Fanfics

Ep-9

14:39, 14 November 2022

Zawgyi

"ကဲ ဟုတ္ျပီ"

တစ္ကိုယ္လံုးကို က်က်နန ဝတ္ေပးေနတာမူလတန္းကေလးကို သူ႔အေမက အက်ႌဝတ္ေပးေနတဲ့အတိုင္းပဲ......

"အက်ႌက ဘယ္ႏွစ္ထပ္ေတာင္ ဝတ္ေပးေနတာလဲ ေနရက်ပ္လာျပီဗ် ခင္ဗ်ား"

"ရာသီဥတုက ေအးတယ္ေလ ေဘဘီရဲ႕ ဒီလုိေလး ဝတ္မွ ေဘဘီေႏြးမွေပါ့ မဟုတ္ဘူးလား"

ေျပာျပီး ႏႈတ္ခမ္းကို လွစ္ခနဲ လာနမ္းေသးသည္

လူကို ဂုန္နီအိတ္ စြပ္ထားတဲ့အတိုင္း လုပ္ေနတာ

ဂုန္နီအိတ္စြပ္ရင္ေတာင္မွ တစ္အိတ္ထဲရယ္...

အခုက ဂုန္နီအိတ္ထက္ ပိုဆိုးေနတယ္

အက်ႌ5ထည္ကို ဝတ္ေပးထားတာဒါ့အျပင္ အေပၚကေန သိုးေမႊးအေႏြးထည္အထူျကီး ထပ္ဝတ္ေပးထားေသးတယ္.....

အသက္ရွဴက်ပ္လြန္းလို႔ ေသေတာ့မွာပဲ....

"ဒါနဲ႔ ဘယ္သြားမွာလဲ ေျပာဦး"

"ဟိုေရာက္မွ ေျပာမယ္ေလ လာ ရျပီ သြားျကမယ္"​

သိုးေမႊးဦးထုပ္ျကီးကို ေဆာင္းေပးျပီး ေျပာသည္

ညဘက္ျကီး ဘာအရူးထမွန္းမသိ အျပင္သြားျကမယ္ဆိုျပီး လူကို အက်ႌေတြ အတင္း ဝတ္ေပးျပီး ဘယ္သြားမယ္ဆိုတာလည္း မေျပာ....

ခင္ဗ်ားစိတ္က တကယ့္ကို ဂြစာ....

တိုက္ခန္းေအာက္သို႔ ဆင္းလာျပီး ကားပါကင္မွာရပ္ထားတဲ့ သူ႔ကားဆီ ေခၚသြားသည္

BMW ကားအနက္ေလးျဖစ္သည္

ထယ္ေယာင္းကိုdriver seatေဘးနား ထည့္ေပးျပီးေနာက္ driver seatမွာ အေျပး ဝင္ထိုင္ေသာ ေဂ်ာင္ကု

ထို႔ေနာက္ကားေလးက တေရြ႕ေရြ႕ေမာင္းျပီးထိုေနရာမွ ထြက္လာခဲ့သည္

ညဘက္မိုးခ်ဳပ္ျကီး ထြက္လာတာမို႔ လူကအိပ္ငိုက္လာသည္

ေဘးနားမွာ ကားေမာင္းေနတဲ့ ေဂ်ာင္ကုကို လွည့္ျကည့္ေတာ့ ကားကိုသာ ေအးေဆး အာရံုစိုက္ေမာင္းေနသည္

ခင္ဗ်ားဟာေလ ဘယ္လိုေနေန သိပ္စြဲေဆာင္မႈ ရိွတာပဲ ဟု ျပံဳးရင္း ေတြးမိေသးသည္

ထို႔ေနာက္မွာေတာ့ ေလးလံလာတဲ့ မ်က္ခြံေတြကိုမလြန္ဆန္ႏိုင္ေတာ့၍ မ်က္လံုးမ်ားအား မွိတ္ခ်မိေတာ့သည္.....

"ေဘဘီ ထပါဦး ေဘဘီေရ"​

တခူးခူးနဲ႔ ေဟာက္ကာ အိပ္ေပ်ာ္ေနေသာထယ္ေယာင္းအား လႈပ္ႏိႈးေတာ့ တအင္းအင္းျဖင့္ႏိုးလာျပီး

"ေရာက္ျပီလား ဝွါးးးးးးး"​

အပ်င္းေျကာဆန္႔ရင္း သန္းေနေသးသည္

"အြန္း ေရာက္ျပီ ဆင္းျကစို႔"​

ေျပာျပီးေနာက္ သူ႔ဘက္က ကားတံခါးကို အေျပးလာဖြင့္ေပးသည္

သူလည္း အိပ္ခ်င္မူးတူးျဖင့္ ကားေပၚက ဆင္းလိုက္သည္

သူ အခုမွ မ်က္လံုးေပကလပ္ေပကလပ္ျဖင့္ေဘးပတ္ဝန္းက်င္အား စူးစမ္းမိသည္

ဒီလူျကီး ငါ့ကို ဘယ္ေနရာ ေခၚလာတာပါလိမ့္...

"​ဒီေနရာက...?"​

"ဘူဆန္ ပင္လယ္ျကီးဆီ ေခၚလာတာေလ မလွဘူးလား"

ဟုတ္ပါရဲ႕ ဒါ ဘူဆန္ပင္လယ္ျကီးပဲ လွလိုက္တာ...

