Fanfics

1🌪️

19:23, 13 July 2023

၁၂တန်းစတက်တဲ့နေ့....

"သေနာကောင် မင်းအခုမှမထရင်ငါမင်းကို‌ထားခဲ့မှာနော်!"

မနက်၆နာရီလောက်ထဲကပွစိပွစိလုပ်နေသောသူငယ်ချင်းဖြစ်သူအား လက်ခလယ်ထောင်ပြလိုက်ရင်း စောင်ကိုခေါင်းထိဆွဲခြုံပစ်လိုက်သည်...

"အောင်း! မသာ Gemမထဘူးလား ထစမ်း"

ပေကပ်ကပ်လုပ်နေသော Gemအား ခုတင်ပေါ်မှ ကန်ချလိုက်သည်...မှတ်ကရော Fourth Nattawat ကိုလာမစမ်းနဲ့!

"သူတောင်းစား!!! မင်းအလုံးကနာရီကြည့် ၇နာရီတောင်မခွဲသေးဘူး လီးဖြစ်နေတာလား!!"

နာကျင်သွားသောခါးကိုပွတ်လိုက်ရင်း လက်ပိုက်ကာ သူ့အားထသတ်တော့မတတ်ကြည့်နေသည့် ရှေ့မှ Fourth အား အသားကုန်အော်ထည့်လိုက်သည်...

"ဘောကိုလာအော် မြေနိုးသားလေး ဒီနေ့ပထမနေ့နော်!!"

"ဘာနေ့ကြီးဖြစ်ဖြစ်လေ ၈နာရီမှသွားရမဲ့ဟာကို လီးလိုတွေ ၆နာရီလောက်ထဲကစောက်နားလာညီးနေတာလေ ကျောင်းနဲ့ကွန်ဒိုကအတော်ဝေးနေတာဆိုတော့!!"

"သူတောင်းစား!!!! မင်းငါ့ရှေ့ကနေထွက်သွားစမ်း ငါမနက်စာပြင်ပြီးပြန်ဝင်လာလို့ မင်းအဆင်သင့်မဖြစ်ရင် မင်းသေမင်းနဲ့တွေ့ဖို့သာပြင်ထား!!ဘောဘဲ‌"

ရှူးရှူးရှဲရှဲဖြင့်ဒေါသတကြီးအော်ကာ အခန်းအပြင်ထွက်သွားသော Fourth..

'ဒုန်း!'

"အမေ့!"

တံခါးကိုစောင့်ပိတ်သွားသည်မှာ သူပင်လန့်သွားလောက်သည်အထိ... ဘယ်လိုတောင်လဲ ဒီအသေးကောင်က!

Fourth ပြောသလိုပင် သေမင်းနဲ့ရင်မဆိုင်ချင်တာမို့ အိပ်ချင်မူးတူးဖြင့် ပြုတ်ကျနေသောစောင်ကြီးအား ကောက်တင်လိုက်ရင်း ရေချိုးခန်းထဲသို့ တဘက်တစ်ထည်ဖြင့်ဝင်လာခဲ့ပါတော့သည်...

ကိုယ်လက်တွေကိုက်ခဲနေသည်မို့ရေနွေးနွေးလေးဖြင့် ခဏတာရေစိမ်နေလိုက်သည်။

သူနဲ့ Fourth ဟာမွေးကတည်းကအတူနေ အတူစား အတူသွား အတူလာခဲ့ကြတာပါ...တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းကြမ်းတမ်းစွာပြောဆိုဆက်ဆံနေကြပေမဲ့ တစ်ယောက်ထိရင်နောက်တစ်ယောက်ကမခံပေ...သူတို့ဒီလောက်ထိရင်းနှိးနေရတာဟာ.မိဘတွေဟာလည်းသူငယ်ချင်းအရင်းခေါက်ခေါက်တွေဖြစ်နေတာကြောင့်ပါသလို Fourth Nattawat ဟာငယ်စဉ်ကတည်းကချစ်မွှေးပါတာကြောင့် သူသဘောကျခင်တွယ်မိသွားတာလည်းပါသည်...သူတို့၁၂တန်းတက်ဖို့အတွက် Fourth ကသူသွားလာရလွယ်ကူရန်ကျောင်းနဲ့နီးတဲ့ ကွန်ဒိုတိုက်ခန်းအားအဖေဖြစ်သူကိုပူဆာလေတော့သည်..သို့သော်ငြားလည်း အငယ်ဆုံးဖြစ်သော Fourth အား အကိုMix နှင့်အမLoveတို့ရောမိဘတွေကပါစိတ်မချကြပေ...ဒါကြောင့်ပင်မိဘများတိုင်ပင်လျက် သူ့ကိုပါ Fourth နဲ့လိုက်နေရန်တောင်းဆိုလာကြသည်...အစကတော့ ငြင်းပယ်လိုက်သော်လည်း Fourth Nattawat ၏ချွဲပြလာသည့်ပုံစံမျိုးစုံလှည့်ကွက်တွေအား သူမလွန်ဆန်နိုင်ခဲ့ပေ...ဒါကြောင့်ပင် ယခုအခါ၌ မနက်စောစောစီးစီးပင်ထဖိုက်နေရသည်လေ...အစထဲကအသေငြင်းခဲ့ရမှာ ချီးဘဲ!

