Ep-22(Final)
14:44, 14 November 2022Zawgyi
"eomeoni ဘာမွစိတ္မပူပါနဲ႔ arbeojiက eomeoniကို အထင္လြဲခဲ့တယ္ဆိုတာ သိျပီးလို႔ မေန႔ကထဲက ျပန္လာေခၚဖို႔ေတာင္ လုပ္ေနတာ က်ေနာ္နဲ႔ ဂြ်န္က မနက္ျဖန္မွ ေခၚလာခဲ့မယ္ဆိုျပီး အတင္းတားထားရတာ arbeojiက eomeoniကို ခ်စ္ေနပါေသးတယ္ ခိခိ"
ဘူဆန္မွ ဆိုးလ္သို႔ ဦးတည္ေသာ ကားေလးေပၚတြင္ တစ္လမ္းလံုး ေလေပါလာသူက Taehyungပင္။
ကားေနာက္ခန္းမွာ ထိုင္ျပီး စကားေျပာေနျကေသာ သူ႔အေမနဲ႔ ထယ္ေယာင္းအား ကားေမာင္းရင္း တစ္ခ်က္တစ္ခ်က္ လွည့္လွည့္ျကည့္ေနေသာ Jungkookရဲ႕မ်က္ႏွာဟာလဲ ပါးခ်ိဳင့္ေရးေရးေလးေတြေပၚသည္အထိ ျပံဳးလို႔။
ညေနေလာက္တြင္ ဆိုးလ္ျမိဳ႔က ေဂ်ာင္ကုအေဖတို႔အိမ္သို႔ ေရာက္ေလသည္။
ေဂ်ာင္ကုက ကားေနာက္ခန္းက အထုပ္အပိုးေတြ သယ္ေနခ်ိန္ ထယ္ေယာင္းသည္ ကားေပၚက ဆင္းကာ
"ဂြ်န္ က်ေနာ္ ကူသယ္ေပးမယ္ေလ"
"ရတယ္ ေဘဘီ အေမ့ကို ေခၚျပီး အိမ္ထဲဝင္ႏွင့္ ကိုယ္ဒါေတြသယ္ျပီးေနာက္က လိုက္ခဲ့မယ္"
"ဟုတ္ ဂြ်န္"
"eomeoni အိမ္ထဲဝင္ရေအာင္"
ေဂ်ာင္ကုအေမထိုင္ေနသည့္ ကားတံခါးကို ဖြင့္ေပးရင္း ေျပာေတာ့ ေဂ်ာင္ကုအေမသည္ ကားေပၚမွ ဆင္းလိုက္သည္။
"ျဖစ္ပါ့မလား ထယ္ေယာင္းေလး"
"ျဖစ္တာေပါ့ arbeojiက လံုးဝေနာင္တအျကီးစားရေနတာ စိတ္ပူမေနပါနဲ႔"
ေဂ်ာင္ကုအေမဂင္ဆိုေယာင္းလက္ေမာင္းအား တြဲခ်ိတ္ကာ အိမ္ထဲသို႔ ေခၚသြားေသာ ထယ္ေယာင္း
အိမ္ထဲဝင္ဝင္ခ်င္းမွာတင္
"ဆိုေယာင္းahh"
"ေျဗာင္အင္shi"
"ေတာင္းပန္ပါတယ္ ဆိုေယာင္းahh"
တစ္ေယာက္နဲ႔ တစ္ေယာက္ ေပြ႔ဖက္ကာ အလြမ္းသယ္ေနျကေသာ ဂင္ဆိုေယာင္းနဲ႔ ဂြ်န္ေျဗာင္အင္ကိုျကည့္ျပီး ထယ္ေယာင္းေတာင္ မ်က္ရည္ဝဲလာရသည္။
"ေတြးခ်င္ရာေတြး ထင္ခ်င္ရာထင္ျပီး စြပ္စြဲခဲ့တဲ့ ဒီအသံုးမက်တဲ့ေယာက်ာ္းကုိ ခြင့္လႊတ္တဲ့အတြက္ ေက်းဇူးအမ်ားျကီးတင္ပါတယ္ ဆိုေယာင္းahh"
"မဟုတ္တာ က်မကို ခုလို ျပန္လက္ခံေပးတာနဲ႔တင္ ေက်းဇူးတင္ေနတာပါ ေျဗာင္အင္shi"
"အတိတ္ကို အတိတ္မွာပဲ ထားခဲ့ျပီးေတာ့ ငါတို႔ အသစ္ကေန ျပန္စျပီး ေပ်ာ္ေပ်ာ္ေနသြားျကရေအာင္"
"ဟုတ္ကဲ့ ေျဗာင္အင္shiဆီက ဒီလိုစကားမ်ိဳးျကားရတာ က်မ အတိုင္းမသိ ဝမ္းသာပါတယ္ ေျဗာင္အင္shi"
ေဂ်ာင္ကု အထုပ္အပိုးေတြ သယ္လာျပီး အိမ္ထဲ ဝင္ဝင္ခ်င္းမွာတင္ သူ႔အေမနဲ႔အေဖရဲ႕ စကားသံမ်ားျကားေတာ့ ရင္ထဲ ပီတိေတြျဖာရသည္။ အေစာျကီးကထဲက ဒီလို အဆင္ေျပသင့္တာကို....။
ေဂ်ာင္ကု သယ္လာေသာ အထုပ္အပိုးေတြကို ခ်ျပီး သူ႔အေဖနဲ႔အေမကို မတ္တပ္ေလးရပ္ကာ ျကည့္ေနေသာ ထယ္ေယာင္းေဘးသို႔သြားကာ ထယ္ေယာင္းရဲ႕ပုခံုးကို ဖက္လိုက္သည္။
"ထယ္ေယာင္းေလးနဲ႔ ေဂ်ာင္ကုေလးကို ေက်းဇူးပါပဲ အေမတို႔ျကား ျပန္အဆင္ေျပေအာင္ လုပ္ေပးလို႔"
"မဟုတ္တာ ေသခ်ာေပါက္ ျပန္အဆင္ေျပသင့္တာမို႔ ေက်းဇူးတင္စရာမလိုပါဘူး eomonie"
ရုတ္တရက္ ဂြ်န္ေျဗာင္အင္က သူ႔မိန္းမဂင္ဆိုေယာင္းရဲ႕ပါးကို နမ္းလိုက္၍ ထယ္ေယာင္းနဲ႔ေဂ်ာင္ကုမွာ မ်က္လံုးမ်ားျပဴးသြားျကသလို ေခ်ာင္းတဟန္႔ဟန္႔ျဖင့္သာ။
"ရွင္ေနာ္! ကေလးေတြေရွ႕မွာ!!"
ဂင္ဆိုေယာင္းသည္ ဂြ်န္ေျဗာင္အင္ရဲ႕ဗိုက္ေခါက္အား လိမ္ဆြဲလိုက္ရင္း ေျပာသည္။
"အ့ နာတယ္ေလ မိန္းမကလဲ"
မ်က္ႏွာျကီး ဆူပုတ္ကာ ေျပာလာေသာ ဂြ်န္ေျဗာင္အင္။
"က်ေနာ္တို႔ ဘာမွမျမင္လိုက္ဘူးေနာ္ appa"
ေဂ်ာင္ကု ျပီတီတီမ်က္ႏွာထားနဲ႔ ေနာက္ေျပာင္ကာေျပာျပီးေနာက္ သူ႔ေဘးနားက ထယ္ေယာင္းကိုျကည့္ကာ
"ဟုတ္တယ္မလား ေဘဘီ"
"ဟုတ္တယ္ arbeojiက eomeoniကို နမ္းလိုက္တာကို က်ေနာ္တို႔ လံုးဝကို မျမင္လိုက္ပါဘူး"
ထိုစကားေျကာင့္ 4ေယာက္သား 1ေယာက္မ်က္ႏွာ1ေယာက္ျကည့္ကာ ရီပြဲက်ကုန္ေတာ့သည္။
ျကည္ႏူးစရာေကာင္းေသာ ရီသံေလးေတြ ထိုအိမ္ေလးထဲတြင္ ပ်ံ႕ႏွံ႔ကုန္သည္။
ထိုျမင္ကြင္းေလးက ေႏြးေထြးေသာ မိသားစုရဲ႕အေငြ႔အသက္ေလးကို ခံစားမိေစသည္။
သူတို႔မိသားစုေလးက ျပည့္စံုသြားျပီ လံုးဝကို.......။
______________
"ဂြ်န္ က်ေနာ္ အျပင္ ခဏသြားလိုက္ဦးမယ္"
"ဘယ္ကိုလဲ"
"ကိစၥေလးရိွလို႔"
"ကိုယ္ လိုက္ခဲ့မယ္ေလ"
"ဟင့္အင္း မလိုက္ခဲ့နဲ႔ က်ေနာ့္ဘာသာ က်ေနာ္ သြားမယ္"
တစ္ခုခုကို ဖံုးကြယ္ခ်င္ေနသည့္ ထယ္ေယာင္းေျကာင့္ ေဂ်ာင္ကု ဘဝင္မက်။
ေနာက္လထဲေရာက္ရင္ပဲ လက္ထပ္ေတာ့မယ္... ဘာေတြ ဖံုးကြယ္ခ်င္ေနရတာလဲ....။
"ကုိယ့္ကို ဖံုးကြယ္ထားတာ တစ္ခုခုရိွလား"
"ဟို မရိွပါဘူး ဂြ်န္ရဲ႕"
ေဂ်ာင္ကုရဲ႕ မသကၤာတဲ့အျကည့္ေတြေျကာင့္ထယ္ေယာင္းမွာ တစ္ခုခုကို သိသြားမွာစိုး၍ ထိတ္လန္႔ေနတဲ့ ကိုယ့္မ်က္ႏွာကုိယ္ အတတ္ႏိုင္ဆံုး ဘာမွမျဖစ္သလို ျပန္ျပင္ရင္း ညာလိုက္ရသည္။
"ျပီးတာပဲ သြားေလ"
ခ်က္ခ်င္းေအးစက္သြားေသာ မ်က္ဝန္းေတြအရ ဂြ်န္က်ေနာ့္ကို အထင္လြဲသြားသည္ထင္သည္။
မတတ္ႏိုင္....။ ဒီကိစၥကို ဂြ်န္ သိလို႔မွမျဖစ္ဘဲ.....။
ထယ္ေယာင္း တိုက္ခန္းထဲမွ ထြက္လာလိုက္သည္။ ဓာတ္ေလွကားထဲ ေရာက္တာနဲ႔ တစ္စံုတစ္ေယာက္အား ဖုန္းဆက္လိုက္၏။
"က်ေနာ္ပါ Euphoria cafeမွာ ခဏေလာက္ေတြ႔ျကရေအာင္ ေျပာစရာေလးရိွလို႔"
ေျပာျပီးတာနဲ႔ ဖုန္းခ်လိုက္သည္။
Euphoria cafe shopက ေထာင့္တစ္ေနရာမွာထိုင္ေစာင့္ေနေသာ ထယ္ေယာင္းဆီသို႔ တန္းတန္းမတ္မတ္ေလွ်ာက္လာေသာ အမ်ိဳးသမီးတစ္ေယာက္သည္ အနက္ေရာင္ကိုယ္က်ပ္အက်ႌစကပ္ကိုမွ ဖန္ရွင္က်က် ဝတ္ဆင္လို႔ထား၏။
စီးလာေသာ ေဒါက္ဖိနပ္၏ လမ္းေလွ်ာက္လိုက္တုိင္း ျမည္ေနေသာ အသံသည္ ျကားရသူအဖို႔ လူရိွန္ေစ၏။
မိတ္ကပ္ဖံုဖံုနဲ႔ ႏႈတ္ခမ္းနီ အေရာင္ရင့္ရင့္ကိုဆိုးထားျပီး ဆံပင္ကို အေနာက္တြင္ တစ္စုတစ္စည္းတည္း ေခတ္ဆန္ဆန္ထံုးထားေသာ ထိုအမ်ိဳးသမီး၏ မ်က္ႏွာသည္ အလြန္တရာ တည္ျငိမ္ရင့္က်က္ဟန္ရိွ၏။
ထယ္ေယာင္းထိုင္ေနတဲ့ဝိုင္းသို႔ ေရာက္ေသာ္ထယ္ေယာင္းမ်က္ႏွာခ်င္းဆိုင္က ခံုတြင္ လက္ပိုက္ ေျခခ်ိတ္ကာ ထိုင္လိုက္၏။
တပ္ဆင္လာေသာ ေနကာမ်က္မွန္ကို ခြ်တ္ကာ ခံုေပၚတင္လိုက္ရင္း
"ငါ့ကို ေျပာစရာရိွတယ္ဆိုတာက ဘာမ်ားလဲ"
"က်ေနာ္ လက္ထပ္ေတာ့မယ္"
"လက္ထပ္မယ္? ဘယ္သူနဲ႔လဲ? ဘယ္မ်ိဳးရိုးကလဲ? မိဘအသိုင္းအဝိုင္းကေရာ ဘယ္ေလာက္ထိ ခ်မ္းသာလဲ?"
"မင္းအေပၚ ေကာင္းရဲ႕လား မင္းကို တကယ္ခ်စ္တာေရာ ဟုတ္ရဲ႕လား မင္းကေရာ သူ႔ကို တကယ္ခ်စ္ရဲ႕လား အဲ့လိုေတြ ေမးရမွာ မဟုတ္ဘူးလား"
ထယ္ေယာင္း၏ အေျပာကို ထိုမိန္းမသည္ဟက္ခနဲ တစ္ခ်က္ရီျပီး
"ငါသိခ်င္တာ ငါေမးတာေလ...မိဘအသိုင္းအဝိုင္းက ခ်မ္းသာျကြယ္ဝမႈမ်ားမွ မင္းနဲ႔ သူနဲ႔ လက္ထပ္တဲ့အခါ ငါ့ဘက္က အက်ိဳးအျမတ္ တစ္ခုခု ရမွာမဟုတ္ဘူးလား"
"က်ေနာ့္ကို သားလို႔ေရာ သတ္မွတ္ရဲ႕လား အေမ"
"သားလို႔ သတ္မွတ္ရေအာင္ မင္းက ငါ့ေျပာစကားေတြနားေထာင္ခဲ့လို႔လား? အရင္ကထဲက ငါ့ေျပာစကားေတြနားေထာင္ခဲ့ရင္ အခုဆို မင္း ဒီ့ထက္ပိုျပီး ခ်မ္းခ်မ္းသာသာ ေနရမွာ ဥကၠဌျကီးနမ္က ဘယ္ေလာက္ေတာင္ ခ်မ္းသာလိုက္သလဲ အရင္ကထဲက ငါေျပာတာနားေထာင္ျပီး မင္း သူနဲ႔ လက္ထပ္ခဲ့ရင္ ငါလဲ အခုဆို ျကီးျကီးတက္ခ်မ္းသာတဲ့ millionnaireတစ္ေယာက္ ျဖစ္ေနေလာက္ျပီ"
"ေတာ္ပါေတာ့! ေက်းဇူးျပဳျပီး"
"တကယ္ေမြးရက်ိဳးမနပ္တဲ့သားပဲ မင္းအေမ ငါက ေကာင္းေစခ်င္လို႔စီစဥ္တဲ့ကိစၥကိုေတာင္ လက္မခံခဲ့ဘဲနဲ႔ သားအျဖစ္သတ္မွတ္ရဲ႕လား လာေမးရဲေသးတယ္"
"ကိုယ့္အက်ိဳးအျမတ္အတြက္ ကိုယ့္သားကိုယ္ တစ္ျခားသူဆီ ထိုးေကြ်းေနတာ က်ေနာ့္အတြက္ ေကာင္းေစခ်င္လို႔ စီစဥ္တာတဲ့လား? "
ထိုစကားသည္ ဆြန္းဟြာေယာင္း၏ အရိႈက္ကို တည့္တည့္ထိသြား၍ မ်က္ႏွာေတြနီျမန္းတက္လာကာ
"မင္း! "
ခံုေပၚက ေရခြက္ကိုက်စ္က်စ္ပါေအာင္ကိုင္ကာ ထယ္ေယာင္းမ်က္ႏွာကို ပက္ပစ္လိုက္၏။
"အေမကို ေစာ္ကားတဲ့ေကာင္! "
ေျပာလဲ ေျပာရင္း မတ္တပ္ထရပ္လိုက္ေသာ ဆြန္းဟြာေယာင္း....။
ထယ္ေယာင္းလဲ ဝုန္းခနဲ မတ္တပ္ထရပ္လိုက္ကာ
"က်ေနာ္ေျပာတာ အရိႈက္ကို တည့္တည့္ထိသြားလို႔မလား? "
ဆြန္းဟြာေယာင္း၏ မ်က္ႏွာကို ေစ့ေစ့ျကည့္ျပီး ေျပာလိုက္ေတာ့
"ေတာက္စ္ မင္းကမ်ား ငါ့ကို"
ဆြန္းဟြာေယာင္းတစ္ေယာက္ ေဒါသေတြ ထြက္လာသျဖင့္ ထယ္ေယာင္းပါးကို ရိုက္ရန္ လက္ရြယ္လိုက္ေလသည္။
ထယ္ေယာင္းလဲ သူ႔အေမ၏ အျပဳအမႈေျကာင့္မ်က္စိစံုမွိတ္မိလိုက္၏။
သို႔ေသာ္ သူ႔ပါးေပၚသို႔ တစ္စံုတစ္ရာ နာက်င္မႈေရာက္မလာတာေျကာင့္ မ်က္လံုးဖြင့္ျကည့္မိေတာ့ေဂ်ာင္ကုသည္ သူ႔ပါးအားရိုက္ေတာ့မည့္ ဆြန္းဟြာေယာင္း၏ လက္အား ဖမ္းကိုင္ထားသည္ကိုေတြ႔သည္။
ဂြ်န္က ဘယ္လိုလုပ္ျပီး ဒီကို??
