အပိုင်း(၁)☔
10:44, 27 June 2024မိုးဖွဲလေး☔ အပိုင်း(၁)
မိုးရနံ့တွေသင်းတဲ့ဒီမြေနီလမ်းလေးထဲမင်းနဲ့တွေ့ဆုံခဲ့တယ်သောကြာနေ့ရဲ့ညနေခင်းတိုင်းမှာလည်းမင်းလာနေကြလမ်းလေးအတိုင်းကိုယ်စောင့်မျှော်နေမိတယ်မင်းနဲ့စတဲ့ကံကြမ္မာကိုမင်းနဲ့သာအဆုံးသတ်ချင်သူမို့မိုးစက်လေးတွေအောက်ကကိုယ့်အပိုင်မိုးဖွဲလေးဖြစ်လို့ပေးပါ
☔ ☔ ☔
ကားမှန်အကြည်လေးပေါ်သို့ကျရောက်လာတဲ့မိုးစက်ပေါက်လေးများအား လက်ကလေးဖြင့်သူပွတ်သပ်ကြည့်နေမိသည်။မှန်လေးပေါ်သို့ကျရောက်လိုက် တဖြည်းဖြည်းအောက်သို့စီးကျသွားလိုက်ဖြစ်နေသောမိုးစက်ပေါက်လေးများအားကြည့်ကာ နှုတ်ခမ်းပါးလေးမှာပြုံးယောင်သမ်းလာသည်။
သူမိုးရာသီကိုသိပ်ချစ်ပါသည်။အထူးသဖြင့်မိုးစက်လေးတွေအောက်ကထီးလေးတစ်ချောင်းနဲ့မိုးဖွဲလေးကိုပိုချစ်သည်။
Juneလမိုးရာသီရဲ့မိုးဖွဲလေးကသူ့ရဲ့နှလုံးသားကိုလှုပ်ခတ်စေခဲ့သည်။
Jeon Jungkookဆိုတဲ့လူရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်တာ ဒီကမ္ဘာမှာမိုးဖွဲလေးတစ်ယောက်သာရှိသည်။အခုလည်းမိုးဖွဲလေးရဲ့လာနေကြလမ်းလေးအတိုင်းသူစောင့်မျှော်နေမိပြန်သည်။မိုးဖွဲလေးကိုပြီးခဲ့တဲ့သောကြာနေ့ကဒီမြေနီလမ်းလေးအတိုင်းလမ်းလျောက်လာသည်ကိုသူပထမဆုံးတွေ့လိုက်ခြင်းဖြစ်သည်။အဝါရောင်Hoodieအပွလေးကိုဂျင်းဘောင်းဘီအပြာနုလေးနဲ့တွဲဝတ်ထားပြီးလက်ထဲတွင်ထီးအကြည်လေးဆောင်းကာ တစ်ချက်တစ်ချက်မိုးရေစက်လေးများကိုထီးလေး၏အပြင်မှထွက်၍လက်ဖဝါးလေးဖြန့်ကာခံယူနေသည်။ထိုမြင်ကွင်းလေးဟာကိုယ့်အတွက်တော့အေးချမ်းရာလေးတစ်ခု။ဘာကြောင့်ယောကျာ်းလေးတစ်ယောက်က ဒီလောက်အေးချမ်းတဲ့အပြုအမူလေးကိုဆောင်ယူဖန်တီးနိုင်ရပါသနည်းသူမသိ။
သိခဲ့တာတစ်ခုသာရှိသည်။မျက်စိရှေ့မှအေးချမ်းရာလေးကြောင့်အဲ့နေ့ကစိတ်ရှုပ်စရာတွေကင်းဝေးသွားတာတော့ကျိန်းသေပေါက်ပင်။လူတွေပြောကြတဲ့မြင်မြင်ချင်းအချစ်ဆိုတာကိုJungkookအခုတော့ယုံကြည်နေမိသည်။
အခုချိန်အချစ်ဆိုတာဘာလဲလို့မေးရင်မိုးစက်လေးတွေအောက်ကထီးလေးတစ်ချောင်းနဲ့မိုးဖွဲလေးလို့ဘဲသူဖြေမိမှာကျိန်းသေပင်။
.......
June11ရက်နေ့
"ပစ္စည်းတွေအကုန်ချပြီးပါပြီအကိုလေး ကျွန်တော်တို့ကိုဘာခိုင်းစရာရှိသေးလဲဗျ"
"အကုန်လုံးချပြီးပြီဆိုတော့အားလုံးအိမ်ပြန်လို့ရပါပြီ ကားထဲကပုံးတစ်ပုံးကိုတော့ကျွန်တော်ဘဲကိုယ့်ဘာသာသွားယူလိုက်ပါ့မယ်"
"ဟုတ်ကဲ့ အဲ့တာဆိုကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအုံး"
အလုပ်သမားကောင်လေးများထွက်သွားမှ ဆိုင်ခန်းကိုJungkookတစ်ချက်ပြန်ပတ်ကြည့်ကာ လိုအပ်သည်များဝယ်ရန်မှတ်စုစာအုပ်လေးဖြင့်လိုက်မှတ်နေသည်။သူငယ်ချင်းHoseokနဲ့ပေါင်းပြီးကော်ဖီဆိုင်လေးတစ်ခုဖွင့်ဖို့အရင်ထဲကကြံရွယ်ထားသော်လည်း အခုနှစ်ပိုင်းမှလက်တွေ့အကောင်အထည်ဖော်မိခြင်းဖြစ်သည်။အခုတော့နေရာကောင်းလေးလည်းတွေ့၍အမြန်ပင်ဒီဇိုင်းရေးဆွဲပြီးကိုယ်တိုင်ပြုပြင်ဖို့ကျန်ရွယ်ထားသည်။ဗိသုကာနှင်ကျောင်းပြီးထားသူဖြစ်၍ကိုယ့်စိတ်က်ြုက်ပုံစံလေးရေးဆွဲကာဆောက်လုပ်ထားသည်မှာအခုဆိုအကုန်လုံးပြီးစီးနေပြီဖြစ်သည်။ကော်ဖီဆိုင်လေးအတွက်လိုအပ်သည့်ပြင်ဆင်မှုများသာအနည်းအကျဉ်းဝယ်ရန်ရှိပြီး ရှေ့တစ်ပတ်လောက်ဆိုဆိုင်စဖွင့်မည်ဟုတွေးထားသည်။
လိုအပ်သည်များအကုန်မှတ်ပြီးသည်နှင့်ကားထဲမှစက္ကူပုံးတစ်ပုံးအားယူဖို့သတိရသွားသည်။ကော်ဖီဆိုင်လေးမှာချိတ်ရန်ပန်းချီကားများဝယ်လာခြင်းဖြစ်ပြီးကားနောက်ခန်းထဲထည့်ထားတာ၂ရက်လောက်ပင်ရှိနေပြီ။ဒီနေ့မှအေးဆေးတစ်ယောက်ထဲလာချိတ်မည်ဟုတွေးထား၍ ကားထဲ၌အဲ့တိုင်းထား,ထားခြင်းဖြစ်သညိ။
ဆိုင်ရှေ့လေးမှာဘဲရပ်ထားတဲ့ဆလွန်းကားအဖြူရောင်လေး၏နောက်ဖုံးလေးအားJungkookဖွင့်ကာစက္ကူပုံးတစ်ခုအားမ,ယူ၍သယ်လိုက်သည်။အရမ်းကြီးမားတဲ့ပန်းချီကားမျိုးတွေဝယ်လာခြင်းမျိုးမဟုတ်ဘဲ သေးသေးလေးနှင့်ချစ်ဖို့ကောင်းတဲ့ပန်းချီကားလေးများကိုသာ၁၀ခုလောက်ဝယ်လာခဲ့ခြင်းဖြစ်၍စက္ကူပုံးထဲထည့်ယူလာလို့ရသည်။
စက္ကူပုံးတစ်ပုံးမှာပန်းချီကားငါးချပ်လောက်သာထည့်ထား၍ပုံးတစ်ပုံးအားအရင်ယူကာဆိုင်ထဲသို့သွားထားလိုက်သည်။နောက်ပုံးတစ်ပုံးယူရန်အပြင်သို့အထွက်ရုတ်တရက်ပင်ဝုန်းခနဲရွာချလိုက်သောမိုး။
မိုးကသည်းသည်းမဲမဲမရွာသော်ငြားဖြေးဖြေးချင်းအရှိန်မြင့်လာ၍ Jungkookလည်းနောက်ပုံးတစ်ပုံးအားယူရန်ကားဆီသို့အမြန်ပြေးသွားလိုက်သည်။နောက်ခန်းထဲမှာကျန်နေတဲ့စက္ကူပုံးအားအမြန်ဆွဲယူ၍ ကားတံခါးအားlockချအပြီးဆိုင်ထဲဝင်ဖို့ေခြလှမ်းများအပြင် တစ်စုံတစ်ခုသောအရာကသူ့ရဲ့ခြေလှမ်းလေးများကိုတုံ့နှေးသွားစေခဲ့သည်။
မိုးစက်ပေါက်လေးတွေကြားအဝါရောင်အရိပ်လေးတစ်ခု။သေချာကြည့်မှHoodieအဝါရောင်အထူလေးနှင့်ကောင်လေးတစ်ယောက်ဖြစ်နေသည်။ထီးအကြည်လေးကိုစောင်းကာအေးဆေးပင်လမ်းမလေးအတိုင်းလျောက်လာပြီး မိုးစက်လေးများအားထီးအပြင်ဘက်မှခံယူ၍မျက်နှာလေးမှပျော်ရွှင်ခြင်းအရိပ်ယောင်လေးတစ်ခုဖြတ်ပြေးနေသည်။တစ်ချက် တစ်ချက်ခြေလှမ်းလေးများအားအရှိန်မြှင့်ကာခုန်ဆွခုန်ဆွလေးဖြင့်လည်းထီးလေးဆောင်းကာလျောက်လာသေးသည်။မိုးစက်လေးတွေကြားထဲကအဝါရောင်လေးက Jungkookမျက်လုံးထဲတော်တော်ကိုထင်းနေသည်။လောကကြီးနှင့်အဆက်သွယ်ပြတ်သွားတဲ့အထိအဝါရောင်ကောင်လေးကိုသူငေးကြည့်နေခဲ့မိသည်။သတိဝင်တဲ့အချိန်မှာသူ့လက်ထဲကစက္ကူပုံးမှာမိုးရေများစိုရွှဲနေပြီဖြစ်သလို သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်းမိုးများစိုရွှဲနေခဲ့သည်။
ဟာ သွားပြီ....။
အခုမှကိုယ့်အဖြစ်ကိုသတိရသွားကာခြေလှမ်းကျဲများဖြင့်ဆိုင်ထဲအမြန်ပြေးဝင်ရသည်။ဆိုင်ထဲရောက်တဲ့အချိန်သံယောဇဉ်အမျှင်စလေးအားမပြတ်နိုင်စွာ လည်ပင်းလေးအားအပြင်သို့စောင့်ငဲ့ကြည့်မိပြန်သည်။ဆိုင်ပုံစံလေးကအပြင်ကိုမြင်ရအောင်မှန်များဖြင့်သာပြုလုပ်ထား၍ဆိုင်အပြင်ကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်သည်။သို့သော်အဝါရောင်လေးကတော့ဖြင့် ကိုယ့်ဆိုင်ရှေ့ရောက်မလာခဲ့။
သူဘာကြောင့်ဤအရာလေးအားကိုယ့်ဆိုင်ရှေ့ဖြတ်လျောက်စေချင်ရသနည်း။ဤအရာလေးကိုထပ်ပြီးမြင်ချင်၊တွေ့ချင်စိတ်တွေရင်ထဲကြီးစိုးလာရသနည်း။ဆိုင်ထဲပြန်ဝင်လာသည်ကိုပင်နောင်တရချင်သလိုလို။အမြန်ပင်စက္ကူပုံးအားခုံတစ်ခုပေါ်တင်၍အပြင်သို့ပြန်ပြေးထွက်ကာ စောနကအဝါရောင်ကောင်လေးအားမျက်စိလေးဝှေ့ယမ်းကာပြန်ရှာလိုက်သည်။သို့သော်အရိပ်လေးပင်မတွေ့ရတော့။ခုနကအဝါရောင်လေးခုန်ပေါက်လာခဲ့တဲ့မြေနီလမ်းလေးဟာဖြင့်လူရှင်းလင်းနေသည်။ရင်ထဲတစ်ခုခုအားအလိုမကျသလိုစိတ်ထဲမတင်မကျဖြစ်သွားရသည်။အခုမှတကယ်ပင်နောင်တရချင်လာပြီးကိုယ့်ကိုကိုယ်စိတ်ထဲ၌သာတိတ်တခိုးဒေါသဖြစ်နေမိသည်။
ကံမကုန်သေးရင်ပြန်ဆုံချင်သေးတယ်အဝါရောင်လေးရယ်...။
~~~
"မျက်နှာလဲမကောင်းပါလားJungkookဘာဖြစ်နေတာလဲ"
ကောင်တာရှိစားပွဲပေါ်တွင်လက်ပေါ်မေးထောက်၍မျက်နှာညှိုးနေသောသူငယ်ချင်းဖြစ်သူအား Hoseokမေးလိုက်သည်။ဒီကောင်အခုတစ်လောတမှိုင်မှိုင်နဲ့ဘာဖြစ်နေမှန်းကိုမသိ။ဒီနေ့ဆိုသူငယ်ချင်းနှစ်ယောက်ပေါင်းပြီးကော်ဖီဆိုင်လေးဖွင့်တာတစ်ပတ်တင်းတင်းပြည့်တဲ့နေ့။စစဖွင့်ချင်းဖြစ်၍လူလည်းသိပ်မများဘဲအလုပ်ရှုပ်သက်သာနေသည်။နောက်ပိုင်းတော့မပြောတတ်။အခုတော့နှစ်ယောက်သားစကားပြောလိုက်၊အလှည့်ကျကောင်တာလေးထိုင်စောင့်လိုက်နှင့်သာအချိန်ကုန်နေသည်။တခြားစီးပွားရေးလုပ်ငန်းများအသီးသီးရှိသော်လည်းအရေးကြီးမှသာcompanyသို့သွားသည်။Jungkookမအားတဲ့အချိန်ဆိုHoseokဘဲဆိုင်ထိုင်ပြီး၊Hoseokမအားတဲ့အချိန်ဆိုJungkookကဆိုင်ထိုင်ပေးသည်။သို့သော်လည်းနောက်ပိုင်းနှစ်ယောက်ထဲနဲ့အဆင်မပြေနိုင်၍အချိန်ပိုင်းအလုပ်သမားလေးတစ်ယောက်လောက်တော့ခေါ်ခန့်မည်ဟုကြိုစဉ်းစားထားမိသည်။
"ငါတို့ဟိုတစ်လောကပြောထားတဲ့အချိန်ပိုင်းအလုပ်သမားခေါ်မယ်ဆိုတဲ့ကိစ္စလေအဲ့တာမင်းဘယ်လိုသဘောရလဲ"
"ငါကအဆင်ပြေပါတယ် မင်းသာရွေးခန့်လိုက်"
အဝေးတစ်နေရာအားငေးကာအသက်မပါသလိုဖြေလာသောJungkookကိုကြည့်၍Hoseokကိုယ့်ခေါင်းကိုတစ်ချက်ခါရမ်းကာ...
