အပိုင်း၈
17:36, 24 May 2024အပိုင်း၈
" ခင်များလူရော ဟုတ်ရဲ့လား။ "
ကိုယ်ဘေးမှနေကာပြောလာသည့် ကောင်လေးကို အေးစက်စွာကြည့်လိုက်မိသည်။ စိတ်ထဲမှာတော့ သံစဉ်အဲ့လောက်ဒေါသထွက်နေတာ ပထမစံုးမြင်ဖူးတာဘဲ။
" ဘယ်လိုတောင်လုပ်ရက်ရတာလဲ "
" တိတ်တိတ်နေ "
ခေါင်းကိုက်လာတာကြောင့် တံခါးကိုမှီ၍ ထိုင်ချလိုက်မိသည်။ထိုအထိစကားပြောနေဆဲ ကောင်လေးကြောင့် စိတ်ရှုပ်စွာပြေယလိုက်မိ၏။သံစဉ်ချိုဘယ်လိုဟာတွေနဲ့ တွဲနေတာလဲ။
" အဲ့ကလေး ဘယ်လောက်တောင် နာ..နာနေလိုက်မလဲ "
နောက်ဖျားပိုင်းတွင် ကျော်စွာမောင်၏ အသံမှာ တုန်ရင်သွားသည်။ခုနက သူ့အား အားကိုးတကြီးခေါ်လာသည့် ထိုကလေးပုံစံကိုမျက်လုံးထဲမြင်ယောင်လာခဲ့မိသည်။သူ အဲ့ကလေးရဲ့ နာမည်ကိုတောင်မသိပါဘူး။ဒါပေမဲ့အရမ်းသနားမိတာအမှန်
" မင်း အပူပါလား။မဆိုင်တာ ဝင်မပါနဲ့ ကောင်လေး "
" ဟာ့ ဆိုင်ဆိုင်မဆိုင်ဆိုင်ပေါ့။ သူဘယ်လောက်မးနာလိုပ်မလဲ။ နှမချင်းမစာ ... အ့ "
ပြောတာပင်မဆုံးခင် ပါးပေါ်ရောက်ရှိလာသည့် လက်သီးတစ်ချက်ကြောင့် အငိုက်မိကာ လဲသွားရသည်။ဒီမိန်းမအားအတော်သန်တာကို ခုနကတည်းက သူသတိထားမိသည်။ဒေါသထွက်စွာကြည့်မိတော့ ကျော်စွာမောင်တယောက်အထင်မှားတယ်လို့တောင်ထင်မိသွားသည်။ မျက်ရည်တွေ အဲ့မိန်းမမျက်ဝန်းမျာ မျက်တွေဝေ့သီနေခဲ့တယ်။
" မင်းစောက်ပူမပါဘဲ ဝင်မပြောနဲ့ !!! မင်းမခံစားဖူးဘဲ ဝင်မပြောနဲ့ !!! ငါ့ညီမက ...ထက်ထက်လေးကလေ အဲ့ကလေးမရဲ့အကိုကြောင့် သေရတာကွ !!! ငါ့ရဲ့ကလေးလေးက ဟားးးး "
ပြောလည်းပြာကာ ဒေါသထွက်သွားဟန်ဖြင့် သိူ့ကုဆက်တိုက်ထိုးလာတာကြောက့် ရှောင်လိုက်သည်။သို့သော်ချက်ချင်းရောက်လာသည့် ထိုးချက်များမှာ သူ့ကိုထိမှန်သွားသည်။ပြန်လည် ချုပ်ကာ တယောက်တချက်ထိုးနေကြသည်မှာ မောကာ ရပ်သွားခါမှသာ နှစ်ယောက်လုံး ကြမ်းပြင်တွင် လှဲကာ အေမာဖြေနေမိကြသည်။တော်တော်အားသန်တဲ့မိန်းမ ယောကျာ်းတစ်ယောက်နဲ့ ရန်ဖြစ်နေတယ်လို့တောင်ထင်မှတ်ရသည်။
" ခင်များ ညီမက အဲ့ကလေးရဲ့ အကိုကြောင့်သေတာလား။ "
