MINE-21
17:11, 24 November 2023တရွေ့ရွေ့မောင်းနှင်နေတဲ့ကားလေးထဲ တပြွတ်ပြွတ်နမ်းနေသူနှစ်ဦး...
" ဂျွန်..တော်တော့..မောနေပြီ "
" ဒီနှုတ်ခမ်းလေးလား..ဟမ်! တွေ့သမျှလူကိုပြုံးပြတာ.."
" သူတို့က လာပြုံးပြတော့ ကျွန်တော်လဲပြုံးပြရမှာပေါ့..အင့်! "
ဂျီမင်း နေပြန်ကောင်းသွားတော့ တစ်ရက်လောက်သာ ဂျပန်မှာနေပြီ ကိုရီးယားပြန်ခဲ့ကြတာဖြစ်သည်။ အပြန်ကိုတော့ ကိုယ်ပိုင်လေယာဥ်နဲ့မဟုတ်တော့ လေယာဥ်ကွင်းကိုသွားရသည်။
လေယာဥ်ကွင်းမှာလူလဲများကာ နိုင်ငံခြားသားတစ်ချို့ဆို ဂျီမင်းကိုလာနှုတ်ဆက်ကြသေးတာ.. အဲ့တာတွေကို ပြန်နှုတ်ဆက်တော့လဲ ဂျွန်ကမကြိုက်...
ပြီးတော့ လူတစ်ကာကိုပြုံးပြပါတယ်ဆိုပြီး လေယာဥ်ပေါ်မှာပါ သူ့အပိုင်မှန်းသိအောင်တဲ့ ခဏခဏနမ်းနေတာ အခုအိမ်ပြန်လမ်းကားပေါ်မှာပါ အနမ်းတွေက အဆုံးမသတ်သေး...
" လူတကာကို ပြုံးပြနေစရာမလိုဘူး ကိုယ်ပြောတာကြားလား.."
" ဟုတ်..ကျွန်တော်သိပါပြီ "
" ဒီနှုတ်ခမ်းက ဘာလို့ဆူနေတာလဲ.."
" ဂျွန် နမ်းလို့ ဆူနေတော့တာ.."
" မင်း..ကိုယ့်ကိုစိတ်ဆိုးလို့မလား.."
" မဟုတ်ပါဘူး.."
" ရောက်ပြီ လာ ကားပေါ်ကဆင်းမယ် "
" ဟုတ်.."
" အခန်းထဲရောက်မှ အနမ်းတွေထပ်ဆက်မယ်.."
" ဂျွန်နော်..ကျွန်တော်မောနေပြီလို့.."
ဝုတ်! ဝုတ်!
ဂျီမင်း ကားပေါ်ကဆင်းတာနဲ့ တစ်ပြိုင်နက် ဘမ်ကပြေးကာ လာနှုတ်ဆက်တော့သည်။
" ဘမ်..မင်းငါ့ကိုလွမ်းနေတာလား.."
ဝုတ်! ဝုတ်!
ဂျီမင်းကမေးတော့ အမြှီးလေးတနံ့နံ့နဲ့ ဂျီမင်းခြေထောက်နားတဝဲလည်လည်လုပ်နေတော့သည်။ ကျွန်တော်လဲ ခေါင်းတွေပွတ်သပ်ပေးကာ ဘမ်နဲ့အလွမ်းသယ်လိုက်တယ်...
"ဘမ်! မင်းကသခင်မှားသွားတာလား.."
ဝုတ်! ဝုတ်!
" ဂျွန်က အော်ပြောတော့ ဘမ်ကဘယ်ချစ်မှာလဲ "
" ဒီကောင် ကိုယ်နဲ့နေလာတာ နှစ်ချီနေပြီ မင်းကိုအကဲပိုနေတာ.."
ဝုတ်! ဝုတ်!
" ဘမ်..လာ ဟိုဘက်မှာသွားကစားမယ် "
ဝုတ်! ဝုတ်!
" ဂျွန်..ကျွန်တော် ဘမ်နဲ့ခဏကစားမယ်နော် "
" အင်း..ကိုယ်အပေါ်တတ်နှင့်ပြီ "
" ဟုတ်.."
" လာ ဘမ်! ဟိုဘက်ကိုသွားမယ် "
ဂျီမင်းနဲ့ဘမ် မြက်ခင်းဘက်ကိုသွားကစားနေတော့ ဂျောင်ကုအပေါ်ထပ်ကို တတ်ခဲ့ကာ အဝတ်အစားအရင်လဲလိုက်သည်။ ထို့နောက် ဝရန်တာဘက်ထွက်ခဲ့ကာ ဘမ်နဲ့ကစားနေတဲ့မြင်ကွင်းကိုကြည့်နေလိုက်သည်။
ဂျောင်ကု ထိုကောင်လေးကို သံယောဇဥ်တွယ်နေမိပြီ..ချစ်နေတာလားလို့ကိုယ့်နှလုံးသားကိုမေးတော့လဲ အဖြေကမရေရာ မသေချာ... ချစ်နေမိတယ်ဆိုရင်တောင် ချစ်တယ်ဆိုတဲ့စကားကို လုပ်ရမယ့်ကိစ္စတွေမပြီးမချင်းမပြောမိစေရဘူး....
မင်းကတော့ ကိုယ့်ကိုချစ်နေပေးပါ..မကြာခင်မှာ မင်းမိသားစုနဲ့ ကိုယ်နဲ့ကိုယှဥ်ရွေးရတော့မှာ... အဲ့အချိန်မှာလဲ မင်းက ကိုယ့်ကိုပဲရွေးချယ်ပေးပါ...
ကိုယ် အတ္တကြီးပါရစေ..မင်းကိုဒီထက်ပိုပြီး မနှိပ်စက်ချင်တော့ဘူး ....
မြက်ခင်းပြင်မှာ ဘမ်နဲ့အတူဆော့ကစားနေရင်းဖြင့် ဂျောင်ကုရှိရာဘက်ကိုမော့ကြည့်ကာ မျက်လုံးတွေမှိတ်သည်အထိပြုံးပြလာသည်။
အဲ့အပြုံးလေးတွေကို ကိုယ်နှမြောတယ် ကလေးရယ်..ကိုယ်တစ်ယောက်ထဲရှေ့မှာပဲ ပြုံးလို့မရဘူးလား... မင်းကိုအခန်းထဲသာထည့်ပြီး ဖွက်ထားလိုက်ချင်တယ်..
Buzz! Buzz!
" ဟယ်လို Kris ပြော.."
" .... "
"ဘယ်လို!! ရုတ်တရက်ကြီး.."
" .... "
" အင်း.."
" .... "
" သူ့ကိုအခုပြောပြလိုက်လို့မဖြစ်ဘူး..ဂျီမင်းကအခုတလောအားနည်းနေတာ သူ့အဒေါ်အဖြစ်အပျက်ကိုကြားသွားရင် ပိုဆိုးလိမ့်မယ် "
" .... "
" အင်း..အခုထွက်ခဲ့မယ် "
ဂျောင်ကုအဝတ်အစားတောင် မလဲနိုင်တော့ပဲ Kris ပြောတဲ့နေရာကိုအမြန်အပြေးသွားရသည်။ ဂျီမင်းအဒေါ်လုပ်ကြံခံရလို့တဲ့...ဂျီမင်းကို အခုပြောပြလိုက်လို့မဖြစ်သေး..ဒီကောင်လေးအခုတလော ဖြူဖျော့နေကာ ပုံစံလေးကအားနည်းနေသလို ဒီအကြောင်းတွေသိရင် ပိုပြီးစိတ်မကောင်းဖြစ်သွားမှာ..အဲ့တာကြောင့် ချက်ချင်းကြီးအသိပေးလိုက်လို့မဖြစ်သေး..
" ဂျွန် ဘယ်လဲ.."
" ကိုယ်သွားစရာရှိလို့ အိမ်မှာပဲနေနော်.."
" ဟုတ် "
" ကိုယ်သွားပြီ "
" ဟုတ်"
ဂျောင်ကု ဆေးရုံကိုရောက်တော့ အလောင်းထားရာနေရာကိုအရင်သွားလိုက်သည်။
အဝတ်ဖြူအုပ်ထားတဲ့ကုတင်ဘေး Kris အပြင် မင်ယွန်ဂီ နဲ့ ကင်မ်ထယ်ယောင်းပါရှိနေသည်။
" ဘယ်လို့ဖြစ်တာလဲ.."
" ကားတိုက်ခံရတာ..ဒါပေမယ့်ဒါကလုပ်ကြံတာ ကားနံပါတ်ပြားကလဲ အတုကြီး.."
" အင်း.."
" ဂျီမင်းကို အသိပေးခဲ့ပြီလား.."
မင်ယွန်ဂီက မေးလာသည်မို့..
" မပြောခဲ့ရသေးဘူး.သူစိတ်မကောင်းဖြစ်နေမှာ နောက်မှပြောပြလိုက်မယ် "
" ဒါကသူ့အဒေါ်ကိစ္စနော် ပြောပြသင့်တယ်လို့ထင်တယ်.."