"အေးပါ။အဲ့တာဆိုလဲငါဘဲစီစဉ်လိုက်တော့မယ်။ဒါနဲ့မင်းကအခုတစ်လောဘာဖြစ်နေတာလဲ။မေးတာလဲမဖြေဘူး။မင်းပြောမှငါကူစဉ်းစားပေးလို့ရမှာပေါ့"
"ငါပြောပြရမှာလား"
ပြောနေပုံကအသက်မပါ။မသိတဲ့သူများကြည့်မိရင်ကိုယ်ကပဲသူ့ကိုထမင်းမကျွေးဘဲအလုပ်ခိုင်းထားသည့်ပုံစံဖြစ်နေသည်။
"မင်းပြောပြရင်ငါအကောင်းဆုံးစဉ်းစားပေးမှာပေါ့Jungkookရ"
"အဲ့တာဆိုပြောပြမယ်"
ဒီလိုကွာကနေအစချီ၍မိုးစက်လေးတွေအောက်ကတွေ့ခဲ့ရတဲ့အဝါရောင်လေးနှင့်အကြောင်းအားသူငယ်ချင်းဖြစ်သူအားအစအဆုံးပြောပြလိုက်သည်။
"မင်းဟာကလဲ ကောက်ရိုးပုံထဲအပ်လိုက်ရှာတာထက်ကိုဆိုးနေတယ်။ဘယ်သူဘယ်ဝါမှန်းမသိ။ဘယ်ကမှန်းမသိ။ယုတ်စွအဆုံးသူ့နာမည်တောင်မသိဘဲငါတို့က အဲ့ဒီ့တစ်ယောက်ကိုဘယ်လိုသွားရှာကြမလဲ"
"မင်းပြောတာမှန်ပါတယ်ကွာ။ဒါပေမဲ့ငါသူ့ကိုအရမ်းပြန်တွေ့ချင်တယ်ကွာ။ငါ့နှလုံးသားကိုသူအရမ်းလှုပ်ခတ်နိုင်တယ်"
"အဲ့တာဆိုလဲ အဲ့နေ့ထဲကတစ်ခါတည်းသူ့ဆီပြေးသွားပြီးနာမည်လေးဘာတွေသွားမေးလိုက်ပါလား။မင်းဘာသာဆိုင်ထဲပြေးဝင်ပြီးတော့များအခုမှတမှိုင်မှိုင်တတွေတွေလာလုပ်နေတယ်"
"ငါလဲတကယ်နောင်တရပါတယ်ကွာ။ငါပြန်ထွက်ရှာတော့သူ့အရိပ်လေးတောင်မတွေ့ရတော့ဘူး... ဟူးးး"
လေပူပြင်းပြင်းတစ်ချက်မှုတ်ထုတ်ကာJungkookသက်ပြင်းချလိုက်မိသည်။
တစ်ပတ်တိတိ...။
လုံးဝတစ်ပတ်တိတိ ဆိုင်ရှေ့လေးမှာအဝါရောင်လေးကိုတွေ့လိုတွေငြားသူစောင့်နေခဲ့မိသည်။သို့သော်အဝါရောင်နဲ့ပတ်သတ်တဲ့အရာလေးတောင်မတွေ့မိ။ခြောက်ကပ်နေတဲ့မြေနီလမ်းလေးကလွဲ၍အရာအားလုံးဟာသူ့နေရာနဲ့သူအစီအစဉ်တကျ။အစီအစဉ်မကျသည့်အရာဆို၍ကိုယ့်နှလုံးသားလေးတစ်ခုသာကျန်သည်။အဝါရောင်ကောင်လေးတစ်ယောက်သာ ကိုယ့်ရဲ့အစီအစဉ်မကျတဲ့ကမ္ဘာလေးကိုပြန်လည်တည့်မတ်ပေးနိုင်တော့မည်။
အချစ်ဆိုသည်မှာ အချိန်ရှည်ကြာခြင်း၊တိုခြင်းနှင့်အလျှင်းမဆိုင်။အရေးကြီးသည်မှာဤလူတစ်ယောက်ထဲကိုသာနှလုံးသားထဲအမြဲထာဝရချစ်ပေးနိုင်ခြင်းဖြစ်သည်။အချိန်တွေ၊အသက်အရွယ်တွေဆိုသာပညတ်ချက်တစ်ခုဟုJungkookခံယူထားသည်။ဒီတစ်ခါများကံကြမ္မာလေးကတစ်ဖန်လမ်းမှားလာရင်တော့ဖြင့်အဝါရောင်လေးအား ရှိသမျှနှလုံးသားကြိုးများဖြင့်ရအောင်ရစ်ပတ်ချည်နှောင်တော့မည်။
"ကဲ နောင်တရတာလဲနောင်တရတာပေါ့ကွာ။အခုတော့နေ့လည်စာလေးဘာလေးစားပြီး အချိန်ပိုင်းအလုပ်သမားခေါ်ဖို့ဆိုင်းဘုတ်ထောင်ရမယ် လာကူညီအုံး"
Hoseokရဲ့အပြောကြောင့်အတွေးစများအား ရပ်ကာကောင်တာမှJungkookထရပ်လိုက်သည်။လတ်တလောအချစ်ဒဏ်သင့်နေသည်ဆိုသော်လည်းကိုယ်လုပ်ရမည့်အလုပ်များကိုလည်းမလစ်ဟင်းအောင်ဆောင်ရွက်ရပေအုံးမည်။အချိန်ပိုင်းအလုပ်သမားခန့်ဖို့Hoseokနှင့်အတူတိုင်ပင်ပြီးဆိုင်ရှေ့၌အချိန်ပိုင်းအလုပ်သမားတစ်ဦးလိုကြောင်းဆိုင်းဘုတ်ချိတ်လိုက်သည်။
~~~
ကလင်!
ကော်ဖီဆိုင်လေးထဲသို့လူဝင်လာကြောင်းသိနိုင်သည့်ခေါင်းလောင်းသံလေးကြောင့်Jungkookပိုက်ဆံရေတွက်နေရင်းနှင့်ပင်....
"ကြိုဆိုပါတယ်ခင်ဗျာ။ဘာများသုံးဆောင်..."
ဆက်ပြောမဲ့စကားလုံးလေးများလေပေါ်မှာပင်အငွေ့ပြန်သွားပြီးအသက်ရှုဖို့ပင်သူမေ့သွားသည်။ပိုက်ဆံရေတွက်နေရင်းဝယ်သူကိုမော့အကြည့် မြင်လိုက်ရတဲ့မျက်ဝန်းလေးတစ်စုံကြောင့်နှလုံးခုန်နှုန်းပင်ဒိန်းခနဲဆောင့်တတ်သွားသည်။
ဆံနွယ်လေးများကိုမီးခိုးရောင်တစ်ခေါင်းလုံးဆိုးထားပြီးမိုးပြာရောင်Hoodieအပွလေးကိုဝတ်ထားသည့်သေးသေးလုံးလုံးလူသားလေးကကိုယ့်ကိုလှမ်းကြည့်လာသောကြောင့်ဖြစ်သည်။
မိုးဖွဲလေး...။
ဤအရာလေးဟာမိုးဖွဲလေးလို့သူတီတိုးအမည်ပေးခဲ့တဲ့အရာလေး။
Jungkookစိတ်ထဲ၌အချက်ပေးခေါင်းလောင်းများမြည်ဟီးသွားကာမျက်နှာထက်၌အပြုံးများသူ့အလိုလိုရုတ်ချည်းပေါ်လာခဲ့သည်။
အရှေ့မှမိုးဖွဲလေးကမျက်ဝန်းလေးများအရည်လဲ့၍အတော်ပင်နှစ်ခြိုက်စွာကိုယ့်အားပြုံးပြလိုက်သည့်အချိန်တွင်မှိတ်ကျသွားတဲ့မျက်ဝန်းမှေးမှေးလေးတစ်စုံ။
သွားပါပြီ။ဒီအရာလေးနှင့်ပင်Jungkookလုံးဝရှုံးနိမ့်သွားပါပြီ။အရှေ့မှလူသားလေးအားကြည့်ကာဘာမှပြန်မပြောနိုင်ဘဲ အပြုံးမှေးမှေးလေးကိုသာငေးနေမိသည်။
အပြုံးလေး...ကိုယ့်နှလုံးသားကိုချိုင့်ဝင်သွားစေတဲ့အ ပြုံးလေး။ကိုယ်တော့မစတင်ခင်ထဲကရှုံးပါပြီကွာ။
"ဒီမှာခင်ဗျ"
"ဗျာ..ဗျာ..ဟုတ်ကဲ့ ဘာများသုံးဆောင်"
အပြုံးလေးဖြင့်ကိုယ့်ကိုစကားစတင်ဖို့လုပ်တဲ့မိုးဖွဲလေးကြောင့်Jungkookတစ်ယောက်အယောင်အမှားမှားတွေပင်ဖြစ်၍စကားများထစ်ကုန်သည်။
"ကျွန်တော်မုန့်ဝယ်ဖို့မဟုတ်ပါဘူးဗျ။အရှေ့မှာအချိန်ပိုင်းအလုပ်သမားလိုတယ်လို့ဆိုင်းဘုတ်ချိတ်ထားတာတွေ့လို့ လာလျောက်တာပါ"
နူးညံ့လိုက်တဲ့အသံလေး။ဝင်လေထွက်လေ လှုပ်ရှားမှုတိုင်းဟာအနှေးကွက်ပြနေသလားအောက်မေ့ရအောင်ပင်ဖြစ်တည်မှုလေးကအင်မတန်မှနှစ်ခြိုက်ဖွယ်ပင်။ရုပ်အဆင်းလေးမြင်ရုံဖြင့်မချစ်ဘဲမနေနိုင်သောသူ့အတွက် အသံလေးများပါကြားရချိန်တွင်နှလုံးသားလေးဟာထိန်းချုပ်မရစွာဂယောက်ဂယက်နိုင်နေသည်။
မင်းငြိမ်ငြိမ်နေစမ်းပါဂယောက်ဂယက်ရယ်။
မသိစိတ်ကဂယောက်ဂယက်စိတ်လေးကိုအလျင်အမြန်သတိပေးပြီးစိတ်ကိုလျော့ကာ...
