အပိုင်း၄
05:23, 13 May 2024အပိုင်း၄
" ပြောဦး ဧကရီ ဘာလို့အဲ့လောက်တောင် လုပ်ထားရတာလဲ "
လူနာကိုဆေးထည့်ပေးပြီးတော့ ကိုယ့်နားသို့လာကာ မေးနေသော သူငယ်ချင်းဖြစ်သူ သံစဉ်ချိုကို မျက်လုံးဝင့်ကြည့်လိုက်ကာ ဘာမှမဖြေဘဲ တိတ်ဆိတ်နေမိသည်။
" ခက်နေပြီ ဒါမုဒိန်းမှုမြောက်တယ်ဆိုတာကို နင်သိရဲ့လား။ "
" သိတယ် အဲ့ဒါကြောင့် နင့်ကိုခေါ်လိုက်တာဘဲလေ။ "
သံစဉ့်ပုခုံးပေါ်လက်တင်လာကာမျက်နှာချင်းနီးကပ်လာ၍ ပြောသော ဧကရီကြောင့် ရင်ခုန်သံများဟာဝုန်းဒိုင်းကြဲသွားရသည်။ဧကရီဆိုတာ သံစဉ် ငယ်ငယ်ကတည်းကချစ်နေရသူမဟုတ်ပါလား။ဒါကိုလည်း သူသိပါတယ် ဒါပေမဲ့ သူဟာ သံစဉ့်ကိုသူငယ်ချင်းလိုသာ သဘောထားတယ်လေ။ဗြောင်းဆန်နေသည့်ရင်ခုန်သံများကိုလျစ်လျူရှုလိုက်ကာ ဆက်မေးမိသည်။ဒီနေ့မေးဖြစ်အောင်မေးရမယ်။ကုတင်ပေါ်ရှိကလေးမှာ ငယ်ငယ်လေးကှိဦးမည်။ဘယ်လောက်နာကျင်နေလိမ့်မလဲ။
" အဲ့တာဆိုလည်း သံစဉ့်ကိုပြောပြလေ "
" ဟူး "
မပြောမချင်းရစ်နေမည့်ဟန်ပေါ်တာကြောင့် ကိုယ်ပြောပြရန်သာပြင်လိုက်သည်။သူ သံစဉ့်ကို ယုံတာကြောင့်လည်းပါပါတယ်။
" သူက ဟိုကောင်ရဲ့ညီမ "
" ဟင် ...အို အဲ့တာ ဟိုကောင်လုပ်တာလေဧကရီရယ် အဲ့ကလေးအပစ်မှမဟုတ်ဘဲ "
အစမရှိအဆုံးမရှိပြောလာသည့် ဧကရီစကားကြောင့် ကြောင်အသွားကာ နားလည်သွားသည်နှင့်အမြန်ငြင်းမိသည်။ထက်ထက်လေးရဲ့ သေဆုံးမှုကိုလည်း သူသိပါရဲ့ အဲ့တာ နေဦးဆိုသည့်ကောင်ရဲ့အပစ်ဟုတ်သော်ငြား သူ့ညီမဖြစ်သူမှာမှအပစ်မရှိဘဲ။
" ဘာလို့အပစ်မရှိရမှလဲ !! အဲ့မျိုးမစစ်ကောင်ရဲ့ ညီမဖြစ်နေကတည်းက သူမှားတာ !!! "
မျက်နှာများနီရဲကာ ဒေါသတကြီးအော်ပြောလာသည့် ဧကရီကြောင့် သံစဉ်ဘာပြောရမလဲ မသိတော့။ဟိုကလေးမကိုသနားမိတာအမှန်ပင်။
" ကျစ် အဲ့အကြောင်းထပ်လာပြောမှာဆိုပြန်တော့ သံစဉ် "
" အေးပါ မပြောတော့ပါဘူး။သူနိုးအောင် စောင့်သွားဦးမယ် အခြေအနေကြည့်ချင်လို့။ "
သံစဉ့်အပြောကို ခေါင်းငြိမ့်ကုံမျှသာတုံ့ပြန်ပြီးနောက် အခန်းထဲမှထွက်သွားသော ဧကရီကျောပြင်ကိုသာကြည့်နေမိတော့သည်။ထို့နောက် ကုတင်နားတွင် ထိုင်ကာ ဖြူဖျော့နေသည့် မျက်နှာကလေးဖြင့် သတိမေ့နေသော ကလေးမကို သနားစဖွယ်ကြည့်မိသည်။
