Ep-13
14:40, 14 November 2022Zawgyi
I'm only one call away I' be there to save that daySuperman got nothing on me... 📞📞
ဖုန္းလာလို႔ ထုတ္ျကည့္လိုက္ေတာ့ Jiminဆီကျဖစ္ေန၍
"ဟဲလို Jimin ေျပာ...."
"ေဟ်ာင့္ မင္း သိျပီးျပီလား"
"ဘာကုိတုန္းကြ အစမရိွ အဆံုးမရိွနဲ႔"
"မင္းနဲ႔တြဲေနတဲ့ ေဂ်ာင္ကုဆိုတဲ့သူက J Groupက တစ္ဦးတည္းေသာ အေမြဆက္ခံမယ့္သူတဲ့ တစ္ေန႔က ကထဲက နာမည္ျကီးေနတာ မင္းတို႔သတင္း SNSမွာေလ မသိဘူးလား"
"ငါ social mediaမွ သိပ္မသံုးတာ မင္းအသိဆံုးဟာ"
"အာ့ဆို မသိဘူးေပါ့"
"အင္းေလ ဘာကို မသိ- ဘာလဲ မင္းခုနကေျပာတဲ့ ေဂ်ာင္ကုဆိုတဲ့သူက J Groupက တစ္ဦးတည္းေသာ အေမြဆက္ခံမယ့္သူဆိုတာကိုလား"
"ေအးေလ"
"မင္းကလဲ အဲ့ဒါကို အလန္႔တျကားနဲ႔ ငါ့ကို သူ ေျပာျပထားလို႔ သိထားျပီးတာျကာေပါ့"
"ဝါး အဲ့J Groupက စီးပြားေရးေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေနတာေနာ္"
"ေအးေလ အဲ့ေတာ့"
"အဲ့ေတာ့ မင္းက နာမည္ျကီးေရပန္းစားေနတဲ့ J Groupက သားနဲ႔ တြဲေနရတာေလ"
"သိတယ္ေလ"
"အဲ့ဒါကို မင္းက ငါ့ကို လွ်ိဳထားတယ္ေပါ့ သူငယ္ခ်င္းအခ်င္းခ်င္းေတာင္ မေျပာျပဘူး စိတ္ဓာတ္ပဲ"
"ငါလဲ သိတာမွ မျကာေသးတာ မင္းကလဲ"
"ဟြန္႔ အက်င့္ကိုမေကာင္းတဲ့ ေမ်ာက္စုတ္ မင္း ငါ့ကို ပလစ္ထားတာေတြ မ်ားေနျပီေနာ္ အရင္ကလို clubလဲ မလာဘူး သာယာေနတယ္ေပါ့ မင္းလင္နဲ႔"
"မင္းက်ေတာ့ေရာ မင္းရည္းစားနဲ႔ သာယာေနတာမ်ား"
"ေတာ္ျပီ ေတာ္ျပီ ေဟ်ာင့္ ဆက္ေျပာရင္ မင္းနဲ႔ငါ ရန္ျဖစ္ေတာ့မယ္ ဒါပဲ ေဟ်ာင့္"
ဘာမွေတာင္ ျပန္ေျပာခ်ိန္မရ ဖုန္းခ်လိုက္ေသာ ဂ်ပုအား စိတ္ထဲမွ က်ိန္ဆဲေနလိုက္ေတာ့သည္။
"ဘယ္သူ႔ဆီကလဲ ေဘဘီ"
စေတာ္ဘယ္ရီမ်ားထည့္ထားသည့္ ျကြပ္ျကြပ္အိတ္အျဖဴ3လံုးကို လက္2ဖက္နဲ႔ အျပည့္ကိုင္ကာ အိမ္ထဲဝင္လာေသာ ေဂ်ာင္ကု
"Jiminဆီက"
"ဟိုတစ္ခါ ေဘဘီ့အိမ္မွာ လာေစာင့္ေပးတဲ့ ပုပုလံုးလံုးနဲ႔ တစ္ေယာက္လား"
"ဟုတ္"
"ေဘဘီရယ္ ကိုယ့္မွာ ေဘဘီစားခ်င္တယ္ဆိုလို႔သာ မနည္းရွာဝယ္လာရတယ္ သစ္သီးဆိုင္က တကယ္ ရွားတယ္ ေတာ္ေသးတာေပါ့ ရွားရွားပါးပါးတစ္ဆိုင္ကို ရွာေတြ႔ခဲ့လို႔ေပါ့"
ဟုဆိုရင္း လက္ထဲမွာ ကိုင္ထားတဲ့ စေတာ္ဘယ္ရီသီးေတြထည့္ထားေသာ ျကြပ္ျကြပ္အိတ္ေတြကို ဧည့္စားပြဲေပၚသို႔ တင္လိုက္သည္
"အဲ့ဒါေျကာင့္ ဂြ်န္႔ကို ခ်စ္တာ ဟီး"
ေျပာေျပာဆိုဆိုနဲ႔ ဧည့္စားပြဲေပၚမွာတင္ထားတဲ့ ျကြပ္ျကြပ္အိတ္အျဖဴေရာင္ထဲက စေတာ္ဘယ္ရီတစ္လံုးကို ႏိႈက္စားလိုက္ေတာ့....