ေဂ်ာင္ကု ထယ္ေယာင္း ထြက္သြားတာနဲ႔ ထယ္ေယာင္းေနာက္သို႔ လိုက္သြားခဲ့သည္။
ေကာ္ဖီဆိုင္တစ္ဆိုင္ထဲ ထိုင္ေနေသာ ထယ္ေယာင္းအား ေဂ်ာင္ကု ကားထဲကေန ျကည့္ေနခဲ့သည္။
ခဏျကာေတာ့ မိန္းမတစ္ေယာက္က ထယ္ေယာင္းထိုင္ေနတဲ့ဝိုင္းကို ဝင္ထိုင္လိုက္သည္ကိုေတြ႔သည္။
အဲ့မိန္းမက ထယ္ေယာင္းရဲ႕အေမျဖစ္သူ ဆြန္းဟြာေယာင္းမလား....။
ဘာေတြ အေခ်အတင္ စကားမ်ားေနျကမွန္းမသိေပမယ့္ ဆြန္းဟြာေယာင္းက ထယ္ေယာင္းအား ေရနဲ႔ ပက္လိုက္တာကို ျမင္ေတာ့ သူ႔ေဒါသေတြထိန္းမႏိုင္သိမ္းမရျဖစ္ကာ ဆိုင္ထဲ ဝင္သြားမိသည္။
ဆိုင္ထဲ ဝင္ျပီး ထယ္ေယာင္းတို႔ဝိုင္းေရာက္ခါနီးမွာဆြန္းဟြာေယာင္းက ထယ္ေယာင္းပါးအား ရိုက္ဖို႔ျကံျပန္သည္။
ေတာ္ေသးတာေပါ့ ဆြန္းဟြာေယာင္းလက္ကို သူ အခ်ိန္မွီဖမ္းလိုက္ႏိုင္လို႔.....။
"ရာရာစစ ဘယ္သူ႔ကို ထိခ်င္ေနရတာလဲ!"
ဆြန္းဟြာေယာင္းသည္ သူ႔လက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားေသာ ေဂ်ာင္ကုအား ရန္ေတြ႔လိုက္၏။
ဘယ္က ကေလကေခ်မွန္းမသိ ရာရာစစ ငါ့လက္ကို!! လာထိရဲတယ္??
"အဲ့စကားကို က်ေနာ္က ေျပာရမယ္ထင္တယ္ ရာရာစစ ဘယ္သူ႔ကို ရိုက္ဖို႔ လက္ရြယ္ရဲရတာလဲ!!"
မ်က္ေထာင့္နီနီနဲ႔ အံျကိတ္ရင္း ေျပာလာေသာ ေဂ်ာင္ကုရဲ႕စကားေတြေျကာင့္
"ဘာ!!"
"မသိေသးရင္ ေသခ်ာမွတ္ထားပါ! က်ေနာ့္ေကာင္ေလးကို လာထိဖို႔ ျကိဳးစားတဲ့သူမွန္သမွ် က်ေနာ္က ဒီတိုင္းထားမွာမဟုတ္ဘူး"
ထိုစကားျကားမွ အေျခအေနအရပ္ရပ္ကို သေဘာေပါက္သြားေသာ ဆြန္းဟြာေယာင္းသည္ ေဂ်ာင္ကုကိုတစ္လွည့္ ထယ္ေယာင္းကို တစ္လွည့္ျကည့္ကာ
"ဘာ?? မင္းေကာင္ေလး? ထယ္ေယာင္းကေလ?? ဟက္ ထယ္ေယာင္း မင္းက ဒီလိုကေလကေခ်နဲ႔ လက္ထပ္မယ္ေပါ့ေလ?"
"ဟုတ္တယ္ က်ေနာ္ လက္ထပ္မယ့္သူက သူပဲ"
ထယ္ေယာင္း၏ စကားအားျကားေတာ့ ဆြန္းဟြာေယာင္းသည္ ေျခာက္ကပ္ကပ္ရီရင္း
"ငါ့စကားနားမေထာင္ေတာ့ မင္းဒီလိုကေလကေခ်နဲ႔ပဲ လက္ထပ္ရေတာ့မွာ ေတြ႔လား မင္းအေမ ငါ့ကို ေစာ္ကားခ်င္ဦး!! "
"ခင္ဗ်ားစကားေတြ လြန္ေနျပီ!! "
ေဂ်ာင္ကုသည္ ထိုသို႔ေျပာျပီး ဆြန္းဟြာေယာင္း၏ လက္အား ေဆာင့္တြန္းကာ လႊတ္လိုက္ေတာ့ ဆြန္းဟြာေယာင္းခမ်ာ မလဲက်ရံုတမယ္ ယိုင္က်သြား၏။
"ရာရာစစ ငါ့ကို တြန္းတယ္! ငါ ဘယ္သူလဲဆုိတာ မင္းသိလား Kim Groupရဲ႕ပိုင္ရွင္ ဆြန္းဟြာေယာင္းဆိုတာ ငါပဲ ဟဲ့! ကေလကေခ်လိုေကာင္ရဲ႕"
"ကေလကေခ်လိုေကာင္? က်ေနာ္ကလား"
ေဂ်ာင္ကုသည္ ဆြန္းဟြာေယာင္းကိုျကည့္ကာ ဟက္ခနဲ တစ္ခ်က္ရီျပီး
"J Groupကိုေရာ သိလား"
"J Group?? သိတာေပါ့ Koreaမွာ အေအာင္ျမင္ဆံုးလုပ္ငန္းစုေလ ေနစမ္းပါဦး မင္းက ဘာကိစၥ ေမးတာလဲ"
"က်ေနာ့္နာမည္ကိုေရာ သိလား"
"ငါက ဘယ္လိုလုပ္ သိမွာလဲ မင္းလို ကေလကေခ်ေကာင္ရဲ႕နာမည္ကို!"
"ဂြ်န္ေဂ်ာင္ကု"
"ဘာ! ဂြ်န္ေဂ်ာင္ကု? ေနစမ္းပါဦး! ငါ ဒီနာမည္ကို တစ္ေနရာရာမွာျကားဖူးေနသလိုပဲ ဘယ္မွာ ျကားဖူးပါလိမ့္"
"ဘယ္မွာ ျကားဖူးလဲဆိုတာကေတာ့ အခ်ိန္ယူျပီး ေအးေအးေဆးေဆး ေသခ်ာစဥ္းစားျကည့္ေပါ့ အခုေတာ့ က်ေနာ္တို႔ကို သြားခြင့္ျပဳပါဦး"
ထယ္ေယာင္းလက္အား ဆြဲကာ ေကာ္ဖီဆိုင္ထဲမွ ထြက္သြားေသာ ေဂ်ာင္ကု။
"ဂြ်န္ေဂ်ာင္ကုဆိုတဲ့ နာမည္ကို ဘယ္မွာ ျကားဖူးပါလိမ္??ေသခ်ာေပါက္ကို ျကားဖူး-J Groupက အေမြဆက္ခံမယ့္သူနာမည္မလား?မျဖစ္ႏိုင္တာ!!"
ေသခ်ာစဥ္းစားမိမွ ဟုတ္သားပဲခုနကေကာင္ေလးမ်က္ႏွာကိုJ Groupပိုင္ရွင္ရဲ႕သားနဲ႔ တူပါတယ္လို႔မွတ္ေနတာ....တကယ္ပဲ J Groupပိုင္ရွင္ရဲ႕သား ဂြ်န္ေဂ်ာင္ကုကိုး!
ဆြန္းဟြာေယာင္းတစ္ေယာက္ အံ့အားသင့္ကာ တုန္လႈပ္သြားမိသည္....
ဒါဆို ခုနက သူ ကေလကေခ်ေကာင္လို႔ ေျပာခဲ့မိတာေတြ??
သြားပါျပီ!!
ဘာပဲျဖစ္ျဖစ္ေလ ငါက ထယ္ေယာင္းအေမပဲဟာ! မေတာ္ခ်င္လဲ ငါနဲ႔ ေယာကၡမ ေတာ္ရမွာပဲလက္ထပ္တဲ့ေန႔က် အက်ိဳးအျမတ္အေျကာင္းသြားေဆြးေႏြးတာေပါ့.....။
ထိုအျကံသည္ တိမ္တိုက္ထဲက တိုက္အိမ္တစ္လံုးလို အလြယ္တကူ ပ်က္စီးမည္မွန္းသာ ဆြန္းဟြာေယာင္းသိခဲ့ပါလွ်င္။
______________
ေဂ်ာင္ကု ထယ္ေယာင္းအား တိုက္ခန္းသို႔ျပန္ေခၚလာသည္။
ေဂ်ာင္ကု ထယ္ေယာင္းအေျကာင္း ခေရစိတြင္းက် အကုန္စံုစမ္းထားျပီးသားျဖစ္၍ ထယ္ေယာင္းကိုက်သားတစ္ေယာက္လို မဆက္ဆံဘဲ သူ႔ေနာက္ေယာက်ာ္းကိုက် လိုေလေသးမရိွေအာင္ ေလာင္းကစားလုပ္ဖို႔၊ အရက္ေသာက္ဖို႔ ပိုက္ဆံထုတ္ထုတ္ေပးတတ္ေသာ အေမတစ္ေယာက္ရိွသည္ကိုလဲ သိျပီးသားျဖစ္သည္။
သူနဲ႔ ထယ္ေယာင္းနဲ႔ မဆံုခင္အခ်ိန္တုန္းကလဲ IVY Groupက ဥကၠဌနဲ႔ ထယ္ေယာင္းကို လက္ထပ္ေပးဖို႔ ထယ္ေယာင္းအေမျဖစ္သူ ဆြန္းဟြာေယာင္းစီစဥ္ခဲ့တာကို ထယ္ေယာင္းကလက္မခံဘဲ ဇြတ္စီစဥ္မယ္တိုရင္ အဆိပ္ေသာက္ေသမယ္လို႔ ထယ္ေယာင္း ျခိမ္းေျခာက္မွ ထိုအစီအစဥ္ကို ဖ်က္ခဲ့သည့္အေျကာင္းကိုလဲ သူသိသည္။
သူ သိတာေပါ့ သူခ်က္ေကြ်းတဲ့ထမင္းကို စားတိုင္းသူ႔အေမက သူ႔ကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ေျပာျပတိုင္း ထယ္ေယာင္းငိုေနခဲ့တဲ့အေျကာင္းအရင္းကိုေလ။
တကယ္ေတာ့ သူ ထယ္ေယာင္းအေျကာင္းကို ထယ္ေယာင္းမသိေအာင္ စံုစမ္းခဲ့ျခင္းမွာ ထယ္ေယာင္းကလဲ သူ႔မိသားစုအေျကာင္း တစိုးတစ္စိမွ် မေျပာျပတာေျကာင့္ျဖစ္သည္။
သူ သိျပီးသားဆိုတာကို ထယ္ေယာင္းကိုမေျပာဘဲထယ္ေယာင္းကုိယ္တိုင္ သူ႔မိသားစုအေျကာင္း ေျပာျပမယ့္အခ်ိန္ကို ေစာင့္ေနခဲ့ပါသည္။
သို႔ေသာ္ ထယ္ေယာင္းသည္ ဖံုးကြယ္လြန္းသည္။ ဝမ္းနည္းေနေပမယ့္ သူ႔ကိုယ္သူ အဆင္ေျပခ်င္ေယာင္ေဆာင္ေနသည္။
အခုလဲ ျကည့္ေလ သူ႔ကို ေပးမသိဘဲ သူ႔အေမနဲ႔ သြားေတြ႔ျပန္သည္။
ဘယ္အခ်ိန္ထိ ဖံုးကြယ္ခ်င္ေနတာလဲ.....။
တစ္ေယာက္ကိုတစ္ေယာက္အရမ္းခ်စ္ျကတဲ့ သူတို႔2ေယာက္ျကား ကိစၥေသးေသးေလးေတာင္ ဖံုးကြယ္တာမ်ိဳး သူမလိုခ်င္။
သူသာ လိုက္မသြားခဲ့ရင္ ထယ္ေယာင္း ဆြန္းဟြာေယာင္းေျကာင့္ ဆိုင္ထဲမွာ အရွက္ကြဲဦးမည္။ မဟုတ္ဘူး.... အခုေတာင္ အရွက္ကြဲခဲ့တာ.... သူ ထယ္ေယာင္းဘက္က ကာေျပာေပးခဲ့လို႔ ေနာက္မို႔ဆို ထယ္ေယာင္းက ဆြန္းဟြာေယာင္းလုပ္သမွ် ေခါင္းငံု႔ခံေနဦးမည္။
ေဒါသထြက္ေနေသာ ေဂ်ာင္ကုရဲ႕မ်က္ႏွာေျကာင့္ထယ္ေယာင္း ေတာင့္ေတာင့္ျကီးရပ္ကာ အျပစ္သားတစ္ေယာက္လို ႏႈတ္ဆိတ္ေနမိ၏။
"မင္း ေျပာ! ငါက မင္းအတြက္ အေရးမပါတဲ့သူလား? ငါ့ကို မင္းမိသားစုအေျကာင္းေျပာျပေတာ့ ဘာျဖစ္မွာမို႔လဲ! "
"မဟုတ္ပါဘူး ဂြ်န္ က်ေနာ္က ဟင့္ က်ေနာ္က အဲ့လိုမ်ိဳးသူမ်ိဳးရဲ႕သားမွန္း ဂြ်န္သိသြားရင္ ဂြ်န္ က်ေနာ့္ကို စိတ္ပ်က္ျပီး-"
"က်စ္! ငါ မင္းအေျကာင္းေတြ မသိဘူူးမ်ားထင္ေနလား မင္းကို စခ်စ္ခဲ့ကထဲက မင္းမိသားစုအေျကာင္း ငါ အကုန္စံုစမ္းထားျပီးသား ငါက မင္းကို အေပၚယံခ်စ္တယ္လို႔ မင္း ထင္ေနတာလား? ဘာမဟုတ္တဲ့ကိစၥအေသးအမႊားေလးတစ္ခုနဲ႔ မင္းကို စိတ္ပ်က္ရေအာင္ ငါက အရူးလား ေျဖေလ! ဂြ်န္ထယ္ေယာင္း!ေျဖစမ္းပါ!! "
သူ႔ပုခံုးႏွစ္ဖက္အား ခါရမ္းရင္း စူးစိုက္ျကည့္ကာေမးေနေသာ ေဂ်ာင္ကုေျကာင့္ ထယ္ေယာင္းမွာ မ်က္ရည္ေတြက်ျပီး ငိုသာငိုေနသည္။
ေဂ်ာင္ကုသည္ ထယ္ေယာင္းရဲ႕မ်က္ရည္ေတြကိုျမင္ျပန္ေတာ့ ေဒါသေတြထြက္ေနတဲ့ျကားထဲကေန စိတ္မေကာင္းေပ။
ဒါေျကာင့္ ထယ္ေယာင္းကိုယ္ေလးကို ရင္ခြင္ထဲထည့္လိုက္မိျပန္၏။
"ကိုယ္ ေတာင္းပန္ပါတယ္"
"ဂြ်န္က ဘာကိုေတာင္းပန္တာလဲ! က်ေနာ္ကိုက မဟုတ္တာ။ ဘာမဟုတ္တဲ့အေတြးေတြေတြးျပီး ဂြ်န္႔ကို မယံုသလိုျဖစ္သြားတာ ဟင့္ ဂြ်န္ က်ေနာ့္ကို ထားသြားမွာေျကာက္ေနခဲ့တာ ဂြ်န္႔ကို က်ေနာ့္မိသားစုအေျကာင္း ဘာမွမေျပာျပဘဲ ဖံုးကြယ္ခဲ့တာ"
ရင္ခြင္ထဲက ထယ္ေယာင္းဆံပင္တို႔အား အသာ ငံု႔နမ္းရင္း
"ေတာင္းပန္ပါတယ္ ေဘဘီရယ္ မငိုနဲ႔ ေဘဘီ့မ်က္ရည္ေတြကို ကုိယ္ မျမင္ခ်င္ဘူး ေဘဘီ့မ်က္ရည္ေတြကိုျမင္ရင္ ကိုယ့္ရင္ထဲ ေသမေလာက္နာက်င္ရတယ္ အဲ့ဒါ သိလား ဟမ္"
"ေတာင္းပန္ပါတယ္ ဂြ်န္ က်ေနာ္ မငိုေတာ့ပါဘူး"
ရင္ခြင္ထဲမွ ခဏတာ ရုန္းထြက္ျပီး မ်က္ရည္ေတြကို ဆြဲသုတ္ျပီးေနာက္ ရင္ခြင္ထဲျပန္တိုးဝင္လာေသာ ထယ္ေယာင္းေျကာင့္ ေဂ်ာင္ကုလဲ ထယ္ေယာင္းကိုယ္ေလးကို တင္းတင္းေလး ျပန္လည္ေပြ႔ဖက္ထားမိ၏။
_______________
Wedding dayေျကျငာေတာ့ Koreaတစ္ႏိုင္ငံလံုး ဂယက္ထသြားခဲ့ေသးသည္။ အေျကာင္းမွာ တစ္ခ်ိဳ႔ပ်ိဳမဒီေတြက J Groupက CEOေခ်ာေခ်ာေလးကို သူတို႔ မပိုင္ဆိုင္ရ၍ ငိုတဲ့သူကငိုနဲ႔ တစ္ခ်ိဳ႔ပ်ိဳမဒီေတြကေတာ့ Lee Groupကလီယူရာနဲ႔သာ လက္မထပ္ရင္ျပီးေရာဆိုျပီး ေက်နပ္ေနျကျပီး တစ္ခ်ိဳ႔ပ်ိဳမဒီေတြကေတာ့ social mediaေတာ္ေတာ္မ်ားမ်ားမွာ We Love Taekookဆိုျပီး We love groupေတြေတာင္ ေထာင္ခဲ့ျကျပီး လံုးဝကို အားက်ေနျကေသးသည္။
Wedding dayတြင္ အျဖဴေရာင္သတို႔သားဝတ္စံုနဲ႔ လွေနေသာထယ္ေယာင္းနဲ႔အနက္ေရာင္သတို႔သားဝတ္စံုနဲ႔ တည္ျကည္ ခန္႔ညားလွပါေသာ ေဂ်ာင္ကုတို႔ကို မီဒီယာသမားမ်ားက အပီအျပင္ကို ဓာတ္ပံုေတြ ရိုက္ေနျကသည္။
ထယ္ေယာင္းသည္ တဖ်တ္ဖ်တ္ရိုက္ေနျကေသာကင္မရာမီးေရာင္မ်ားအား မခံႏိုင္၍ မ်က္စိက်ိန္းလာတာမို႔
"ဂြ်န္ က်ေနာ္ မ်က္စိတအား က်ိန္းလာျပီ"
သူ႔နားနားကပ္ေျပာလာေသာ သူ႔အသဲ၏ စကားအား ျကားေတာ့
"အားနာပါတယ္ဗ် က်ေနာ့္သတို႔သားေလးက ကင္မရာမီးေရာင္ေတြသိပ္မခံႏိုင္လို႔ ဒီေလာက္ပဲ ဓာတ္ပံုရိုက္ျပီး ဧည့္ခံတာေတြ သံုးေဆာင္ႏိုင္ပါျပီ"
ထိုအခါ မီဒီယာသမားမ်ားသည္ 'အရမ္း လိုက္ဖက္တာပဲ'ဟု တီးတိုးေျပာသြားျကကာ သူတို႔နားမွ ထြက္သြား၏။
ထိုအခါမွ ထယ္ေယာင္းလဲ အသက္ရွဴေခ်ာင္ေတာ့သည္။
"ေဘဘီ ပင္ပန္းေနရင္ ကိုယ္တို႔ ဒီေလာက္နဲ႔ အိမ္ျပန္ျကမလား"
"ဒါက က်ေနာ္တို႔ရဲ႕ မဂၤလာပြဲေလ က်ေနာ္တို႔ မရိွေတာ့ ဘယ္လိုလုပ္မွာလဲ က်ေနာ္ အဲ့ေလာက္ျကီးလဲ မပင္ပန္းပါဘူး ဂ်ီမင္းဆီ သြားျကရေအာင္ ဟိုမွာ"
ဝိုင္းတစ္ဝိုင္းတြင္ ဆူပုတ္ပုတ္မ်က္ႏွာျဖင့္ တစ္ေယာက္ထဲ ထိုင္ေနေသာ ပတ္ဂ်ီမင္းနားသို႔ သြားျပီး
"ေဟ်ာင့္ ဂ်ီမင္း မင္းလူေရာ"
"သန္႔စင္ခန္း သြားတယ္ အခုထက္ထိ ျပန္ထြက္မလာေသးဘူး သန္႔စင္ခန္းထဲမွာ အိပ္မ်ား အိပ္ေပ်ာ္ေနလားမသိဘူး ငါလိုက္သြားဦးမွ"
"ဘယ္လိုအတြဲလဲ မသိပါဘူး!"
