Fanfics

4

16:05, 15 February 2025

U

နာနီ ခုံတန်းရှည်မှာထိုင်ပြီး အချိုပွဲစားရင်းရှုခင်းတွေကြည့်နေတာဖြစ်တယ်။စာအုပ်လေးဖတ်ချင်ပေမယ့် ဒီခေတ်မှာက ကဗျာနဲ့ နိုင်ငံရေးစာပေတွေပဲရှိတာဖြစ်တယ်။

ဘေးနာမှာတော့ နာနီ့ရဲ့ကိုယ်ပိုင်အစေခံ ရှိတယ်။ အိုက်ကန်က နာနီငယ်ငယ်ထဲက တူတူကြီးပျင်းခဲ့ပြီး နာနီ့ရဲ့ အရင်းနှီးဆုံးတစ်ယောက်ပဲဖြစ်တယ်။ ပြီးခဲ့တဲ့ရက်တွေမှာ အိုက်ကန်က မိခင်ဖြစ်သူ နေမကောင်းတာကြောင့် သွားစောင့်ရှောက်ပေးနေရလို့ ဒီနေ့မှပြန်ရောက်လာတာဖြစ်တယ်။

" သခင်လေး "

" အင်း ပြောလေ အိုက်ကန် "

" သခင်လေး တကယ်စကားပြောနိုင်သွားတာပဲ ကျွန်တော်မျိုးမှာ ကြားကြားချင်း မယုံနိုင်ပေမယ့် အရမ်းဝမ်းသာခဲ့တာ။ ကျွန်တော် ဝမ်းသာတယ်ဗျာ။ ကျွန်တော့်မှာ သခင်လေးအသံကြားနိုင်ပါ့မလားစိုးရိမ်နေခဲ့ရတာ။ နောက်ဆို သခင်လေးဘာလို,လို ဒီအိုက်ကန်ကိုသာပြောလိုက် အစ်ကိုလေးအတွက် အကုန်လုပ်ပေးမှာ "

ရင်ဘတ်ကိုပုတ်ပြီးပြောနေတာကြောင့် နာနီပြုံးမိသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်းနှီးနေတဲ့ လူတစ်ယောက်ရှိတာက ကောင်းတာပဲလေ။

" ကျေးဇူးပါ အိုက်ကန် "

" ဟာ သခင်လေးကလည်း အဲ့လိုကြီးမပြောပါနဲ့ဗျာ ကျွန်တော့်ကို "

နာနီ ခေါင်းလေးခါကာရီလိုက်မိတယ်။ လေတစ်ချက်တိုက်သွားအခိုက်မှာ အနည်းငယ်အကွာအဝေးလောက်မှာ ရှိတဲ့ စကားဝါပန်းပင်က ပန်းလေးတစ်ပွင့်လွှင့်လာခဲ့တယ်။

နာနီ့ ခြေထောက်နားကျလာတာမို့ နာနီကုန်းကောက်လိုက်တယ်။ တရုတ်စံကားဝါပန်းဖြစ်ပြီး အရမ်းမွှေးတယ်။ နာနီ နှာခေါင်းနားကပ်ပြီး မွှေးကြည့်လိုက်တုန်း မနေ့ကအဖြစ်အပျက်ကိုပြန်မှတ်မိကာ နာနီပါးလေးနှစ်ဖက်အနီရောင်လေးသန်းလာခဲ့တယ်။

---------------

မနေ့ကနာနီတစ်ယောက် စကိုင်းကို ဟီရမ်ကစ်စံအိမ်တစ်လျှောက် လှည့်ပတ်ပြနေရင်း မီးဖိုဆောင်ခြံထဲရောက်လာခဲ့တယ်။

" ဟွန်း ကိုယ့်ညီမဖြစ်သူ့ကိုအမြဲနှိပ်စက်နေပြီး အခုမှအတိတ်မေ့ချင်ယောင်ဆောင် သူတော်ကောင်းပုံလုပ်နေတဲ့သူတွေက ရှိနေတုန်းနော် "

" ဟုတ်ပအေ အံ့ဩဖို့ကောင်းတယ် "

" ပိုက်ဆံချမ်းသာပေမယ့် အဆင့်အတန်းမရှိတာပဲနော့် "

အစေခံတွေ အချင်းချင်း တီးတိုးပြောနေကြတာတွေကိုကြားလိုက်ရတယ်။ တီးတိုးပြောတယ်ဆိုပေမယ့် နာနီမကြား၊ကြားအောင်ကိုတမင်ပြောနေကြသလိုပင်။

နာနီတကယ်စိတ်မကောင်းဖြစ်သွားတယ်။ဒီဘက်ကိုရောက်လာထဲက သူ့မွေးရပ်ကိုလည်းမပြန်ရဘူး၊ ဒီဘက်က ရင်းနှီးတဲ့သူတွေမရှ်ိတော့ ဒီမှာနေရတာ တကယ်ကိုအထီးကျန်ရတာ။

လမ်းသွားနေရင်း ရုတ်တရက် ရပ်သွားပြီး ခေါင်းငုံ့သွားတဲ့နာနီ့ကို စကိုင်း သေချာလေး ကြည့်လိုက်တယ်။ အောက်နှုတ်ခမ်းလေးကိုက်ထားပြီး မတ်တပ်ရပ်နေတာ။

နာနီဒီလို နှုတ်ခမ်းကိုက်ပြီး မတ်တပ်ရပ်တာမျိုးကို ခနခနသတိထားမိတယ်။ စိတ်မကောင်းဖြစ်တာနဲ့ နေရခက်တဲ့အခါမျိုးတွေမှာအမြဲလုပ်တတ်တဲ့အမူအယာမျိုး။

စကိုင်း ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ အစေခံတွေက နာနီ့ကိုကွက်ကြည်ကွက်ကြည့်နဲ့ပြောနေတာမျိုးကိုတွေ့ရတာကြောင့် စကိုင်းက နာနီ့လက်ကိုကိုင်လိုက်တယ်။

ရုတ်တရက်လက်ကိုင်ခံလိုက်ရတာမို့ နာနီက စကိုင်းကို ကြည့်မိတော့

" ခွန်နာနီ ကျွန်တော်တို့ဟိုဘက်သွားကြရအောင်လေ "

ဒီတစ်ခါ စကိုင်းက နာနီလက်ကို ကိုင်ကာ အရှေ့ကနေဦးဆောင်ပြီးခေါ်သွားတယ်။

အပန်းဖြေတဲ့အဆောင်လား ဒီခေတ်ဘက်စကားနဲ့ပြောရရင် အပန်းဖြေခြံလိုမျိုးလေးပဲ အပင်တွေလည်းရှိနေပြီး လှေနဲ့သွားလာနေတဲ့သူတွေကို ပတ်ဝန်းကျင်၊ရှူခင်းတွေကိုကြည့်လို့ရတဲ့ နေရာမှာ ခုံတန်းရှည်နဲ့ စားပွဲဝိုင်းလေးလည်းရှိတယ်။

ဒီစံအိမ်ကလူတွေအနားယူကြတဲ့နေရာပဲ။

နာနီခုံတန်းလေးမှာထိုင်ပြီး စိတ်ဖြေဖျောက်ကာ အပြင်ဘက်ကိုကြည့်နေလိုက်တယ်။

အရင်ကဆို နာနီက တစ်လမှာ နှစ်ခါလောက် ချင်းမိုင်မှာရှိတဲ့ မိဘတွေဆီပြန်နေကြ။ ဒီတစ်ခါမပြန်ရသေးဘဲ ဒီကိုရောက်လာရတာ။နာနီနှုတ်ခမ်းလေးဆူပြီး တိုးတိုးလေး ရွတ်ဆိုလိုက်တယ်။

" ဘယ်သူနဲ့မှ အဆင်မပြေတဲ့ ဒီဘဝကိုရောက်လာတာထက်စာရင် သေသွားရတာတောင်မှကောင်းအုံးမယ် "

" ခွန် နာနီက ဘာလို့ဒီအိမ်ကလူတွေနဲ့အဆင်မပြေရတာလဲ "

နာနီက စကိုင်းကိုမျက်လုံးလေး လှန်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်တယ်။ မျက်ရည်ဝိုင်းနေတဲ့နာနီ့မျက်လုံးကိုမြင်သွားတဲ့ စကိုင်းက မတ်တပ်ရပ်နေရာကနေ နာနီ့အရှေ့လေးထိုင်ချကာ

" ခွန်နာနီ တစ်ခုခုများဖြစ်နေသလား ဘာအဆင်မပြေတာများဖြစ်လို့လဲ ခွန် "

" ဘာမှမဖြစ်ပါဘူး ခွန်စကိုင်း၊ နာနီ နာနီက  ဒီတိုင်း အိမ်ကိုလွမ်းလို့ "

နာနီ မျက်တောင်ပုတ်ခပ်ပုတ်ခပ်လုပ်ရင်း မျက်ရည်တွေကိုထိန်းလိုက်တယ်။

" အိမ်? "

" အွန်း နာနီနေခဲ့တဲ့နေရာ "

" ခွန်နာနီ နေခဲ့တဲ့နေရာ? "

" အွန်း "

" ဒါက ခွန့်အိမ်မဟုတ်ဘူးလား "

နာနီ အပြင်ဘက်ကိုကြည့်လိုက်ပြီး တွေတွေလေးထိုင်နေလိုက်တယ်။ သူ့အိမ်ကိုလွမ်းနေကြောင်း ဒီကလူတွေကိုပြောပြလို့ရမှာမှ မဟုတ်တာ။ ဒီကလုပ်စရာတွေမပြီးမချင်း သူဒီအကြောင်းတွေအကြာကြီးမျိုသိပ်ထားရမှာ။

ဘယ်သူ့ကိုမှပွင့်ပွင့်လင်းလင်းပြောပြလို့မရဘဲ သူတစ်ယောက်ပဲတိတ်တိတ်လေးခံစားနေရမှာ။

" ခွန်နာနီအတွက်ပါ ခင်ဗျ "

ဘယ်အချိန်ထထွက်သွားမှန်းမသိတဲ့ စကိုင်းက သူ့အတွက် ပန်းပွင့်လေးပေးတယ်။

" တရုတ်စံကားဝါပန်းပါဗျ "

