Fanfics

အပိုင်း၁၈

17:39, 3 July 2024

အပိုင်း၁၈

" ဧကရီ "

" သံစဉ် ? ဘယ်လိုရောက်လာတာလဲ "

" ပြောစရာရှိလို့ပါ။ အခန်းထဲသွားရအောင် "

ဘေးမှ ကြည့်နေသည့် လီလီကြောင့် သံစဉ်ဧကရီ့ကို သူ့အလုပ်ခန်းသို့ခေါ်လာလိုက်သည်။

" ကဲပြော "

သံစဉ့်မျက်နှာလေးမှာ ပြည့်ဖောင်းလာသည့်ကို ကြည့်၍ အလွန်ကိုပျော်ရွှင်နေရသည်ဆိုတာကို သိနိုင်သည်။ သံစဉ်ပျော်နေသည်မှာ သူ့ကြောင့်မဟုတ်ဘူးလို့တွေးမိသည်နှင့် စိတ်ဟာမကြည်တော့။ ဧကရီဟာ ထိုသို့ အစွဲအလမ်းကြီးလှ၏။

ဧကရီ့ကိုဘယ်ကနေဘယ်လိုစပြောရမလဲသံစဉ်မသိတော့ပါ။ သို့သော်လည်း အခန်းထဲမှာစောင့်နေမယ့် ဟန်လေးအကြောင်းတွေးမိသည်နှင့် အားကိုတင်းကာပြောလိုက်မိ၏။

" ဟန်လေးမှာ....ကိုယ်ဝန်ရှိနေပြီ ...နင်နဲ့ရတာ "

တမျိုးထင်မည်ဆိုး၍ ဧကရီနဲ့ရတယ်ဆိုတာကို နောက်ပိုင်းမှာထည့်ပြောလိုက်မိသည်။ ထိုအခါတိတ်ဆိတ်သွားသည့် ဧကရီ့ပုံစံမှာ ဘာတွေတွေးနေမလဲမသိနိုင်ပေ။ ဧကရီဘယ်လိုတုန့်ပြန်မလဲဆိုတာအများကြီးတွေးထားမိပေမဲ့ ထိုသို့ပုံတော့မဟုတ်ခဲ့။

" ကောင်းပြီ နင်အဲ့ကိစ္စနဲ့ရောက်နေတာလား။ "

" ဟုတ်တယ်။ ဟန်လေး အရမ်းအန်နေတယ် အခုတလော ဘာမှစားမဝင်နိုင်လောက်ဘူး။ ပြီးတော့ စိတ်ဖိစီးစရာတွေကိုလည်းရှင်းပစ်ပေးပါ။ "

သံစဉ့်ရဲ့ စိတ်ဖိစီးစရာ ဆိုတဲ့အသုံးအနှုန်းဟာ မည်သူ့ကိုရည်ညွှန်းသလဲဆိုတာ ဧကရီသိပါသည်။ ထို့ကြောင့်နှုတ်ခမ်းပါးအစုံဟာခြောက်ကပ်ကပ်ရီသံထွက်လာခဲ့သည်။

ထွက်သွားသည့် ကားအဖြူလေးကိုကြည့်လို့ဧကရီ့ မျက်နှာဟာဘာတွေတွေးနေလဲမသိအောင်ကို မှုံမှိုင်းနေခဲ့သည်။ ထို့နောက် ခြေလှမ်းများရဲ့ဦးတည်ရာဟာ အခန်းငယ်လေးတစ်ခုဆီသို့.....။

_________

အသက်ရှူသံ ပြင်းပြသ်းနဲ့ နာရီသံတစ်တောက်တောက်မှလွဲလို့ အခန်းကျယ်ကြီးထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့သည်။ 

" မ..မမ "

" အင်း "

ဟန့်ကို ဘာမပြောပါဘဲ ထိုင်ကာကြည့်နေသည့် မမအကြည့်တွေကြောင့် မနေတတ်တော့။ ဟန်ခေါ်လိုက်တော့ ပြန်ထူးလာခဲ့သည့်အသံမှာ အတွေးနစ်နေဟန်တူ၏။