" ပတ်ခ်ဂျီမင်းကိစ္စကို ငါပဲဆုံးဖြတ်မယ် "
မင်ယွန်ဂီက မျက်နှာပျက်သွားသည်။ ကင်မ်ထယ်ယောင်းကပါ မျက်စောင်းထိုးသွားသေးသည်။အဲ့အတွဲကိုကြည့်လို့ကို မရဘူး..!
-------
" ဟျောင်း မျက်နှာလဲမကောင်းပါလား.."
" အင်း..ဟုတ်တယ် အခုတလောနေလို့သိပ်မကောင်းလို့.."
ဂျွန်က အလုပ်ရှုပ်နေတာ နှစ်ရက်၊သုံးရက်ပင်ရှိပြီ။ ကျွန်တော်နဲ့ပင် မျက်နှာချင်းမဆိုင်ဖြစ်သည်အထိ...
အခု ဂျီဟိုက သူ့ညီမလေးဆေးရုံဆင်းကြောင်း လှမ်းပြောရင်း vc ပြောနေကြတာ..
" ဟျောင်းရဲ့ မျက်နှာလေး ချောင်ကျသွားသလိုပဲ "
" ဟုတ်လား.. "
" ဟုတ်တယ်.. ဟျောင်းကိုမတွေ့ရတာကြာတော့ ကျွန်တော်တို့သတိရနေတာ.."
" ဟျောင်းလဲသတိရပါတယ်.."
" ဒီမှာ ဒါကကျွန်တော့် ညီမလေး..နှုတ်ဆက်လိုက်ဦးကိုကို့ ကို"
" ကိုကို မင်္ဂလာပါ "
" နေကောင်သွားပြီလား ညီမလေး "
" ဟုတ်.."
" ကိုကို့ကို ကျေးဇူးတင်တယ်လို့ပြောလိုက်ဦးလေ "
" ကိုကို့ကို ကျေးဇူးတင်ပါတယ် "
" ဂျီဟို့ညီမလေးက ချစ်စရာလေးပဲ "
" ဟီး..ကျွန်တော်နဲ့တူတာ "
" ဟုတ်ပါပြီ..ဒီနေ့ဆိုင်မသွားဘူးလား.."
" သွားတယ်..အခုတလော အမဆိုဖီယာကတစ်မျိုးပဲ ဟျောင်းရဲ့အကြောင်းတွေမကြာခဏမေးပြီး မျက်နှာလဲမကောင်းဘူး "
" ဟင်! "
" ပြီးတော့ ကျွန်တော်အလုပ်သစ်ထပ်ရတယ် လစာလဲကောင်းတယ်..ကျွန်တော့်အတွက်တတ်လမ်းလဲရှိတယ် "
" ဂုဏ်ယူပါတယ် ဂျီဟို..."
" ဟုတ်..ကျေးဇူးပါဗျ.."
" မင်းအောင်မြင်ရင် ဟျောင်းကိုမမေ့ရဘူးနော် "
" မေ့စရာလား ဟျောင်းကလဲ.."
" တကယ်မေ့လို့ကတော့ သတ်မှာ.."
" ဟီး..မေ့ပါဘူးဗျ.. ျေဟာင်း..ကျွန်တော်နောက်နေ့မှ ထပ်ခေါ်မယ်နော်.."
" ဟုတ်ပြီ..ဘိုင့် ဘိုင် ဂျီဟို...ဟိုဆော့ဟျောင်းတို့ကိုလဲ သတိရတယ်လို့ပြောပေးပါဦး "
" ဟုတ်..bye "
တီ!
Buzz!
ဂျီဟိုနဲ့ ဖုန်းပြောလို့ပြီးပြီးချင် ဖုန်းဝင်လာလို့ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခု..
" ဟယ်လို.."
" ဂျီမင်းလား..အမဆိုဖီယာပါ "
" အာ..ဟုတ်.."
" အမတို့ ခဏ လောက်တွေ့လို့ရမလား.."
" ဟို..အခုလားဗျ "
" ဟုတ်တယ်..ဂျီမင်းအားရင်ပေါ့ "
" ဟုတ်..ကျွန်တော်အားပါတယ်.."
" ဒါဆိုအမကို အချိန်ခဏပေးပြီးလာတွေ့ပါနော်.."
" ဟုတ် "
" *** မှာစောင့်နေမယ် "
" ဟုတ်ကဲ့ ကျွန်တော်အမြန်ထွက်လာခဲ့ပါ့မယ် "
ဆိုဖီယာ..ဂျီမင်းကိုချိန်းထားတဲ့နေရာကို ရောက်နေတာနာရီဝက်လောက်ရှိနေပြီ ဖြစ်သည်။
သူမ ဆုံးဖြတ်ချက်တစ်ခုကိုတော့ ချမှကိုဖြစ်တော့မှာ.. သေချာတာတော့ ဂျောင်ကုကိုလက်မလွှတ်ချင်တာပဲ..ဒီအသက်ဒီအရွယ်အထိ အချစ်ဆိုတာကိုမခံစားဖူး ၊မတွေ့ရှိဖူးပေ.. ဂျောင်ကုနဲ့မှစခဲ့တဲ့ ဆိုဖီယာရဲ့ပထမဆုံး အချစ်ကိုလက်လွှတ်မခံနိုင်ဘူး...သို့သော် ဂျီမင်းကိုလဲ မထိခိုက်စေချင်ပေ....
ထို့ကြောင့် သူမအကောင်းဆုံးလမ်းကိုရွေးချယ်လိုက်တယ်.. ဂျီမင်းကိုလဲ မထိခိုက်တော့သလို ဂျောင်ကုကိုလဲလက်မလွှတ်ရမယ့်နည်း..နည်းနည်းတော့အတ္တဆန်ပေမယ့်ပေါ့...
" အမ ကျွန်တော်ရောက်ပါပြီ "
ဂျီမင်းက ဆိုင်ထဲဝင်လာပြီး ဆိုဖီယာနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။
" အမ နေကောင်းရဲ့လား.."
" အာ..ကောင်းပါတယ် အခုတလော အိပ်ရေးငတ်သွားလို့ "
" ဟုတ်..ကျွန်တော်ကို ဘာပြောစရာရှိလို့လဲ "
" ပြောစရာထက် အမတောင်းဆိုစရာလေးရှိလို့ပါ "
" ဟုတ်ကဲ့ '
" ဒီပိုက်ဆံလေးကို ယူပြီး ဂျောင်ကုအနားကထွက်သွားပေးပါလား.."
" ဗျာ....! "
" အမ အခုလိုပြောရတာ အားအရမ်းနာပါတယ်...အမ ဂျောင်ကုကိုချစ်မိနေပြီ အမရဲ့ပထမဆုံးအချစ်..အမလက်မလွှတ်ချင်ဘူး ဒါကြောင့်ဂျီမင်းကနောက်ဆုတ်ပေးပါ.."
အမဆိုဖီယာက အရင်ကနဲ့မတူပဲ ဖြစ်နေတာ..အရင်ကနွေးနွေးထွေးထွေးဆက်ဆံတတ်တဲ့ အမဆိုဖီယာမဟုတ်ပဲ စိမ်းသက်နေသလိုမျိုး...
" ဒါပေမယ့်..ဂျွန်နဲ့အမက... "
" သေချာပေါက် ဂျောင်ကုကအမကိုချစ်လာမှာပါ မင်းသာ ဂျောင်ကုနားကထွက်သွားပေးပါ.."
" ကျွန်တော် တောင်းပန်ပါတယ်.."
" အမတောင်းဆိုနေတာပါ "
" အမဆိုဖီယာ..ကျွန်တော်.. "
" မင်းငြင်းရင်တော့ အမအဆုံးထိလုပ်ရလိမ့်မယ် "
ဂျီမင်းမှာ ဘာပြန်ပြောရမလဲတကယ်ကိုမသိတော့ပေ... အမကိုအားနာပေမယ့် အမနဲ့ဂျွန်နဲ့က ချစ်သူတွေမှမဟုတ်တာ..ပြီးတော့ ကျွန်တော်လဲ ဂျွန့်ကိုချစ်တယ်လေ... ကျွန်တော်လဲ ဂျွန့်ကို လက်မလွှတ်နိုင်ဘူး....
" ကျွန်တော် တောင်းပန်ပါတယ်..အမဆိုဖီယာ ဒီကိစ္စက.. ! "
" လာခဲ့!! "
" ဂျွန်.. "
" ဂျောင်ကု..! "
ဂျွန်ကရုတ်တရက်ကြီး ရောက်လာကာဂျီမင်းလက်ကိုဆွဲခေါ်သွားသည့်မို့ ယက်ကန်ယက်ကန်ပါသွားရသည်။
အားးးးးးး!! ဆိုဖီယာ ဆိုင်ထဲမှာ ဘယ်သူပဲရှိနေပါစေ အကျယ်ကြီးအော်ပြစ်လိုက်သည်။ မရဘူးနော်...ဒီလိုအေးဆေးနဲ့မရရင် တစ်ခုခုတော့လုပ်ရလိမ့်မယ်....