ထယ္ေယာင္းတစ္ေယာက္ ထြက္သြားေသာဂ်ီမင္းေက်ာျပင္အားျကည့္ကာ ျပံဳးတံုးတံုးေလးျဖင့္ ေရရြတ္မိခ်ိန္ သူ႔ပါးအား ရႊတ္ခနဲ နမ္းလိုက္ေသာ ေဂ်ာင္ကုေျကာင့္
"ဂြ်န္!လူေတြနဲ႔ေလ!! "
"ေဘဘီက ခ်စ္ဖို႔ေကာင္းေအာင္ ေနေနတာကိုး"
သူ႔ပါးအား လိမ္ဆြဲရင္း ေျပာလာျပန္သည္။ ထယ္ေယာင္းလဲ ေဂ်ာင္ကုဗိုက္ေခါက္အား ျပန္လိမ္ဆြဲကာ
"ေတာ္ေတာ္ကဲေန!"
"အ့ နာတယ္ေလ ေဘဘီကလဲ"
ဗိုက္ေခါက္လိမ္ဆြဲလိုက္လို႔ ျဖစ္သြားေသာ ေဂ်ာင္ကုရဲ႕ ဆူပုတ္ပုတ္ရုပ္ေျကာင့္ ထယ္ေယာင္း ျပံဳးရျပန္သည္။
ထိုအခ်ိန္ သူတို႔နားေရာက္လာသူက လီယူရာ...။
"ေဂ်ာင္ကုoppa!"
"ဘာလဲ"
ေဂ်ာင္ကုရဲ႕ ခပ္ေထ့ေထ့အေမး....။
"ဓာတ္ပံုေလး 1ပံုေလာက္ရိုက္ခ်င္လို႔"
သူတို႔2ေယာက္ျကားထဲ ဝင္ေနရာယူျပီးsefileဆြဲရန္ျပင္ေနေသာ လီယူရာ
သူတို႔2ေယာက္ျကားထဲ ဝင္ေနရာယူတဲ့အျပင္ ထယ္ေယာင္းလက္ေမာင္းကို ခ်ိတ္လိုက္ေသးသည္။
ေဂ်ာင္ကုသည္ လီယူရာအား အံျကိတ္ကာ မ်က္လံုးျပဴးျကည့္ေနပါေသာ္လဲ
"ရိုက္ျပီေနာ္ ေဂ်ာင္ကုoppa! ျပံဳးေလ! "
အလုိက္မသိသည့္လီယူရာမွာ အတင္းေတြစြတ္ျပံဳးခိုင္းေနျပန္သည္။
ထယ္ေယာင္းမွာ ေဂ်ာင္ကုအား ျကည့္ျပီး ရီသာရီေနေတာ့သည္။
"ကင္ထယ္ေယာင္းshi ကင္မရာကို ျကည့္ေလ ေဂ်ာင္ကုoppaေရာပဲ"
ေနာက္ဆံုးေတာ့ ျမန္ျမန္ရိုက္ျပီး ေအးေရာဟုသာ ေတြးျပီး ကင္မရာကို ျကည့္ကာ မျပံဳးခ်င္ျပံဳးခ်င္ျဖင့္ျပံဳးလိုက္ေသာ ေဂ်ာင္ကုနဲ႔ Boxy smileေလးနဲ႔ ကင္မရာကို ျကည့္လိုက္ေသာ ထယ္ေယာင္းတို႔ရဲ႕ အလယ္က ထယ္ေယာင္းလက္ေမာင္းအား အပီအျပင္ ခ်ိတ္ကာ ျပံဳးလိုက္ေသာ လီယူရာပံုတို႔က ဖုန္းscreen ေပၚမွာ အခန္႔သား။
"ရိုက္လို႔ျပီးျပီမလား သြားေတာ့"
"ေနာက္1ပံုေလာက္..."
"မရဘူး သြား"
အတင္းေတြကို ေမာင္းထုတ္ေနေသာ ေဂ်ာင္ကုေျကာင့္ လီယူရာ့ခမ်ာ ေျခေလး အသာေဆာင့္ရင္း ႏႈတ္ခမ္းျကီးဆူကာ ေဂ်ာင္ကုအား မ်က္ေစာင္းတစ္ခ်က္ထိုးျပီး ထြက္သြား၏။
ထယ္ေယာင္းမွာ ရီေနျပီး ေဂ်ာင္ကုကေတာ့ထယ္ေယာင္းပုခံုးေလးအား ဖက္ကာ
"သူ႔ကို ငယ္ငယ္ကထဲကေပါင္းလာတဲ့ ညီမေလးသံေယာဇဥ္နဲ႔မို႔ ျကည့္ေနတာ မဟုတ္ရင္ တစ္ခုခုလုပ္မိေတာ့မွာ! "
ထြက္သြားေသာ လီယူရာအား ဝါးစားေတာ့မည့္အျကည့္နဲ႔ ျကည့္ျပီး ျကိမ္းဝါးေနျပန္ေသာ ေဂ်ာင္ကုေျကာင့္ ထယ္ေယာင္းရီမိျပန္ပါသည္။
"ဂြ်န္ကေတာ့ေလ..."
ေဂ်ာင္ကုႏႈတ္ခမ္းတစ္စံုသည္ ထယ္ေယာင္းရဲ႕ေက်ာ့ရွင္းေသာ နဖူးေလးအား အသာ ထိကပ္လိုက္ျပီး
"ခ်စ္တယ္ ေဘဘီ"
"က်ေနာ္လဲ ခ်စ္တယ္ ဂြ်န္"
ထိုအခ်ိန္ ခန္းမအျပင္ဘက္မွာ ျပသာနာရွာေနေသာ မိန္းမတစ္ေယာက္မွာ သူ႔ကို မဂၤလာခန္းမထဲ ေပးမဝင္ေသာ အေစာင့္2ေယာက္ေျကာင့္ပင္။
"ဒီမွာ ငါ ဘယ္သူလဲဆိုတာ မသိဘူးလား အခု J Groupပိုင္ရွင္ရဲ႕သား Jeon Jungkookနဲ႔ မဂၤလာေဆာင္ေနတဲ့ ကင္ထယ္ေယာင္းက ငါ့သား ငါက သူ႔အေမပဲ"
"ေတာင္းပန္ပါတယ္ဗ် J Groupပိုင္ရွင္ရဲ႕သားျဖစ္သူ Jeon Jungkookကိုယ္တိုင္ကိုက ဒီကအမရဲ႕ ဓာတ္ပံုျပျပီး လံုးဝဝင္မလာေစနဲ႔လို႔ က်ေနာ္တို႔ကို မွာထားလို႔ပါ"
"ဘာ?!"
သူမ ထယ္ေယာင္းနဲ႔လက္ထပ္တဲ့ဂြ်န္ေဂ်ာင္ကုနဲ႔ ေဆြးေႏြးစရာရိွသည္။ အက်ိဳးအျမတ္ကိစၥေပါ့။ J Groupက ဘယ္ေလာက္ေတာင္ ခ်မ္းသာလိုက္သလဲ။ သူမသားနဲ႔လက္ထပ္တယ္ဆိုေတာ့ ထယ္ေယာင္းအေမျဖစ္သူ သူမကို အက်ိဳးအျမတ္တစ္ခုခုေတာ့ ေပးသင့္တယ္မဟုတ္ဘူးလား??အခု သူမ အဲ့ကိစၥေျပာဖို႔ ဒီမဂၤလာပြဲကို လာခဲ့တာျဖစ္သည္။
အေမျဖစ္သူကို ဖိတ္စာေတာင္ လာမေပးေသာ ထယ္ေယာင္းကို သူမ ေဒါသထြက္ေပမယ့္ ဖိတ္စာလာမေပးေတာ့ေရာ ဘာျဖစ္လဲ ထယ္ေယာင္းအေမဟုေျပာကာ မဂၤလာေဆာင္ကို သြားမယ္ဟု ဆံုးျဖတ္ထားေသာ ဆြန္းဟြာေယာင္းမွာ ထိုစကားေျကာင့္ ေသြးေတာင္ ေဆာင့္တက္ခ်င္လာသည္။
ဘာတဲ့ သူမဓာတ္ပံုျပျပီး လံုးဝဝင္မလာေစနဲ႔လို႔ အေစာင့္ေတြကိုမွာထားတယ္တဲ့လား???
ဘယ္လို အရိုင္းအစိုင္း သမက္လဲ!?
"မင္းတို႔ လိမ္ေနတာ ေဘးဖယ္ ငါကိုယ္တိုင္ သူ႔ကိုဟုတ္မဟုတ္ ေသခ်ာသြားေမးမယ္ ေဘးဖယ္ျကစမ္း!"
အေစာင့္2ေယာက္အား ျပသာနာရွာေနေသာ သူမအား လူတစ္ခ်ိဳ႔က ကဲ့ရဲ႕တဲ့အျကည့္မ်ားျဖင့္ ျကည့္သြားျက၏။
ဝတ္ေကာင္းစားလွေတြ ဝတ္ထားျပီး ရုပ္ပ်က္ဆင္းပ်က္ေသာင္းက်န္းေနေသာ သူမအား ျဖတ္သြားျဖတ္လာလူေတြက ကဲ့ရဲ႕ခ်င္လဲ ကဲ့ရဲ႕စရာပဲေလ...။
"ေတာင္းပန္ပါတယ္ဗ် ဒီလိုသာ ဆက္လုပ္ေနရင္ က်ေနာ္တို႔ လံုျခံဳေရးကိုေခၚျပီး ဆြဲေခၚခိုင္းရပါလိမ့္မယ္"
ထိုစကားျကားမွ အသဲအသန္ ရုပ္ပ်က္ဆင္းပ်က္ျဖင့္ ခန္းမထဲဝင္ရဖို႔ကို ျပသာနာရွာေနေသာ သူမပံုစံသူမ ျပန္သတိရကာ ခ်က္ခ်င္းဆိုသလို မ်က္ႏွာထက္တြင္ အိေျႏၵရိွတဲ့ အျပံဳးမ်ိဳး ဆင္ျမန္းလိုက္ကာ
"ရပါတယ္ေလ အဲ့လိုဆိုေတာ့လဲ ဘယ္တတ္ႏိုင္ပါ့မလဲေပါ့"
ခုနတုန္းက ေသာင္းက်န္းေနတာ သူ မဟုတ္သည့္အတိုင္း မခ်ိျပံဳးေလးျပံဳး၍ လွည့္ထြက္ေသာ သူမ.....။
Hotel ထြက္ေပါက္နားေရာက္မွ ေတာက္တစ္ခ်က္ေခါက္ကာ
"ဂြ်န္ေဂ်ာင္ကု! အစုတ္ပလုတ္ ကေလကေခ်ေကာင္ေလး!"ဟုသာ ျကိမ္းဝါးေနေတာ့သည္။
မဂၤလာေဆာင္ခန္းမထဲမွ ေဂ်ာင္ကုမွာလဲ ထယ္ေယာင္းအေမ လာေသာင္းက်န္သြားတဲ့အေျကာင္းကို အေစာင့္ေတြ၏ ဖုန္းဆက္သတင္းေပးမႈကိုျကားျပီးေနာက္ smirkတစ္ခု ခ်ိတ္ဆြဲကာ ျပံဳးေနေလ၏။
ဒါကုိ မသိသည့္ထယ္ေယာင္းကေတာ့ သူ႔သူငယ္ခ်င္းျဖစ္သူ ဂ်ီမင္းနဲ႔ ေလေပါေန၏။
"ေဘဘီ ကိုယ္ သန္႔စင္ခန္း ခဏသြားလိုက္ဦးမယ္"
"ဟုတ္ သြားေလ ဂြ်န္"
ေဂ်ာင္ကုလဲ ထယ္ေယာင္းေဘးနားကေန ထြက္လာလိုက္ျပီး အေတာ္လွမ္းလွမ္းေနရာေရာက္တဲ့အခါ ဖုန္းထုတ္လိုက္ကာ သူ႔အတြင္းေရးမွဴးအား ဆက္လိုက္ျပီး
"အတြင္းေရးမွဴးဟန္ Kim Groupက ရွယ္ယာေတြအကုန္လံုးကို လက္ရိွ Kim Groupမွာ ရွယ္ယာဝင္ထားတဲ့ရွယ္ယာေတြဆီကေန အျမင့္ဆံုးေစ်းေပးျပီး ျပန္ဝယ္လိုက္ပါ ျပီးရင္ အဲ့ရွယ္ယာေတြအကုန္လံုးကို Kim Groupကေန ျပန္ထုတ္လိုက္"
ဟိုဘက္က "ဟုတ္ကဲ့ပါ CEO"ဆိုတဲ့စကားျကားရတာနဲ႔ ဖုန္းခ်လိုက္ျပီး
"ဂြ်န္ေဂ်ာင္ကုအပိုင္ကို ကိုယ္ထိလက္ေရာက္ေစာ္ကားတဲ့သူမွန္သမွ် လံုးဝေနာင္တရေအာင္ လုပ္ေပးမွာ"
smirkတစ္ခု ခ်ိတ္ဆြဲကာ ျပံဳးလိုက္ေသာ ေဂ်ာင္ကု။
3ရက္ခန္႔ျကာေသာ္ Kim Groupက ရွယ္ယာေတြအကုန္ J Groupက ျပန္ဝယ္လိုက္ျပီး ရွယ္ယာေတြအကုန္ထုတ္သြားေသာေျကာင့္ ေဒဝါလီခံလိုက္ရေသာ Kim company။
ဆြန္းဟြာေယာင္းမွာ အခ်ိန္အတိုေလးအတြင္း ခ်က္ခ်င္းလက္ငင္းျကီးကို ေဒဝါလီခံလိုက္ရေသာ သူမcompanyေျကာင့္ အျကီးအက်ယ္ ေလွ်ာ့ရေန၏။
ထယ္ေယာင္းရဲ႕ပေထြး တစ္နည္း သူမေနာက္ေယာက်ာ္းျဖစ္သူကလဲ ဘာမွ အသံုးမက် တစ္ေန႔တစ္ေန႔ ေသာက္လိုက္စားလိုက္ ေလာင္းကစားလုပ္လိုက္ပဲလုပ္ေနတာ။
Kim companyျကီး ေဒဝါလီခံလိုက္ရေတာ့ သူမတို႔ လမ္းေဘးေရာက္ေတာ့မည္။
သူ႔ေနာက္ေယာက်ာ္းျဖစ္သူ၏ ေလာင္းကစားအေျကြးေတြေျကာင့္ Kim Groupကက်န္တဲ့ လုပ္ငန္းအေသးစားေလးေတြနဲ႔ အခု သူမတို႔ေနေနတဲ့ အိမ္ကိုပါ ေရာင္းရမည့္ကိန္းဆိုက္ေနျပီး လမ္းေဘးေရာက္ရေတာ့မည္ျဖစ္၍ ေန႔ခ်င္းညခ်င္းကို ရူးသြားရွာ၍ စိတၲဇေဆးရံုသို႔ ပို႔ျခင္းခံလိုက္ရသည္။
_________________
ေဂ်ာင္ကုနဲ႔ ထယ္ေယာင္းက လက္ထပ္ျပီးသည့္တိုင္ထယ္ေယာင္းတိုက္ခန္းမွာသာ ေနသည္။
J Groupကိုေတာ့ ေဂ်ာင္ကု သူ႔အေဖဆီကေန လက္လႊဲယူျပီးသြားျပီျဖစ္၍ သူကိုယ္တိုင္ ဦးေဆာင္ေနရျပီျဖစ္သည္။
ထယ္ေယာင္း ဧည့္ခန္းထဲမွာထိုင္ကာ အလုပ္လုပ္ေနေသာ ေဂ်ာင္ကုေဘးနားသို႔ ထိုင္လိုက္ျပီး
"ဂြ်န္"
"ဂြ်န္ေရ ဂြ်န္လို႔...."