" မင်း... တို့ကို ချစ်တယ်ပေါ့? "

မမရဲ့မေးခွန်းထုပ်တဲ့အသံကြောင့် ဟန် ဘယ်လိုပြန်ဖြေရမလဲမသိတော့ ။ မမက ထူးဆန်းနေတယ် ။ကလေးကိစ္စကြောင့်များလား။ ဟန်ဗိုက်ကို လက်ဖြင့်အသာဖိအုပ်လိုက်ပြီး မမအမေးကိုပြန်ဖြေမိသည်။

"  ဟန် မမကို ချစ်တယ် "

ကိုယ့်မျက်လုံးများကို ကြည့်ကာ ပြန်ဖြေလာသည့် ဟန်လေးကြောဂ့် ရင်ဘတ်တနေရာဟာ ဗရမ်း‌ဗဒါတွေဖြစ်လာခဲ့သည်။ ယုံကြည့်မှုများ ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နေသည့် ထိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာ အမှောင်ထဲမှာလင်းလက်နေကြသည်မှာ ကြယ်စင်တန်းလေးများသဖွယ်။

" တို့ကတော့ မင်းကို မချစ်ဘူး။ "

မမစကားဟာ ဟန့်ရင်ဝကို ‌ေစာင့်ကန်လိုက်သလိုပင်။ မျက်ရည်များဟာအထိန်းအကွက်မဲ့စီးကျလာကာ ရင်ဘတ်တနေရာတွင် တဆစ်ဆစ်ဖြင့်ကိုက်ခဲလာခဲ့သည်။

" မမ ဟန့်ကို ပြန်မချစ်လဲ ဟန်ကအမြဲချစ်နေဦးမှာပါ။ "

ဟန့်မျက်ရည်များကို သုတ်ပေးလာသည့် မမလက်ကို အသာဆုတ်ကိုင်လို့ ဆိုမိ၏။ မမမျက်နှာမှာ ဒေါသထွက်သွားဟန်ဖြင့် မေးရိုးများတင်းသွားတာကြောင့် ဟန်လက်ကို လွှတ်လိုက်မိသည်။

" တို့ကို ချစ်တယ်ဆိုရင်.....အဲ့ကလေးကို ဖြတ်ချလိုက် "

ကုတင်ထက်တွင်ထိုင်နေသော မမကို ဟန်မျက်ရည်များဖြင့်ကြမ်းပြင်မှမော့ကြည့်လိုက်မိသည်။ ဟန်နားကြားများလွှဲသလား။ မမက ကလေးကို ဖြတ်ချခိုင်းတယ်။ ဗိုက်ကို ဆုတ်ကိုင်ထားသည့် လက်မှာပို၍ တင်းကြပ်သွားကာ မျက်နှာ နုနုမှာ ဖြူဖျော့သွားသည်။

" မ..မမအတည်ပြောတာလား။ '

" တို့မင်းကို စနောက်ဖူးသလား? "

မမမျက်နှာဟာ ဘာခံစားချက်မှမမြင်ရသလိုသွေးအေးနေခဲ့သည်။ မျက်ရည်များကြောင့် ‌ရှေ့ရှိဘယ်အရာကိုမှသေချာမမြင်ရတော့။ ဟုတ်တာပဲ ဟန်ချစ်ခဲ့တဲ့ မမဟာ ထိုသို့လူမျိုးလေ။

" မ..မမသာ မလိုချင်ရင် ဟ..ဟန် ဒီကလေးကိုမွေးမှာမဟုတ်ပါဘူး။ "