"အေ...အော်...ဟုတ် ဒါဆိုအချိန်ပိုင်းအလုပ်လာလျှောက်တာပေါ့နော်"
"ဟုတ်ပါတယ်ဗျ"
"ဟို ဟို ဒီမှာထိုင်ပြီးပြောကြရအောင်နော်။ခဏလေးစောင့်ပါ"
"ဟုတ်... ကောင်းပါပြီ"
အရှေ့မှထိုင်ခုံနေရာလေးအားမိုးဖွဲလေးကိုပြကာခဏထိုင်စေပြီးအနောက်ဘက်ရှိပစ္စည်းသိမ်းတဲ့အခန်းထဲသို့Jungkookဝင်သွားလိုက်သည်။အခန်းထဲရောက်သည်နှင့်အသက်ကိုဝအောင်ရှူလိုက်ပြီးရင်ခုန်သံကိုမနည်းပင်ချိုးနှိမ်နေရသည်။ဒါတောင်သူနဲ့မိုးဖွဲလေးတွေ့တာမိနစ်ပိုင်းလေးသာရှိသေးသည်။နောက်ပိုင်းသာမိုးဖွဲလေးဒီမှာအလုပ်လုပ်ရင်တော့ဖြင့်သူနှလုံးသားကြီးတစ်ခုလုံးပင်ပေါက်ကွဲထွက်သွားမလားမသိနိုင်။
ကံကြမ္မာကတော့ကိုယ်တို့နှစ်ယောက်ကိုပြန်ဆုံတွေ့ခွင့်ပေးလိုက်ပြီမိုးဖွဲလေး....။ကိုယ်ကလည်းမင်းကိုဒီနေ့ကစပြီးကိုယ့်နှလုံးသားရပ်ဝန်းထဲကိုကျိန်းသေပေါက်ဖိတ်ခေါ်တော့မည်။
စိတ်ကိုအတတ်နိုင်ဆုံးလျှော့ပြီးသည်နှင့်အပြင်မှာစောင့်နေသည့်မိုးဖွဲလေးဆီသို့သူ၏ခြေလှမ်းများလှမ်းလိုက်သည်။....
"ဘယ်လို အချိန်ပိုင်းအလုပ်သမားခန့်လိုက်ပြီ...ဟုတ်လား"
"အေး"
"ငါ့ကိုလည်းဘာမှမပြောဘဲနဲ့"
"အခုပြောတယ်လေ"
Hoseok၏အမေးကိုအပြုံးဖြင့်သာအေးဆေးပြန်ဖြေလိုက်တဲ့Jungkook။အခုသူ့ရဲ့မျက်နှာဟာအရမ်းပင်ပျော်ရွှင်မြူးထူးနေတယ်ဆိုတာဖုံးကွယ်လို့မရတဲ့အနေအထားမှာရှိနေသည်။
"မဟုတ်ဘူးလေ...မင်းခန့်မယ်ဆိုငါ့ကိုနည်းနည်းပါးပါးတိုင်ပင်ရမယ်လေ...မတော်လို့မကောင်းတဲ့သူဆိုဘယ်လိုလုပ်မလဲ"
"စိတ်ချ...ကောင်းလိုက်တာမှလွန်လို့"
"အောင်မာ ...မင်းကဘယ်လိုသိ"
"ရုပ်လေးမြင်ရုံနဲ့သိတယ်"
"ခဏနေပါအုံးကွ...မင်းကဘာလို့အဲ့လောက်တောင်ထောက်ခံနေရတာလဲJungkook"
"သိချင်လား....ပြောပြမယ်"
"အွန်း"
"တကယ်တော့လေ နေ့ခင်းကအလုပ်လာလျောက်တဲ့သူလေးကငါ့ရဲ့မိုးဖွဲလေးဘဲHoseok"
"ဘယ်လို....တကယ်ကြီးလား!"
"အေး... တကယ်ကြီးပေါ့"
"အော် လက်စသတ်တော့မင်းကအဲ့တာကြောင့်မှိုရတဲ့မျက်နှာကြီးဖြစ်နေတာကို"
Hoseokလည်းအခုမှအကြောင်းရင်းအမှန်ကိုနားလည်သွား၍သူငယ်ချင်း၏အဖြစ်ကိုသိသွားသည်။
"နေစမ်းပါအုံးကွ....ဘာလို့မင်းကသူ့ကိုမိုးဖွဲလေးလို့ခေါ်တာလဲ"
"မိုးစက်လေးတွေအောက်မှာတွေ့ခဲ့တဲ့သူလေးမို့လို့ ...မိုးဖွဲလေးလို့တင်စားပြီးခေါ်တာ"
"ဟက်... ငါ့သူငယ်ချင်းကြီးအခုမှကဗျာတွေဘာတွေဆန်နေပါလား။အေးပေါ့လေလူတိုင်းကအချစ်နဲ့တွေ့တော့လဲကဗျာဆရာသူ့အလိုလိုဖြစ်လာတာပါဘဲ"
Hoseok၏အပြောကိုထောက်ခံသလိုပင်ပြုံး၍Jungkookနားထောင်နေမိသည်။တကယ်လည်းသူကိုယ်တိုင်အချစ်ကြောင့်ကဗျာဆရာလေးဖြစ်နေပြီလေ။
ဒါပေမဲ့သူရေးမယ့်ကဗျာတွေဟာမိုးဖွဲလေးဆိုတဲ့သူလေးတစ်ယောက်ထဲဖတ်ဖို့အတွက်....။
"ဒါနဲ့သူ့နာမည်အရင်းကဘာတဲ့လဲ"
"Park Jiminတဲ့"
"အော်...Parkမျိုးရိုးပေါ့"
"အွန်း... ဟုတ်တယ်"
"ဒါဆိုPark မျိုးရိုးလေးကိုချစ်မိသွားတဲ့Jeon မျိုးရိုးလေးပေါ့... အဟားးး!!"
Hseokကအံကြိတ်သံလေးနဲ့နောက်ကာစတော့Jungkookမျက်နှာ၌မှိုကြီးကြီးပေါက်နေသလိုပင်ခံစားနေရသည်။မျက်နှာတစ်လျောက်အပြုံးသည်နားရွက်များဆီသို့ပါကူးစက်ကာနီရဲနေသည်။
"သိပ်ဟုတ်တာပေါ့ကွာ"
"မင်းနဲ့သာလက်ထက်ရင်သူကJeon Jiminလေးဖြစ်လာမှာပေါ့"
"ဒါလဲဟုတ်တာဘဲ...နေစမ်းပါအုံး..မင်းကဘာလို့အဲ့တာတွေလာမေးနေတာလဲ"
"အော်...ငါ့သူငယ်ချင်းကြီးရဲ့နှလုံးသားကိုလှုပ်ခါသွားတဲ့park မျိုးရိုးလေးကိုလေးစားမိလို့ပါကွာ"
"လေးစားရင်မင်းလဲအဲ့လိုလေးတစ်ယောက်လောက်ရှာလိုက်ပေါ့...ခက်တာကြလို့"
"ခက်တာတော့မခက်ဘူးပေါ့ကွာ...ဒါပေမဲ့ငါချစ်တဲ့သူမှအဆင်ပြေမှာလေ..မင်းတောင်မိုးဖွဲလေးမှမိုးဖွဲလေးဖြစ်နေပြီးတော့"
"အဲ့တာတော့ဟုတ်တယ်နော်...ငါလေမိုးဖွဲလေးရဲ့အရှေ့မှလူတွေအများကြီးနဲ့တွေ့ခဲ့ဖူးတယ်။ဒါပေမဲ့ငါတစ်ခါမှရင်မခုန်ခဲ့ဖူးဘူး..သူကတကယ်ငါ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်ဘဲHoseok"
"အေးပါကွာ...ဒါဆိုလည်းမြန်မြန်လက်မနှေးဘဲကိုယ့်ဘက်ပါအောင်လုပ်တော့လေ။အခုခေတ်မှာကဘယ်အရာမဆိုအပြိုင်အဆိုင်တွေနဲ့....အဲ့တော့မင်းရဲ့မိုးဖွဲလေးကိုချစ်နေရုံနဲ့ကျေနပ်မနေဘဲနည်းနည်းပါးပါးလှုပ်ရှားအုံး။လှုပ်ရှားမှမုန့်စားရမယ်"
"အေးပါကွာ စိတ်ချ"
Hoseokမျက်ခုံးတစ်ဖက်ပင့်ကာနောက်ရွှတ်ရွှတ်ပြောတော့Jungkookလည်းယုန်သွားလေးများပေါ်အောင် ရယ်ကာခေါင်းညိတ်ပြလိုက်သည်။
~~~~~~
ပုံမှန်နေ့တွေနဲ့မတူစွာJungkookတို့ဆိုင်လေး၌လူနည်းနည်းရှုပ်နေသည်။အချက်ချာကျသည့်မြို့လယ်ခေါင်မဟုတ်သော်လည်းလူသွားလူလာများ၍Jungkookတို့Cafeဆိုင်လေးဟာအရင်ကထက်လူသိများလာတာတော့အမှန်ပင်။အထူးသဖြင့်ဆိုင်ပိုင်ရှင်ချောချောလေးနှစ်ယောက်နှင့်အတူအချိန်ပိုင်းဝန်ထမ်းအချောလေးကြောင့်လူသိပိုများလာသည်ဟုပြောလျှင်ပိုမှန်လိမ့်မည်။Jungkookတို့ဆိုင်ကိုအလာများသောဧည်သည့်ထဲတွင်မိန်းကလေးများက ပို၍များကြသည်။တချို့မိန်းကလေးတွေဆိုJungkookနှင့်Hoseokကိုပါဓာတ်ပုံရိုက်သွားတတ်ကြသည်။ကိုယ့်ရဲ့ဆိုင်ကိုလာသည့်ဧည်သည်ဆိုသော်ငြားလည်းအဲ့လိုဓာတ်ပုံရိုက်သည်ကိုတော့Jungkookသိပ်မကြိုက်။တချို့အထက်တန်းကလေးမလေးတွေဆိုတော်တော်ဆိုးကြသည်။ကိုယ့်ကိုရိုက်တာကအဲ့လောက်မဟုတ်၊ မိုးဖွဲလေး ကိုရိုက်ရင်တော့Jungkookတကယ်မခံနိုင်ပေ။ကိုယ့်ရဲ့မိုးဖွဲလေးကတကယ့်ကိုမထိမရက်စရာလေး။မတတ်သာသည့်အခြေအနေကြောင့်သာအချိန်ပိုင်းဝန်ထမ်းဆိုတဲ့အနေအထားနဲ့ကိုယ်ချစ်တဲ့သူကိုထား,ထားရသော်လည်းJungkookအတွက်အဆင်မပြေ။ဆိုင်မှာအရမ်းပင်ပန်းတဲ့ဟာတွေဆိုမိုးဖွဲလေး မသိ၊မမြင်ခင် ကိုယ်သာအရင်လုပ်သည်။ခွက်တွေ၊ဘာတွေတောင်တော်ရုံတန်ရုံကိုယ်သာအပြတ်ဆေးထားသည်။အမှန်တိုင်းပြောရရင်မိုးဖွဲလေးအား ဘာဆိုဘာမှမခိုင်းရက်။ဆိုင်ရဲ့ကောင်တာလေးမှာကျော့ကျော့မော့မော့လေးသာအေးဆေးထိုင်နေသည်ကိုသာတစ်မေ့တစ်မောလေးငေးကြည့်ချင်နေမိသည်။
မီးခိုရောင်ဆံနွယ်လေးကိုမြတ်နိုးတယ်နမ်းရှိုက်ချင်တယ်၊သေးသွယ်တဲ့လက်ချောင်းလေးတွေကိုကိုယ့်ရဲ့လက်ဖဝါးကြီးတွေထဲမှာနွေးနွေးထွေးထွေးလေးတည်ရှိစေချင်တယ်။မျက်ဝန်းကျဉ်းကျဉ်းလေးမှိတ်ခါသွားတိုင်းလောဘတတ်စွာတစ်စိုက်မတ်မတ်ကြည့်ချင်တယ်။အဖြူရောင်သွားတန်းလေးတွေစီတန်းကာ ကိုယ့်ကိုပြုံးပြရင်ဖြင့် ဒီကမ္ဘာမှာကိုယ်ဟာကံအကောင်းဆုံးလူအဖြစ်မှတ်တမ်းတင်ပစ်မယ်။မင်းဆီကခေါ်သံလေးနားစွင့်မယ် ၊မင်းအိမ်ပြန်လမ်းလေးနောက်စိတ်မချစွာနောက်ကတိတ်တခိုးလေးလိုက်မယ်။မင်းရဲ့အိပ်ခန်းမီးလေးမှိတ်သွားမှစိတ်ချစွာကိုယ်ပြန်နိုင်မယ်။နောက်နေ့တွေကိုမင်းနဲ့အသစ်တစ်ဖန်ပြန်စတင်မယ်။ဘယ်တော့မှမရိုးသွားနိုင်တဲ့ပုံမှန်လုပ်ငန်းစဉ်လေးဘဲ။
"သူဠေးJeon"
"ဟင်"
တစ်ခုခုကိုတွေးကာတစ်ယောက်ထဲပြုံးနေသောသူဠေးJeonမျက်နှာရှေ့အားလက်လေးဝှေ့ယမ်းပြကာ Jiminခေါ်လိုက်တော့ဆတ်ခနဲသတိဝင်ကာကိုယ့်အားပြန်ကြည့်လာသည်။
"ဟို ညနေ၄နာရီထိုးပြီဆိုတော့ကျွန်တော်ပြန်တော့မလို့ အဲ့တာသူဠေးJeonကိုလာပြောတာပါ"
"အော် ၄နာရီတောင်ထိုးသွားပြီလား အချိန်တွေကမြန်လိုက်တာ"
၄နာရီထိုးရင်ပုံမှန်ပြန်နေကျဖြစ်သောကိုယ့်အရှေ့မှလူသားလေးအားကြည့်ကာအသံတိုးတိုးလေးဖြင့်ညီးညူသလိုပြောလိုက်မိသည်။
"ဟုတ်ကဲ့သူဠေးJeon အဲ့တာဆိုကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး။မနက်ဖြန်စောစောလာခဲ့ပါ့မယ်"
ကိုယ့်အားနှုတ်ဆက်ကာအနောက်ဖက်စတိုခန်းထဲဝင်ကာလွယ်အိတ်လေးယူပြီးပြန်ထွက်လာတဲ့မိုးဖွဲလေး။မှန်ပြတင်းပေါက်ကနေအပြင်ကိုကြည့်တော့မိုးဖွားလေးတွေစတင်ကျနေပြီဖြစ်သည်။
မကြာခင်မိုးရွာတော့မှာပဲ။
"ထီးကောပါလာရဲ့လားJimin shi"
ကိုယ့်ရဲ့အမေးကြောင့်ဆိုင်ထဲကထွက်ခါနီးဆဲဆဲ မီးခိုးရောင်ခေါင်းလေးဟာပြန်လှည့်လာခဲ့သည်။
"ထီးတော့မပါလာဘူးသူဠေးJeon...ဒါပေမဲ့အဆင်ပြေပါတယ် လမ်းထိပ်ထိပဲဆိုတော့ဒီတိုင်းပဲပြေးသွားလိုက်ပါ့မယ် ဟီး.."