"ဂြ်န္.... အခုထိ စိတ္ဆိုးေနတုန္းလားဟင္..."
သူကသာ အသည္းအသန္လိုက္ေခ်ာ့ေနတာဂြ်န္က သူ႔ကို နည္းနည္းေလးေတာင္အဖက္မလုပ္Laptopကိုသာ စူးစိုက္ျကည့္ျပီး စာရြက္စာတမ္းေတြကိုသာ လွန္ေလွာလ်က္ပင္။
ဒီေန႔ ဂြ်န္အလုပ္ပိတ္ရက္ေလးမို႔ ဂြ်န္႔ေဘးနားကပ္ခြ်ဲရမလားမွတ္တယ္။ အခုေတာ့ ေခ်ာ့လို႔ေတာင္မရ။
ျပီးခဲ့တဲ့1ပတ္က က်ေနာ္ ေပြရႈပ္ခဲ့တုန္းက တြဲခဲ့တဲ့ဖူးတဲ့ ရည္းစားေဟာင္းဆီက ဖုန္းလာတာကို ကိုင္မိလို႔တဲ့ေလ။ အဲ့ရည္းစားေဟာင္းက က်ေနာ္ ေက်ာင္းတုန္းက သူငယ္ခ်င္းအရင္းျကီးမို႔ ရည္းစားေဟာင္းဆိုတဲ့ သံေယာဇဥ္နဲ႔မဟုတ္ဘဲ သူငယ္ခ်င္းဆိုတဲ့ သံေယာဇဥ္နဲ႔ ဖုန္းလက္ခံျပီး စကားေျပာမိတာကို ဂြ်န္က အခုထိ အဲ့ကိစၥကို အခဲမေျက။ က်ေနာ့္ကို စကားမေျပာဘဲ လ်စ္လ်ဴရႈထားသည္မွာ လြန္ခဲ့တဲ့1ပတ္ထဲက အခုထက္ထိပင္။
ေဂ်ာင္ကုလက္ေမာင္းကို ကိုင္ကာ လႈပ္ရမ္းလိုက္ရင္း
"ဂြ်န္ေရ.... ဂြ်န္လို႔ ဂြ်န္ က်ေနာ္ေျပာေနတာ ျကားရဲ႕လား ဂြ်န္ က်ေနာ့္ကိုျကည့္ပါဦး"
ဂြ်န္ ေတာ္ေတာ္ကို စိတ္ဆိုးေနတာ......။
"အဲ့တစ္ေယာက္က က်ေနာ့္ရဲ႕ သူငယ္ခ်င္းမို႔ ဖုန္းလက္ခံေျပာမိရံုေလးပါ ဂြ်န္ စိတ္မဆိုးပါနဲ႔ေတာ့ေနာ္"
ေဂ်ာင္ကုက သူ႔ကို ရိွတယ္လို႔ေတာင္မထင္။
မ်က္ႏွာထားတည္တည္ျကီးနဲ႔ Laptopသာ သည္းျကီးမဲျကီး ႏွိပ္ေနသည္။
အရင္အလုပ္ပိတ္ရက္ေတြတုန္းက companyကသယ္လာတဲ့ အလုပ္ေတြလုပ္ရင္ေတာင္ သူ႔ကို ေပါင္ေပၚမွာ တင္ထားျပီးအလုပ္လုပ္တဲ့ဂြ်န္။
အခုေတာ့ သူ႔ကို ဂရုစိုက္ဟန္ေတာင္မျပ။
အရင္တုန္းက ရီသံေလးေတြ ျပည့္ႏွက္ေနတတ္တဲ့ဒီတိုက္ခန္းေလးက အခုေတာ့ တိတ္ဆိတ္မႈမ်ားသာ စိုးမိုးေနလ်က္သာ။
နာရီသံတဂ်က္ဂ်က္ရယ္ ေလတိုးသံ တိုးတိုးေလးရယ္ ျကားေနရသည္အထိ တိတ္ဆိတ္လြန္းလွသည္။
ေဂ်ာင္ကုရဲ႕ လ်စ္လ်ဴမရႈစဖူး လ်စ္လ်ဴရႈထားမႈေတြေျကာင့္ ဝမ္းနည္းမႈတို႔က ထယ္ေယာင္းရင္ထဲစို႔နစ္တင္းက်ပ္လာသည့္တိုင္ ရင္ထဲက ဝမ္းနည္းမႈမ်ားက မ်က္ရည္အျဖစ္သို႔ေတာ့ က်ဆင္းမလာ။
လေရာင္ဖ်ာက်လ်က္ရိွေသာ ဝရန္တာဘက္သို႔ သူ ထလာလိုက္သည္။
ဝရန္တာတစ္ခုလံုးကို အျပာေရာင္ေကာင္းကင္ျကီးေပၚက လေရာင္ဟာ ထိန္လင္းလို႔။
လတ္ဆတ္တဲ့ ညေလညွင္းေလးေတြကို ရႈရိႈက္လိုက္ေသာ္ျငား ရင္ထဲသုိ႔ ေအးခ်မ္းမႈေတြအစား ပူေလာင္ျခင္းေတြသာ ထပ္တိုးဝင္ေရာက္လာသည္။
မ်ည္ရည္ေတြကေတာ့ တစ္စက္ေလးမွ်ေတာင္ အခုထိ ထြက္က်မလာေသးပါ။
ရင္ဘတ္ထဲမွာ ပူေလာင္ျခင္းေတြျဖင့္ မြန္းက်ပ္ေန၏။
သူ အရမ္းမုန္းသလို အရမ္းလဲေျကာက္တယ္ဂြ်န္႔ရဲ႕ လ်စ္လ်ဴရႈျခင္းေတြကိုေပါ့။
တစ္ဦးတည္းေသာခ်စ္ရသူက ဘာမဟုတ္တဲ့ကိစၥေလးတစ္ခုအတြက္နဲ႔ သူ႔အား လ်စ္လ်ဴရႈလို႔ထားသည္။
ဝရန္တာကေန အထဲသို႔ ျပန္ဝင္လာတဲ့ သူ႔ေျခေထာက္ေတြဟာ ေလးလံလို႔ရယ္။
ဧည့္ခန္းထဲမွာ စာရြက္စာတမ္းေတြ Laptopေတြနဲ႔အလုပ္မ်ားေနတဲ့ ဂြ်န္႔ကို သူ မျကည့္ခ်င္ေတာ့ေပ။
ဧည့္ခန္းထဲကို ျဖတ္ေလွ်ာက္ျပီးေနာက္ အိပ္ခန္းထဲသို႔သာ သူ႔ေျခလွမ္းေတြ ဦးတည္လိုက္သည္။
အိပ္ခန္းထဲေရာက္တာနဲ႔ ကုတင္ေပၚသို႔ တက္ျပီးနံရံဘက္သို႔ လွည့္ကာ ေကြးေကြးေလး အိပ္လိုက္သည္။
နာက်င္မႈေတြ ေပ်ာက္ဆံုးေနတဲ့ ေနရာတစ္ခုသို႔ သူ အလည္သြားမည္။ အဲ့ဒါ အိပ္စက္ျခင္းပဲ။
အိပ္စက္ျခင္းဟာ ေခါင္းထဲတြင္ ဘာမွေတြးမေနႏိုင္ေအာင္ ကူညီေပးႏိုင္သည္။
အဲ့ဒါေျကာင့္ သူ အိပ္စက္ဖို႔ျပင္လိုက္သည္။
ခဏတာ အိပ္ေပ်ာ္သြားျပီးေနာက္ မ်က္လံုးေတြဖြင့္ျကည့္ခိုက္မွာ ရင္ခြင္တစ္ခုထဲေရာက္ေနသည္ကို ခံစားရတာေျကာင့္ အလ်င္အျမန္ပင္ သူ႔ေက်ာေနာက္ဘက္အား လည္ျပန္လွည့္ျကည့္မိေတာ့ ဂြ်န္႔ရဲ႕ အျကင္နာမ်က္ဝန္းေတြနဲ႔ မ်က္လံုးခ်င္းသြားဆံုသည္။
"ဂြ်န္...."
သူလဲ မဆိုင္းမတြပင္ ခႏၶာကိုယ္ကို ဂြ်န္႔ဘက္လွည့္လိုက္ကာ ဂြ်န္႔ရင္ခြင္ထဲ တိုးဝင္လိုက္သည္။
"ဂြ်န္ အီးဟီးးးး"
ခုနက ဘယ္လိုမွ က်မလာတဲ့ မ်က္ရည္ေတြကအခု ဂြ်န္႔ရင္ခြင္ထဲေရာက္ေတာ့မွ ဒလေဟာကို ျပိဳက်လာေတာ့တာ။
"ဟင့္"
ခုနက သူ႔ကို ဂြ်န္က အျကင္နာမ်က္ဝန္းေတြနဲ႔ ျကည့္လို႔ေနတာ သူပဲ အျမင္မွားတာလား ထင္ေယာင္ထင္မွားျဖစ္ေနတာမ်ားလားလို႔ ေတြးမိ၍ ဂြ်န္႔ရင္ခြင္ထဲမွာ မ်က္ႏွာအပ္ထားရာကေန ဂြ်န္႔ကို ေမာ့ျကည့္မိေတာ့ သူ႔ကို ျကည့္ေနတဲ့ ဂြ်န္႔မ်က္ဝန္းမ်ားဟာစိတ္ဆိုးျခင္း အရိပ္အေယာင္ကင္းမဲ့စြာ။
"ဂြ်န္ က်ေနာ့္ကို စိတ္မဆိုးေတာ့ဘူးလားဟင္"
ထိုအခါ ဂြ်န္သည္ သူ႔ပါးျပင္ေပၚက မ်က္ရည္ေတြကို သုတ္ေပးလာရင္း
"အင္း"
ေဂ်ာင္ကုမွာ သူ႔အခ်စ္ေတာ္ေလးအား လြန္ခဲ့တဲ့1ပတ္က ရည္းစားေဟာင္းနဲ႔ ဖုန္းေျပာတဲ့ကိစၥနဲ႔ပတ္သတ္ျပီး စိတ္ဆိုးေနမိသည္။
လြန္ခဲ့တဲ့1ပတ္က သူ အလုပ္က ပင္ပင္ပန္းပန္း ျပန္လာေတာ့ ဖုန္းတစ္လံုးနဲ႔ အလုပ္ရႈပ္ေနတဲ့ ထယ္ေယာင္းရယ္။
သူ႔အနားလာဖို႔ ေခၚတာေတာင္ ထယ္ေယာင္းမွာဖုန္းထဲက သူမသိတဲ့သူတစ္ေယာက္နဲ႔ ျပံဳးရႊင္ျပီး စကားေျပာေနကာ သူ႔အား 'ရွဴးတိုးတိုး' ဆိုတဲ့ အမႈအရာေတာင္ လုပ္ျပလိုက္ေသး။
ဝရန္တာဘက္မွာ အေတာ္ျကာထိ ဖုန္းေျပာေနေသာ ထယ္ေယာင္းအား ဧည့္ခန္းထဲကေန သူ စူးစိုက္ကာ ျကည့္ေနမိသည္။
အေတာ္ျကာထိ မျပီးျပတ္ႏိုင္ကာ ဘာေတြအဲ့ေလာက္ထိ ေျပာေနမွန္းမသိတဲ့ ထယ္ေယာင္းအား စိတ္မရွည္ေတာ့သျဖင့္ ထယ္ေယာင္းနားသို႔ သြားျပီးထိုဖုန္းအား ဆြဲယူကာ ပိတ္ပစ္လိုက္သည္။
"ဂြ်န္ ဘာလုပ္တာလဲ"
"ဘယ္သူမို႔လို႔ အဲ့ေလာက္ထိ ဖုန္းအျကာျကီး ေျပာေနရတာလဲ!! "
"က်ေနာ့္ရည္းစားေဟာင္း"
ႏႈတ္ကေန အလြယ္တကူထြက္က်လာလိုက္တာ...? က်ေနာ့္ရည္းစားေဟာင္းတဲ့??
"ဂြ်န္ က်ေနာ္ေျပာတာ နားေထာင္ပါဦး သူက က်ေနာ္နဲ႔တြဲခဲ့ဖူးတာ မွန္ေပမယ့္ က်ေနာ္ ေပြရႈပ္တုန္းက စိတ္ကစားခဲ့တာေတြပါ သူ႔ဖုန္းကို လက္ခံျပီး စကားေျပာတာကလဲ သူငယ္ခ်င္းအရင္းျကီးမို႔ သူငယ္ခ်င္းသံေယာဇဥ္နဲ႔ ဖုန္းလက္ခံျပီး ေျပာ-"
"ေတာ္ေတာ့ ဂြ်န္ထယ္ေယာင္း! ငါ ဘာမွ မျကားခ်င္ေတာ့ဘူး"
သူ ဘာမွထပ္မျကားခ်င္တာမို႔ ဒီေလာက္ပဲေျပာျပီးသူ ထိုေန႔ကထဲက ထယ္ေယာင္းကို လ်စ္လ်ဴရႈထားမိသည္။
ဒီေန႔တစ္ေန႔လံုးလဲ သူ႔ကို လာေခ်ာ့ေနေသာ ထယ္ေယာင္းေျကာင့္ သူ အနည္းငယ္ေတာ့ စိတ္ေပ်ာ့ေနျပီျဖစ္ေသာ္ျငား ထယ္ေယာင္း ေနာက္တစ္ခါ အဲ့လိုမ်ိဳးေတြ မလုပ္ရဲေအာင္ကို တမင္တကာ မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
ခုနက သူ ဧည့္ခန္းထဲမွာ companyက မျပီးျပတ္ေသးလို႔ အိမ္အထိ သယ္လာတဲ့အလုပ္ေတြကို ထိုင္လုပ္ေနခ်ိန္ ထယ္ေယာင္းသည္ သူ႔ေဘးနားဝင္ထိုင္ျပီး ကေလးတစ္ေယာက္ လိုခ်င္တာမရလို႔ အတင္းပူဆာေနသလိုမ်ိဳး သူ႔လက္ေမာင္းအား လႈပ္ရမ္းရင္း လာေခ်ာ့ျပန္သည္။
ထယ္ေယာင္း၏ အဲ့လိုကေလးဆန္မႈေတြေျကာင့္သူ ခ်စ္ေနရတာ။
သို႔ေသာ္လဲ မသိခ်င္ေယာင္ေဆာင္ကာပင္ အလုပ္ကိုသာ အာရံုစိုက္လုပ္ေနလိုက္သည္။
ထိုအခါ ထယ္ေယာင္းသည္ သူ႔ေဘးနားမွာပူညံ ပူညံလုပ္ေနရာကေန ခ်က္ခ်င္းတိတ္ဆိတ္သြားျပီး ဝရန္တာဘက္သို႔ ထထြက္သြားသည္။
သူ႔မွာ အလုပ္သာထိုင္လုပ္ေနရတာ သူ႔စိတ္က အလုပ္ေတြထဲ သိပ္မေရာက္ခ်င္ ထယ္ေယာင္းဆီမွာသာ။
ဝရန္တာဘက္ ဘာထြက္လုပ္တာလဲ။ အေပၚအက်ႌလဲ ထပ္မဝတ္ထားဘဲ ညအိပ္ဝတ္စံုေလးနဲ႔။ ဝရန္တာဘက္မွာ ေလစိမ္းေတြတိုက္ေနတာကို ဖ်ားကုန္ေတာ့မွာပဲ။
ဒီေကာင္ေလးဟာေလ သူ ဂရုမစုိက္ရင္ မစိုက္သလို သူ႔ကိုယ္သူ ဂရုမစိုက္ဘဲ ျဖစ္သလို ေနတတ္၏။
စိတ္ထဲကသာ စိတ္ပူေနေပမယ့္ လူက ထိုင္ေနရာကေန မထမိ။
ေနာက္ဆံုးေတာ့ ထယ္ေယာင္းက ဝရန္တာဘက္ကေန ျပန္ဝင္လာေတာ့ သူလဲ ျပန္ျပီး အလုပ္လုပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။
အိပ္ခန္းထဲသို႔ ေလးတိေလးတြဲနဲ႔ ဝင္သြားေသာထယ္ေယာင္းေျကာင့္ သူ ပိုလုိ႔ပင္ စိတ္ပူလာျပီ။
ေနမ်ားမေကာင္းဘူးလား....။
သူလဲ ဧည့္ခန္းထဲ ထိုင္ေနရာကေန အိပ္ခန္းဆီသို႔ ထလာလိုက္သည္။
အိပ္ခန္းထဲသို႔ မဝင္မိေသးဘဲ တံခါးေရွ႕မွာ အခ်ိန္အေတာ္ျကာထိ မတ္တပ္ရပ္ေနမိသည္။
က်ေနာ့္ရည္းစားေဟာင္းတဲ့??