" အာ ကျေးဇူးပါနော် ခွန်စကိုင်း တရုတ်စံကားဝါပန်းက နာနီ့အကြိုက်ဆုံးပန်းလေ " နာနီပြုံးပြပြီးပြောလိုက်တော့ စကိုင်းကပါပြုံးပြီးနာနီ့ဘေးနားလာထိုင်တယ်။

" ဒီစံကားဝါပန်းလေးရဲ့ အဓိပ္ပာယ်ကို ခွန်နာနီက သိရဲ့လား "

" ဟင် အဓိပ္ပာယ်ကိုတော့ သေချာမသိဘူး ဒီတိုင်း သူများတွေပြောတာကတော့ မင်းတစ်ယောက်ထဲကိုပဲ သဘောကျ မယ်ဆိုလား အဲ့လိုတော့ ကြားဖူးတာပဲ "

နာနီ့စကားလေးဆုံးသွားတော့ စကိုင်းက အသံထွက်ပြီးရယ်လိုက်မိတယ်။

" ဟေး ခွန်စကိုင်း ဘာလို့ နာနီ့ကိုလာရီနေရတာလဲ "

နာနီကမျက်စောင်းလေးထိုးကာပြောလိုက်တယ်။

" ခွန်နာနီ စကားပြောတာက ဒီစံအိမ်ကလူတွေနဲ့မတူသလိုပဲနော် "

" ဘာလို့လည်းထူးဆန်းတယ်ထင်လို့လား ဒါပေမယ့်လည်း ခွန်စကိုင်း နားလည်တယ်မလား အဲ့တာခွန်စကိုင်းလည်းထူးဆန်းနေတာပဲ  "

" ဟော် ကျွန်တော်ဘာမှမပြောရသေးပါဘူးဗျာ ဟုတ်ပါရဲ့ သူများတွေနားမလည်တဲ့ ခွန်နာနီရဲ့စကားကို ကျွန်တော်က နားလည်နေခဲ့တာပဲနော် "

နာနီ စကိုင်းကိုကြည့်မိလိုက်တယ်။ စကိုင်းက တကယ်ကိုကြည့်ကောင်းတဲ့ထဲပါတယ်။ အရပ်ကလည်းနာနီထက်ရှည်တယ်။အသားအရေကလည်းဝင်းနေသေးတယ်။ ပိန်ပါးတယ်ဆိုတာထက် နာနီ့ထက်တော့လူကောင်ကကြီးတယ်။ လုံးဝ Perfect!

" ခွန်နာနီ ဘာလို့ ကျွန်တော့်ကိုအဲ့လောက်ကြည့်နေရတာလဲဗျ"

နာနီက ရှက်ကာ မျက်နှာချက်ချင်းလွှဲလိုက်ပြီး

" ဟို.. ဟို မကြည့်ပါဘူး နာနီက ခွန်စကိုင်းကိုမကြည့်ပါဘူးနော် "

စကိုင်းက ရီလိုက်ပြီး

" ကြည့်နေပါတယ် ခွန် ခုနက ကျွန်တော့်ကိုအကြာကြီး ကြည့်နေတာ ပြုံးတောင်ပြုံးနေသေးတယ်လေ "

" မကြည့်ပါဘူးနော် ခွန်စကိုင်း လူကိုမဟုတ်ဘဲ မတရားမစွတ်စွဲနဲ့ "

" ဟားဟား ခွန်နာနီက ချစ်ဖို့ကောင်းလိုက်တာ ကျွန်တော်က စနေတာလေဗျ "

" ခွန်စကိုင်း! "

" ဗျ "

" ဟွန်း ထားပါတော့ ခွန်ကရော ဒီပန်းရဲ့ အဓိပ္ပာယ်ကိုသိလို့လား "

" အွန်း သိတယ်လေ တရုတ်စံကားဝါပန်းက ခွန်ပြောသလိုမျိုးပဲ မင်းနဲ့တွေ့ခဲ့ရလို့ဝမ်းသာတယ်ပါ မင်းတစ်ယောက်ထဲကိုပဲချစ်နေမယ် ဆိုတာမျိုးပေါ့ "

စကိုင်းက " မင်းနဲ့တွေ့ခဲ့ရတဲ့အတွက်ဝမ်းသာပါတယ် မင်းတစ်ယောက်ထဲကိုပဲချစ်နေမယ်" ဆိုတဲ့စကားကို နာနီနဲ့မျက်လုံး မျက်လုံးချင်းဆုံပြီး ပြောတာကြောင့် နာနီအကြည့်လွှဲခဲ့ရတယ်။

တကယ်တော့နာနီ စကိုင်းရဲ့ အကြည့်ကိုတကယ်ကိုပင် ရှောင်ဖယ်နိုင်စွမ်းမရှိ အဝေးကိုကြည့်ပေမယ့် စကိုင်းမျက်လုံးစီအကြည့်ပြန်ရောက်သွားတယ်။

စကိုင်းရဲ့အကြည့်က အာဏာစက်ပါတယ်။ လွှမ်းမိုးနိုင်စွမ်းရှိတယ်။ သူ့အကြည့်ကိုရင်ဆိုင်နိုင်စွမ်းမရှိသလို ရှောင်လွှဲနိုင်စွမ်းလည်းမရှိပေ။

နာနီနေရခက်နေသည်ကိုသိတဲ့ စကိုင်းက အကြည့်လွှဲလိုက်ပြီး စကားလမ်းကြောင်းပါလွှဲလိုက်တယ်။

" ဒါနဲ့ ခွန်နာနီ က ဒီပန်းကိုဘာလို့ကြိုက်ရတာလဲ "

" အွန်း တရုတ်စံကားဝါပန်းက လှလည်းလှတယ် ပြီးတော့ မွှေးလည်းမွှေးတယ်လေ "

နာနီက စံကားဝါပန်းကိုနှာခေါင်းနားကပ်ကာနမ်းရင်းပြောလိုက်တယ်။

" တကယ်မွှေးတာလား? "

" အွန်း မယုံရင် ဒီမှာ...အင်"

နာနီ့စကားပင် မဆုံးသေး စကိုင်းက နာနီနမ်းနေဆဲပန်းကို ရှေ့တိုးကာ သူပါနမ်းလိုက်တာကြောင့် နာနီတစ်ယောက်စကားပါပြောစရာမရှိပင်ဖြစ်သွားရတယ်။

စကိုင်းက ချက်ချင်းကိုယ်ကိုမရုတ်ဘဲ ပန်းရဲ့အနံ့ကိုစက္ကန့်အတန်ကြာထိနမ်းကြည့်ကာ နာနီ့ရဲ့ ကြောင်မျက်လုံးဝိုင်းဝိုင်းလေးကိုကြည့်နေလိုက်တယ်။

နာနီက မတ်တပ်ထရပ်လိုက်ပြီး ချောင်းဟန့်လိုက်ကာ

" အဟမ်း ဟမ်း ခွန်...ခွန်စကိုင်း ဟို ခွန့်အမေတွေစောင့်..နေလောက်ပြီထင် သွား..ကြရအောင် လေ "

နာနီက ရှက်ရှက်အရှေ့က သွက်သွက်ထွက်သွားတာကြောင့် စကိုင်းက ရယ်ကာ အနောက်ကနေလိုက်လာရတယ်။

--------------

နာနီ ပြန်တွေးမိတာနဲ့တင် ရှက်လာတဲ့အပြင် နာနီ့နှလုံးခုန်နှုန်းတွေကလည်းမြန်လာသေးတယ်။

" အယ် အယ် သခင်လေး ဘာဖြစ်တာလဲ နေလို့မကောင်းတာလားဗျ မျက်နှာကြီးတစ်ခုလုံးရဲနေတယ် "

အနားက အိုက်ကန်ပြောတာကြောင့် နာနီက ချောင်းဟန့်ကာ

" အဟမ်း ဘာမှမဖြစ်ပါဘူး နေကောင်းပါတယ်။ ရာသီဥတုက နည်းနည်းပူလို့လေ အဟမ်း "

" ဟင် ပူလို့လား "

အိုက်ကန်ရဲ့အမေးစကားကိုမသိချင်ယောင်ဆောင်ပြီး အပြင်ကိုအကြည့်လွှဲလိုက်တော့ လှေကမ်းဆိပ်နားမှာ လူတွေများနေတာကိုတွေ့ရတာကြောင့်

" အိုက်ကန် ဟိုမှာ ဘာတွေဖြစ်နေကြတာလဲ "

" ဈေးထဲသွားမို့ထင်တယ် သခင်လေး မနက်ဖြန်အခမ်းအနားတစ်ခုရှိတယ်လေ "

" ဟုတ်လား ဘာအခမ်းအနားများလဲ "

" ဟို သခင်မလေး လီနာရဲ့ မွေးနေ့ပွဲအခမ်းအနာပါ "

အဖြစ်အပျက်တွေကမြန်လိုက်တာ လီနာ့ရဲ့မွေးနေ့တောင်ရောက်ပြီတဲ့လား။ အမှန်ဆို လီနာရဲ့မွေးနေ့မတိုင်ခင်ထဲက စကိုင်းနဲ့ လီနာက တော်တော်လေးအဆင်ပြေနေရမှာ။ပြီးတော့ စကိုင်းက လီနာကို သဘောကျကြောင်းပြောပြီး နမ်းခဲ့တာပဲ။

ဟုတ်ပြီ။ ဒီတစ်ခါတော့မလွှဲစေရဘူး အဆင်ပြေအောင်လုပ်ပေးရမယ်။

" အိုက်ကန် လာသွားကြရအောင် "

" ဟင် ဘယ်လဲ သခင်လေး "

စကားပင်မဆုံး အမြန်ပြေးထွက်သွားတဲ့ သခင်လေးကြောင့် အိုက်ကန်ခင်ဗျာ မနည်းအမှီလိုက်ရတော့တယ်။

" လီနာ!! "

" အစ်ကို "

" သ-သခင်လေး ဝှား မောလိုက်တာ "

" အစ်ကိုနာနီ ဘယ်လိုလုပ်ရောက်လဲတာလဲရှင့် "

" လီနာ ဈေးသွားမလို့လား အစ်ကိုလိုက်ချင်လို့ "

