပြီးကြပြီလား သူအရမ်းသိချင်နေတယ်။ အလုပ်အချိန်မို့လို့ သွားမေးဖို့ရာ ဆိုင်းငံ့ထားပေမဲ့ ဆွယ်တာပြန်သွားရင် သူလိုက်မေးဖို့ အနည်းငယ်တော့ အခက်တွေ့လိမ့်မယ်။
၇နာရီထိုးဖို့ သိပ်မလိုတော့ဘူး။ ဆွယ်တာကလည်း ဖတ်လက်စစာအုပ်လေးကို ပိတ်လိုက်ပြီ။ သူပြန်တော့မယ်ထင်တယ်။ Felixလည်း အမြန်ဆုံးနည်းနဲ့အဝတ်အစားပြန်လဲပြီး ပြန်ထွက်လာပေမဲ့ ဆိုင်ထဲမှာ သူမရှိတော့ဘူး။ ဒါပေမဲ့ ခပ်ဝေးဝေး မရောက်လောက်သေးဘူးလို့ယုံကြည်တာမို့ အမြန်ဆုံးပြေးထွက်လိုက်တယ်။
ဟုတ်တယ်။ သိပ်ဝေးဝေးမရောက်သေးဘူး။ ခြေတံရှည်တွေနဲ့ဆွယ်တာက လမ်းကိုခပ်ဖြည်းဖြည်းပဲလျှောက်နေတာ။ သူနဲ့အလှမ်းနှစ်ဆယ်လောက်အကွာပဲ ရှိဦးမယ်ထင်တယ်။ Felixရဲ့ခြေလှမ်းတွေကတော့ ဒီနေ့လည်းသွက်နေတုန်းပဲ။ ဆွယ်တာက နှေးလွန်းလို့လည်း ဖြစ်ချင်ဖြစ်မယ်။
သူ့ရဲ့ခြေသံပြင်းပြင်းတွေကြောင့်လားမပြောတတ်ဘူး။ နှစ်ဦးကြားအကွာအဝေးက သေးငယ်သွားချိန်မှာ ခေါ်စရာမလိုဘဲ ဆွယ်တာက အလိုအလျောက်လှည့်ကြည့်လာတယ်။ Felixလည်း အနည်းငယ်တန့်သွားမိရင်း မသိမသာ ရယ်ပြလိုက်တယ်။ ဆွယ်တာကတော့ သူ့ကို မမှိတ်မသုန်နဲ့ စူးစူးစမ်းစမ်း ကြည့်နေတုန်းပဲ။
"ကျွန်တော်... ကျွန်တော့်ကိုမှတ်မိတယ်မလား"
ဆွယ်တာ့မျက်ဝန်းက အကြည့်တွေက အရှိန်တော့အနည်းငယ် လျော့သွားတယ်။ ပြီးတော့ ခပ်အေးအေးဖြေတယ်။
"အင်း၊ မှတ်မိတယ်၊ လူကိုပဲ၊ နာမည်ကတော့... အင်း... Lixဆိုတဲ့နာမည်မျိုးနဲ့၊ သေချာတော့မမှတ်မိဘူး"
Felix ခေါင်းပဲညိတ်လိုက်တယ်။ သူ့နာမည်ကို မမှတ်မိတာက ကိစ္စမှမဟုတ်ဘဲ။ လူကိုမှတ်မိတဲ့အတွက် နောက်ကြောင်းပြန်စရာမလိုဘဲ မေးလိုရာကို ချက်ချင်းမေးနိုင်တာနဲ့တင် သူတစ်ချက်သက်သာသွားပြီ။
"ဒီက...."
"အဆင်ပြေသလိုခေါ်ပါ၊ ဆွယ်တာဆိုတာကလွဲရင်..."
နာမည်ခေါ်ရမယ့်အခက်အခဲကို ဆွယ်တာဖြေရှင်းသွားပေမဲ့ သူတကယ် ဘယ်လိုခေါ်ရမလဲ မစဉ်းစားတတ်သေးဘူး။
"ဟို... ဒီကအစ်ကိုနဲ့ ကင်မရာထဲကလူ တွေ့ပြီးသွားပြီလား သိချင်လို့ပါ"
မေးပြီးကာမှ မေးသင့်ရဲ့လား ပြန်တွေးမိတဲ့အဖြစ်က နည်းနည်းတော့ ကပ်သီးကပ်သပ်နိုင်တယ်။ နောက်ဆုတ်လို့တော့မရတော့ဘူး။ တစ်ဖက်ကမကြိုက်ရင် ထတောင်းပန်ရုံပဲရှိတော့မယ်။ ဒီလိုပဲ အီယုံးဘို့က တစ်ခါတလေ နည်းနည်းစိတ်မြန်လက်မြန်ရှိတတ်တယ်။
"မတွေ့ရသေးဘူး"
ဆွယ်တာပြန်ဖြေတဲ့ပုံစံက အေးဆေးပဲ။ တုန်လှုပ်ခြင်းမပြောနဲဦး၊ ခံစားချက်အရိပ်အယောင်တောင် ရှိရဲ့လားမပြောတတ်အောင် သူတည်ငြိမ်လွန်းတယ်။
"ဘာလို့လဲ၊ ရှာလို့မရတာလား"
မေးလက်စနဲ့ဆက်မေးဖို့ ဆုံးဖြတ်လိုက်တယ်။ မသိရရင် သူဒီညအိပ်ပျော်ပါ့မလား မသိဘူး။
"အဲ့ဒီလိုပြောရမလား မသိဘူး၊ ဒါပေမဲ့ ဘယ်ကိုကမှ မရောက်သေးတာတော့ အမှန်ပဲ၊ နည်းနည်းလည်း အလုပ်ရှုပ်နေတာနဲ့"
တိုကျိုမြို့လမ်းမထက်တစ်နေရာက သူတို့နှစ်ဦးကလွဲပြီး ကျန်တဲ့လူတွေအားလုံး မီးရောင်ဝင်းဝင်းအောက်မှာ လှုပ်ရှားနေကြတယ်။ သေချာတယ်။ သူတို့နှစ်ဦးပဲ ငြိမ်သက်နေမှာ။ ပိုငြိမ်သက်သွားတာကတော့ Felixပဲလို့ပြောရမယ်။ ဟုတ်တယ်... သူငြိမ်သက်တယ်ဆိုတာထက် တောင့်ခဲသွားတာ။ အလုပ်ရှုပ်နေတာနဲ့ပဲ သေဖို့စောင့်နေတဲ့ လူတစ်ယောက်ကို မတွေ့နိုင်တာမျိုးလား။
"ခင်ဗျား ဘယ်လိုလူလဲ၊ ဟိုလူက သေတော့မယ့်လူနော်၊ ခင်ဗျားလုပ်နေတာက...."
စိတ်ခံစားချက်ပြင်းထန်မှုကြောင့် သူ့စကားက ဘောင်ကျော်သွားခဲ့တယ်။ ထုံးစံအတိုင်း လွန်ပြီးကာမှ သတိဝင်တယ်။
"ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်လည်း..."
"ရပါတယ်၊ ငါနားလည်နိုင်တယ်လို့ ထင်ပါတယ်"
ဆွယ်တာက ဒီအတိုင်းလေးပြောပြီး လှည့်ထွက်သွားတယ်။ အခုတော့ သူကလွဲပြီး တစ်လောကလုံးက လှုပ်ရှားသွားပြီ။
"Felix........."
