Fanfics

9🌪️

17:41, 28 July 2023

×××××××××Night Time×××××××××××

သူတို့ ညမိုးချုပ်တဲ့အထိ လျှောက်လည်ခဲ့ကြသည်...ဓာတ်ပုံတွေရိုက်ကြ မုန့်တွေလျှောက်စားကြဖြင့် ရန်ဖြစ်လိုက်ပြန်တည့်လိုက်နှင့်သာ တစ်နေ့တာကိုဖြတ်သန်းခဲ့ကြသည်...

ကားမောင်းနေရင်းလက်ကနာရီကိုကြည့်မိတော့ ၁၁:၀၀ ပင်ထိုးတော့မည်...ဘေးနားကအရိုင်းအစိုင်းလေးအားလှည့်ကြည့်လိုက်တော့ အိပ်နေသည်မှာ ဟောက်သံတွေပါထွက်နေသည်..ခနအကြာ ဟိုတယ်ရှေ့သို့ပြန်ရောက်သွားသည်...အိပ်မောကျနေသော သကောင့်သားလေးအား မနိုးရက်တော့တာကြောင့် ပွေ့ချီပြီးတော့သာ အခန်းဆီသို့ လာရသည်....လာသည့်လမ်းတစ်လျှောက်တွင်လည်း မနေ့တစ်နေ့ကမှဟိုတယ်သို့အလုပ်ဝင်လာသည့်အလုပ်သင်ကောင်မလေးများဟာလည်း တအံ့တဩဖြင့်ပင်ကြည့်နေကြသည်...လုပ်သက်ရင့် အလုပ်သမားတွေကတော့ ခပ်ပြုံးပြုံးဖြင့်သာ.သူတို့တွေသိကြတာပေါ့ ဒီကောင်လေးနှစ်ယောက်ဟာ အမြဲတမ်း ကိုက်နေကြပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်မသိမသာဂရုစိုက်တတ်ကြသည်လေ..

"ဟူး! လေးလိုက်တဲ့ဝက်"

ပွေ့ချီလာသောအသေးကောင်၏ခန္ဓာကိုယ်အားခုတင်ပေါ်သို့ပစ်ချလိုက်ရင်း ညီးတွားလိုက်သည်......ဘယ်လိုတောင်စားနိုင်လိုက်တဲ့ကောင်လည်း!!

"ခုကျတော့လည်း အိပ်မောကျနေတာလိုက်တာများ..တစ်နေကုန်သောင်းကျန်းထားတာသူမဟုတ်သလိုဘဲ"

တစ်ချက်မျှပြုံးလိုက်သည်...တစ်နေကုန်လျှောက်ပတ်ကာထိုကောင်လေးအလိုကျ လိုက်ပြေးနေခဲ့ရတာကြောင့် အရမ်းကိုပင်ပန်းနေပြီဖြစ်တဲ့အတွက် ရေချိုးဖို့ရန် ရေချိုးခန်းဆီသို့ဦးတည်လျှောက်ခဲ့ပါတော့သည်...

...."အိုး..ခုမှဘဲလန်းဆန်းသွားတော့တယ်!"

တဘက်တစ်ထည်ခါးမှာပတ်ကာ အပြင်သို့ပြန်ထွက်လာခဲ့သည်။

"ဟေး! သောက်ကျိုးတွေနည်း!!! ဒါကဘာလဲဟ!"

ခုတင်ပေါ်တွင်ထထိုင်နေလေသော အသေးကောင်ကြောင့် သူနှလုံးရပ်မတတ်ပင်လန့်သွားရသည်...

"ခုနကသေနေတာမဟုတ်ဘူးလား!! ဘာလို့ထလာတာလဲမေဘေးလေး!"

ဒေါသထွက်ထွက်ဖြင့် အော်ငေါက်လိုက်တော့....ဝမ်းနည်းသွားမယ်ထင်ခဲ့ပေမဲ့

"မအေလိုးရဲ့ ငါဟာငါသေချင်သေထချင်ထမယ် မင်းအပူလား ရေဆာလို့ထလာတာ ဘောတဲ့!"

