Fanfics

အပိုင်း၁၂

17:16, 3 June 2024

အပိုင်း၁၂

ရှုပ်ရှက်ခပ်နေသည့် ဆရာဝန်များသူနာပြုများကြောင့် တိတ်ဆိတ်သည့် ဆေးရုံဟာ ဆူညံလို့လာခဲ့သည်။ ချွေးများရွှဲနေသည့် ဆရာဝန်များဟာလည်း ဝန်ထုပ်ကြီးတစ်ခုကို ပုခုံးပေါ်တွင်ထမ်းထားကြရသလိုပင်။ဘာလို့လဲဆို သူတို့ကုနေသည့် လူနာဟာ သူတို့ဆေးရုံပိုင်ရှင်ကြီးခေါ်လာခဲ့တဲ့လူလေ။ပြီးတော့ သူသာတစ်ခုခုဖြစ်ရင် မင်းတို့အသေဘဲ ဆိုတဲ့အကြည့်ဖြင့်ကြည့်နေသည့်ကြောင့် ဆရာဝန်များရဲ့ ဓားကိုင်ထားသည့် လက်မှာလည်း တုန်ရီလို့နေခဲ့၏။

" ဧကရီ "

" အင်း "

သံစဉ့်အပြောကို လည်ချောင်းထဲမှအသံဖြင့်သာပြန်ထူးလိုက်ပြီး ခွဲခန်းထဲသို့သာ စူးစိုက်ကြည့်နေသည့် ဧကရီကြောင့် မျက်ခုံးများကိုကြုံ့လိုက်မိသည်။ခွဲခန်းကို သူလည်းလိုက်ကြည့်လိုက်မိရာ အော်မိမှာဆိုး၍ နှုတ်ခမ်းကိုသာ လက်ဖြင့်ဖိအုပ်ထားလိုက်မိသည်။ခွဲစိတ်ခန်းရှိကုတင်ပေါ်တွင် လှဲနေသည့် ဟန်လေးမှာ သွေးများရဲရဲနီလို့။ဧကရီ့့ကိုလည်း ဘာပြောရမလဲမသိတော့ သူဘယ်လိုတောင် အဲ့လောက်ထိလုပ်နိုင်ရတာလဲ။

" ဧကရီ နင်နောင်တရလိုက်မယ်။ ဟန်လေးကို အခုလိုနာကျင်စေတဲ့အတွက်နင် နောင်တရလိုက်မယ် "

ကိုယ့်ကို မျက်ရည်များဝဲလို့ကြည့်ကာပြောလာသည့် သံစဉ့်စကားကြောင့် ရင်ဘတ်တနေရာတွင် တချက်အောင့်သွားတာကြောင့် မျက်မှောင်ကိုကြုတ်လိုက်မိသည်။ထူးဆန်းတယ်။အဲ့ခံစားချက်ကို သူတကယ်သဘောမကျဘူး။သံစဉ့်အပြောကို ဘာမှပြန်မဖြေဘဲနေလိုက်သည်။ထိုအခါ သံစဉ်ဟာ ထွက်သွားကာ မကြာမှီခွဲခန်းထဲသို့ဝင်သွားတာကိုတွေ့ရ၏။သံစဉ်ကိုတိုင်ဝင်သွားတာကြောင့် သူစိတ်ချသွာမိတာအမှနိ။ သံစဉ်က ဒီဆေးရုံမျာ အတော်ဆုံးဆရာဝန်းထဲမှာပါတယ်လေ။

" ဘော့စ် "

ဘေးမှခေါ်လာသည့် အတွင်းရေးမှုကြောင့် ဘာလဲဟူသည့် သဘောဖြင့်ကြည့်လိုက်တော့ ဖုန်းတစ်ခုကိုထိုးပေးလာတာကြောင့်ကိုင်လိုက်မိ၏။ သူ့အတွင်းရေးမှူးဟာ အရေးမကြီးငည့် ဖုန်းများကို သူ့ကိုမပေးဘ ကိုယ်တိုင်စီမံတတ်သည်။

" ဟယ်လို မဧကရီ ကျွန်တော် ထယ်ကုမ္မဏီရဲ့ ဆက်ခံသူ ဟန်းခန့်ထယ်ပါဗျ "

တဖက်မှမိတ်ဆက်စကားကြောင့် ခွဲခန်းကိုကြည့်နေရင်း ဧကရီ့မျက်ခုံးတစ်ဖက်ပင့်တက်သွားမိသည်။ထယ်ကုမ္မဏီတဲ့လား။