" လာခဲ့! ကိုယ်မရှိတုန်း အဲ့လိုအပြင်ထွက်တတ်တဲ့အကျင့်ကို ဘယ်တော့မှပြင်မှာလဲ.. "
" ဂျွန်.."
" ပြော..သူနဲ့ဘာတွေပြောနေတာလဲ.."
ကားထဲရောက်တော့ ဂျွန်ကဂျီမင်းမျက်နှာကိုစူးစိုက်ကြည့်ပြီးမေးသည်။
" ဘာလို့မျက်ရည်တွေဝဲနေတာလဲ..ပြော..မင်းကိုဘယ်သူငိုအောင်လုပ်တာလဲ! "
" ဟင့်! "
ဂျီမင်းအဖြစ်က အားကိုးရှိတဲ့ကလေးလေးလိုမျိုး ဂျွန့်ရင်ခွင်ထဲတိုးဝင်ကာ ငိုပြစ်လိုက်သည်။ ဂျွန်ကလဲ ကျွန်တော့်ခေါင်းကို ခပ်ဖွဖွကိုင်တွယ်ကာ အနမ်းလေးစွန့်ကျဲလာသည်။
" ဘာလို့ငိုနေတာလဲ..သူဘာတွေပြောလို့လဲ.."
" ဟင့်အင်း..ကျွန်တော်ကြောက်လို့ပါ.."
"ဘာကိုကြောက်တာလဲ..ကိုယ်အော်လိုက်လို့လား.."
" ဟင့်အင်း..ဂျွန် ကျွန်တော့်ကိုစွန့်ပြစ်လိုက်မှာ ကြောက်တာ.."
" ကျစ်! မငိုနဲ့တော့ တိတ်! "
" ဂျွန် ချော့တာကြီးကလဲ.."
" အဲ့လိုငိုနေလို့မဖြစ်ဖူးလေ ကလေးရဲ့..ကိုယ်ကအားတာမဟုတ်ဘူး အလုပ်တွေကလဲတစ်စီတစ်တန်းကြီး..မင်းကအဲ့လို့ဖြစ်နေရင် ကိုယ်ဘယ်လိုစိတ်ချရမှာလဲ.."
" ဂျွန်နဲ့ အမဆိုဖီယာက ဘယ်လိုပတ်သတ်မှုမျိုးလဲ..."
" သူက ဘာပြောလိုက်လို့လဲ.."
" ဟင့်အင်း သူဘာမှမပြောပါဘူး.."
" ကိုယ်နဲ့သူက လုပ်ငန်းပါတနာပဲ ဘာမှမရှိဘူး.."
" ဟင့်! "
" ဘာလို့ငိုပြန်တာလဲကွာ.."
ဂျွန်ရင်ခွင်ထဲမှနေ၍ ခေါင်းခါပြလိုက်သည်။ကျွန်တော် အမဆိုဖီယာကို အရမ်းအားနာတယ်..ဒါပေမယ့် ဂျွန်က ပစ္စည်းတွေလိုမျှဝေသုံးလို့မှမရတာ..မျှဝေသုံးလို့ရရင်တောင် ဂျွန်ကိုတော့ ကျွန်တော်မျှဝေမသုံးနိုင်ပါ.. ဂျွန့်ကိုကျွန်တော် သိပ်ချစ်တာမို့
ဂျွန်လဲ ကျွန်တော့်ကိုချစ်လာရင်ကောင်းမယ်...
ဂျောင်ကုထိုကောင်လေးကို အိမ်အထိလိုက်ပို့ခဲ့ပြီး အိပ်ပျော်သွားပြီဆိုမှ ထွက်လာခဲ့သည်။ ဒီရက်ပိုင်းအတွင်း မျက်နှာလဲမကောင်းတာကိုသိပေမယ့် ကိုယ်လဲအခုတလောအလုပ်တွေရှုပ်နေတာကြောင့် သေချာဂရုမစိုက်မိ..
ဆိုဖီယာကဘာတွေပြောလိုက်မှန်းမသိပေမယ့် သေချာတာက သူတို့မောင်နှမရင်းနှီးသွားလို့မဖြစ်။ ကိုယ့်မှာလုပ်စရာတွေက ရှိနေသေးသည်။
ဂျီမင်းအဒေါ်ကိစ္စကိုလဲ စုံစမ်းနေရသေးတာဖြစ်ပြီး ဂျီမင်းအဖေနဲ့ပါပတ်သတ်နေသေးတာဖြစ်သည်။ မင်းအဒေါ်ကို မင်းအဖေသတ်ပါတယ်လို့ ပြောရမှာလား... သေချာပေါ်က ဒီကလေးလက်ခံနိုင်မှာမဟုတ်..
--------
" ဖေဖေ...သမီးကိုကူညီပါ.."
" ဆိုဖီယာ သမီး..ဘယ်လိုဖြစ်လာတာလဲ.."
Kimတစ်ယောက် အခန်းထဲတွင် မှောင်ခိုလုပ်ငန်းဘက်အဆင်မပြေမှုတွေကို စစ်ဆေးနေတုန်း သမီးဖြစ်သူက မျက်ရည်ရွှဲလဲဖြင့်ဝင်လာသည်မို့ အထိန့်တလန့်ဖြစ်သွားရသည်။
" ဖေဖေ..သမီး ဂျောင်ကုကိုလက်မလွှတ်နိုင်ဘူး.."
" ဘာဖြစ်လာတာလဲ သမီး "
" ဖေဖေ... ဂျောင်ကုမှာအခြားတစ်ယောက်ရှိနေတယ်...သူ့ကိုလဲဂျောင်ကုကသံယောဇဥ်ရှိနေပုံပဲ.. သမီးအတွက်နေရာမရှိတော့ဘူး.."
" ကျစ်! ဖေဖေဖြေရှင်းပေးမှာပေါ့.. သမီးအခုတလောဘယ်လိုဖြစ်နေတာလဲ မျက်ကွင်းတွေလဲညိုနေတယ် သွားအနားယူလိုက်ဦး.. "
" ဟင့်အင်း..သမီးဘာလုပ်ရမလဲမသိတော့ဘူး.."
" ဖေဖေ ဖြေရှင်းပေးမှာမို့ စိတ်မပူနဲ့..သွားအနားယူတော့.."
" ပတ်ခ်ဂျီမင်း ကိုရှင်းပေးပါ.."
" အင်း..သမီးသွားနားတော့.."
သမီးထွက်သွားပြီဆိုမှ သက်ပြင်းခပ်သဲ့သဲ့ချလိုက်နိုင်သည်။ ဂျပန်ကပြန်လာကတည်းက မူမမှန်ဘူးဖြစ်နေတာ... ငယ်ငယ်ကလဲ မကြာခဏဆိုသလို သမီးကစိတ်မထိန်းနိုင်တဲ့ကိစ္စတွေကိုဖြစ်ဖူးတယ်... ဆေးသေချာကုပြီးမှ ပျောက်ကင်းသွားတာ၂နှစ်လောက်သာရှိသေးသည်။ အခုဖြစ်နေတဲ့ပုံစံကလဲ လွန်ခဲ့တဲ့နှစ်တွေကလို ထပ်ဖြစ်နေပြန်တာ... တောက်စ်! ပြဿနာတွေက တစ်ခုပြီးတစ်ခု ပြီးကိုမပြီးနိုင်တော့ဘူး..
Kimလဲ အခုတလော လုပ်ငန်းဘက်မှာအဆင်မပြေတော့ သမီးကိုလဲ ဂရုမစိုက်နိုင်သလို..သားကိုရှာနေတဲ့ကိစ္စကိုလဲ ခဏဆိုင်းထားရတာဖြစ်သည်။ လုပ်ငန်းကတော့ မင်ယွန်ဂီအလုပ်ထွက်သွားကတည်းကကိုအဆင်မပြေတော့တာ... နောက်လူတွေက ပိပိရိရိမလုပ်နိုင်တော့ အဖမ်းခံရတာတွေများနေပြီး ဆုံးရှုံးတာတွေကလဲ မနဲမနော...
ငွေရေးကြေးရေးအဆင်မပြေမှုတွေလဲ ဖြစ်နေတော့ သမီးကို ဂျွန်ဂျောင်ကုနဲ့နီးစပ်စေချင်သည်။ ဂျောင်ကုသာ ကိုယ့်မိသားစုထဲရောက်လာရင် တံတိုင်းတစ်ခုလိုဖြစ်မှသေချာသည်။ ထို့ကြောင့် ဆိုဖီယာတင်မက Kim ကပါဂျွန်ဂျောင်ကုကိုလက်မလွှတ်ချင်ပေ....