ကတ်ကတ်လန်နေအောင်ပြန်ပြောလာတော့ သူဘက်ကသာအရှုံးပေးလိုက်ရတော့သည်... တစ်ကယ်မနိုင်ဘူး~

"အိုကေ အိုကေ ငါသွားယူပေးမယ်ခနစောင့်"

"ခုနထဲကမင်းသောက်လေကြောရှည်မနေရင် ခုချိန်ငါ့စီရေ‌ခွက်ရောက်နေပြီ!"

"မင်းကပိုရှည်နေတယ် သောက်ပါးစပ်ပိတ်ထား!"

သူအပြိုင်ကိုယ်အပြိုင်ရန်ဖက်ဖြစ်ကြရင်းနဲ့ပင် fourth ဆီသို့ ယူလာသောရေခွက်အားကမ်းပေးလိုက်သည်....သူပေးသောခွက်အား ဇက်ခနဲဆွဲယူလိုက်ရင်း မော့သောက်လိုက်သည်.....ထို့နောက်သူလည်း မှန်တင်ခုံနားသို့သွားကာထိုင်လိုက်ရင်း လျှော်ထားသောခေါင်းကိုခြောက်အောင်သုတ်နေလိုက်သည်...

"ရေသောက်မယ်ဆိုလည်း သွားယူရောပေါ့ မင်းမေကြီးမို့ ခုတင်ပေါ်မှာထိုင်နေတာလား? ငါ့ကိုလန့်သေအောင်"

"မင်းကရော မင်းဖေကြီးမို့ညကြီးမင်းကြီးရေထချိုးနေတာလား ငါမင်းထွက်လာတော့ သရဲလာတယ်ထင်ပြီး လန့်သေတော့မလို့"

"အော်ဟော် ငါချွေးတွေနဲ့မအိပ်တတ်လို့"

"အအေးပတ်သေသွားရင် ငါမကယ်ဘူးနော်"

"ငါကလဲကယ်ပါပြောနေလို့လား"

"သောက်ငနွားလေး ဒီကိုလာ ငါခေါင်းသုတ်ပေးမယ် ညဘက်ကြီး သေမို့ခေါင်းကိုလျှော်!"

"သောက်ပါးစပ်လေးကပွစိပွစိနဲ့ နားကိုညီးနေရောဘဲ ရော့ သဘက်!"

ခေါင်းသုတ်ပေးမည့်သူအား သုတ်လက်စသဘက်ပစ်ပေးလိုက်ရင်း အနှီကောင်လေး၏ပေါင်ပေါ်သို့လှဲချလိုက်သည်...

"ဘော မင်းအဲ့လိုလှဲနေတော့ ငါကဘယ်လိုသုတ်မှာလဲ"

"သုတ်မှာလား မသုတ်ဘူးလား?"

"မေဘေးကောင်!!"

သူပြောလိုက်တော့ရှိသမျှအဆဲပါင်းစုံကျိန်ဆဲကာသူ့ကိုသုတ်ပေးလာသည်..

"ဒါနဲ့ မင်းပြန်မအိပ်ချင်တော့ဘူးလား"

"ငါမင်းခေါင်းကိုခြောက်အောင်သုတ်ပေးပြီးရင်အိပ်မယ်လေ"

"ပြီးတာဘဲကွာ"

......................‌"ေဟး!! Gem မင်းပြင်လို့ပြီးပြီလား"

"အေး ပြီးပြီ"

"သွားမယ်"