" အင်း အကြောင်းရင်းက "

ဖုန်းတဖက်မှအေးစက်စွာ ပြန်ဖြေလာသည့် စကားကြောင့် ဟိန်းခန့်ထယ်တစ်ယောက်လူကိုမမြင်ရသေးသော်ငြား ဇောချွေးများပြန်လာမိသည်။ အသံကပင် အရှိန်အဝါကြီးလှ၏။

" ကျွန်တော် ကိုနေဦးအကြောင်းပြောချင်လို့ပါ အခုတွေလို့အဆင်ပြေမလားဗျ "

ကိုနေဦးဟူသည့် နာမည်ကြားသည်နှင့် ဧကရီ့မျက်ဝန်းများဟာ ပို၍ မဲနက်သွားသည်။အတေယ်ကြာသည်အထိ စကားမပြန်မိ။ခွဲခန်းထဲရှိ ဟန့်ရဲ့ နှလုံးခုန်နှုန်းများဟာ တဖြည်းဖြည်းကျစင်းလာတာကြောင့် အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ ဟင့်အင် ခွင့်မပြုဘူး။ မေမီဟန် မင်းကို ကိုယ့်ခွင့်ပြုချက်မရဘဲ ထွက်သွားခွင့်မပြုဘူးနော်။ဖုန်းကို တင်းကျပ်စွာကိုင်လိုက်တာကြောင့် လက်ထိပ်များပင် ဖြူဖျော့လို့သွား၏။

" ဟယ်လို မဧကရီ အဆင်မပြေလဲ မနက်ဖြန်မှဆိုလဲ အဆင်ပြေပါတယ် "

တဖက်မှအတော်ကြာသည်အထိ စကားမပြန်တယကြောင့် သူ့မှယနေရခက်မှသည်။သူခန့်မှန်းမိသလောက်ဆို ဧကရီ့အကျင့်နဲ့ သေချာပေါက် ကိုနေဦးကို ချက်ချင်းသတ်လိုက်မည်မဟုတိ။ထို့ကြောင့် အချိန်ပြောင်း၍ ပြောလိူက်ခြင်းဖြစ်သည်။

" အင်း "

ဖုန်းတဖက်ကိုပြန်ဖြေပြီးနောက် အတွင်းရေးမှုးကိုပြန်ပေးလိုက်ကာ ဧကရီ့မျက်နှာတွင် အပုံးတစ်ခုပေါ်လာခဲ့သည်။ထိုသည်က ဟန်သိပ်ကြောက်သည့် အပြုံးမဟုတ်သလို။အေးစက်စက်အပြုံးလဲမဟုတ်ခဲ့။နူးနူးညံ့ညံ့နှင့် စိတ်ချသွားသလိုအပြုံးမျိုးပင်။ဘာလို့ဆို နှလုံးခုန်နှုန်းမှာ ပုံမှန်ပြန်ဖြစ်သွားကာ ခွဲစိတ်တာလည်း ပြီးသွားတာကြောင့်ဖြစ်သည်။

" မေမီဟန် မင်းက ကိုယ့်အပိုင်။ ကိုယ်ခွင့်မပြုရင် သေခွင့်တောင်မရှိဘူး။ "

သူ့သူဌေး၏ အေးစက်စက်နှင့်ပိုင်ဆိုင်လိုစိတ်များလွန်းလှသည့် အသံကြောင့် အတွင်း‌ေးမှုးမှာ ကြက်သီးမျပင် တဖြန်းဖြန်းထသွားရသည်။သူ့ဘော့စ် black flag ကြီးပင်။

______________________

သာယာလှပသည့် မနက်ခင်းလေးတစ်ခု။ သို့သော်လည်း ထိုသာယာမှုများမှာအချို့လူတွေရဲ့ရင်ထဲမှ အပူတွေကိုမငြိမ်းပေးနိုင်ခဲ့ပေ။အိမ်ကြီးထဲသို့ ခပ်သုတ်သုတ်လျှောက်သွားသော အမျိုးသားတစ်ယောက်မှာ လက်မှနာရီကို ကြည့်ကာဖြင့် လျှောက်နေငည်မှာ နောက်ကျမှာ စိုးရိပ်နေဟန်တူ၏။အိမ်ထဲရောက်သည်နှင့် လှပစွာ ရပ်နေသည့် အတွင်းရေးမှူးမှာရပ်ကာစောင့်နေခဲ့သည်။ထိုအတွင်းရေးမှူးမှာ ဧကရီရဲ့ personal အတွင်းရေးမှူး လင်းလက်ခြယ် ဖြစ်၏။