"ဟာ ေဘဘီ ေရေဆးရဦးမယ္ေလ"
"ဒီတိုင္းလဲ သန္႔ပါတယ္ ဟီး"
စေတာ္ဘယ္ရီသီးတစ္လံုးကို တျမံဳ႕ျမံဳ႕ဝါးကာ ေျပာသည္။
"ထပ္ႏိႈက္စားဖို႔ မျကံနဲ႔ေတာ့ ကိုယ္ ေရသြားေဆးလာခဲ့မယ္ အဆိုးေလး"
ထယ္ေယာင္းေခါင္းေလးကို ခပ္ဖြဖြ ပုတ္ျပီးေနာက္
အိတ္3လံုးကို ကိုင္ဆြဲကာ မီးဖိုေခ်ာင္ခန္းထဲ ဝင္သြားေသာ ေဂ်ာင္ကု.....
အရင္တုန္းကဆို ျဖစ္သလိုစား ျဖစ္သလိုေနလာတဲ့ကင္ထယ္ေယာင္းဘဝ ဒီလူျကီးနဲ႔က်မွ ဗိုလ္က်လို႔ေကာင္းလွသည္။
အိမ္ကို ေန႔တိုင္း သန္႔ရွင္းေရးလုပ္ေပးသည့္အျပင္အတြင္းခံေဘာင္းဘီကအစ အဝတ္အစားေတြအကုန္ သူကိုယ္တိုင္ ေလွ်ာ္ေပးရွာသည္။
အခုလဲ စားခ်င္တာ ပူဆာရံုနဲ႔ သြားဝယ္ေပးတာပဲ ျကည့္ေလ.....
ကိုယ့္ကို အရမ္းခ်စ္တဲ့ ဂြ်န္ေဂ်ာင္ကုဆိုတဲ့ လူျကီးကို ရထားတာ ကင္ထယ္ေယာင္းေတာ့ ကံေကာင္းတာပဲ.....ဟြင္းဟြင္း.....
"ေရာ့ ေဘဘီ ကိုယ္ ေရ ေသခ်ာ ေဆးလာခဲ့တယ္"
အဝနည္းနည္းက်ယ္ေသာ အျကည္ေရာင္ ပန္းကန္လံုးေလးအား ဧည့္စားပြဲေပၚ ခ်ေပးသည္။
ထယ္ေယာင္း ထိုပန္းကန္ထဲက စေတာ္ဘယ္ရီတစ္လံုးကို ႏိႈက္စားလိုက္သည္။
"ေကာင္းလား"
"အင္း ေကာင္းတယ္ ဟီး"
တျမံဳ႕ျမံဳ႕ဝါးေနရင္း ျပံဳးရယ္ကာ ေခါင္းတဆတ္ဆတ္ျငိမ့္ရင္း ျပန္ေျဖေသာ ထယ္ေယာင္းဆံပင္ေပ်ာ့ေပ်ာ့တို႔အား ေဂ်ာင္ကု အသဲယားစြာ အသာဖြမိသည္။
"ခ်စ္ဖို႔ေကာင္းတယ္"
ေဂ်ာင္ကုရဲ႕ ႏႈတ္ခမ္းပါးႏုႏုက ျပံဳးေနရင္း ေျပာသည္။
"စားဦးမလား"
"ဟင့္အင္း ေဘဘီပဲစား"
ထိုအခ်ိန္ ေဂ်ာင္ကု ဖုန္းဝင္လာ၍ ဖုန္းထုတ္ျကည့္မိေတာ့ appaဆီက.....
ဆိုဖာေပၚမွာ ထိုင္ေနရာကေန ထကာ ထယ္ေယာင္းကို ေက်ာေပးထားရင္း ဖုန္းကိုင္လိုက္သည္
"ေဟ့ေကာင္ မနက္ျဖန္ မင္း သတင္းစာ ရွင္းလင္းပြဲလုပ္ရမယ္လို႔ ငါေျပာထားတယ္မလား ဒီေန႔ ျပန္လာခဲ့ အိမ္ကို"
"က်ေနာ္ မလုပ္ႏိုင္ဘူး အဲ့သတင္းစာရွင္းလင္းပြဲကို သတင္းေတြ အကုန္လံုးက မွန္ေနတာပဲဟာကို ဘာသတင္းစာရွင္းလင္းပြဲမွ လုပ္စရာ မလိုဘူး"
"ငါ ဒီတစ္ခါပဲ ထပ္ ေမးမယ္ မင္း ငါ့စကားကို နားေထာင္ျပီး သတင္းစာရွင္းလင္းပြဲကို လုပ္မွာလား မလုပ္ဘူးလား ေျဖ"
"မလုပ္ႏိုင္ဘူး appa"
"ေကာင္းျပီေလ ငါ့အေျကာင္း မသိေသးဘူးဆိုေတာ့ သိသြားေအာင္ တစ္ခါေလာက္ ေကာင္းေကာင္း ပညာျပေပးရတာေပါ့ ငါ ေနာက္တစ္ခါ ဖုန္းဆက္တဲ့အခါက် မင္း ဒီလို ေလသံနဲ႔ မလုပ္ႏိုင္ဘူးလို႔ ဆက္ေျပာေနဦးမလား ေစာင့္ျကည့္မယ္"
ျပတ္ေတာက္သြားသည့္ ဖုန္းသံ....
appa ဘာေတြ လုပ္ဦးမလို႔လဲ တကယ္ပါပဲ....