" အကိုဖြစ်သူရဲ့ အပစ်တွေကို ညီမဖြစ်သူကခံရမတဲ့ ခက်တာဘဲကွယ် "
_______
တစ်ဖက်ရှိတိုက်ခန်းထဲတွင်တော့
ရှုပ်ပွနေသော တိုက်ခန်းထဲတွင် စိတ်ပျက်လက်ပစ်ထိုင်နေသော လူတစ်ယောက် ။ ထိုသူရဲ့ ဆံပင်တွေဟာ ကှုပ်ပွနေကာ ဝတ်ထားသည့် suit ကလည်း ရော့တိရော့ရဲ့ဖြင့် ကြည့်ရဆိုးနေလေသည်။သို့သော်ထိုသူဟာ ကိုယ့်ပုံပန်းသွင်ပြင်ကို ဂရုမစိုက်စွာဖြင့် ဖုန်းကို သာ စိုက်ကြည့်နေလေသည်။ဟုတ်ပါတယ် ထိုသူဟာ ထက်ထက်ကိုသေစေတဲ့လူ မေမီဟန်ရဲ့အကို ကိုနေဦး ဖြစ်ပေသည်။
ညီမဖြစ်သူကို တညလုံးရှာနေတာ မတွေတာကြောင့်အလွန်ပင်စိတ်ပူနေရသည်။ လက်အောက်ခံများဆီမှ သတင်းရမလားလို့ဖုန်းကိုထိုင်စောင့်နေခြင်းဖြစ်သည်။ထိုအချိန် လင်းလာသော စခရင်ကြောင့် ဖုန်းကိုချက်ချင်းကောက်ကိုင်ကာ ကြည့်တော့ မတ်ဆေ့မှ ဗီဒီယိုတစ်ပုဒ်ရောက်လာခြင်းဖြစ်သည်။ချက်ချင်းဖွင့်ကြည့်လိုက်တော့ နှိတ်ဆက်ခံနေသည့် ညီမဖြစ်သူရဲ့ ငိုသံကိုအရင်ကြားလိုက်ရသည်။
" ဟင့်အင် မလုပ်ပါနဲ့ ဟန်တောင်းပန်ပါတယ် အား "
မကြားနိုင်တဲ့အဆုံးဖုန်းကိုလွန့်ပစ်လိုက်မိသည်။မျက်ရည်များဟာ စီးကျလာကာ ရင်ဘတ်တနေကာမှအလွန်အောင့် တက်လာသည်။ကိုမှာ ထိတောင်မထိရက်တဲ့ ပန်းကလေးတစ်ပွင့်လိုနူးနူးညံ့ညံ့ဆက်ဆံခဲ့ရသည့် ညီမဖြစ်သူကို ရိုက်နက်နေသည့် ဗီဒီယိုမှာ သူ့ကိုအရှင်လတ်လတ်ငရဲချထားသလိုပင်။
ချက်ချင်းထကာ ဖုန်းကို ပြန်ဖြင့်ကြည့်တော့ စက်ဖွင့်မရတော့။ထို့ကြောင့်အခန်းထဲမှ နောက်ထပ်ဖုန်းတစ်လုံးကိုယူကာ လက်ထောက်ကို ဖုန်းခေါ်လိူက်သည်။တစ်ခါနှစ်ခါသုံးခါမြောက်မှသာ ဝင်သွားသော ဖုန်းကြောင့် အမြန်ပြောလိုက်သည်။
" အမြန် ဧကရီဘယ်မျာလဲဆိုတာကို အရင်ရှာကြ "
" ဟုတ်ကဲ့ ဘော့စ် "
ဟိုဘက်မှပြန်ဖြေလာသည့် စကားဆုံးပြီးနောက် နောပ်ထပ်သူသိသည့် နိုင်ငံရေးခေါင်းဆောင်များ အကြိးအကဲများကို ဖုန်းဆက်ကာအကူအညီတောင်းမိသည်။ထို့နောက် ကုတင်ခြေရင်းတွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တော့ မျက်လုံးထဲဝင်လာသော စာပွဲခုံမှ ညီမဖြစ်သူရဲ့ ပြုံးရယ်နေသည့် ဓာတ်ပုံလေး။