ဘာေျကာင့္မွန္းမသိ။ အဲ့စကားေျကာင့္ သူ႔ရင္ဘတ္ျကီးတစ္ခုလံုး တဆစ္ဆစ္နဲ႔ နာက်င္ေနမိတာ အခုထက္ထိပဲ။
သူလဲ ရည္းစားေတြအမ်ားျကီး ထားခဲ့ဖူးပါလ်က္နဲ႔ဒီေကာင္ေလး ရည္းစားေတြရႈပ္ခဲ့တာကို သူ ေတာ္ေတာ္ ဘဝင္မက်ခ်င္။
သူ႔ဘက္ကပဲ အတၲျကီးသြားလား.....။
ေနာက္ဆံုးေတာ့ ဦးေႏွာက္ရဲ႕သတိေပးမႈက ႏွလံုးသားအား ေစခိုင္းလို႔မရ။
အခု ဒီေကာင္ေလးကို သူပိုင္ေနျပီပဲဟာ။
လက္ထပ္ထားတာျဖင့္ အခုနဲ႔ဆို 3ႏွစ္ေက်ာ္ေလာက္ရိွျပီ။
သူ ဘာေတြ အဲ့ေလာက္ထိ သဝန္တိုမိေနတာပါလိမ့္။
အိပ္ခန္းတံခါးအား ဖြင့္ကာ ဝင္သြားမိေတာ့ကုတင္ေပၚမွာ ေကြးေကြးေလးအိပ္ေနတဲ့ ထယ္ေယာင္း။
အနားသြားျပီး နဖူးအား စမ္းျကည့္မိေတာ့ ကိုယ္ပူမေန။
ထိုအခါမွသာ သူ သက္ျပင္းခ်ႏိုင္ေတာ့သည္။
ထယ္ေယာင္းေဘးနားသို႔ ဝင္လွဲလိုက္ကာပုဇြန္ထုပ္ေလးလို ေကြးေကြးေလးအိပ္ေနတဲ့ ထယ္ေယာင္းေက်ာျပင္ငယ္ေလးအား သူ႔ရင္ခြင္ထဲ နစ္ျမဳပ္သြားသည္ထိ ဖက္ထားလိုက္သည္။
အေနာက္ကေန ထယ္ေယာင္းဆံပင္တို႔အား သူ အျကိမ္ျကိမ္နမ္းရိႈက္မိေနခ်ိန္ အိပ္ေနရာကေနျပန္ႏိုးလာျပီျဖစ္ေသာ ထယ္ေယာင္း။
သူ႔ကို လည္ျပန္လွည့္ျကည့္ျပီးေနာက္ ခ်က္ခ်င္းကို သူ႔ဘက္လွည့္လာကာ သူ႔ရင္ခြင္ထဲ တိုးဝင္ကာငိုခ်ေတာ့သည္။
သူ႔ရင္ခြင္ထဲကေန မ်က္ႏွာေလးထုတ္ကာ သူ႔ကို ေမာ့ျကည့္လာျပီး သူ႔ကို စိတ္မဆိုးေတာ့ဘူးလားဟု ေမးလာသည္။
"အင္း" တစ္လံုးထဲသာ ျပန္ေျဖေတာ့ ထယ္ေယာင္းက သူ႔ရင္ခြင္ထဲ မ်က္ႏွာျပန္အပ္ကာ
"ဂြ်န္ ေနာက္ဆိုေလ.... ေနာက္ဆိုေလ.... ဟင့္ က်ေနာ္ ဘယ္ရည္းစားေဟာင္းရဲ႕ ဖုန္းကိုမွ မကိုင္ေတာ့ဘူးလို႔ ကတိေပးတယ္သိလား အဲ့ဒါေျကာင့္ ေနာက္တစ္ခါ က်ေနာ့္ကို အဲ့လိုမ်ိဳးေတြ လ်စ္လ်ဴရႈမထားပါနဲ႔ေနာ္ အင့္ က်ေနာ္ ေသသြားလိမ့္မယ္ ဂြ်န္ရဲ႕ ဟင့္"
"ဟုတ္ပါျပီကြာ ကိုယ္လဲ ေနာက္ဘယ္ေတာ့မွ ေဘဘီ့ကို လ်စ္လ်ဴမရႈေတာ့ဘူး ေဘဘီကလဲ ေဘဘီရဲ႕ကတိကိုေတာ့ တည္မွေတာ့ျဖစ္မယ္ေနာ္"
"ဟုတ္ အရမ္းခ်စ္တယ္ ဂြ်န္"
"ကိုယ္လဲ အရမ္းခ်စ္တာေပါ့ ေဘဘီရဲ႕"
The End
A/N
No extraပါေနာ္။
#YaungChi
Unicode
"eomeoni ဘာမှစိတ်မပူပါနဲ့ arbeojiက eomeoniကို အထင်လွဲခဲ့တယ်ဆိုတာ သိပြီးလို့ မနေ့ကထဲက ပြန်လာခေါ်ဖို့တောင် လုပ်နေတာ ကျနော်နဲ့ ဂျွန်က မနက်ဖြန်မှ ခေါ်လာခဲ့မယ်ဆိုပြီး အတင်းတားထားရတာ arbeojiက eomeoniကို ချစ်နေပါသေးတယ် ခိခိ"
ဘူဆန်မှ ဆိုးလ်သို့ ဦးတည်သော ကားလေးပေါ်တွင် တစ်လမ်းလုံး လေပေါလာသူက Taehyungပင်။
ကားနောက်ခန်းမှာ ထိုင်ပြီး စကားပြောနေကြသော သူ့အမေနဲ့ ထယ်ယောင်းအား ကားမောင်းရင်း တစ်ချက်တစ်ချက် လှည့်လှည့်ကြည့်နေသော Jungkookရဲ့မျက်နှာဟာလဲ ပါးချိုင့်ရေးရေးလေးတွေပေါ်သည်အထိ ပြုံးလို့။
ညနေလောက်တွင် ဆိုးလ်မြို့က ဂျောင်ကုအဖေတို့အိမ်သို့ ရောက်လေသည်။
ဂျောင်ကုက ကားနောက်ခန်းက အထုပ်အပိုးတွေ သယ်နေချိန် ထယ်ယောင်းသည် ကားပေါ်က ဆင်းကာ
"ဂျွန် ကျနော် ကူသယ်ပေးမယ်လေ"
"ရတယ် ဘေဘီ အမေ့ကို ခေါ်ပြီး အိမ်ထဲဝင်နှင့် ကိုယ်ဒါတွေသယ်ပြီးနောက်က လိုက်ခဲ့မယ်"
"ဟုတ် ဂျွန်"
"eomeoni အိမ်ထဲဝင်ရအောင်"
ဂျောင်ကုအမေထိုင်နေသည့် ကားတံခါးကို ဖွင့်ပေးရင်း ပြောတော့ ဂျောင်ကုအမေသည် ကားပေါ်မှ ဆင်းလိုက်သည်။
"ဖြစ်ပါ့မလား ထယ်ယောင်းလေး"
"ဖြစ်တာပေါ့ arbeojiက လုံးဝနောင်တအကြီးစားရနေတာ စိတ်ပူမနေပါနဲ့"
ဂျောင်ကုအမေဂင်ဆိုယောင်းလက်မောင်းအား တွဲချိတ်ကာ အိမ်ထဲသို့ ခေါ်သွားသော ထယ်ယောင်း
အိမ်ထဲဝင်ဝင်ချင်းမှာတင်
"ဆိုယောင်းahh"
"ဗြောင်အင်shi"
"တောင်းပန်ပါတယ် ဆိုယောင်းahh"
တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ကာ အလွမ်းသယ်နေကြသော ဂင်ဆိုယောင်းနဲ့ ဂျွန်ဗြောင်အင်ကိုကြည့်ပြီး ထယ်ယောင်းတောင် မျက်ရည်ဝဲလာရသည်။
"တွေးချင်ရာတွေး ထင်ချင်ရာထင်ပြီး စွပ်စွဲခဲ့တဲ့ ဒီအသုံးမကျတဲ့ယောက်ျားကို ခွင့်လွှတ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆိုယောင်းahh"
"မဟုတ်တာ ကျမကို ခုလို ပြန်လက်ခံပေးတာနဲ့တင် ကျေးဇူးတင်နေတာပါ ဗြောင်အင်shi"
"အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီးတော့ ငါတို့ အသစ်ကနေ ပြန်စပြီး ပျော်ပျော်နေသွားကြရအောင်"
"ဟုတ်ကဲ့ ဗြောင်အင်shiဆီက ဒီလိုစကားမျိုးကြားရတာ ကျမ အတိုင်းမသိ ဝမ်းသာပါတယ် ဗြောင်အင်shi"
ဂျောင်ကု အထုပ်အပိုးတွေ သယ်လာပြီး အိမ်ထဲ ဝင်ဝင်ချင်းမှာတင် သူ့အမေနဲ့အဖေရဲ့ စကားသံများကြားတော့ ရင်ထဲ ပီတိတွေဖြာရသည်။ အစောကြီးကထဲက ဒီလို အဆင်ပြေသင့်တာကို....။
ဂျောင်ကု သယ်လာသော အထုပ်အပိုးတွေကို ချပြီး သူ့အဖေနဲ့အမေကို မတ်တပ်လေးရပ်ကာ ကြည့်နေသော ထယ်ယောင်းဘေးသို့သွားကာ ထယ်ယောင်းရဲ့ပုခုံးကို ဖက်လိုက်သည်။
"ထယ်ယောင်းလေးနဲ့ ဂျောင်ကုလေးကို ကျေးဇူးပါပဲ အမေတို့ကြား ပြန်အဆင်ပြေအောင် လုပ်ပေးလို့"
"မဟုတ်တာ သေချာပေါက် ပြန်အဆင်ပြေသင့်တာမို့ ကျေးဇူးတင်စရာမလိုပါဘူး eomonie"
ရုတ်တရက် ဂျွန်ဗြောင်အင်က သူ့မိန်းမဂင်ဆိုယောင်းရဲ့ပါးကို နမ်းလိုက်၍ ထယ်ယောင်းနဲ့ဂျောင်ကုမှာ မျက်လုံးများပြူးသွားကြသလို ချောင်းတဟန့်ဟန့်ဖြင့်သာ။
"ရှင်နော်! ကလေးတွေရှေ့မှာ!!"
ဂင်ဆိုယောင်းသည် ဂျွန်ဗြောင်အင်ရဲ့ဗိုက်ခေါက်အား လိမ်ဆွဲလိုက်ရင်း ပြောသည်။
"အ့ နာတယ်လေ မိန်းမကလဲ"
မျက်နှာကြီး ဆူပုတ်ကာ ပြောလာသော ဂျွန်ဗြောင်အင်။
"ကျနော်တို့ ဘာမှမမြင်လိုက်ဘူးနော် appa"
ဂျောင်ကု ပြီတီတီမျက်နှာထားနဲ့ နောက်ပြောင်ကာပြောပြီးနောက် သူ့ဘေးနားက ထယ်ယောင်းကိုကြည့်ကာ
"ဟုတ်တယ်မလား ဘေဘီ"
"ဟုတ်တယ် arbeojiက eomeoniကို နမ်းလိုက်တာကို ကျနော်တို့ လုံးဝကို မမြင်လိုက်ပါဘူး"
ထိုစကားကြောင့် 4ယောက်သား 1ယောက်မျက်နှာ1ယောက်ကြည့်ကာ ရီပွဲကျကုန်တော့သည်။
ကြည်နူးစရာကောင်းသော ရီသံလေးတွေ ထိုအိမ်လေးထဲတွင် ပျံ့နှံ့ကုန်သည်။
ထိုမြင်ကွင်းလေးက နွေးထွေးသော မိသားစုရဲ့အငွေ့အသက်လေးကို ခံစားမိစေသည်။
သူတို့မိသားစုလေးက ပြည့်စုံသွားပြီ လုံးဝကို.......။
______________
"ဂျွန် ကျနော် အပြင် ခဏသွားလိုက်ဦးမယ်"
"ဘယ်ကိုလဲ"
"ကိစ္စလေးရှိလို့"
"ကိုယ် လိုက်ခဲ့မယ်လေ"
"ဟင့်အင်း မလိုက်ခဲ့နဲ့ ကျနော့်ဘာသာ ကျနော် သွားမယ်"
တစ်ခုခုကို ဖုံးကွယ်ချင်နေသည့် ထယ်ယောင်းကြောင့် ဂျောင်ကု ဘဝင်မကျ။
နောက်လထဲရောက်ရင်ပဲ လက်ထပ်တော့မယ်... ဘာတွေ ဖုံးကွယ်ချင်နေရတာလဲ....။
"ကိုယ့်ကို ဖုံးကွယ်ထားတာ တစ်ခုခုရှိလား"
"ဟို မရှိပါဘူး ဂျွန်ရဲ့"
ဂျောင်ကုရဲ့ မသင်္ကာတဲ့အကြည့်တွေကြောင့်ထယ်ယောင်းမှာ တစ်ခုခုကို သိသွားမှာစိုး၍ ထိတ်လန့်နေတဲ့ ကိုယ့်မျက်နှာကိုယ် အတတ်နိုင်ဆုံး ဘာမှမဖြစ်သလို ပြန်ပြင်ရင်း ညာလိုက်ရသည်။
"ပြီးတာပဲ သွားလေ"
ချက်ချင်းအေးစက်သွားသော မျက်ဝန်းတွေအရ ဂျွန်ကျနော့်ကို အထင်လွဲသွားသည်ထင်သည်။
မတတ်နိုင်....။ ဒီကိစ္စကို ဂျွန် သိလို့မှမဖြစ်ဘဲ.....။
ထယ်ယောင်း တိုက်ခန်းထဲမှ ထွက်လာလိုက်သည်။ ဓာတ်လှေကားထဲ ရောက်တာနဲ့ တစ်စုံတစ်ယောက်အား ဖုန်းဆက်လိုက်၏။
"ကျနော်ပါ Euphoria cafeမှာ ခဏလောက်တွေ့ကြရအောင် ပြောစရာလေးရှိလို့"
ပြောပြီးတာနဲ့ ဖုန်းချလိုက်သည်။
Euphoria cafe shopက ထောင့်တစ်နေရာမှာထိုင်စောင့်နေသော ထယ်ယောင်းဆီသို့ တန်းတန်းမတ်မတ်လျှောက်လာသော အမျိုးသမီးတစ်ယောက်သည် အနက်ရောင်ကိုယ်ကျပ်အင်္ကျီစကပ်ကိုမှ ဖန်ရှင်ကျကျ ဝတ်ဆင်လို့ထား၏။
စီးလာသော ဒေါက်ဖိနပ်၏ လမ်းလျှောက်လိုက်တိုင်း မြည်နေသော အသံသည် ကြားရသူအဖို့ လူရှိန်စေ၏။
မိတ်ကပ်ဖုံဖုံနဲ့ နှုတ်ခမ်းနီ အရောင်ရင့်ရင့်ကိုဆိုးထားပြီး ဆံပင်ကို အနောက်တွင် တစ်စုတစ်စည်းတည်း ခေတ်ဆန်ဆန်ထုံးထားသော ထိုအမျိုးသမီး၏ မျက်နှာသည် အလွန်တရာ တည်ငြိမ်ရင့်ကျက်ဟန်ရှိ၏။
ထယ်ယောင်းထိုင်နေတဲ့ဝိုင်းသို့ ရောက်သော်ထယ်ယောင်းမျက်နှာချင်းဆိုင်က ခုံတွင် လက်ပိုက် ခြေချိတ်ကာ ထိုင်လိုက်၏။
တပ်ဆင်လာသော နေကာမျက်မှန်ကို ချွတ်ကာ ခုံပေါ်တင်လိုက်ရင်း
"ငါ့ကို ပြောစရာရှိတယ်ဆိုတာက ဘာများလဲ"
"ကျနော် လက်ထပ်တော့မယ်"
"လက်ထပ်မယ်? ဘယ်သူနဲ့လဲ? ဘယ်မျိုးရိုးကလဲ? မိဘအသိုင်းအဝိုင်းကရော ဘယ်လောက်ထိ ချမ်းသာလဲ?"
"မင်းအပေါ် ကောင်းရဲ့လား မင်းကို တကယ်ချစ်တာရော ဟုတ်ရဲ့လား မင်းကရော သူ့ကို တကယ်ချစ်ရဲ့လား အဲ့လိုတွေ မေးရမှာ မဟုတ်ဘူးလား"
ထယ်ယောင်း၏ အပြောကို ထိုမိန်းမသည်ဟက်ခနဲ တစ်ချက်ရီပြီး
"ငါသိချင်တာ ငါမေးတာလေ...မိဘအသိုင်းအဝိုင်းက ချမ်းသာကြွယ်ဝမှုများမှ မင်းနဲ့ သူနဲ့ လက်ထပ်တဲ့အခါ ငါ့ဘက်က အကျိုးအမြတ် တစ်ခုခု ရမှာမဟုတ်ဘူးလား"
"ကျနော့်ကို သားလို့ရော သတ်မှတ်ရဲ့လား အမေ"
"သားလို့ သတ်မှတ်ရအောင် မင်းက ငါ့ပြောစကားတွေနားထောင်ခဲ့လို့လား? အရင်ကထဲက ငါ့ပြောစကားတွေနားထောင်ခဲ့ရင် အခုဆို မင်း ဒီ့ထက်ပိုပြီး ချမ်းချမ်းသာသာ နေရမှာ ဥက္ကဌကြီးနမ်က ဘယ်လောက်တောင် ချမ်းသာလိုက်သလဲ အရင်ကထဲက ငါပြောတာနားထောင်ပြီး မင်း သူနဲ့ လက်ထပ်ခဲ့ရင် ငါလဲ အခုဆို ကြီးကြီးတက်ချမ်းသာတဲ့ millionnaireတစ်ယောက် ဖြစ်နေလောက်ပြီ"
"တော်ပါတော့! ကျေးဇူးပြုပြီး"
"တကယ်မွေးရကျိုးမနပ်တဲ့သားပဲ မင်းအမေ ငါက ကောင်းစေချင်လို့စီစဉ်တဲ့ကိစ္စကိုတောင် လက်မခံခဲ့ဘဲနဲ့ သားအဖြစ်သတ်မှတ်ရဲ့လား လာမေးရဲသေးတယ်"
"ကိုယ့်အကျိုးအမြတ်အတွက် ကိုယ့်သားကိုယ် တစ်ခြားသူဆီ ထိုးကျွေးနေတာ ကျနော့်အတွက် ကောင်းစေချင်လို့ စီစဉ်တာတဲ့လား? "
ထိုစကားသည် ဆွန်းဟွာယောင်း၏ အရှိုက်ကို တည့်တည့်ထိသွား၍ မျက်နှာတွေနီမြန်းတက်လာကာ
"မင်း! "
ခုံပေါ်က ရေခွက်ကိုကျစ်ကျစ်ပါအောင်ကိုင်ကာ ထယ်ယောင်းမျက်နှာကို ပက်ပစ်လိုက်၏။
"အမေကို စော်ကားတဲ့ကောင်! "
ပြောလဲ ပြောရင်း မတ်တပ်ထရပ်လိုက်သော ဆွန်းဟွာယောင်း....။
ထယ်ယောင်းလဲ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ကာ
"ကျနော်ပြောတာ အရှိုက်ကို တည့်တည့်ထိသွားလို့မလား? "
ဆွန်းဟွာယောင်း၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်တော့
"တောက်စ် မင်းကများ ငါ့ကို"
ဆွန်းဟွာယောင်းတစ်ယောက် ဒေါသတွေ ထွက်လာသဖြင့် ထယ်ယောင်းပါးကို ရိုက်ရန် လက်ရွယ်လိုက်လေသည်။
ထယ်ယောင်းလဲ သူ့အမေ၏ အပြုအမှုကြောင့်မျက်စိစုံမှိတ်မိလိုက်၏။
သို့သော် သူ့ပါးပေါ်သို့ တစ်စုံတစ်ရာ နာကျင်မှုရောက်မလာတာကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ဂျောင်ကုသည် သူ့ပါးအားရိုက်တော့မည့် ဆွန်းဟွာယောင်း၏ လက်အား ဖမ်းကိုင်ထားသည်ကိုတွေ့သည်။
ဂျွန်က ဘယ်လိုလုပ်ပြီး ဒီကို??