" အင်း အဲ့သောက်ကောင်က ခွေးသား "
ပြောရင်းဒေါသထွက်လာဟန်ဖြင့် ကြမ်းပြင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ကျော်စွာမောင် စာနာပါရဲ့ သူ့ညီမအမတွေလည်း အဲ့လိုဆက်ဆံခံရရင် သူဒေါသထွက်မိမှာဘဲလေ။ဒါပေမဲ့ အပစ်မရှိတဲ့ကလေးကိုတော့ ထိုသို့မဆက်ဆံချင်ပါ။
" ဘာဖြစ်နေကြတာလဲ အဲ့ဒါ "
သံစဉ်အပြင်ထွက်လာသည်နှင့် မြင်လိုက်ရသည်က ကြမ်းပြင်တွင် မျက်နှာများဖူးယောင်၍ လဲနေကြတော့ နှစ်ယောက်ကြောင့်ရင်ထဲထိပ်ခနဲပင်။ထပ်ပြီးရန်ဖြစ်နေကြတာလား။
" ဘားမဖြစ်ဘူး ပြန်ရင်ပြန်တော့ သံစဉ် "
" ဟင့်အင် ငါဒီမှာ ဟိုကလေးသက်သာတဲ့အထိနေဦးမှာ "
သံစဉ့်အပြောကြောင့်ထွက်သွားရန်ပြင်နေသော ဧကရီမှာ ပြန်လှည့်ကြည့်လာခဲ့သည်။ထို့နောက်ပြောလို့မရမှန်းသိ၍ ထင်သည် ဘားမပြောဘဲ ထွက်သွားလေသည်။
" ဟီး မ "
" လာခဲ့ဒီကို အရမ်းထိသွားလား။ "
ကိုယ့်ကို ဒေါသထွက်စွာကြည့်လာသည့် မ ကြောင့် ချက်ချင်း ဟီးခနဲရီပြလိုက်မိသည်။ထိုအခါ ပါးကို ခပ်ဖွဖွကိုင်လို့ မေးလာသည်ကြောင့် ရင်ထဲကြည့်နူးမှုများဖြတ်ပြေးသွားရသည်။
" အဆင်ပြေပါတယ် အဲ့မိန်းမ ...."
" အဲ့မိန်းမလို့မခေါ်ရဘူး။သူက မောင်ထက်အသက်ကြီးတယ် "
" ဒါပေမဲ့....အမ် မဧကရီက အတော်အားသန်တယ်နော် မောင်ကို အီစိမ့်သွားတာဘဲ "
ဆင်ခြေပေးရန်ပြင်နေသည့် မောင့်ကို မျက်စောင်းထိုးကာကြည့်လိုက်တော့ ချက်ချင်းပြင်ခေါ်လာသည်။လက်ကိုဆွဲကာ ဘေးခန်းသို့ဝင်လိုက်ပြီး ကုတင်ပေါ်တွင်ထိုင်ခိုင်လိုက်သည်။ဆေးထည့်ပေးဖို့လိုတယ်။ပြီးရင်ပြန်ခိုင်းရမယ် ဧကရီနဲ့ ထပ်ရန်ဖြစ်လို့ မဖြစ်ပါဘးးလေ။ကြားထဲက သူဘဲ စိတ်ဆင်းရဲရတယ်။သံစဉ် ချစ်နေတဲ့သူရယ် သံစဉ် သံယောစဉ်ရှိတဲ့လူရယ်။နှစ်ယောက်စလုံးကိုမနာာကြင်စေချင်ပါ။
" ဧကရီ ငယ်ငယ်ကတည်းက မိဘတွေမရှိတော့ဘူး။သူတစ်ယောက်ထဲညီမလေးတစ်ယောက်ကို စောင့်ရှောက်လာရတာ။ပြီးတော့ သူတို့အမွေတွေကို လိုချငိပြီး လုပ်ကြံချင်တဲ့လူတွေကများတယ် အဲ့ဒါကြောင့် သူ့ဘာသူသန်မာအောင်နေရတာလေ။"
" အော် ဒါပေမဲ့လည်း ဟိုကလေးက သနားစရာကောင်းလွန်းတယ် "