သွားတန်းဖြူလေးများပေါ်အောင်တစ်ချက်ရီပြကာဆိုင်အပြင်ထွက်ရန်ခြေလှမ်းများလှမ်းနေတဲ့ကောင်လေးရဲ့ညာဖက်လက်ဖဝါးလေးအားအနောက်မှအသာလေးJungkookလှမ်းဆွဲလိုက်မိသည်။
ကိုယ့်ရဲ့အပြုအမူကြောင့်ခေါင်းလေးမော့ကာနားမလည်သလိုတစ်ချက်ကြည့်လာသောမိုးဖွဲလေး။မိုးဖွဲလေးရဲ့အရပ်လေးဟာကိုယ်နဲ့ယှဉ်ရင်နည်းနည်းလေးမဆိုသလောက်ပုသည်ပြောရမယ်။မော့ကြည့်လာတဲ့မျက်လုံးလေးနှစ်စုံကခပ်မှေးမှေးလေးနှင့်ကြောင်တောင်တောင်အရိပ်ယောင်အပြည့်။နှုတ်ခမ်းဖူးလေးဟာဖြင့်ပွင့်ဟကာအံ့ဩမှုလေးစွန်းထင်းနေသည်။ဆိုးဆေးအကူအညီမပါပဲသဘာဝအတိုင်းပန်းဆီရောင်သမ်းနေတဲ့နှုတ်ခမ်းသားလေးကိုမြင်တဲ့အချိန်မှာ Jungkookတစ်ယောက်မိုးဖွဲလေးကိုကိုင်ထားသည့်လက်လေးအားလွှတ်ပေးကာ အနောက်သို့ခြေလှမ်းနှစ်လှမ်းပြန်ဆုတ်လိုက်မိသည်။
"ဘာ...ဘာဖြစ်လို့လဲဟင်သူဠေးJeon"
"ဟို...ဟို ကိုယ်လိုက်ပို့ပေးမလို့"
"ဟင်"
"မိုးတွေအရမ်းရွာနေတာ ထီးမပါဘူးမလား ကိုယ်လမ်းထိပ်ထိလိုက်ပို့ပေးမယ်"
"အာ..မဟုတ်တာရပါတယ်သူဠေးJeonရဲ့ ..မိုးကသိပ်မရွာသေးပါဘူး ကျွန်တော်ဒီတိုင်းပဲပြေးသွားလိုက်ပါ့မယ်"
"မိုးမိရင်နေမကောင်းဖြစ်လိမ့်မယ်။ပြီး...ပြီးတော့နေမကောင်းရင်အလုပ်မလာနိုင်ဘဲနေမှာပေါ့ အဲ့တော့ကိုယ်လိုက်ပို့ပေးမယ်"
"အော် လက်စသတ်တော့ကျွန်တော်မနက်ဖြန်အလုပ်မလာနိုင်မှာကိုသူဠေးJeonကစိုးရိမ်နေတာပဲ။ကျွန်တော့်ကိုစိတ်ပူနေတာမှမဟုတ်တာ"
"မဟုတ် ...မဟုတ်ပါဘူး မင်းကိုလည်းကိုယ်အရမ်းစိတ်ပူတာပါJiminရယ်.. အဲ့တာကြောင့်ကိုယ်လိုက်ပို့ပေးမယ်လို့ပြောတာပါ"
"ထားပါတော့ သူဠေးJeonလိုက်ပို့ချင်လည်းပို့ပေးပါ ကျွန်တော်လက်ခံပါတယ်"
"အင်း အဲ့တာဆိုသွားကြမယ်နော်"
နှစ်ယောက်သားဆိုင်ထဲကထွက်လာပြီးသည်နှင့်အဝါရောင်ထီးလေးအားJungkookဖွင့်လိုက်သည်။ကိုယ့်ဘက်ကိုသိပ်မဆောင်းပဲမိုးဖွဲလေးဘက်ကိုသာပိုပိုသာသာဆောင်းပေးနေတဲ့Jungkookအားလမ်းသွားလမ်းလာများကတစ်ချက်တစ်ချက်ကြည့်သွားကြသည်။တချို့ကလည်းအကဲပိုလိုက်တာလို့မြင်ကောင်းမြင်နိုင်ပေမဲ့ တချို့ကလည်းချစ်ဖို့ကောင်းတဲ့သေးသေးလုံးလုံးလူသားလေးအားပိုင်ဆိုင်ထားသည့်လူအနေနဲ့ဒီလောက်တော့အကဲပိုသင့်သည်ဟုသတ်မှတ်သွားကြသည်။ဘယ်သူတွေဘာပြောပြောဂရုမစိုက်ပါ။အခုဆိုမိုးဖွဲလေးနဲ့ထီးလေးတစ်ချောင်းအောက်မှာတောင်အတူရပ်နေနိုင်နေပြီ။သိပ်မကြာတော့တဲ့အချိန်မှာကိုယ်ဒီလိုထီးလေးဆောင်းပြီးမင်းရဲ့လက်လေးကိုကိုင်ဖို့အထိအဆင့်တတ်ချင်တယ်မိုးဖွဲလေးရယ်။
"သူဠေးJeonပြန်တော့လေ ကျွန်တော်ကားဆက်စောင့်လိုက်ပါ့မယ်"
ကားဂိတ်ကိုရောက်သည့်အထိမပြန်သေးပဲကိုယ်နဲ့တူတူကားစောင့်ပေးနေသည့်သူဠေးJeonကိုJiminအားနာလာမိသည်။
"ကားလာတဲ့အထိကိုယ့်တူတူစောင့်ပေးပါ့မယ်"
"ရပါတယ်သူဠေးJeonရဲ့ ကားကခဏနေလာတော့မှာပါ။မိုးချုပ်နေပြီဆိုတော့သူဠေးJeonလည်းအိပ်ကိုစောစောပြန်နားလိုက်ပါ။ကျွန်တော်အဆင်ပြေပါတယ်"
"Jiminအဆင်ပြေပေမဲ့ ကိုယ်မပြေဘူးလေ"
"ဘယ်လို"
"အော် Jiminကကိုယ့်ရဲ့ဝန်ထမ်းလေ ။အဲ့တော့ကိုယ်မှဝာာဝန်ရှိတာပေါ့"
"အဲ့တာတော့ဟုတ်ပေမဲ့ကျွန်တော်သူဠေးJeonကိုအားနာလို့ပါ"
"ဘာမှအားမနာနေပါနဲ့ ကိုယ်ကားလာတဲ့အထိစောင့်ပေးမယ်နော်"
သူဠေးJeonရဲ့တည်ကြည်တဲ့အပြုံးနဲ့အတူပြောလာသောစကားကြောင့်Jiminအားနာနာနှင့်ခေါင်းညိတ်လိုက်မိသည်။....ဘတ်စ်ကားကတော်တော်နှင့်ရောက်မလာ၍အိမ်ကိုမိုးချုပ်မှပြန်ရောက်လာသည်။ကားလာတဲ့အထိကိုယ်နဲ့တူတူစောင့်ပေးပြီးပြန်သွားတဲ့သူဠေးJeonအကြောင်းကိုတွေးမိလိုက်တဲ့အခါမှာတော့Jiminနှုတ်ခမ်းလေး၌အပြုံးတစ်ခုချိတ်ဆွဲသွားကာစိတ်ထဲ၌လည်း....
"ကျေးဇူးတင်ပါတယ်သူဠေးJeon"
TBC...Koe
မိုးဖြဲေလး☔ အပိုင္း(၁)
မိုးရနံ႕ေတြသင္းတဲ့ဒီေျမနီလမ္းေလးထဲမင္းနဲ႕ေတြ႕ဆုံခဲ့တယ္ေသာၾကာေန႕ရဲ႕ညေနခင္းတိုင္းမွာလည္းမင္းလာေနၾကလမ္းေလးအတိုင္းကိုယ္ေစာင့္ေမွ်ာ္ေနမိတယ္မင္းနဲ႕စတဲ့ကံၾကမၼာကိုမင္းနဲ႕သာအဆုံးသတ္ခ်င္သူမို႔မိုးစက္ေလးေတြေအာက္ကကိုယ့္အပိုင္မိုးဖြဲေလးျဖစ္လို႔ေပးပါ
☔ ☔ ☔
ကားမွန္အၾကည္ေလးေပၚသို႔က်ေရာက္လာတဲ့မိုးစက္ေပါက္ေလးမ်ားအား လက္ကေလးျဖင့္သူပြတ္သပ္ၾကည့္ေနမိသည္။မွန္ေလးေပၚသို႔က်ေရာက္လိုက္ တျဖည္းျဖည္းေအာက္သို႔စီးက်သြားလိုက္ျဖစ္ေနေသာမိုးစက္ေပါက္ေလးမ်ားအားၾကည့္ကာ ႏႈတ္ခမ္းပါးေလးမွာၿပဳံးေယာင္သမ္းလာသည္။
သူမိုးရာသီကိုသိပ္ခ်စ္ပါသည္။အထူးသျဖင့္မိုးစက္ေလးေတြေအာက္ကထီးေလးတစ္ေခ်ာင္းနဲ႕မိုးဖြဲေလးကိုပိုခ်စ္သည္။
Juneလမိုးရာသီရဲ႕မိုးဖြဲေလးကသူ႕ရဲ႕ႏွလုံးသားကိုလႈပ္ခတ္ေစခဲ့သည္။
Jeon Jungkookဆိုတဲ့လူရဲ႕ႏွလုံးသားကိုလႈပ္ခတ္နိုင္တာ ဒီကမာၻမွာမိုးဖြဲေလးတစ္ေယာက္သာရွိသည္။အခုလည္းမိုးဖြဲေလးရဲ႕လာေနၾကလမ္းေလးအတိုင္းသူေစာင့္ေမွ်ာ္ေနမိျပန္သည္။မိုးဖြဲေလးကိုၿပီးခဲ့တဲ့ေသာၾကာေန႕ကဒီေျမနီလမ္းေလးအတိုင္းလမ္းေလ်ာက္လာသည္ကိုသူပထမဆုံးေတြ႕လိုက္ျခင္းျဖစ္သည္။အဝါေရာင္Hoodieအပြေလးကိုဂ်င္းေဘာင္းဘီအျပာႏုေလးနဲ႕တြဲဝတ္ထားၿပီးလက္ထဲတြင္ထီးအၾကည္ေလးေဆာင္းကာ တစ္ခ်က္တစ္ခ်က္မိုးေရစက္ေလးမ်ားကိုထီးေလး၏အျပင္မွထြက္၍လက္ဖဝါးေလးျဖန႔္ကာခံယူေနသည္။ထိုျမင္ကြင္းေလးဟာကိုယ့္အတြက္ေတာ့ေအးခ်မ္းရာေလးတစ္ခု။ဘာေၾကာင့္ေယာက်ာ္းေလးတစ္ေယာက္က ဒီေလာက္ေအးခ်မ္းတဲ့အျပဳအမူေလးကိုေဆာင္ယူဖန္တီးနိုင္ရပါသနည္းသူမသိ။
သိခဲ့တာတစ္ခုသာရွိသည္။မ်က္စိေရွ႕မွေအးခ်မ္းရာေလးေၾကာင့္အဲ့ေန႕ကစိတ္ရႈပ္စရာေတြကင္းေဝးသြားတာေတာ့က်ိန္းေသေပါက္ပင္။လူေတြေျပာၾကတဲ့ျမင္ျမင္ခ်င္းအခ်စ္ဆိုတာကိုJungkookအခုေတာ့ယုံၾကည္ေနမိသည္။
အခုခ်ိန္အခ်စ္ဆိုတာဘာလဲလို႔ေမးရင္မိုးစက္ေလးေတြေအာက္ကထီးေလးတစ္ေခ်ာင္းနဲ႕မိုးဖြဲေလးလို႔ဘဲသူေျဖမိမွာက်ိန္းေသပင္။
.......
