အပိုင်း၁၅
12:33, 18 June 2024အပိုင်း၁၅
ဖြူဖွေးနေသည့် အုပ်ဂူရှ့တွင်ဒူးထောက်နေသည့် မိန်းကလေးတစ်ဦး။ မျက်ဝန်းများမှာ မငိုပါဘဲ မျက်ရည်များစီးကျလို့။
" ထက်ထက်ရယ် မမ မင်းကို သိပ်လွမ်းတာဘဲ "
အုပ်ဂူကိုအသာပွတ်လို့ ပြောပြီးနောက် အသက်ကိုပြင်းစွာရှူလိုက်မိသည်။ ဒီနေ့က ထက်ထက်လေးမရှိတော့တာ တစ်နှစ်ပင် ပြည့်ခဲ့ပြီ။ သူ့ကာကွယ်မှုမရှိပါဘဲ ဟိုဘက်ကမ္ဘာမှာအဆင်ပြေပါ့မလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ထံမှာ ပြန်လည် မွေးဖွားနေပြီလား။
တဖြည်းဖြည်းဖြင့် ကောင်းကင်ဟာ ညို့မှိုင်းလာခဲ့သည်။မိုးရွာတော့မည်။သို့သော်ဧကရီဟာ အုပ်ဂူနားတွင်သာ မလှုပ်မယှက်စကားပြောလို့နေသေးသည်။ သူ့ညီမလေးတစ်ယောက်ထဲပျင်းနေရှာမှာပေါ့။ တစ်နှစ်အတွင်းဖြစ်ခဲ့သည်များကို တစ်ခုချင်းစိတ်ရှည်လက်ရှည်ဖြင့်ပြောပြနေလေ၏။မိုးများဟာ ကျလာတော့သည်။ တဖြည်းဖြည်းဖြင့်သည်းထန်းလာသော်ငြား ဧကရီဟာ ခေါင်းမာစွာဖြင့် ထိုင်နေသေး၏။
" တော်ပြီ ဧကရီ နေမကောင်းဖြစ်လိုက်မယ်ပြန်ရအောင် "
အနောက်မှရောက်လာကာ ပြောသည့် သံစဉ်ချိုကို ကြည့်လာသည့် ဧကရီမျက်ဝန်းများဟာရဲရဲနီလို့။ သူ့အတွင်းရေးမှူးလေးဟာ ဖုန်းဆက်ခေါ်တာမလို့ချက်ချင်းပြေးလာခြင်းဖြစ်သည်။ဧကရီ့့ကို ပြောရဲတာ သံစဉ်တစ်ယောက်ဘဲရျှိတာမဟုတ်ပါလား။
" ဘယ်လိုရောက်လာတာလဲ ဒီနေ့စေ့စပ်ပွဲဆို "
" အင်း မငိုနဲ့တော့ ထက်ထက်လေးဟာ ကောင်းရာမွန်ရာကိုရောက်နေလောက်ပြီ။ နင်သာ ကိုယ့်ဆီမှာ ရှိတဲ့အရာကို တန်ဖိုးထားကြည့်စမ်းပါ။ "
ထီးမိုးပေးရင်းဖြင့် ဧကရီ့မျက်ရည်များကို သုတ်ပေးရင်းပြောသည့် သံစဉ့်စကားများဟာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ သူသိမယ်ထင်ပါရဲ့။
သံစဉ့်အပြောကို ပြန်မဖြေဘဲ ထလိုက်ကာ ထွက်လာမိသည်။ သံစဉ်ဘာကိုရည်ွညွှန်းတယ်ဆိုတာသူသိပါရဲ့။ သူ့ညီမကို သေစေတဲ့လူရဲ့ ညီမကို သူကဘာကိစ္စနဲ့ တန်ဖိုးထားရမှာလဲ!!! မဖြစ်နိုင်တာ