" အင်း တို့လည်းသနားတယ် ဒါပေမဲ့လည်း ဧကရီဆုံးဖြတ်ချက်ကို တို့ပြင်ပေးလို့မှမရဘဲ "
" အို မောင် "
ကြိယ်ပြောလိုက်တော့ ဝမ်းနည်းသွားဟန်ဖြင့် မျက်နှာလေး ညှိုးကျသွားသည်မှာ သနားစဖွယ်။ထို့ကြောင့် ဆွဲကာ ဖက်လိုက်မိသည်။ချစ်စရာကြိး။
" အဆင်ပြေပါတယ်။ မ ဒီမှာနေလို့အဆင်ပြေရဲ့လား။ "
" အင်းပြေပါတယ် တို့ငယ်ငယ်ကလည်း နေနေကျ မောင်သာ အိမ်ပြန်ရင် မေမေကို ခနဝင်ကြည့်ပေးဦးနော် "
" ဟုတ်ဟုတ် "
ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည့် မောင်ဟာ ပါးချိုင့်လေးများထင်နေအောင်ပြုံးနေသည်။သံစဉ့်မျက်လုံးထဲတွင်တော့အမှီးလေးနဲ့ခွေးပေါက်လေးလိုပင်။ မောင်က သံစဉ့်မေမေနဲ့လည်း ခင်မင်သည်။မောင်နှင့်မေမေဆုံလျင် သဲစဉ့်မှာမွေးစားသမီးလိုပင်။မောင်က စကားအရမ်းတတ်တယ်မဟုတ်ပါလား။
ပြန်သွားေသာမောင့်ကားကို မျက်စိရှေ့မှ ပျောက်သည်အထိ သံစဉ်ကြည့်ပြိးနောက် ဧကရီ့အခန်းထဲဝင်လာလိုက်သည်။အလုပ်ထိုင်ခုံတွင်ထိုင်ကာ ပြတင်းပေါက်မှ အပြင်သို့ငေးနေသည့် ဧကရီမှာ သံစဉ်ထင်သည့် အတိုင်းဆေးမထည့်ရသေးပေ။သူက သူများကို ဂရုစိုက်ရုံမကဘူး သူ့သူသူလည်း ဂရုမစိုက်ပါပေ။အင်းးးးးးး ထက်ထက်ကေးကိုတော့ ဂရုစိုက်ပါရဲ့။သူ့အသက်လိုဂရုစိုက်တဲ့ကလေးးက သူ့လက်ထဲမှာတင် ချက်ချင်းကြီးပျောက်ကွယ်သွားတော့ ဘယ်ခံနိုင်ပါ့မလဲ။
"သံစဉ် "
"အို "
" ငါ ....ငါ ထက်ထက်ကိုလွမ်းတယ် "
ဆေးထည့်ပေးနေသည့် သံစဉ့်ရင်ခွင်ထဲဝင်လိုက်ကာ ဖက်၍ ထိန်းထားသမျှ မျက်ရည်များဟာ ဆည်ကျိုးသလိုကျိုးပေါက်လာခဲ့သည်။
" ဧကရီရယ် ထက်က ကောင်းရာမွန်ရာရောက်နေလောက်ပြီ။နင်သာ ဒီအိမ်မက်ဆိုးတွေက ရုန်းထွက်လှည့်စမ်းပါ "
မိမိရင်ခွင်ထဲရှိ ဧကရီ့ခေါင်းကို ပြန်လည်ပွေ့ဖက်ကာ နှစ်သိမ့်လိုက်မိသည်။အချစ်ကြီးလွန်းရင်လည်းမကောင်းသလို အမုန်ကြီးလွန်းရင်လည်းမကောင်းပါ။ပူလောင်ရတယ်။ကိုယ်ကို တိုင်ရော ဘေးကလူတွေရောပူလောင်ရတယ်။ ပူနွေးနေသည့် သံစဉ့်ရင်ခွင်ဟာ တဖြည်းဖြည်းဖြင့်ပိုလို့ စိုရွှဲလာခဲ့သည်။တကယ်တော့ ဘယ်သူမှမမှားခဲ့ကြပါဘူး။ဧကရီလည်း မမှားငလို ဟန်လေးလည်းမမှားဘူး။ကံတရာကသာထိုသို့စီမံခဲ့ကြတာ........။
