အပိုင်း၁၆
10:32, 23 June 2024အပိုင်း၁၆
" ဟိုကလေးမ အနားကိုလာစမ်း။ "
ဟန့်ကို လှမ်းခေါ်သည့် အမျိုးသမီးကို ဘုကြည့်ကြည့်လိုက်ကာ မကြားချင်ယောက်ဆောင်ေနလိုက်သည်။ သူက ဘာမလို့ဟန့်ကို အမိန့်လာပေးနေရတာလဲ။မေမီဟန်ဆိုတာကလည်း မမကိုသာကြောက်သာပါနော် အခြားသူတွေဆိုလူတောင်မထင်ဘူး ဟွန့် ။
" တောက် ! မလောက်လေးမလောက်စားလေးကများ ငါ့ကိုအာခံရဲတယ် "
မကြားချင်ယောင်ဆောင်ေနသည့် ရှေ့ကသူကြောင့် လီလီဒေါသထွက်သွားရသည်။ဧကရီ့့အိမ်မှာတွေ့တဲ့သူဟာ သာမန်တော့မဖ့စ်နိုင်ပေ။ ဧကရီ့ညီမသေပြီဆိုတဲ့ သတင်းကိုလည်းသူကြားပါသည်။မလိမ်တန်းပြောရရက် လီလီအဲ့ဒါကြောင့်ဘဲ ဧကရီ့ဆီပြန်လာခဲ့ခြင်းပင်။
ဧကရီဆိုတာ လီလီရဲ့အချစ်ဦးပင် သူ့ကိုချစ်သော်ငြား သူ့ညီမထက်ထက်သာ လီလီ့ကိုကြည့်မရခဲ့ပါ။ဒါကြောင့် ဧကရီနဲ့ကတောက်ကစဖြစ်ပြီးပြတ်သွားခြင်းပင်။ပြီးတော့ သူဧကရီ့ရဲ့လို့ဝှက်ချက်တချို့ကိုလဲ သိထားခဲ့တယ်လေ။
ဧကရီနဲ့ဆက်ဆံရင် ကိုယ်ဝန်ရနိုင်တယ်။ ဒါကိုလည်း ဧကရီကိုယ်တိုင်ပင်မသိပေ။ လီလီနဲ့ ထက်ထက်နှစ်ယောက်သာ သိသည်။ လီလီဧကရီနဲ့ကိုယ်ဝန်ရသွားခဲ့သည်ကို ထက်ထက်က သိပြီးဖြတ်ချခဲ့၍သာ မမွေးနိုင်ခဲ့ခြင်းပင်။ အဲ့ဂျိုဆိုးမလေး သေသွားတာဘဲအေးတယ်။
အခုတော့ နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်။ခြံထဲမှာ စာအုပ်ထိုင်ဖတ်နေသည့် သူဟာ လှလွန်းတာကြောင့် လီလီစိတ်မချ။ဧကရီနဲ့တစ်ခုခုမပတ်သတ်နေဖို့ဘဲမျှော်လင့်ရတာပါဘဲ။သို့ပေမဲ့ လီလီက ဧကရီရဲ့အချစ်ဦးဘဲလေ နည်းနည်းတော့ လီလီ့ဘက်မျာ စိတ်ပါနိုင်ပါတယ်။
အဲ့ပြဿနာလေးကို အခုတော့ဘားမလုပ်နိုင်သေးပေ။သူဒီအိမ်မှာ ဘယ်အဆင့်အတန်းရှိလဲဆိုတာသေချာသိမှ မရရအောင်ဖယ်ရှားပစ်ဦးမယ်။
" ဟန်လေး "
" ရှင် မမသင်းထွေး "
" အဲ့မိန်းမကို ကျုပ်တော့သဘောမကျလိုက်တာ "
ဟန့်နောက်ဖက်ကိုကြည့်ကာ မဲ့ရွဲ့၍ပေ့ာလာသူကြောင့် သဘောကျစွာ ဟန်ရီလိုက်မိသည်။ မမသင်းထွေးက တောကနေလာခဲ့တဲ့လူဖြစ်တာကြောင့် ရိုးသားကာပွင့်လင်းလှသည်။
" ဟန်လည်း သဘောမကျဘူးရယ် "
ထိုစကားကိုဟန်အတည်ပြောခြင်းဖြစ်သည်။ မမက ဟန့်ခြေထောက်ကိုထိဖို့မပြောနဲ့ ပွေ့ချီတာကိုပင် သူစိတ်ကြည်နေမှလုပ်တတ်သည်။အဲ့အမျိုးသမိးိးကိုတော့ ပွေ့ချီခဲ့တဲ့အပြင် အဝတ်လှဲပေးရတာနဲ့ ခြေထောက်ကိုဆေးထဲ့ပေးရတာနဲ့ သဘောမကျလိုက်တာနော်။