တူ တူ
Kim ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်သည်။
" အင်း..ပတ်ခ်ဂျီမင်းဆိုတဲ့ကောင်လေးရဲ့ အချက်အလက်တွေပို့လိုက်မယ်.. မရ ရတဲ့နည်းနဲ့ဖမ်းပြီး ထပ်ပို့မယ့်ပစ္စည်းတွေထဲထည့်လိုက် "
" .... "
" အင်း..သေချာပိရိပါစေ.."
" ..... "
" အင်း.."
ဒီအရှုပ်ထုတ်လေးကိုရှင်းပြီးရင် ဂျောင်ကုနဲ့သမီးအဆင်ပြေဖို့ကြံရဦးမယ်...ဟူး!
-----
-----
-----
မှန်တွေနဲ့ကာရံထားတဲ့ အရိုးပြာအိုးလေးနှစ်ခုကိုကြည့်နေတဲ့ကောင်လေးတစ်ယောက်..ပါးပြင်မှာလဲမျက်ရည်တွေဖြင့်...
" မေမေ..ကျွန်တော်သူ့ကို ချစ်ပေးလိုက်ချင်ပြီ.."
" ကျွန်တော် ဒီလောက်နဲ့ပဲ ရန့်တန့်လိုက်လို့ရမလား.."
" ကျွန်တော်သိပါတယ် သူ့ကိုလုံလုံလောက်လောက်အပြစ်တွေမပေးရသေးဘူးဆိုတာ..ဒါပေမယ့် ကျွန်တော်သူ့ကိုသနားနေပြီ...အခုဆို သူ့အဖေကသူ့အဒေါ်ကို သတ်ပြစ်လိုက်သည်အထိတွေဖြစ်ကုန်ပြီ...ကျွန်တော်သူ့ကို နှစ်သိမ့်ပေးချင်တယ်.."
" ကျွန်တော့်ရင်ထဲကို သူကနက်နက်ရှိုင်းရှိုင်းကြီးကို ဝင်ရောက်နေပြီ... "
" ကျွန်တော်သူ့ကို မြတ်မြတ်နိုးနိုးနဲ့ချစ်ပေပြီး လက်ထပ်ယူမယ်... ဟုတ်တယ် ကျွန်တော်သူ့ကိုလက်ထပ်မယ် ကျွန်တော်သူ့ကိုချစ်တယ်.."
" ဖေဖေနဲ့မေမေ လက်ခံပေးမယ်မလား.."
မှန်ပြင်ကို ခပ်ဖွဖွကိုင်တွယ်ကာ ခွင့်တောင်းလိုက်သည်။
" ကျွန်တော့်ကိုသွားခွင့်ပြုပါဦး..."
ဂျောင်ကု ဖေဖေနဲ့မေမေ့ကို နှုတ်ဆက်ခဲ့ပြီး ထွက်လာခဲ့သည်။
ကိုယ်မင်းကိုချစ်ပေးဖို့အချန်တန်ပြီထင်ပါတယ်...မင်းကိုချစ်ရင်းနဲ့ပဲ ကိုယ်လုပ်ရမယ့်ကိစ္စတွေကိုရှေ့ဆက်တော့မယ်.. မင်းကကိုယ့်ဘက်ကရပ်တည်ပေးပါ..
" Kris *** ကိုမောင်း.."
" ဟုတ်ကဲ့ပါ sir. "
ဂျောင်ကု ဆိုင်ရှေ့ရောက်တော့ တစ်ချက်ပြုံးမိသည်။ ချက်ချင်းကြီး ကိုယ့်ကိုကိုယ် အပြောင်းအလဲမြန်လိုက်တာလို့ တွေးမိရင်းလေ...ခင်ဗျားတို့လဲ ထင်တယ်မလား...
တစ်ချိန်က ဘယ်သူ့ကိုမှချစ်မိမှာမဟုတ်ဘူးလို့ ပြေထားတဲ့စကားလေးကို မေ့ပေးပါဗျာ...
" ဘာအလိုရှိပါသလဲ ခင်ဗျ.."
" လက်စွပ်လေးပြပေးပါ.."
" ဟုတ်ကဲ့ပါ..ဘယ်လိုအမျိုးအစားထဲကပြပေးရမလဲဗျ..လက်ဆောင်ပေးဖို့လားဗျ.."
" လက်ထပ်ခွင့်တောင်းမလို့ပါ "
" အာ..ဟုတ်ကဲ့ပါ ဒါဆိုရင်ဒီလိုဒီဇိုင်းလေးတွေ အရမ်းခေါတ်စားနေတာ မိန်းကလေးတော်တော်များများ သဘောကျကြတယ်.."
" အဟင်း...ကိုယ်လက်ထပ်ခွင့်တောင်းမယ့်သူက ယောင်္ကျားလေးပါ.."
" ဗျာ! ဆောရီးပါဗျ..ဒါဆိုဒီလိုလေးထဲက ပြပေးမယ် ဒါလေးကအရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်တယ် တော်တော်များများသဘောကျကြတယ် "
" Kris ကူရွေးပေး..ငါဒါမျိုးတွေမကြည့်တတ်ဘူး.."
" ဗျာ..ဟုတ်ကဲ့ "
Kris မှာကြောင်တောင်တောင်လေးနဲ့သာ ကူရွေးပေးရသည်။ ရုတ်တရက်ကြီး ဆိုင်သွားကာ လက်ထပ်လက်စွပ်ရွေးနေတယ်ဆိုတော့ ခင်ဗျားတို့ကော မအံ့သြဘူးလား... ချက်ချင်းကြီးလေ..ငါတို့သူဌေးကြီး ပတ်ခ်ဂျီမင်းရဲ့ အချစ်နွံထဲနစ်သွားပြီထင်ပါရဲ့ ခိခိ...
" အဲ့တာ ဘာရယ်တာလဲ Kris.. ဒါကရယ်စရာမဟုတ်ဘူး.."
ဟင်! သူဌေးက မျက်နှာတွေနီရဲပြီးရှက်နေတာလား...
Kris ကိုသာရွေးခိုင်းတာ နောက်ဆုံးတော့လဲ သူကြိုက်တာပဲသူရွေးတာပါပဲ..တကယ်.. သူဌေးအတွက် လက်စွပ်ရွေးရတာ Kris စိတ်တွေအများကြီး ဆွဲဆန့်ထားရတာ..ဂျီးများလိုက်တဲ့ သူဌေး...!
သူဌေးကတော့ လက်စွပ်ဗူးကိုကြည့်ကာ ပြုံးပြုံးကြီး...
ကားပေါ်တွင် လက်စွပ်ဗူးကိုဖွင့်ကြည့်ကာ ဘယ်လိုအချစ်စကားဆိုရမလဲလို့ တွေးနေသူက တကယ်ရောပျော်ရွှင်ရပါ့မလား...
အိမ်ရောက်ရင် သူ့ရင်တစ်ခုလုံး ကွဲကြေမတတ်ခံစားရတော့မယ်ဆိုတာ သူမသိခဲ့ပါ..
_______________________________
မုန်းတိုင်းလေးနည်းနည်းတိုက်ပြီးရင် ကလေးလေးကိုအများကြီးချစ်ပေးတော့မှာပါနော့..💗
Zg
တေ႐ြ႕ေ႐ြ႕ေမာင္းႏွင္ေနတဲ့ကားေလးထဲ တႁပြတ္ႁပြတ္နမ္းေနသူႏွစ္ဦး...
" ဂြၽန္..ေတာ္ေတာ့..ေမာေနၿပီ "
" ဒီႏႈတ္ခမ္းေလးလား..ဟမ္! ေတြ႕သမွ်လူကိုၿပဳံးျပတာ.."
" သူတို႔က လာၿပဳံးျပေတာ့ ကြၽန္ေတာ္လဲၿပဳံးျပရမွာေပါ့..အင့္! "
ဂ်ီမင္း ေနျပန္ေကာင္းသြားေတာ့ တစ္ရက္ေလာက္သာ ဂ်ပန္မွာေနၿပီ ကိုရီးယားျပန္ခဲ့ၾကတာျဖစ္သည္။ အျပန္ကိုေတာ့ ကိုယ္ပိုင္ေလယာဥ္နဲ႕မဟုတ္ေတာ့ ေလယာဥ္ကြင္းကိုသြားရသည္။
ေလယာဥ္ကြင္းမွာလူလဲမ်ားကာ နိုင္ငံျခားသားတစ္ခ်ိဳ႕ဆို ဂ်ီမင္းကိုလာႏႈတ္ဆက္ၾကေသးတာ.. အဲ့တာေတြကို ျပန္ႏႈတ္ဆက္ေတာ့လဲ ဂြၽန္ကမႀကိဳက္...
ၿပီးေတာ့ လူတစ္ကာကိုၿပဳံးျပပါတယ္ဆိုၿပီး ေလယာဥ္ေပၚမွာပါ သူ႕အပိုင္မွန္းသိေအာင္တဲ့ ခဏခဏနမ္းေနတာ အခုအိမ္ျပန္လမ္းကားေပၚမွာပါ အနမ္းေတြက အဆုံးမသတ္ေသး...