_______________
" ဟင်းးး မမ မလုပ်ပါနဲ့ "
ကုတင်ပေါ်မှာ ချွေးများရွှဲစွာယောင်နေသည့် ဟန်လေးဟာ အဖျားတက်နေလေပြီ။အဲ့လောက်ဒဏ်ရာတွေများနေတာအနာရှိန်ကြောင့် ဖျားတော့မပေါ့။သံစဉ်ထကာ ရေပ်ဝတ်ဖြင့်တိုက်ပေးလိုက်သည်။ပါးကိုအနည်းငယ်ပုတ်၍ နှိုးကြည့်ရာ မျက်လုံးများပွင့်လာတာကြောင့် အမြန်သတိပေးလိုက်ရသည်။
" ဟန်လေး တို့ပါ ဆရာဝန်မမလေ ။မကြောက်နဲ့နော် "
ကြောက်လန့်စရာအိမ်မက်ဆိုးကြီးမှနိုးထလာသည်နှင့် ခံစားရသည့် နာကျင်မှုမှာလည်း အိမ်မက်နှင့်မခြား ကြောက်းရာကောင်းလှသည်။ဟန်အချိန်မှ ထိုအခြေအေိကြီးမှလွက်မြောက်ပါမည်နည်း။
" မ..မမရော "
" ဧကရီမရှိဘူး။ "
ဧကရီမရှိဘူးဆိုခါမှ စိတ်ချသွားဟန်ဖြစ်သွားသည့် ထိုပလေးမျက်နှာကို ကြည့်ကာ သံစဉ် သနားမိသည်။ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ။
" ဆရာဝန်မမ ဟန် နာတယ် "
" ဘယ်နားကနာလို့လဲဟင် တို့ကိုပြော "
ဆရာဝန်မမအပြောကို ဘယ်လိုပြန်ဖြေရမလဲ မသိတော့ ဟန့်တကိုယ်လုံးနာနေတာလေ။နာကျင်မှုကြောင့် မျက်ရည်များဝေ့သီလာမိသည်။
" အို မငိုပါနဲ့ကွယ် တို့ကိုက်ခဲပျောက်ဆေးလေးတိုက်မယ်နော် "
ချက်ချင်းကိုက်ခဲပျောက်ေးဆသွားယူလိုက်ကာ လှဲနေသော ဟန်လေးကို အနည်းငယ်ထစေပြီး သောက်စေလိုက်သည်။
" အဲ့လိုလေး ခနနေဦးနော် တို့စားဖို့တခုခုလုပ်ပေးမယ် "
" ဟုတ်ကဲ့ "
ဟန့်ကျောပြင်မှာ ခေါင်းအုံးပါသော်ငြား အနည်းငယ်နာနေသေးသည်။သို့သော်လည်း ဗိုက်ဆာနေတာကြောင့် ဆဪာဝန်မမအပြောကို မငြင်းလိုက်မိ။ထွက်သွားဟန်ပြင်သော ဆရာဝန်မမကို ပြန်ခေါ်လိုက်မိသည်။အရေးကြီးတာကိုမေးစဪာရှိသေးတယ်။
" ဆရာဝန်မမ "
" တို့နာမည် သံစဉ်ချိုတဲ့ ဟန်လေးသဘောရှိသလိုခေါ်နိုင်တယ် "
သံစဉ့်ကို တခါခေါ်လိုက်တိုင်းမောမောသွားသော ဟန်လေးကြောင့် နာမည်အားပြောလိုက်သည်။ထိုအခါ မျက်လုံးလေးများမှေးသွားအောင် ပြုံးပြလာလေသည်။
" ဟုတ် မမချို "
" မေးစရာရှိလို့လား? "