ဖုန္းကို ဂ်ာကင္အနက္အတြင္းအိတ္ကပ္ထဲ ျပန္ထည့္ျပီး ဆိုဖာေပၚ ျပန္သြားထိုင္လိုက္သည္။
"ဘယ္သူ႔ဆီက ဖုန္းလဲ"
"ကိုယ့္အေဖဆီက"
"ဘာေျပာတာလဲဟင္"
"ဒီအတိုင္းပါ ဘာမွမဟုတ္ဘူး"
"ေျသာ္......ဒါနဲ႔ က်ေနာ့္ကို ဘူဒယ္ဂ်ီဂယ္ ခ်က္ေကြ်းပါလားဟင္"
"ေဘဘီက စားခ်င္လို႔လား"
"ဟုတ္"
"ခ်က္ေကြ်းရမွာေပါ့ ေဘဘီရယ္ ဒါနဲ႔ ေရခဲေသတၲာထဲမွာ ဘာမွ မရိွေတာ့ဘူး ဘူဒယ္ဂ်ီဂယ္ခ်က္ဖို႔ လိုတဲ့ပစၥည္းေတြအကုန္ ကိုယ္ သြားဝယ္ရဦးမယ္"
"က်ေနာ္လိုက္ခဲ့ရမလား"
"ရတယ္ ေဘဘီက အိမ္မွာပဲ ေစာင့္ေန ကိုယ္ပဲ သြားဝယ္လိုက္မယ္"
"ဟုတ္ က်ေနာ္ ဗိုက္ဆာေနျပီ ဝယ္ျပီး ျမန္ျမန္ ျပန္လာခဲ့ေနာ္"
"အင္းပါ ဒါဆို ကုိယ္ သြားဝယ္လိုက္ဦးမယ္ေနာ္ အိမ္မွာ ေသခ်ာေနခဲ့ေနာ္ ေဘဘီ ကိုယ္စိတ္ခ်မယ္ေနာ္"
"ဟုတ္"
ေဂ်ာင္ကု Marketအျကီးျကီးတစ္ခုသို႔ ထြက္လာခဲ့သည္
"ဘူဒယ္ဂ်ီဂယ္ ခ်က္ဖို႔က အသား အဓိက လိုတာပဲ အသားအရင္ သြားဝယ္ရမယ္"
လိုအပ္ေသာ ဟင္းအမယ္မ်ိဳးစံုကို စံုစိေနေအာင္ တြန္းျခင္းထဲ ထည့္ျပီးခ်ိန္မွာေတာ့
"ရျပီ couterမွာ သြားရွင္းဖို႔ပဲ လိုေတာ့တယ္"
ထိုအခ်ိန္ ထယ္ေယာင္းဘက္မွာေတာ့......
ထယ္ေယာင္း စေတာ္ဘယ္ရီတစ္လံုးျပီးတစ္လံုး ပါးစပ္ထဲသြင္းရင္း Tvထိုင္ျကည့္ေနသည္။
ထိုအခ်ိန္ ဘဲလ္တီးသံျကားေတာ့ ေဂ်ာင္ကုအမွတ္နဲ႔ တံခါး အေျပးသြားဖြင့္မိျပီး
"သြားဝယ္တာ ျမန္- "
စကားတို႔ ေလထဲမွာ ရပ္တန္႔သြားသည္။
အေျကာင္းမွာ ေဂ်ာင္ကုမဟုတ္ေသာေျကာင့္ပင္....
အနက္ေရာင္suitေတြနဲ႔ လူ5ေယာက္ျဖစ္သည္။
ထိုလူ5ေယာက္က သူ႔အား တိုက္ကာ အိမ္ထဲ ဝင္သြားသည္။
ထို႔ေနာက္ အိမ္ထဲက ပစၥည္းေတြ တစ္ခုျပီးတစ္ခုရိုက္ခြဲကာ ဖ်က္စီးေနျကသည္။
"ေဟ့လူေတြ ခင္ဗ်ားတို႔ ဘယ္သူေတြလဲ"
တစ္ေယာက္မွ ျပန္မေျဖ။
"ဘယ္သူေတြလဲလို႔ ေမးေနတယ္ေလ"
ျပန္မေျဖ။
ဧည့္ခန္းထဲက Tvအား ရိုက္ခြဲေတာ့မည့္ဟန္ျပင္ေနေသာ တစ္ေယာက္ရဲ႕လက္ကို သြားဆြဲလိုက္ျပီး
"ေဟ့လူ ခင္ဗ်ားတို႔ ဘာလုပ္တာလဲ ပိုင္နက္က်ဴးလြန္မႈတင္မကဘူး အိမ္ထဲက ပစၥည္းေတြပါ လာဖ်က္ဆီးေနျကတယ္ အိမ္ထဲက အျမန္ထြက္သြားျကတာ ေကာင္းမယ္ထင္တယ္ မဟုတ္ရင္ က်ေနာ္ ရဲတိုင္ေတာ့မွာ"
ထိုလူက သူေျပာသည္ကို ဂရုမစိုက္ဘူးဆိုတဲ့ အျကည့္ေတြနဲ႔ သူ႔အား ေလွာင္ျပံဳးျပံဳးကာပင္ တြန္းထုတ္လိုက္ေတာ့ လူက ေနာက္ကို ျပဳတ္က်သည္။
အားျပင္းေသာေျကာင့္ ဧည့္စားပြဲေစာင္းနဲ႔ နဖူးနဲ႔ ရိုက္မိသြားသည္အထိ။
လက္နဲ႔ နဖူးကို စမ္းမိေတာ့ ပ်စ္ႏွစ္ေနေသာ ေသြးမ်ားက လက္မွာ ပါလာသည္။
ဟိုလူ5ေယာက္ကလဲ ဧည့္ခန္းထဲက ရိွသမွ် ပစၥည္းေတြအကုန္ ရိုက္ခြဲဖ်က္ဆီးေနသည္။
ထို႔ေနာက္ မီးဖိုခန္း၊ အိပ္ခန္းထဲထိပါ သြားျပီးပစၥည္းေတြအကုန္ ဖ်က္ဆီးကာ တစ္အိမ္လံုး ရႈပ္ပြေအာင္ လုပ္ျပီးလို႔ ေက်နပ္သြားျကမွ
"ေဟ်ာင့္ေတြ ဒီေလာက္ဆို ရေလာက္ျပီ သြားျကမယ္"
ဟုဆိုကာ အိမ္ထဲမွ ထိုလူ5ေယာက္လံုး ထြက္သြားျကသည္။
ထယ္ေယာင္း လက္ဝါးေပၚက ကိုယ့္ေသြးကိုယ္ ျပန္ ျကည့္ရင္း ေျကာင္ေနတုန္းပင္.....