နေ့လယ်စာသွားဝယ်ဖို့လာခေါ်တဲ့ အတန်းဖော်က သူ့နာမည်ကို စိတ်မရှည်တော့ဘဲ ကျယ်ကျယ်လောင်လောင် အော်ခေါ်တယ်။ ဒီတော့မှပဲ ဆွယ်တာနဲ့ဟိုလူဆွဲငင်ထားတဲ့ အတွေးကမ္ဘာအပြင်ကို သူပြန်ရောက်တော့တယ်။
"သြော်...ဆောရီး"
"ဆောရီးလုပ်မနေနဲ့၊ ဟိုမှာ အသားညှပ်ပေါင်မုန့်ကုန်ပြီလားမသိဘူး"
တကယ်လည်း ဆိုင်မှာအသားညှပ်ပေါင်မုန့်မရလိုက်ဘူး။ သူတို့ တခြားပေါင်မုန့်ပဲဝယ်လာခဲ့ရတယ်။
"Felix...မင်းအသစ်ရောက်မယ့် အနုပညာဋ္ဌာနက ပန်းချီဆရာကို တွေ့ပြီးသွားပြီလား"
Felixပခုံးတွန့်ပြလိုက်သည်။
"ဟင့်အင်း၊ မင်းလိုလူကပဲ ပန်းချီနဲ့ပတ်သက်တာ စိတ်ဝင်စားမှာလေ၊ ငါကအဲ့ဒီအပိုင်းမှ မဟုတ်တာ"
Felixအတန်းဖော်က ပေါင်မုန့်ကိုလက်စသတ်ရင်း အချိုရည်ကိုငုံကာ ခေါင်းတဆတ်ဆတ်ညိတ်တယ်။
"ဂျပန်လူမျိုးမဟုတ်လို့ပါ၊ ငါတောင်မနက်က ရုံးခန်းမှာ အိမ်စာစာအုပ်တွေ သွားထားရင်း ဆရာမတွေပြောသံကြားလို့"
"ဟုတ်လား၊ ဘာလူမျိုးတဲ့လဲ"
"ကိုရီးယားလို့ကြားတာပဲ၊ မင်းနဲ့များသိမလားလို့ မေးကြည့်တာ"
Felix မျက်မှောင်ကြုတ်လိုက်မိတယ်။ မသိရင်ပဲ မိမိက ဂျပန်ရောက် ကိုရီးယားတိုင်းကို သိရမယ့်ပုံစံပေါက်နေပြီ။
"ငါကဘယ်လိုလုပ်သိမှာလဲ"
"အေးပါ၊ ငါကမေးကြည့်ရုံပါ"
ကော်ရစ်တာပေါ်မှာသူတို့နည်းတူ သွားလာနေကြတဲ့ ကျောင်းသားတွေကို တိုးဝှေ့ရှောင်ကွင်းရင်း သူအတန်းထဲပြန်ရောက်လာခဲ့တယ်။ ညနေပိုင်းအတန်းချိန်တွေက တကယ်တော့ ငိုက်ချင်စရာကောင်းတယ်။ ငိုက်ပြီးတဲ့နောက်၊ နောက်ဆုံးအတန်းချိန်အတွက် ပန်းချီဋ္ဌာနဘက်ကိုကူးလာခဲ့တယ်။ သူ့အတန်းဖော်ပြောတဲ့ ကိုရီးယားလူမျိုးဆရာနဲ့တွေ့ရမယ်ထင်တယ်။
အကြောဆန့်ကာ အိပ်ချင်စိတ်ကိုဖြေလျှော့ပြီးတဲ့နောက်မှာတော့ အတန်းထဲကို ဆရာနှစ်ယောက်ဝင်လာတယ်။ တစ်ယောက်ကတော့ သူတို့အတန်းရဲ့တာဝန်ခံဆရာ၊ နောက်တစ်ယောက်ကတော့....။
"ဆွယ်တာ..."
ဟုတ်တယ်။ ဘယ်လိုမှမှားနိုင်စရာမရှိတဲ့လူ။ ဒီနေ့လည်း ဆွယ်တာအပါးလေးတစ်ထပ် ထပ်ဝတ်ထားတယ်။ မီးခိုးရောင်လေး။
"ဒါက ငါ့တပည့်တို့ကို ပန်းချီသင်ပေးမဲ့ဆရာပဲ၊ တစ်ဖက်ကျောင်းက ဆရာအသစ် ဒီကိုရောက်မလာမချင်း ဒီဆရာကပဲ သင်ပေးလိမ့်မယ်၊ ဟုတ်ပြီလား၊ ကျောင်းသားတွေကို မိတ်ဆက်ပေးလိုက်ပါဦး"
တာဝန်ခံဆရာရဲ့စကားသံဆုံးတာနဲ့ ဆွယ်တာက ရှေ့ကို ရို့ရို့ကျိုးကျိုး ခြေတစ်လှမ်းတိုးလာတယ်။ ပြီးတော့ ဦးလေးညွတ်ရင်းနှုတ်ဆက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ဆရာ့နာမည်ကတော့ ဟွမ်ဟျွန်ဂျင်းပါ၊ မင်းတို့ရဲ့ခေတ္တပန်းချီဆရာပေါ့၊ ကျောင်းနဲ့မလှမ်းမကမ်းမှာ ပန်းချီပြခန်းအသေးလေးတစ်ခု ဖွင့်ထားပါတယ်၊ ကျောင်းသားတွေလည်း အချိန်ရရင် လာလည်လို့ရပါတယ်"
ဆွယ်တာကတော့ တကယ့်ဆွယ်တာပဲ။ ဒီလိုနှုတ်ဆက်ရတဲ့အချိန်မှာတောင် မျက်နှာကချိုသာနေဖို့ထက် တည်တံ့တံ့မျက်နှာကိုပဲ အားကိုးထားတယ်။ Felixအတွက်ကတော့ မျက်နှာချိုတဲ့ ဆရာတစ်ယောက်က စာသင်ဖို့အကောင်းဆုံးပဲ။ မျက်နှာချိုနေရုံနဲ့တင် သင်ရမယ့်စာက ပိုနားထောင်ကောင်းနေပြီ။
ဆွယ်တာက ကျောင်းသားတွေထဲမှာ သူ့ကိုလှမ်းမြင်လိုက်ပုံပဲ။ သူ့ကိုအံ့အားသင့်တဲ့ပုံစံပါတဲ့ အပြုအမူသေးသေးတွေနဲ့ လှမ်းကြည့်နေတယ်။ ပုံမှန်သာဆိုရင်တော့ Felixပြုံးပြဖြစ်လောက်တယ်။ ဒါပေမဲ့ မနေ့ကကြားခဲ့တဲ့စကားတွေအတွက် ဆွယ်တာ့ကိုမကျေနပ်တာမို့ သူရယ်မပြဖို့ဆုံးဖြတ်ထားတယ်။ စိတ်လည်းမပါဘူး။
ဆွယ်တာ့ကို ကျောင်းသူတွေကတော့ အတော်လေးကို သဘောကျနေကြတာ။ Hwang sensei...Hwang senseiနဲ့နေတော့တာပဲ။ Felixကတော့ ဆွဲချင်ရာဆွဲနေတာ။ ဟုတ်တယ်လေ။ ဆွယ်တာကိုယ်တိုင်က စိတ်ပါတဲ့ပုံဆွဲကြည့်ကြပါလို့ ပြောတာမဟုတ်ဘူးလား။ သူဆွဲနေတာက....။ အင်း... ကိတ်မုန့်တစ်ခုရဲ့ပုံ။ ပန်းချီဆွဲရတာမကြိုက်လှပေမဲ့ သူ့လက်ရာက အဆိုးကြီးထဲတော့မပါသေးပါဘူး။ အနုပညာအသင်းထဲတောင် ဝင်ထားတာပဲမဟုတ်ဘူးလား။ ကိုယ့်ဝါသနာကိုယ်သေချာမသိတော့ အနည်းငယ်တတ်ကျွမ်းတာမျိုး ရွေးချယ်ခဲ့တာလည်းဖြစ်မယ်ထင်တာပဲ။
"Lix... မင်းအခုသုံးနေတဲ့ကာလာက ရှေ့တစ်ခုနဲ့ကာလာမတူဘူးနော်"
နောက်ကျောတည့်တည့်မှာလာရပ်ပြီး ပြောသွားတဲ့ဆွယ်တာ့ကို သူလှည့်ကြည့်မိတဲ့အချိန်မှာ ဆွယ်တာက တခြားသူတွေနောက်ရောက်နေပြီ။ ဒီလိုကျတော့လည်း ခြေလှမ်းကသွက်သားပဲ။
"အရောင်မညီဘူးပဲ"
ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး ရေရွတ်မိတယ်။ ဘာပဲဖြစ်ဖြစ် ပန်းချီပြပွဲတွေမှာ ပြမယ့်ပန်းချီမှ ဟုတ်မနေဘဲဟာ။ သိပ်ကိစ္စမရှိလှပါဘူး။ အတန်းချိန်ပြီးတဲ့အခါ အတန်းဖော်အကုန်လုံးက ခပ်သုတ်သုတ်ပဲ အခန်းထဲကထွက်သွားကြတယ်။ Felixကတော့ သက်သက်ကို အခန်းထဲကနောက်ဆုံးထွက်ဖြစ်အောင် လုပ်တာလို့ပြောရမယ်။ ဆွယ်တာက ပန်းချီဆွဲထားတဲ့ပေပါတွေကို ထပ်နေတုန်းမဟုတ်လား။
သူ ဆွယ်တာ့အနားထပ်ရောက်သွားတယ်။ သူသိချင်တယ်မဟုတ်လား။ ဆွယ်တာတို့ဆုံပြီးကြပြီလားဆိုတာကိုလေ။
"ခင်ဗျား..."