" ဟန်လေးရယ် ကိုကိုတောင်းပန်ပါတယ်။ ကိုကို ကလေးကိုအမြန်ရှာပြီး ကယ်ပေးပါ့မယ်ကွာ "
ညီမဖြစ်သူရဲ့ ဓာတ်ပုံကို ဖက်ကာ ငိုကျွေးနေသည်ကို သနားသင့်ပါသလား? ကိုယ့်ပြုသည့်ကံ ကိုယ်ထံပြန်လာဟုဆိုသော်ငြား အခုတော့ သူ့လုပ်ခဲ့သည့် မကောင်းမှုတွေကိုတော့ သူ့ညီမလေးဟာ ခါးစည်းခံနေကရှာ၏။
-_________
မှောင်မဲနေသည့်အခန်းကြီးမှာကြောက်စဖွယ် ဘာမှမမြင်ရသလို ဘာကိုမှလည်း စဉ်းစားမရ။လက်မှာလည်း တစ်ထုခုဖြင့်တင်းတင်းကျပ်ကျပ်ချုပ်နှောင်ခံထားရသလိုတင်းကျပ်နေကာ လှုပ်မရ။ဖြန်းဟူသောအသံနှင့်အတူ နာကျင်သွားသော ခန္ဓာကိုယ်ကြောင့် ဟန်အော်လိုက်မိသော်လည်း အသံလည်းထွက်မလာခဲ့။ဆက်တိုက်ကျရောက်လာသော နာကျင်မှုများဟာ ဟန့်ကိုသေလောက်အောင် ကြောက်ရွံ့ကာနာကျင်စေသည်။
" နာလား? "
ရုတ်တရက်ပေါ်လာသော အေးစက်စက်အသံနှင့် လူတစ်ယောက်ဟာ ဟန့်ကို ပြုံးကာကြည့်နေသည်မှာ ကြောက်လန့်ဖွယ်ရာ။လှပသော်ငြား လက်ထဲမှာ ကိုင်ထားသည့် ခါးပတ်မှာသွေးများစွန်းနေခဲ့မှာ ကြောက်စရာကောင်းလွန်းလှသည်။နောက်ထပ်ရိုက်ရန်လက်ကို မြှောက်လိုက်တာကြောင့် ကြောက်လန့်တကြားအော်လိုက်ချိန်မှာ ဖြူဖွေးနေသည့် အမိုးကိုသာမြင်ရသည်။ထို့နောက်ချက်ချင်းပေါ်လာသော မျက်နှာတစ်ခုကြောင့် လန့်ကာ အတင်းထထိုင်လိုက်မိချိန်နာကျင်သွားသော ခန္ဓာကိုယ်ကြောင့် မျက်ရည်များဝဲသွားမိသည်။
" အို ဖြေးဖြေး တို့မင်းကိုဘာမလုပ်ပါဘူး။နာသွားလား။ "
ညနေစောင်းလာတော့ ကုတင်ပေါ်မှကလေးဟာ လှုပ်ရှားလာခဲ့သည်။ချွေးများထွက်ကာ အတင်းရုန်းကန်နေတာကြောင့် ထိခိုက်မည်ဆိုး၍ ချုပ်ထားလိုက်ကာ လှုပ်နိုးသော်လည်းမရ။အိမ်မက်ဆိုးတွေမက်နေတာထင်တယ်။ထို့ကြောင့် ဆေးသေတ္တာထဲမှဆေးယူရန်လှည့်လိုက်ချိန် ချက်ချင်းမျက်လုံးပွင့်လာသောကြောင့် အမြန်သွားကြည့်လိုက်သော်ငြား သံစဉ့်ကိုမြင်တော့လန့်သွားဟန်ဖြင့် ထထိုင်လိုက်ကာ မျက်ရည်တွေဝဲသွာတာကြောင့် အမြန်တားလိုက်ရသည်။