" အာ အဆင်ပြေပါ့မလားအစ်ကိုနာနီ၊ ဟိုတစ်ခါတုန်းက အစ်ကို "

" ရပါတယ် နာနီအဆင်ပြေတယ်လေ လိုက်ခွင့်ပေးပါနော် လီနာ "

နာနီက အတင်းပူဆာတာကြောင့် လီနာက

" အင်းပါ အစ်ကိုနာနီ လိုက်ခဲ့လို့ရပါတယ် ဒါပေမယ့် ဒီတစ်ခါ အဲ့နေ့ကလို လမ်းမပျောက်စေပါနဲ့ "

" အွန်းအွန်း လီနာ့အနားမှာပဲနေမယ်နော် ဟီး သွားကြမယ်! သွားကြမယ် အိုက်ကန် "

" ဟုတ် ဟုတ် ဟုတ်ကဲ့ အစ်ကိုလေး "

နာနီက လီနာနဲ့ဈေးတန်းကိုသွားနေတဲ့ခရီးတစ်လျှောက် ပတ်ဝန်းကျင်မှာတွေ့တဲ့အရာတွေကို ကြည့်နေလိုက်တယ်။နာနီသိချင်တာတွေမေးဖို့လုပ်ပေမယ့် လီနာကမသိချင်ယောင်ဘဲဆောင်ကာမဖြေပဲနေတော့ နာနီကမမေးတော့ဘူး။

ဈေးတန်းထဲရောက်တော့ လီနာက ပုံမှန်အတိုင်း အခမ်းအနားမှာဝတ်ဖို့ဝတ်စုံတွေ လက်ဝတ်လက်စားတွေကိုဝယ်တယ်။ အခမ်းအနားတွက်လိုအပ်တဲ့ ပစ္စည်းအသုံးအဆောငိတွေကိုလည်းဝယ်တယ်။

လီနာ လက်ဝတ်လက်စားဝယ်နေတုန်း နာနီက ပစ္စည်းတွေကြည့်ကြည့်ရင်း လက်ပတ်လေးတစ်ခုကိုတွေ့တယ်။ နာနီက အဲ့လက်ပတ်လေးကိုကိုင်ကြည့်လိုက်တယ်။

ပတ်ပတ်လည်ကို အစိမ်းရောင်ကျောက် အသေးလေးတွေနဲ့အလှဆင်ထားပြီး ရိုးရိုးရှင်းရှင်းလေးနဲ့လှပတယ်။ ကျောက်အတွင်းပိုင်းမှာထွင်းထားတဲ့ ထိုင်းစကားလုံးကလည်း သေသပ်ပြီး အနုပညာဆန်တယ်။

နာနီလိုချင်ပေမယ့် မယူတော့ဘဲ ပြန်ထားခဲ့လိုက်တယ်။

လီနာက သူဝယ်ချင်တာဝယ်ပြီးတာနဲ့ လှည့်ထွက်သွားတာကြောင့် နာနီလည်း အနောက်ကနေလိုက်သွားလိုက်တယ်။

ဝယ်တဲ့ပစ္စည်းတွေကများတာကြောင့် အစေခံတွေကို ပစ္စည်းတွေ လှေစီအရင်သွားထားခိုင်းလိုက်ပြီး အချိုပွဲပြင်ဖို့ လိုအပ်တာတွေသွားဝယ်မယ်ဆိုပြီးထွက်သွားတာကြောင့် နာနီက သူ့ညီမနောက်လိုက်ရပြန်တယ်။

မုန့်ကုန်ကြမ်းပစ္စည်းတွေက ဈေးအနောက်ဘက်မှာရှိတာဖြစ်တယ်။ ဒီတစ်ခါသွားတဲ့အခါမှာတော့ အစေခံတွေမပါဘဲ နာနီနဲ့လီနာနှစ်ယောက်ထဲဖြစ်တယ်။

လီနာ ဝယ်ပြီးလှည့်အထွက်ပဲရှိသေး ဈေးထဲက အမူးသမားအုပ်စုက ရောက်လာတာကြောင့်

" အိုးး အလှလေးတွေပဲ "

နာနီက သူ့ညီမကိုထိကပါးရိကပါးလုပ်တာကြောင့် အရှေ့ကာလိုက်ပြီး

" မင်း! မင်းဘာသာမင်းအေးဆေးနေ မင်းအရက်သောက်ဖို့မရှိတာဆို ပေးမှာမို့ ငါ့ညီမကိုလာမနှောင့်ယှက်နဲ့ "

အမူးသမားအုပ်စုက တဟားဟားနဲ့အော်ရီကြကာ

" အဲ့တာဆို မင်းကိုနှောင့်ယှက်ရင်ရော ရလား "

" မင်း ဘာစကားပြောတာလဲ "

နာနီ အရှေ့ကလူကိုတွန်းကာပြောလိုက်တာကြောင့် အမူးသမားတွေက ဒေါသထွက်ပြီး နာနီကို လက်နဲ့ ရိုက်ဖို့အရွယ်မှာတင် လက်ကိုလိမ်ချိုးခံလိုက်ရတယ်။

" သခင်လေး စကိုင်း "

နာနီက ကြောက်လို့မျက်လုံးမှိတ်ထားတာကြောင့်ဘယ်သူရောက်လာမှန်းမသိပေမယ့် သူ့အနောက်က လီနာဆီမှ အသက်ထွက်လာတာကြောင့် နာနီမျက်လုံးဖွင့်ကြည့်လိုက်တယ်။

" ခွန်စကိုင်းဝုန်ဂရာဝီး "

စကိုင်းက အမူးသမားတွေထဲက နာနီ့ကိုလက်နဲ့ရွယ်တဲ့ကောင်ကို စိုက်ကြည့်နေတာဖြစ်ပြီး သူ့လက်ကိုလည်းမလွှတ်ပေးသေး။

လက်ကိုလိမ်ချိုးခံထားရဲ့နာကျင်မှုကြောင့်အမူးသမားကအသားကုန်အော်ဟစ်နေတယ်။

စကိုင်းက အမူးသမားအကောင်ရဲ့လက်ကိုလွှတ်ပေးလိုက်ပြီး သူအမြဲဆောင်ထားလေ့ရှိတဲ့ဓားကိုထုတ်တာကြောင့် နာနီကစကိုင်းလက်ကိုကိုင်ကာ တားရတော့တယ်။

ဘာလို့ဆို ဒီအပြုအမှူကာ စကိုင်းဒေါသအရမ်းဖြစ်တဲ့အခါမှာလုပ်တတ်တဲ့ အပြုအမှူမျိုးကြောင့်ပေ။ နာနီက စကိုင်းရဲ့ကာရိုက်တာကို ဘယ်ပြဿနာလာလာ စိတ်အေးလက်အေးထားပြီးဖြေရှင်းပြီး ဒေါသထွက်ကာမှလက်သုံးတဲ့ပုံစံမျိုးကိုဖန်တီးပေးထားတာမို့ပင်။

" ခွန်စကိုင်း "

နာနီက လက်ကိုင်ထားရင်း ခေါင်းခါပြတာကြောင့် စကိုင်းက အသက်ကိုရှူထုတ်လိုက်ကာ ဒေါသစိတ်ကိုပြန်ထိန်းလိုက်တယ်။

အမူးသမားတွေကတော့ ကြောက်လွန်းလို့ပင် ပြေးသွားကြတော့တယ်။

" အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ သူဘယ်နေရာတွေထိသွားသေးလဲ "

စကိုင်းက နာနီ့ကိုလှည့်ကြည့်ပြီး စိုးရိမ်စိတ်နဲ့မေးတာကြောင့်နာနီက

" စိတ်အေးအေးထားနော် လီနာဘာမှမဖြစ်ဘူး ငါလီနာကို ကာကွယ်လိုက်တယ်။ "

နာနီရဲ့အဖြေကြောင့် စကိုင်းက နားမလည်တဲ့အကြည့်နဲ့ကြည့်ကာ

" ကျွန်တော်က ခွန်နာနီကိုမေးနေတာ "

" အော် ဘာမှမဖြစ်ပါဘူး အေးဆေးပဲဟဲဟဲ "

" သခင်လေးစကိုင်းကို ကျေးဇူးတင်ပါတယ်။ သခင်လေး ကျွန်မတို့အသက်ကိုကယ်တာ နှစ်ခါရှိပါပြီ ကျေးဇူးတင်ပါတယ်နော် "

အနောက်မှာရောက်နေတဲ့ လီနာက နာနီနဲ့စကိုင်းရဲ့ကြားထဲကိုဝင်ရောက်လာပြီး စကားကြားဖြတ်ဝင်ပြောတယ်။

" ရပါတယ်ဗျ လှေဆိပ်ကမ်းကိုပြန်မယ်ဆို ကျွန်တော်လိုက်ပို့ပေးပါ့မယ်ဗျ "

စကိုင်းရဲ့အပြောစကားကြောင့် လီနာက ပြုံးကာ

" ကျေးဇူးတင်ပါတယ် သခင်လေးစကိုင်းရှင့် "

နာနီတို့ သုံးယောက်တူတူသွားကြရင်း လှေဆိပ်ကမ်းနားရောက်လာကြတယ်။

" သခင်လေး ကျွန်တော်လိုက်ရှာလိုက်ရတာဗျာ "

အိုက်ကန်က နာနီ့အနားပြေးလာပြီးပြောတယ်။

နာနီက အကုန်လုံးအိုက်ကန်ကိုပြောပြလိုက်တော့ အိုက်ကန်က

" သခင်လေးဘာဖြစ်သွားသေးလဲ ကျွန်တော်ကိုပြအုံး" ဟုဆိုကာ နာနီကိုတစ်ပတ်လှည့်ကာကြည့်နေတယ်။

စကိုင်းက အိုက်ကန်ရဲ့လက်ကိုညှစ်လိုက်တာကြောင့်

" အား အာ့ နာ နာ နာတယ် "

" အယ် ခွန်စကိုင်း မလုပ်နဲ့လေ လွှတ်လိုက်ပါ "

နာနီပြောမှလွှတ်ပေးလိုက်ပြီး

" အဟမ့် ချော်ကျကုန်မှာစိုးလို့ "