"ကျောင်းကဆရာတစ်ယောက်ကို ခင်ဗျားလို့ခေါ်တာ ရိုင်းတယ်မထင်ဘူးလား Lix..."
သူ့ကိုမော့မကြည့်ဘဲ စာရွက်တွေစီရင်း အခေါ်အဝေါ်ကို သတ်ပေးလိုက်တဲ့ ဆွယ်တာကြောင့် သူခဏဆွံ့အသွားတယ်။ ဒါပေမဲ့ သူဘယ်လိုခေါ်သင့်လဲ။ Hyung(အစ်ကို)ဆိုတာမျိုးလား။ မခေါ်ချင်တော့ဘူး။ မနေ့ကတည်းက အဲ့ဒီလိုခေါ်နိုင်တဲ့စိတ် မရှိတော့တာပဲ။
"Hwang sensei..."
"အဲ့ဒီလောက် မယဉ်ကျေးလည်းဖြစ်ပါတယ် Lix..."
ဆွယ်တာက စာရွက်စီတာပြီးသွားပုံပဲ။ အံဆွဲလေးကို အသာဖွင့်ပြီး အကုန်လုံးထည့်သိမ်းလိုက်တယ်။ အဲ့ဒီနောက်မှ သူနဲ့မျက်လုံးချင်း ဆုံကြည့်တယ်။
"ဒီနေ့ ကိတ်မုန့်ဆိုင်မသွားရဘူးလား"
ဟုတ်တယ်။ သူအလုပ်ရှိသေးတယ်။ ဒီတော့ သိချင်တာကို မြန်မြန်မေးရမယ်။
"သူနဲ့တွေ့ပြီးပြီလား..."
ဆွယ်တာ သူ့ကိုဒီတစ်ကြိမ် စိုက်ကြည့်လိုက်တာ အကြာတကာ့အကြာဆုံးကာလပဲ။ ပြီးမှ သက်ပြင်းလေးတစ်ချက်ချပြီး ခေါင်းယမ်းတယ်။ ဒီလူ တော်တော်သွေးအေးတဲ့လူပဲ။
"ခွင့်ပြုပါဦး Hwang sensei"
"Lix..."
သူထွက်သွားဖို့ ဟန်ပြင်လိုက်ပေမဲ့ ဆွယ်တာ့ခေါ်သံကြောင့် စိတ်ပျက်လက်ပျက် လှည့်ကြည့်မိလိုက်တယ်။ ဟုတ်တယ်။ သူဒီလူ့အပေါ်မှာ နည်းနည်းလေးမှ မကျေနပ်နိုင်ဘူး။
"မင်းငါနဲ့ စကားအေးဆေးပြောချင်လား"
အမှန်အတိုင်းဖြေရရင် သူမပြောချင်တော့ဘူး။ သွေးအေးအေးနဲ့ သေတော့မယ့်ချစ်သူကို လှည့်မကြည့်နိုင်တဲ့ဒီလူ့ကို သေမယ့်လူအစား သူစိတ်နာနေမိတယ်။
"ကျွန်တော်ဆိုင်သွားရဦးမယ်"
"ကောင်းပါပြီ၊ ဒါဆို ညကျမှ ကိတ်မုန့်ဆိုင်မှာတွေ့မယ်"
ချိန်းဆိုခြင်းကိုလက်မခံမိပေမဲ့ မငြင်းပယ်လိုက်တာမို့ ဆွယ်တာကပဲ ဆုံးဖြတ်လိုက်ပုံပေါ်တယ်။ သူနဲ့မဆိုင်တော့တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ သူစိတ်ဝင်စားနေသေးတယ်။ သိချင်သေးတယ်။ ကင်မရာထဲကလူနဲ့ သူ့ဆွယ်တာ့ရဲ့ ပြန်ပေါင်းခန်းကိုလည်း သူမြင်ချင်သေးတာ။ အပြင်လူတစ်ယောက်အနေနဲ့ စီးမြောချင်တဲ့ ဇာတ်လမ်းသက်သက်ပါပဲ။
ကိတ်မုန့်ဆိုင်ကနေ သူအလုပ်ဆင်းတဲ့အချိန်ကို ဆွယ်တာက မှတ်ထားခဲ့ပုံပဲ။ ၇နာရီမထိုးခင်လောက်မှာ ဆိုင်ကိုရောက်ချလာတယ်။
"ice-coffeeရပါပြီ"
အမှာစာစောင့်နေတဲ့ ဆွယ်တာလက်ထဲကို ice coffeeတစ်ခွက် သူအရထည့်ပေးလိုက်တယ်။ ဆွယ်တာက ကော်ဖီခွက်ကိုယူပြီးတဲ့နောက် ချက်ချင်း ထိုင်စရာမရှာသေးဘဲ အလုပ်ချိန်ပြီးရင် သူ့ဝိုင်းကိုလာနိုင်မလားမေးတယ်။
"ရပါတယ်"
သူဘာလို့လက်ခံမိလိုက်မှန်းမသိဘူး။ ဒီလိုပဲ။ တချို့အရာတွေက ဒီလိုပဲ အကြောင်းပြချက်မရှိတတ်ဘူး။
ဆွယ်တာထိုင်နေတဲ့စားပွဲဝိုင်းထပ်သေးသေးမှာ သူကပါမျက်နှာချင်းဆိုင် ဝင်ထိုင်မိလိုက်တယ်။ ဆွယ်တာကတော့ ဖတ်လတ်စစာအုပ်လေးကို ပိတ်လိုက်ပြီ။
"မင်းရောဘာသောက်ဦးမလဲ"
ဆိုင်ဝန်ထမ်းကို ပြန်လည်ပျူငှာတဲ့ ကာစတမ်မာကို သူခေါင်းလေးယမ်းရင်းပဲ ယဉ်ယဉ်ကျေးကျေးငြင်းလိုက်တယ်။ ဒါနဲ့ ဆွယ်တာဝတ်ထားတာ ခရမ်းရင့်ရောင်လေး။
"မင်းဟိုကင်မရာကို ဘယ်နားကရခဲ့တာလဲ"
"ကျွန်တော်ပြောပြဖူးတယ်မဟုတ်ဘူးလား၊ စဆုံတဲ့နေ့တုန်းကလေ"
သူ နည်းနည်းလေးခနဲ့လိုက်မိတယ်။ ဆွယ်တာ့အပေါ် သူကမဆီမဆိုင် စိတ်ခုနေမိတာလေ။
"ဟုတ်ပါတယ်၊ အဲ့ဒီနေ့က ငါလည်း နည်းနည်းထူပူနေတာနဲ့"
"ကျွန်တော်နေတဲ့အဆောင်နားက..."
ဆွယ်တာက ခေါင်းလေးညိတ်ပြီး သက်ပြင်းရှိုက်တယ်။ အခုမှ ရှာဖွေရေးဆင်းတော့မယ်ထင်တာပဲ။
"မင်းကူညီနိုင်မလား"
"ဘာကိုလဲ"
"သူ့ကိုရှာဖို့ ငါမင်းရဲ့အကူအညီ နည်းနည်းလိုတယ်"
Felix မျက်မှောင်ကြုတ်လိုက်မိတယ်။ သူထပ်ပြီး ဒီဇာတ်လမ်းထဲ မပါချင်တော့ဘူး။
"ခင်ဗျားတို့ကိစ္စတွေ ကျွန်တော်ဘာမှမသိဘူးလေ၊ နောက်ပြီး ကင်မရာတစ်လုံးကောက်ရခဲ့တာကလွဲလို့ ကျွန်တော်နဲ့သက်ဆိုင်မှု မရှိဘူးထင်တာပဲ"
"ဟုတ်ပါတယ်၊ မင်းပြောတာမှန်ပါတယ်"
ဆွယ်တာက ခပ်သာသာလေးရေရွတ်သွားတယ်။ တကယ်လည်း ဟုတ်တယ်။ သူပြောတာ မှားမနေဘူး။
"ငါ့ကိုခွင့်ပြုပါဦး"
အရင်နှုတ်ဆက်ပြီး ထိုင်ခုံကထလိုက်တဲ့ဆွယ်တာ့ကို သူမော့ကြည့်ဖြစ်တယ်။ ဒီမျက်နှာက သူစတွေ့ကတည်းက ဘယ်တုန်းကမှ အားရှိတဲ့ပုံပေါ်မနေဘူး။ အမြဲဖြူလျော်၊ အမြဲခြောက်သွေ့နေတာပဲ။ ဆွယ်တာ့ကိုပြောနေပေမဲ့ Felixက လူကောင်ထွားထွားကြီးမဟုတ်လှပါဘူး။ ဆွယ်တာနဲ့ယှဉ်ရင် သူကပိုညှပ်ချင်ညှပ်နေဦးမယ်။ ဒါပေမဲ့ ဆွယ်တာ့လို မဖြူလျော်ဘူး။
"အ့..."