ထွက်သွားသော ဧကရီ့ကျောပြင်ကိုကြည့်ကာ သံစဉ်ခေါင်းယမ်းလိုက်မိသည်။ မရှိတော့မှ ထက်ထက်လေးသေတာထက်ပိုခံစားရဦးမည်ဆိုတာကို သံစဉ်သိနေတယ်။ ဟန်လေးကို ကြည့်သည့် ဧကရီ့အကြည့်တွေဟာ အမြဲပိုင်ဆိုင်လိုစိတ်များပါနေခဲ့သည်။ ချစ်မြတ်နိုးတဲ့စိတ်ကိုတော့ သူဟာ လက်စားချေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းဖုန်းကွယ်ကာ သူ့ကိုယ်သူလိမ်နေခဲ့သည်။
" ဘာလို့လာတာလဲ "
ကားပေါ်တွင် ကိုယ့်ဘေးသို့လိုက်ထိုင်လာသည့် သံစဉ်ကိုပြောမိသည်။သူ့မှာကားပါတယ်လေ ပြီးတော့ သူ့နဲ့ဟိုကောင်လေးရဲ့စေ့စပ်ပွဲမလားဒီနေ့က။
" အိမ်ထိလိုက်ပို့ပေးမယ်။ "
" မလိုပါဘူး။ "
" အဆင်ပြေပါတယ် မောင့်မေမေတို့က မရောက်လာကြသေးဘူး။ မိုးတွေရွာနေတော့ပိုပြီးနောကိကျမယ်ထင်တယ်။ "
သံစဉ်သိပါတယ် ဧကရီက စေ့စပ်ပွဲပျက်မှာဆိုးလို့မလိုက်ခိုင်းခြင်းပင်။ ဒါပေမဲ့လည်း တိုတိုတုတ်တုတ်သာပြောတတ်သည့် သူ့စကားတွေဟာ အခြားသူဆိုလျင် မလိုက်စေချင်၍ ပြောသည်ဟုထင်သွားနိုင်သေးသည်။ လမ်းတစ်ဝတ်ရောက်သည်နှင့်သံစဉ့်ဖုန်းဟာမြည်လာခဲ့သည်။
" တီ တီ "
" ဟယ်လို မောင် "
" ......"
" အယ် ဟုတ်လား။ တို့အခုပြန်ခဲ့မယ်နော် "
" ......"
ဖုန်းချပြီး ဧကရီ့ကိုကြည့်လိုက်သည်နှင့် သူဟာ အစကတည်းကမလိုက်ခဲ့နဲ့ ဆိုတဲ့ မျပ်နှာဖြင့်ကြည့်နေခဲ့တာကြောင့် သံစဉ် ဟီးခနဲသာရီပြလိုက်မိသည်။ ဧကရီ့ကိုလိုက့်ပို့ချင်တာက အခြားမဟုတ် ဟန်လေးကိုမမြင်တာကြာပီဖြစ်တာကြောက့် အဆင်ပြေရဲ့လားသိချင်လို့ပင်။ အခုတော့ မောင့်မိဘတွေရောက်နေပီဆိုတာကြောင့် ချက်ချင်းပြန်ရတော့မည်ပင်။
" သံစဉ့်အိမ်ကိုမောင်းလိုက် "
" ကျေးဇူးဘဲ သူငယ်ချင်းလေးး "
ဧကရီ့လက်မောင်းကို ကိုင်ကာချွဲလာသည့် သံစဉ်ကြောင့် တင်းတင်းစေ့ထားသည့် နှုတ်ခမ်းများမှာ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
_______
" ဧကရီ အိမ်ထဲဝင်ဦး "
" ဟင့်အင်မဝင်တော့ဘူး။ "
" လာပါ။ အိမ်မှာ အကျီလှဲသွားဦး နင့်အကျီတွေစိုနေတာ နေမကောင်းဖြစ်လိမ့်မယ်။ "
သံစဉ့်အတင်းဆွဲခေါ်မှုကြောင့် ကိုယ်လိုက်လာခဲ့လိုက်သည်။ တကယ်တော့ ဟိုကောင်လေး မိဘတွေဘယ်လိုနေလဲရောသိချင်လို့ပါ။
" ဧကရီ ငါ့အခန်းထဲမှာ နင့်အဝတ်အစားအချို့ရှိသေးတယ် ယူဝတ်လိုက်နော် "