လက်နာသွားတဲ့ အိုက်ကန်က နာနီ့အနောက်ဝင်နေလိုက်တယ်။

" ကျွန်တော်လိုက်ပို့ပေးဖို့ လိုသေးလားဗျ "နာနီ့ကိုကြည့်ပြီးမေးလာတဲ့ စကိုင်းကြောင့် နာနီ တစ်ခုခုကိုသတိရကာ

" လိုတယ် လိုတယ် "

စကိုင်းကပြုံးသွားပြီး " ကျွန်တော့်မှာ လှေပါ ပါတယ်။ ခွန်နာနီကျွန်တော့်လှေနဲ့လိုက်ခဲ့လို့ရပါတယ် "

" အာ ကျွန်တော်က အဆင်ပြေတယ် လီနာလေးကိုခေါ်သွားလိုက်ပါ။ "

နာနီ့စကားလည်းအဆုံး စကိုင်းပြုံးနေရာကချက်ချင်းရပ်သွားတယ်။

အို့။

" ခွန်နာနီ လိုက်မှာမဟုတ်ဘူးလားဗျ မိန်းကလေးနဲ့ယောင်္ကျားလေး တစ်လှေထဲအတူတူသွားရင် မသင့်တော်လောက်ဘူးဗျ "

" သင့်တော်တယ် သင့်တော်တယ်။သွားသွားခေါ်သွားလိုက်။ ခုနက အမူးသမားတွေနဲ့ထပ်တွေ့နေမှာစိုးလို့ပါ နော် နော် ခွန်စကိုင်း "

" အဲ့တာဆို ခွန်ကရောဗျ။ ခွန်နာနီရော သူတို့နဲ့ထပ်တွေ့ရင် ဘယ်လိုလုပ်မလဲဗျ "

" ရပါတယ် ဒီမှာလေ ငါ့မှာအစေခံတွေအများကြီးပါသေးတယ် "

အိုက်ကန်ကိုလက်ညှိုးထိုးကာ ပြုံးပြီးပြောလိုက်တာကြောင့် အိုက်ကန်က ဘေးပတ်ပတ်လည်ကြည့်ကာ အစေခံတွေကိုရေတွက်လိုက်တယ်။

ဘုရားစူး ကျွန်တော်တစ်ယောက်ထဲပဲရှိတာ။

" သခင်လေး ကျွန်တော်တစ်ယောက်ထဲပြီးတော့ ကျွန်တော်မှမတိုက်ခိုက်တတ်တာ" အိုက်ကန်ကနာနီ့နားကိုကပ်ကာပြောတာကြောင့် နာနီကလည်းကိုယ်ကိုအနောက်ဘက်ကိုအနည်းငယ်ယိုင်ကာ

" ဘာမှမဖြစ်ဘူးသူတို့လိုက်မလာတော့ဘူး ငါ့ဘာသာလျှောက်ပြောတာ ရယ်ပြလိုက် "

နာနီရော အိုက်ကန်ရော နှစ်ယောက်လုံးအတူတူရယ်ပြလိုက်ကြတယ်။

" စိတ်ချပါ ခွန်စ- အဲ သခင်လေးစကိုင်းဗျ ကျွန်တော့်သခင်လေးကို ကျွန်တော်အိုက်ကန်က အသက်နဲ့ရင်းပြီးစောင့်ရှောင်မှာပါ ဟီး"

အိုက်ကန်က သူ့သခင်လေးခေါ်သလို ခွန်စကိုင်းလို့ခေါ်ဖို့အလုပ် စူးစူးရဲရဲအကြည့်ခံလိုက်ရတာကြောင့် သခင်လေးလို့ပြောင်းခေါ်လိုက်ရတာဖြစ်တယ်။

စကိုင်းကခေါင်းညိမ့်လိုက်တာကြောင့်နာနီကရီပြလိုက်တယ်။ ပြီးတော့ နာနီကို စကိုင်းက အိုက်ကန်ရဲ့လှေနားထိလိုက်ပို့တဲ့

" သေချာတက်ပါဗျ "

" စိတိမပူနဲ့ အေးဆေးပါ- အယ် အယ်"

စကိုင်းက မှာတာကြောင့် နာနီက စကိုင်းကိုလှည့်ကြည့်ရင်း မျက်လုံးတစ်ဖက်မှိတ်ပြကာ ရီပြတုန်း ခြေချော်သွားတာကြောင့် စကိုင်းက နာနီ့ရဲ့ခါးကိုအမြန်လှမ်းဖမ်းရတယ်။

" ကြည့်! ခွန် အမြဲတမ်းနမော်နမဲ့နဲ့ ဘယ်လိုလုပ်စိတ်မပူပဲနေနိုင်မှာလဲဗျ "

" အဲ့တာ ခွန်ကြောင့်‌လေ "

စကိုင်းက နာနီ့ကိုကိုင်ထားရင်းလှေပေါ်ရောက်သည်ထိ ပို့ပေးတယ်။

" သွားပြီနော် ခွန်စကိုင်း နာနီ့ညီမကိုသေချာလေး ဂရုစိုက်ပေးပါနော် "

စကိုင်းက ခေါင်းညိမ့်ပြကာ သူ့လှေပေါ်ကိုတက်လိုက်တယ်။ လီနာက သူ့ကိုတင်ပေးမယ်အမှတ်နဲ့စောင့်နေပေမယ့် စကိုင်းကနေရာမှထိုင်ပြီး။

" တက်ပါဗျ "

" ကျေးဇူးတင်ပါတယ်ရှင့် သခင်လေးစကိုင်း "

စကိုင်းက တစ်ဖက်ခြမ်းမှာရှိတဲ့နာနီတို့လှေကိုလှမ်းကြည့်လိုက်တယ်။ နာနီကတော့ သူ့အစေခံအိုက်ကန်ဆိုတဲ့သူနဲ့စကားတွေပြောကာရယ်နေကြတာကိုတွေ့ရတယ်။

" သခင်လေးစကိုင်းနဲ့ အစ်ကိုနာနီနဲ့က အတော်လေးသိကျွမ်းကြတဲ့ပုံပဲနော် "

" ဟင် အင်း ရင်းနှီးကြပါတယ် " ဆိုတဲ့စကားကို စကိုင်းကနူးနူးညံ့ညံ့လေးပြုံးကာ နာနီတို့လှေဘက်ကို ကြည့်ရင်းပြောလိုက်တယ်။

လီနာက သူ့လက်ကဒဏ်ရာကို စကိုင်းမြင်အောင် ပြထားလိုက်တယ်။

" အာ့ ကျွစ့် "

" အဆင်ပြေလားဗျ "

" ပြေပါတယ်ရှင့် အရင်ကဒဏ်ရာကိုသွားပြီးထိမိလို့ပါ "

စကိုင်းက ဒဏ်ရာကိုမြင်သွားပေမယ့် ဘာမှမမေးဘဲ အကြည့်လွှဲသွားတာကြောင့် လီနာကပဲ

" အစ်ကို အပြစ်ပေးထားတာလေ "

" ခွန်နာနီ?"

" ဟုတ်တယ်ရှင့် အစ်ကိုက အရင်ကတည်းက ညီမတို့သားမိကိုအထင်လွဲပြီး သူစိတ်ထင်တိုင်းအမြဲလုပ်တာလေ သူစိတ်တိုင်းမကျရင် အစေခံတွေအပေါ်လည်း အမြဲရိုက်နှက် လက်ပါလို့ပြောမိရင် ညီမကို အပြစ်ပေးတယ်လေ "

စကိုင်းရဲ့မျက်ဝန်းမှာ မယုံကြည်မှုတွေအပြည့်ဖြစ်နေပြီး

" သခင်လေးမယုံနိုင်တာသိပါတယ်။ သခင်လေးကိုလည်းသတိပေးချင်ပါတယ်။မပြောသင့်ပေမယ့် အစ်ကိုက အရင်ထဲက အမြဲတမ်း လူကောင်းပုံစံနဲ့နေပြီး အဲ့လိုမျိုးတွေလုပ်တတ်တာကြောင့် တစ်ချိန်ချိန် သခင်လေးကိုထိခိုက်မှာကို စိုးရိမ်မိလို့ပါ "

စကိုင်းက နာနီတို့လှေဘက်ကိုလှမ်းကြည့်ပြီး တွေဝေနေတယ်။

လီနာကတော့ ပြုံးပြုံးလေးနဲ့ပဲ စကိုင်းကိုကြည့်နေလိုက်တယ်။

///////////////

Z

နာနီ ခုံတန္းရွည္မွာထိုင္ၿပီး အခ်ိဳပြဲစားရင္းရႈခင္းေတြၾကည့္ေနတာျဖစ္တယ္။စာအုပ္ေလးဖတ္ခ်င္ေပမယ့္ ဒီေခတ္မွာက ကဗ်ာနဲ႕ နိုင္ငံေရးစာေပေတြပဲရွိတာျဖစ္တယ္။

ေဘးနာမွာေတာ့ နာနီ႕ရဲ႕ကိုယ္ပိုင္အေစခံ ရွိတယ္။ အိုက္ကန္က နာနီငယ္ငယ္ထဲက တူတူႀကီးပ်င္းခဲ့ၿပီး နာနီ႕ရဲ႕ အရင္းႏွီးဆုံးတစ္ေယာက္ပဲျဖစ္တယ္။ ၿပီးခဲ့တဲ့ရက္ေတြမွာ အိုက္ကန္က မိခင္ျဖစ္သူ ေနမေကာင္းတာေၾကာင့္ သြားေစာင့္ေရွာက္ေပးေနရလို႔ ဒီေန႕မွျပန္ေရာက္လာတာျဖစ္တယ္။

" သခင္ေလး "

" အင္း ေျပာေလ အိုက္ကန္ "

" သခင္ေလး တကယ္စကားေျပာနိုင္သြားတာပဲ ကြၽန္ေတာ္မ်ိဳးမွာ ၾကားၾကားခ်င္း မယုံနိုင္ေပမယ့္ အရမ္းဝမ္းသာခဲ့တာ။ ကြၽန္ေတာ္ ဝမ္းသာတယ္ဗ်ာ။ ကြၽန္ေတာ့္မွာ သခင္ေလးအသံၾကားနိုင္ပါ့မလားစိုးရိမ္ေနခဲ့ရတာ။ ေနာက္ဆို သခင္ေလးဘာလို,လို ဒီအိုက္ကန္ကိုသာေျပာလိုက္ အစ္ကိုေလးအတြက္ အကုန္လုပ္ေပးမွာ "