ဆိုင်ပေါက်ဝမှအမျိုးသမီးတစ်ဦးရဲ့ အော်သံကြောင့် အဝင်ဝကို ကျောပေးထိုင်ထားမိတဲ့သူ ချက်ချင်းလှည့်ကြည့်မိတယ်။ ဆိုင်ပေါက်ဝမှာရုတ်တရက်လဲကျသွားတဲ့လူကြောင့် မိန်းကလေးကအော်လိုက်တာပဲ။ လဲကျသွားတဲ့လူကိုကူဖို့ သူထကြည့်လိုက်တယ်။ ခရမ်းရင့်ရောင်နဲ့...။
"ဆွယ်တာ..."
ခဏချင်းဝိုင်းအုံလာတဲ့လူအုပ်ကို သူဖောက်ထွင်းပြီး ဆွယ်တာကိုပြေးပွေ့မိတယ်။ သတိလစ်သွားတာပဲ။
"ဟေ့လူ..ဆွယ်...Hwang sensei...Hwang sensei...ဆေးရုံ...ဆေးရုံဘယ်နားရှိလဲ"
အုံနေတဲ့လူတွေကို အနီးဆုံးဆေးရုံတည်နေရာမေးနေရင်း ဆွယ်တာ့ကို ကျောပိုးပြီးသားဖြစ်အောင် သူအဆင်သင့်ပြင်လိုက်တယ်။ အဲ့ဒီနောက် တစ်ယောက်တစ်ပေါက်ညွှန်းသံတွေကို နားမစွင့်နိုင်ဘဲ ဆွယ်တာ့ကိုပိုးပြီး ကားလမ်းဘေးကိုအရင်ရောက်ဖို့ ကြိုးစားတယ်။ ကားတစ်စီးရတဲ့အခါမှာတော့ အနီးဆုံးဆေးရုံကို ပို့ခိုင်းလိုက်တယ်။
ဆွယ်တာက အားနည်းနေတာတဲ့။ အိပ်ရေးပျက်တာများပြီး အစားပုံမှန်စားပုံမပေါ်ဘူးလို့ ဆရာဝန်ကပြောသွားတယ်။ အခုတော့ သူလူနာစောင့်ကျနေရပြီ။ မပတ်သက်ချင်တဲ့လူနဲ့မှ သူက ကံကြမ္မာအတော်ပါတာပဲ။ ဆေးရှိန်ကြောင့် မှေးစက်နေတဲ့ ဆွယ်တာ့မျက်နှာကို သူအတန်ငယ်စိုက်ကြည့်မိတယ်။
"တော်တော်အကြည့်ခံတဲ့လူပဲ"
ဟုတ်တယ်။ ဆွယ်တာက တကယ်အကြည့်ခံတဲ့မျက်နှာ ပိုင်ထားတာ။ တချို့လူတွေက သေချာကြည့်ရင် သိပ်မလှ၊ သိပ်မချောတော့တာမျိုး။ ဆွယ်တာကတော့ ကြည့်လေကြည့်ကောင်းလေပဲ။ ဒီလိုလူမျိုးက ဂေးတစ်ယောက်ဖြစ်နေတာ နှမျောဖို့ကောင်းတယ် ပြောရမလား။ ဘာကနှမျောဖို့ကောင်းတာလဲ Felixမသိဘူး။ ဒီလိုပဲ နှမျောမိတာ။
သူရထားချိန်မမီခဲ့ဘူး။ Taxiခဈေးကြီးကြီးပေးပြီး သူအိမ်ပြန်ခဲ့တယ်။ ဆွယ်တာနိုးလာတဲ့အချိန် သူ့ကိုကျေးဇူးတင်နေဦးမှာစိုးလို့။ ဒီလောက်ပဲ။ သူ့အတွက် ကျေးဇူးတင်တာတွေမလိုဘူး။
"Lix...."
ဆွယ်တာအဖြူလေးနဲ့ ဆွယ်တာက ပန်းခင်းတွေကြားမှာထိုင်ရင်း သူ့နာမည်ကိုခေါ်နေတာ။ အဲ့ဒီနောက်မှာ သူ့လက်ကိုလှမ်းဆွဲပြီး ဘေးမှာထိုင်ခိုင်းတယ်။ နောက်တစ်ပြိုင်တည်းမှာပဲ သူ့နှုတ်ခမ်းကိုနမ်းဖို့ နီးကပ်လာခဲ့တယ်။
"တီ တီ တီ တီ...."
alarmသံကြောင့် အိပ်မက်ကနေ နိုးထလာခဲ့တယ်။ သူဘယ်လိုအိပ်မက်တွေ အိပ်နေမိတာပါလိမ့်။ တစ်နေ့တစ်နေ့ ဒီလူတွေအကြောင်းတွေးရလွန်းလို့ စိတ်စွဲပြီး အိပ်မက်တွေပါ မက်ကုန်တာဖြစ်မယ်။ တကယ်စိတ်ပျက်စရာပဲ။
သူကတော့ အိပ်မက်ထဲကလို ဟွမ်ဟျွန်ဂျင်းဆိုတဲ့ဆွယ်တာလူသားနဲ့ ဘယ်တော့မှနမ်းမှာ မဟုတ်ဘူး။ ဒီနေ့ ဆွယ်တာကျောင်းမလာရင်ကောင်းမယ်။ အိပ်မက်အကြောင်းတွေးတွေးပြီး သူမျက်နှာပူနေတယ်။
"Lix"
လော်ကာထဲက ဖိနပ်ကိုထုတ်ပြီးလဲနေတဲ့အချိန်မှာ ကြားလိုက်ရတဲ့အသံက အစစ်လား၊ အတုလား သူဝေခွဲမရလိုက်ဘူး။ စိတ်ထင်တာဆိုကောင်းမယ်။ သူလှည့်ကြည့်လိုက်တယ်။
ဒီနေ့ကတော့ ဆွယ်တာအဖြူရောင်...။
Thanks For Reading
Zawgyi
ဆုိင္ရဲ႕ေထာင့္က်က်ေနရာဘက္မွာ ေကာ္ဖီေသာက္ေနတဲ့ ဆြယ္တာ့ကုိ သူလွမ္းျမင္ေနရတယ္။ ဒါမွမဟုတ္ သူကုိယ္တုိင္ကပဲ ခဏခဏအာရံုစုိက္ေနမိတာလား မေျပာတတ္ဘူး။ ကင္မရာထဲကလူနဲ႔ ဆြယ္တာနဲ႔ ေတြ႕ၿပီးၾကၿပီလား သူအရမ္းသိခ်င္ေနတယ္။ အလုပ္အခ်ိန္မုိ႔လို႔ သြားေမးဖုိ႔ရာ ဆုိင္းငံ့ထားေပမဲ့ ဆြယ္တာျပန္သြားရင္ သူလိုက္ေမးဖုိ႔ အနည္းငယ္ေတာ့ အခက္ေတြ႕လိမ့္မယ္။