" လူတကာကို ၿပဳံးျပေနစရာမလိုဘူး ကိုယ္ေျပာတာၾကားလား.."
" ဟုတ္..ကြၽန္ေတာ္သိပါၿပီ "
" ဒီႏႈတ္ခမ္းက ဘာလို႔ဆူေနတာလဲ.."
" ဂြၽန္ နမ္းလို႔ ဆူေနေတာ့တာ.."
" မင္း..ကိုယ့္ကိုစိတ္ဆိုးလို႔မလား.."
" မဟုတ္ပါဘူး.."
" ေရာက္ၿပီ လာ ကားေပၚကဆင္းမယ္ "
" ဟုတ္.."
" အခန္းထဲေရာက္မွ အနမ္းေတြထပ္ဆက္မယ္.."
" ဂြၽန္ေနာ္..ကြၽန္ေတာ္ေမာေနၿပီလို႔.."
ဝုတ္! ဝုတ္!
ဂ်ီမင္း ကားေပၚကဆင္းတာနဲ႕ တစ္ၿပိဳင္နက္ ဘမ္ကေျပးကာ လာႏႈတ္ဆက္ေတာ့သည္။
" ဘမ္..မင္းငါ့ကိုလြမ္းေနတာလား.."
ဝုတ္! ဝုတ္!
ဂ်ီမင္းကေမးေတာ့ အျမႇီးေလးတနံ႕နံ႕နဲ႕ ဂ်ီမင္းေျခေထာက္နားတဝဲလည္လည္လုပ္ေနေတာ့သည္။ ကြၽန္ေတာ္လဲ ေခါင္းေတြပြတ္သပ္ေပးကာ ဘမ္နဲ႕အလြမ္းသယ္လိုက္တယ္...
"ဘမ္! မင္းကသခင္မွားသြားတာလား.."
ဝုတ္! ဝုတ္!
" ဂြၽန္က ေအာ္ေျပာေတာ့ ဘမ္ကဘယ္ခ်စ္မွာလဲ "
" ဒီေကာင္ ကိုယ္နဲ႕ေနလာတာ ႏွစ္ခ်ီေနၿပီ မင္းကိုအကဲပိုေနတာ.."
ဝုတ္! ဝုတ္!
" ဘမ္..လာ ဟိုဘက္မွာသြားကစားမယ္ "
ဝုတ္! ဝုတ္!
" ဂြၽန္..ကြၽန္ေတာ္ ဘမ္နဲ႕ခဏကစားမယ္ေနာ္ "
" အင္း..ကိုယ္အေပၚတတ္ႏွင့္ၿပီ "
" ဟုတ္.."
" လာ ဘမ္! ဟိုဘက္ကိုသြားမယ္ "
ဂ်ီမင္းနဲ႕ဘမ္ ျမက္ခင္းဘက္ကိုသြားကစားေနေတာ့ ေဂ်ာင္ကုအေပၚထပ္ကို တတ္ခဲ့ကာ အဝတ္အစားအရင္လဲလိုက္သည္။ ထို႔ေနာက္ ဝရန္တာဘက္ထြက္ခဲ့ကာ ဘမ္နဲ႕ကစားေနတဲ့ျမင္ကြင္းကိုၾကည့္ေနလိုက္သည္။
ေဂ်ာင္ကု ထိုေကာင္ေလးကို သံေယာဇဥ္တြယ္ေနမိၿပီ..ခ်စ္ေနတာလားလို႔ကိုယ့္ႏွလုံးသားကိုေမးေတာ့လဲ အေျဖကမေရရာ မေသခ်ာ... ခ်စ္ေနမိတယ္ဆိုရင္ေတာင္ ခ်စ္တယ္ဆိုတဲ့စကားကို လုပ္ရမယ့္ကိစၥေတြမၿပီးမခ်င္းမေျပာမိေစရဘူး....
မင္းကေတာ့ ကိုယ့္ကိုခ်စ္ေနေပးပါ..မၾကာခင္မွာ မင္းမိသားစုနဲ႕ ကိုယ္နဲ႕ကိုယွဥ္ေ႐ြးရေတာ့မွာ... အဲ့အခ်ိန္မွာလဲ မင္းက ကိုယ့္ကိုပဲေ႐ြးခ်ယ္ေပးပါ...
ကိုယ္ အတၱႀကီးပါရေစ..မင္းကိုဒီထက္ပိုၿပီး မႏွိပ္စက္ခ်င္ေတာ့ဘူး ....
ျမက္ခင္းျပင္မွာ ဘမ္နဲ႕အတူေဆာ့ကစားေနရင္းျဖင့္ ေဂ်ာင္ကုရွိရာဘက္ကိုေမာ့ၾကည့္ကာ မ်က္လုံးေတြမွိတ္သည္အထိၿပဳံးျပလာသည္။
အဲ့အၿပဳံးေလးေတြကို ကိုယ္ႏွေျမာတယ္ ကေလးရယ္..ကိုယ္တစ္ေယာက္ထဲေရွ႕မွာပဲ ၿပဳံးလို႔မရဘူးလား... မင္းကိုအခန္းထဲသာထည့္ၿပီး ဖြက္ထားလိုက္ခ်င္တယ္..
Buzz! Buzz!
" ဟယ္လို Kris ေျပာ.."
" .... "
"ဘယ္လို!! ႐ုတ္တရက္ႀကီး.."
" .... "
" အင္း.."
" .... "
" သူ႕ကိုအခုေျပာျပလိုက္လို႔မျဖစ္ဘူး..ဂ်ီမင္းကအခုတေလာအားနည္းေနတာ သူ႕အေဒၚအျဖစ္အပ်က္ကိုၾကားသြားရင္ ပိုဆိုးလိမ့္မယ္ "
" .... "
" အင္း..အခုထြက္ခဲ့မယ္ "
ေဂ်ာင္ကုအဝတ္အစားေတာင္ မလဲနိုင္ေတာ့ပဲ Kris ေျပာတဲ့ေနရာကိုအျမန္အေျပးသြားရသည္။ ဂ်ီမင္းအေဒၚလုပ္ႀကံခံရလို႔တဲ့...ဂ်ီမင္းကို အခုေျပာျပလိုက္လို႔မျဖစ္ေသး..ဒီေကာင္ေလးအခုတေလာ ျဖဴေဖ်ာ့ေနကာ ပုံစံေလးကအားနည္းေနသလို ဒီအေၾကာင္းေတြသိရင္ ပိုၿပီးစိတ္မေကာင္းျဖစ္သြားမွာ..အဲ့တာေၾကာင့္ ခ်က္ခ်င္းႀကီးအသိေပးလိုက္လို႔မျဖစ္ေသး..
" ဂြၽန္ ဘယ္လဲ.."
" ကိုယ္သြားစရာရွိလို႔ အိမ္မွာပဲေနေနာ္.."
" ဟုတ္ "
" ကိုယ္သြားၿပီ "
" ဟုတ္"
ေဂ်ာင္ကု ေဆး႐ုံကိုေရာက္ေတာ့ အေလာင္းထားရာေနရာကိုအရင္သြားလိုက္သည္။
အဝတ္ျဖဴအုပ္ထားတဲ့ကုတင္ေဘး Kris အျပင္ မင္ယြန္ဂီ နဲ႕ ကင္မ္ထယ္ေယာင္းပါရွိေနသည္။
" ဘယ္လို႔ျဖစ္တာလဲ.."
" ကားတိုက္ခံရတာ..ဒါေပမယ့္ဒါကလုပ္ႀကံတာ ကားနံပါတ္ျပားကလဲ အတုႀကီး.."
" အင္း.."
" ဂ်ီမင္းကို အသိေပးခဲ့ၿပီလား.."
မင္ယြန္ဂီက ေမးလာသည္မို႔..
" မေျပာခဲ့ရေသးဘူး.သူစိတ္မေကာင္းျဖစ္ေနမွာ ေနာက္မွေျပာျပလိုက္မယ္ "
" ဒါကသူ႕အေဒၚကိစၥေနာ္ ေျပာျပသင့္တယ္လို႔ထင္တယ္.."
" ပတ္ခ္ဂ်ီမင္းကိစၥကို ငါပဲဆုံးျဖတ္မယ္ "
မင္ယြန္ဂီက မ်က္ႏွာပ်က္သြားသည္။ ကင္မ္ထယ္ေယာင္းကပါ မ်က္ေစာင္းထိုးသြားေသးသည္။အဲ့အတြဲကိုၾကည့္လို႔ကို မရဘူး..!
-------
" ေဟ်ာင္း မ်က္ႏွာလဲမေကာင္းပါလား.."
" အင္း..ဟုတ္တယ္ အခုတေလာေနလို႔သိပ္မေကာင္းလို႔.."
ဂြၽန္က အလုပ္ရႈပ္ေနတာ ႏွစ္ရက္၊သုံးရက္ပင္ရွိၿပီ။ ကြၽန္ေတာ္နဲ႕ပင္ မ်က္ႏွာခ်င္းမဆိုင္ျဖစ္သည္အထိ...
