Fanfics

18🌪️

19:34, 3 August 2023

မျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်လာသော ကောင်ငယ်လေး၏မျက်နှာလေးအားလက်ဖြင့်အုပ်ကိုင်လိုက်သည်..ထို့နောက် ကောင်လေးအား ခုတင်ပေါ်သို့ထိုင်ခိုင်းလိုက်ရင်း ထိုကောင်လေး၏ပေါင်‌ေပါ်၌နေရာယူလိုက်၏...

Flash back>>>>

Fourth သူ့ကိုစိတ်ဆိုးကာအဆက်အသွယ်ဖြတ်သွားခဲ့သည့်ထိုနေ့....အဲ့နေ့မှာပင် သူ့ရဲ့စိတ်ခံစားချက်တို့ဟာ ထိုကောင်လေးအပေါ်စွဲလမ်းနေမိမှန်းသိခဲ့ရသည်...အရက်တွေသေအောင်သောက်ကာ ထိုခံစားချက်ကြီးအား တွန်းလှန်ရန်ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့... Fourth ဟာသူ့ရဲ့ငယ်ပေါင်းပါ..ဘာကြောင့်များ ရုတ်တရက်ချည်း မဟုတ်တရုတ်စိတ်တွေဝင်လာခဲ့ရတာလည်း...နာရီပေါင်းများစွာကြာအောင်စဉ်းစားသော်ငြား အဖြေရဲ့လမ်းစတောင်ရှာမတွေ့ခဲ့ပါ....ခုတင်ပေါ်တွင်ခွေခေါက်လူးလိမ့်ရင်း Fourth Nattawat မရှိတော့သည့် ကြောက်စရာညကြီးအား ဘယ်လိုဖြတ်သန်းရမလဲသူမသိ.....အခန်းတစ်ခုလုံးတွင် ဘီယာဘူးခွံတွေဟာ ပြန့်ကျဲလို့နေသည်....

"ဘာလို့လဲ? ဘာလို့လဲ!!!!!! ဘာကြာင့်များ ဒီသူငယ်ချင်းကြီးကိုမှချစ်မိသွားရတာလဲ!!!!!!!!"

အရူးတစ်ယောက်လိုပင်အော်ငိုနေမိ၏....သိခဲ့ရပါသည်...သူထိုကောင်လေးကိုချစ်မိနေပြီ~

..............ပထမနေ့မှာပင် ကျောင်းဆင်းဆင်းခြင်းFourth အိမ်သို့ထွက်လာခဲ့၏....ခြံရှေ့ရှိဘဲလ်အားတီးမို့ပြင်လိုက်စဉ်မှာပင် အလုပ်မှပြန်လာသော အမLove နှင့်တိုး၏။

"Ohh...မောင်လေး Fourth ဆီလာတာလား"

အမကသူ့ကိုပြုံးပြကာ ကြိုဆိုသည်...

"ဟုတ် အမ"

"လာလေ ဘာရပ်နေတာလည်း အထဲကိုဝင်"

သူပုခုံးကိုဖက်ကာ အိမ်ထဲသို့ခေါ်လာခဲ့သည်...ထို့နောက်သူ့အား ဧည့်ခန်းထဲတွင်ရှိနေသော အန်တီတို့က ပြုံးကာကြို၏..

"သားGem မင်းသူငယ်ချင်းဆီလာလည်တာလား"

"ဟုတ် အန်တီ"

သူ sofa ဆီသို့သွားရင်း သတင်းစာဖတ်နေသော ဦးလေးရှေ့တွင်ဝင်ထိုင်လိုက်သည်...ထို့နောက်အန်တီနှင့်အမကပါအတူတူလာထိုင်သည်...

"ကျတော်....ကျတော် အကုန်လုံးကိုပြောစရာလည်းရှိပါတယ် ခွင့်တောင်းစရာလည်းရှိပါတယ်"

သူ့ပြောစကားကြောင့် ဦးလေးကမော့ကြည့်လာသည်...

"ပြောလေ သား"

ထိုသို့စကားဆိုလာတာကြောင့် လက်သီးကိုတင်းတင်းဆုပ်ကာ...

"ကျတော်..ကျတော် Fourth ကိုသဘောကျတယ်..ကျတော်သူ့ကိုချစ်တယ်"

သူ့စကားကြောင့် အကုန်လူံးဟာအံ့ဩသွားခဲ့ကြသည်...ဟုတ်မှာပေါ့ ဘယ်သူထင်မတဲ့လည်း ပုခုံးဖက်ပေါင်းလာတဲ့လူနှစ်ယောက်က ဒီလိုစိတ်ခံစားချက်ဖြစ်ပေါ်လာမယ်လို့လေ....

ဖတ်လက်စသတင်းစာအားပိတ်ကာ စားပွဲပေါ်သို့ချလိုက်ရင်း မတ်တပ်ရပ်ကာဦးလေးကဆိုလာ၏။

"သား..မင်းဦးလေးနဲ့ခဏလိုက်ခဲ့"

ဦးလေးခေါ်ရာနောက်သို့လိုက်သွားခဲ့သည်...