ေဂ်ာင္ကုတစ္ေယာက္ ကားပါကင္မွာ ကားထိုးျပီးေနာက္ လက္2ဖက္လံုးမွာ အိတ္အျပည့္ျဖင့္ ထယ္ေယာင္းတိုက္ခန္းရိွရာသို႔ ဓာတ္ေလွကားမွတစ္ဆင့္တက္လာခဲ့သည္။
ထယ္ေယာင္းတိုက္ခန္းရိွရာ အထပ္ကိုေရာက္ေတာ့ ဓာတ္ေလွကားမွ ထြက္ျပီး ထယ္ေယာင္းတိုက္ခန္းေရွ႕သို႔ ေလွ်ာက္လာသည္။
ဘဲလ္တီးမလို႔ျကံရံုရိွေသး တံခါးျကီး ပြင့္ေနသည္ကိုေတြ႔၍ အိမ္ထဲသို႔ ဝင္သြားျပီး
"ေဘဘီ တံခါးကို ဘာကိစၥ ဖြင့္ထား-"
ေျပာေနတုန္းရိွေသး တစ္အိမ္လံုး ေျပာင္းျပန္လွန္ထားသည့္အတိုင္း ပန္းအိုးကြဲစေတြေရာ မွန္ကြဲစေတြေရာ တစ္ျခားပစၥည္းေတြနဲ႔ပါအကုန္ ရႈပ္ပြေနသည္ကိုေတြ႔ေတာ့ မ်က္လံုးျပဴးသြားမိသည္။
ထို႔အျပင္ ဧည့္ခန္း ျကမ္းျပင္ေပၚမွာ ငူငူျကီး ထိုင္ေနေသာ ထယ္ေယာင္း
နဖူးေပၚကေနလဲ မ်က္ႏွာေပၚကို ေသြးေတြစီးက်ေနသည္ကိုေတြ႔ေတာ့ Marketတစ္ခုမွ ဝယ္လာခဲ့ေသာ လက္ထဲက အထုတ္ေတြကို အလိုလို ျကမ္းျပင္ေပၚသို႔ ဘုတ္ခနဲ ပစ္ခ်ျပီး ထယ္ေယာင္းဆီ အေျပးသြားမိသည္။
"ေဘဘီ ဘာျဖစ္တာလဲ အိမ္ကို ဘယ္သူေတြ လာသြားလို႔လဲ နဖူးက ဒဏ္ရာက ဘယ္ေခြးသေတာင္းစား လုပ္သြားတာလဲ ကိုယ့္ကိုေျပာ ကိုယ္ သူ႔ကို သြားသတ္မယ္"
"ဟင့္ မသိဘူး က်ေနာ္ ဟင့္ က်ေနာ္ ဘဲလ္တီးသံျကားေတာ့ ဂြ်န္ ျပန္လာျပီ အထင္နဲ႔ တံခါးကို အေျပးသြားဖြင့္မိတာ တံခါးဖြင့္ျကည့္လိုက္ေတာ့ လူမိုက္5ေယာက္ျဖစ္ေနတယ္ သူတို႔က အိမ္ထဲ ဝင္လာျပီး ရိွသမွ် ပစၥည္းေတြအကုန္ ဖ်က္ဆီးသြားတာ က်ေနာ္က သြားဆြဲေတာ့ က်ေနာ့္ကို တြန္းထုတ္လိုက္တာ စားပြဲေစာင္းနဲ႔ နဖူးနဲ႔ ရုိက္မိသြားတာ ဟင့္ က်ေနာ္ ေျကာက္တယ္ သူတို႔ ဟင့္ သူတို႔ပံုစံကေလ ေျကးစားလူမိုက္ပံုစံေတြ။ တစ္စံုတစ္ေယာက္က ေငြေပးခိုင္းလို႔ လုပ္တဲ့ပံုပဲ အဲ့တစ္စံုတစ္ေယာက္က က်ေနာ့္ကို သတ္ခိုင္းမလားေတာင္မသိဘူး က်ေနာ္ ေျကာက္တယ္ ဂြ်န္ ဟင့္"
"ေတာက္စ္ ေခြးသေတာင္းစားေတြ မိလို႔ကေတာ့ အေရခြံႏႊာပစ္မယ္"
ေဂ်ာင္ကုေဒါသထြက္ထြက္နဲ႔ ေတာက္ေခါက္ကာ ျကိမ္းဝါးမိသည္။ ထို႔ေနာက္ ထယ္ေယာင္းကို ရင္ခြင္ထဲ ထည့္ျပီး
"မေျကာက္နဲ႔ ေဘဘီ ကိုယ္ရိွတယ္ ဘာမွမေျကာက္နဲ႔ေနာ္ ကိုယ္ေဘဘီ့ေဘးနား ရိွေနသေရြ႕ သူတို႔ေတြ ေဘဘီ့ကို ေနာက္တစ္ခါ လက္ဖ်ားနဲ႔ေတာင္ မတို႔ေစရဘူး ေနာ္ မေျကာက္နဲ႔ေတာ့"
ထယ္ေယာင္းက ေဂ်ာင္ကုရင္ခြင္ထဲ ပိုတိုးဝင္ကာ ရိႈက္ျကီးတငင္ငိုေနသည္။
"တိတ္ပါ ေဘဘီရယ္ မငိုပါနဲ႔ေတာ့ ေဘဘီ့ဒဏ္ရာ အရမ္းနာေနလား ကိုယ္တို႔ အခုခ်က္ခ်င္း ေဆးရံုသြားျပမွ ရမယ္ လာ မဟုတ္ရင္ ဒဏ္ရာ ပိုးဝင္သြားလိမ့္မယ္"
ခ်က္ခ်င္းပင္ ထယ္ေယာင္းကို ေပြ႔ခ်ီကာ တိုက္ခန္းထဲမွ ထြက္လာသည္။
ကားပါကင္သို႔ေရာက္ေသာ္ ကားထဲ ထည့္ေပးျပီးသူပါ driver seatမွာ အေျပးဝင္ထိုင္သည္။
ထို႔ေနာက္ ကားကို အရိွန္အဟုန္ျပင္းစြာျဖင့္ ထိုေနရာမွ အျမန္ထြက္လာကာ ေဆးရံုကို ေမာင္းသြားေတာ့သည္။
TBC>>>>>>>
#HanHae
Unicode
I'm only one call away I' be there to save that daySuperman got nothing on me... 📞📞
ဖုန်းလာလို့ ထုတ်ကြည့်လိုက်တော့ Jiminဆီကဖြစ်နေ၍
"ဟဲလို Jimin ပြော...."