ဂျောင်ကု ထယ်ယောင်း ထွက်သွားတာနဲ့ ထယ်ယောင်းနောက်သို့ လိုက်သွားခဲ့သည်။
ကော်ဖီဆိုင်တစ်ဆိုင်ထဲ ထိုင်နေသော ထယ်ယောင်းအား ဂျောင်ကု ကားထဲကနေ ကြည့်နေခဲ့သည်။
ခဏကြာတော့ မိန်းမတစ်ယောက်က ထယ်ယောင်းထိုင်နေတဲ့ဝိုင်းကို ဝင်ထိုင်လိုက်သည်ကိုတွေ့သည်။
အဲ့မိန်းမက ထယ်ယောင်းရဲ့အမေဖြစ်သူ ဆွန်းဟွာယောင်းမလား....။
ဘာတွေ အချေအတင် စကားများနေကြမှန်းမသိပေမယ့် ဆွန်းဟွာယောင်းက ထယ်ယောင်းအား ရေနဲ့ ပက်လိုက်တာကို မြင်တော့ သူ့ဒေါသတွေထိန်းမနိုင်သိမ်းမရဖြစ်ကာ ဆိုင်ထဲ ဝင်သွားမိသည်။
ဆိုင်ထဲ ဝင်ပြီး ထယ်ယောင်းတို့ဝိုင်းရောက်ခါနီးမှာဆွန်းဟွာယောင်းက ထယ်ယောင်းပါးအား ရိုက်ဖို့ကြံပြန်သည်။
တော်သေးတာပေါ့ ဆွန်းဟွာယောင်းလက်ကို သူ အချိန်မှီဖမ်းလိုက်နိုင်လို့.....။
"ရာရာစစ ဘယ်သူ့ကို ထိချင်နေရတာလဲ!"
ဆွန်းဟွာယောင်းသည် သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ဂျောင်ကုအား ရန်တွေ့လိုက်၏။
ဘယ်က ကလေကချေမှန်းမသိ ရာရာစစ ငါ့လက်ကို!! လာထိရဲတယ်??
"အဲ့စကားကို ကျနော်က ပြောရမယ်ထင်တယ် ရာရာစစ ဘယ်သူ့ကို ရိုက်ဖို့ လက်ရွယ်ရဲရတာလဲ!!"
မျက်ထောင့်နီနီနဲ့ အံကြိတ်ရင်း ပြောလာသော ဂျောင်ကုရဲ့စကားတွေကြောင့်
"ဘာ!!"
"မသိသေးရင် သေချာမှတ်ထားပါ! ကျနော့်ကောင်လေးကို လာထိဖို့ ကြိုးစားတဲ့သူမှန်သမျှ ကျနော်က ဒီတိုင်းထားမှာမဟုတ်ဘူး"
ထိုစကားကြားမှ အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားသော ဆွန်းဟွာယောင်းသည် ဂျောင်ကုကိုတစ်လှည့် ထယ်ယောင်းကို တစ်လှည့်ကြည့်ကာ
"ဘာ?? မင်းကောင်လေး? ထယ်ယောင်းကလေ?? ဟက် ထယ်ယောင်း မင်းက ဒီလိုကလေကချေနဲ့ လက်ထပ်မယ်ပေါ့လေ?"
"ဟုတ်တယ် ကျနော် လက်ထပ်မယ့်သူက သူပဲ"
ထယ်ယောင်း၏ စကားအားကြားတော့ ဆွန်းဟွာယောင်းသည် ခြောက်ကပ်ကပ်ရီရင်း
"ငါ့စကားနားမထောင်တော့ မင်းဒီလိုကလေကချေနဲ့ပဲ လက်ထပ်ရတော့မှာ တွေ့လား မင်းအမေ ငါ့ကို စော်ကားချင်ဦး!! "
"ခင်ဗျားစကားတွေ လွန်နေပြီ!! "
ဂျောင်ကုသည် ထိုသို့ပြောပြီး ဆွန်းဟွာယောင်း၏ လက်အား ဆောင့်တွန်းကာ လွှတ်လိုက်တော့ ဆွန်းဟွာယောင်းခမျာ မလဲကျရုံတမယ် ယိုင်ကျသွား၏။
"ရာရာစစ ငါ့ကို တွန်းတယ်! ငါ ဘယ်သူလဲဆိုတာ မင်းသိလား Kim Groupရဲ့ပိုင်ရှင် ဆွန်းဟွာယောင်းဆိုတာ ငါပဲ ဟဲ့! ကလေကချေလိုကောင်ရဲ့"
"ကလေကချေလိုကောင်? ကျနော်ကလား"
ဂျောင်ကုသည် ဆွန်းဟွာယောင်းကိုကြည့်ကာ ဟက်ခနဲ တစ်ချက်ရီပြီး
"J Groupကိုရော သိလား"
"J Group?? သိတာပေါ့ Koreaမှာ အအောင်မြင်ဆုံးလုပ်ငန်းစုလေ နေစမ်းပါဦး မင်းက ဘာကိစ္စ မေးတာလဲ"
"ကျနော့်နာမည်ကိုရော သိလား"
"ငါက ဘယ်လိုလုပ် သိမှာလဲ မင်းလို ကလေကချေကောင်ရဲ့နာမည်ကို!"
"ဂျွန်ဂျောင်ကု"
"ဘာ! ဂျွန်ဂျောင်ကု? နေစမ်းပါဦး! ငါ ဒီနာမည်ကို တစ်နေရာရာမှာကြားဖူးနေသလိုပဲ ဘယ်မှာ ကြားဖူးပါလိမ့်"
"ဘယ်မှာ ကြားဖူးလဲဆိုတာကတော့ အချိန်ယူပြီး အေးအေးဆေးဆေး သေချာစဉ်းစားကြည့်ပေါ့ အခုတော့ ကျနော်တို့ကို သွားခွင့်ပြုပါဦး"
ထယ်ယောင်းလက်အား ဆွဲကာ ကော်ဖီဆိုင်ထဲမှ ထွက်သွားသော ဂျောင်ကု။
"ဂျွန်ဂျောင်ကုဆိုတဲ့ နာမည်ကို ဘယ်မှာ ကြားဖူးပါလိမ်??သေချာပေါက်ကို ကြားဖူး-J Groupက အမွေဆက်ခံမယ့်သူနာမည်မလား?မဖြစ်နိုင်တာ!!"
သေချာစဉ်းစားမိမှ ဟုတ်သားပဲခုနကကောင်လေးမျက်နှာကိုJ Groupပိုင်ရှင်ရဲ့သားနဲ့ တူပါတယ်လို့မှတ်နေတာ....တကယ်ပဲ J Groupပိုင်ရှင်ရဲ့သား ဂျွန်ဂျောင်ကုကိုး!
ဆွန်းဟွာယောင်းတစ်ယောက် အံ့အားသင့်ကာ တုန်လှုပ်သွားမိသည်....
ဒါဆို ခုနက သူ ကလေကချေကောင်လို့ ပြောခဲ့မိတာတွေ??
သွားပါပြီ!!
ဘာပဲဖြစ်ဖြစ်လေ ငါက ထယ်ယောင်းအမေပဲဟာ! မတော်ချင်လဲ ငါနဲ့ ယောက္ခမ တော်ရမှာပဲလက်ထပ်တဲ့နေ့ကျ အကျိုးအမြတ်အကြောင်းသွားဆွေးနွေးတာပေါ့.....။
ထိုအကြံသည် တိမ်တိုက်ထဲက တိုက်အိမ်တစ်လုံးလို အလွယ်တကူ ပျက်စီးမည်မှန်းသာ ဆွန်းဟွာယောင်းသိခဲ့ပါလျှင်။
______________
ဂျောင်ကု ထယ်ယောင်းအား တိုက်ခန်းသို့ပြန်ခေါ်လာသည်။
ဂျောင်ကု ထယ်ယောင်းအကြောင်း ခရေစိတွင်းကျ အကုန်စုံစမ်းထားပြီးသားဖြစ်၍ ထယ်ယောင်းကိုကျသားတစ်ယောက်လို မဆက်ဆံဘဲ သူ့နောက်ယောက်ျားကိုကျ လိုလေသေးမရှိအောင် လောင်းကစားလုပ်ဖို့၊ အရက်သောက်ဖို့ ပိုက်ဆံထုတ်ထုတ်ပေးတတ်သော အမေတစ်ယောက်ရှိသည်ကိုလဲ သိပြီးသားဖြစ်သည်။
သူနဲ့ ထယ်ယောင်းနဲ့ မဆုံခင်အချိန်တုန်းကလဲ IVY Groupက ဥက္ကဌနဲ့ ထယ်ယောင်းကို လက်ထပ်ပေးဖို့ ထယ်ယောင်းအမေဖြစ်သူ ဆွန်းဟွာယောင်းစီစဉ်ခဲ့တာကို ထယ်ယောင်းကလက်မခံဘဲ ဇွတ်စီစဉ်မယ်တိုရင် အဆိပ်သောက်သေမယ်လို့ ထယ်ယောင်း ခြိမ်းခြောက်မှ ထိုအစီအစဉ်ကို ဖျက်ခဲ့သည့်အကြောင်းကိုလဲ သူသိသည်။
သူ သိတာပေါ့ သူချက်ကျွေးတဲ့ထမင်းကို စားတိုင်းသူ့အမေက သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြတိုင်း ထယ်ယောင်းငိုနေခဲ့တဲ့အကြောင်းအရင်းကိုလေ။
တကယ်တော့ သူ ထယ်ယောင်းအကြောင်းကို ထယ်ယောင်းမသိအောင် စုံစမ်းခဲ့ခြင်းမှာ ထယ်ယောင်းကလဲ သူ့မိသားစုအကြောင်း တစိုးတစ်စိမျှ မပြောပြတာကြောင့်ဖြစ်သည်။
သူ သိပြီးသားဆိုတာကို ထယ်ယောင်းကိုမပြောဘဲထယ်ယောင်းကိုယ်တိုင် သူ့မိသားစုအကြောင်း ပြောပြမယ့်အချိန်ကို စောင့်နေခဲ့ပါသည်။
သို့သော် ထယ်ယောင်းသည် ဖုံးကွယ်လွန်းသည်။ ဝမ်းနည်းနေပေမယ့် သူ့ကိုယ်သူ အဆင်ပြေချင်ယောင်ဆောင်နေသည်။
အခုလဲ ကြည့်လေ သူ့ကို ပေးမသိဘဲ သူ့အမေနဲ့ သွားတွေ့ပြန်သည်။
ဘယ်အချိန်ထိ ဖုံးကွယ်ချင်နေတာလဲ.....။
တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ သူတို့2ယောက်ကြား ကိစ္စသေးသေးလေးတောင် ဖုံးကွယ်တာမျိုး သူမလိုချင်။
သူသာ လိုက်မသွားခဲ့ရင် ထယ်ယောင်း ဆွန်းဟွာယောင်းကြောင့် ဆိုင်ထဲမှာ အရှက်ကွဲဦးမည်။ မဟုတ်ဘူး.... အခုတောင် အရှက်ကွဲခဲ့တာ.... သူ ထယ်ယောင်းဘက်က ကာပြောပေးခဲ့လို့ နောက်မို့ဆို ထယ်ယောင်းက ဆွန်းဟွာယောင်းလုပ်သမျှ ခေါင်းငုံ့ခံနေဦးမည်။
ဒေါသထွက်နေသော ဂျောင်ကုရဲ့မျက်နှာကြောင့်ထယ်ယောင်း တောင့်တောင့်ကြီးရပ်ကာ အပြစ်သားတစ်ယောက်လို နှုတ်ဆိတ်နေမိ၏။
"မင်း ပြော! ငါက မင်းအတွက် အရေးမပါတဲ့သူလား? ငါ့ကို မင်းမိသားစုအကြောင်းပြောပြတော့ ဘာဖြစ်မှာမို့လဲ! "
"မဟုတ်ပါဘူး ဂျွန် ကျနော်က ဟင့် ကျနော်က အဲ့လိုမျိုးသူမျိုးရဲ့သားမှန်း ဂျွန်သိသွားရင် ဂျွန် ကျနော့်ကို စိတ်ပျက်ပြီး-"
"ကျစ်! ငါ မင်းအကြောင်းတွေ မသိဘူးများထင်နေလား မင်းကို စချစ်ခဲ့ကထဲက မင်းမိသားစုအကြောင်း ငါ အကုန်စုံစမ်းထားပြီးသား ငါက မင်းကို အပေါ်ယံချစ်တယ်လို့ မင်း ထင်နေတာလား? ဘာမဟုတ်တဲ့ကိစ္စအသေးအမွှားလေးတစ်ခုနဲ့ မင်းကို စိတ်ပျက်ရအောင် ငါက အရူးလား ဖြေလေ! ဂျွန်ထယ်ယောင်း!ဖြေစမ်းပါ!! "
သူ့ပုခုံးနှစ်ဖက်အား ခါရမ်းရင်း စူးစိုက်ကြည့်ကာမေးနေသော ဂျောင်ကုကြောင့် ထယ်ယောင်းမှာ မျက်ရည်တွေကျပြီး ငိုသာငိုနေသည်။
ဂျောင်ကုသည် ထယ်ယောင်းရဲ့မျက်ရည်တွေကိုမြင်ပြန်တော့ ဒေါသတွေထွက်နေတဲ့ကြားထဲကနေ စိတ်မကောင်းပေ။
ဒါကြောင့် ထယ်ယောင်းကိုယ်လေးကို ရင်ခွင်ထဲထည့်လိုက်မိပြန်၏။
"ကိုယ် တောင်းပန်ပါတယ်"
"ဂျွန်က ဘာကိုတောင်းပန်တာလဲ! ကျနော်ကိုက မဟုတ်တာ။ ဘာမဟုတ်တဲ့အတွေးတွေတွေးပြီး ဂျွန့်ကို မယုံသလိုဖြစ်သွားတာ ဟင့် ဂျွန် ကျနော့်ကို ထားသွားမှာကြောက်နေခဲ့တာ ဂျွန့်ကို ကျနော့်မိသားစုအကြောင်း ဘာမှမပြောပြဘဲ ဖုံးကွယ်ခဲ့တာ"
ရင်ခွင်ထဲက ထယ်ယောင်းဆံပင်တို့အား အသာ ငုံ့နမ်းရင်း
"တောင်းပန်ပါတယ် ဘေဘီရယ် မငိုနဲ့ ဘေဘီ့မျက်ရည်တွေကို ကိုယ် မမြင်ချင်ဘူး ဘေဘီ့မျက်ရည်တွေကိုမြင်ရင် ကိုယ့်ရင်ထဲ သေမလောက်နာကျင်ရတယ် အဲ့ဒါ သိလား ဟမ်"
"တောင်းပန်ပါတယ် ဂျွန် ကျနော် မငိုတော့ပါဘူး"
ရင်ခွင်ထဲမှ ခဏတာ ရုန်းထွက်ပြီး မျက်ရည်တွေကို ဆွဲသုတ်ပြီးနောက် ရင်ခွင်ထဲပြန်တိုးဝင်လာသော ထယ်ယောင်းကြောင့် ဂျောင်ကုလဲ ထယ်ယောင်းကိုယ်လေးကို တင်းတင်းလေး ပြန်လည်ပွေ့ဖက်ထားမိ၏။
_______________
Wedding dayကြေငြာတော့ Koreaတစ်နိုင်ငံလုံး ဂယက်ထသွားခဲ့သေးသည်။ အကြောင်းမှာ တစ်ချို့ပျိုမဒီတွေက J Groupက CEOချောချောလေးကို သူတို့ မပိုင်ဆိုင်ရ၍ ငိုတဲ့သူကငိုနဲ့ တစ်ချို့ပျိုမဒီတွေကတော့ Lee Groupကလီယူရာနဲ့သာ လက်မထပ်ရင်ပြီးရောဆိုပြီး ကျေနပ်နေကြပြီး တစ်ချို့ပျိုမဒီတွေကတော့ social mediaတော်တော်များများမှာ We Love Taekookဆိုပြီး We love groupတွေတောင် ထောင်ခဲ့ကြပြီး လုံးဝကို အားကျနေကြသေးသည်။
Wedding dayတွင် အဖြူရောင်သတို့သားဝတ်စုံနဲ့ လှနေသောထယ်ယောင်းနဲ့အနက်ရောင်သတို့သားဝတ်စုံနဲ့ တည်ကြည် ခန့်ညားလှပါသော ဂျောင်ကုတို့ကို မီဒီယာသမားများက အပီအပြင်ကို ဓာတ်ပုံတွေ ရိုက်နေကြသည်။
ထယ်ယောင်းသည် တဖျတ်ဖျတ်ရိုက်နေကြသောကင်မရာမီးရောင်များအား မခံနိုင်၍ မျက်စိကျိန်းလာတာမို့
"ဂျွန် ကျနော် မျက်စိတအား ကျိန်းလာပြီ"
သူ့နားနားကပ်ပြောလာသော သူ့အသဲ၏ စကားအား ကြားတော့
"အားနာပါတယ်ဗျ ကျနော့်သတို့သားလေးက ကင်မရာမီးရောင်တွေသိပ်မခံနိုင်လို့ ဒီလောက်ပဲ ဓာတ်ပုံရိုက်ပြီး ဧည့်ခံတာတွေ သုံးဆောင်နိုင်ပါပြီ"
ထိုအခါ မီဒီယာသမားများသည် 'အရမ်း လိုက်ဖက်တာပဲ'ဟု တီးတိုးပြောသွားကြကာ သူတို့နားမှ ထွက်သွား၏။
ထိုအခါမှ ထယ်ယောင်းလဲ အသက်ရှူချောင်တော့သည်။
"ဘေဘီ ပင်ပန်းနေရင် ကိုယ်တို့ ဒီလောက်နဲ့ အိမ်ပြန်ကြမလား"
"ဒါက ကျနော်တို့ရဲ့ မင်္ဂလာပွဲလေ ကျနော်တို့ မရှိတော့ ဘယ်လိုလုပ်မှာလဲ ကျနော် အဲ့လောက်ကြီးလဲ မပင်ပန်းပါဘူး ဂျီမင်းဆီ သွားကြရအောင် ဟိုမှာ"
ဝိုင်းတစ်ဝိုင်းတွင် ဆူပုတ်ပုတ်မျက်နှာဖြင့် တစ်ယောက်ထဲ ထိုင်နေသော ပတ်ဂျီမင်းနားသို့ သွားပြီး
"ဟျောင့် ဂျီမင်း မင်းလူရော"
"သန့်စင်ခန်း သွားတယ် အခုထက်ထိ ပြန်ထွက်မလာသေးဘူး သန့်စင်ခန်းထဲမှာ အိပ်များ အိပ်ပျော်နေလားမသိဘူး ငါလိုက်သွားဦးမှ"
"ဘယ်လိုအတွဲလဲ မသိပါဘူး!"