၇နာရီထုိးဖုိ႔ သိပ္မလိုေတာ့ဘူး။ ဆြယ္တာကလည္း ဖတ္လက္စစာအုပ္ေလးကုိ ပိတ္လိုက္ၿပီ။ သူျပန္ေတာ့မယ္ထင္တယ္။ Felixလည္း အျမန္ဆံုးနည္းနဲ႔အဝတ္အစားျပန္လဲၿပီး ျပန္ထြက္လာေပမဲ့ ဆုိင္ထဲမွာ သူမရွိေတာ့ဘူး။ ဒါေပမဲ့ ခပ္ေဝးေဝး မေရာက္ေလာက္ေသးဘူးလို႔ယံုၾကည္တာမုိ႔ အျမန္ဆံုးေျပးထြက္လိုက္တယ္။
ဟုတ္တယ္။ သိပ္ေဝးေဝးမေရာက္ေသးဘူး။ ေျခတံရွည္ေတြနဲ႔ဆြယ္တာက လမ္းကုိခပ္ျဖည္းျဖည္းပဲေလ်ွာက္ေနတာ။ သူနဲ႔အလွမ္းနွစ္ဆယ္ေလာက္အကြာပဲ ရွိဦးမယ္ထင္တယ္။ Felixရဲ႕ေျခလွမ္းေတြကေတာ့ ဒီေန႔လည္းသြက္ေနတုန္းပဲ။ ဆြယ္တာက ေနွးလြန္းလို႔လည္း ျဖစ္ခ်င္ျဖစ္မယ္။
သူ႔ရဲ႕ေျခသံျပင္းျပင္းေတြေၾကာင့္လားမေျပာတတ္ဘူး။ နွစ္ဦးၾကားအကြာအေဝးက ေသးငယ္သြားခ်ိန္မွာ ေခၚစရာမလိုဘဲ ဆြယ္တာက အလိုအေလ်ာက္လွည့္ၾကည့္လာတယ္။ Felixလည္း အနည္းငယ္တန္႔သြားမိရင္း မသိမသာ ရယ္ျပလိုက္တယ္။ ဆြယ္တာကေတာ့ သူ႔ကုိ မမွိတ္မသုန္နဲ႔ စူးစူးစမ္းစမ္း ၾကည့္ေနတုန္းပဲ။
"ကြၽန္ေတာ္... ကြၽန္ေတာ့္ကုိမွတ္မိတယ္မလား"
ဆြယ္တာ့မ်က္ဝန္းက အၾကည့္ေတြက အရွိန္ေတာ့အနည္းငယ္ ေလ်ာ့သြားတယ္။ ၿပီးေတာ့ ခပ္ေအးေအးေျဖတယ္။
"အင္း၊ မွတ္မိတယ္၊ လူကုိပဲ၊ နာမည္ကေတာ့... အင္း... Lixဆုိတဲ့နာမည္မ်ဳိးနဲ႔၊ ေသခ်ာေတာ့မမွတ္မိဘူး"
Felix ေခါင္းပဲညိတ္လိုက္တယ္။ သူ႔နာမည္ကုိ မမွတ္မိတာက ကိစၥမွမဟုတ္ဘဲ။ လူကုိမွတ္မိတဲ့အတြက္ ေနာက္ေၾကာင္းျပန္စရာမလိုဘဲ ေမးလိုရာကုိ ခ်က္ခ်င္းေမးႏုိင္တာနဲ႔တင္ သူတစ္ခ်က္သက္သာသြားၿပီ။
"ဒီက...."
"အဆင္ေျပသလိုေခၚပါ၊ ဆြယ္တာဆုိတာကလြဲရင္..."
နာမည္ေခၚရမယ့္အခက္အခဲကုိ ဆြယ္တာေျဖရွင္းသြားေပမဲ့ သူတကယ္ ဘယ္လိုေခၚရမလဲ မစဥ္းစားတတ္ေသးဘူး။
"ဟုိ... ဒီကအစ္ကုိနဲ႔ ကင္မရာထဲကလူ ေတြ႕ၿပီးသြားၿပီလား သိခ်င္လို႔ပါ"
ေမးၿပီးကာမွ ေမးသင့္ရဲ႕လား ျပန္ေတြးမိတဲ့အျဖစ္က နည္းနည္းေတာ့ ကပ္သီးကပ္သပ္ႏုိင္တယ္။ ေနာက္ဆုတ္လို႔ေတာ့မရေတာ့ဘူး။ တစ္ဖက္ကမႀကိဳက္ရင္ ထေတာင္းပန္ရံုပဲရွိေတာ့မယ္။ ဒီလိုပဲ အီယံုးဘို႔က တစ္ခါတေလ နည္းနည္းစိတ္ျမန္လက္ျမန္ရွိတတ္တယ္။
"မေတြ႕ရေသးဘူး"
ဆြယ္တာျပန္ေျဖတဲ့ပံုစံက ေအးေဆးပဲ။ တုန္လႈပ္ျခင္းမေျပာနဲဦး၊ ခံစားခ်က္အရိပ္အေယာင္ေတာင္ ရွိရဲ႕လားမေျပာတတ္ေအာင္ သူတည္ၿငိမ္လြန္းတယ္။
"ဘာလို႔လဲ၊ ရွာလို႔မရတာလား"
ေမးလက္စနဲ႔ဆက္ေမးဖုိ႔ ဆံုးျဖတ္လိုက္တယ္။ မသိရရင္ သူဒီညအိပ္ေပ်ာ္ပါ့မလား မသိဘူး။
"အဲ့ဒီလိုေျပာရမလား မသိဘူး၊ ဒါေပမဲ့ ဘယ္ကုိကမွ မေရာက္ေသးတာေတာ့ အမွန္ပဲ၊ နည္းနည္းလည္း အလုပ္ရႈပ္ေနတာနဲ႔"
တုိက်ဳိၿမိဳ႕လမ္းမထက္တစ္ေနရာက သူတုိ႔နွစ္ဦးကလြဲၿပီး က်န္တဲ့လူေတြအားလံုး မီးေရာင္ဝင္းဝင္းေအာက္မွာ လႈပ္ရွားေနၾကတယ္။ ေသခ်ာတယ္။ သူတုိ႔နွစ္ဦးပဲ ၿငိမ္သက္ေနမွာ။ ပုိၿငိမ္သက္သြားတာကေတာ့ Felixပဲလို႔ေျပာရမယ္။ ဟုတ္တယ္... သူၿငိမ္သက္တယ္ဆုိတာထက္ ေတာင့္ခဲသြားတာ။ အလုပ္ရႈပ္ေနတာနဲ႔ပဲ ေသဖုိ႔ေစာင့္ေနတဲ့ လူတစ္ေယာက္ကုိ မေတြ႕ႏုိင္တာမ်ဳိးလား။
"ခင္ဗ်ား ဘယ္လိုလူလဲ၊ ဟုိလူက ေသေတာ့မယ့္လူေနာ္၊ ခင္ဗ်ားလုပ္ေနတာက...."
စိတ္ခံစားခ်က္ျပင္းထန္မႈေၾကာင့္ သူ႔စကားက ေဘာင္ေက်ာ္သြားခဲ့တယ္။ ထံုးစံအတုိင္း လြန္ၿပီးကာမွ သတိဝင္တယ္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္လည္း..."
"ရပါတယ္၊ ငါနားလည္နိုင္တယ္လို႔ ထင္ပါတယ္"
ဆြယ္တာက ဒီအတုိင္းေလးေျပာၿပီး လွည့္ထြက္သြားတယ္။ အခုေတာ့ သူကလြဲၿပီး တစ္ေလာကလံုးက လႈပ္ရွားသြားၿပီ။
"Felix........."