"ဟျောင့် မင်း သိပြီးပြီလား"
"ဘာကိုတုန်းကွ အစမရှိ အဆုံးမရှိနဲ့"
"မင်းနဲ့တွဲနေတဲ့ ဂျောင်ကုဆိုတဲ့သူက J Groupက တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူတဲ့ တစ်နေ့က ကထဲက နာမည်ကြီးနေတာ မင်းတို့သတင်း SNSမှာလေ မသိဘူးလား"
"ငါ social mediaမှ သိပ်မသုံးတာ မင်းအသိဆုံးဟာ"
"အာ့ဆို မသိဘူးပေါ့"
"အင်းလေ ဘာကို မသိ- ဘာလဲ မင်းခုနကပြောတဲ့ ဂျောင်ကုဆိုတဲ့သူက J Groupက တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူဆိုတာကိုလား"
"အေးလေ"
"မင်းကလဲ အဲ့ဒါကို အလန့်တကြားနဲ့ ငါ့ကို သူ ပြောပြထားလို့ သိထားပြီးတာကြာပေါ့"
"ဝါး အဲ့J Groupက စီးပွားရေးလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတာနော်"
"အေးလေ အဲ့တော့"
"အဲ့တော့ မင်းက နာမည်ကြီးရေပန်းစားနေတဲ့ J Groupက သားနဲ့ တွဲနေရတာလေ"
"သိတယ်လေ"
"အဲ့ဒါကို မင်းက ငါ့ကို လျှိုထားတယ်ပေါ့ သူငယ်ချင်းအချင်းချင်းတောင် မပြောပြဘူး စိတ်ဓာတ်ပဲ"
"ငါလဲ သိတာမှ မကြာသေးတာ မင်းကလဲ"
"ဟွန့် အကျင့်ကိုမကောင်းတဲ့ မျောက်စုတ် မင်း ငါ့ကို ပလစ်ထားတာတွေ များနေပြီနော် အရင်ကလို clubလဲ မလာဘူး သာယာနေတယ်ပေါ့ မင်းလင်နဲ့"
"မင်းကျတော့ရော မင်းရည်းစားနဲ့ သာယာနေတာများ"
"တော်ပြီ တော်ပြီ ဟျောင့် ဆက်ပြောရင် မင်းနဲ့ငါ ရန်ဖြစ်တော့မယ် ဒါပဲ ဟျောင့်"
ဘာမှတောင် ပြန်ပြောချိန်မရ ဖုန်းချလိုက်သော ဂျပုအား စိတ်ထဲမှ ကျိန်ဆဲနေလိုက်တော့သည်။
"ဘယ်သူ့ဆီကလဲ ဘေဘီ"
စတော်ဘယ်ရီများထည့်ထားသည့် ကြွပ်ကြွပ်အိတ်အဖြူ3လုံးကို လက်2ဖက်နဲ့ အပြည့်ကိုင်ကာ အိမ်ထဲဝင်လာသော ဂျောင်ကု
"Jiminဆီက"
"ဟိုတစ်ခါ ဘေဘီ့အိမ်မှာ လာစောင့်ပေးတဲ့ ပုပုလုံးလုံးနဲ့ တစ်ယောက်လား"
"ဟုတ်"
"ဘေဘီရယ် ကိုယ့်မှာ ဘေဘီစားချင်တယ်ဆိုလို့သာ မနည်းရှာဝယ်လာရတယ် သစ်သီးဆိုင်က တကယ် ရှားတယ် တော်သေးတာပေါ့ ရှားရှားပါးပါးတစ်ဆိုင်ကို ရှာတွေ့ခဲ့လို့ပေါ့"
ဟုဆိုရင်း လက်ထဲမှာ ကိုင်ထားတဲ့ စတော်ဘယ်ရီသီးတွေထည့်ထားသော ကြွပ်ကြွပ်အိတ်တွေကို ဧည့်စားပွဲပေါ်သို့ တင်လိုက်သည်
"အဲ့ဒါကြောင့် ဂျွန့်ကို ချစ်တာ ဟီး"
ပြောပြောဆိုဆိုနဲ့ ဧည့်စားပွဲပေါ်မှာတင်ထားတဲ့ ကြွပ်ကြွပ်အိတ်အဖြူရောင်ထဲက စတော်ဘယ်ရီတစ်လုံးကို နှိုက်စားလိုက်တော့....