ရင္ဘတ္ကိုပုတ္ၿပီးေျပာေနတာေၾကာင့္ နာနီၿပဳံးမိသြားတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ရင္းႏွီးေနတဲ့ လူတစ္ေယာက္ရွိတာက ေကာင္းတာပဲေလ။

" ေက်းဇူးပါ အိုက္ကန္ "

" ဟာ သခင္ေလးကလည္း အဲ့လိုႀကီးမေျပာပါနဲ႕ဗ်ာ ကြၽန္ေတာ့္ကို "

နာနီ ေခါင္းေလးခါကာရီလိုက္မိတယ္။ ေလတစ္ခ်က္တိုက္သြားအခိုက္မွာ အနည္းငယ္အကြာအေဝးေလာက္မွာ ရွိတဲ့ စကားဝါပန္းပင္က ပန္းေလးတစ္ပြင့္လႊင့္လာခဲ့တယ္။

နာနီ႕ ေျခေထာက္နားက်လာတာမို႔ နာနီကုန္းေကာက္လိုက္တယ္။ တ႐ုတ္စံကားဝါပန္းျဖစ္ၿပီး အရမ္းေမႊးတယ္။ နာနီ ႏွာေခါင္းနားကပ္ၿပီး ေမႊးၾကည့္လိုက္တုန္း မေန႕ကအျဖစ္အပ်က္ကိုျပန္မွတ္မိကာ နာနီပါးေလးႏွစ္ဖက္အနီေရာင္ေလးသန္းလာခဲ့တယ္။

---------------

မေန႕ကနာနီတစ္ေယာက္ စကိုင္းကို ဟီရမ္ကစ္စံအိမ္တစ္ေလွ်ာက္ လွည့္ပတ္ျပေနရင္း မီးဖိုေဆာင္ၿခံထဲေရာက္လာခဲ့တယ္။

" ဟြန္း ကိုယ့္ညီမျဖစ္သူ႕ကိုအၿမဲႏွိပ္စက္ေနၿပီး အခုမွအတိတ္ေမ့ခ်င္ေယာင္ေဆာင္ သူေတာ္ေကာင္းပုံလုပ္ေနတဲ့သူေတြက ရွိေနတုန္းေနာ္ "

" ဟုတ္ပေအ အံ့ဩဖို႔ေကာင္းတယ္ "

" ပိုက္ဆံခ်မ္းသာေပမယ့္ အဆင့္အတန္းမရွိတာပဲေနာ့္ "

အေစခံေတြ အခ်င္းခ်င္း တီးတိုးေျပာေနၾကတာေတြကိုၾကားလိုက္ရတယ္။ တီးတိုးေျပာတယ္ဆိုေပမယ့္ နာနီမၾကား၊ၾကားေအာင္ကိုတမင္ေျပာေနၾကသလိုပင္။

နာနီတကယ္စိတ္မေကာင္းျဖစ္သြားတယ္။ဒီဘက္ကိုေရာက္လာထဲက သူ႕ေမြးရပ္ကိုလည္းမျပန္ရဘူး၊ ဒီဘက္က ရင္းႏွီးတဲ့သူေတြမရွ္ိေတာ့ ဒီမွာေနရတာ တကယ္ကိုအထီးက်န္ရတာ။

လမ္းသြားေနရင္း ႐ုတ္တရက္ ရပ္သြားၿပီး ေခါင္းငုံ႕သြားတဲ့နာနီ႕ကို စကိုင္း ေသခ်ာေလး ၾကည့္လိုက္တယ္။ ေအာက္ႏႈတ္ခမ္းေလးကိုက္ထားၿပီး မတ္တပ္ရပ္ေနတာ။

နာနီဒီလို ႏႈတ္ခမ္းကိုက္ၿပီး မတ္တပ္ရပ္တာမ်ိဳးကို ခနခနသတိထားမိတယ္။ စိတ္မေကာင္းျဖစ္တာနဲ႕ ေနရခက္တဲ့အခါမ်ိဳးေတြမွာအၿမဲလုပ္တတ္တဲ့အမူအယာမ်ိဳး။

စကိုင္း ေဘးပတ္ပတ္လည္ကိုၾကည့္လိုက္ေတာ့ အေစခံေတြက နာနီ႕ကိုကြက္ၾကည္ကြက္ၾကည့္နဲ႕ေျပာေနတာမ်ိဳးကိုေတြ႕ရတာေၾကာင့္ စကိုင္းက နာနီ႕လက္ကိုကိုင္လိုက္တယ္။

႐ုတ္တရက္လက္ကိုင္ခံလိုက္ရတာမို႔ နာနီက စကိုင္းကို ၾကည့္မိေတာ့

" ခြန္နာနီ ကြၽန္ေတာ္တို႔ဟိုဘက္သြားၾကရေအာင္ေလ "

ဒီတစ္ခါ စကိုင္းက နာနီလက္ကို ကိုင္ကာ အေရွ႕ကေနဦးေဆာင္ၿပီးေခၚသြားတယ္။

အပန္းေျဖတဲ့အေဆာင္လား ဒီေခတ္ဘက္စကားနဲ႕ေျပာရရင္ အပန္းေျဖၿခံလိုမ်ိဳးေလးပဲ အပင္ေတြလည္းရွိေနၿပီး ေလွနဲ႕သြားလာေနတဲ့သူေတြကို ပတ္ဝန္းက်င္၊ရႉခင္းေတြကိုၾကည့္လို႔ရတဲ့ ေနရာမွာ ခုံတန္းရွည္နဲ႕ စားပြဲဝိုင္းေလးလည္းရွိတယ္။

ဒီစံအိမ္ကလူေတြအနားယူၾကတဲ့ေနရာပဲ။

နာနီခုံတန္းေလးမွာထိုင္ၿပီး စိတ္ေျဖေဖ်ာက္ကာ အျပင္ဘက္ကိုၾကည့္ေနလိုက္တယ္။

အရင္ကဆို နာနီက တစ္လမွာ ႏွစ္ခါေလာက္ ခ်င္းမိုင္မွာရွိတဲ့ မိဘေတြဆီျပန္ေနၾက။ ဒီတစ္ခါမျပန္ရေသးဘဲ ဒီကိုေရာက္လာရတာ။နာနီႏႈတ္ခမ္းေလးဆူၿပီး တိုးတိုးေလး ႐ြတ္ဆိုလိုက္တယ္။

" ဘယ္သူနဲ႕မွ အဆင္မေျပတဲ့ ဒီဘဝကိုေရာက္လာတာထက္စာရင္ ေသသြားရတာေတာင္မွေကာင္းအုံးမယ္ "

" ခြန္ နာနီက ဘာလို႔ဒီအိမ္ကလူေတြနဲ႕အဆင္မေျပရတာလဲ "

နာနီက စကိုင္းကိုမ်က္လုံးေလး လွန္ၾကည့္လိုက္ၿပီး ေခါင္းခါျပလိုက္တယ္။ မ်က္ရည္ဝိုင္းေနတဲ့နာနီ႕မ်က္လုံးကိုျမင္သြားတဲ့ စကိုင္းက မတ္တပ္ရပ္ေနရာကေန နာနီ႕အေရွ႕ေလးထိုင္ခ်ကာ

" ခြန္နာနီ တစ္ခုခုမ်ားျဖစ္ေနသလား ဘာအဆင္မေျပတာမ်ားျဖစ္လို႔လဲ ခြန္ "

" ဘာမွမျဖစ္ပါဘူး ခြန္စကိုင္း၊ နာနီ နာနီက  ဒီတိုင္း အိမ္ကိုလြမ္းလို႔ "

နာနီ မ်က္ေတာင္ပုတ္ခပ္ပုတ္ခပ္လုပ္ရင္း မ်က္ရည္ေတြကိုထိန္းလိုက္တယ္။

" အိမ္? "

" အြန္း နာနီေနခဲ့တဲ့ေနရာ "

" ခြန္နာနီ ေနခဲ့တဲ့ေနရာ? "

" အြန္း "

" ဒါက ခြန႔္အိမ္မဟုတ္ဘူးလား "

နာနီ အျပင္ဘက္ကိုၾကည့္လိုက္ၿပီး ေတြေတြေလးထိုင္ေနလိုက္တယ္။ သူ႕အိမ္ကိုလြမ္းေနေၾကာင္း ဒီကလူေတြကိုေျပာျပလို႔ရမွာမွ မဟုတ္တာ။ ဒီကလုပ္စရာေတြမၿပီးမခ်င္း သူဒီအေၾကာင္းေတြအၾကာႀကီးမ်ိဳသိပ္ထားရမွာ။

ဘယ္သူ႕ကိုမွပြင့္ပြင့္လင္းလင္းေျပာျပလို႔မရဘဲ သူတစ္ေယာက္ပဲတိတ္တိတ္ေလးခံစားေနရမွာ။

" ခြန္နာနီအတြက္ပါ ခင္ဗ် "

ဘယ္အခ်ိန္ထထြက္သြားမွန္းမသိတဲ့ စကိုင္းက သူ႕အတြက္ ပန္းပြင့္ေလးေပးတယ္။

" တ႐ုတ္စံကားဝါပန္းပါဗ် "

" အာ ေက်းဇူးပါေနာ္ ခြန္စကိုင္း တ႐ုတ္စံကားဝါပန္းက နာနီ႕အႀကိဳက္ဆုံးပန္းေလ " နာနီၿပဳံးျပၿပီးေျပာလိုက္ေတာ့ စကိုင္းကပါၿပဳံးၿပီးနာနီ႕ေဘးနားလာထိုင္တယ္။

" ဒီစံကားဝါပန္းေလးရဲ႕ အဓိပၸာယ္ကို ခြန္နာနီက သိရဲ႕လား "

" ဟင္ အဓိပၸာယ္ကိုေတာ့ ေသခ်ာမသိဘူး ဒီတိုင္း သူမ်ားေတြေျပာတာကေတာ့ မင္းတစ္ေယာက္ထဲကိုပဲ သေဘာက် မယ္ဆိုလား အဲ့လိုေတာ့ ၾကားဖူးတာပဲ "