" ဟို ...မ ...မမ ရှိလားဟင် "
မမချိုမရှိချိန် မမဝင်လာခဲ့ရင်လိုလုပ်မလဲ ဟန်မလိမ်ဘဲပြောရရင် မမကို မြင်ချင်ပါတယ်။ဒါပေမဲ့လည်း မြင်ရမှာလည်း ကြောက်ရွံ့မိပြန်၏
" ဟင့်အင် ဧကရီက အလုပ်ကိစ္စသွားလုပ်တယ် ညမှပြန်လာမှာ "
ဟုတ်ပါတယ် ဟန်လေးသတိမေ့နေသည်မှာ သုံးရက်ပင်ရှိသွားပြီ။ထို့ကြောင့်ဧကရီကလည်း အလုပ်ကိစ္စထွက်လုပ်ခြင်းဖြစ်သည်။သံစဉ်ပြောလိုက်မှသာ စိတ်ချသွားဟန်ဖြင့် ကုတင်နောက်သို့မှီလိုက်လေသည်။ သနားစဖွယ်ကြည့်လိုက်ပြီးနောက် ဟန့်ဖို့ မြူဆွမ်လေးပြုတ်ရန်ပြင်လိုက်သည် နေမကောင်းတဲ့လူတော်တော်များများက ဆန်ပြုတ်သောက်ရတာမကြိုက်ကြဘူးမဟုတ်ပါလား။
" သောက်ကြည့် ဟန်လေး "
" ဒီနေ့ဘာန့လဲ မမချို "
" တနလ်ာနေ့ ကိစ္စရှိလို့လား "
" ကျောင်းဖွင့်တော့မှာဘဲ "
ဝမ်းနည်းသွာဟန်မျက်ရည်များဝေ့တက်လာမိသည်။အရင်င်က ကျောင်းမတက်ချင်ဘူး အခုတော့ ကျောင်းသာတက်ချင်တော့တယ်။ မွေးလာသည့်အနံ့မှသာ ဟန့်ဗိုက်ဟာ တဂွီးဂွီးနဲ့မြည်လာခဲ့သည်။
" စားမယ်မလား? ပြီးရင် ဆေးထည့်ပေးမယ်နော် မနာစေရဘူး "
ဆေးထည့်ပေးမယ်ပြောတာနဲ့ လန့်သွားဟန်ပေါ်သည်ါ မျက်နှာလေးကြောင့် အမြန်ဆက်ပြောလိုက်မိသည်။
" ဟုတ်ကဲ့ "
ဟန့်အပြောကြောင့် ချက်ချင်းကုတင်ဘေးမှ ခုံတွင်ဝင်ထိုင်လိုက်ကာ မြူဆွန်ကို အေးအောင်မှုတ်၍ တိုက်မိသည်။သံစဉ်ပြောတိုင်း ဟုတ်ကဲ့ဟုသာ ဖြေတတ်သည့် ကလေးဟာ လမ္မာလှသည်။ထိုသိုကလေးက အခုလိုတွေခံစားနေရတာဟာ သနားစရာပင်။
မမချိုကကျွေူသည့် မြူဆွန်များကိုစားဪင်းဖြင့် ဟိုနေ့က မမကျွေးသညါ့ ဆန်ပြုတ်ကိုသတိရမိသည်။ထိုနေ့က ထူးထူးခြားခြား မမက ဟန့်ကို နူးညံ့စွာဆက်ဆံ၏။မမရဲ့အေးစက်စက် မျက်နှာအကြောင်းတွေးလိုက်မိသည်နှင့် ဟန့်ရင်ခုန်သံများဟာမြန်သွားခဲ့သည်။
" မမချို "
" အင်းပြောလေ "
ဟန်လေူစားပြီးသား ပန်ကန်ကိုဘေးချလိုက်ကာ ဆေးအရင်ထည့်ပေးရန်ပြင်နေရင်း ဟန့်အခေါ်ကိုထူးမိသည်။
" ဟန့်ကို နှလုံးကောကြည့်ပေးပါဦး "
" ဟင် ဘာဖြစ်လို့လဲ နှလုံးအောင့်လို့လား။"