ရေစိမ်နေရာမှထကာ ရေချိုးခေါင်းလျှောက်လိုက်ပြီးနောက် တဘက်တစ်ထည်ပတ်ကာထွက်လာလိုက်သည်.....လိုလေသေးမရှိစီစဉ်ပေးထားသောဝတ်စုံများစွာထဲမှ စိတ်တိုင်းကျဖြစ်သည့် ယူနီဖောင်းတစ်စုံကိုဆွဲယူလိုက်ရင်းဝတ်လိုက်သည်...ထို့နောက် စတိုင်ကျနေအောင်ဆံပင်ကိုသပ်တင်လိုက်ရင်း ကိုယ်လုံးပေါ်မှန်ရှေ့မတ်တပ်ရပ်ကာ အနည်းငယ်ရှိုးထုတ်လိုက်သည်..ပြီးတာနဲ့ အခန်းအပြင်သို့ တံခါးကိုအသာလေးဖွင့်လျက် မီးဖိုခန်းဆီသို့ဉီးတည်လိုက်သည်..

"လာပြီလား ‌အကြီးကောင်!"

"လာလို့မြင်နေရတာပေါ့ အသေးကောင်!"

ဘုနဲ့ဘောက်ဆိုသလိုမျက်စောင်းတစ်ထိုးထိုးဖြင့် ရန်စကားပြောလိုက်ကြပြီး fourth ပြင်ထားသော ထမင်းစားပွဲဆီသို့ဝင်ထိုင်လိုက်သည်...သူဌေးသားချင်းတူသော်လည်း သူဟာဘာမှမလုပ်တတ်သလို လုပ်ချင်စိတ်လဲမရှိ စာကလွဲရင်ကျန်တာမတော်ပေ..သို့သော် Fourth ကတော့မတူ သူဌေးသားဖြစ်သော်ငြားလည်း စာထူးချွန်သလို အိမ်မှုကိစ္စအဝဝကိုလုပ်တတ်တဲ့အပြင် သီချင်းဆိုသည်ကအစ သိုးမွှေးထိုးသည်အဆုံး အကုန်တတ်လေသည်...တစ်ခါတစ်လေတော့လဲ အားကျမိပါရဲ့!

"မျိုမှာလား ဒီတစ်သက်!"

ထမင်းကြော်ငုံ့စားနေရာမှ သူ့အားကြည့်ရင်း ကျောက်ရုပ်ထုလိုထိုင်နေသော Gemini အား ‌တစ်ချက်လောက်ပိတ်ဟောက်ပေးလိုက်သည်..

"မျိုမှာမျိုမှာ!"

မျက်စောင်းတစ်ခဲခဲဖြင့်သူကြော်ပေးထားသောထမင်းကြော်အား အားရပါးရစားနေသော Gem...တစ်ခါတစ်လေတော့လည်းမင်းကကလေးလိုဘဲ အကြီးကောင်!

.....................

"ငါ့ကားနဲ့သွားမယ်!"

"ငါ့ကားနဲ့သွားမှာ!"

"ဟာ ငါ့ကားနဲ့သွားကြမယ်လို့"

"ငါကားနဲ့သွားမှာဆို!"

ကားပါကင်ရှိ မာစီးဒီးနှစ်စီးရှေ့တွင်ရပ်ကာ သူ့ကားနဲ့သွားမယ် ငါ့ကားနဲ့သွားမယ် ဆိုကာငြင်းခုန်နေကြသော သူငယ်ချင်းနှစ်ယောက်...

"ဒါဆိုမင်းကားနဲ့မင်းသွား ငါ့ကားနဲ့ငါသွားမယ်!"

"အဲ့တာဆို စောက်လုပ်တွေရှုပ်ရတာပေါ့ အသေးကောင်ရဲ့ ခေါင်းလေးဘာလေးသုံး စာတော်သလောက် စဉ်းစားဉာဏ်မရှိ!"

ခေါင်းကိုလက်ညှိုးထိုးကာပြောလိုက်လေတော့ ခြေဖျားထောက်ကာ သူ့‌ေကာ်လံစအားဆွဲရင်းထိုးဟန်ပြလာသည်လေ..

"ထပ်ပြောရင်မင်းပါးစပ်ကသွေးယိုမယ် အကြီးကောင်!"

သူ့ကိုဆောင့်လွှတ်လိုက်ရင်းရှေ့မှမြောက်ကြွမြောက်ကြွဖြင့် ထွက်သွားသော အသေးကောင် အားကြည့်ရင်း ထိုကောင်လေးဆွဲသွားခဲ့၍ပုံပျက်သွားခဲ့ရသော အင်္ကျီကော်လံစလေးအားအသေအချာပြန်လည်ပြုပြင်ရင်း ထွက်သွားသော သူနောက်သို့အပြေးလိုက်ရတော့သည်... မင်းကတစ်ကယ်ကိုပြဿနာအိုးလေးဘဲ Fourth!

___________________

Yoooooo ပြန်လာပါပြီ ဒီတစ်ခါ အဆဲပေါင်းစုံတွေပါပါတယ် တော်တော်ရိုင်းပါတယ် ဒါကြောင့် သဘောကျရင်ဖတ်ပါမကျရင်မဖတ်ပါနဲ့ အာလာချောင်ရင်တော့ပြန်လည်တုံ့ပြန်မှာပါ ကျေးဇူးပါဗျ

10.4К3570

There are no comments yet. Log in to be the first to leave a review!

Similar stories