"ဟာ ဘေဘီ ရေဆေးရဦးမယ်လေ"
"ဒီတိုင်းလဲ သန့်ပါတယ် ဟီး"
စတော်ဘယ်ရီသီးတစ်လုံးကို တမြုံ့မြုံ့ဝါးကာ ပြောသည်။
"ထပ်နှိုက်စားဖို့ မကြံနဲ့တော့ ကိုယ် ရေသွားဆေးလာခဲ့မယ် အဆိုးလေး"
ထယ်ယောင်းခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပြီးနောက် အိတ်3လုံးကို ကိုင်ဆွဲကာ မီးဖိုချောင်ခန်းထဲ ဝင်သွားသော ဂျောင်ကု.....
အရင်တုန်းကဆို ဖြစ်သလိုစား ဖြစ်သလိုနေလာတဲ့ကင်ထယ်ယောင်းဘဝ ဒီလူကြီးနဲ့ကျမှ ဗိုလ်ကျလို့ကောင်းလှသည်။
အိမ်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးသည့်အပြင်အတွင်းခံဘောင်းဘီကအစ အဝတ်အစားတွေအကုန် သူကိုယ်တိုင် လျှော်ပေးရှာသည်။
အခုလဲ စားချင်တာ ပူဆာရုံနဲ့ သွားဝယ်ပေးတာပဲ ကြည့်လေ.....
ကိုယ့်ကို အရမ်းချစ်တဲ့ ဂျွန်ဂျောင်ကုဆိုတဲ့ လူကြီးကို ရထားတာ ကင်ထယ်ယောင်းတော့ ကံကောင်းတာပဲ.....ဟွင်းဟွင်း.....
"ရော့ ဘေဘီ ကိုယ် ရေ သေချာ ဆေးလာခဲ့တယ်"
အဝနည်းနည်းကျယ်သော အကြည်ရောင် ပန်းကန်လုံးလေးအား ဧည့်စားပွဲပေါ် ချပေးသည်။
ထယ်ယောင်း ထိုပန်းကန်ထဲက စတော်ဘယ်ရီတစ်လုံးကို နှိုက်စားလိုက်သည်။
"ကောင်းလား"
"အင်း ကောင်းတယ် ဟီး"
တမြုံ့မြုံ့ဝါးနေရင်း ပြုံးရယ်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ပြန်ဖြေသော ထယ်ယောင်းဆံပင်ပျော့ပျော့တို့အား ဂျောင်ကု အသဲယားစွာ အသာဖွမိသည်။
"ချစ်ဖို့ကောင်းတယ်"
ဂျောင်ကုရဲ့ နှုတ်ခမ်းပါးနုနုက ပြုံးနေရင်း ပြောသည်။
"စားဦးမလား"
"ဟင့်အင်း ဘေဘီပဲစား"
ထိုအချိန် ဂျောင်ကု ဖုန်းဝင်လာ၍ ဖုန်းထုတ်ကြည့်မိတော့ appaဆီက.....
ဆိုဖာပေါ်မှာ ထိုင်နေရာကနေ ထကာ ထယ်ယောင်းကို ကျောပေးထားရင်း ဖုန်းကိုင်လိုက်သည်
"ဟေ့ကောင် မနက်ဖြန် မင်း သတင်းစာ ရှင်းလင်းပွဲလုပ်ရမယ်လို့ ငါပြောထားတယ်မလား ဒီနေ့ ပြန်လာခဲ့ အိမ်ကို"
"ကျနော် မလုပ်နိုင်ဘူး အဲ့သတင်းစာရှင်းလင်းပွဲကို သတင်းတွေ အကုန်လုံးက မှန်နေတာပဲဟာကို ဘာသတင်းစာရှင်းလင်းပွဲမှ လုပ်စရာ မလိုဘူး"
"ငါ ဒီတစ်ခါပဲ ထပ် မေးမယ် မင်း ငါ့စကားကို နားထောင်ပြီး သတင်းစာရှင်းလင်းပွဲကို လုပ်မှာလား မလုပ်ဘူးလား ဖြေ"
"မလုပ်နိုင်ဘူး appa"
"ကောင်းပြီလေ ငါ့အကြောင်း မသိသေးဘူးဆိုတော့ သိသွားအောင် တစ်ခါလောက် ကောင်းကောင်း ပညာပြပေးရတာပေါ့ ငါ နောက်တစ်ခါ ဖုန်းဆက်တဲ့အခါကျ မင်း ဒီလို လေသံနဲ့ မလုပ်နိုင်ဘူးလို့ ဆက်ပြောနေဦးမလား စောင့်ကြည့်မယ်"
ပြတ်တောက်သွားသည့် ဖုန်းသံ....
appa ဘာတွေ လုပ်ဦးမလို့လဲ တကယ်ပါပဲ....