နာနီ႕စကားေလးဆုံးသြားေတာ့ စကိုင္းက အသံထြက္ၿပီးရယ္လိုက္မိတယ္။

" ေဟး ခြန္စကိုင္း ဘာလို႔ နာနီ႕ကိုလာရီေနရတာလဲ "

နာနီကမ်က္ေစာင္းေလးထိုးကာေျပာလိုက္တယ္။

" ခြန္နာနီ စကားေျပာတာက ဒီစံအိမ္ကလူေတြနဲ႕မတူသလိုပဲေနာ္ "

" ဘာလို႔လည္းထူးဆန္းတယ္ထင္လို႔လား ဒါေပမယ့္လည္း ခြန္စကိုင္း နားလည္တယ္မလား အဲ့တာခြန္စကိုင္းလည္းထူးဆန္းေနတာပဲ  "

" ေဟာ္ ကြၽန္ေတာ္ဘာမွမေျပာရေသးပါဘူးဗ်ာ ဟုတ္ပါရဲ႕ သူမ်ားေတြနားမလည္တဲ့ ခြန္နာနီရဲ႕စကားကို ကြၽန္ေတာ္က နားလည္ေနခဲ့တာပဲေနာ္ "

နာနီ စကိုင္းကိုၾကည့္မိလိုက္တယ္။ စကိုင္းက တကယ္ကိုၾကည့္ေကာင္းတဲ့ထဲပါတယ္။ အရပ္ကလည္းနာနီထက္ရွည္တယ္။အသားအေရကလည္းဝင္းေနေသးတယ္။ ပိန္ပါးတယ္ဆိုတာထက္ နာနီ႕ထက္ေတာ့လူေကာင္ကႀကီးတယ္။ လုံးဝ Perfect!

" ခြန္နာနီ ဘာလို႔ ကြၽန္ေတာ့္ကိုအဲ့ေလာက္ၾကည့္ေနရတာလဲဗ်"

နာနီက ရွက္ကာ မ်က္ႏွာခ်က္ခ်င္းလႊဲလိုက္ၿပီး

" ဟို.. ဟို မၾကည့္ပါဘူး နာနီက ခြန္စကိုင္းကိုမၾကည့္ပါဘူးေနာ္ "

စကိုင္းက ရီလိုက္ၿပီး

" ၾကည့္ေနပါတယ္ ခြန္ ခုနက ကြၽန္ေတာ့္ကိုအၾကာႀကီး ၾကည့္ေနတာ ၿပဳံးေတာင္ၿပဳံးေနေသးတယ္ေလ "

" မၾကည့္ပါဘူးေနာ္ ခြန္စကိုင္း လူကိုမဟုတ္ဘဲ မတရားမစြတ္စြဲနဲ႕ "

" ဟားဟား ခြန္နာနီက ခ်စ္ဖို႔ေကာင္းလိုက္တာ ကြၽန္ေတာ္က စေနတာေလဗ် "

" ခြန္စကိုင္း! "

" ဗ် "

" ဟြန္း ထားပါေတာ့ ခြန္ကေရာ ဒီပန္းရဲ႕ အဓိပၸာယ္ကိုသိလို႔လား "

" အြန္း သိတယ္ေလ တ႐ုတ္စံကားဝါပန္းက ခြန္ေျပာသလိုမ်ိဳးပဲ မင္းနဲ႕ေတြ႕ခဲ့ရလို႔ဝမ္းသာတယ္ပါ မင္းတစ္ေယာက္ထဲကိုပဲခ်စ္ေနမယ္ ဆိုတာမ်ိဳးေပါ့ "

စကိုင္းက " မင္းနဲ႕ေတြ႕ခဲ့ရတဲ့အတြက္ဝမ္းသာပါတယ္ မင္းတစ္ေယာက္ထဲကိုပဲခ်စ္ေနမယ္" ဆိုတဲ့စကားကို နာနီနဲ႕မ်က္လုံး မ်က္လုံးခ်င္းဆုံၿပီး ေျပာတာေၾကာင့္ နာနီအၾကည့္လႊဲခဲ့ရတယ္။

တကယ္ေတာ့နာနီ စကိုင္းရဲ႕ အၾကည့္ကိုတကယ္ကိုပင္ ေရွာင္ဖယ္နိုင္စြမ္းမရွိ အေဝးကိုၾကည့္ေပမယ့္ စကိုင္းမ်က္လုံးစီအၾကည့္ျပန္ေရာက္သြားတယ္။

စကိုင္းရဲ႕အၾကည့္က အာဏာစက္ပါတယ္။ လႊမ္းမိုးနိုင္စြမ္းရွိတယ္။ သူ႕အၾကည့္ကိုရင္ဆိုင္နိုင္စြမ္းမရွိသလို ေရွာင္လႊဲနိုင္စြမ္းလည္းမရွိေပ။

နာနီေနရခက္ေနသည္ကိုသိတဲ့ စကိုင္းက အၾကည့္လႊဲလိုက္ၿပီး စကားလမ္းေၾကာင္းပါလႊဲလိုက္တယ္။

" ဒါနဲ႕ ခြန္နာနီ က ဒီပန္းကိုဘာလို႔ႀကိဳက္ရတာလဲ "

" အြန္း တ႐ုတ္စံကားဝါပန္းက လွလည္းလွတယ္ ၿပီးေတာ့ ေမႊးလည္းေမႊးတယ္ေလ "

နာနီက စံကားဝါပန္းကိုႏွာေခါင္းနားကပ္ကာနမ္းရင္းေျပာလိုက္တယ္။

" တကယ္ေမႊးတာလား? "

" အြန္း မယုံရင္ ဒီမွာ...အင္"

နာနီ႕စကားပင္ မဆုံးေသး စကိုင္းက နာနီနမ္းေနဆဲပန္းကို ေရွ႕တိုးကာ သူပါနမ္းလိုက္တာေၾကာင့္ နာနီတစ္ေယာက္စကားပါေျပာစရာမရွိပင္ျဖစ္သြားရတယ္။

စကိုင္းက ခ်က္ခ်င္းကိုယ္ကိုမ႐ုတ္ဘဲ ပန္းရဲ႕အနံ႕ကိုစကၠန့္အတန္ၾကာထိနမ္းၾကည့္ကာ နာနီ႕ရဲ႕ ေၾကာင္မ်က္လုံးဝိုင္းဝိုင္းေလးကိုၾကည့္ေနလိုက္တယ္။

နာနီက မတ္တပ္ထရပ္လိုက္ၿပီး ေခ်ာင္းဟန႔္လိုက္ကာ

" အဟမ္း ဟမ္း ခြန္...ခြန္စကိုင္း ဟို ခြန႔္အေမေတြေစာင့္..ေနေလာက္ၿပီထင္ သြား..ၾကရေအာင္ ေလ "

နာနီက ရွက္ရွက္အေရွ႕က သြက္သြက္ထြက္သြားတာေၾကာင့္ စကိုင္းက ရယ္ကာ အေနာက္ကေနလိုက္လာရတယ္။

--------------

နာနီ ျပန္ေတြးမိတာနဲ႕တင္ ရွက္လာတဲ့အျပင္ နာနီ႕ႏွလုံးခုန္ႏႈန္းေတြကလည္းျမန္လာေသးတယ္။

" အယ္ အယ္ သခင္ေလး ဘာျဖစ္တာလဲ ေနလို႔မေကာင္းတာလားဗ် မ်က္ႏွာႀကီးတစ္ခုလုံးရဲေနတယ္ "

အနားက အိုက္ကန္ေျပာတာေၾကာင့္ နာနီက ေခ်ာင္းဟန႔္ကာ

" အဟမ္း ဘာမွမျဖစ္ပါဘူး ေနေကာင္းပါတယ္။ ရာသီဥတုက နည္းနည္းပူလို႔ေလ အဟမ္း "

" ဟင္ ပူလို႔လား "

အိုက္ကန္ရဲ႕အေမးစကားကိုမသိခ်င္ေယာင္ေဆာင္ၿပီး အျပင္ကိုအၾကည့္လႊဲလိုက္ေတာ့ ေလွကမ္းဆိပ္နားမွာ လူေတြမ်ားေနတာကိုေတြ႕ရတာေၾကာင့္

" အိုက္ကန္ ဟိုမွာ ဘာေတြျဖစ္ေနၾကတာလဲ "

" ေဈးထဲသြားမို႔ထင္တယ္ သခင္ေလး မနက္ျဖန္အခမ္းအနားတစ္ခုရွိတယ္ေလ "

" ဟုတ္လား ဘာအခမ္းအနားမ်ားလဲ "

" ဟို သခင္မေလး လီနာရဲ႕ ေမြးေန႕ပြဲအခမ္းအနာပါ "

အျဖစ္အပ်က္ေတြကျမန္လိုက္တာ လီနာ့ရဲ႕ေမြးေန႕ေတာင္ေရာက္ၿပီတဲ့လား။ အမွန္ဆို လီနာရဲ႕ေမြးေန႕မတိုင္ခင္ထဲက စကိုင္းနဲ႕ လီနာက ေတာ္ေတာ္ေလးအဆင္ေျပေနရမွာ။ၿပီးေတာ့ စကိုင္းက လီနာကို သေဘာက်ေၾကာင္းေျပာၿပီး နမ္းခဲ့တာပဲ။

ဟုတ္ၿပီ။ ဒီတစ္ခါေတာ့မလႊဲေစရဘူး အဆင္ေျပေအာင္လုပ္ေပးရမယ္။

" အိုက္ကန္ လာသြားၾကရေအာင္ "

" ဟင္ ဘယ္လဲ သခင္ေလး "

စကားပင္မဆုံး အျမန္ေျပးထြက္သြားတဲ့ သခင္ေလးေၾကာင့္ အိုက္ကန္ခင္ဗ်ာ မနည္းအမွီလိုက္ရေတာ့တယ္။

" လီနာ!! "

" အစ္ကို "

" သ-သခင္ေလး ဝွား ေမာလိုက္တာ "

" အစ္ကိုနာနီ ဘယ္လိုလုပ္ေရာက္လဲတာလဲရွင့္ "

" လီနာ ေဈးသြားမလို႔လား အစ္ကိုလိုက္ခ်င္လို႔ "