ေန႔လယ္စာသြားဝယ္ဖုိ႔လာေခၚတဲ့ အတန္းေဖာ္က သူ႔နာမည္ကုိ စိတ္မရွည္ေတာ့ဘဲ က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ေခၚတယ္။ ဒီေတာ့မွပဲ ဆြယ္တာနဲ႔ဟုိလူဆြဲငင္ထားတဲ့ အေတြးကမၻာအျပင္ကုိ သူျပန္ေရာက္ေတာ့တယ္။
"ေၾသာ္...ေဆာရီး"
"ေဆာရီးလုပ္မေနနဲ႔၊ ဟုိမွာ အသားညႇပ္ေပါင္မုန္႔ကုန္ၿပီလားမသိဘူး"
တကယ္လည္း ဆုိင္မွာအသားညႇပ္ေပါင္မုန္႔မရလိုက္ဘူး။ သူတုိ႔ တျခားေပါင္မုန္႔ပဲဝယ္လာခဲ့ရတယ္။
"Felix...မင္းအသစ္ေရာက္မယ့္ အႏုပညာ႒ာနက ပန္းခ်ီဆရာကုိ ေတြ႕ၿပီးသြားၿပီလား"
Felixပခံုးတြန္႔ျပလိုက္သည္။
"ဟင့္အင္း၊ မင္းလိုလူကပဲ ပန္းခ်ီနဲ႔ပတ္သက္တာ စိတ္ဝင္စားမွာေလ၊ ငါကအဲ့ဒီအပုိင္းမွ မဟုတ္တာ"
Felixအတန္းေဖာ္က ေပါင္မုန္႔ကုိလက္စသတ္ရင္း အခ်ဳိရည္ကုိငံုကာ ေခါင္းတဆတ္ဆတ္ညိတ္တယ္။
"ဂ်ပန္လူမ်ဳိးမဟုတ္လို႔ပါ၊ ငါေတာင္မနက္က ရံုးခန္းမွာ အိမ္စာစာအုပ္ေတြ သြားထားရင္း ဆရာမေတြေျပာသံၾကားလို႔"
"ဟုတ္လား၊ ဘာလူမ်ဳိးတဲ့လဲ"
"ကုိရီးယားလို႔ၾကားတာပဲ၊ မင္းနဲ႔မ်ားသိမလားလို႔ ေမးၾကည့္တာ"
Felix မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။ မသိရင္ပဲ မိမိက ဂ်ပန္ေရာက္ ကုိရီးယားတုိင္းကုိ သိရမယ့္ပံုစံေပါက္ေနၿပီ။
"ငါကဘယ္လိုလုပ္သိမွာလဲ"
"ေအးပါ၊ ငါကေမးၾကည့္ရံုပါ"
ေကာ္ရစ္တာေပၚမွာသူတုိ႔နည္းတူ သြားလာေနၾကတဲ့ ေက်ာင္းသားေတြကုိ တုိးေဝွ႔ေရွာင္ကြင္းရင္း သူအတန္းထဲျပန္ေရာက္လာခဲ့တယ္။ ညေနပုိင္းအတန္းခ်ိန္ေတြက တကယ္ေတာ့ ငုိက္ခ်င္စရာေကာင္းတယ္။ ငုိက္ၿပီးတဲ့ေနာက္၊ ေနာက္ဆံုးအတန္းခ်ိန္အတြက္ ပန္းခ်ီ႒ာနဘက္ကုိကူးလာခဲ့တယ္။ သူ႔အတန္းေဖာ္ေျပာတဲ့ ကုိရီးယားလူမ်ဳိးဆရာနဲ႔ေတြ႕ရမယ္ထင္တယ္။
အေၾကာဆန္႔ကာ အိပ္ခ်င္စိတ္ကုိေျဖေလ်ွာ႔ၿပီးတဲ့ေနာက္မွာေတာ့ အတန္းထဲကုိ ဆရာနွစ္ေယာက္ဝင္လာတယ္။ တစ္ေယာက္ကေတာ့ သူတုိ႔အတန္းရဲ႕တာဝန္ခံဆရာ၊ ေနာက္တစ္ေယာက္ကေတာ့....။
"ဆြယ္တာ..."
ဟုတ္တယ္။ ဘယ္လုိမွမွားႏုိင္စရာမရွိတဲ့လူ။ ဒီေန႔လည္း ဆြယ္တာအပါးေလးတစ္ထပ္ ထပ္ဝတ္ထားတယ္။ မီးခုိးေရာင္ေလး။
"ဒါက ငါ့တပည့္တုိ႔ကုိ ပန္းခ်ီသင္ေပးမဲ့ဆရာပဲ၊ တစ္ဖက္ေက်ာင္းက ဆရာအသစ္ ဒီကုိေရာက္မလာမခ်င္း ဒီဆရာကပဲ သင္ေပးလိမ့္မယ္၊ ဟုတ္ၿပီလား၊ ေက်ာင္းသားေတြကုိ မိတ္ဆက္ေပးလိုက္ပါဦး"
တာဝန္ခံဆရာရဲ႕စကားသံဆံုးတာနဲ႔ ဆြယ္တာက ေရွ႕ကုိ ရုိ႔ရုိ႔က်ဳိးက်ဳိး ေျခတစ္လွမ္းတုိးလာတယ္။ ၿပီးေတာ့ ဦးေလးၫြတ္ရင္းနႈတ္ဆက္တယ္။
"ေတြ႕ရတာ ဝမ္းသာပါတယ္၊ ဆရာ႕နာမည္ကေတာ့ ဟြမ္ဟြၽန္ဂ်င္းပါ၊ မင္းတုိ႔ရဲ႕ေခတၱပန္းခ်ီဆရာေပါ့၊ ေက်ာင္းနဲ႔မလွမ္းမကမ္းမွာ ပန္းခ်ီျပခန္းအေသးေလးတစ္ခု ဖြင့္ထားပါတယ္၊ ေက်ာင္းသားေတြလည္း အခ်ိန္ရရင္ လာလည္လို႔ရပါတယ္"
ဆြယ္တာကေတာ့ တကယ့္ဆြယ္တာပဲ။ ဒီလိုနႈတ္ဆက္ရတဲ့အခ်ိန္မွာေတာင္ မ်က္နွာကခ်ဳိသာေနဖုိ႔ထက္ တည္တံ့တံ့မ်က္နွာကုိပဲ အားကုိးထားတယ္။ Felixအတြက္ကေတာ့ မ်က္နွာခ်ဳိတဲ့ ဆရာတစ္ေယာက္က စာသင္ဖုိ႔အေကာင္းဆံုးပဲ။ မ်က္နွာခ်ဳိေနရံုနဲ႔တင္ သင္ရမယ့္စာက ပုိနားေထာင္ေကာင္းေနၿပီ။
ဆြယ္တာက ေက်ာင္းသားေတြထဲမွာ သူ႔ကုိလွမ္းျမင္လိုက္ပံုပဲ။ သူ႔ကုိအံ့အားသင့္တဲ့ပံုစံပါတဲ့ အျပဳအမူေသးေသးေတြနဲ႔ လွမ္းၾကည့္ေနတယ္။ ပံုမွန္သာဆုိရင္ေတာ့ Felixၿပံဳးျပျဖစ္ေလာက္တယ္။ ဒါေပမဲ့ မေန႔ကၾကားခဲ့တဲ့စကားေတြအတြက္ ဆြယ္တာ့ကုိမေက်နပ္တာမုိ႔ သူရယ္မျပဖုိ႔ဆံုးျဖတ္ထားတယ္။ စိတ္လည္းမပါဘူး။
ဆြယ္တာ့ကုိ ေက်ာင္းသူေတြကေတာ့ အေတာ္ေလးကုိ သေဘာက်ေနၾကတာ။ Hwang sensei...Hwang senseiနဲ႔ေနေတာ့တာပဲ။ Felixကေတာ့ ဆြဲခ်င္ရာဆြဲေနတာ။ ဟုတ္တယ္ေလ။ ဆြယ္တာကုိယ္တုိင္က စိတ္ပါတဲ့ပံုဆြဲၾကည့္ၾကပါလို႔ ေျပာတာမဟုတ္ဘူးလား။ သူဆြဲေနတာက....။ အင္း... ကိတ္မုန္႔တစ္ခုရဲ႕ပံု။ ပန္းခ်ီဆြဲရတာမႀကိဳက္လွေပမဲ့ သူ႔လက္ရာက အဆုိးႀကီးထဲေတာ့မပါေသးပါဘူး။ အႏုပညာအသင္းထဲေတာင္ ဝင္ထားတာပဲမဟုတ္ဘူးလား။ ကုိယ့္ဝါသနာကုိယ္ေသခ်ာမသိေတာ့ အနည္းငယ္တတ္ကြၽမ္းတာမ်ဳိး ေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္မယ္ထင္တာပဲ။
"Lix... မင္းအခုသံုးေနတဲ့ကာလာက ေရွ႕တစ္ခုနဲ႔ကာလာမတူဘူးေနာ္"
ေနာက္ေက်ာတည့္တည့္မွာလာရပ္ၿပီး ေျပာသြားတဲ့ဆြယ္တာ့ကုိ သူလွည့္ၾကည့္မိတဲ့အခ်ိန္မွာ ဆြယ္တာက တျခားသူေတြေနာက္ေရာက္ေနၿပီ။ ဒီလိုက်ေတာ့လည္း ေျခလွမ္းကသြက္သားပဲ။
"အေရာင္မညီဘူးပဲ"
ကုိယ့္ပံုကုိယ္ျပန္ၾကည့္ၿပီး ေရ႐ြတ္မိတယ္။ ဘာပဲျဖစ္ျဖစ္ ပန္းခ်ီျပပြဲေတြမွာ ျပမယ့္ပန္းခ်ီမွ ဟုတ္မေနဘဲဟာ။ သိပ္ကိစၥမရွိလွပါဘူး။ အတန္းခ်ိန္ၿပီးတဲ့အခါ အတန္းေဖာ္အကုန္လံုးက ခပ္သုတ္သုတ္ပဲ အခန္းထဲကထြက္သြားၾကတယ္။ Felixကေတာ့ သက္သက္ကုိ အခန္းထဲကေနာက္ဆံုးထြက္ျဖစ္ေအာင္ လုပ္တာလို႔ေျပာရမယ္။ ဆြယ္တာက ပန္းခ်ီဆြဲထားတဲ့ေပပါေတြကုိ ထပ္ေနတုန္းမဟုတ္လား။
သူ ဆြယ္တာ့အနားထပ္ေရာက္သြားတယ္။ သူသိခ်င္တယ္မဟုတ္လား။ ဆြယ္တာတုိ႔ဆံုၿပီးၾကၿပီလားဆုိတာကုိေလ။
"ခင္ဗ်ား..."