ထိုစကားများကိုအားယူကာပြောလိုက်ရင်း ဟန်ရင်ဘတ်တနေရာကို ဆုတ်ကိုင်ထားမိသည်။ ဟန်က သိပ်ကို ရက်စက်တတ်သည့် မိခင်တစ်ဦးဖြစ်နေပြီလား။ ဟန့်စကားဆုံးသည်နှင့် ထထွက်သွားသော မမကျောပြင်ကိုကြည့်၍ တင်းထားတမျှဟာ ပြိုလဲသွားခဲ့သည်။

မျက်ရည်များကြောင့် မမမျက်နှာ မည်သို့ဖြစ်နေမည်ဆိုတာကို ဟန်မမြင်လိုက်ပေ။ အမှောင်ထုထဲမှာ ပိတ်မိနေသည့် ခံစားချက် ၊ အိမ်မက်ဆိုးကတော့ ဒီတသက်လွက်မြောက်တော့မည့်ပုံမပေါ်ပါ။

_________

ဘာလိုလိုနဲ့ အချိန်တွေကုန်သွားသည်မှာ တစ်လပင်ပြည့်သွားခဲ့ပြီ။ ဟန့်ဗိုက်ကလေးမှာပိုပို၍ သိသာလာခဲ့သည်။ မမ ဟာ ထိုနေ့မှစ၍ ဟန့်ကိုလာမတွေ့တော့ ။ ကလေးကိုဖြတ်ချဖို့ပြောသော်လည်း ဘာမှမစီစဉ်ခဲ့တာကြောင့် ဟန်အတိုင်းသာနေမိသည်။ ညတိုင်းဗိုက်ထဲရှိကလေးအကြောင်းတွေးမိသည်နှင့် ငိုရသည်။ ထိုကလေးဟာ ဘာအပစ်မှမရှိဘူးလေ။

" ဟန်လေး "

" မမသင်း "

" ငိုနေပြန်ပြီလားကွယ် "

သင်းထွေးဝင်လာသည်နှင့် မျက်ချင်းမျက်ရည်တွေသုတ်ကာ ပြုံးပြလာသည့် ဟန်လေးကြောင့်စိတ်မကောင်းဖြစ်ရသည်။ ဆန်ပြုတ်ပန်ကန်‌ကို စာပွဲဘေးတွင်ချလိုက်၏။

" အဆင်ပြေပါတယ်။ ဆန်ပြုတ်ပဲလား။ "

" အင်း ကြက်သားလေးရောထည့်ခဲ့တယ်။ ကြက်ဥတွေရော "

" အယ် ဘာလို့ထည့်ရတာလဲ မမသင်းရယ် ဟိုမိန်းမသိမှဖြင့်ပြဿနာရှာနေပါဦးမယ်"

ဟန်လေးအပြောကြောင့် သင်းထွေးမျက်နှာဟာ ရှံ့မဲ့သွားသည်။ လီလီဆိုတဲ့ မိန်းမဟာ ကြာလာသည်နှင့်အမျှဒီအိမ်ကို သူ့အိမ်လို သဘောထားလာခဲ့သည်။ မမလေးပေးတဲ့ ဟင်းဖိုးတွေကိုပါသိမ်းပြီးသူသာအမြဲစီစဉ်တတ်သည်။ ဟန်လေးကိုလည်း အစားကောင်းကောင်းမကျွေးတတ်။

" သူ့ကို စိတ်မပူနဲ့ စားသာစားပါ ဟန်လေးရယ် အားရှိဖို့လို့တယ်။ ကြည့်ဦးမျက်နှာလေးကို ဖြူဖျော့နေပြီ။ "

ဟန့်မျက်နှာကို အသာထိကိုင်လို့ပြောလာသည့် မမသင်းကိုအပြုံးဖြင့်သာတုံ့ပြန်လိုက်မိသည်။ မစားရတာ ကြာပြီဖြစ်တဲ့ အသားဟင်းပါတာကြောင့် ဒီနေ့ဆန်ပြုတ်ဟာ ပို၍ အရသာရှိနေသလိုပင်။

မြိန်ယှက်စွာစားနေသည့် ဟန်လေးကိုကြည့်ရင်း သင်းထွေးရဲ့အတွေးတွေဟာ ‌ညနေခင်းက အချိန်ဆီသို့...