အခု ဂ်ီဟိုက သူ႕ညီမေလးေဆး႐ုံဆင္းေၾကာင္း လွမ္းေျပာရင္း vc ေျပာေနၾကတာ..
" ေဟ်ာင္းရဲ႕ မ်က္ႏွာေလး ေခ်ာင္က်သြားသလိုပဲ "
" ဟုတ္လား.. "
" ဟုတ္တယ္.. ေဟ်ာင္းကိုမေတြ႕ရတာၾကာေတာ့ ကြၽန္ေတာ္တို႔သတိရေနတာ.."
" ေဟ်ာင္းလဲသတိရပါတယ္.."
" ဒီမွာ ဒါကကြၽန္ေတာ့္ ညီမေလး..ႏႈတ္ဆက္လိုက္ဦးကိုကို႔ ကို"
" ကိုကို မဂၤလာပါ "
" ေနေကာင္သြားၿပီလား ညီမေလး "
" ဟုတ္.."
" ကိုကို႔ကို ေက်းဇူးတင္တယ္လို႔ေျပာလိုက္ဦးေလ "
" ကိုကို႔ကို ေက်းဇူးတင္ပါတယ္ "
" ဂ်ီဟို႔ညီမေလးက ခ်စ္စရာေလးပဲ "
" ဟီး..ကြၽန္ေတာ္နဲ႕တူတာ "
" ဟုတ္ပါၿပီ..ဒီေန႕ဆိုင္မသြားဘူးလား.."
" သြားတယ္..အခုတေလာ အမဆိုဖီယာကတစ္မ်ိဳးပဲ ေဟ်ာင္းရဲ႕အေၾကာင္းေတြမၾကာခဏေမးၿပီး မ်က္ႏွာလဲမေကာင္းဘူး "
" ဟင္! "
" ၿပီးေတာ့ ကြၽန္ေတာ္အလုပ္သစ္ထပ္ရတယ္ လစာလဲေကာင္းတယ္..ကြၽန္ေတာ့္အတြက္တတ္လမ္းလဲရွိတယ္ "
" ဂုဏ္ယူပါတယ္ ဂ်ီဟို..."
" ဟုတ္..ေက်းဇူးပါဗ်.."
" မင္းေအာင္ျမင္ရင္ ေဟ်ာင္းကိုမေမ့ရဘူးေနာ္ "
" ေမ့စရာလား ေဟ်ာင္းကလဲ.."
" တကယ္ေမ့လို႔ကေတာ့ သတ္မွာ.."
" ဟီး..ေမ့ပါဘူးဗ်.. ်ေဟာင္း..ကြၽန္ေတာ္ေနာက္ေန႕မွ ထပ္ေခၚမယ္ေနာ္.."
" ဟုတ္ၿပီ..ဘိုင့္ ဘိုင္ ဂ်ီဟို...ဟိုေဆာ့ေဟ်ာင္းတို႔ကိုလဲ သတိရတယ္လို႔ေျပာေပးပါဦး "
" ဟုတ္..bye "
တီ!
Buzz!
ဂ်ီဟိုနဲ႕ ဖုန္းေျပာလို႔ၿပီးၿပီးခ်င္ ဖုန္းဝင္လာလို႔ၾကည့္လိုက္ေတာ့ နံပါတ္စိမ္းတစ္ခု..
" ဟယ္လို.."
" ဂ်ီမင္းလား..အမဆိုဖီယာပါ "
" အာ..ဟုတ္.."
" အမတို႔ ခဏ ေလာက္ေတြ႕လို႔ရမလား.."
" ဟို..အခုလားဗ် "
" ဟုတ္တယ္..ဂ်ီမင္းအားရင္ေပါ့ "
" ဟုတ္..ကြၽန္ေတာ္အားပါတယ္.."
" ဒါဆိုအမကို အခ်ိန္ခဏေပးၿပီးလာေတြ႕ပါေနာ္.."
" ဟုတ္ "
" *** မွာေစာင့္ေနမယ္ "
" ဟုတ္ကဲ့ ကြၽန္ေတာ္အျမန္ထြက္လာခဲ့ပါ့မယ္ "
ဆိုဖီယာ..ဂ်ီမင္းကိုခ်ိန္းထားတဲ့ေနရာကို ေရာက္ေနတာနာရီဝက္ေလာက္ရွိေနၿပီ ျဖစ္သည္။
သူမ ဆုံးျဖတ္ခ်က္တစ္ခုကိုေတာ့ ခ်မွကိုျဖစ္ေတာ့မွာ.. ေသခ်ာတာေတာ့ ေဂ်ာင္ကုကိုလက္မလႊတ္ခ်င္တာပဲ..ဒီအသက္ဒီအ႐ြယ္အထိ အခ်စ္ဆိုတာကိုမခံစားဖူး ၊မေတြ႕ရွိဖူးေပ.. ေဂ်ာင္ကုနဲ႕မွစခဲ့တဲ့ ဆိုဖီယာရဲ႕ပထမဆုံး အခ်စ္ကိုလက္လႊတ္မခံနိုင္ဘူး...သို႔ေသာ္ ဂ်ီမင္းကိုလဲ မထိခိုက္ေစခ်င္ေပ....
ထို႔ေၾကာင့္ သူမအေကာင္းဆုံးလမ္းကိုေ႐ြးခ်ယ္လိုက္တယ္.. ဂ်ီမင္းကိုလဲ မထိခိုက္ေတာ့သလို ေဂ်ာင္ကုကိုလဲလက္မလႊတ္ရမယ့္နည္း..နည္းနည္းေတာ့အတၱဆန္ေပမယ့္ေပါ့...
" အမ ကြၽန္ေတာ္ေရာက္ပါၿပီ "
ဂ်ီမင္းက ဆိုင္ထဲဝင္လာၿပီး ဆိုဖီယာနဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္သည္။
" အမ ေနေကာင္းရဲ႕လား.."
" အာ..ေကာင္းပါတယ္ အခုတေလာ အိပ္ေရးငတ္သြားလို႔ "
" ဟုတ္..ကြၽန္ေတာ္ကို ဘာေျပာစရာရွိလို႔လဲ "
" ေျပာစရာထက္ အမေတာင္းဆိုစရာေလးရွိလို႔ပါ "
" ဟုတ္ကဲ့ '
" ဒီပိုက္ဆံေလးကို ယူၿပီး ေဂ်ာင္ကုအနားကထြက္သြားေပးပါလား.."
" ဗ်ာ....! "
" အမ အခုလိုေျပာရတာ အားအရမ္းနာပါတယ္...အမ ေဂ်ာင္ကုကိုခ်စ္မိေနၿပီ အမရဲ႕ပထမဆုံးအခ်စ္..အမလက္မလႊတ္ခ်င္ဘူး ဒါေၾကာင့္ဂ်ီမင္းကေနာက္ဆုတ္ေပးပါ.."
အမဆိုဖီယာက အရင္ကနဲ႕မတူပဲ ျဖစ္ေနတာ..အရင္ကႏြေးႏြေးေထြးေထြးဆက္ဆံတတ္တဲ့ အမဆိုဖီယာမဟုတ္ပဲ စိမ္းသက္ေနသလိုမ်ိဳး...
" ဒါေပမယ့္..ဂြၽန္နဲ႕အမက... "
" ေသခ်ာေပါက္ ေဂ်ာင္ကုကအမကိုခ်စ္လာမွာပါ မင္းသာ ေဂ်ာင္ကုနားကထြက္သြားေပးပါ.."
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္.."
" အမေတာင္းဆိုေနတာပါ "
" အမဆိုဖီယာ..ကြၽန္ေတာ္.. "
" မင္းျငင္းရင္ေတာ့ အမအဆုံးထိလုပ္ရလိမ့္မယ္ "
ဂ်ီမင္းမွာ ဘာျပန္ေျပာရမလဲတကယ္ကိုမသိေတာ့ေပ... အမကိုအားနာေပမယ့္ အမနဲ႕ဂြၽန္နဲ႕က ခ်စ္သူေတြမွမဟုတ္တာ..ၿပီးေတာ့ ကြၽန္ေတာ္လဲ ဂြၽန့္ကိုခ်စ္တယ္ေလ... ကြၽန္ေတာ္လဲ ဂြၽန့္ကို လက္မလႊတ္နိုင္ဘူး....
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..အမဆိုဖီယာ ဒီကိစၥက.. ! "
" လာခဲ့!! "
" ဂြၽန္.. "
" ေဂ်ာင္ကု..! "
ဂြၽန္က႐ုတ္တရက္ႀကီး ေရာက္လာကာဂ်ီမင္းလက္ကိုဆြဲေခၚသြားသည့္မို႔ ယက္ကန္ယက္ကန္ပါသြားရသည္။
အားးးးးးး!! ဆိုဖီယာ ဆိုင္ထဲမွာ ဘယ္သူပဲရွိေနပါေစ အက်ယ္ႀကီးေအာ္ျပစ္လိုက္သည္။ မရဘူးေနာ္...ဒီလိုေအးေဆးနဲ႕မရရင္ တစ္ခုခုေတာ့လုပ္ရလိမ့္မယ္....