" ရောက်လာပြီးလား။ကျွန်မနောက်လိုက်ခဲ့‌ပေးပါ။ "

" ဟုတ်ကဲ့ ကျွန်တော်နောက်ကျသွားသလား။ မလင်းလက်ခြယ် "

" ဟင့်အင်နောက်မကျပါဘူး။ ဘောစ်ကဆင်းတောင်မလာသေးဘူး။ကိုဟိန်းခန့်ထယ်ခနလောက်‌‌ေစာင့်ရဦးမယ်ထင်တယ်"

" ရပါတယ်ဗျ ကျွတ်တော်စောင့်နိုင်ပါတယ် "

ပြောရင်းဖြင့် အိမ်ထဲဝင်လာလိုက်ကာ ဧည့်ခန်းတွင်ထိုင်ကာ သိတ်လှုတ်ရှားနေမိသည်။ကိုနေဦးအဆင်ပြေပါ့မလား။ စိတ်ငြိမ်စေရန် အခန်းကို ပတ်ကြည့်လိုက်မိရာ အံ့ဩသွားရသည်။သူထင်ထားတဲ့အတိုင်းဘဲ ထက်ကုမ္မဏီလို ကုမ္မဏီကြီုးကို သူတို့ယှဉ်နိုင်ဖွယ်မရှိပါ။အခန်းအပြင်အစဉ်မှာရိုးရှင်းငော်ငြား အကုန်ဈေးကြီးကြကာ အဖိုးတန်ပစ္စည်းများဖြစ်က့၏။သူတွေးနေတုန်းမှာဘဲ မလင်းလက်ခြယ်မှ ကော်ဖီတစ်ခွက်ယူလာပေးတာကြောင့် အမြန်ထကာ သယ်လိုက်သည်။

" ကော်ဖီ အဆင်ပြေတယ်မလား။ "

" ဟုတ်ကဲ့အဆင်ပြေပါတယ်ဗျ။ "

မလင်းလက်ခြယ်နှင့်စကားပြောနေစဉ် လှေကားထိပ်မှာ ‌လမ်းလျှောက်လာသံကိုကြားရတာကြောင့် နျစ်ယောက်လုံးပြိုင်တူပေါ့ကြည့်လိုက်မိသည်။ထိုါနောက် ဟိန်းခန့်ထယ်တစ်ယောက်ချက်ချင်းခေါင်းပြန်ငုံလိုက်မိသည်။စီးပွား‌ေရး‌ေလာကရဲ့ဲ့ ဒဏ္ဏာရီလာ လူသားကြီး ကိုသူတွေ့လိုက်ရပြီ !!! ။ပေါ့ပေါ့ပါးပါး shirt အကျီကို ကြယ်သိးများကို ရင်ညွှန့်အထိ ဖြူတ်ကာ စပန့်ဘောင်းဘီရျည်ဖြင့် တွဲဝတ်ထားသည်မှာ လူငယ်ဆန်လှသော်ငြား အရှိန်အဝါမှာ တော့ မသေးငယ်လှပေ။

" ပြော "

ရှေ့ရှိ ကိုယ့်ကိုမဝံ့်ရဲဖြင့်ကြည့်နေသော ကောင်လေးကိုကြည့်ကာပြောလိုက်မိသည်။သူဒီနေ့စိတ်အနည်းငယ်ကြည်နေတယ်လို့ပြောရမလားဘဲ။ ဟန်လေးကို ဆေးရုံမှ အိမ်ပြန်ခေါ်လာခဲ့ပြီး အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်တာကြောင့်ပင်။ညက သွေးထွက်လွန်ပြီ သေမတတ်ဖြစ်သွားတာတဲ့လေ။နောက်တစ်ခါသူဆင်ခြင်သင့်ပြီ။သူ့ကိုနှိတ်ဆက်၍ မဝသေးဘူးလေ။

ထိုသို့ဖြင့် ဧကရီဂာ ကိုယ့်စိတ်ကို လိမ်နေခဲ့၏။

" ကိုနေဦးကို ပြန်ခေါ်ပါရစေ။မဧကရီ လိုချင်တာအကုန်ပေးအပ်မယ်လို့ ကျွန်တော် ကတိပေးပါတယ်။"