" ဟင့် ဟန့်ကို ဘာမှမလုပ်ပါနဲ့ ဟန်တောင်းပန်ပါတယ် အိးဟီး ဟန်ကြောက်တယ် ဟင့် "
" မငိုနဲ့ကွယ် တို့မင်းကိုဘားမလုပ်ပါဘူး။ "
" ဟင့် ဟင့် မလုပ်ဘူးလား။ "
" အင်း ဘာမှမလုပ်ပါဘူး။ ဒီမှာလေ ဆေးထည့်ပေးနေတာ "
လက်ထဲမှဆေးဘူးကိုယမ်းပြကာပြောမှသာ ဟန်သတိထားမိသည်။မိမိရှေ့မှအမျိုးသမီးဟာ ဆရာဝန်ကုဒ်ကိုဝတ်ဆင်ထားကာ နူးညံ့သည့် မျက်နှာအမူအရာရှိကာ မျက်လုံးများကလည်း ကြင်နာမှုများပြည့်နေသည်။ဟိုအမျိုးသမီးကဘယ်ရောက်သွားပြီလဲ မရှိဘူးထင်တယ်။ထွက်ပြေးရမယ်။
" ဟင့် မမ ဟန့်ကိုခေါ်သွားပါ ဟင့် ဟန့်ကိုဒီကခေါ်သွားပေးပါ။ ဟန်အဲ့ မမကိုကြောက်တယ် ဟင့် "
မျက်ရည်များဝဲကာ သံစဉ့်လက်ကိုဆုတ်ကိုင်၍ ပြောလာသည့် ကလေးမလေးမှာအလွန်ကိုကြောက်နေသည့် ပုံ။မကြောက်ဘဲနေမလား အဲ့လောက်ရိုက်ခံထားရတာကို။သနစဖွယ် ထိုကလေးမကိုကြည့်ကာ ဘာပြောရမလဲမသိတော့ ။ထိုအချိန်ကြားလိုက်ရသော အေးစက်စက်အသံ။
" မင်းကဘယ်ကိုသွားချင်တာလဲ? "
" ဧကရီ "
အေးစက်စက်အသံကိုကြားသည်နှင့်ဟန်ချက်ချင်း ဆရာဝန်မမရဲ့ နောက်ကိုဝင်ပုံလိုက်မိသည်။ထိုအသံ ထိုအသံကို ဟန့်ခေါင်းထဲမှာဆွဲနေအောင်မှတ်မိတယ်။ဟန့်ကို အကြောင်းမရှိရိုက်တဲ့သူနာမည်က ဧကရီတဲ့လား။နာမည်မှာလှသလိုလူမှာကြောက်စရာကောင်းလှသည်။
" ဟက် "
ကိုယ့်အသံကြားသည်နှင့်နောက်ကိုချက်ချင်းပြေးပုန်းသော သူကြောင့် တချက်ဟက်ခနဲရီလိုက်မိသည်။အော်သံကြားတာကြောင့် လာကြည့်မိရာ သံစဉ့်ကိုထွက်ပြေးဖို့ပြောနေသည်တဲ့လေ။ရီချင်စရာ ကိုယ့်လက်ကလွတ်မတဲ့လား။
" သံစဉ်ပြန်တော့ ပြီးပြီမလား။"
" အာ...အင်း "
သံစဉ်ပြောလိုက်သည်နှင့်မိမိကိုအားကိုးသကြီးဆုတ်ကိုင်ထားသော လက်ကလေးများမှာ တင်းကနဲဖြစ်သွားသည်ကို အကျီနောက်ဖျားမှခံစားမိသည်။
" ဒါပေမဲ့ ဆေးမထည့်ရသေးဘူး။ "
" ......."
ဧကရီဟာ ခဏတိတ်ဆိတ်သွားပြီးနောက် သံစဉ့်ကို သေချာကြည့်လာခဲ့သည်။
" ကိုယ်ထည့်ပေးလိုက်မယ် ဆေးပေးထားခဲ့ မနက်ကတညကစောင့်ပေးနေတာ ပြန်နားတော့ "
" ရပါ..."