" လာခဲ့! ကိုယ္မရွိတုန္း အဲ့လိုအျပင္ထြက္တတ္တဲ့အက်င့္ကို ဘယ္ေတာ့မွျပင္မွာလဲ.. "
" ဂြၽန္.."
" ေျပာ..သူနဲ႕ဘာေတြေျပာေနတာလဲ.."
ကားထဲေရာက္ေတာ့ ဂြၽန္ကဂ်ီမင္းမ်က္ႏွာကိုစူးစိုက္ၾကည့္ၿပီးေမးသည္။
" ဘာလို႔မ်က္ရည္ေတြဝဲေနတာလဲ..ေျပာ..မင္းကိုဘယ္သူငိုေအာင္လုပ္တာလဲ! "
" ဟင့္! "
ဂ်ီမင္းအျဖစ္က အားကိုးရွိတဲ့ကေလးေလးလိုမ်ိဳး ဂြၽန့္ရင္ခြင္ထဲတိုးဝင္ကာ ငိုျပစ္လိုက္သည္။ ဂြၽန္ကလဲ ကြၽန္ေတာ့္ေခါင္းကို ခပ္ဖြဖြကိုင္တြယ္ကာ အနမ္းေလးစြန့္က်ဲလာသည္။
" ဘာလို႔ငိုေနတာလဲ..သူဘာေတြေျပာလို႔လဲ.."
" ဟင့္အင္း..ကြၽန္ေတာ္ေၾကာက္လို႔ပါ.."
"ဘာကိုေၾကာက္တာလဲ..ကိုယ္ေအာ္လိုက္လို႔လား.."
" ဟင့္အင္း..ဂြၽန္ ကြၽန္ေတာ့္ကိုစြန့္ျပစ္လိုက္မွာ ေၾကာက္တာ.."
" က်စ္! မငိုနဲ႕ေတာ့ တိတ္! "
" ဂြၽန္ ေခ်ာ့တာႀကီးကလဲ.."
" အဲ့လိုငိုေနလို႔မျဖစ္ဖူးေလ ကေလးရဲ႕..ကိုယ္ကအားတာမဟုတ္ဘူး အလုပ္ေတြကလဲတစ္စီတစ္တန္းႀကီး..မင္းကအဲ့လို႔ျဖစ္ေနရင္ ကိုယ္ဘယ္လိုစိတ္ခ်ရမွာလဲ.."
" ဂြၽန္နဲ႕ အမဆိုဖီယာက ဘယ္လိုပတ္သတ္မႈမ်ိဳးလဲ..."
" သူက ဘာေျပာလိုက္လို႔လဲ.."
" ဟင့္အင္း သူဘာမွမေျပာပါဘူး.."
" ကိုယ္နဲ႕သူက လုပ္ငန္းပါတနာပဲ ဘာမွမရွိဘူး.."
" ဟင့္! "
" ဘာလို႔ငိုျပန္တာလဲကြာ.."
ဂြၽန္ရင္ခြင္ထဲမွေန၍ ေခါင္းခါျပလိုက္သည္။ကြၽန္ေတာ္ အမဆိုဖီယာကို အရမ္းအားနာတယ္..ဒါေပမယ့္ ဂြၽန္က ပစၥည္းေတြလိုမွ်ေဝသုံးလို႔မွမရတာ..မွ်ေဝသုံးလို႔ရရင္ေတာင္ ဂြၽန္ကိုေတာ့ ကြၽန္ေတာ္မွ်ေဝမသုံးနိုင္ပါ.. ဂြၽန့္ကိုကြၽန္ေတာ္ သိပ္ခ်စ္တာမို႔
ဂြၽန္လဲ ကြၽန္ေတာ့္ကိုခ်စ္လာရင္ေကာင္းမယ္...
ေဂ်ာင္ကုထိုေကာင္ေလးကို အိမ္အထိလိုက္ပို႔ခဲ့ၿပီး အိပ္ေပ်ာ္သြားၿပီဆိုမွ ထြက္လာခဲ့သည္။ ဒီရက္ပိုင္းအတြင္း မ်က္ႏွာလဲမေကာင္းတာကိုသိေပမယ့္ ကိုယ္လဲအခုတေလာအလုပ္ေတြရႈပ္ေနတာေၾကာင့္ ေသခ်ာဂ႐ုမစိုက္မိ..
ဆိုဖီယာကဘာေတြေျပာလိုက္မွန္းမသိေပမယ့္ ေသခ်ာတာက သူတို႔ေမာင္ႏွမရင္းႏွီးသြားလို႔မျဖစ္။ ကိုယ့္မွာလုပ္စရာေတြက ရွိေနေသးသည္။
ဂ်ီမင္းအေဒၚကိစၥကိုလဲ စုံစမ္းေနရေသးတာျဖစ္ၿပီး ဂ်ီမင္းအေဖနဲ႕ပါပတ္သတ္ေနေသးတာျဖစ္သည္။ မင္းအေဒၚကို မင္းအေဖသတ္ပါတယ္လို႔ ေျပာရမွာလား... ေသခ်ာေပၚက ဒီကေလးလက္ခံနိုင္မွာမဟုတ္..
--------
" ေဖေဖ...သမီးကိုကူညီပါ.."
" ဆိုဖီယာ သမီး..ဘယ္လိုျဖစ္လာတာလဲ.."
Kimတစ္ေယာက္ အခန္းထဲတြင္ ေမွာင္ခိုလုပ္ငန္းဘက္အဆင္မေျပမႈေတြကို စစ္ေဆးေနတုန္း သမီးျဖစ္သူက မ်က္ရည္႐ႊဲလဲျဖင့္ဝင္လာသည္မို႔ အထိန့္တလန့္ျဖစ္သြားရသည္။
" ေဖေဖ..သမီး ေဂ်ာင္ကုကိုလက္မလႊတ္နိုင္ဘူး.."
" ဘာျဖစ္လာတာလဲ သမီး "
" ေဖေဖ... ေဂ်ာင္ကုမွာအျခားတစ္ေယာက္ရွိေနတယ္...သူ႕ကိုလဲေဂ်ာင္ကုကသံေယာဇဥ္ရွိေနပုံပဲ.. သမီးအတြက္ေနရာမရွိေတာ့ဘူး.."
" က်စ္! ေဖေဖေျဖရွင္းေပးမွာေပါ့.. သမီးအခုတေလာဘယ္လိုျဖစ္ေနတာလဲ မ်က္ကြင္းေတြလဲညိုေနတယ္ သြားအနားယူလိုက္ဦး.. "
" ဟင့္အင္း..သမီးဘာလုပ္ရမလဲမသိေတာ့ဘူး.."
" ေဖေဖ ေျဖရွင္းေပးမွာမို႔ စိတ္မပူနဲ႕..သြားအနားယူေတာ့.."
" ပတ္ခ္ဂ်ီမင္း ကိုရွင္းေပးပါ.."
" အင္း..သမီးသြားနားေတာ့.."
သမီးထြက္သြားၿပီဆိုမွ သက္ျပင္းခပ္သဲ့သဲ့ခ်လိဳက္နိုင္သည္။ ဂ်ပန္ကျပန္လာကတည္းက မူမမွန္ဘူးျဖစ္ေနတာ... ငယ္ငယ္ကလဲ မၾကာခဏဆိုသလို သမီးကစိတ္မထိန္းနိုင္တဲ့ကိစၥေတြကိုျဖစ္ဖူးတယ္... ေဆးေသခ်ာကုၿပီးမွ ေပ်ာက္ကင္းသြားတာ၂ႏွစ္ေလာက္သာရွိေသးသည္။ အခုျဖစ္ေနတဲ့ပုံစံကလဲ လြန္ခဲ့တဲ့ႏွစ္ေတြကလို ထပ္ျဖစ္ေနျပန္တာ... ေတာက္စ္! ျပႆနာေတြက တစ္ခုၿပီးတစ္ခု ၿပီးကိုမၿပီးနိုင္ေတာ့ဘူး..
Kimလဲ အခုတေလာ လုပ္ငန္းဘက္မွာအဆင္မေျပေတာ့ သမီးကိုလဲ ဂ႐ုမစိုက္နိုင္သလို..သားကိုရွာေနတဲ့ကိစၥကိုလဲ ခဏဆိုင္းထားရတာျဖစ္သည္။ လုပ္ငန္းကေတာ့ မင္ယြန္ဂီအလုပ္ထြက္သြားကတည္းကကိုအဆင္မေျပေတာ့တာ... ေနာက္လူေတြက ပိပိရိရိမလုပ္နိုင္ေတာ့ အဖမ္းခံရတာေတြမ်ားေနၿပီး ဆုံးရႈံးတာေတြကလဲ မနဲမေနာ...