လွယ်အိတ်လေးတစ်လုံးလွယ်ကာ မြောက်ကြွမြောက်ကြွဖြင့်ထွက်သွားလေသော Fourth ကိုကြည့်ရင်း သူခပ်ဟဟ ရီမိလေသည်... မနက်ခပ်စောစောထကာသူတို့နှစ်ယောက် ဖူးခက်သွားဖို့ရန်အတွက်ပြင်ဆင်နေခြင်းပင်....အကုန်အဆင်သင့်ဖြစ်နေတာကြောင့် အပြင်သို့ထွက်လာရင်း ကောင်တာတွင်အခန်းသော့ကိုအပ်ကာ fourth ထိုင်နေသော မာစီးဒီးကားအနက်ရောင်ကြီးဆီသို့ ကားသော့လည်းတရမ်းရမ်း လေ‌တချွန်ချွန်ဖြင့် စမတ်ကျကျလျှောက်လာခဲ့လိုက်သည်... မြင်မြင်သမျှလူတွေအကုန်ကြွေကျသွားလောက်သည်ဆိုသော်ငြား ထိုအထဲတွင် သူ၏သူငယ်ချင်းဖြစ်သူ Fourth Nattawat ကတော့ ပါမနေခဲ့ပေ...

"သောက်ရူးလိုလို သောက်ပေါလိုလို နှေးကွေးလေးပိလာ‌နေမယ်ဆို ငါဟာငါမောင်းထွက်သွားလိုက်တော့မှာနော်!!"

"အရူးလေး သော့ကငါ့ဆီမှာလေ"

ကားသာ့ကိုလှုပ်ရမ်းပြလိုက်ရင်း ကားတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်..

"ဟွာဟင်းမှာမင်းဆီတည်းတာဆိုတော့ ဖူးခက်မှာငါ့ဆီတည်းမယ်"

"ဟမ်?"

"တစ်ခွန်းမှမဟဘဲသောက်ပေါက်ပိတ်ပြီး မောင်းတော့!"

"ခွေးသားလေး!!"

ကားမောင်းနေရင်း ဘေးနားက ဟိုတယ်ပိုင်ရှင်ကြီးခွေးပေါက်နှင့် တစ်ဖက်မှပြောနေသော ဟိုတယ်မန်နေဂျာကြီး၏ပြောသံတွေအားနားထောင်နေလိုက်သည်း..

"ဟယ်လို ဂျာကြီး"

"ဟုတ် သူ‌ဌေးလေး ကျတော်ဘာများဆောင်ရွက်ပေးရမလဲ"

"ကျတော် Special room တစ်ခန်းလိုချင်တယ် နှစ်ယောက်အိပ်"

"ဟုတ်ကဲ့ပါ သူဌေးလေး ကျတော်အခုပြင်ဆင်ထားလိုက်ပါ့မယ် စိတ်ချပါ"

"ကျေးဇူးဘဲ ဂျာကြီးရေ ကျတော်တစ်အောင့်နေရောက်မယ်!"

"ဟုတ်ကဲ့ပါ သူဌေးလေး"

'တီ.....တီ'

"ဟေး Fourth ငါ့ဆီမှာမတည်းဘူးလား?"

"ဒီတစ်ခါ ငါဒကာခံမယ် ‌Ai Gem"

"Ohhhhhh!! ကြိုက်ပြီ!!!"

"အဲ့တော့ ဖူးခက်ကိုသွားစို့ဟေး!!!!"

___________

🌚

Z.×××××××××Night Time×××××××××××

သူတို႔ ညမိုးခ်ဳပ္တဲ့အထိ ေလွ်ာက္လည္ခဲ့ၾကသည္...ဓာတ္ပုံေတြ႐ိုက္ၾက မုန္႔ေတြေလွ်ာက္စားၾကျဖင့္ ရန္ျဖစ္လိုက္ျပန္တည့္လိုက္ႏွင့္သာ တစ္ေန႔တာကိုျဖတ္သန္းခဲ့ၾကသည္...