သဲစဉ့်အပြောကို ဧကရီဟာ ခေါင်းသာ ငြိမ့်ပြပြီး အခန်းထဲဝင်သွားခဲ့သည်။ ထိပ်လန့်မှုကြောင့် သံစဉ့်လက်ဖျားများအေးစက်လာခဲ့သည်။ မောင့်မိဘတွေဟာ တံခါးကိုကျောပေးကာထိုင်နေတာကြောင့် သေချာမမြင်ရသေးပေ။ဖြေးဖြေးချင်းဝင်သွားလိုက်ကာ မေမေ့ဘေးတွင်ဝင်ထိုင်လိုက်ပြီးမှ သေချာကြည့်မိရာ မောင့်ဖေဖေလဲ မပါပေ။
" အန်တီတို့ မဂ်လာပါ ။ သမီးနာမည်က သံစဉ်ချိုပါရှင့် "
" နာမည်လေးရော လူလေးရောချစ်စရာလေးပဲ။ သားငယ်ကံ ကောင်းတယ် "
မောင့်မေမေ ဖြစ်ဟန်တူသော အရွယ်တင်လှသည့် အမျိူသမီးရဲ့အပြောကြောင့် သံစဉ်ပြုံးပြလိုက်မိသည်။ ဘေးက အမျိုးသမီးတစ်ဦးကတော့ သံစဉ့်ကိုစူးစိုက်ကာကြည့်နေသည်မှာ ခြေဖျားများပင်အေးစက်လာမိသည်။ သူ့မျက်ဝန်းတွေဟာ ဧကရီ့လိုပင်။ဘေးက အမျိုးသမီးနဲ့ဆန့်ကျင်စွာ ချောမောလှပတာကြောင့် ယောင်္ကျားလေးတစ်ယောက်ဟုပင် သံစဉ်ထင်သွားမိသည်။
" တွေ့ရတာဝမ်းသာပါတယ်။ ကိုယ့်နာမည်က မင်းမင်းဟေမာန်မောင်၊ ဒါက ကိုယ့်အမျိုးသမီး ဒေါ်ယုယခင်တဲ့ "
" အာ ဟုတ်ကဲ့ရှင့် "
ထိုအမျိုးသမိးရဲ့မိတ်ဆက်မှုကြောင့် သံစဉ်ကြောင်အသွားမိသည်။ သူတို့က လင်မယားဆို မောင့်အဖေကဘယ်သူလဲ။
" ကျော်စွာမောင်က ကိုယ်နဲ့ခင်နဲ့ကလေးဘဲ ပြဿနာရှိလို့လား။ "
" မ..မရှိပါဘူး။ "
မျက်နှာမှာတည်တင်းလျက်ပြောလာသည့် မောင့်အမေကြောင့် သံစဉ်လန့်ကာ မျက်နှာလေးဖြူဖျော့သွားမိသည်။ အလိုလိုမှ ယောက္ခနဲ့တွေ့ရတာမို့ကြောက်နေသော်လည်း မောင့်မေမေဟာထိုသို့ဖြဲခြောက်တော့ ပိုကြောက်ရတာပေါ့။
" သံစဉ်ပြဿနာမရှိပေမဲ့ ကိုယ်ကတော့ပြဿနာရှိတယ်။ "
သံစဉ်ဘေးတွင်ဝင်ထိုက်လိုက်ကာ ကိုယ်ပြောလိုက်မိခြင်းဖြစ်သည်။အစက အကျီလှဲပြီးပြန်မလို့ပါဘဲ။အလုတော့ စိတ်ပြောင်းသွားခဲ့သည်။သံစဉ့်ကို ဖြဲချောက်နေရအောင်သူကဘာမလို့လဲ။
" အို့....ပြောကြည့်လေ "
ဧကရီနဲ့ မင်းမင်းဟေမာန်မောင်ရဲ့ အကြည့်တွေဟာ အချင်းချင်းစစ်ခင်းနေကြသည်မှာ ပတ်ဝန်းကျင်ရှိလူများပင် လန့်လာမိကြသည်။
" ခင်များဘာနဲ့ ခင်များ ယောက္ခမ မကလို့ဘာကြီးဖြစ်နေပါစေ။ ကိုယ့်သူငယ်ချင်းကို အခုလိုပြောစရာမလိုဘူး။"
" ဟက် အဆိုကိုယ်က ဘယ်လိုပြောသင့်လဲ။ "
" မေ...မောင် "
" ဧ..ဧကရီ "
ဒေါ်ယုယခင်ဟာ မင်းမင်းဟေမာန်မောင်ရဲ့ လက်မောင်းကို ဆုတ်ကိုင်၍ တုန်ရီနေသောအသံဖြင့်သတိပေးလာခဲ့သည်။ သူတို့သားလေးရဲ့ စေ့စပ်ပွဲကိုမဖျက်စီးချင်ပါ။