ဟန်လေးအပြောကြောင့် သံစဉ်ရင်ထဲထိပ်သွားသည်နှလုံးရောဂါဖြစ်တာများလား။ချက်ချင်းစမ်းက်ြည့မိသည်။
" ဒီနားကနာလို့လား "
" ဟင့်အင် အခုန်မြန်နေတာ။"
" အခုတော့ပုံမှန်ပါဘဲ "
" အင်း မမနဲ့ေတွမှဘဲ မြန်တာ "
ချက်ချင်းဟန့်ကို မော့ကြည့်မိရာ ထိုကလေူဟာ တကယ်ဘားမသိသည့် မျက်နှာကလေးဖြင့်သာ။သူ ဧကရီ့ကိုချစ်မိသွားတာလား? သူ့ကိုနေ့တိုင်းရိုက်နှက်နှိတ်ဆက်နေတဲ့လူကိုမှလေ။
" ဟူတ်ဘူးလားဟင် "
ဟန်ကို ထူးဆန်းစွာ ကြည့်လာသည့် မမချိုကြောင့် ပြန်မေးမိသည်။ထိုအခါ ခေါင်းခါယမ်းပြ၍ ဘားမှမဖြေတော့ အတွေးနစ်သွားဟန်တူသည်။ဟန့်ဒဏ်ရာများကို ဆေးထာ့်ပေးနေချိန်မှာ ဟန်အတွက်ငရဲလိုပင်။ဆေးကအရမ်းနာတယ်။ဆေးထည့်ပြီးထွက်သွားခါနိး မမချိုမှလှည့်ပြေယလာခဲ့သည်။
" ဟန်လေး ဧကရီ့ကို မြင်ရင် ရင်မခုန်ဖို့ကိုယ့်ဘာကိုထိန်းချုပ်ကြည့်စမ်းပါဦးကွယ် "
ရင်ခုန်ခြင်း၊ချစ်မိခြင်းဆိုတာ ထိန်းချုပ်လို့ရတဲ့အရာမဟုတ်တာကို သံစဉ်သေချာပေါက်သိတယ် ဒါပေမဲ့လည်း ထိုကလေူကို ဒီ့ထက်ပိုမနာကျင်စေချင်တော့ပါ။အချစ်က စးဆန်းကျယ်သားနော် ။
______________
အဝေးပေ့းကားလမ်းပေါ်တွင် အရှိန်မြန်မြန်ဖြင့်ပြေးလွှားနေသော ကားအနက်ရောင်တစီး။ထိုထဲတွင် လက်တော့စ်ဖြင့် အလုပ်လုပ်နေဟန်တူသည့် အမျိုးသမိးတစ်ယောက်။
" ဘောစ် "
" နောက်မှာ ကားတစ်စိးပါလာတယ် "
ဒရိုက်ဘာခုံမှပြေယလာသည့် အတွင်းရေးမှုးကြောင့် ကားရဲ့နောက်ကြည့်မှန်မှကြည့်လိုက်ရာ အတော်ဝေးဝေးမှသူတို့နောက်ကိုလိုက်သောကားအနက်ရောင်တစီး။ထို့နောပ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ
" လိုက်ခိုင်းလိုက်ပါ။လူတွေခေါ်ပြီး အိမ်ဘေးမှာနေချုင်းထား။"
စိတ်ကျေနပ်စွာ ခြေေထာက်များပင်အနည်းငယ်လှုပ်လာသည့် သူမှာ ဧကရီဖြစ်သည်။နောက်ကလိုက်လာသည့် လူကိုသူသိ၍ပြောသည်များလား?
_______________
နောက်ကလိုက်လာတာ ဘူသူများလဲ 🤔
ဒီတပိုင်းသိပ်မဆိုးပါဘူး 😆
နောက်တပိုင်းမှ ဟွင်းဟွင်းးး
There are no comments yet. Log in to be the first to leave a review!