ကားေမာင္းေနရင္းလက္ကနာရီကိုၾကည့္မိေတာ့ ၁၁:၀၀ ပင္ထိုးေတာ့မည္...ေဘးနားကအ႐ိုင္းအစိုင္းေလးအားလွည့္ၾကည့္လိုက္ေတာ့ အိပ္ေနသည္မွာ ေဟာက္သံေတြပါထြက္ေနသည္..ခနအၾကာ ဟိုတယ္ေရွ႕သို႔ျပန္ေရာက္သြားသည္...အိပ္ေမာက်ေနေသာ သေကာင့္သားေလးအား မႏိုးရက္ေတာ့တာေၾကာင့္ ေပြ႕ခ်ီၿပီးေတာ့သာ အခန္းဆီသို႔ လာရသည္....လာသည့္လမ္းတစ္ေလွ်ာက္တြင္လည္း မေန႔တစ္ေန႔ကမွဟိုတယ္သို႔အလုပ္ဝင္လာသည့္အလုပ္သင္ေကာင္မေလးမ်ားဟာလည္း တအံ့တဩျဖင့္ပင္ၾကည့္ေနၾကသည္...လုပ္သက္ရင့္ အလုပ္သမားေတြကေတာ့ ခပ္ၿပဳံးၿပဳံးျဖင့္သာ.သူတို႔ေတြသိၾကတာေပါ႔ ဒီေကာင္ေလးႏွစ္ေယာက္ဟာ အၿမဲတမ္း ကိုက္ေနၾကေပမဲ့လည္း တစ္ေယာက္နဲ႔တစ္ေယာက္မသိမသာဂ႐ုစိုက္တတ္ၾကသည္ေလ..

"ဟူး! ေလးလိုက္တဲ့ဝက္"

ေပြ႕ခ်ီလာေသာအေသးေကာင္၏ခႏၶာကိုယ္အားခုတင္ေပၚသို႔ပစ္ခ်လိုက္ရင္း ညီးတြားလိုက္သည္......ဘယ္လိုေတာင္စားႏိုင္လိုက္တဲ့ေကာင္လည္း!!

"ခုက်ေတာ့လည္း အိပ္ေမာက်ေနတာလိုက္တာမ်ား..တစ္ေနကုန္ေသာင္းက်န္းထားတာသူမဟုတ္သလိုဘဲ"

တစ္ခ်က္မွ်ၿပဳံးလိုက္သည္...တစ္ေနကုန္ေလွ်ာက္ပတ္ကာထိုေကာင္ေလးအလိုက် လိုက္ေျပးေနခဲ့ရတာေၾကာင့္ အရမ္းကိုပင္ပန္းေနၿပီျဖစ္တဲ့အတြက္ ေရခ်ိဳးဖို႔ရန္ ေရခ်ိဳးခန္းဆီသို႔ဦးတည္ေလွ်ာက္ခဲ့ပါေတာ့သည္...

...."အိုး..ခုမွဘဲလန္းဆန္းသြားေတာ့တယ္!"

တဘက္တစ္ထည္ခါးမွာပတ္ကာ အျပင္သို႔ျပန္ထြက္လာခဲ့သည္။

"ေဟး! ေသာက္က်ိဳးေတြနည္း!!! ဒါကဘာလဲဟ!"

ခုတင္ေပၚတြင္ထထိုင္ေနေလေသာ အေသးေကာင္ေၾကာင့္ သူႏွလုံးရပ္မတတ္ပင္လန္႔သြားရသည္...

"ခုနကေသေနတာမဟုတ္ဘူးလား!! ဘာလို႔ထလာတာလဲေမေဘးေလး!"

ေဒါသထြက္ထြက္ျဖင့္ ေအာ္ေငါက္လိုက္ေတာ့....ဝမ္းနည္းသြားမယ္ထင္ခဲ့ေပမဲ့

"မေအလိုးရဲ႕ ငါဟာငါေသခ်င္ေသထခ်င္ထမယ္ မင္းအပူလား ေရဆာလို႔ထလာတာ ေဘာတဲ့!"