ဖုန်းကို ဂျာကင်အနက်အတွင်းအိတ်ကပ်ထဲ ပြန်ထည့်ပြီး ဆိုဖာပေါ် ပြန်သွားထိုင်လိုက်သည်။
"ဘယ်သူ့ဆီက ဖုန်းလဲ"
"ကိုယ့်အဖေဆီက"
"ဘာပြောတာလဲဟင်"
"ဒီအတိုင်းပါ ဘာမှမဟုတ်ဘူး"
"သြော်......ဒါနဲ့ ကျနော့်ကို ဘူဒယ်ဂျီဂယ် ချက်ကျွေးပါလားဟင်"
"ဘေဘီက စားချင်လို့လား"
"ဟုတ်"
"ချက်ကျွေးရမှာပေါ့ ဘေဘီရယ် ဒါနဲ့ ရေခဲသေတ္တာထဲမှာ ဘာမှ မရှိတော့ဘူး ဘူဒယ်ဂျီဂယ်ချက်ဖို့ လိုတဲ့ပစ္စည်းတွေအကုန် ကိုယ် သွားဝယ်ရဦးမယ်"
"ကျနော်လိုက်ခဲ့ရမလား"
"ရတယ် ဘေဘီက အိမ်မှာပဲ စောင့်နေ ကိုယ်ပဲ သွားဝယ်လိုက်မယ်"
"ဟုတ် ကျနော် ဗိုက်ဆာနေပြီ ဝယ်ပြီး မြန်မြန် ပြန်လာခဲ့နော်"
"အင်းပါ ဒါဆို ကိုယ် သွားဝယ်လိုက်ဦးမယ်နော် အိမ်မှာ သေချာနေခဲ့နော် ဘေဘီ ကိုယ်စိတ်ချမယ်နော်"
"ဟုတ်"
ဂျောင်ကု Marketအကြီးကြီးတစ်ခုသို့ ထွက်လာခဲ့သည်
"ဘူဒယ်ဂျီဂယ် ချက်ဖို့က အသား အဓိက လိုတာပဲ အသားအရင် သွားဝယ်ရမယ်"
လိုအပ်သော ဟင်းအမယ်မျိုးစုံကို စုံစိနေအောင် တွန်းခြင်းထဲ ထည့်ပြီးချိန်မှာတော့
"ရပြီ couterမှာ သွားရှင်းဖို့ပဲ လိုတော့တယ်"
ထိုအချိန် ထယ်ယောင်းဘက်မှာတော့......
ထယ်ယောင်း စတော်ဘယ်ရီတစ်လုံးပြီးတစ်လုံး ပါးစပ်ထဲသွင်းရင်း Tvထိုင်ကြည့်နေသည်။
ထိုအချိန် ဘဲလ်တီးသံကြားတော့ ဂျောင်ကုအမှတ်နဲ့ တံခါး အပြေးသွားဖွင့်မိပြီး
"သွားဝယ်တာ မြန်- "
စကားတို့ လေထဲမှာ ရပ်တန့်သွားသည်။
အကြောင်းမှာ ဂျောင်ကုမဟုတ်သောကြောင့်ပင်....
အနက်ရောင်suitတွေနဲ့ လူ5ယောက်ဖြစ်သည်။
ထိုလူ5ယောက်က သူ့အား တိုက်ကာ အိမ်ထဲ ဝင်သွားသည်။
ထို့နောက် အိမ်ထဲက ပစ္စည်းတွေ တစ်ခုပြီးတစ်ခုရိုက်ခွဲကာ ဖျက်စီးနေကြသည်။
"ဟေ့လူတွေ ခင်ဗျားတို့ ဘယ်သူတွေလဲ"
တစ်ယောက်မှ ပြန်မဖြေ။
"ဘယ်သူတွေလဲလို့ မေးနေတယ်လေ"
ပြန်မဖြေ။
ဧည့်ခန်းထဲက Tvအား ရိုက်ခွဲတော့မည့်ဟန်ပြင်နေသော တစ်ယောက်ရဲ့လက်ကို သွားဆွဲလိုက်ပြီး
"ဟေ့လူ ခင်ဗျားတို့ ဘာလုပ်တာလဲ ပိုင်နက်ကျူးလွန်မှုတင်မကဘူး အိမ်ထဲက ပစ္စည်းတွေပါ လာဖျက်ဆီးနေကြတယ် အိမ်ထဲက အမြန်ထွက်သွားကြတာ ကောင်းမယ်ထင်တယ် မဟုတ်ရင် ကျနော် ရဲတိုင်တော့မှာ"
ထိုလူက သူပြောသည်ကို ဂရုမစိုက်ဘူးဆိုတဲ့ အကြည့်တွေနဲ့ သူ့အား လှောင်ပြုံးပြုံးကာပင် တွန်းထုတ်လိုက်တော့ လူက နောက်ကို ပြုတ်ကျသည်။
အားပြင်းသောကြောင့် ဧည့်စားပွဲစောင်းနဲ့ နဖူးနဲ့ ရိုက်မိသွားသည်အထိ။
လက်နဲ့ နဖူးကို စမ်းမိတော့ ပျစ်နှစ်နေသော သွေးများက လက်မှာ ပါလာသည်။
ဟိုလူ5ယောက်ကလဲ ဧည့်ခန်းထဲက ရှိသမျှ ပစ္စည်းတွေအကုန် ရိုက်ခွဲဖျက်ဆီးနေသည်။
ထို့နောက် မီးဖိုခန်း၊ အိပ်ခန်းထဲထိပါ သွားပြီးပစ္စည်းတွေအကုန် ဖျက်ဆီးကာ တစ်အိမ်လုံး ရှုပ်ပွအောင် လုပ်ပြီးလို့ ကျေနပ်သွားကြမှ
"ဟျောင့်တွေ ဒီလောက်ဆို ရလောက်ပြီ သွားကြမယ်"
ဟုဆိုကာ အိမ်ထဲမှ ထိုလူ5ယောက်လုံး ထွက်သွားကြသည်။
ထယ်ယောင်း လက်ဝါးပေါ်က ကိုယ့်သွေးကိုယ် ပြန် ကြည့်ရင်း ကြောင်နေတုန်းပင်.....