June11ရက္ေန႕
"ပစၥည္းေတြအကုန္ခ်ၿပီးပါၿပီအကိုေလး ကြၽန္ေတာ္တို႔ကိုဘာခိုင္းစရာရွိေသးလဲဗ်"
"အကုန္လုံးခ်ၿပီးၿပီဆိုေတာ့အားလုံးအိမ္ျပန္လို႔ရပါၿပီ ကားထဲကပုံးတစ္ပုံးကိုေတာ့ကြၽန္ေတာ္ဘဲကိုယ့္ဘာသာသြားယူလိုက္ပါ့မယ္"
"ဟုတ္ကဲ့ အဲ့တာဆိုကြၽန္ေတာ္တို႔ကိုျပန္ခြင့္ျပဳပါအုံး"
အလုပ္သမားေကာင္ေလးမ်ားထြက္သြားမွ ဆိုင္ခန္းကိုJungkookတစ္ခ်က္ျပန္ပတ္ၾကည့္ကာ လိုအပ္သည္မ်ားဝယ္ရန္မွတ္စုစာအုပ္ေလးျဖင့္လိုက္မွတ္ေနသည္။သူငယ္ခ်င္းHoseokနဲ႕ေပါင္းၿပီးေကာ္ဖီဆိုင္ေလးတစ္ခုဖြင့္ဖို႔အရင္ထဲကႀကံ႐ြယ္ထားေသာ္လည္း အခုႏွစ္ပိုင္းမွလက္ေတြ႕အေကာင္အထည္ေဖာ္မိျခင္းျဖစ္သည္။အခုေတာ့ေနရာေကာင္းေလးလည္းေတြ႕၍အျမန္ပင္ဒီဇိုင္းေရးဆြဲၿပီးကိုယ္တိုင္ျပဳျပင္ဖို႔က်န္႐ြယ္ထားသည္။ဗိသုကာႏွင္ေက်ာင္းၿပီးထားသူျဖစ္၍ကိုယ့္စိတ္က္ျုက္ပုံစံေလးေရးဆြဲကာေဆာက္လုပ္ထားသည္မွာအခုဆိုအကုန္လုံးၿပီးစီးေနၿပီျဖစ္သည္။ေကာ္ဖီဆိုင္ေလးအတြက္လိုအပ္သည့္ျပင္ဆင္မႈမ်ားသာအနည္းအက်ဥ္းဝယ္ရန္ရွိၿပီး ေရွ႕တစ္ပတ္ေလာက္ဆိုဆိုင္စဖြင့္မည္ဟုေတြးထားသည္။
လိုအပ္သည္မ်ားအကုန္မွတ္ၿပီးသည္ႏွင့္ကားထဲမွစကၠဴပုံးတစ္ပုံးအားယူဖို႔သတိရသြားသည္။ေကာ္ဖီဆိုင္ေလးမွာခ်ိတ္ရန္ပန္းခ်ီကားမ်ားဝယ္လာျခင္းျဖစ္ၿပီးကားေနာက္ခန္းထဲထည့္ထားတာ၂ရက္ေလာက္ပင္ရွိေနၿပီ။ဒီေန႕မွေအးေဆးတစ္ေယာက္ထဲလာခ်ိတ္မည္ဟုေတြးထား၍ ကားထဲ၌အဲ့တိုင္းထား,ထားျခင္းျဖစ္သညိ။
ဆိုင္ေရွ႕ေလးမွာဘဲရပ္ထားတဲ့ဆလြန္းကားအျဖဴေရာင္ေလး၏ေနာက္ဖုံးေလးအားJungkookဖြင့္ကာစကၠဴပုံးတစ္ခုအားမ,ယူ၍သယ္လိုက္သည္။အရမ္းႀကီးမားတဲ့ပန္းခ်ီကားမ်ိဳးေတြဝယ္လာျခင္းမ်ိဳးမဟုတ္ဘဲ ေသးေသးေလးႏွင့္ခ်စ္ဖို႔ေကာင္းတဲ့ပန္းခ်ီကားေလးမ်ားကိုသာ၁၀ခုေလာက္ဝယ္လာခဲ့ျခင္းျဖစ္၍စကၠဴပုံးထဲထည့္ယူလာလို႔ရသည္။
စကၠဴပုံးတစ္ပုံးမွာပန္းခ်ီကားငါးခ်ပ္ေလာက္သာထည့္ထား၍ပုံးတစ္ပုံးအားအရင္ယူကာဆိုင္ထဲသို႔သြားထားလိုက္သည္။ေနာက္ပုံးတစ္ပုံးယူရန္အျပင္သို႔အထြက္႐ုတ္တရက္ပင္ဝုန္းခနဲ႐ြာခ်လိဳက္ေသာမိုး။
မိုးကသည္းသည္းမဲမဲမ႐ြာေသာ္ျငားေျဖးေျဖးခ်င္းအရွိန္ျမင့္လာ၍ Jungkookလည္းေနာက္ပုံးတစ္ပုံးအားယူရန္ကားဆီသို႔အျမန္ေျပးသြားလိုက္သည္။ေနာက္ခန္းထဲမွာက်န္ေနတဲ့စကၠဴပုံးအားအျမန္ဆြဲယူ၍ ကားတံခါးအားlockခ်အၿပီးဆိုင္ထဲဝင္ဖို႔ေျခလွမ္းမ်ားအျပင္ တစ္စုံတစ္ခုေသာအရာကသူ႕ရဲ႕ေျခလွမ္းေလးမ်ားကိုတုံ႕ေႏွးသြားေစခဲ့သည္။
မိုးစက္ေပါက္ေလးေတြၾကားအဝါေရာင္အရိပ္ေလးတစ္ခု။ေသခ်ာၾကည့္မွHoodieအဝါေရာင္အထူေလးႏွင့္ေကာင္ေလးတစ္ေယာက္ျဖစ္ေနသည္။ထီးအၾကည္ေလးကိုေစာင္းကာေအးေဆးပင္လမ္းမေလးအတိုင္းေလ်ာက္လာၿပီး မိုးစက္ေလးမ်ားအားထီးအျပင္ဘက္မွခံယူ၍မ်က္ႏွာေလးမွေပ်ာ္႐ႊင္ျခင္းအရိပ္ေယာင္ေလးတစ္ခုျဖတ္ေျပးေနသည္။တစ္ခ်က္ တစ္ခ်က္ေျခလွမ္းေလးမ်ားအားအရွိန္ျမႇင့္ကာခုန္ဆြခုန္ဆြေလးျဖင့္လည္းထီးေလးေဆာင္းကာေလ်ာက္လာေသးသည္။မိုးစက္ေလးေတြၾကားထဲကအဝါေရာင္ေလးက Jungkookမ်က္လုံးထဲေတာ္ေတာ္ကိုထင္းေနသည္။ေလာကႀကီးႏွင့္အဆက္သြယ္ျပတ္သြားတဲ့အထိအဝါေရာင္ေကာင္ေလးကိုသူေငးၾကည့္ေနခဲ့မိသည္။သတိဝင္တဲ့အခ်ိန္မွာသူ႕လက္ထဲကစကၠဴပုံးမွာမိုးေရမ်ားစို႐ႊဲေနၿပီျဖစ္သလို သူ႕ခႏၶာကိုယ္တစ္ခုလုံးလည္းမိုးမ်ားစို႐ႊဲေနခဲ့သည္။
ဟာ သြားၿပီ....။
အခုမွကိုယ့္အျဖစ္ကိုသတိရသြားကာေျခလွမ္းက်ဲမ်ားျဖင့္ဆိုင္ထဲအျမန္ေျပးဝင္ရသည္။ဆိုင္ထဲေရာက္တဲ့အခ်ိန္သံေယာဇဥ္အမွ်င္စေလးအားမျပတ္နိုင္စြာ လည္ပင္းေလးအားအျပင္သို႔ေစာင့္ငဲ့ၾကည့္မိျပန္သည္။ဆိုင္ပုံစံေလးကအျပင္ကိုျမင္ရေအာင္မွန္မ်ားျဖင့္သာျပဳလုပ္ထား၍ဆိုင္အျပင္ကိုရွင္းရွင္းလင္းလင္းေတြ႕ျမင္နိုင္သည္။သို႔ေသာ္အဝါေရာင္ေလးကေတာ့ျဖင့္ ကိုယ့္ဆိုင္ေရွ႕ေရာက္မလာခဲ့။
သူဘာေၾကာင့္ဤအရာေလးအားကိုယ့္ဆိုင္ေရွ႕ျဖတ္ေလ်ာက္ေစခ်င္ရသနည္း။ဤအရာေလးကိုထပ္ၿပီးျမင္ခ်င္၊ေတြ႕ခ်င္စိတ္ေတြရင္ထဲႀကီးစိုးလာရသနည္း။ဆိုင္ထဲျပန္ဝင္လာသည္ကိုပင္ေနာင္တရခ်င္သလိုလို။အျမန္ပင္စကၠဴပုံးအားခုံတစ္ခုေပၚတင္၍အျပင္သို႔ျပန္ေျပးထြက္ကာ ေစာနကအဝါေရာင္ေကာင္ေလးအားမ်က္စိေလးေဝွ႕ယမ္းကာျပန္ရွာလိုက္သည္။သို႔ေသာ္အရိပ္ေလးပင္မေတြ႕ရေတာ့။ခုနကအဝါေရာင္ေလးခုန္ေပါက္လာခဲ့တဲ့ေျမနီလမ္းေလးဟာျဖင့္လူရွင္းလင္းေနသည္။ရင္ထဲတစ္ခုခုအားအလိုမက်သလိုစိတ္ထဲမတင္မက်ျဖစ္သြားရသည္။အခုမွတကယ္ပင္ေနာင္တရခ်င္လာၿပီးကိုယ့္ကိုကိုယ္စိတ္ထဲ၌သာတိတ္တခိုးေဒါသျဖစ္ေနမိသည္။
ကံမကုန္ေသးရင္ျပန္ဆုံခ်င္ေသးတယ္အဝါေရာင္ေလးရယ္...။
~~~
"မ်က္ႏွာလဲမေကာင္းပါလားJungkookဘာျဖစ္ေနတာလဲ"
ေကာင္တာရွိစားပြဲေပၚတြင္လက္ေပၚေမးေထာက္၍မ်က္ႏွာညွိုးေနေသာသူငယ္ခ်င္းျဖစ္သူအား Hoseokေမးလိုက္သည္။ဒီေကာင္အခုတစ္ေလာတမွိုင္မွိုင္နဲ႕ဘာျဖစ္ေနမွန္းကိုမသိ။ဒီေန႕ဆိုသူငယ္ခ်င္းႏွစ္ေယာက္ေပါင္းၿပီးေကာ္ဖီဆိုင္ေလးဖြင့္တာတစ္ပတ္တင္းတင္းျပည့္တဲ့ေန႕။စစဖြင့္ခ်င္းျဖစ္၍လူလည္းသိပ္မမ်ားဘဲအလုပ္ရႈပ္သက္သာေနသည္။ေနာက္ပိုင္းေတာ့မေျပာတတ္။အခုေတာ့ႏွစ္ေယာက္သားစကားေျပာလိုက္၊အလွည့္က်ေကာင္တာေလးထိုင္ေစာင့္လိုက္ႏွင့္သာအခ်ိန္ကုန္ေနသည္။တျခားစီးပြားေရးလုပ္ငန္းမ်ားအသီးသီးရွိေသာ္လည္းအေရးႀကီးမွသာcompanyသို႔သြားသည္။Jungkookမအားတဲ့အခ်ိန္ဆိုHoseokဘဲဆိုင္ထိုင္ၿပီး၊Hoseokမအားတဲ့အခ်ိန္ဆိုJungkookကဆိုင္ထိုင္ေပးသည္။သို႔ေသာ္လည္းေနာက္ပိုင္းႏွစ္ေယာက္ထဲနဲ႕အဆင္မေျပနိုင္၍အခ်ိန္ပိုင္းအလုပ္သမားေလးတစ္ေယာက္ေလာက္ေတာ့ေခၚခန႔္မည္ဟုႀကိဳစဥ္းစားထားမိသည္။
"ငါတို႔ဟိုတစ္ေလာကေျပာထားတဲ့အခ်ိန္ပိုင္းအလုပ္သမားေခၚမယ္ဆိုတဲ့ကိစၥေလအဲ့တာမင္းဘယ္လိုသေဘာရလဲ"
"ငါကအဆင္ေျပပါတယ္ မင္းသာေ႐ြးခန႔္လိုက္"
အေဝးတစ္ေနရာအားေငးကာအသက္မပါသလိုေျဖလာေသာJungkookကိုၾကည့္၍Hoseokကိုယ့္ေခါင္းကိုတစ္ခ်က္ခါရမ္းကာ...