ထယ်ယောင်းတစ်ယောက် ထွက်သွားသောဂျီမင်းကျောပြင်အားကြည့်ကာ ပြုံးတုံးတုံးလေးဖြင့် ရေရွတ်မိချိန် သူ့ပါးအား ရွှတ်ခနဲ နမ်းလိုက်သော ဂျောင်ကုကြောင့်
"ဂျွန်!လူတွေနဲ့လေ!! "
"ဘေဘီက ချစ်ဖို့ကောင်းအောင် နေနေတာကိုး"
သူ့ပါးအား လိမ်ဆွဲရင်း ပြောလာပြန်သည်။ ထယ်ယောင်းလဲ ဂျောင်ကုဗိုက်ခေါက်အား ပြန်လိမ်ဆွဲကာ
"တော်တော်ကဲနေ!"
"အ့ နာတယ်လေ ဘေဘီကလဲ"
ဗိုက်ခေါက်လိမ်ဆွဲလိုက်လို့ ဖြစ်သွားသော ဂျောင်ကုရဲ့ ဆူပုတ်ပုတ်ရုပ်ကြောင့် ထယ်ယောင်း ပြုံးရပြန်သည်။
ထိုအချိန် သူတို့နားရောက်လာသူက လီယူရာ...။
"ဂျောင်ကုoppa!"
"ဘာလဲ"
ဂျောင်ကုရဲ့ ခပ်ထေ့ထေ့အမေး....။
"ဓာတ်ပုံလေး 1ပုံလောက်ရိုက်ချင်လို့"
သူတို့2ယောက်ကြားထဲ ဝင်နေရာယူပြီးsefileဆွဲရန်ပြင်နေသော လီယူရာ
သူတို့2ယောက်ကြားထဲ ဝင်နေရာယူတဲ့အပြင် ထယ်ယောင်းလက်မောင်းကို ချိတ်လိုက်သေးသည်။
ဂျောင်ကုသည် လီယူရာအား အံကြိတ်ကာ မျက်လုံးပြူးကြည့်နေပါသော်လဲ
"ရိုက်ပြီနော် ဂျောင်ကုoppa! ပြုံးလေ! "
အလိုက်မသိသည့်လီယူရာမှာ အတင်းတွေစွတ်ပြုံးခိုင်းနေပြန်သည်။
ထယ်ယောင်းမှာ ဂျောင်ကုအား ကြည့်ပြီး ရီသာရီနေတော့သည်။
"ကင်ထယ်ယောင်းshi ကင်မရာကို ကြည့်လေ ဂျောင်ကုoppaရောပဲ"
နောက်ဆုံးတော့ မြန်မြန်ရိုက်ပြီး အေးရောဟုသာ တွေးပြီး ကင်မရာကို ကြည့်ကာ မပြုံးချင်ပြုံးချင်ဖြင့်ပြုံးလိုက်သော ဂျောင်ကုနဲ့ Boxy smileလေးနဲ့ ကင်မရာကို ကြည့်လိုက်သော ထယ်ယောင်းတို့ရဲ့ အလယ်က ထယ်ယောင်းလက်မောင်းအား အပီအပြင် ချိတ်ကာ ပြုံးလိုက်သော လီယူရာပုံတို့က ဖုန်းscreen ပေါ်မှာ အခန့်သား။
"ရိုက်လို့ပြီးပြီမလား သွားတော့"
"နောက်1ပုံလောက်..."
"မရဘူး သွား"
အတင်းတွေကို မောင်းထုတ်နေသော ဂျောင်ကုကြောင့် လီယူရာ့ခမျာ ခြေလေး အသာဆောင့်ရင်း နှုတ်ခမ်းကြီးဆူကာ ဂျောင်ကုအား မျက်စောင်းတစ်ချက်ထိုးပြီး ထွက်သွား၏။
ထယ်ယောင်းမှာ ရီနေပြီး ဂျောင်ကုကတော့ထယ်ယောင်းပုခုံးလေးအား ဖက်ကာ
"သူ့ကို ငယ်ငယ်ကထဲကပေါင်းလာတဲ့ ညီမလေးသံယောဇဉ်နဲ့မို့ ကြည့်နေတာ မဟုတ်ရင် တစ်ခုခုလုပ်မိတော့မှာ! "
ထွက်သွားသော လီယူရာအား ဝါးစားတော့မည့်အကြည့်နဲ့ ကြည့်ပြီး ကြိမ်းဝါးနေပြန်သော ဂျောင်ကုကြောင့် ထယ်ယောင်းရီမိပြန်ပါသည်။
"ဂျွန်ကတော့လေ..."
ဂျောင်ကုနှုတ်ခမ်းတစ်စုံသည် ထယ်ယောင်းရဲ့ကျော့ရှင်းသော နဖူးလေးအား အသာ ထိကပ်လိုက်ပြီး
"ချစ်တယ် ဘေဘီ"
"ကျနော်လဲ ချစ်တယ် ဂျွန်"
ထိုအချိန် ခန်းမအပြင်ဘက်မှာ ပြသာနာရှာနေသော မိန်းမတစ်ယောက်မှာ သူ့ကို မင်္ဂလာခန်းမထဲ ပေးမဝင်သော အစောင့်2ယောက်ကြောင့်ပင်။
"ဒီမှာ ငါ ဘယ်သူလဲဆိုတာ မသိဘူးလား အခု J Groupပိုင်ရှင်ရဲ့သား Jeon Jungkookနဲ့ မင်္ဂလာဆောင်နေတဲ့ ကင်ထယ်ယောင်းက ငါ့သား ငါက သူ့အမေပဲ"
"တောင်းပန်ပါတယ်ဗျ J Groupပိုင်ရှင်ရဲ့သားဖြစ်သူ Jeon Jungkookကိုယ်တိုင်ကိုက ဒီကအမရဲ့ ဓာတ်ပုံပြပြီး လုံးဝဝင်မလာစေနဲ့လို့ ကျနော်တို့ကို မှာထားလို့ပါ"
"ဘာ?!"
သူမ ထယ်ယောင်းနဲ့လက်ထပ်တဲ့ဂျွန်ဂျောင်ကုနဲ့ ဆွေးနွေးစရာရှိသည်။ အကျိုးအမြတ်ကိစ္စပေါ့။ J Groupက ဘယ်လောက်တောင် ချမ်းသာလိုက်သလဲ။ သူမသားနဲ့လက်ထပ်တယ်ဆိုတော့ ထယ်ယောင်းအမေဖြစ်သူ သူမကို အကျိုးအမြတ်တစ်ခုခုတော့ ပေးသင့်တယ်မဟုတ်ဘူးလား??အခု သူမ အဲ့ကိစ္စပြောဖို့ ဒီမင်္ဂလာပွဲကို လာခဲ့တာဖြစ်သည်။
အမေဖြစ်သူကို ဖိတ်စာတောင် လာမပေးသော ထယ်ယောင်းကို သူမ ဒေါသထွက်ပေမယ့် ဖိတ်စာလာမပေးတော့ရော ဘာဖြစ်လဲ ထယ်ယောင်းအမေဟုပြောကာ မင်္ဂလာဆောင်ကို သွားမယ်ဟု ဆုံးဖြတ်ထားသော ဆွန်းဟွာယောင်းမှာ ထိုစကားကြောင့် သွေးတောင် ဆောင့်တက်ချင်လာသည်။
ဘာတဲ့ သူမဓာတ်ပုံပြပြီး လုံးဝဝင်မလာစေနဲ့လို့ အစောင့်တွေကိုမှာထားတယ်တဲ့လား???
ဘယ်လို အရိုင်းအစိုင်း သမက်လဲ!?
"မင်းတို့ လိမ်နေတာ ဘေးဖယ် ငါကိုယ်တိုင် သူ့ကိုဟုတ်မဟုတ် သေချာသွားမေးမယ် ဘေးဖယ်ကြစမ်း!"
အစောင့်2ယောက်အား ပြသာနာရှာနေသော သူမအား လူတစ်ချို့က ကဲ့ရဲ့တဲ့အကြည့်များဖြင့် ကြည့်သွားကြ၏။
ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး ရုပ်ပျက်ဆင်းပျက်သောင်းကျန်းနေသော သူမအား ဖြတ်သွားဖြတ်လာလူတွေက ကဲ့ရဲ့ချင်လဲ ကဲ့ရဲ့စရာပဲလေ...။
"တောင်းပန်ပါတယ်ဗျ ဒီလိုသာ ဆက်လုပ်နေရင် ကျနော်တို့ လုံခြုံရေးကိုခေါ်ပြီး ဆွဲခေါ်ခိုင်းရပါလိမ့်မယ်"
ထိုစကားကြားမှ အသဲအသန် ရုပ်ပျက်ဆင်းပျက်ဖြင့် ခန်းမထဲဝင်ရဖို့ကို ပြသာနာရှာနေသော သူမပုံစံသူမ ပြန်သတိရကာ ချက်ချင်းဆိုသလို မျက်နှာထက်တွင် အိန္ဒြေရှိတဲ့ အပြုံးမျိုး ဆင်မြန်းလိုက်ကာ
"ရပါတယ်လေ အဲ့လိုဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲပေါ့"
ခုနတုန်းက သောင်းကျန်းနေတာ သူ မဟုတ်သည့်အတိုင်း မချိပြုံးလေးပြုံး၍ လှည့်ထွက်သော သူမ.....။
Hotel ထွက်ပေါက်နားရောက်မှ တောက်တစ်ချက်ခေါက်ကာ
"ဂျွန်ဂျောင်ကု! အစုတ်ပလုတ် ကလေကချေကောင်လေး!"ဟုသာ ကြိမ်းဝါးနေတော့သည်။
မင်္ဂလာဆောင်ခန်းမထဲမှ ဂျောင်ကုမှာလဲ ထယ်ယောင်းအမေ လာသောင်းကျန်သွားတဲ့အကြောင်းကို အစောင့်တွေ၏ ဖုန်းဆက်သတင်းပေးမှုကိုကြားပြီးနောက် smirkတစ်ခု ချိတ်ဆွဲကာ ပြုံးနေလေ၏။
ဒါကို မသိသည့်ထယ်ယောင်းကတော့ သူ့သူငယ်ချင်းဖြစ်သူ ဂျီမင်းနဲ့ လေပေါနေ၏။
"ဘေဘီ ကိုယ် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"
"ဟုတ် သွားလေ ဂျွန်"
ဂျောင်ကုလဲ ထယ်ယောင်းဘေးနားကနေ ထွက်လာလိုက်ပြီး အတော်လှမ်းလှမ်းနေရာရောက်တဲ့အခါ ဖုန်းထုတ်လိုက်ကာ သူ့အတွင်းရေးမှူးအား ဆက်လိုက်ပြီး
"အတွင်းရေးမှူးဟန် Kim Groupက ရှယ်ယာတွေအကုန်လုံးကို လက်ရှိ Kim Groupမှာ ရှယ်ယာဝင်ထားတဲ့ရှယ်ယာတွေဆီကနေ အမြင့်ဆုံးဈေးပေးပြီး ပြန်ဝယ်လိုက်ပါ ပြီးရင် အဲ့ရှယ်ယာတွေအကုန်လုံးကို Kim Groupကနေ ပြန်ထုတ်လိုက်"
ဟိုဘက်က "ဟုတ်ကဲ့ပါ CEO"ဆိုတဲ့စကားကြားရတာနဲ့ ဖုန်းချလိုက်ပြီး
"ဂျွန်ဂျောင်ကုအပိုင်ကို ကိုယ်ထိလက်ရောက်စော်ကားတဲ့သူမှန်သမျှ လုံးဝနောင်တရအောင် လုပ်ပေးမှာ"
smirkတစ်ခု ချိတ်ဆွဲကာ ပြုံးလိုက်သော ဂျောင်ကု။
3ရက်ခန့်ကြာသော် Kim Groupက ရှယ်ယာတွေအကုန် J Groupက ပြန်ဝယ်လိုက်ပြီး ရှယ်ယာတွေအကုန်ထုတ်သွားသောကြောင့် ဒေဝါလီခံလိုက်ရသော Kim companyနဲ့ လုပ်ငန်းအသေးစားလေးတွေ။
ဆွန်းဟွာယောင်းမှာ အချိန်အတိုလေးအတွင်း ချက်ချင်းလက်ငင်းကြီးကို ဒေဝါလီခံလိုက်ရသော သူမcompanyကြောင့် အကြီးအကျယ် လျှော့ရနေ၏။
ထယ်ယောင်းရဲ့ပထွေး တစ်နည်း သူမနောက်ယောက်ျားဖြစ်သူကလဲ ဘာမှ အသုံးမကျ တစ်နေ့တစ်နေ့ သောက်လိုက်စားလိုက် လောင်းကစားလုပ်လိုက်ပဲလုပ်နေတာ။
Kim companyကြီး ဒေဝါလီခံလိုက်ရတော့ သူမတို့ လမ်းဘေးရောက်တော့မည်။
သူ့နောက်ယောက်ျားဖြစ်သူ၏ လောင်းကစားအကြွေးတွေကြောင့် Kim Groupကကျန်တဲ့ လုပ်ငန်းအသေးစားလေးတွေနဲ့ အခု သူမတို့နေနေတဲ့ အိမ်ကိုပါ ရောင်းရမည့်ကိန်းဆိုက်နေပြီး လမ်းဘေးရောက်ရတော့မည်ဖြစ်၍ နေ့ချင်းညချင်းကို ရူးသွားရှာ၍ စိတ္တဇဆေးရုံသို့ ပို့ခြင်းခံလိုက်ရသည်။
_________________
ဂျောင်ကုနဲ့ ထယ်ယောင်းက လက်ထပ်ပြီးသည့်တိုင်ထယ်ယောင်းတိုက်ခန်းမှာသာ နေသည်။
J Groupကိုတော့ ဂျောင်ကု သူ့အဖေဆီကနေ လက်လွှဲယူပြီးသွားပြီဖြစ်၍ သူကိုယ်တိုင် ဦးဆောင်နေရပြီဖြစ်သည်။
ထယ်ယောင်း ဧည့်ခန်းထဲမှာထိုင်ကာ အလုပ်လုပ်နေသော ဂျောင်ကုဘေးနားသို့ ထိုင်လိုက်ပြီး
"ဂျွန်"
"ဂျွန်ရေ ဂျွန်လို့...."
"ဂျွန်.... အခုထိ စိတ်ဆိုးနေတုန်းလားဟင်..."