သံစဉ်ဟာလည်း ဧကရီ့လက်မောင်ကို ကိုင်၍စကားများပင်ထက်ကာ သတိပေးလိုက်သည်။ အဲ့လိုမှန်းသိရင် ဧကရီ့ကို အထဲဝင်ခိုင်းလိုက်မည်မဟုတ်ပေ။ ဒါပေမဲ့လည်း ဧကရီ့ရဲ့ကာကွယ်ပေးမှုကြောင့် သံစဉ့်ရင်ထဲနွေးထွေးသွာမိသည်။
" ကဲကဲ ညစာအရင်စားကြတာပေါ့ ပြီးမှ ဆက်ပြောကြရအောင် "
ထိုသို့ တင်းမာနေသည့် အခြေအနေကို သံစဉ့်အမေဟာ ချိုးဖောက်လိုက်တာကြောင့်သာ ကျန်သူများအသက်ဝဝရှူရတော့သည်။
" ထမင်းစားသွားပါဦးလား။ သမီးဧကရီ "
" မစားတော့ဘူး အန်တီ "
ထပြန်သွားသော ဧကရီ့ကိုနောက်သို့သံစဉ်လိုက်ကာပို့ လိုက်သေးသည်။ မသွားခင်ပြောသွားသည့် စကားများဟာ သံစဉ့်ကို မျှော်လင့်ချက်တွေပေးနေသလိုပင်ခံစားရသည်။ဧကရီဟာ အဲ့လို၊ သူနဲ့ဆိုင်ပြီးသားလူကို အခြားသူလက်ထဲထည့်ပေးရမှာကို သဘောမကျလှဘူး။သို့သော် သံစဉ့်ကိုတော့မတားခဲ့ပေ။
" အအေးမိမယ် အထဲပြန်ဝင်တော့။ ဟိုကောင်လေးမိဘတွေအနိုင်ကျင့်ရင်လည်း ငါ့ကိုပြော "
_________
မှောင်မဲနေကာ လမ်းမီးတိုင်များရဲ့ အလင်းရောင်ဟာ မှိတ်တုတ်မှိတ်တုတ်ဖြင့်သာ မိုးများဟာ သဲထန်စွာရွာ သွန်းနေသည်မှာ အဝေးသို့ပင် သေချာမမြင်ရပေ။ ထိုသို့ကားလမ်းမကြီးပေါ်တွင် ဖြည်းဖြည်းချင်းပြေးလွှားနေသည့် အနက်ရောင်ကားလေးတစ်စီး။ ရုတ်တရက် ကားရှေ့သို့ ဝင်လာသော ပုံရိပ်တစ်ခုကြောင့် ကားဟာ ကျီခနဲနေအောင် ရပ်တန့်သွားဟာ ကားထဲက လူများအရှေ့သို့ရိုင်ကျသွားခဲ့သည်။
" တောက် !!! "
" တောင်း....တောင်းပန်ပါတယ် ဘော့စ် ရှေ့မှာ လူတစ်ယောက် ရုတ်တရက်ကြီးတင်လာလို့ "
နောက်ခန်းမှ ဧကရီရဲ့ တောက်ခေါက်သံကြောင့် အတွင်းရေးမှူးလေးဟာ ကြောက်လန့်စွာအမြန်ဖြေရှင်းချက်ပေးလိုက်သည်။
အတွင်းရေးမှူးလေးအပြောကိုကြားသည်နှင့်ဧကရီ ချက်ချင်းကားတံခါးကိုဖွင့်ကာဆင်းလိုက်မိသည်။ဘယ်က ကလေကချေတွေ လဲ။ သူ့သူငယ်ချင်းဖြစ်သူကို ပေးလိုက်ရမည်ဆိုတာကြောင့် စိတ်ကမကြည့်၊ ထက်ထက်လေးကိုလွှမ်းတာရောပေါင်းကာ ခံစားချက်များဟာ ဆိုးဝါးနေချိန်မှာ ရောက်လာခဲ့တာလေ။
" မင်း..အဲ့လောက်သေချင်နေလား? ငါသတ်ပေးရမလား !!! "