ေငြေရးေၾကးေရးအဆင္မေျပမႈေတြလဲ ျဖစ္ေနေတာ့ သမီးကို ဂြၽန္ေဂ်ာင္ကုနဲ႕နီးစပ္ေစခ်င္သည္။ ေဂ်ာင္ကုသာ ကိုယ့္မိသားစုထဲေရာက္လာရင္ တံတိုင္းတစ္ခုလိုျဖစ္မွေသခ်ာသည္။ ထို႔ေၾကာင့္ ဆိုဖီယာတင္မက Kim ကပါဂြၽန္ေဂ်ာင္ကုကိုလက္မလႊတ္ခ်င္ေပ....
တူ တူ
Kim ဖုန္းနံပါတ္တစ္ခုကိုေခၚလိုက္သည္။
" အင္း..ပတ္ခ္ဂ်ီမင္းဆိုတဲ့ေကာင္ေလးရဲ႕ အခ်က္အလက္ေတြပို႔လိုက္မယ္.. မရ ရတဲ့နည္းနဲ႕ဖမ္းၿပီး ထပ္ပို႔မယ့္ပစၥည္းေတြထဲထည့္လိုက္ "
" .... "
" အင္း..ေသခ်ာပိရိပါေစ.."
" ..... "
" အင္း.."
ဒီအရႈပ္ထုတ္ေလးကိုရွင္းၿပီးရင္ ေဂ်ာင္ကုနဲ႕သမီးအဆင္ေျပဖို႔ႀကံရဦးမယ္...ဟူး!
-----
-----
-----
မွန္ေတြနဲ႕ကာရံထားတဲ့ အရိုးျပာအိုးေလးႏွစ္ခုကိုၾကည့္ေနတဲ့ေကာင္ေလးတစ္ေယာက္..ပါးျပင္မွာလဲမ်က္ရည္ေတြျဖင့္...
" ေမေမ..ကြၽန္ေတာ္သူ႕ကို ခ်စ္ေပးလိုက္ခ်င္ၿပီ.."
" ကြၽန္ေတာ္ ဒီေလာက္နဲ႕ပဲ ရန့္တန့္လိုက္လို႔ရမလား.."
" ကြၽန္ေတာ္သိပါတယ္ သူ႕ကိုလုံလုံေလာက္ေလာက္အျပစ္ေတြမေပးရေသးဘူးဆိုတာ..ဒါေပမယ့္ ကြၽန္ေတာ္သူ႕ကိုသနားေနၿပီ...အခုဆို သူ႕အေဖကသူ႕အေဒၚကို သတ္ျပစ္လိုက္သည္အထိေတြျဖစ္ကုန္ၿပီ...ကြၽန္ေတာ္သူ႕ကို ႏွစ္သိမ့္ေပးခ်င္တယ္.."
" ကြၽန္ေတာ့္ရင္ထဲကို သူကနက္နက္ရွိုင္းရွိုင္းႀကီးကို ဝင္ေရာက္ေနၿပီ... "
" ကြၽန္ေတာ္သူ႕ကို ျမတ္ျမတ္နိုးနိုးနဲ႕ခ်စ္ေပၿပီး လက္ထပ္ယူမယ္... ဟုတ္တယ္ ကြၽန္ေတာ္သူ႕ကိုလက္ထပ္မယ္ ကြၽန္ေတာ္သူ႕ကိုခ်စ္တယ္.."
" ေဖေဖနဲ႕ေမေမ လက္ခံေပးမယ္မလား.."
မွန္ျပင္ကို ခပ္ဖြဖြကိုင္တြယ္ကာ ခြင့္ေတာင္းလိုက္သည္။
" ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါဦး..."
ေဂ်ာင္ကု ေဖေဖနဲ႕ေမေမ့ကို ႏႈတ္ဆက္ခဲ့ၿပီး ထြက္လာခဲ့သည္။
ကိုယ္မင္းကိုခ်စ္ေပးဖို႔အခ်န္တန္ၿပီထင္ပါတယ္...မင္းကိုခ်စ္ရင္းနဲ႕ပဲ ကိုယ္လုပ္ရမယ့္ကိစၥေတြကိုေရွ႕ဆက္ေတာ့မယ္.. မင္းကကိုယ့္ဘက္ကရပ္တည္ေပးပါ..
" Kris *** ကိုေမာင္း.."
" ဟုတ္ကဲ့ပါ sir. "
ေဂ်ာင္ကု ဆိုင္ေရွ႕ေရာက္ေတာ့ တစ္ခ်က္ၿပဳံးမိသည္။ ခ်က္ခ်င္းႀကီး ကိုယ့္ကိုကိုယ္ အေျပာင္းအလဲျမန္လိုက္တာလို႔ ေတြးမိရင္းေလ...ခင္ဗ်ားတို႔လဲ ထင္တယ္မလား...
တစ္ခ်ိန္က ဘယ္သူ႕ကိုမွခ်စ္မိမွာမဟုတ္ဘူးလို႔ ေျပထားတဲ့စကားေလးကို ေမ့ေပးပါဗ်ာ...
" ဘာအလိုရွိပါသလဲ ခင္ဗ်.."
" လက္စြပ္ေလးျပေပးပါ.."
" ဟုတ္ကဲ့ပါ..ဘယ္လိုအမ်ိဳးအစားထဲကျပေပးရမလဲဗ်..လက္ေဆာင္ေပးဖို႔လားဗ်.."
" လက္ထပ္ခြင့္ေတာင္းမလို႔ပါ "
" အာ..ဟုတ္ကဲ့ပါ ဒါဆိုရင္ဒီလိုဒီဇိုင္းေလးေတြ အရမ္းေခါတ္စားေနတာ မိန္းကေလးေတာ္ေတာ္မ်ားမ်ား သေဘာက်ၾကတယ္.."
" အဟင္း...ကိုယ္လက္ထပ္ခြင့္ေတာင္းမယ့္သူက ေယာကၤ်ားေလးပါ.."
" ဗ်ာ! ေဆာရီးပါဗ်..ဒါဆိုဒီလိုေလးထဲက ျပေပးမယ္ ဒါေလးကအရမ္းခ်စ္ဖို႔ေကာင္းၿပီး လူငယ္ဆန္တယ္ ေတာ္ေတာ္မ်ားမ်ားသေဘာက်ၾကတယ္ "
" Kris ကူေ႐ြးေပး..ငါဒါမ်ိဳးေတြမၾကည့္တတ္ဘူး.."
" ဗ်ာ..ဟုတ္ကဲ့ "
Kris မွာေၾကာင္ေတာင္ေတာင္ေလးနဲ႕သာ ကူေ႐ြးေပးရသည္။ ႐ုတ္တရက္ႀကီး ဆိုင္သြားကာ လက္ထပ္လက္စြပ္ေ႐ြးေနတယ္ဆိုေတာ့ ခင္ဗ်ားတို႔ေကာ မအံ့ၾသဘူးလား... ခ်က္ခ်င္းႀကီးေလ..ငါတို႔သူေဌးႀကီး ပတ္ခ္ဂ်ီမင္းရဲ႕ အခ်စ္ႏြံထဲနစ္သြားၿပီထင္ပါရဲ႕ ခိခိ...
" အဲ့တာ ဘာရယ္တာလဲ Kris.. ဒါကရယ္စရာမဟုတ္ဘူး.."
ဟင္! သူေဌးက မ်က္ႏွာေတြနီရဲၿပီးရွက္ေနတာလား...
Kris ကိုသာေ႐ြးခိုင္းတာ ေနာက္ဆုံးေတာ့လဲ သူႀကိဳက္တာပဲသူေ႐ြးတာပါပဲ..တကယ္.. သူေဌးအတြက္ လက္စြပ္ေ႐ြးရတာ Kris စိတ္ေတြအမ်ားႀကီး ဆြဲဆန့္ထားရတာ..ဂ်ီးမ်ားလိုက္တဲ့ သူေဌး...!
သူေဌးကေတာ့ လက္စြပ္ဗူးကိုၾကည့္ကာ ၿပဳံးၿပဳံးႀကီး...
ကားေပၚတြင္ လက္စြပ္ဗူးကိုဖြင့္ၾကည့္ကာ ဘယ္လိုအခ်စ္စကားဆိုရမလဲလို႔ ေတြးေနသူက တကယ္ေရာေပ်ာ္႐ႊင္ရပါ့မလား...
အိမ္ေရာက္ရင္ သူ႕ရင္တစ္ခုလုံး ကြဲေၾကမတတ္ခံစားရေတာ့မယ္ဆိုတာ သူမသိခဲ့ပါ..
_______________________________
မုန္းတိုင္းေလးနည္းနည္းတိုက္ၿပီးရင္ ကေလးေလးကိုအမ်ားႀကီးခ်စ္ေပးေတာ့မွာပါေနာ့..💗
There are no comments yet. Log in to be the first to leave a review!
![POSSESSIVE BOY [ Completed ]](https://fanficsread.net/media/fs-stories-1/1552/conversions/b9c974239fa69d36d53f655722f4d5d1.jpg)