"ေအးပါ။အဲ့တာဆိုလဲငါဘဲစီစဥ္လိုက္ေတာ့မယ္။ဒါနဲ႕မင္းကအခုတစ္ေလာဘာျဖစ္ေနတာလဲ။ေမးတာလဲမေျဖဘူး။မင္းေျပာမွငါကူစဥ္းစားေပးလို႔ရမွာေပါ့"
"ငါေျပာျပရမွာလား"
ေျပာေနပုံကအသက္မပါ။မသိတဲ့သူမ်ားၾကည့္မိရင္ကိုယ္ကပဲသူ႕ကိုထမင္းမေကြၽးဘဲအလုပ္ခိုင္းထားသည့္ပုံစံျဖစ္ေနသည္။
"မင္းေျပာျပရင္ငါအေကာင္းဆုံးစဥ္းစားေပးမွာေပါ့Jungkookရ"
"အဲ့တာဆိုေျပာျပမယ္"
ဒီလိုကြာကေနအစခ်ီ၍မိုးစက္ေလးေတြေအာက္ကေတြ႕ခဲ့ရတဲ့အဝါေရာင္ေလးႏွင့္အေၾကာင္းအားသူငယ္ခ်င္းျဖစ္သူအားအစအဆုံးေျပာျပလိုက္သည္။
"မင္းဟာကလဲ ေကာက္ရိုးပုံထဲအပ္လိုက္ရွာတာထက္ကိုဆိုးေနတယ္။ဘယ္သူဘယ္ဝါမွန္းမသိ။ဘယ္ကမွန္းမသိ။ယုတ္စြအဆုံးသူ႕နာမည္ေတာင္မသိဘဲငါတို႔က အဲ့ဒီ့တစ္ေယာက္ကိုဘယ္လိုသြားရွာၾကမလဲ"
"မင္းေျပာတာမွန္ပါတယ္ကြာ။ဒါေပမဲ့ငါသူ႕ကိုအရမ္းျပန္ေတြ႕ခ်င္တယ္ကြာ။ငါ့ႏွလုံးသားကိုသူအရမ္းလႈပ္ခတ္နိုင္တယ္"
"အဲ့တာဆိုလဲ အဲ့ေန႕ထဲကတစ္ခါတည္းသူ႕ဆီေျပးသြားၿပီးနာမည္ေလးဘာေတြသြားေမးလိုက္ပါလား။မင္းဘာသာဆိုင္ထဲေျပးဝင္ၿပီးေတာ့မ်ားအခုမွတမွိုင္မွိုင္တေတြေတြလာလုပ္ေနတယ္"
"ငါလဲတကယ္ေနာင္တရပါတယ္ကြာ။ငါျပန္ထြက္ရွာေတာ့သူ႕အရိပ္ေလးေတာင္မေတြ႕ရေတာ့ဘူး... ဟူးးး"
ေလပူျပင္းျပင္းတစ္ခ်က္မႈတ္ထုတ္ကာJungkookသက္ျပင္းခ်လိဳက္မိသည္။
တစ္ပတ္တိတိ...။
လုံးဝတစ္ပတ္တိတိ ဆိုင္ေရွ႕ေလးမွာအဝါေရာင္ေလးကိုေတြ႕လိုေတြျငားသူေစာင့္ေနခဲ့မိသည္။သို႔ေသာ္အဝါေရာင္နဲ႕ပတ္သတ္တဲ့အရာေလးေတာင္မေတြ႕မိ။ေျခာက္ကပ္ေနတဲ့ေျမနီလမ္းေလးကလြဲ၍အရာအားလုံးဟာသူ႕ေနရာနဲ႕သူအစီအစဥ္တက်။အစီအစဥ္မက်သည့္အရာဆို၍ကိုယ့္ႏွလုံးသားေလးတစ္ခုသာက်န္သည္။အဝါေရာင္ေကာင္ေလးတစ္ေယာက္သာ ကိုယ့္ရဲ႕အစီအစဥ္မက်တဲ့ကမာၻေလးကိုျပန္လည္တည့္မတ္ေပးနိုင္ေတာ့မည္။
အခ်စ္ဆိုသည္မွာ အခ်ိန္ရွည္ၾကာျခင္း၊တိုျခင္းႏွင့္အလွ်င္းမဆိုင္။အေရးႀကီးသည္မွာဤလူတစ္ေယာက္ထဲကိုသာႏွလုံးသားထဲအၿမဲထာဝရခ်စ္ေပးနိုင္ျခင္းျဖစ္သည္။အခ်ိန္ေတြ၊အသက္အ႐ြယ္ေတြဆိုသာပညတ္ခ်က္တစ္ခုဟုJungkookခံယူထားသည္။ဒီတစ္ခါမ်ားကံၾကမၼာေလးကတစ္ဖန္လမ္းမွားလာရင္ေတာ့ျဖင့္အဝါေရာင္ေလးအား ရွိသမွ်ႏွလုံးသားႀကိဳးမ်ားျဖင့္ရေအာင္ရစ္ပတ္ခ်ည္ေႏွာင္ေတာ့မည္။
"ကဲ ေနာင္တရတာလဲေနာင္တရတာေပါ့ကြာ။အခုေတာ့ေန႕လည္စာေလးဘာေလးစားၿပီး အခ်ိန္ပိုင္းအလုပ္သမားေခၚဖို႔ဆိုင္းဘုတ္ေထာင္ရမယ္ လာကူညီအုံး"
Hoseokရဲ႕အေျပာေၾကာင့္အေတြးစမ်ားအား ရပ္ကာေကာင္တာမွJungkookထရပ္လိုက္သည္။လတ္တေလာအခ်စ္ဒဏ္သင့္ေနသည္ဆိုေသာ္လည္းကိုယ္လုပ္ရမည့္အလုပ္မ်ားကိုလည္းမလစ္ဟင္းေအာင္ေဆာင္႐ြက္ရေပအုံးမည္။အခ်ိန္ပိုင္းအလုပ္သမားခန႔္ဖို႔Hoseokႏွင့္အတူတိုင္ပင္ၿပီးဆိုင္ေရွ႕၌အခ်ိန္ပိုင္းအလုပ္သမားတစ္ဦးလိုေၾကာင္းဆိုင္းဘုတ္ခ်ိတ္လိုက္သည္။
~~~
ကလင္!
ေကာ္ဖီဆိုင္ေလးထဲသို႔လူဝင္လာေၾကာင္းသိနိုင္သည့္ေခါင္းေလာင္းသံေလးေၾကာင့္Jungkookပိုက္ဆံေရတြက္ေနရင္းႏွင့္ပင္....
"ႀကိဳဆိုပါတယ္ခင္ဗ်ာ။ဘာမ်ားသုံးေဆာင္..."
ဆက္ေျပာမဲ့စကားလုံးေလးမ်ားေလေပၚမွာပင္အေငြ႕ျပန္သြားၿပီးအသက္ရႈဖို႔ပင္သူေမ့သြားသည္။ပိုက္ဆံေရတြက္ေနရင္းဝယ္သူကိုေမာ့အၾကည့္ ျမင္လိုက္ရတဲ့မ်က္ဝန္းေလးတစ္စုံေၾကာင့္ႏွလုံးခုန္ႏႈန္းပင္ဒိန္းခနဲေဆာင့္တတ္သြားသည္။
ဆံႏြယ္ေလးမ်ားကိုမီးခိုးေရာင္တစ္ေခါင္းလုံးဆိုးထားၿပီးမိုးျပာေရာင္Hoodieအပြေလးကိုဝတ္ထားသည့္ေသးေသးလုံးလုံးလူသားေလးကကိုယ့္ကိုလွမ္းၾကည့္လာေသာေၾကာင့္ျဖစ္သည္။
မိုးဖြဲေလး...။
ဤအရာေလးဟာမိုးဖြဲေလးလို႔သူတီတိုးအမည္ေပးခဲ့တဲ့အရာေလး။
Jungkookစိတ္ထဲ၌အခ်က္ေပးေခါင္းေလာင္းမ်ားျမည္ဟီးသြားကာမ်က္ႏွာထက္၌အၿပဳံးမ်ားသူ႕အလိုလို႐ုတ္ခ်ည္းေပၚလာခဲ့သည္။
အေရွ႕မွမိုးဖြဲေလးကမ်က္ဝန္းေလးမ်ားအရည္လဲ့၍အေတာ္ပင္ႏွစ္ၿခိဳက္စြာကိုယ့္အားၿပဳံးျပလိုက္သည့္အခ်ိန္တြင္မွိတ္က်သြားတဲ့မ်က္ဝန္းေမွးေမွးေလးတစ္စုံ။
သြားပါၿပီ။ဒီအရာေလးႏွင့္ပင္Jungkookလုံးဝရႈံးနိမ့္သြားပါၿပီ။အေရွ႕မွလူသားေလးအားၾကည့္ကာဘာမွျပန္မေျပာနိုင္ဘဲ အၿပဳံးေမွးေမွးေလးကိုသာေငးေနမိသည္။
အၿပဳံးေလး...ကိုယ့္ႏွလုံးသားကိုခ်ိဳင့္ဝင္သြားေစတဲ့အ ၿပဳံးေလး။ကိုယ္ေတာ့မစတင္ခင္ထဲကရႈံးပါၿပီကြာ။
"ဒီမွာခင္ဗ်"
"ဗ်ာ..ဗ်ာ..ဟုတ္ကဲ့ ဘာမ်ားသုံးေဆာင္"
အၿပဳံးေလးျဖင့္ကိုယ့္ကိုစကားစတင္ဖို႔လုပ္တဲ့မိုးဖြဲေလးေၾကာင့္Jungkookတစ္ေယာက္အေယာင္အမွားမွားေတြပင္ျဖစ္၍စကားမ်ားထစ္ကုန္သည္။
"ကြၽန္ေတာ္မုန႔္ဝယ္ဖို႔မဟုတ္ပါဘူးဗ်။အေရွ႕မွာအခ်ိန္ပိုင္းအလုပ္သမားလိုတယ္လို႔ဆိုင္းဘုတ္ခ်ိတ္ထားတာေတြ႕လို႔ လာေလ်ာက္တာပါ"
ႏူးညံ့လိုက္တဲ့အသံေလး။ဝင္ေလထြက္ေလ လႈပ္ရွားမႈတိုင္းဟာအေႏွးကြက္ျပေနသလားေအာက္ေမ့ရေအာင္ပင္ျဖစ္တည္မႈေလးကအင္မတန္မွႏွစ္ၿခိဳက္ဖြယ္ပင္။႐ုပ္အဆင္းေလးျမင္႐ုံျဖင့္မခ်စ္ဘဲမေနနိုင္ေသာသူ႕အတြက္ အသံေလးမ်ားပါၾကားရခ်ိန္တြင္ႏွလုံးသားေလးဟာထိန္းခ်ဳပ္မရစြာဂေယာက္ဂယက္နိုင္ေနသည္။
မင္းၿငိမ္ၿငိမ္ေနစမ္းပါဂေယာက္ဂယက္ရယ္။
မသိစိတ္ကဂေယာက္ဂယက္စိတ္ေလးကိုအလ်င္အျမန္သတိေပးၿပီးစိတ္ကိုေလ်ာ့ကာ...