" အန်တီအေးက ခေါင်းမူးနေလို့တဲ့ "
" ဟင် မေမေကလား။အဲ့ဒါဆိုပြန်တော့မယ် သေချာထည့်ပေးထားလိုက်နော် "
သံစဉ့်အမေမှာ ဦးနှောက်အကြိတ်ဖြစ်တာကြောင့် ခွဲစိတ်ထားသည်မှာ လပိုင်းခန့်သာရှိသေးသည်။ထို့ကြောင့် ခေါင်းကိုက်သည် ဆိုသည်နှင့် အလွန်စိတ်ပူသွားခြင်းဖြစ်သည်။ဆေးတွေသေချာပြင်ပေးလိုက်ကာ အမြန်ထွက်လာလိုက်သည်။ဟိုကလေးမကို စိတ်ပူသော်ငြား ဧကရီက နေမကောင်းတဲ့လူကိုတော့မဆက်ဆံလောက်ဘူးထင်ပါရဲ့။
" ဟင့် ဟင့် "
ဆရာဝန်မမဟာ အမြန်ထွက်သွားပြီးသည်နှင့် အခန်းထဲတွင် တိတ်ဆိတ်သွားကာ ဟန့်ရဲ့ ရှိုက်သံအချို့ကိုသာကြားရသည်။ဟန့်အိမ်မက်ထဲကနဲ့တစ်ထပ်ထည်းပြုံးလိုက်တဲ့ အမျိုးသမီးကြောင့် လန့်ကာ ထပြေးရန်ပြင်လိုက်သော်လည်း ကုတင်ပေါ်မှ ဆင်းသည်နှင့်ခွေးကာလဲကျသွာသည်။ခြေထောက်များဟာ နာကျင်လွန်းကာ ထောက်ရန်ပင် မဖြစ်နိုင်ပေ။
" ဟက် ပြေးချင်တာလား။ "
တဒေါက်ဒေါက်နဲ့ ဖိနပ်နှင့်ကြမ်းပြင်ထိခပ်သံဟာ ဟန့်ကိုခြောက်လန့်နေခဲ့သည်။ခြေထောက်မှာမထောက်နိုင်တာကြောင့် ပြေးရန်လက်နှစ်ဖက်ကိုသာ သုံး၍ အမြန်ရွှေ့လျားနေမိသည်။ပတ်သီးစည်းထားသည့်နေရာအထျို့မှ သွေးများပြန်ထွက်လာတာကို ဟန်ခံစားမိသည်။
" အ ဟင့် နာတယ် မလုပ်ပါနဲ့ အ "
ကိုယ့်လက်မှလွတ်ရန်ပြေးနေသော်လည်း ကိုယ်လေးငါးလှမ်းလှမ်းရုံမျှဖြင့် မှီသွားရသည်။ပါးနှစ်ဖက်ကိုဖျစ်ညှစ်ထားလိုက်တော့ လက်ကိုအတင်းတွန်းဖယ်လာသည့် လက်ကလေးတွေဟာလည်း လက်ကောက်ဝတ်မှာ ပတ်သီးအဖွေးသားဖြင့်။
" အ့ အီးဟီး နာတယ် နာလို့ပါ အွန်း "
ကိုယ်ညှစ်ထားတာကြောင့် ဆူထွက်နေသော နှုတ်ခမ်းလေးမျာ ဖြူဖျော့ဖျော့လေးသာ။မျက်ရည်များကြောင့် မျက်ဝန်းတို့မှာ ရွှန်းလဲ့နေပြီး နှာခေါင်းထိပ်လေးရဲနေပုံမှာ ဆွဲဖျစ်ညှစ်ပစ်ချင်စရာ။နှုတ်ခမ်းဖြူဖျော့ဖျော့လေးတို့အား ဆုတ်ယူကာ အကြမ်းပတန်းနမ်းရှိုက်လိုက်ပြီးနောက် အနည်းငယ်ပင်ကိုက်လိုကိသေးသည်။လက်မျမှာ အတင်းရုန်းကန်နေသော်လည်း အားမပါလှ။
" အ့ ဟင့် ဟင့် နာတယ် "
လွှတ်လိုက်သည်နှင့် ငိုလာကာ နောက်ကိုဆုတ်သွားသော သူရဲ့ နှုတ်ခမ်းလေးမှာ ကိုယ်အတင်းကိုက်လိုက်တာေကြာင့် ရဲသွားလေပြီ။အခန်းနဲ့ကုတင်ရဲ့ဒေါင့်နားလေးကိုကပ်ကာ ဒူးကိုပိုက်၍ ထိုင်နေပုံမှာ သူ့ရဲ့သေးငာ်တဲ့ခန္ဓာကိုယ်ကိုပို၍သေးငယ်သွားစေသည့်ပံုပေါ်သည်။
" လာခဲ့ ဒီနားကို "
" ဟင့်အင် ဟင့် လာချင်ဘူး အိးဟီး ဟန်ကြောက်တယ် "
" ကျစ် "
အသံစူးစူးဝါးဝါးဖြင့်အော်ငိုလိုက်တာကြောင့် စိတ်အလိုမကျစွာ ကျစ်တတ်လိုက်ပြီး ထိုကလေးရှိသည့် နေရာကို ခြေလှမ်းကျဲကြီးများဖြင့်လျှောက်သွားကာ လက်မောင်မှာဆွဲ၍ ကာတင်ပေါ်ပစ်တင်လိုက်သည်။
" အ့ ဟင့် နာတယ် အား "
_________
နောက်တပိုင်းကညမှ 😁
ညကတင်လို့ပဲဘေကုန်သွားလို့ဟဲဟဲ
There are no comments yet. Log in to be the first to leave a review!