' ဟုတ်တယ် ဟုတ်တယ် ရုပ်ကိုကလေ ကျုပ်တို့ညတိုင်းကြည့်နေတဲ့ ဇာတ်ကားထဲက လူဆိုးမရုပ်ကြီးနဲ့ "
" ခိခိ ဟုတ်တယ် လူဆိုးမကြီး "
လှပသည့် ခြံဝန်းထဲမှာ ချိုသာသည့် ရီသံလေးများဖုံးလွှမ်းသွားသည်မှာ မနက်ခင်းရဲ့အလှအပကို ပ်ု၍ အသက်ဝင်စေသည်။
____________
ကျယ်ဝန်းလှသည့်ထမင်းစားဝိုင်းတွင် မည်သူမျှစကားမပြောကြဘဲ တိတ်ဆိတ်လို့ကိုယ့်ထမင်းကိုသာစားသောက်နေကြသည်မှာ ဇွန်းသံခွက်သံတွေကိုသာကြားရ၏။
" ဧကရီ "
ဟန် မိမိရှေ့ရှိ မမကိုချွဲပျစ်စွာခေါ်လာသည့် အမျိုးသမီးကို မနှစ်မျို့စွာကြည့်လိုက်သည်။ဟန့်အကြည့်ကို သတိထားမိသော်လည်းဂရုမစိုက်ပါ။မမကတော့သိဟန်မတူပေ။
" အင်း ဘာဖြစ်လို့လဲ နေရတာအဆင်မပြေတာရှိလို့လား။ "
" ဟင့်အင် အဆင်ပြေပါတယ် လီလီ့ကို တင်ကျွေးထားတာနဲ့တင်ကျေးဇူးတင်လှပါပြီ။ "
" ကိုယ်တို့ကြားမှာ အဲ့လိုတွေပြောဖို့မလိုပါဘူး လီလီ "
ထမင်းစားသည်ကိုရပ်လိုက်ကာ လီလီဆိုတဲါ မိန်းမကို နူးညံ့စွာကြည့်၍ ပြန်ဖြေတဲ့မမကြောင့် ထမင်းစားချင်စိတ်များဟာပျောက်ရှသွားခဲ့သည်။ သိသိသာသာကြီးကို အပိုတွေလုပ်ပြနေတာကို မမကတော့။ဟန်စိတ်အလိုအရ မမကိုမျက်စောင်းထိုးမိသွားသည်။ပြီးမှ ဟန့်ကိုကြည့်လာသည့် မမရဲ့အေးစက်စက်မျက်ဝန်းများကြောင့် ခေါင်းကိုငုံကာ ထမင်းသာဆက်စားနေလိုက်သည်။
ကိုယ်ဆီကိုရောက်လာသည့် မျက်စောင်းလကြောင့် ရင်ဘတ်တနေရာတွင် ကြောင်ငယ်လေးတစ်ကောင်က ကုပ်ခြစ်လာသလိုခံစားရ၏။ဒီကလေးဘာတွေအလိုမကျျပြန်တာလဲ။ ပြုံးချင်ချင်ဖြစ်သွားသည့် နှုတ်ခမ်းများကို တင်းတင်းစေ့ကာ လီလီ့ကိုမေးလိုက်မိသည်။
" တစ်ခုခုပြောချင်တာရှိလို့လား။ "
" ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဒီကညီမလေးက ဘယ်သူလဲသိချင်လို့ပါ။ ဧကရီနဲ့ဘာတော်တာလဲဟင် "
လီလီဆိုတဲ့ မိန်းမရဲ့အမေးကို မမကမဖြေသေးပါဘြ ရေအရင်သောက်လိုက်တာကြောင့် ဟန်မမကိုသာစိတ်မရှည်စွာကြည့်လိုက်မိသည်။မမရင်ထဲမှာ ဟန်ကဘယ်နေရာမှာရှိသလဲဆိုတာကိုသိချင်ပါရဲ့။
" သူက .....အိမ်ဖော်ပါဘဲ "