"ေအ...ေအာ္...ဟုတ္ ဒါဆိုအခ်ိန္ပိုင္းအလုပ္လာေလွ်ာက္တာေပါ့ေနာ္"
"ဟုတ္ပါတယ္ဗ်"
"ဟို ဟို ဒီမွာထိုင္ၿပီးေျပာၾကရေအာင္ေနာ္။ခဏေလးေစာင့္ပါ"
"ဟုတ္... ေကာင္းပါၿပီ"
အေရွ႕မွထိုင္ခုံေနရာေလးအားမိုးဖြဲေလးကိုျပကာခဏထိုင္ေစၿပီးအေနာက္ဘက္ရွိပစၥည္းသိမ္းတဲ့အခန္းထဲသို႔Jungkookဝင္သြားလိုက္သည္။အခန္းထဲေရာက္သည္ႏွင့္အသက္ကိုဝေအာင္ရႉလိုက္ၿပီးရင္ခုန္သံကိုမနည္းပင္ခ်ိဳးႏွိမ္ေနရသည္။ဒါေတာင္သူနဲ႕မိုးဖြဲေလးေတြ႕တာမိနစ္ပိုင္းေလးသာရွိေသးသည္။ေနာက္ပိုင္းသာမိုးဖြဲေလးဒီမွာအလုပ္လုပ္ရင္ေတာ့ျဖင့္သူႏွလုံးသားႀကီးတစ္ခုလုံးပင္ေပါက္ကြဲထြက္သြားမလားမသိနိုင္။
ကံၾကမၼာကေတာ့ကိုယ္တို႔ႏွစ္ေယာက္ကိုျပန္ဆုံေတြ႕ခြင့္ေပးလိုက္ၿပီမိုးဖြဲေလး....။ကိုယ္ကလည္းမင္းကိုဒီေန႕ကစၿပီးကိုယ့္ႏွလုံးသားရပ္ဝန္းထဲကိုက်ိန္းေသေပါက္ဖိတ္ေခၚေတာ့မည္။
စိတ္ကိုအတတ္နိုင္ဆုံးေလွ်ာ့ၿပီးသည္ႏွင့္အျပင္မွာေစာင့္ေနသည့္မိုးဖြဲေလးဆီသို႔သူ၏ေျခလွမ္းမ်ားလွမ္းလိုက္သည္။....
"ဘယ္လို အခ်ိန္ပိုင္းအလုပ္သမားခန႔္လိုက္ၿပီ...ဟုတ္လား"
"ေအး"
"ငါ့ကိုလည္းဘာမွမေျပာဘဲနဲ႕"
"အခုေျပာတယ္ေလ"
Hoseok၏အေမးကိုအၿပဳံးျဖင့္သာေအးေဆးျပန္ေျဖလိုက္တဲ့Jungkook။အခုသူ႕ရဲ႕မ်က္ႏွာဟာအရမ္းပင္ေပ်ာ္႐ႊင္ျမဴးထူးေနတယ္ဆိုတာဖုံးကြယ္လို႔မရတဲ့အေနအထားမွာရွိေနသည္။
"မဟုတ္ဘူးေလ...မင္းခန႔္မယ္ဆိုငါ့ကိုနည္းနည္းပါးပါးတိုင္ပင္ရမယ္ေလ...မေတာ္လို႔မေကာင္းတဲ့သူဆိုဘယ္လိုလုပ္မလဲ"
"စိတ္ခ်...ေကာင္းလိုက္တာမွလြန္လို႔"
"ေအာင္မာ ...မင္းကဘယ္လိုသိ"
"႐ုပ္ေလးျမင္႐ုံနဲ႕သိတယ္"
"ခဏေနပါအုံးကြ...မင္းကဘာလို႔အဲ့ေလာက္ေတာင္ေထာက္ခံေနရတာလဲJungkook"
"သိခ်င္လား....ေျပာျပမယ္"
"အြန္း"
"တကယ္ေတာ့ေလ ေန႕ခင္းကအလုပ္လာေလ်ာက္တဲ့သူေလးကငါ့ရဲ႕မိုးဖြဲေလးဘဲHoseok"
"ဘယ္လို....တကယ္ႀကီးလား!"
"ေအး... တကယ္ႀကီးေပါ့"
"ေအာ္ လက္စသတ္ေတာ့မင္းကအဲ့တာေၾကာင့္မွိုရတဲ့မ်က္ႏွာႀကီးျဖစ္ေနတာကို"
Hoseokလည္းအခုမွအေၾကာင္းရင္းအမွန္ကိုနားလည္သြား၍သူငယ္ခ်င္း၏အျဖစ္ကိုသိသြားသည္။
"ေနစမ္းပါအုံးကြ....ဘာလို႔မင္းကသူ႕ကိုမိုးဖြဲေလးလို႔ေခၚတာလဲ"
"မိုးစက္ေလးေတြေအာက္မွာေတြ႕ခဲ့တဲ့သူေလးမို႔လို႔ ...မိုးဖြဲေလးလို႔တင္စားၿပီးေခၚတာ"
"ဟက္... ငါ့သူငယ္ခ်င္းႀကီးအခုမွကဗ်ာေတြဘာေတြဆန္ေနပါလား။ေအးေပါ့ေလလူတိုင္းကအခ်စ္နဲ႕ေတြ႕ေတာ့လဲကဗ်ာဆရာသူ႕အလိုလိုျဖစ္လာတာပါဘဲ"
Hoseok၏အေျပာကိုေထာက္ခံသလိုပင္ၿပဳံး၍Jungkookနားေထာင္ေနမိသည္။တကယ္လည္းသူကိုယ္တိုင္အခ်စ္ေၾကာင့္ကဗ်ာဆရာေလးျဖစ္ေနၿပီေလ။
ဒါေပမဲ့သူေရးမယ့္ကဗ်ာေတြဟာမိုးဖြဲေလးဆိုတဲ့သူေလးတစ္ေယာက္ထဲဖတ္ဖို႔အတြက္....။
"ဒါနဲ႕သူ႕နာမည္အရင္းကဘာတဲ့လဲ"
"Park Jiminတဲ့"
"ေအာ္...Parkမ်ိဳးရိုးေပါ့"
"အြန္း... ဟုတ္တယ္"
"ဒါဆိုPark မ်ိဳးရိုးေလးကိုခ်စ္မိသြားတဲ့Jeon မ်ိဳးရိုးေလးေပါ့... အဟားးး!!"
Hseokကအံႀကိတ္သံေလးနဲ႕ေနာက္ကာစေတာ့Jungkookမ်က္ႏွာ၌မွိုႀကီးႀကီးေပါက္ေနသလိုပင္ခံစားေနရသည္။မ်က္ႏွာတစ္ေလ်ာက္အၿပဳံးသည္နား႐ြက္မ်ားဆီသို႔ပါကူးစက္ကာနီရဲေနသည္။
"သိပ္ဟုတ္တာေပါ့ကြာ"
"မင္းနဲ႕သာလက္ထက္ရင္သူကJeon Jiminေလးျဖစ္လာမွာေပါ့"
"ဒါလဲဟုတ္တာဘဲ...ေနစမ္းပါအုံး..မင္းကဘာလို႔အဲ့တာေတြလာေမးေနတာလဲ"
"ေအာ္...ငါ့သူငယ္ခ်င္းႀကီးရဲ႕ႏွလုံးသားကိုလႈပ္ခါသြားတဲ့park မ်ိဳးရိုးေလးကိုေလးစားမိလို႔ပါကြာ"
"ေလးစားရင္မင္းလဲအဲ့လိုေလးတစ္ေယာက္ေလာက္ရွာလိုက္ေပါ့...ခက္တာၾကလို႔"
"ခက္တာေတာ့မခက္ဘူးေပါ့ကြာ...ဒါေပမဲ့ငါခ်စ္တဲ့သူမွအဆင္ေျပမွာေလ..မင္းေတာင္မိုးဖြဲေလးမွမိုးဖြဲေလးျဖစ္ေနၿပီးေတာ့"
"အဲ့တာေတာ့ဟုတ္တယ္ေနာ္...ငါေလမိုးဖြဲေလးရဲ႕အေရွ႕မွလူေတြအမ်ားႀကီးနဲ႕ေတြ႕ခဲ့ဖူးတယ္။ဒါေပမဲ့ငါတစ္ခါမွရင္မခုန္ခဲ့ဖူးဘူး..သူကတကယ္ငါ့ရဲ႕ပထမဆုံးနဲ႕ေနာက္ဆုံးအခ်စ္ဘဲHoseok"
"ေအးပါကြာ...ဒါဆိုလည္းျမန္ျမန္လက္မေႏွးဘဲကိုယ့္ဘက္ပါေအာင္လုပ္ေတာ့ေလ။အခုေခတ္မွာကဘယ္အရာမဆိုအၿပိဳင္အဆိုင္ေတြနဲ႕....အဲ့ေတာ့မင္းရဲ႕မိုးဖြဲေလးကိုခ်စ္ေန႐ုံနဲ႕ေက်နပ္မေနဘဲနည္းနည္းပါးပါးလႈပ္ရွားအုံး။လႈပ္ရွားမွမုန႔္စားရမယ္"
"ေအးပါကြာ စိတ္ခ်"
Hoseokမ်က္ခုံးတစ္ဖက္ပင့္ကာေနာက္႐ႊတ္႐ႊတ္ေျပာေတာ့Jungkookလည္းယုန္သြားေလးမ်ားေပၚေအာင္ ရယ္ကာေခါင္းညိတ္ျပလိုက္သည္။
~~~~~~
ပုံမွန္ေန႕ေတြနဲ႕မတူစြာJungkookတို႔ဆိုင္ေလး၌လူနည္းနည္းရႈပ္ေနသည္။အခ်က္ခ်ာက်သည့္ၿမိဳ႕လယ္ေခါင္မဟုတ္ေသာ္လည္းလူသြားလူလာမ်ား၍Jungkookတို႔Cafeဆိုင္ေလးဟာအရင္ကထက္လူသိမ်ားလာတာေတာ့အမွန္ပင္။အထူးသျဖင့္ဆိုင္ပိုင္ရွင္ေခ်ာေခ်ာေလးႏွစ္ေယာက္ႏွင့္အတူအခ်ိန္ပိုင္းဝန္ထမ္းအေခ်ာေလးေၾကာင့္လူသိပိုမ်ားလာသည္ဟုေျပာလွ်င္ပိုမွန္လိမ့္မည္။Jungkookတို႔ဆိုင္ကိုအလာမ်ားေသာဧည္သည့္ထဲတြင္မိန္းကေလးမ်ားက ပို၍မ်ားၾကသည္။တခ်ိဳ႕မိန္းကေလးေတြဆိုJungkookႏွင့္Hoseokကိုပါဓာတ္ပုံရိုက္သြားတတ္ၾကသည္။ကိုယ့္ရဲ႕ဆိုင္ကိုလာသည့္ဧည္သည္ဆိုေသာ္ျငားလည္းအဲ့လိုဓာတ္ပုံရိုက္သည္ကိုေတာ့Jungkookသိပ္မႀကိဳက္။တခ်ိဳ႕အထက္တန္းကေလးမေလးေတြဆိုေတာ္ေတာ္ဆိုးၾကသည္။ကိုယ့္ကိုရိုက္တာကအဲ့ေလာက္မဟုတ္၊ မိုးဖြဲေလး ကိုရိုက္ရင္ေတာ့Jungkookတကယ္မခံနိုင္ေပ။ကိုယ့္ရဲ႕မိုးဖြဲေလးကတကယ့္ကိုမထိမရက္စရာေလး။မတတ္သာသည့္အေျခအေနေၾကာင့္သာအခ်ိန္ပိုင္းဝန္ထမ္းဆိုတဲ့အေနအထားနဲ႕ကိုယ္ခ်စ္တဲ့သူကိုထား,ထားရေသာ္လည္းJungkookအတြက္အဆင္မေျပ။ဆိုင္မွာအရမ္းပင္ပန္းတဲ့ဟာေတြဆိုမိုးဖြဲေလး မသိ၊မျမင္ခင္ ကိုယ္သာအရင္လုပ္သည္။ခြက္ေတြ၊ဘာေတြေတာင္ေတာ္႐ုံတန္႐ုံကိုယ္သာအျပတ္ေဆးထားသည္။အမွန္တိုင္းေျပာရရင္မိုးဖြဲေလးအား ဘာဆိုဘာမွမခိုင္းရက္။ဆိုင္ရဲ႕ေကာင္တာေလးမွာေက်ာ့ေက်ာ့ေမာ့ေမာ့ေလးသာေအးေဆးထိုင္ေနသည္ကိုသာတစ္ေမ့တစ္ေမာေလးေငးၾကည့္ခ်င္ေနမိသည္။