ကတ္ကတ္လန္ေနေအာင္ျပန္ေျပာလာေတာ့ သူဘက္ကသာအရႈံးေပးလိုက္ရေတာ့သည္... တစ္ကယ္မႏိုင္ဘူး~

"အိုေက အိုေက ငါသြားယူေပးမယ္ခနေစာင့္"

"ခုနထဲကမင္းေသာက္ေလေၾကာရွည္မေနရင္ ခုခ်ိန္ငါ႔စီေရ‌ခြက္ေရာက္ေနၿပီ!"

"မင္းကပိုရွည္ေနတယ္ ေသာက္ပါးစပ္ပိတ္ထား!"

သူအၿပိဳင္ကိုယ္အၿပိဳင္ရန္ဖက္ျဖစ္ၾကရင္းနဲ႔ပင္ fourth ဆီသို႔ ယူလာေသာေရခြက္အားကမ္းေပးလိုက္သည္....သူေပးေသာခြက္အား ဇက္ခနဲဆြဲယူလိုက္ရင္း ေမာ့ေသာက္လိုက္သည္.....ထို႔ေနာက္သူလည္း မွန္တင္ခုံနားသို႔သြားကာထိုင္လိုက္ရင္း ေလွ်ာ္ထားေသာေခါင္းကိုေျခာက္ေအာင္သုတ္ေနလိုက္သည္...

"ေရေသာက္မယ္ဆိုလည္း သြားယူေရာေပါ႔ မင္းေမႀကီးမို႔ ခုတင္ေပၚမွာထိုင္ေနတာလား? ငါ႔ကိုလန္႔ေသေအာင္"

"မင္းကေရာ မင္းေဖႀကီးမို႔ညႀကီးမင္းႀကီးေရထခ်ိဳးေနတာလား ငါမင္းထြက္လာေတာ့ သရဲလာတယ္ထင္ၿပီး လန္႔ေသေတာ့မလို႔"

"ေအာ္ေဟာ္ ငါေခြၽးေတြနဲ႔မအိပ္တတ္လို႔"

"အေအးပတ္ေသသြားရင္ ငါမကယ္ဘူးေနာ္"

"ငါကလဲကယ္ပါေျပာေနလို႔လား"

"ေသာက္ငႏြားေလး ဒီကိုလာ ငါေခါင္းသုတ္ေပးမယ္ ညဘက္ႀကီး ေသမို႔ေခါင္းကိုေလွ်ာ္!"

"ေသာက္ပါးစပ္ေလးကပြစိပြစိနဲ႔ နားကိုညီးေနေရာဘဲ ေရာ့ သဘက္!"

ေခါင္းသုတ္ေပးမည့္သူအား သုတ္လက္စသဘက္ပစ္ေပးလိုက္ရင္း အႏွီေကာင္ေလး၏ေပါင္ေပၚသို႔လွဲခ်လိုက္သည္...

"ေဘာ မင္းအဲ့လိုလွဲေနေတာ့ ငါကဘယ္လိုသုတ္မွာလဲ"

"သုတ္မွာလား မသုတ္ဘူးလား?"

"ေမေဘးေကာင္!!"

သူေျပာလိုက္ေတာ့ရွိသမွ်အဆဲပါင္းစုံက်ိန္ဆဲကာသူ့ကိုသုတ္ေပးလာသည္..