ဧကရီ့အပြောကို လီလီနားလည်လိုက်သည်။ ဘယ်အိမ်ဖော်က အိမ်ရှင်တွေနဲ့ထမင်းအတူစားလို့လဲ။ဧကရီ့့ရင်ထဲမှာ အဲ့ကလေးမက အရေးမပါဘူးဆိုသိလိုက်ရသည်။ မိမိရှေ့ရှိကောင်မလေးမှာတော့ မျက်နှာတစ်ခုလုံးဖြူစုတ်သွားသည်ကို မြင်ရသည်။ကျေနပ်စရာကောင်းလိုက်တာ ပြုံးချင်ချင်ဖြစ်သွားသည့် နှုတ်ခမ်းများကို ရေခွက်ဖြင့်အမြန်ဖုံးထားလိုက်သည်။
" ဟန်...ဟန်ဝပြီမမ "
ကျလုဆဲဆဲမျက်ရည်များကိုထိန်းပြီးဟန်အမြန်ထထွပ်လာမိသည်။ နောက်မှ မမရဲ့အကြည့်စူးစူးကိုလဲ ခံစားမိပါရဲ့။ ဒါပေမဲ့ဟန် အဲ့မိန်းမ ရှေ့မှာတော့ မျက်ရည်မကျချင်ပါ။ဟန်က မမအတွက်သာပျော့ညံ့ရင်ညံ့မယ်။ အခြားသူများနှင့်တော့ မပျော့ညံ့ချင်ပါ။ထိုနေ့ညဟာတော့ မျက်ရည်များဖြင့် အိပ်စက်ခဲ့ရသည့် ညတစ်ညဖြစ်ခဲ့ပြန်သည်။
__________
" ပြန်ပေး !!! "
ဟန်ရဲ့အော်သံဟာ အိမ်ကြီးထဲမှာပျံ့နှံ့သွားခဲ့သည် ။ ရှေ့ရှိမိန်းမကတော့ နားတစ်ဖက်ကို ပိတ်လို့ ဟန့်ကို မဲ့ရွဲ့စွာကြည့်လာသည်။ မုန်းစရာကောင်းလိုက်တာ။
" အိုး မင်းက အိမ်ဖော်အဆင့်တောင်မဟုတ်ေတာ့ဘူးပဲ။ အိမ်မွေးတိရစ္ဆာန်အဆင့်လေး "
ပြဿနာက မမပေးထားတဲ့လည်ပတ်လေးကစတယ်။ ထိုလည်ပတ်ကို ဟန်ဝတ်ရတာမကြိုက်သော်လည်း မမပေးထားတဲ့အရာမလို့ မြတ်နိုးရပါတယ်။ အခုတလောမမဟာ ဟန့်ကို ဂရုမစိုက် တနေကုန်ကို ညစာစားချိန်လေးသာ မမမျက်နှာကိုမြင်ရသည်။ ထို့ကြောင့် မမပေးထားတဲ့လည်ပတ်လေးက သရဖူပုံလေးကိုပွတ်သတ်နေချိန်မှာ မမနဲ့ ထိတွေ့နေရသလိုခံစားရတယ်။
ဘယ်အချိန်ရောက်လာမှန်းမသိတဲါ လီလီဆိုတဲ့မိန်းမဟာ ဟန့်လည်ပတ်ကို လုယူသွားကာ လှောင်ေပြာင်လာ၏။ ထိုမိန်းမက ဟန့်ထက်အရပ်ရှည်တာကြောင့် ပြန်၍ လုယူမရခဲ့ပေ။
" ပြန်ပေးလို့ !!! "
" မပေးဘူး "
ရှေ့ရှိ ကလေးမကို လှောင်လိုက်ပြီး လည်ပတ်မှ သရဖူပုံလေးကိုဆွဲဖြုတ်ရန်ပြင်လိုက်သည်။ ဒါက ဧကရီရဲ့ တံဆိပ်ပဲလေ ။
" မလုပ်နဲ့ "
" အာ့ မင်း "
လည်ပတ်ကို ဖျက်စီးရန်ပြင်နေတာကြောင့် ဟန်ထိပ်လန့်စွာ တွန်းထုပ်လိုက်မိသည်။လဲကျသွားသည့် သူထ့မှလည်ပတ်ကို အမြန်လုယူကာ နောက်ကျောမှာဖွက်ထားလိုက်မိသည်။ လီလီဆိုတဲ့ မိန်းမ ဟာတော့ ဒေါသထွက်သွားဟန်ဖြင့် ဟန့်ကို ပြန်ရန်ရှာရန်ပြင်၏။
" တို့က ခနလေးငှားတာပါဟန်လေးရယ် အဲ့လိုကြီးတုံ့ပြန်ဖို့မလိုပါဘူး။ "
သို့သော်လည်း ရုတ်တရက်ကြီး နူးညံ့ကာ အနိုင်ကျင့်ခံရသလိုေနာက်ကိုကြည့်၍ ပြောလာတာကြောင့် ဟန်စိတ်ထဲ သတိပေးချက်များမြည်လာခဲ့သည်။ချက်ချင်းနောက်ကို လှည့်ကြည့်လိုက်သည်နှင့် ဟန့်ကို ဒေါသတကြီးစိုက်ကြည့်နေသည့် မမကိုမြင်လိုက်ရသည်။