ဟိန်းခန့်ထယ်အပြောကြောင့် ဧည့်ခန်းတစ်ခုလဲဏ္ဌဟာ တိတ်ဆိတ်သွားတော့၏။ကော်ဖီခွက်မှာတဖြည်းဖြည်းအေးစက်လာခဲ့သည်။လေထုအခြေအနေမှာလည်း ပို၍ပင် အေးစက်လာခဲ့၏။

" ကောင်းပြီ အခြေနေတစ်ခုတော့ရှိတယ် "

ကောင်းပြီဆိုသည့်စကားကြောင့် ဟိန်းခန့်ထယ်အပျော်မဆုံးသေးခင်မှာဘဲ ဆက်ပြောလိုက်သည့် စကားကြောင့် စတွေးကိုသာမြိုချလိုက်မိသည်။ သူတစ်ခုခုလိုချင်ရင် တစ်ခုခုပြန်ပေးဆပ်ရမယ်ဆိုတဲ့ လောကစီးကမ်းတွေးကိုနားလည်ပါ၏။အများကြီးမတောင်းဆိုဖို့သာ မျှော်လင့်ပါသည်။

" ဟုတ်‌ကဲ့ ပြောပါဗျ ကိုနေဦးကိုသာ ပြန်ခေါ်ခွင့်ပြုရင် ကျွန်တော် အကုန်ပေးနိုင်ပါတယ်။ "

ရှေ့ကကောက်လေးအပြောကြောင့် ဧကရီ့မျက်ခုံးတစ်ဖက်မြင့်တက်သွားမိုဘဲသည်။အကုန်ပေးမယ်ဆိုဘဲ။

" ကိုယ်ဘာမှမလိုပါဘူး။ အဲ့အကောင်ကို ငါ့မျက်စိရှေ့နောက်တစ်ခါမရောက်လာဖို့ဘဲ။ဖြစ်နိုင်ရင် ဒီနိုင်ငံကနေပါခေါ်ထုပ်သွာပါ။နောက်တစ်ခါပြန်တွေခဲ့ရင် ကိုယ့်အဆုံးမဆိုနဲ့ "

ပြောပြီးချက်ချင်းထသွားငော သူကြောင့် ဟိန်းခန့်ထယ်ကြောင်အသွားမိသည်။သူလိုချင်တာအဲ့ဒါတဲ့လား။ သူထင်ထားတာ သူ့ပိုင်ဆိုင်မှူတွေကိုအပိုင်သိန်းမယ်လို့ပေါ့။ပြိးမှ ဟိန်းခန့်ထယ်တစ်ယောက်ကိုယ့်အတွေးနဲ့ကို ရီချင်သွားမိသည်။မြန်မာ့ထိပ်တန်း ဟင့်အင် ကမ္ဘာနှင့်ပင် ထိပ်တန်းစားရင်းဝင်တဲ့ ကုမ္မဏီကြီးရဲ့ သူဌေးက သူ့လို မဖြစ်စလောက် ကုမ္မဏီလေးကိုလိုချင်မတဲ့လား။

___________________

တရွေ့ရွေ့ပျောက်ကွယ်သွားသော ကားကိုကြည့်နေသည့် ဧကရီ့မျက်ဝန်းများဂာဘာတွေတွေးနေသလဲမသိနိုင်ပေ။အတော်ကြာငေးငိုင်နေပြီးမှ အကြည့်များဟာ ကုတင်ပေါ်မှကလေးဆီ ရောက်သွားခဲ့သည်။ ဖြူဖျော့စွာ ဆေးပိုက်များဖြင့်လှဲနေသည့် ကလေးကိုကြည့်ရင်း သူ့မျက်ဝန်းများဟာ အကြောင်းပြချက်မရှိနူးညံ့သွားခဲ့သည်။

" ကလေးလေး မင်းကကိုယ့်အပိုင်ဖြစ်သွားပြီ သိလား။ "

ကုတင်ဘေးတွင် ထိုင်လိုက်ကာ မျက်နှာနုနုလေးကိုါသာထိလို့ ပြောနေသည့် ဧကရီ့မျက်ဝန်းများတွင် ခံစားချက်မျြိးစုံဖြတ်ပြေးနေခဲ့သည်။နှုတ်ခမ်းဖြူဖြူလေးစီအကြည့်ရောက်မိတော့ မျက်ဝန်းနက်နက်တို့မှာရီဝေသွားခဲ့၏။ဧကရီရဲ့ မထင်မရှားလည်စလုပ်လေးဟာ အ‌ေါ်အောက်လှုပ်ရှားသွားကာ ခေါင်းမှာတဖြည်းဖြည်းဖ့င့် ထိုနှုတ်ခမး်လေးဆီတိုးကပ်သွားခဲ့သည်။