"ေက်ာင္းကဆရာတစ္ေယာက္ကို ခင္ဗ်ားလို႔ေခၚတာ ရုိင္းတယ္မထင္ဘူးလား Lix..."
သူ႔ကုိေမာ့မၾကည့္ဘဲ စာ႐ြက္ေတြစီရင္း အေခၚအေဝၚကုိ သတ္ေပးလိုက္တဲ့ ဆြယ္တာေၾကာင့္ သူခဏဆြံ႕အသြားတယ္။ ဒါေပမဲ့ သူဘယ္လိုေခၚသင့္လဲ။ Hyung(အစ္ကုိ)ဆုိတာမ်ဳိးလား။ မေခၚခ်င္ေတာ့ဘူး။ မေန႔ကတည္းက အဲ့ဒီလိုေခၚႏုိင္တဲ့စိတ္ မရွိေတာ့တာပဲ။
"Hwang sensei..."
"အဲ့ဒီေလာက္ မယဥ္ေက်းလည္းျဖစ္ပါတယ္ Lix..."
ဆြယ္တာက စာ႐ြက္စီတာၿပီးသြားပံုပဲ။ အံဆြဲေလးကုိ အသာဖြင့္ၿပီး အကုန္လံုးထည့္သိမ္းလိုက္တယ္။ အဲ့ဒီေနာက္မွ သူနဲ႔မ်က္လံုးခ်င္း ဆံုၾကည့္တယ္။
"ဒီေန႔ ကိတ္မုန္႔ဆုိင္မသြားရဘူးလား"
ဟုတ္တယ္။ သူအလုပ္ရွိေသးတယ္။ ဒီေတာ့ သိခ်င္တာကုိ ျမန္ျမန္ေမးရမယ္။
"သူနဲ႔ေတြ႕ၿပီးၿပီလား..."
ဆြယ္တာ သူ႔ကုိဒီတစ္ႀကိမ္ စုိက္ၾကည့္လိုက္တာ အၾကာတကာ့အၾကာဆံုးကာလပဲ။ ၿပီးမွ သက္ျပင္းေလးတစ္ခ်က္ခ်ၿပီး ေခါင္းယမ္းတယ္။ ဒီလူ ေတာ္ေတာ္ေသြးေအးတဲ့လူပဲ။
"ခြင့္ျပဳပါဦး Hwang sensei"
"Lix..."
သူထြက္သြားဖုိ႔ ဟန္ျပင္လိုက္ေပမဲ့ ဆြယ္တာ့ေခၚသံေၾကာင့္ စိတ္ပ်က္လက္ပ်က္ လွည့္ၾကည့္မိလိုက္တယ္။ ဟုတ္တယ္။ သူဒီလူ႔အေပၚမွာ နည္းနည္းေလးမွ မေက်နပ္ႏုိင္ဘူး။
"မင္းငါနဲ႔ စကားေအးေဆးေျပာခ်င္လား"
အမွန္အတုိင္းေျဖရရင္ သူမေျပာခ်င္ေတာ့ဘူး။ ေသြးေအးေအးနဲ႔ ေသေတာ့မယ့္ခ်စ္သူကုိ လွည့္မၾကည့္ႏုိင္တဲ့ဒီလူ႔ကို ေသမယ့္လူအစား သူစိတ္နာေနမိတယ္။
"ကြၽန္ေတာ္ဆုိင္သြားရဦးမယ္"
"ေကာင္းပါၿပီ၊ ဒါဆုိ ညက်မွ ကိတ္မုန္႔ဆုိင္မွာေတြ႕မယ္"
ခ်ိန္းဆုိျခင္းကုိလက္မခံမိေပမဲ့ မျငင္းပယ္လိုက္တာမုိ႔ ဆြယ္တာကပဲ ဆံုးျဖတ္လိုက္ပံုေပၚတယ္။ သူနဲ႔မဆုိင္ေတာ့တဲ့ ကိစၥတစ္ခုပါပဲ။ ဒါေပမဲ့ သူစိတ္ဝင္စားေနေသးတယ္။ သိခ်င္ေသးတယ္။ ကင္မရာထဲကလူနဲ႔ သူ႔ဆြယ္တာ့ရဲ႕ ျပန္ေပါင္းခန္းကုိလည္း သူျမင္ခ်င္ေသးတာ။ အျပင္လူတစ္ေယာက္အေနနဲ႔ စီးေျမာခ်င္တဲ့ ဇာတ္လမ္းသက္သက္ပါပဲ။
ကိတ္မုန္႔ဆုိင္ကေန သူအလုပ္ဆင္းတဲ့အခ်ိန္ကုိ ဆြယ္တာက မွတ္ထားခဲ့ပံုပဲ။ ၇နာရီမထုိးခင္ေလာက္မွာ ဆုိင္ကုိေရာက္ခ်လာတယ္။
"ice-coffeeရပါၿပီ"
အမွာစာေစာင့္ေနတဲ့ ဆြယ္တာလက္ထဲကုိ ice coffeeတစ္ခြက္ သူအရထည့္ေပးလိုက္တယ္။ ဆြယ္တာက ေကာ္ဖီခြက္ကုိယူၿပီးတဲ့ေနာက္ ခ်က္ခ်င္း ထုိင္စရာမရွာေသးဘဲ အလုပ္ခ်ိန္ၿပီးရင္ သူ႔ဝုိင္းကုိလာႏုိင္မလားေမးတယ္။
"ရပါတယ္"
သူဘာလို႔လက္ခံမိလိုက္မွန္းမသိဘူး။ ဒီလိုပဲ။ တခ်ဳိ႕အရာေတြက ဒီလုိပဲ အေၾကာင္းျပခ်က္မရွိတတ္ဘူး။
ဆြယ္တာထုိင္ေနတဲ့စားပြဲဝုိင္းထပ္ေသးေသးမွာ သူကပါမ်က္နွာခ်င္းဆုိင္ ဝင္ထုိင္မိလိုက္တယ္။ ဆြယ္တာကေတာ့ ဖတ္လတ္စစာအုပ္ေလးကုိ ပိတ္လိုက္ၿပီ။
"မင္းေရာဘာေသာက္ဦးမလဲ"
ဆုိင္ဝန္ထမ္းကုိ ျပန္လည္ပ်ဴငွာတဲ့ ကာစတမ္မာကုိ သူေခါင္းေလးယမ္းရင္းပဲ ယဥ္ယဥ္ေက်းေက်းျငင္းလိုက္တယ္။ ဒါနဲ႔ ဆြယ္တာဝတ္ထားတာ ခရမ္းရင့္ေရာင္ေလး။
"မင္းဟုိကင္မရာကုိ ဘယ္နားကရခဲ့တာလဲ"
"ကြၽန္ေတာ္ေျပာျပဖူးတယ္မဟုတ္ဘူးလား၊ စဆံုတဲ့ေန႔တုန္းကေလ"
သူ နည္းနည္းေလးခနဲ႔လိုက္မိတယ္။ ဆြယ္တာ့အေပၚ သူကမဆီမဆုိင္ စိတ္ခုေနမိတာေလ။
"ဟုတ္ပါတယ္၊ အဲ့ဒီေန႔က ငါလည္း နည္းနည္းထူပူေနတာနဲ႔"
"ကြၽန္ေတာ္ေနတဲ့အေဆာင္နားက..."