" မ...မမ "
" ဟန် မလုပ်ဘူးနော်..ဟန်ရှင်းပြပါ့မယ် "
လဲကျနေသူကို ထူနေသည့် မမမျက်နှာဟာအေးစက်လို့နေသည်ကြောင့် ဟန် ထိပ်လန့်ကာ လည်ပတ်လေးကိုသာ တင်းကျပ်နေအောင် ဆုတ်ကိုင်ထားမိသည်။မမဟာ ဟန့်အပြောတွေကို လစ်လျူရှူထားခဲ့ပြန်တယ်။
" အဆင်ပြေရဲ့လား။ "
" ရပါတယ် ဧကရီ ဟန်လေးက ကလေးမလို့ အခုလိုလုပ်မိသွားတာပါ။ "
ထိုစကားဟာ မေမီဟန့်ကိုကာကွယ်ပေးနေဟန်တူပေမဲ့ အမှန်တော့ ခြောက်ချနေခဲ့ခြင်းပင်။ဧကရီ့့ မျက်နှာဟာပို၍ အေးစက်သွားခဲ့သည်။
" ပေးလိုက် "
" ရှင်...ရှင် "
" ဟင့်အင် ဟန်မပေးချင်ဘူး။ မမ "
မမရဲ့ရုတ်တရက်အပြောကြောင့်နားမလည်သော်ငြား ဘယ်အရာကိုပြောနေသလဲသိသွားသည်နှင့် ဟန်လက်ထဲမှ လည်ပတ်လေးကိုတင်းနေအောင် ဆုတ်ကိုင်ထားမိသည်။ မပေးချင်ဘူး ။ ဟန့်မှာ မမနဲ့သက်ဆိုင်တာဆိုလို့ ဒီလည်ပတ်လေးတစ်ခုဘဲရှိတာလေ။
" အဟက် အဲ့လည်ပတ်ကို အဲ့လောက်ကို ကြိုက်တယ်ပေါ့။ "
မမအပြောကြောင့် ဟန်ခြေလှမ်းများကိုနောက်သို့ပင် ဆုတ်လ်ုက်မိသည်။ မမအသံထဲမှ အန္တရာယ်တွေကိုဟန်ခံစားမိတယ်။ ပြီးတော့ ထိုအေးစက်နေသည့်အပြုံး။ ဟန်သိပ်ကြောက်ရတဲ့ အပြုံးတွေကြောင့် မျက်ရည်များပင် ဝေ့တက်လာမိသည်။ ဟန်ကြောက်တယ်။
ညစာစားပွဲကာ ပုံမှန်အတိုင်းတိတ်ဆိတ်နေသော်ငြား ပုံမှန်မဟုတ်တဲ့ မိန်းမကတော့ မမကို ဟိုဟင်းထည့်ပေးလိုက် ဒီဟင်းထည့်ပေးလိုက်ဖြင့် မနှစ်မျို့စရာတွေပြုလုပ်နေ၏။ ဟန်သဘောမကျပေမဲ့ မျက်နှာတွင်မဖော်ပြရဲ မမက ဟန့်ကိုဒေါသထွက်နေဆဲလေ။ ဒီနေ့မှ မမကဘာလို့စောစောပြန်လာရတာလဲ။
" ဟန် ဝပြီ မမ "
ပြောပြီးထထွက်ပြေးရန်ပြင်နေသော ကလေးကို အေးစက်စွာပြောလိုက်သည့် ဧကရီမှာ ဒေါသတွေကို ထိန်းချုပ်ထားဟန်တူ၏။
" မအိပ်နဲ့ဦး။ "
____________
မမရဲ့စကားကြောင့် ဟန်အလွန်အိပ်ချင်နေပြီဖြစ်သော်ငြား ထိုင်စောင့်နေမိသည်။ နာရီကြည့်တော့ ၁၁နာရီရှိနေပြီ။ မမက ဘာလို့မလာသေးတာလဲ။ ဟန်မမကို လာလည်းလာစေချင်သလို မလာလည်းမလာစေချင်ပါ။ မမက ဟန့်ကိုသေချာပေါက်ရိုက်မယ်ဆိုတာ ဟန်သိနေတယ်လေ။
" ထ "
" ကိုကို !!! "