" အာ အဆင္ေျပပါ့မလားအစ္ကိုနာနီ၊ ဟိုတစ္ခါတုန္းက အစ္ကို "

" ရပါတယ္ နာနီအဆင္ေျပတယ္ေလ လိုက္ခြင့္ေပးပါေနာ္ လီနာ "

နာနီက အတင္းပူဆာတာေၾကာင့္ လီနာက

" အင္းပါ အစ္ကိုနာနီ လိုက္ခဲ့လို႔ရပါတယ္ ဒါေပမယ့္ ဒီတစ္ခါ အဲ့ေန႕ကလို လမ္းမေပ်ာက္ေစပါနဲ႕ "

" အြန္းအြန္း လီနာ့အနားမွာပဲေနမယ္ေနာ္ ဟီး သြားၾကမယ္! သြားၾကမယ္ အိုက္ကန္ "

" ဟုတ္ ဟုတ္ ဟုတ္ကဲ့ အစ္ကိုေလး "

နာနီက လီနာနဲ႕ေဈးတန္းကိုသြားေနတဲ့ခရီးတစ္ေလွ်ာက္ ပတ္ဝန္းက်င္မွာေတြ႕တဲ့အရာေတြကို ၾကည့္ေနလိုက္တယ္။နာနီသိခ်င္တာေတြေမးဖို႔လုပ္ေပမယ့္ လီနာကမသိခ်င္ေယာင္ဘဲေဆာင္ကာမေျဖပဲေနေတာ့ နာနီကမေမးေတာ့ဘူး။

ေဈးတန္းထဲေရာက္ေတာ့ လီနာက ပုံမွန္အတိုင္း အခမ္းအနားမွာဝတ္ဖို႔ဝတ္စုံေတြ လက္ဝတ္လက္စားေတြကိုဝယ္တယ္။ အခမ္းအနားတြက္လိုအပ္တဲ့ ပစၥည္းအသုံးအေဆာငိေတြကိုလည္းဝယ္တယ္။

လီနာ လက္ဝတ္လက္စားဝယ္ေနတုန္း နာနီက ပစၥည္းေတြၾကည့္ၾကည့္ရင္း လက္ပတ္ေလးတစ္ခုကိုေတြ႕တယ္။ နာနီက အဲ့လက္ပတ္ေလးကိုကိုင္ၾကည့္လိုက္တယ္။

ပတ္ပတ္လည္ကို အစိမ္းေရာင္ေက်ာက္ အေသးေလးေတြနဲ႕အလွဆင္ထားၿပီး ရိုးရိုးရွင္းရွင္းေလးနဲ႕လွပတယ္။ ေက်ာက္အတြင္းပိုင္းမွာထြင္းထားတဲ့ ထိုင္းစကားလုံးကလည္း ေသသပ္ၿပီး အႏုပညာဆန္တယ္။

နာနီလိုခ်င္ေပမယ့္ မယူေတာ့ဘဲ ျပန္ထားခဲ့လိုက္တယ္။

လီနာက သူဝယ္ခ်င္တာဝယ္ၿပီးတာနဲ႕ လွည့္ထြက္သြားတာေၾကာင့္ နာနီလည္း အေနာက္ကေနလိုက္သြားလိုက္တယ္။

ဝယ္တဲ့ပစၥည္းေတြကမ်ားတာေၾကာင့္ အေစခံေတြကို ပစၥည္းေတြ ေလွစီအရင္သြားထားခိုင္းလိုက္ၿပီး အခ်ိဳပြဲျပင္ဖို႔ လိုအပ္တာေတြသြားဝယ္မယ္ဆိုၿပီးထြက္သြားတာေၾကာင့္ နာနီက သူ႕ညီမေနာက္လိုက္ရျပန္တယ္။

မုန႔္ကုန္ၾကမ္းပစၥည္းေတြက ေဈးအေနာက္ဘက္မွာရွိတာျဖစ္တယ္။ ဒီတစ္ခါသြားတဲ့အခါမွာေတာ့ အေစခံေတြမပါဘဲ နာနီနဲ႕လီနာႏွစ္ေယာက္ထဲျဖစ္တယ္။

လီနာ ဝယ္ၿပီးလွည့္အထြက္ပဲရွိေသး ေဈးထဲက အမူးသမားအုပ္စုက ေရာက္လာတာေၾကာင့္

" အိုးး အလွေလးေတြပဲ "

နာနီက သူ႕ညီမကိုထိကပါးရိကပါးလုပ္တာေၾကာင့္ အေရွ႕ကာလိုက္ၿပီး

" မင္း! မင္းဘာသာမင္းေအးေဆးေန မင္းအရက္ေသာက္ဖို႔မရွိတာဆို ေပးမွာမို႔ ငါ့ညီမကိုလာမႏွောင့္ယွက္နဲ႕ "

အမူးသမားအုပ္စုက တဟားဟားနဲ႕ေအာ္ရီၾကကာ

" အဲ့တာဆို မင္းကိုႏွောင့္ယွက္ရင္ေရာ ရလား "

" မင္း ဘာစကားေျပာတာလဲ "

နာနီ အေရွ႕ကလူကိုတြန္းကာေျပာလိုက္တာေၾကာင့္ အမူးသမားေတြက ေဒါသထြက္ၿပီး နာနီကို လက္နဲ႕ ရိုက္ဖို႔အ႐ြယ္မွာတင္ လက္ကိုလိမ္ခ်ိဳးခံလိုက္ရတယ္။

" သခင္ေလး စကိုင္း "

နာနီက ေၾကာက္လို႔မ်က္လုံးမွိတ္ထားတာေၾကာင့္ဘယ္သူေရာက္လာမွန္းမသိေပမယ့္ သူ႕အေနာက္က လီနာဆီမွ အသက္ထြက္လာတာေၾကာင့္ နာနီမ်က္လုံးဖြင့္ၾကည့္လိုက္တယ္။

" ခြန္စကိုင္းဝုန္ဂရာဝီး "

စကိုင္းက အမူးသမားေတြထဲက နာနီ႕ကိုလက္နဲ႕႐ြယ္တဲ့ေကာင္ကို စိုက္ၾကည့္ေနတာျဖစ္ၿပီး သူ႕လက္ကိုလည္းမလႊတ္ေပးေသး။

လက္ကိုလိမ္ခ်ိဳးခံထားရဲ႕နာက်င္မႈေၾကာင့္အမူးသမားကအသားကုန္ေအာ္ဟစ္ေနတယ္။

စကိုင္းက အမူးသမားအေကာင္ရဲ႕လက္ကိုလႊတ္ေပးလိုက္ၿပီး သူအၿမဲေဆာင္ထားေလ့ရွိတဲ့ဓားကိုထုတ္တာေၾကာင့္ နာနီကစကိုင္းလက္ကိုကိုင္ကာ တားရေတာ့တယ္။

ဘာလို႔ဆို ဒီအျပဳအမႉကာ စကိုင္းေဒါသအရမ္းျဖစ္တဲ့အခါမွာလုပ္တတ္တဲ့ အျပဳအမႉမ်ိဳးေၾကာင့္ေပ။ နာနီက စကိုင္းရဲ႕ကာရိုက္တာကို ဘယ္ျပႆနာလာလာ စိတ္ေအးလက္ေအးထားၿပီးေျဖရွင္းၿပီး ေဒါသထြက္ကာမွလက္သုံးတဲ့ပုံစံမ်ိဳးကိုဖန္တီးေပးထားတာမို႔ပင္။

" ခြန္စကိုင္း "

နာနီက လက္ကိုင္ထားရင္း ေခါင္းခါျပတာေၾကာင့္ စကိုင္းက အသက္ကိုရႉထုတ္လိုက္ကာ ေဒါသစိတ္ကိုျပန္ထိန္းလိုက္တယ္။

အမူးသမားေတြကေတာ့ ေၾကာက္လြန္းလို႔ပင္ ေျပးသြားၾကေတာ့တယ္။

" အဆင္ေျပရဲ႕လား ဘာျဖစ္သြားေသးလဲ သူဘယ္ေနရာေတြထိသြားေသးလဲ "

စကိုင္းက နာနီ႕ကိုလွည့္ၾကည့္ၿပီး စိုးရိမ္စိတ္နဲ႕ေမးတာေၾကာင့္နာနီက

" စိတ္ေအးေအးထားေနာ္ လီနာဘာမွမျဖစ္ဘူး ငါလီနာကို ကာကြယ္လိုက္တယ္။ "

နာနီရဲ႕အေျဖေၾကာင့္ စကိုင္းက နားမလည္တဲ့အၾကည့္နဲ႕ၾကည့္ကာ

" ကြၽန္ေတာ္က ခြန္နာနီကိုေမးေနတာ "

" ေအာ္ ဘာမွမျဖစ္ပါဘူး ေအးေဆးပဲဟဲဟဲ "

" သခင္ေလးစကိုင္းကို ေက်းဇူးတင္ပါတယ္။ သခင္ေလး ကြၽန္မတို႔အသက္ကိုကယ္တာ ႏွစ္ခါရွိပါၿပီ ေက်းဇူးတင္ပါတယ္ေနာ္ "

အေနာက္မွာေရာက္ေနတဲ့ လီနာက နာနီနဲ႕စကိုင္းရဲ႕ၾကားထဲကိုဝင္ေရာက္လာၿပီး စကားၾကားျဖတ္ဝင္ေျပာတယ္။

" ရပါတယ္ဗ် ေလွဆိပ္ကမ္းကိုျပန္မယ္ဆို ကြၽန္ေတာ္လိုက္ပို႔ေပးပါ့မယ္ဗ် "

စကိုင္းရဲ႕အေျပာစကားေၾကာင့္ လီနာက ၿပဳံးကာ

" ေက်းဇူးတင္ပါတယ္ သခင္ေလးစကိုင္းရွင့္ "

နာနီတို႔ သုံးေယာက္တူတူသြားၾကရင္း ေလွဆိပ္ကမ္းနားေရာက္လာၾကတယ္။

" သခင္ေလး ကြၽန္ေတာ္လိုက္ရွာလိုက္ရတာဗ်ာ "