မထိန်းနိုင်စွာ နမ်းရှိုက်လိုက်မိသော်ငြား ထိကပ်လိုက်သည်နှင့် နူးညံ့လှသည့် အထိ‌အတွေလေးကိုသူခံသားရသဘ်။နမ်းဆုတ်ခြင်းမပြုပါဘဲ အတိုင်သာ ထိကပ်ထားမိသည်။နူးညံ့တယ်။အမြဲြဲငိုနေတတ်တဲ့ မျက်ဝန်းဖောင်းဖောင်းလေးတွေမှာ မှိတ်ထားခဲ့သည်။အသက်ရှူသံဖျော့ဖျော့ဟာ သု့နှာသိးဝကိုကျီစယ်နေခဲ့သည်။

" မင်းပြုံးရင် ဘယ်လိုများနေမလဲ "

ပါးလေးကိုအသာကိုင်လို့ လေသံဖျော့ဖျော့ဖြင့်ပြောလာငည့် ဧကရီ့အသံမှာ သူပင်မငိလိုက်ပါဘဲ နူးညံ့လို့နေခဲ့၏။ထို့နောက်နှုတ်ခမ်းလေးဆီသို့ပြနခလည်ထိကပ်လိုက်ကာ အပေါ်နှုတ်ခမ်းလေူကို ခပ်ဖွဖွဖိစုတ်မိသည်။ဒီအနမ်းဟာ သူထိုကလေူကို နမ်းခဲ့ဖူးသည့် အနမ်းများထဲတွက် အနူးညံ့ဆုံးဟုပင်ဆိုနိုင်သည်။ဒါကိုတော့ သတိမေ့နေသည့် ကလေးဂာ သတိမထားမိခဲ့ပေ။

" ဟင်းးး "

အသက်ရှူမဝဟန်ဖြင့် လှုတ်လာသောကိုယ်လေးကြောင့် အနမ်းများကိုရပ်စဲလိုက်မိသည်။အသက်ရှူသံမှာအနည်းငယ်ပြင်းလာတာကေ့ာင့် ရင်ဘတ်လေးကိုခပ်ဖွဖွ ပုတ်ပေးလိုက်မိ၏။ထိုအခါ ပြန်၍ တည်ငြိမ်သွားခဲ့သည်။စုကျံ့နေသည့် မျက်ခုံးတန်းလေးတွေကိုလည်း လက်ဖြင့် အသာ ဖြန့်ပေးလိုက်ကာ မျက်နှာပြင်အနှံ့ကို ထိတွေ့နေမိသည်။

သူတွေးမိတာတစ်ခြ က နူးညံ့တယ် မွေးတယ်။သူဟန်လေူရဲ့ပုံကို ကြည့်ပြိးကငည်းက သတိထားမိသည့်အချက်က ထိုဖြူဖွေးနေငည့်အသားအရည်နဲ့ ကလေးဆန်ဆန်မျက်နှာပေါက်လေးကိုပင်။တဒုန်းဒုန်းခုန်နေသော သူ့ရင်ဘတ်ကိုဖိကိုင်လိုက်ကာ ဟန်လေးကို ထိတွေနေရာမှအမြန်ဆုတ်ခွာလိုက်မိသည်။သူ‌ပင်မသိလိုက်ပါဘဲ အရမ်းကို နူးညံ့နေမိ၏။ထိုသည်က သူ့ကိုထိပ်လန့်စေမိတာအမှန်။

မျက်မှောင်ကိုတင်းနေအောင်ကျုပ်လိုက်ကာ ထိုအခန်းမှ ထွက်လာလိုက်ကာ အလုပ်တွေထဲခေါင်းနှစ်ထားလိုက်မိသည်။သူထိုကလေးအကြောင်းကိုမတွေးမိဖို့လိုနေပြီးထင်တယ် ။

________________

ဒီအပိုင်းချိုတယ်လို့သတ်မှတ်လို့ရလား 🤐

There are no comments yet. Log in to be the first to leave a review!

More by myat-lay-nge06

Similar stories