မီးခိုေရာင္ဆံႏြယ္ေလးကိုျမတ္နိုးတယ္နမ္းရွိုက္ခ်င္တယ္၊ေသးသြယ္တဲ့လက္ေခ်ာင္းေလးေတြကိုကိုယ့္ရဲ႕လက္ဖဝါးႀကီးေတြထဲမွာေႏြးေႏြးေထြးေထြးေလးတည္ရွိေစခ်င္တယ္။မ်က္ဝန္းက်ဥ္းက်ဥ္းေလးမွိတ္ခါသြားတိုင္းေလာဘတတ္စြာတစ္စိုက္မတ္မတ္ၾကည့္ခ်င္တယ္။အျဖဴေရာင္သြားတန္းေလးေတြစီတန္းကာ ကိုယ့္ကိုၿပဳံးျပရင္ျဖင့္ ဒီကမာၻမွာကိုယ္ဟာကံအေကာင္းဆုံးလူအျဖစ္မွတ္တမ္းတင္ပစ္မယ္။မင္းဆီကေခၚသံေလးနားစြင့္မယ္ ၊မင္းအိမ္ျပန္လမ္းေလးေနာက္စိတ္မခ်စြာေနာက္ကတိတ္တခိုးေလးလိုက္မယ္။မင္းရဲ႕အိပ္ခန္းမီးေလးမွိတ္သြားမွစိတ္ခ်စြာကိုယ္ျပန္နိုင္မယ္။ေနာက္ေန႕ေတြကိုမင္းနဲ႕အသစ္တစ္ဖန္ျပန္စတင္မယ္။ဘယ္ေတာ့မွမရိုးသြားနိုင္တဲ့ပုံမွန္လုပ္ငန္းစဥ္ေလးဘဲ။
"သူေဠးJeon"
"ဟင္"
တစ္ခုခုကိုေတြးကာတစ္ေယာက္ထဲၿပဳံးေနေသာသူေဠးJeonမ်က္ႏွာေရွ႕အားလက္ေလးေဝွ႕ယမ္းျပကာ Jiminေခၚလိုက္ေတာ့ဆတ္ခနဲသတိဝင္ကာကိုယ့္အားျပန္ၾကည့္လာသည္။
"ဟို ညေန၄နာရီထိုးၿပီဆိုေတာ့ကြၽန္ေတာ္ျပန္ေတာ့မလို႔ အဲ့တာသူေဠးJeonကိုလာေျပာတာပါ"
"ေအာ္ ၄နာရီေတာင္ထိုးသြားၿပီလား အခ်ိန္ေတြကျမန္လိုက္တာ"
၄နာရီထိုးရင္ပုံမွန္ျပန္ေနက်ျဖစ္ေသာကိုယ့္အေရွ႕မွလူသားေလးအားၾကည့္ကာအသံတိုးတိုးေလးျဖင့္ညီးၫူသလိုေျပာလိုက္မိသည္။
"ဟုတ္ကဲ့သူေဠးJeon အဲ့တာဆိုကြၽန္ေတာ့္ကိုျပန္ခြင့္ျပဳပါအုံး။မနက္ျဖန္ေစာေစာလာခဲ့ပါ့မယ္"
ကိုယ့္အားႏႈတ္ဆက္ကာအေနာက္ဖက္စတိုခန္းထဲဝင္ကာလြယ္အိတ္ေလးယူၿပီးျပန္ထြက္လာတဲ့မိုးဖြဲေလး။မွန္ျပတင္းေပါက္ကေနအျပင္ကိုၾကည့္ေတာ့မိုးဖြားေလးေတြစတင္က်ေနၿပီျဖစ္သည္။
မၾကာခင္မိုး႐ြာေတာ့မွာပဲ။
"ထီးေကာပါလာရဲ႕လားJimin shi"
ကိုယ့္ရဲ႕အေမးေၾကာင့္ဆိုင္ထဲကထြက္ခါနီးဆဲဆဲ မီးခိုးေရာင္ေခါင္းေလးဟာျပန္လွည့္လာခဲ့သည္။
"ထီးေတာ့မပါလာဘူးသူေဠးJeon...ဒါေပမဲ့အဆင္ေျပပါတယ္ လမ္းထိပ္ထိပဲဆိုေတာ့ဒီတိုင္းပဲေျပးသြားလိုက္ပါ့မယ္ ဟီး.."
သြားတန္းျဖဴေလးမ်ားေပၚေအာင္တစ္ခ်က္ရီျပကာဆိုင္အျပင္ထြက္ရန္ေျခလွမ္းမ်ားလွမ္းေနတဲ့ေကာင္ေလးရဲ႕ညာဖက္လက္ဖဝါးေလးအားအေနာက္မွအသာေလးJungkookလွမ္းဆြဲလိုက္မိသည္။
ကိုယ့္ရဲ႕အျပဳအမူေၾကာင့္ေခါင္းေလးေမာ့ကာနားမလည္သလိုတစ္ခ်က္ၾကည့္လာေသာမိုးဖြဲေလး။မိုးဖြဲေလးရဲ႕အရပ္ေလးဟာကိုယ္နဲ႕ယွဥ္ရင္နည္းနည္းေလးမဆိုသေလာက္ပုသည္ေျပာရမယ္။ေမာ့ၾကည့္လာတဲ့မ်က္လုံးေလးႏွစ္စုံကခပ္ေမွးေမွးေလးႏွင့္ေၾကာင္ေတာင္ေတာင္အရိပ္ေယာင္အျပည့္။ႏႈတ္ခမ္းဖူးေလးဟာျဖင့္ပြင့္ဟကာအံ့ဩမႈေလးစြန္းထင္းေနသည္။ဆိုးေဆးအကူအညီမပါပဲသဘာဝအတိုင္းပန္းဆီေရာင္သမ္းေနတဲ့ႏႈတ္ခမ္းသားေလးကိုျမင္တဲ့အခ်ိန္မွာ Jungkookတစ္ေယာက္မိုးဖြဲေလးကိုကိုင္ထားသည့္လက္ေလးအားလႊတ္ေပးကာ အေနာက္သို႔ေျခလွမ္းႏွစ္လွမ္းျပန္ဆုတ္လိုက္မိသည္။
"ဘာ...ဘာျဖစ္လို႔လဲဟင္သူေဠးJeon"
"ဟို...ဟို ကိုယ္လိုက္ပို႔ေပးမလို႔"
"ဟင္"
"မိုးေတြအရမ္း႐ြာေနတာ ထီးမပါဘူးမလား ကိုယ္လမ္းထိပ္ထိလိုက္ပို႔ေပးမယ္"
"အာ..မဟုတ္တာရပါတယ္သူေဠးJeonရဲ႕ ..မိုးကသိပ္မ႐ြာေသးပါဘူး ကြၽန္ေတာ္ဒီတိုင္းပဲေျပးသြားလိုက္ပါ့မယ္"
"မိုးမိရင္ေနမေကာင္းျဖစ္လိမ့္မယ္။ၿပီး...ၿပီးေတာ့ေနမေကာင္းရင္အလုပ္မလာနိုင္ဘဲေနမွာေပါ့ အဲ့ေတာ့ကိုယ္လိုက္ပို႔ေပးမယ္"
"ေအာ္ လက္စသတ္ေတာ့ကြၽန္ေတာ္မနက္ျဖန္အလုပ္မလာနိုင္မွာကိုသူေဠးJeonကစိုးရိမ္ေနတာပဲ။ကြၽန္ေတာ့္ကိုစိတ္ပူေနတာမွမဟုတ္တာ"
"မဟုတ္ ...မဟုတ္ပါဘူး မင္းကိုလည္းကိုယ္အရမ္းစိတ္ပူတာပါJiminရယ္.. အဲ့တာေၾကာင့္ကိုယ္လိုက္ပို႔ေပးမယ္လို႔ေျပာတာပါ"
"ထားပါေတာ့ သူေဠးJeonလိုက္ပို႔ခ်င္လည္းပို႔ေပးပါ ကြၽန္ေတာ္လက္ခံပါတယ္"
"အင္း အဲ့တာဆိုသြားၾကမယ္ေနာ္"
ႏွစ္ေယာက္သားဆိုင္ထဲကထြက္လာၿပီးသည္ႏွင့္အဝါေရာင္ထီးေလးအားJungkookဖြင့္လိုက္သည္။ကိုယ့္ဘက္ကိုသိပ္မေဆာင္းပဲမိုးဖြဲေလးဘက္ကိုသာပိုပိုသာသာေဆာင္းေပးေနတဲ့Jungkookအားလမ္းသြားလမ္းလာမ်ားကတစ္ခ်က္တစ္ခ်က္ၾကည့္သြားၾကသည္။တခ်ိဳ႕ကလည္းအကဲပိုလိုက္တာလို႔ျမင္ေကာင္းျမင္နိုင္ေပမဲ့ တခ်ိဳ႕ကလည္းခ်စ္ဖို႔ေကာင္းတဲ့ေသးေသးလုံးလုံးလူသားေလးအားပိုင္ဆိုင္ထားသည့္လူအေနနဲ႕ဒီေလာက္ေတာ့အကဲပိုသင့္သည္ဟုသတ္မွတ္သြားၾကသည္။ဘယ္သူေတြဘာေျပာေျပာဂ႐ုမစိုက္ပါ။အခုဆိုမိုးဖြဲေလးနဲ႕ထီးေလးတစ္ေခ်ာင္းေအာက္မွာေတာင္အတူရပ္ေနနိုင္ေနၿပီ။သိပ္မၾကာေတာ့တဲ့အခ်ိန္မွာကိုယ္ဒီလိုထီးေလးေဆာင္းၿပီးမင္းရဲ႕လက္ေလးကိုကိုင္ဖို႔အထိအဆင့္တတ္ခ်င္တယ္မိုးဖြဲေလးရယ္။
"သူေဠးJeonျပန္ေတာ့ေလ ကြၽန္ေတာ္ကားဆက္ေစာင့္လိုက္ပါ့မယ္"
ကားဂိတ္ကိုေရာက္သည့္အထိမျပန္ေသးပဲကိုယ္နဲ႕တူတူကားေစာင့္ေပးေနသည့္သူေဠးJeonကိုJiminအားနာလာမိသည္။
"ကားလာတဲ့အထိကိုယ့္တူတူေစာင့္ေပးပါ့မယ္"
"ရပါတယ္သူေဠးJeonရဲ႕ ကားကခဏေနလာေတာ့မွာပါ။မိုးခ်ဳပ္ေနၿပီဆိုေတာ့သူေဠးJeonလည္းအိပ္ကိုေစာေစာျပန္နားလိုက္ပါ။ကြၽန္ေတာ္အဆင္ေျပပါတယ္"
"Jiminအဆင္ေျပေပမဲ့ ကိုယ္မေျပဘူးေလ"
"ဘယ္လို"
"ေအာ္ Jiminကကိုယ့္ရဲ႕ဝန္ထမ္းေလ ။အဲ့ေတာ့ကိုယ္မွဝာာဝန္ရွိတာေပါ့"
"အဲ့တာေတာ့ဟုတ္ေပမဲ့ကြၽန္ေတာ္သူေဠးJeonကိုအားနာလို႔ပါ"
"ဘာမွအားမနာေနပါနဲ႕ ကိုယ္ကားလာတဲ့အထိေစာင့္ေပးမယ္ေနာ္"
သူေဠးJeonရဲ႕တည္ၾကည္တဲ့အၿပဳံးနဲ႕အတူေျပာလာေသာစကားေၾကာင့္Jiminအားနာနာႏွင့္ေခါင္းညိတ္လိုက္မိသည္။....ဘတ္စ္ကားကေတာ္ေတာ္ႏွင့္ေရာက္မလာ၍အိမ္ကိုမိုးခ်ဳပ္မွျပန္ေရာက္လာသည္။ကားလာတဲ့အထိကိုယ္နဲ႕တူတူေစာင့္ေပးၿပီးျပန္သြားတဲ့သူေဠးJeonအေၾကာင္းကိုေတြးမိလိုက္တဲ့အခါမွာေတာ့Jiminႏႈတ္ခမ္းေလး၌အၿပဳံးတစ္ခုခ်ိတ္ဆြဲသြားကာစိတ္ထဲ၌လည္း....
"ေက်းဇူးတင္ပါတယ္သူေဠးJeon"
TBC...Koe
There are no comments yet. Log in to be the first to leave a review!