မိုးသဲညထဲတွင် ဧကရီ့အသံဟာ ကျယ်လောင်စွာပဲ့တင်သံထပ်သွားခဲ့သည်။
" တောင်ပန်ပါတယ် လီလီမရည်ရွယ်ပါဘူး။ ဟင်... ဧကရီ "
" လီလီဝင့်သူ "
မော့ကြည့်လာသည့်သူကြောင့် အကြည့်ချင်းစုံသွားကာ အံ့ဩဟန်ဖြင့် မျက်ဝိုင်းများဝိုင်စက်သွားကြသည်။
" ဘယ်လိုဖြစ်တာလဲ အဆင်ပြေရဲ့လား။ ထိခိုက်သွားသေးလား။ "
" ရပါတယ် လီလီအဆင်ပြေပါတယ် အ့ "
ပြောရင်းထလိုက်သည့် ကောင်မလေးဟာ မထနိုင်စွာ လဲကျသွားတာကြောင့် ဧကရိအမြန်ထိန်းကိုင်လိုက်ကာကြည့်လိုက်တော့ ခြေကျင်းဝတ်ဟာ နီရဲကာ ရောင်နေခဲ့သည်။ထို့ကြောင့် လီလီ့ကို ချီမလိုက်ကာ ကားထဲသို့ဝင်စေခဲ့သည်။
" အိမ်ကိုမောင်း "
" ရ..ရပါတယ် ဧကရီရယ် "
" မရပါဘူး လမ်းတောင်မလျှောက်နိုင်ဘူးမလား။ အခုချိနိဆေးခနိးကဖွင့်တော့မှမဟုတ်ဘူး။ကိုယ့်အိမ်မှာဘဲ ဆေးထည့်ပေးမယ်။ မနက်မှပြန်ပေါ့ "
" ဟင့် ဟင့် "
ဧကရီပြောပြီးသည်နှင့်ငိုသံကြားရတာကြောင့် လှည့်ကြည်ြလိုက်တော့ မျက်နှာကို လက်ဖြင့်ပွတ်သတ်လို့ငိုနေသူကြောင့် အမြန်မေးလိုက်မိသည်။
" ဘာလို့လဲ အရမ်းနာနေလို့လား။ "
" ဟင့် ... ဟင့်အင် မနာပါဘူး။ဧကရီ လီ..လီလီ့မှာ ပြန်စရာအိမ်မရှိတော့ဘူး "
ဧကရီ့ရင်ခွင်ထဲတိုးဝင်လာကာ ငိုနေသူကြောင့် ခန္ဓာကိုယ်မှာတောင့်တင်းသွားသော်ငြား ကျောပြင်ကိုအသာ ပုတ်ကာ နှစ်သိပ်ပေးမိသည်။ ဘာတွေဖြစ်ခဲ့လည်း မသိပေမဲ့။ အတိတ်က သူ့မှတ်ဉာဏ်ထဲရှိ လီလီဝင့်သူဆိုတာ ထိုသို့ပံုစံမဟုတ်ပေ။
ဘာဘဲ ဖြစ်ဖြစ် သူ့အိမ်ဟာအကျယ်ကြီးပါ။ လူတစ်ယောက်တင်ကျွေးထားရလည်း ပိုမကုန်နိုင်ပါဘူး။အိမ်ဆိုမှ ဧကရီအမှတ်ရသည် ဟိုကလေးအိမ်မှာတစ်ယောက်ထဲကြောက်နေမလား။မိုးတွေအရမ်းသည်းပြီး ညည့်လဲအတော်နက်နေခဲ့ပြီလေ။ လွန့်မျောနေသည့် အတွေးကိုခေါင်းယမ်းကာ ရှင်းထုပ်လိုက်ပြီးနောက် ငုံ့ကြည့်လိုက်တော့ လီလီဟာ ဧကရီ့ရင်ခွင်ထဲမှာအိပ်ပျော်နေပြီ။
ညည့်အတော်နက်သည်အထိ မမဟာပြန်မလာသေးတာကြောင့် ဟန်ဧည့်ခန်းတွင် ထိုင်လိုက်ထလိုက်ဖြင့်ဂနာမညိမ်ဖြစ်နေမိသည်။ မမဟာ မနက် ဟန်မနိုးခင်ကတည်းက ထွက်သွားသည်ကြောင့် မျက်နှာလေးပင် မမြင်လိုက်ရတာကြောင့် လွှမ်းလှပြီဖြစ်သညခ။မိုးတွေကလည်း သဲလွန်းလှကာ တချက်တချက် လျှပ်စီးေျွလက်လိုက်တိုင်း ဟန်ကြောက်လန့်ကာ တုန်တက်သွားရသည်။ထိုအချိန်ခြံတံခါးဖဲင့်သံကြောင့် ဟန် ချက်ချင်းတံခါးကိုသွားကြည့်လိုက်မိသည်။ မမအိမ်ရှိတံခါးဟာ အပြင်ကနေ ဖွင့်လို့လည်းရသလို အိမ်ထဲကနေလည်း လှမ်းဖွင့်ရသည်။