ဆြယ္တာက ေခါင္းေလးညိတ္ၿပီး သက္ျပင္းရႈိက္တယ္။ အခုမွ ရွာေဖြေရးဆင္းေတာ့မယ္ထင္တာပဲ။
"မင္းကူညီႏုိင္မလား"
"ဘာကုိလဲ"
"သူ႔ကုိရွာဖုိ႔ ငါမင္းရဲ႕အကူအညီ နည္းနည္းလိုတယ္"
Felix မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။ သူထပ္ၿပီး ဒီဇာတ္လမ္းထဲ မပါခ်င္ေတာ့ဘူး။
"ခင္ဗ်ားတုိ႔ကိစၥေတြ ကြၽန္ေတာ္ဘာမွမသိဘူးေလ၊ ေနာက္ၿပီး ကင္မရာတစ္လံုးေကာက္ရခဲ့တာကလြဲလို႔ ကြၽန္ေတာ္နဲ႔သက္ဆုိင္မႈ မရွိဘူးထင္တာပဲ"
"ဟုတ္ပါတယ္၊ မင္းေျပာတာမွန္ပါတယ္"
ဆြယ္တာက ခပ္သာသာေလးေရ႐ြတ္သြားတယ္။ တကယ္လည္း ဟုတ္တယ္။ သူေျပာတာ မွားမေနဘူး။
"ငါ့ကုိခြင့္ျပဳပါဦး"
အရင္နႈတ္ဆက္ၿပီး ထုိင္ခံုကထလိုက္တဲ့ဆြယ္တာ့ကုိ သူေမာ့ၾကည့္ျဖစ္တယ္။ ဒီမ်က္နွာက သူစေတြ႕ကတည္းက ဘယ္တုန္းကမွ အားရွိတဲ့ပံုေပၚမေနဘူး။ အၿမဲျဖဴေလ်ာ္၊ အၿမဲေျခာက္ေသြ႕ေနတာပဲ။ ဆြယ္တာ့ကုိေျပာေနေပမဲ့ Felixက လူေကာင္ထြားထြားႀကီးမဟုတ္လွပါဘူး။ ဆြယ္တာနဲ႔ယွဥ္ရင္ သူကပုိညႇပ္ခ်င္ညႇပ္ေနဦးမယ္။ ဒါေပမဲ့ ဆြယ္တာ့လို မျဖဴေလ်ာ္ဘူး။
"အ့..."
ဆုိင္ေပါက္ဝမွအမ်ဳိးသမီးတစ္ဦးရဲ႕ ေအာ္သံေၾကာင့္ အဝင္ဝကုိ ေက်ာေပးထုိင္ထားမိတဲ့သူ ခ်က္ခ်င္းလွည့္ၾကည့္မိတယ္။ ဆုိင္ေပါက္ဝမွာရုတ္တရက္လဲက်သြားတဲ့လူေၾကာင့္ မိန္းကေလးကေအာ္လိုက္တာပဲ။ လဲက်သြားတဲ့လူကုိကူဖုိ႔ သူထၾကည့္လိုက္တယ္။ ခရမ္းရင့္ေရာင္နဲ႔...။
"ဆြယ္တာ..."
ခဏခ်င္းဝုိင္းအံုလာတဲ့လူအုပ္ကုိ သူေဖာက္ထြင္းၿပီး ဆြယ္တာကုိေျပးေပြ႕မိတယ္။ သတိလစ္သြားတာပဲ။
"ေဟ့လူ..ဆြယ္...Hwang sensei...Hwang sensei...ေဆးရံု...ေဆးရံုဘယ္နားရွိလဲ"
အံုေနတဲ့လူေတြကုိ အနီးဆံုးေဆးရံုတည္ေနရာေမးေနရင္း ဆြယ္တာ့ကုိ ေက်ာပုိးၿပီးသားျဖစ္ေအာင္ သူအဆင္သင့္ျပင္လိုက္တယ္။ အဲ့ဒီေနာက္ တစ္ေယာက္တစ္ေပါက္ၫႊန္းသံေတြကို နားမစြင့္ႏုိင္ဘဲ ဆြယ္တာ့ကုိပုိးၿပီး ကားလမ္းေဘးကုိအရင္ေရာက္ဖုိ႔ ႀကိဳးစားတယ္။ ကားတစ္စီးရတဲ့အခါမွာေတာ့ အနီးဆံုးေဆးရံုကုိ ပုိ႔ခုိင္းလိုက္တယ္။
ဆြယ္တာက အားနည္းေနတာတဲ့။ အိပ္ေရးပ်က္တာမ်ားၿပီး အစားပံုမွန္စားပံုမေပၚဘူးလို႔ ဆရာဝန္ကေျပာသြားတယ္။ အခုေတာ့ သူလူနာေစာင့္က်ေနရၿပီ။ မပတ္သက္ခ်င္တဲ့လူနဲ႔မွ သူက ကံၾကမၼာအေတာ္ပါတာပဲ။ ေဆးရွိန္ေၾကာင့္ ေမွးစက္ေနတဲ့ ဆြယ္တာ့မ်က္နွာကုိ သူအတန္ငယ္စုိက္ၾကည့္မိတယ္။
"ေတာ္ေတာ္အၾကည့္ခံတဲ့လူပဲ"
ဟုတ္တယ္။ ဆြယ္တာက တကယ္အၾကည့္ခံတဲ့မ်က္နွာ ပုိင္ထားတာ။ တခ်ဳိ႕လူေတြက ေသခ်ာၾကည့္ရင္ သိပ္မလွ၊ သိပ္မေခ်ာေတာ့တာမ်ဳိး။ ဆြယ္တာကေတာ့ ၾကည့္ေလၾကည့္ေကာင္းေလပဲ။ ဒီလိုလူမ်ဳိးက ေဂးတစ္ေယာက္ျဖစ္ေနတာ နွေမ်ာဖုိ႔ေကာင္းတယ္ ေျပာရမလား။ ဘာကနွေမ်ာဖုိ႔ေကာင္းတာလဲ Felixမသိဘူး။ ဒီလိုပဲ နွေမ်ာမိတာ။
သူရထားခ်ိန္မမီခဲ့ဘူး။ Taxiခေစ်းႀကီးႀကီးေပးၿပီး သူအိမ္ျပန္ခဲ့တယ္။ ဆြယ္တာႏုိးလာတဲ့အခ်ိန္ သူ႔ကုိေက်းဇူးတင္ေနဦးမွာစုိးလို႔။ ဒီေလာက္ပဲ။ သူ႔အတြက္ ေက်းဇူးတင္တာေတြမလိုဘူး။
"Lix...."
ဆြယ္တာအျဖဴေလးနဲ႔ ဆြယ္တာက ပန္းခင္းေတြၾကားမွာထုိင္ရင္း သူ႔နာမည္ကုိေခၚေနတာ။ အဲ့ဒီေနာက္မွာ သူ႔လက္ကုိလွမ္းဆြဲၿပီး ေဘးမွာထုိင္ခုိင္းတယ္။ ေနာက္တစ္ၿပိဳင္တည္းမွာပဲ သူ႔နႈတ္ခမ္းကုိနမ္းဖုိ႔ နီးကပ္လာခဲ့တယ္။
"တီ တီ တီ တီ...."
alarmသံေၾကာင့္ အိပ္မက္ကေန ႏုိးထလာခဲ့တယ္။ သူဘယ္လိုအိပ္မက္ေတြ အိပ္ေနမိတာပါလိမ့္။ တစ္ေန႔တစ္ေန႔ ဒီလူေတြအေၾကာင္းေတြးရလြန္းလို႔ စိတ္စြဲၿပီး အိပ္မက္ေတြပါ မက္ကုန္တာျဖစ္မယ္။ တကယ္စိတ္ပ်က္စရာပဲ။
သူကေတာ့ အိပ္မက္ထဲကလို ဟြမ္ဟြၽန္ဂ်င္းဆုိတဲ့ဆြယ္တာလူသားနဲ႔ ဘယ္ေတာ့မွနမ္းမွာ မဟုတ္ဘူး။ ဒီေန႔ ဆြယ္တာေက်ာင္းမလာရင္ေကာင္းမယ္။ အိပ္မက္အေၾကာင္းေတြးေတြးၿပီး သူမ်က္နွာပူေနတယ္။
"Lix"
ေလာ္ကာထဲက ဖိနပ္ကုိထုတ္ၿပီးလဲေနတဲ့အခ်ိန္မွာ ၾကားလိုက္ရတဲ့အသံက အစစ္လား၊ အတုလား သူေဝခြဲမရလိုက္ဘူး။ စိတ္ထင္တာဆုိေကာင္းမယ္။ သူလွည့္ၾကည့္လိုက္တယ္။
ဒီေန႔ကေတာ့ ဆြယ္တာအျဖဴေရာင္...။
Thanks For Reading
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