ဟန်အတွေးလွန်နေတာကြောင့် မမဝင်လာသည်ကို မသိလိုက်။ အနီးနားမျာကြားလိုက်ရသည့် အသံကြောင့် ထိပ်လန့်စွာ ယောင်သွားမိသည်။
" မင်း အခြားပုံစံနဲ့ယောင်လို့မရဘူးလား? "
ကိုယ်ပြောလိုက်တော့သနားစဖွယ်ကြည့်လာသည့် မျက်ဝန်းလေးတွေကြောင့် လျှာကိုသပ်လိုက်မိသည်။ ကြမ်းယမ်းပစ်ချင်စရာ။ အခုတလော အိမ်တွင် လီလီရှိတာကြောင့် ကလေးအခန်းထဲကို ခနခနမလာဖြစ်တော့ပေ။ချက်ချင်းဆက်ဆံလိုက်ချင်ပေမဲ့ လီလီ့ကိုတွန်းသည့်အတွက် အပစ်ပေးရဦးမည်ကိုမမေ့။လူကြီးတစ်ယောက်ကို တွန်းတာက ရိုင်းစိုင်းတဲ့ကလေးတစ်ယောက်ရဲ့အပြုအမူဘဲ။
ဧကရီ့မျက်လုံးထဲမှာတော့ ဟန်လေးဟာ ကလေးအရွယ်သာရှိသေးသည်တဲ့လေ။
" ဟန်..ဟန်အဲ့လိုပဲ ယောင်မိသွားတာကို "
" မင်းအပစ်လုပ်ထားတာတွေများနေပြီပဲ မေမီဟန် "
ဗိရိုရှိရာသို့လျှောက်သွားကာ အထဲမှ ကြိမ်တုတ်တချောင်းကိုထုပ်ယူလိုက်ပြီး ထိုကလေးကို တစ်ချက်ကြည့်လိုက်တော့ အကျီတွေချွတ်ပေးရှာ၏။
" မမ "
" ရှူး ဘာသံမှမကြားချင်ဘူး။ "
နှုတ်ခမ်းပေါ်လက်တင်ကာ တိတ်တိတ်နေရန်အချက်ပြသည့် မမကြောင့် ဟန်ပြောမဲ့စကားတွေဟာ လည်ချောင်းမှာတစ်သွားရသည်။ မမ ပို၍ ဒေါသမထွက်စေရန်သာ မမအလိုကျ နေပေးလိုက်မိသည်။
" ဖြန်းးး "
" အ့ ဟင့် မမ "
ကျယ်လောင်သည့် အသံဟာ အခန်းကျယ်ကြီးထဲမှာပျံ့နှံ့သွားခဲ့သည်။ တဖြည်းဖြည်းနီရဲတက်လာသည့် ခြေစလုံးလေးဟာတော့ တစ်ချက်ပြီးတစ်ချက်အရြိက်ခံနေရရှာသည်။
" ဟင့် အာ့ မမ နာတယ် အ့ တော်ပါတော့ အာ့ ဟန်တောင်းပန်ပါတယ်။ ဟင့် "
ရိုက်ချက်တွေများလာသည်နှင့် ခွေလဲကျသွားရသည်။ မမအားကနည်းမှမနဲပါဘဲ။ခြေထောက်တစ်ခုလံုးမခံစားရတော့သလိုပင်။
" ထ "
" ဟင့် မမ ဟန် အရမ်းနာလို့ပါ။ "
" မင်းအပစ်မလုပ်ထားဘူးလား။ "
" ဟ..ဟန်လုပ်ထားမိပါတယ်။"
ဟန့်အမှားမဟုတ်ပေမဲ့ မမဟာ ဟိုမိန်းမဘက်မှာသာရှိနေတာမလား။ ဟန်ဟာ အိမ်ဖော်အဆင့်ဘဲရှိတာလေ။ထိုသို့တွေးမိသည်နှင့် ဟန့်ရင်ဘတ်မှာ အောင့်တက်လာမိသည်။ ထိုသည်က ခြေထောက်မှနာကျင်မှုထက်များစွာနာကျင်ရ၏။ မျက်ရည်များကြောင့် မျက်လုံးကိုတင်းတင်း မှိတ်ထားလိုက်မိသည်။
" ဖြန်း "
" အာ့ "
_________________
နောက်တစ်ပိုင်းမှဆက်မယ် ချောင်းမရိုက်ကြပါနဲ့ရှင်တို့ရယ် ဇာတ်ကြောင်းအရပါ 😞
There are no comments yet. Log in to be the first to leave a review!