"မင်း ဦး‌လေးသားကိုတစ်ကယ်ချစ်တာလား"

ဦးလေး၏အမေးကြောင့်ခေါင်းငြိမ့်ပြကာဒူးထောက်ချလိုက်သည်။

"ကျတော် Fourth ကိုတစ်ကယ်ရင်ထဲကချစ်တာပါ ဦးလေး ကျတော်သူ့ကိုတန်ဖိုးထားမှာပါ..ကျတော့်ကိုယုံပေးပါ"

"ဒီတိုင်းတော့မရဘူး"

‌သူ့ကိုထူရင်းပြောသောစကားကြောင့် ပြာပြာသလဲလဲဖြင့် ခွင့်မပြုမည်စိုးကာ

"ဦးလေးစိတ်တိုင်းကျကတော်နေပါ့မယ် ကျတော်ဘာလုပ်ပေးရမလဲဟင် ကျတော့်ကိုပြောပါ"

"မင်းရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ဖန်တီးထားတဲ့ အရာတွေကိုဦးလေးကိုယ်တိုင်မြင်ရမှ Fourth ကိုမင်းလက်ထဲ ဦးလေးထည့်နိုင်မယ်"

သူဦးလေးပြောသောစကားကိုနားလည်သဘောပေါက်လိုက်၏...မိဘဝင်ငွေကိုဘဲမှီခိုပြီး မိဘလုပ်ငန်းကိုဆက်လက်အမွေခံတာကိုမလိုချင်...သူ့ကိုယ်တိုင်ချွေးနဲ့သွေးနဲ့ရှာထားသည့်ဝင်‌ငွေ၊ကိုယ်အစွမ်းအစဖြင့်ထူ‌ထောင်ထားသည့်လုပ်ငန်းကိုသာ မြင်ချင်သည်ဟု ပြောလိုက်သောအဓိပ္ပာယ်သာ...

"ဖြစ်စေရမယ်ဦးလေး..သေချာပေါက်စောင့်နေပါ ကျတော် Fourth ကို ကျတော်ကိုယ်တိုင်ရှာဖွေထားတဲ့အရာတွေနဲ့ ဘုရင်တစ်ပါးလို့ ထားနိုင်ရမယ်လို့ ကျတော်ရဲရဲကြီးအာမခံပါတယ်"

သူ့ပြောသည်ကိုဦးလေးကပြုံးကာ ပုခုံးကိုပုတ်၏..

"ဦးလေးမင်းကိုယုံပါတယ်"

ထို့နောက်ဦးလေးထွက်သွားခဲ့သည်...သူလည်းလိုက်ထွက်လာခဲ့၏...တစ်နေ့ ဒီကောင်လေးကငါ့အပိုင်ဖြစ်ကိုဖြစ်လာရမယ်!_________________ဒုတိယနေ့'

အမေရိကသို့သွားကာပညာသင်ယူရန် နှင့်လုပ်ငန်းကိုပါတစ်ပြိုင်ထဲလုပ်ကိုင်ရန်လေယာဉ်လက်မှတ်..ခရီးသွားဖို့ရန် အစအဆုံးပြင်ဆင်ပြီးမှ မာမီတို့ကိုဖွင့်ပြောလိုက်သည်...

တစ်ဦးတည်းသာရှိတာကြောင့် မလွှတ်ချင်ဘူးဆိုသော်လည်း သားဖြစ်သူ၏တိုးတက်ရာတိုးတက်ကြောင်းကိုသိတာကြောင့် မျက်ရည်များဖြင့် ခွင့်ပြုကြသည်...မိဘနှစ်ပါးအား တစ်နေ့ကုန်ပြုစုရင်း ပျော်စရာအမှတ်တရလေးတွေကိုဖန်တီးခဲ့သည်...မမေ့မဖြစ်မှာခဲ့သည့်အရာလေးကတော့...

"သားဘယ်သွားတာကို Fourth ကိုမပြောလိုက်ပါနဲ့နော်"

....................တတိယနေ့'

ကွန်ဒိုမှာနေရင်း ဒီမှာကျန်ရှိနေသောလက်ကျန်အလုပ်များကိုအပြီးသတ်၏...ထို့နောက် သူတို့ရန်ဖြစ်ပြန်တည့်ဖြင့်ပျော်စရာအမှတ်တရများစွာတည်ရှိနေသော တိုက်ခန်းလေး၏အငွေ့အသက်များအား အမြတ်တနိုးဖြင့် ခံစားလိုက်သည်~

သွားရန်၄နာရီအလို'