ဂျောင်ကုတစ်ယောက် ကားပါကင်မှာ ကားထိုးပြီးနောက် လက်2ဖက်လုံးမှာ အိတ်အပြည့်ဖြင့် ထယ်ယောင်းတိုက်ခန်းရှိရာသို့ ဓာတ်လှေကားမှတစ်ဆင့်တက်လာခဲ့သည်။
ထယ်ယောင်းတိုက်ခန်းရှိရာ အထပ်ကိုရောက်တော့ ဓာတ်လှေကားမှ ထွက်ပြီး ထယ်ယောင်းတိုက်ခန်းရှေ့သို့ လျှောက်လာသည်။
ဘဲလ်တီးမလို့ကြံရုံရှိသေး တံခါးကြီး ပွင့်နေသည်ကိုတွေ့၍ အိမ်ထဲသို့ ဝင်သွားပြီး
"ဘေဘီ တံခါးကို ဘာကိစ္စ ဖွင့်ထား-"
ပြောနေတုန်းရှိသေး တစ်အိမ်လုံး ပြောင်းပြန်လှန်ထားသည့်အတိုင်း ပန်းအိုးကွဲစတွေရော မှန်ကွဲစတွေရော တစ်ခြားပစ္စည်းတွေနဲ့ပါအကုန် ရှုပ်ပွနေသည်ကိုတွေ့တော့ မျက်လုံးပြူးသွားမိသည်။
ထို့အပြင် ဧည့်ခန်း ကြမ်းပြင်ပေါ်မှာ ငူငူကြီး ထိုင်နေသော ထယ်ယောင်း
နဖူးပေါ်ကနေလဲ မျက်နှာပေါ်ကို သွေးတွေစီးကျနေသည်ကိုတွေ့တော့ Marketတစ်ခုမှ ဝယ်လာခဲ့သော လက်ထဲက အထုတ်တွေကို အလိုလို ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပစ်ချပြီး ထယ်ယောင်းဆီ အပြေးသွားမိသည်။
"ဘေဘီ ဘာဖြစ်တာလဲ အိမ်ကို ဘယ်သူတွေ လာသွားလို့လဲ နဖူးက ဒဏ်ရာက ဘယ်ခွေးသတောင်းစား လုပ်သွားတာလဲ ကိုယ့်ကိုပြော ကိုယ် သူ့ကို သွားသတ်မယ်"
"ဟင့် မသိဘူး ကျနော် ဟင့် ကျနော် ဘဲလ်တီးသံကြားတော့ ဂျွန် ပြန်လာပြီ အထင်နဲ့ တံခါးကို အပြေးသွားဖွင့်မိတာ တံခါးဖွင့်ကြည့်လိုက်တော့ လူမိုက်5ယောက်ဖြစ်နေတယ် သူတို့က အိမ်ထဲ ဝင်လာပြီး ရှိသမျှ ပစ္စည်းတွေအကုန် ဖျက်ဆီးသွားတာ ကျနော်က သွားဆွဲတော့ ကျနော့်ကို တွန်းထုတ်လိုက်တာ စားပွဲစောင်းနဲ့ နဖူးနဲ့ ရိုက်မိသွားတာ ဟင့် ကျနော် ကြောက်တယ် သူတို့ ဟင့် သူတို့ပုံစံကလေ ကြေးစားလူမိုက်ပုံစံတွေ။ တစ်စုံတစ်ယောက်က ငွေပေးခိုင်းလို့ လုပ်တဲ့ပုံပဲ အဲ့တစ်စုံတစ်ယောက်က ကျနော့်ကို သတ်ခိုင်းမလားတောင်မသိဘူး ကျနော် ကြောက်တယ် ဂျွန် ဟင့်"
"တောက်စ် ခွေးသတောင်းစားတွေ မိလို့ကတော့ အရေခွံနွှာပစ်မယ်"
ဂျောင်ကုဒေါသထွက်ထွက်နဲ့ တောက်ခေါက်ကာ ကြိမ်းဝါးမိသည်။ ထို့နောက် ထယ်ယောင်းကို ရင်ခွင်ထဲ ထည့်ပြီး
"မကြောက်နဲ့ ဘေဘီ ကိုယ်ရှိတယ် ဘာမှမကြောက်နဲ့နော် ကိုယ်ဘေဘီ့ဘေးနား ရှိနေသရွေ့ သူတို့တွေ ဘေဘီ့ကို နောက်တစ်ခါ လက်ဖျားနဲ့တောင် မတို့စေရဘူး နော် မကြောက်နဲ့တော့"
ထယ်ယောင်းက ဂျောင်ကုရင်ခွင်ထဲ ပိုတိုးဝင်ကာ ရှိုက်ကြီးတငင်ငိုနေသည်။
"တိတ်ပါ ဘေဘီရယ် မငိုပါနဲ့တော့ ဘေဘီ့ဒဏ်ရာ အရမ်းနာနေလား ကိုယ်တို့ အခုချက်ချင်း ဆေးရုံသွားပြမှ ရမယ် လာ မဟုတ်ရင် ဒဏ်ရာ ပိုးဝင်သွားလိမ့်မယ်"
ချက်ချင်းပင် ထယ်ယောင်းကို ပွေ့ချီကာ တိုက်ခန်းထဲမှ ထွက်လာသည်။
ကားပါကင်သို့ရောက်သော် ကားထဲ ထည့်ပေးပြီးသူပါ driver seatမှာ အပြေးဝင်ထိုင်သည်။
ထို့နောက် ကားကို အရှိန်အဟုန်ပြင်းစွာဖြင့် ထိုနေရာမှ အမြန်ထွက်လာကာ ဆေးရုံကို မောင်းသွားတော့သည်။
TBC>>>>>>>
#HanHae
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