"ဒါနဲ႔ မင္းျပန္မအိပ္ခ်င္ေတာ့ဘူးလား"

"ငါမင္းေခါင္းကိုေျခာက္ေအာင္သုတ္ေပးၿပီးရင္အိပ္မယ္ေလ"

"ၿပီးတာဘဲကြာ"

......................‌"ေဟး!! Gem မင္းျပင္လို႔ၿပီးၿပီလား"

"ေအး ၿပီးၿပီ"

"သြားမယ္"

လြယ္အိတ္ေလးတစ္လုံးလြယ္ကာ ေျမာက္ႂကြေျမာက္ႂကြျဖင့္ထြက္သြားေလေသာ Fourth ကိုၾကည့္ရင္း သူခပ္ဟဟ ရီမိေလသည္... မနက္ခပ္ေစာေစာထကာသူတို႔ႏွစ္ေယာက္ ဖူးခက္သြားဖို႔ရန္အတြက္ျပင္ဆင္ေနျခင္းပင္....အကုန္အဆင္သင့္ျဖစ္ေနတာေၾကာင့္ အျပင္သို႔ထြက္လာရင္း ေကာင္တာတြင္အခန္းေသာ့ကိုအပ္ကာ fourth ထိုင္ေနေသာ မာစီးဒီးကားအနက္ေရာင္ႀကီးဆီသို႔ ကားေသာ့လည္းတရမ္းရမ္း ေလ‌တခြၽန္ခြၽန္ျဖင့္ စမတ္က်က်ေလွ်ာက္လာခဲ့လိုက္သည္... ျမင္ျမင္သမွ်လူေတြအကုန္ေႂကြက်သြားေလာက္သည္ဆိုေသာ္ျငား ထိုအထဲတြင္ သူ၏သူငယ္ခ်င္းျဖစ္သူ Fourth Nattawat ကေတာ့ ပါမေနခဲ့ေပ...

"ေသာက္႐ူးလိုလို ေသာက္ေပါလိုလို ေႏွးေကြးေလးပိလာ‌ေနမယ္ဆို ငါဟာငါေမာင္းထြက္သြားလိုက္ေတာ့မွာေနာ္!!"

"အ႐ူးေလး ေသာ့ကငါ႔ဆီမွာေလ"

ကားသာ့ကိုလႈပ္ရမ္းျပလိုက္ရင္း ကားတံခါးကိုဖြင့္ကာ ဝင္ထိုင္လိုက္သည္..

"ဟြာဟင္းမွာမင္းဆီတည္းတာဆိုေတာ့ ဖူးခက္မွာငါ႔ဆီတည္းမယ္"

"ဟမ္?"

"တစ္ခြန္းမွမဟဘဲေသာက္ေပါက္ပိတ္ၿပီး ေမာင္းေတာ့!"

"ေခြးသားေလး!!"

ကားေမာင္းေနရင္း ေဘးနားက ဟိုတယ္ပိုင္ရွင္ႀကီးေခြးေပါက္ႏွင့္ တစ္ဖက္မွေျပာေနေသာ ဟိုတယ္မန္ေနဂ်ာႀကီး၏ေျပာသံေတြအားနားေထာင္ေနလိုက္သည္း..

"ဟယ္လို ဂ်ာႀကီး"

"ဟုတ္ သူ‌ေဌးေလး က်ေတာ္ဘာမ်ားေဆာင္ရြက္ေပးရမလဲ"

"က်ေတာ္ Special room တစ္ခန္းလိုခ်င္တယ္ ႏွစ္ေယာက္အိပ္"

"ဟုတ္ကဲ့ပါ သူေဌးေလး က်ေတာ္အခုျပင္ဆင္ထားလိုက္ပါ႔မယ္ စိတ္ခ်ပါ"

"ေက်းဇူးဘဲ ဂ်ာႀကီးေရ က်ေတာ္တစ္ေအာင့္ေနေရာက္မယ္!"

"ဟုတ္ကဲ့ပါ သူေဌးေလး"

'တီ.....တီ'

"ေဟး Fourth ငါ႔ဆီမွာမတည္းဘူးလား?"

"ဒီတစ္ခါ ငါဒကာခံမယ္ ‌Ai Gem"

"Ohhhhhh!! ႀကိဳက္ၿပီ!!!"

"အဲ့ေတာ့ ဖူးခက္ကိုသြားစို႔ေဟး!!!!"

___________

🌚

There are no comments yet. Log in to be the first to leave a review!

Similar stories