မသွားခင် ချစ်ရသူ၏မျက်နှာလေးအားမြင်ချင်မိတာကြောင့် ကောင်လေး၏အိမ်ဘက်သို့ထွက်လာခဲ့သည်...အထဲရောက်တော့ အားလုံးကသူ့ကိုနှုတ်ဆက်ကြသည်...အမLove၏စကားတစ်ပြောပြောနှင့်ခေါ်ဆောင်မှုဖြင့် ကောင်းလေး၏အခန်းရှေ့သို့ရောက်လာ၏...အခန်းတံခါးကိုဖွင့်ကြည့်တော့လော့ချထားသည်...ပြုံးလိုက်ရင်း ထိုကောင်လေးကိုယ်တိုင်ထည့်ပေးသွားခဲ့သော သော့လေးအားထုတ်ကာဖွင့်လိုက်၏...ထို့နောက်ကျောခိုင်းနေသောကျောပြင်လေးအားကြည့်ရင်း ဝမ်းနည်းမှုတို့ကလှိုင်တက်လာသည်...ပထမဆုံးတောင်းပန်စကားကို မျက်ရည်မကျဘဲပြောနိုင်ခဲ့သော်လည်း ဒုတိယအကြိမ်မှာတော့ လှိုင်တက်လာသောဝမ်းနည်းမှုတို့ကို ထိန်းမရခဲ့ပေ....ဒူးထောက်ချလိုက်ရင်းတောင်းပန်စကားဆိုတော့ ကောင်လေးဟာ စိတ်ဆိုးမပြေခဲ့ပါ...သူ့ကံကြမ္မာဘဲလေ..ပျော်ပျော်ရွှင်ရွှင်နဲ့နှုတ်ဆက်ခွင့်မရပေမဲ့ မျက်နှာလေးမြင်သွားရရင်နဲ့တင်ကျေနပ်မိပါရဲ့....ကောင်လေးလက်ထဲအားသော့များကိုထည့်ကာ မျက်ရည်များအား ဆွဲသုတ်လျက် အောက်တွင်စောင့်နေသော ဒုတိယမိသားစုလိုခင်မင်ရသည့် လူများအားတစ်ယောက်ခြင်းလိုက်လံနှုတ်ဆက်မိသည်...ထို့နောက် အပြင်သို့လျှောက်လှမ်းလာခဲ့၏...ကလေးငယ်~မင်းနဲ့တစ်သက်တာနီးစပ်နိုင်ဖို့အတွက်ကိုယ်တို့အချိန်အနည်းငယ်လောက်တော့ခွဲခွာရလိမ့်မယ်~

Flash back end>>>>>

သူထထိုင်လိုက်ရင်း မျက်ရည်များကျဆင်းနေသောကောင်လေးအား နူးညံ့စွာ သုတ်ပေးလိုက်သည်...ထို့နောက် Fourth ဟာသူ့အားတင်းကြပ်စွာသိုင်းဖက်လာ၏...

"သေနာကောင်!!!! ငါမင်းကိုဆုံးရှုံးရပြီလို့တောင်တွေးမိခဲ့တာ!!!"

ကျောပြင်လေးအားပုတ်ပေးရင်းခေါင်းလုံးလုံးလေးအားနမ်းရှိုက်မိ၏...ထို့နောက်သူ့ရင်ခွင်ထဲသို့မျက်နှာအပ်ထားသော ကောင်လေး၏မျက်နှာအား‌ဆွဲမော့လိုက်သည်....ထို့နောက်နှုတ်ခမ်းသားအိအ်လေးအား ဖိကပ်နမ်းရှိုက်လိုက်သည်...

"ဒီတစ်ခါ ငါ့ရဲ့ချစ်သူဖြစ်ပေးပါ Fourth ~"

တစ်ဖန်ထိုကောင်လေးကာ သူ့ကိုနမ်း၏။

"အင်း ငါမင်းရဲ့ချစ်သူအဖြစ်ထာဝရရှိနေပေးမယ်~"

ÂŤThe EndÂť

_____________ကဲ နောက်ကျသွားတာတောငိးပန်ပါတယ် မီးနီခန်းကိုတစ်မင်မထည့်တာပါ ကျတော် ဒီficလေးကို ရိုးရိုးအေးအေးလေးနဲ့ ဘာအမှောင်မှမပါဘဲရေးချင်တာပါ ဘာဘဲပြောပြော ဖတ်ရှုပေးကြတဲ့အသဲအသက်တစ်ယောက်ချင်းစီကို ကျတော်ကကျေးဇူးတင်ပါတယ် Good night ပါ

Z.

မျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်လာသော ကောင်ငယ်လေး၏မျက်နှာလေးအားလက်ဖြင့်အုပ်ကိုင်လိုက်သည်..ထို့နောက် ကောင်လေးအား ခုတင်ပေါ်သို့ထိုင်ခိုင်းလိုက်ရင်း ထိုကောင်လေး၏ပေါင်‌ပါ်၌နေရာယူလိုက်၏...

Flash back>>>>







"ဟုတ် အမ"




"ဟုတ် အန်တီ"




"ပြောလေ သား"










"ဒီတိုင်းတော့မရဘူး"












....................တတိယနေ့'


သွားရန်၎နာရီအလို'


Flash back end>>>>>







ÂŤThe EndÂť


There are no comments yet. Log in to be the first to leave a review!

Similar stories