" သင်းထွေး "

" အမလေး ဘုရား ကလား !!! "

" မမလေး ရယ် အသံမပေးဘာမပေးနဲ့လန့်လိုက်တာ "

ဟင်းချက်နေသည့် သင်းထွေးအနောက်မှ ရုတ်တရက်ပေါ်လာသည့် အသံကြောင့် လန့်ကာလက်ထဲမှယောင်းမဟာ လွတ်ကျသွားခဲ့သည်။ နောက်လှည့်ကြည့်တော့ သူ့ကိုရပ်ကြည့်နေသည့် မမလေး မျက်နှာမှာ ထုံးစံအတိုင်းဘာခံစားချက်မှပေါ်လွင်မနေခဲ့။

" ဟင်းချက်နေတာလား။ "

" ဟုတ်ကဲ မမလေး "

" ရော့ "

သင်းထွေးမျက်စိရှေ့သို့ရောက်လာသော ပိုက်ဆံအထပ်လိုက်ကိုကြည့်ကာ မျက်လုံးများပြူးကျယ်သွားခဲ့သည်။

" မ..မမလေး အဲ့လောက်ပိုက်ဆံအများကြီး ဘာလုပ်ဖို့လည်း "

" ထမင်း၊ဟင်းဖိုးလေ ယူထား။ "

လက်ထဲထည့်ပေးကာထွက်သွားသူရဲ့ကျောပြင်ကိုကြည့်ကာ သင်းထွေးကြောင်နေမိသည်။ အရင်က ထမင်း၊ဟင်းဖိုးဆိုလျင် လီလီဆိုတဲ့မိန်းမကိုသာပေးခဲ့တတ်တာပါ။ အခုတော့။ထူးဆန်းစွာ သင်းထွေးကို ပေးလာခဲ့၏။သတိဝင်လာသည်နှင့်ချက်ချင်းပိုက်ဆံကို ဖွက်ထားလိုက်မိသည်။ ဟိုမိန်းမမြင်ရင် လုယူလိုက်ဦးမယ်။ ဒါဆိုရင် ဟန်လေးကိုကျွေးဖို့ရှိမှာမဟုတ်ဘူး။ ကိုယ်ဝန်ရှိနေတာဆို‌တော့ အာဟာရရှိရှိတာတွေဝယ်ကျွေးရမယ်။

" မမသင်း မမသင်း "

" ဟင်..ဟင် "

" ဘာတွေငေးနေတာလဲ ဟန်ခေါ်နေတာကြာပြီ။ "

သင်းထွေးလက်မောင်းကိုလှုပ်ကာခေါ်လာဟည့် ဟန်လေးကြောင့်သာ သတိပြန်ဝင်လာမိသည်။ကြည့်လိုက်တော့ ဟန့်လက်ထဲမှ ဆန်ပြုတ်ခွက်‌ဟာပြောင်နေ ခဲ့ပြီ။

" ဘာမဟုတ်ပါဘူး။ စားလို့ပြီးပြီလား။ "

" အင်း ဟို..ဟိုလေ ဟန်နည်းနည်းလောက်ထပ်ရဦးမလား။ "

" ရတာပေါ့ "

ရှက်ရွံ့စွာမျက်နှာလေးရဲကာပြောလာသည့် ဟန်လေးကြောင့် အနည်းငယ်ရီလိုက်ပြီး ပန်းကန်ကိုယူ၍ ထပ်ထည့်ပေးရန်ထွက်လာခဲ့သည်။ဟန်လေးအစားပြန်စားတာ ဗိုက်ထဲက ကလေးအတွက်ကောင်းတယ် !!!