အိုက္ကန္က နာနီ႕အနားေျပးလာၿပီးေျပာတယ္။

နာနီက အကုန္လုံးအိုက္ကန္ကိုေျပာျပလိုက္ေတာ့ အိုက္ကန္က

" သခင္ေလးဘာျဖစ္သြားေသးလဲ ကြၽန္ေတာ္ကိုျပအုံး" ဟုဆိုကာ နာနီကိုတစ္ပတ္လွည့္ကာၾကည့္ေနတယ္။

စကိုင္းက အိုက္ကန္ရဲ႕လက္ကိုညွစ္လိုက္တာေၾကာင့္

" အား အာ့ နာ နာ နာတယ္ "

" အယ္ ခြန္စကိုင္း မလုပ္နဲ႕ေလ လႊတ္လိုက္ပါ "

နာနီေျပာမွလႊတ္ေပးလိုက္ၿပီး

" အဟမ့္ ေခ်ာ္က်ကဳန္မွာစိုးလို႔ "

လက္နာသြားတဲ့ အိုက္ကန္က နာနီ႕အေနာက္ဝင္ေနလိုက္တယ္။

" ကြၽန္ေတာ္လိုက္ပို႔ေပးဖို႔ လိုေသးလားဗ် "နာနီ႕ကိုၾကည့္ၿပီးေမးလာတဲ့ စကိုင္းေၾကာင့္ နာနီ တစ္ခုခုကိုသတိရကာ

" လိုတယ္ လိုတယ္ "

စကိုင္းကၿပဳံးသြားၿပီး " ကြၽန္ေတာ့္မွာ ေလွပါ ပါတယ္။ ခြန္နာနီကြၽန္ေတာ့္ေလွနဲ႕လိုက္ခဲ့လို႔ရပါတယ္ "

" အာ ကြၽန္ေတာ္က အဆင္ေျပတယ္ လီနာေလးကိုေခၚသြားလိုက္ပါ။ "

နာနီ႕စကားလည္းအဆုံး စကိုင္းၿပဳံးေနရာကခ်က္ခ်င္းရပ္သြားတယ္။

အို႔။

" ခြန္နာနီ လိုက္မွာမဟုတ္ဘူးလားဗ် မိန္းကေလးနဲ႕ေယာကၤ်ားေလး တစ္ေလွထဲအတူတူသြားရင္ မသင့္ေတာ္ေလာက္ဘူးဗ် "

" သင့္ေတာ္တယ္ သင့္ေတာ္တယ္။သြားသြားေခၚသြားလိုက္။ ခုနက အမူးသမားေတြနဲ႕ထပ္ေတြ႕ေနမွာစိုးလို႔ပါ ေနာ္ ေနာ္ ခြန္စကိုင္း "

" အဲ့တာဆို ခြန္ကေရာဗ်။ ခြန္နာနီေရာ သူတို႔နဲ႕ထပ္ေတြ႕ရင္ ဘယ္လိုလုပ္မလဲဗ် "

" ရပါတယ္ ဒီမွာေလ ငါ့မွာအေစခံေတြအမ်ားႀကီးပါေသးတယ္ "

အိုက္ကန္ကိုလက္ညွိုးထိုးကာ ၿပဳံးၿပီးေျပာလိုက္တာေၾကာင့္ အိုက္ကန္က ေဘးပတ္ပတ္လည္ၾကည့္ကာ အေစခံေတြကိုေရတြက္လိုက္တယ္။

ဘုရားစူး ကြၽန္ေတာ္တစ္ေယာက္ထဲပဲရွိတာ။

" သခင္ေလး ကြၽန္ေတာ္တစ္ေယာက္ထဲၿပီးေတာ့ ကြၽန္ေတာ္မွမတိုက္ခိုက္တတ္တာ" အိုက္ကန္ကနာနီ႕နားကိုကပ္ကာေျပာတာေၾကာင့္ နာနီကလည္းကိုယ္ကိုအေနာက္ဘက္ကိုအနည္းငယ္ယိုင္ကာ

" ဘာမွမျဖစ္ဘူးသူတို႔လိုက္မလာေတာ့ဘူး ငါ့ဘာသာေလွ်ာက္ေျပာတာ ရယ္ျပလိုက္ "

နာနီေရာ အိုက္ကန္ေရာ ႏွစ္ေယာက္လုံးအတူတူရယ္ျပလိုက္ၾကတယ္။

" စိတ္ခ်ပါ ခြန္စ- အဲ သခင္ေလးစကိုင္းဗ် ကြၽန္ေတာ့္သခင္ေလးကို ကြၽန္ေတာ္အိုက္ကန္က အသက္နဲ႕ရင္းၿပီးေစာင့္ေရွာင္မွာပါ ဟီး"

အိုက္ကန္က သူ႕သခင္ေလးေခၚသလို ခြန္စကိုင္းလို႔ေခၚဖို႔အလုပ္ စူးစူးရဲရဲအၾကည့္ခံလိုက္ရတာေၾကာင့္ သခင္ေလးလို႔ေျပာင္းေခၚလိုက္ရတာျဖစ္တယ္။

စကိုင္းကေခါင္းညိမ့္လိုက္တာေၾကာင့္နာနီကရီျပလိုက္တယ္။ ၿပီးေတာ့ နာနီကို စကိုင္းက အိုက္ကန္ရဲ႕ေလွနားထိလိုက္ပို႔တဲ့

" ေသခ်ာတက္ပါဗ် "

" စိတိမပူနဲ႕ ေအးေဆးပါ- အယ္ အယ္"

စကိုင္းက မွာတာေၾကာင့္ နာနီက စကိုင္းကိုလွည့္ၾကည့္ရင္း မ်က္လုံးတစ္ဖက္မွိတ္ျပကာ ရီျပတုန္း ေျခေခ်ာ္သြားတာေၾကာင့္ စကိုင္းက နာနီ႕ရဲ႕ခါးကိုအျမန္လွမ္းဖမ္းရတယ္။

" ၾကည့္! ခြန္ အၿမဲတမ္းနေမာ္နမဲ့နဲ႕ ဘယ္လိုလုပ္စိတ္မပူပဲေနနိုင္မွာလဲဗ် "

" အဲ့တာ ခြန္ေၾကာင့္‌ေလ "

စကိုင္းက နာနီ႕ကိုကိုင္ထားရင္းေလွေပၚေရာက္သည္ထိ ပို႔ေပးတယ္။

" သြားၿပီေနာ္ ခြန္စကိုင္း နာနီ႕ညီမကိုေသခ်ာေလး ဂ႐ုစိုက္ေပးပါေနာ္ "

စကိုင္းက ေခါင္းညိမ့္ျပကာ သူ႕ေလွေပၚကိုတက္လိုက္တယ္။ လီနာက သူ႕ကိုတင္ေပးမယ္အမွတ္နဲ႕ေစာင့္ေနေပမယ့္ စကိုင္းကေနရာမွထိုင္ၿပီး။

" တက္ပါဗ် "

" ေက်းဇူးတင္ပါတယ္ရွင့္ သခင္ေလးစကိုင္း "

စကိုင္းက တစ္ဖက္ျခမ္းမွာရွိတဲ့နာနီတို႔ေလွကိုလွမ္းၾကည့္လိုက္တယ္။ နာနီကေတာ့ သူ႕အေစခံအိုက္ကန္ဆိုတဲ့သူနဲ႕စကားေတြေျပာကာရယ္ေနၾကတာကိုေတြ႕ရတယ္။

" သခင္ေလးစကိုင္းနဲ႕ အစ္ကိုနာနီနဲ႕က အေတာ္ေလးသိကြၽမ္းၾကတဲ့ပုံပဲေနာ္ "

" ဟင္ အင္း ရင္းႏွီးၾကပါတယ္ " ဆိုတဲ့စကားကို စကိုင္းကႏူးႏူးညံ့ညံ့ေလးၿပဳံးကာ နာနီတို႔ေလွဘက္ကို ၾကည့္ရင္းေျပာလိုက္တယ္။

လီနာက သူ႕လက္ကဒဏ္ရာကို စကိုင္းျမင္ေအာင္ ျပထားလိုက္တယ္။

" အာ့ ကြၽစ့္ "

" အဆင္ေျပလားဗ် "

" ေျပပါတယ္ရွင့္ အရင္ကဒဏ္ရာကိုသြားၿပီးထိမိလို႔ပါ "

စကိုင္းက ဒဏ္ရာကိုျမင္သြားေပမယ့္ ဘာမွမေမးဘဲ အၾကည့္လႊဲသြားတာေၾကာင့္ လီနာကပဲ

" အစ္ကို အျပစ္ေပးထားတာေလ "

" ခြန္နာနီ?"

" ဟုတ္တယ္ရွင့္ အစ္ကိုက အရင္ကတည္းက ညီမတို႔သားမိကိုအထင္လြဲၿပီး သူစိတ္ထင္တိုင္းအၿမဲလုပ္တာေလ သူစိတ္တိုင္းမက်ရင္ အေစခံေတြအေပၚလည္း အၿမဲရိုက္ႏွက္ လက္ပါလို႔ေျပာမိရင္ ညီမကို အျပစ္ေပးတယ္ေလ "

စကိုင္းရဲ႕မ်က္ဝန္းမွာ မယုံၾကည္မႈေတြအျပည့္ျဖစ္ေနၿပီး

" သခင္ေလးမယုံနိုင္တာသိပါတယ္။ သခင္ေလးကိုလည္းသတိေပးခ်င္ပါတယ္။မေျပာသင့္ေပမယ့္ အစ္ကိုက အရင္ထဲက အၿမဲတမ္း လူေကာင္းပုံစံနဲ႕ေနၿပီး အဲ့လိုမ်ိဳးေတြလုပ္တတ္တာေၾကာင့္ တစ္ခ်ိန္ခ်ိန္ သခင္ေလးကိုထိခိုက္မွာကို စိုးရိမ္မိလို႔ပါ "

စကိုင္းက နာနီတို႔ေလွဘက္ကိုလွမ္းၾကည့္ၿပီး ေတြေဝေနတယ္။

လီနာကေတာ့ ၿပဳံးၿပဳံးေလးနဲ႕ပဲ စကိုင္းကိုၾကည့္ေနလိုက္တယ္။

///////////////

There are no comments yet. Log in to be the first to leave a review!

Similar stories