ကားရပ်သည်နှင့် တံခါးနားတွင် ရပ်ကာ မမကိုစောင့်နေမိသော်လည်း မြင်လိုက်ရသည်က ဟန့်ရင်ဝကို ဆောင့်ကန်လိုက်သလိုပင်။ မမက မိန်းကလေးတစ်ယောက်ကို ချီထားတယ်။ ဟန့်ကို တစ်ချက်သာကြည့်ပြီး ထွက်သွားသူကြောင့် ဟန်ချက်ချင်း မမနောက်မှအသာလိုက်သွားမိသည်။မျက်ရည်များဟာတေ့တက်လာသည်မှ အချိန်မရွေးပျိုကျတော့မဲ့မိုးလို။
မမဟာ ထိုမိန်းကလေးကို အဝတ်များလှဲပေးနေတာကြောင့် ဟန်အမြန်ကျောပေးလိုက်မိသည်။အဲ့ မိန်းကလေးကဘယ်သူလဲ။ ဘာလို့မမက အခုလို အဝတ်လှဲပေးသည်အထိလုပ်နေတာလဲ။နောက်မှ လှုပ်ရှားသံကြားတာကြောင့် ဟန်လှည့်ကြည့်လိုက်တော့ မမက ထိုမိန်းကလေးရဲ့ ခြေထောကိကိုဆေးလူးပေးနေခဲ့သည်။ထိုသည်က ဟန့်ကို မမ ရိုက်တာတွေထက်ပင် ပို၍ နာကျင်ရသည်။
" ဘာလုပ်နေတာလဲ "
" မ..မမ အဲ့တာ ဘယ်သူလဲဟင် "
မေးလာသည့် အသံသေးသေးလေးကြောင့် ကိုယ်မော့ကြည့်လိုက်မိရာ ငေးကနဲပင်။မှောင်မဲသည့် အခန်းထဲမှာပင် ကြယ်တွေလို တလက်လက်တောက်ပနေသည့်မျက်ဝန်းတို့မှာ ဆွဲဆောင်မှုရှိလွန်းလှသည်။ သတိပြန်ဝင်လာသည့်နှင့် မျက်မှောင်ကျုပ်ကာ ဒေါသထွက်သွားမိသည်။အဲ့မိန်းမ ငါ့ကိုလာမြူစွယ်နေတာ !!!
" မင်းအပူပါလား။ မရှည်နဲ့ ထွက်သွား !! "
မမအော်လိုက်တာကြောင့် ဟန်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ရင်ဘတ်တနေရာမှ စူးအောင့်လာကာ မျက်ရည်များကြောင့် မမကိုပင်သေချာမမြင်ရတော့ပေ။ဟန်ချက်ချင်း လှည့်ထွက်လာလိုက်ကာ အခန်းထဲရောက်သည်နှင့် ရင်ဘတ်ကို ဆုတ်ကိုင်လို့ သဲထန်စွာငိုကျွေးမိသည်
" တမင်သက်သက်များ လုပ်ေနတာလား မမရယ်။ ဟန်ချစ်တယ်ပြောလို့များ အခုလိုနှိတ်စက်ရတာလား။ "
__________
အိုက်ယား လီလီတဲ့ဘယ်သူများလဲ🤔
ဒါနဲ့ ဒေါ်ယုယခင်က ငယ့်အပိုင်လေးပါေနာ်။မင်းမင်းဟေမာန်မောင်ကတော့ငယ့် ယောင်္ကျားပေါ့ 🌚
There are no comments yet. Log in to be the first to leave a review!