" အမလေး ဗုဒ္ဓဒေါ "

သင်းထွေးရဲ့ ထိပ်လန့်တကြားအသံဟာ မီးဖိုခန်းထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ အဘယ်ကြောင့် ဆိုသော် အခန်းတစ်ခုလုံးတွင် ကြောင်များဖြင့်ပြည့်နေတာကြောင့်ပင်။

" ဘုရားရေ ဘယ်လိုတွေ ဖြစ်ကုန်တာတုန်း ရှူး ရှူး ထွက်သွားကြစမ်း ။ "

ကြောင်များကို တွန်းထုပ်သော်ငြားမရ ကြမ်းပြင်မှာကျနေသည့် အစာများကိုသာ အလုအယစ်စားနေကြ၏။ကြောင်စာများဟာမည်သို့ရောက်ရှိလာသနည်း။ ကြောင်တွေဟာ ချက်ပြုတ်ထားသည့် ဟင်းခွက်တွေကိုဟာ ‌နှိုက်လာကြတာကြောင့် အမြန် ပြေးကာ ဆွဲရသည်။ ထို့နောက်ကြောင်တွေတစ်ကောင်ချငး်ဆီကို အပြင်သို့ဆွဲထုပ်ကာ အချိန်အတော်ကြာသွားရသည်။ ထိုကိစ္စကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့တော့ သူမထင်ခဲ့ရိုးအမှန်ပါ။

__

" အ့ "

အခန်းငယ်ထဲမှာ နာကျင်စွာထွက်ပေါ်လာသည့်အသံဟာ ကြီးစိုးသွားခဲ့သည်။

" ဘ..ဘာလုပ်တာလဲ။ "

နာကျင်သွားသည့် ‌လက်မောင်းကိုအသာထိလို့ဟန် လီလီဆိုတဲ့မိန်းမကို ဒေါသတကြီးစိုက်ကြည့်လိုက်မိသည်။ မမသင်းက ဆန်ပြုတ်ပြန်သွားယူနေတာကိုစောင့်ရင်း ရုတ်တရက် လက်မောင်းတစ်ဖက်ဟာ ရိုက်ခံလိုက်ရခြင်းဖြစ်သည်။

" နင်က ဘာမလို့ ဧကရီ့ကလေးကိုမွေးရမှာလဲ !!! "

ထိုမိန်းမရဲ့ နီရဲ့နေသည့် မျက်ဝန်းများကြောင့် ဟန်အနောက်ကိုအမြန်ဆုတ်လိုက်မိသည်။ လေထဲမှာပျံ့လွင့်နေသည့် ခါးသက်သက်အနံ့ကြောင့် မူးနေတယ်ဆိုတာကိုသတိထားမိ၏။ လက်ထဲမှာကိုင်ထားသည့် ခါးပတ်ဟာ မမရဲ့ ခါးပတ်။ထိုမိန်းမက မမနဲ့တခန်းထဲအတူတူနေတယ်လို့တွေးလိုက်သည်နှင့် ဟန့်မျက်ရည်များဟာ ဝေ့တက်လာပြန်သည်။

" အာ့ နာတယ် မလုပ်နဲ့ !!! "

ထပ်ကာထပ်ကာရောက်လာသည့် ရိုက်ချက်များကြောင့် ဟန်ကိုယ်ကိုကွေးထားလိုက်မိသည်။ ကလေးကို ထိခိုက်မှာမလိုလားပါ။

" အာ့ အား နာတယ် မမ ဟင့် "

နာကျင်မှုကြောင့် မျက်ရည်များစီးကျလာမိသည်။ ခန္ဓာကိုယ်တစ်ခုလုံးဟာ စပ်ဖျင်းနေတာကိုခံစားမိသည်။ ထိုသို့ အန္တရာယ်ဖြစ်နေချိန်မှာ ပထမဆုံး တန်းတမိသည်ဟာ မမပင်။