သူကသာ အသည်းအသန်လိုက်ချော့နေတာဂျွန်က သူ့ကို နည်းနည်းလေးတောင်အဖက်မလုပ်Laptopကိုသာ စူးစိုက်ကြည့်ပြီး စာရွက်စာတမ်းတွေကိုသာ လှန်လှောလျက်ပင်။
ဒီနေ့ ဂျွန်အလုပ်ပိတ်ရက်လေးမို့ ဂျွန့်ဘေးနားကပ်ချွဲရမလားမှတ်တယ်။ အခုတော့ ချော့လို့တောင်မရ။
ပြီးခဲ့တဲ့1ပတ်က ကျနော် ပွေရှုပ်ခဲ့တုန်းက တွဲခဲ့တဲ့ဖူးတဲ့ ရည်းစားဟောင်းဆီက ဖုန်းလာတာကို ကိုင်မိလို့တဲ့လေ။ အဲ့ရည်းစားဟောင်းက ကျနော် ကျောင်းတုန်းက သူငယ်ချင်းအရင်းကြီးမို့ ရည်းစားဟောင်းဆိုတဲ့ သံယောဇဉ်နဲ့မဟုတ်ဘဲ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့ ဖုန်းလက်ခံပြီး စကားပြောမိတာကို ဂျွန်က အခုထိ အဲ့ကိစ္စကို အခဲမကြေ။ ကျနော့်ကို စကားမပြောဘဲ လျစ်လျူရှုထားသည်မှာ လွန်ခဲ့တဲ့1ပတ်ထဲက အခုထက်ထိပင်။
ဂျောင်ကုလက်မောင်းကို ကိုင်ကာ လှုပ်ရမ်းလိုက်ရင်း
"ဂျွန်ရေ.... ဂျွန်လို့ ဂျွန် ကျနော်ပြောနေတာ ကြားရဲ့လား ဂျွန် ကျနော့်ကိုကြည့်ပါဦး"
ဂျွန် တော်တော်ကို စိတ်ဆိုးနေတာ......။
"အဲ့တစ်ယောက်က ကျနော့်ရဲ့ သူငယ်ချင်းမို့ ဖုန်းလက်ခံပြောမိရုံလေးပါ ဂျွန် စိတ်မဆိုးပါနဲ့တော့နော်"
ဂျောင်ကုက သူ့ကို ရှိတယ်လို့တောင်မထင်။
မျက်နှာထားတည်တည်ကြီးနဲ့ Laptopသာ သည်းကြီးမဲကြီး နှိပ်နေသည်။
အရင်တုန်းအလုပ်ပိတ်ရက်တွေတုန်းက companyကသယ်လာတဲ့ အလုပ်တွေလုပ်ရင်တောင် သူ့ကို ပေါင်ပေါ်မှာ တင်ထားပြီးအလုပ်လုပ်တဲ့ဂျွန်။
အခုတော့ သူ့ကို ဂရုစိုက်ဟန်တောင်မပြ။
အရင်တုန်းက ရီသံလေးတွေ ပြည့်နှက်နေတတ်တဲ့ဒီတိုက်ခန်းလေးက အခုတော့ တိတ်ဆိတ်မှုများသာ စိုးမိုးနေလျက်သာ။
နာရီသံတဂျက်ဂျက်ရယ် လေတိုးသံ တိုးတိုးလေးရယ် ကြားနေရသည်အထိ တိတ်ဆိတ်လွန်းလှသည်။
ဂျောင်ကုရဲ့ လျစ်လျူမရှုစဖူး လျစ်လျူရှုထားမှုတွေကြောင့် ဝမ်းနည်းမှုတို့က ထယ်ယောင်းရင်ထဲစို့နစ်တင်းကျပ်လာသည့်တိုင် ရင်ထဲက ဝမ်းနည်းမှုများက မျက်ရည်အဖြစ်သို့တော့ ကျဆင်းမလာ။
လရောင်ဖျာကျလျက်ရှိသော ဝရန်တာဘက်သို့ သူ ထလာလိုက်သည်။
ဝရန်တာတစ်ခုလုံးကို အပြာရောင်ကောင်းကင်ကြီးပေါ်က လရောင်ဟာ ထိန်လင်းလို့။
လတ်ဆတ်တဲ့ ညလေညှင်းလေးတွေကို ရှုရှိုက်လိုက်သော်ငြား ရင်ထဲသို့ အေးချမ်းမှုတွေအစား ပူလောင်ခြင်းတွေသာ ထပ်တိုးဝင်ရောက်လာသည်။
မျည်ရည်တွေကတော့ တစ်စက်လေးမျှတောင် အခုထိ ထွက်ကျမလာသေးပါ။
ရင်ဘတ်ထဲမှာ ပူလောင်ခြင်းတွေဖြင့် မွန်းကျပ်နေ၏။
သူ အရမ်းမုန်းသလို အရမ်းလဲကြောက်တယ်ဂျွန့်ရဲ့ လျစ်လျူရှုခြင်းတွေကိုပေါ့။
တစ်ဦးတည်းသောချစ်ရသူက ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက်နဲ့ သူ့အား လျစ်လျူရှုလို့ထားသည်။
ဝရန်တာကနေ အထဲသို့ ပြန်ဝင်လာတဲ့ သူ့ခြေထောက်တွေဟာ လေးလံလို့ရယ်။
ဧည့်ခန်းထဲမှာ စာရွက်စာတမ်းတွေ Laptopတွေနဲ့အလုပ်များနေတဲ့ ဂျွန့်ကို သူ မကြည့်ချင်တော့ပေ။
ဧည့်ခန်းထဲကို ဖြတ်လျှောက်ပြီးနောက် အိပ်ခန်းထဲသို့သာ သူ့ခြေလှမ်းတွေ ဦးတည်လိုက်သည်။
အိပ်ခန်းထဲရောက်တာနဲ့ ကုတင်ပေါ်သို့ တက်ပြီးနံရံဘက်သို့ လှည့်ကာ ကွေးကွေးလေး အိပ်လိုက်သည်။
နာကျင်မှုတွေ ပျောက်ဆုံးနေတဲ့ နေရာတစ်ခုသို့ သူ အလည်သွားမည်။ အဲ့ဒါ အိပ်စက်ခြင်းပဲ။
အိပ်စက်ခြင်းဟာ ခေါင်းထဲတွင် ဘာမှတွေးမနေနိုင်အောင် ကူညီပေးနိုင်သည်။
အဲ့ဒါကြောင့် သူ အိပ်စက်ဖို့ပြင်လိုက်သည်။
ခဏတာ အိပ်ပျော်သွားပြီးနောက် မျက်လုံးတွေဖွင့်ကြည့်ခိုက်မှာ ရင်ခွင်တစ်ခုထဲရောက်နေသည်ကို ခံစားရတာကြောင့် အလျင်အမြန်ပင် သူ့ကျောနောက်ဘက်အား လည်ပြန်လှည့်ကြည့်မိတော့ ဂျွန့်ရဲ့ အကြင်နာမျက်ဝန်းတွေနဲ့ မျက်လုံးချင်းသွားဆုံသည်။
"ဂျွန်...."
သူလဲ မဆိုင်းမတွပင် ခန္ဓာကိုယ်ကို ဂျွန့်ဘက်လှည့်လိုက်ကာ ဂျွန့်ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
"ဂျွန် အီးဟီး"
ခုနက ဘယ်လိုမှ ကျမလာတဲ့ မျက်ရည်တွေကအခု ဂျွန့်ရင်ခွင်ထဲရောက်တော့မှ ဒလဟောကို ပြိုကျလာတော့တာ။
"ဟင့်"
ခုနက သူ့ကို ဂျွန်က အကြင်နာမျက်ဝန်းတွေနဲ့ ကြည့်လို့နေတာ သူပဲ အမြင်မှားတာလား ထင်ယောင်ထင်မှားဖြစ်နေတာများလားလို့ တွေးမိ၍ ဂျွန့်ရင်ခွင်ထဲမှာ မျက်နှာအပ်ထားရာကနေ ဂျွန့်ကို မော့ကြည့်မိတော့ သူ့ကို ကြည့်နေတဲ့ ဂျွန့်မျက်ဝန်းများဟာစိတ်ဆိုးခြင်း အရိပ်အယောင်ကင်းမဲ့စွာ။
"ဂျွန် ကျနော့်ကို စိတ်မဆိုးတော့ဘူးလားဟင်"
ထိုအခါ ဂျွန်သည် သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလာရင်း
"အင်း"
ဂျောင်ကုမှာ သူ့အချစ်တော်လေးအား လွန်ခဲ့တဲ့1ပတ်က ရည်းစားဟောင်းနဲ့ ဖုန်းပြောတဲ့ကိစ္စနဲ့ပတ်သတ်ပြီး စိတ်ဆိုးနေမိသည်။
လွန်ခဲ့တဲ့1ပတ်က သူ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာတော့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ထယ်ယောင်းရယ်။
သူ့အနားလာဖို့ ခေါ်တာတောင် ထယ်ယောင်းမှာဖုန်းထဲက သူမသိတဲ့သူတစ်ယောက်နဲ့ ပြုံးရွှင်ပြီး စကားပြောနေကာ သူ့အား 'ရှူးတိုးတိုး' ဆိုတဲ့ အမှုအရာတောင် လုပ်ပြလိုက်သေး။
ဝရန်တာဘက်မှာ အတော်ကြာထိ ဖုန်းပြောနေသော ထယ်ယောင်းအား ဧည့်ခန်းထဲကနေ သူ စူးစိုက်ကာ ကြည့်နေမိသည်။
အတော်ကြာထိ မပြီးပြတ်နိုင်ကာ ဘာတွေအဲ့လောက်ထိ ပြောနေမှန်းမသိတဲ့ ထယ်ယောင်းအား စိတ်မရှည်တော့သဖြင့် ထယ်ယောင်းနားသို့ သွားပြီးထိုဖုန်းအား ဆွဲယူကာ ပိတ်ပစ်လိုက်သည်။
"ဂျွန် ဘာလုပ်တာလဲ"
"ဘယ်သူမို့လို့ အဲ့လောက်ထိ ဖုန်းအကြာကြီး ပြောနေရတာလဲ!! "
"ကျနော့်ရည်းစားဟောင်း"
နှုတ်ကနေ အလွယ်တကူထွက်ကျလာလိုက်တာ...? ကျနော့်ရည်းစားဟောင်းတဲ့??
"ဂျွန် ကျနော်ပြောတာ နားထောင်ပါဦး သူက ကျနော်နဲ့တွဲခဲ့ဖူးတာ မှန်ပေမယ့် ကျနော် ပွေရှုပ်တုန်းက စိတ်ကစားခဲ့တာတွေပါ သူ့ဖုန်းကို လက်ခံပြီး စကားပြောတာကလဲ သူငယ်ချင်းအရင်းကြီးမို့ သူငယ်ချင်းသံယောဇဉ်နဲ့ ဖုန်းလက်ခံပြီး ပြော-"
"တော်တော့ ဂျွန်ထယ်ယောင်း! ငါ ဘာမှ မကြားချင်တော့ဘူး"
သူ ဘာမှထပ်မကြားချင်တာမို့ ဒီလောက်ပဲပြောပြီးသူ ထိုနေ့ကထဲက ထယ်ယောင်းကို လျစ်လျူရှုထားမိသည်။
ဒီနေ့တစ်နေ့လုံးလဲ သူ့ကို လာချော့နေသော ထယ်ယောင်းကြောင့် သူ အနည်းငယ်တော့ စိတ်ပျော့နေပြီဖြစ်သော်ငြား ထယ်ယောင်း နောက်တစ်ခါ အဲ့လိုမျိုးတွေ မလုပ်ရဲအောင်ကို တမင်တကာ မသိချင်ယောင်ဆောင်နေလိုက်သည်။
ခုနက သူ ဧည့်ခန်းထဲမှာ companyက မပြီးပြတ်သေးလို့ အိမ်အထိ သယ်လာတဲ့အလုပ်တွေကို ထိုင်လုပ်နေချိန် ထယ်ယောင်းသည် သူ့ဘေးနားဝင်ထိုင်ပြီး ကလေးတစ်ယောက် လိုချင်တာမရလို့ အတင်းပူဆာနေသလိုမျိုး သူ့လက်မောင်းအား လှုပ်ရမ်းရင်း လာချော့ပြန်သည်။
ထယ်ယောင်း၏ အဲ့လိုကလေးဆန်မှုတွေကြောင့်သူ ချစ်နေရတာ။
သို့သော်လဲ မသိချင်ယောင်ဆောင်ကာပင် အလုပ်ကိုသာ အာရုံစိုက်လုပ်နေလိုက်သည်။
ထိုအခါ ထယ်ယောင်းသည် သူ့ဘေးနားမှာပူညံ ပူညံလုပ်နေရာကနေ ချက်ချင်းတိတ်ဆိတ်သွားပြီး ဝရန်တာဘက်သို့ ထထွက်သွားသည်။
သူ့မှာ အလုပ်သာထိုင်လုပ်နေရတာ သူ့စိတ်က အလုပ်တွေထဲ သိပ်မရောက်ချင် ထယ်ယောင်းဆီမှာသာ။
ဝရန်တာဘက် ဘာထွက်လုပ်တာလဲ။ အပေါ်အင်္ကျီလဲ ထပ်မဝတ်ထားဘဲ ညအိပ်ဝတ်စုံလေးနဲ့။ ဝရန်တာဘက်မှာ လေစိမ်းတွေတိုက်နေတာကို ဖျားကုန်တော့မှာပဲ။
ဒီကောင်လေးဟာလေ သူ ဂရုမစိုက်ရင် မစိုက်သလို သူ့ကိုယ်သူ ဂရုမစိုက်ဘဲ ဖြစ်သလို နေတတ်၏။
စိတ်ထဲကသာ စိတ်ပူနေပေမယ့် လူက ထိုင်နေရာကနေ မထမိ။
နောက်ဆုံးတော့ ထယ်ယောင်းက ဝရန်တာဘက်ကနေ ပြန်ဝင်လာတော့ သူလဲ ပြန်ပြီး အလုပ်လုပ်ချင်ယောင်ဆောင်နေလိုက်သည်။
အိပ်ခန်းထဲသို့ လေးတိလေးတွဲနဲ့ ဝင်သွားသောထယ်ယောင်းကြောင့် သူ ပိုလို့ပင် စိတ်ပူလာပြီ။
နေများမကောင်းဘူးလား....။
သူလဲ ဧည့်ခန်းထဲ ထိုင်နေရာကနေ အိပ်ခန်းဆီသို့ ထလာလိုက်သည်။
အိပ်ခန်းထဲသို့ မဝင်မိသေးဘဲ တံခါးရှေ့မှာ အချိန်အတော်ကြာထိ မတ်တပ်ရပ်နေမိသည်။
ကျနော့်ရည်းစားဟောင်းတဲ့??
ဘာကြောင့်မှန်းမသိ။ အဲ့စကားကြောင့် သူ့ရင်ဘတ်ကြီးတစ်ခုလုံး တဆစ်ဆစ်နဲ့ နာကျင်နေမိတာ အခုထက်ထိပဲ။
သူလဲ ရည်းစားတွေအများကြီး ထားခဲ့ဖူးပါလျက်နဲ့ဒီကောင်လေး ရည်းစားတွေရှုပ်ခဲ့တာကို သူ တော်တော် ဘဝင်မကျချင်။
သူ့ဘက်ကပဲ အတ္တကြီးသွားလား.....။
နောက်ဆုံးတော့ ဦးနှောက်ရဲ့သတိပေးမှုက နှလုံးသားအား စေခိုင်းလို့မရ။
အခု ဒီကောင်လေးကို သူပိုင်နေပြီပဲဟာ။
လက်ထပ်ထားတာဖြင့် အခုနဲ့ဆို 3နှစ်ကျော်လောက်ရှိပြီ။
သူ ဘာတွေ အဲ့လောက်ထိ သဝန်တိုမိနေတာပါလိမ့်။
အိပ်ခန်းတံခါးအား ဖွင့်ကာ ဝင်သွားမိတော့ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ထယ်ယောင်း။
အနားသွားပြီး နဖူးအား စမ်းကြည့်မိတော့ ကိုယ်ပူမနေ။
ထိုအခါမှသာ သူ သက်ပြင်းချနိုင်တော့သည်။
ထယ်ယောင်းဘေးနားသို့ ဝင်လှဲလိုက်ကာပုဇွန်ထုပ်လေးလို ကွေးကွေးလေးအိပ်နေတဲ့ ထယ်ယောင်းကျောပြင်ငယ်လေးအား သူ့ရင်ခွင်ထဲ နစ်မြုပ်သွားသည်ထိ ဖက်ထားလိုက်သည်။
အနောက်ကနေ ထယ်ယောင်းဆံပင်တို့အား သူ အကြိမ်ကြိမ်နမ်းရှိုက်မိနေချိန် အိပ်နေရာကနေပြန်နိုးလာပြီဖြစ်သော ထယ်ယောင်း။
သူ့ကို လည်ပြန်လှည့်ကြည့်ပြီးနောက် ချက်ချင်းကို သူ့ဘက်လှည့်လာကာ သူ့ရင်ခွင်ထဲ တိုးဝင်ကာငိုချတော့သည်။
သူ့ရင်ခွင်ထဲကနေ မျက်နှာလေးထုတ်ကာ သူ့ကို မော့ကြည့်လာပြီး သူ့ကို စိတ်မဆိုးတော့ဘူးလားဟု မေးလာသည်။
"အင်း" တစ်လုံးထဲသာ ပြန်ဖြေတော့ ထယ်ယောင်းက သူ့ရင်ခွင်ထဲ မျက်နှာပြန်အပ်ကာ
"ဂျွန် နောက်ဆိုလေ.... နောက်ဆိုလေ.... ဟင့် ကျနော် ဘယ်ရည်းစားဟောင်းရဲ့ ဖုန်းကိုမှ မကိုင်တော့ဘူးလို့ ကတိပေးတယ်သိလား အဲ့ဒါကြောင့် နောက်တစ်ခါ ကျနော့်ကို အဲ့လိုမျိုးတွေ လျစ်လျူရှုမထားပါနဲ့နော် အင့် ကျနော် သေသွားလိမ့်မယ် ဂျွန်ရဲ့ ဟင့်"
"ဟုတ်ပါပြီကွာ ကိုယ်လဲ နောက်ဘယ်တော့မှ ဘေဘီ့ကို လျစ်လျူမရှုတော့ဘူး ဘေဘီကလဲ ဘေဘီရဲ့ကတိကိုတော့ တည်မှတော့ဖြစ်မယ်နော်"
"ဟုတ် အရမ်းချစ်တယ် ဂျွန်"
"ကိုယ်လဲ အရမ်းချစ်တာပေါ့ ဘေဘီရဲ့"
The End
A/N
No extraပါနော်။
#YaungChi
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