"  မမ ဟုတ်လား? ဧကရီက နင့်ကိုကယ်ဖို့မအားဘူး။သောက်ကောင်မ သေစမ်း! နင်မရှိမှအေးမှာ နင့်ဗိုက်ထဲက ကလေးရော နင်ရော ဒီကမ္ဘာက နေအစဖျောက်ပျက်မယ် ဟားဟား "

ရူးသွက်နေသလိုပင်ရယ်မောကာ မေမီဟန်ရဲ့ ခေါင်းကိုကိုင်လို့ ကုတင်တိုင်ဖြင့်စောင့်လိုက်တာကြောင့် အိပ်ယာခင်းဖြူဖြူဟာ သွေးများဖျာကနဲပင်။

" အား နာတယ် ကယ်ကြပါ !!! "

ဟန့်ခေါင်းကိုထိန်းကိုင်ထားသည့် လက်ကို တွန်းဖယ်ချင်သော်ငြား ထိုမိန်းမရဲ့ အပြုအမူတွေဟာ ကြမ်းတန်းလွန်း‌တာကြောင့် ကလေးကို ထိခိုက်မိမှာဆိုရိမ်မိသည်။ ထို့ကြောင့် ဗိုက်ကိုသာ ကာလျက် နာကျင်မှုကို ကြိတ်ခံနေမိသည်။ တစ်ယောက်ယောက် တစ်ယောက်ယောက်တော့ကူညီဖို့ရောက်လာမှာပါ။

နီရဲရဲသွေးတွေဟာ ဦးခေါင်းမှတဆင့် မျက်တောင်များအထိစီးကျလာကာ မျက်ရည်များဖြင့် ရောနှောသွားခဲ့သည်။ ဟန့်အကူအညီတောင်းသံတွေဟာတဖြညဖြည်းဖြင့်တိုးဝင်သွားခဲ့သည်။ ‌မျက်လုံးတွေဟာ ပြာဝေလာကာ သေချာမမြင်ရတော့။ ထိုမိန်းမရဲ့ ဆဲဆိုသံများဟာ နားထဲတွင် ကြားတစ်ချက် မကြားတစ်ချက်။

" အာ့ တောင်း ...ပန်ပါတယ် တော်..တော်ပါတော့ "

တိုးလျစွာ ထွက်ပေါ်လာသည့် အသံနှင့်အတူဟန့်ကိုယ်လေးဟာ ကုတင်ပေါ်မှ ခွေလဲကာပြုတ်ကျသွားခဲ့သည်။ထိုသည်ကို ပျော်ရွှင်စွာကြည့်နေသည့် မိန်းမဟာ မကြာပါ ဟန့်ဗိုက်သို့ ကန်ချက်အချို့ကျရောက်လာတာကြောင့် လက်ဖြင့်ကာထားမိ၏။ သို့သော်လည်း နာကျင်နေသည့် ဟန့်အဖို့ ထိုသို့ပြင်းထန်လှသည့်အားကို ကာကွယ်ရန် မဖြစ်နိုင်ပေ။

" အာ့ ဟင့် မ..မမ "

အောက်ပိုင်းမှ စိုစွက်လာတာကိုခံစားမိသည်။ ဗိုက်ကလည်း ထိုးအောင့်လာတာကြောင့် ဟန်ထင်ထားတာမဖြစ်ဖို့ရန်ဆုတောင်းနေမိသည်။ နာတယ်အရမ်းနာတယ် မမရယ်။ မမ ဒီကလေးကို မလိုချင်လို့သက်သက်များလုပ်ခိုင်းခဲ့တာလား။ တဖြည်းဖြည်းမှောင်မိုက်သွားသည့် အမြင်အာရုံဟာ နောက်ထပ်ပြန်လည် မြင်နိုင်ပါဦးမည်လား.....။

_______

ဟန်လေးကသနားစရာလေးနော် 😞

စာတွေပိနေပေမဲ့ ရေးချင်စိတ်ပေါက်နေတာနဲ့ရေးလိုက်တာ 💔

There are no comments yet. Log in to be the first to leave a review!

More by myat-lay-nge06

Similar stories