ေနလံုးျကီးသည္ ပင္လယ္ျကီးထဲကေန ထြက္ေပၚလာသေယာင္ ျမင္ေနရေသာ ျမင္ကြင္း(ေနစထြက္တဲ့ ေဝလီေဝလင္းအခ်ိန္)​

ေနလံုးျကီး၏ ေတာက္ပေသာ ေနေရာင္ကပင္လယ္ျကီးေပၚ ျဖာဆင္းေနသည္ကို ျကည့္ရသည္မွာ အလြန္ပင္ ရင္သက္ရႈေမာဖြယ္ေကာင္းလွသည္

ဝင္းလက္လက္ အေရာင္ျဖာထြက္ေနဟန္ရိွသည့္ဘူဆန္ပင္လယ္ျပင္ျကီးအား ျကည့္ေနရျခင္းသည္စိတ္ထဲ ေအးခ်မ္းလွသည္

"အရမ္းလွတယ္"

ထယ္ေယာင္း ပင္လယ္ျပင္ျကီးအား ေငးျကည့္ကာ ဆိုမိသည္

"အင္း ၿပီးေတာ့ အရမ္းလည္းေတာက္ပတယ္"

ေဂ်ာင္ကု ထယ္ေယာင္းအား ေငးျကည့္ကာဆိုလိုက္ေပမယ့္ ထယ္ေယာင္းကေတာ့ သတိမမူမိဘဲ ပင္လယ္ျကီးကို ပါးစပ္ေလးဟကာ တအံ့တျသေငးေမာေနေလသည္။

"ခင္ဗ်ားက ဒီျမင္ကြင္းကို ျကည့္ရဖို႔ ညျကီးမိုးခ်ဳပ္ အျပင္ေခၚလာတာေပါ့"

"​အင္း ရိွေသးတယ္ တစ္ျခားဟာ။ ျပီးရင္ အဲ့ဒီ့ကို ေဘဘီကို ေခၚသြားမွာ"

"ရိွေသးတာလား ဘယ္ေနရာလဲ"​

"ဟိုေရာက္ရင္ သိလိမ့္မယ္"​

ေနလံုးျကီး တေျဖးေျဖး ေႏွးေကြးစြာတက္လာသည္ကို သူတို႔ တစ္ဝျကီး ျကည့္ျပီးမွဘူဆန္ ပင္လယ္ျကီးရိွရာေနရာကေန လမ္းေလွ်ာက္ကာ ေခၚသြားေသာ ေဂ်ာင္ကုေနာက္ထယ္ေယာင္း ဘာမွန္းမသိ ညာမွန္းမသိသာ လိုက္ခဲ့ရေတာ့သည္

သဲေသာင္ျပင္ေပၚကေန လမ္းမေပၚ တက္ေလွ်ာက္သြားသည္....

ထိုေနရာမွ တေျဖးေျဖးေလွ်ာက္ရင္းနဲ႔ကေနေတာ္ေတာ္လွမ္းလွမ္းကို ေရာက္ခဲ့ျပီ....

ေရွ႕နားမွာ လမ္းျကားေလးေတြ ရိွသည္....

ထိုေနရာသို႔ လက္ခ်င္းတြဲလ်က္ပင္ ေခၚသြားေသာေဂ်ာင္ကု....

လမ္းျကားေလးရဲ႕ ေဘးမွလည္း ဘူဆန္ပင္လယ္ျပင္ျကီးအား ျမင္ေနရသည္

တစ္ဖက္မွာ ဘူဆန္ပင္လယ္ျပင္ ေနာက္တစ္ဖက္မွာ ေနခ်င္စရာ လံုးခ်င္းအိမ္ေလးေတြ ကပ္ရက္ေလးေတြ တည္ရိွသည္။ ေလွ်ာက္လမ္းအေသးေလး(လမ္းျကား)​က အလယ္မွာ ေနရာယူထားတာေပါ့....

တေျဖးေျဖး ေလွ်ာက္ေနရင္းမွ လံုးခ်င္းအိမ္ေလးတစ္လံုးရဲ႕ ျခံေရွ႕သို႔ ေရာက္ေတာ့ ေျခလွမ္းမ်ား ရပ္သြားေသာ ထိုလူျကီး

"omma!! သားလာတယ္!!omma!! "​

ျခံေရွ႕ကေန ျခံတံခါးကို ထုကာ လွမ္းေအာ္ကာ ေျပာေတာ့ ျခံတံခါးလာဖြင့္ေပးသည္က အနည္းငယ္ ႏုပ်ိဳေနေသးဟန္ရိွသည္ အန္တီတစ္ေယာက္....

"အိုမို သား ေဂ်ာင္ကုေလး"​

ဆိုျပီး ျခံတံခါးကို အေျပးလာဖြင့္ျပီး ေဂ်ာင္ကုကို ေပြ႔ဖက္ေနသည္

ေဂ်ာင္ကုကလည္း အလိုက္သင့္ ျပန္ဖက္ေနေသာထိုျမင္ကြင္းကုိ ျကည့္ေနရသည့္ထယ္ေယာင္းစိတ္ထဲမွာ ျကည္ႏူးစိတ္ေလး ျဖတ္ေျပးသြားသည္.....

"သား ေဂ်ာင္ကုေလး သူက ဘယ္သူလဲ"​

အတန္ျကာ ေပြ႔ဖက္ေနျကျပီးမွ ထယ္ေယာင္းကို ျကည့္ကာ ေမးေသာ ေဂ်ာင္ကုအေမ....

"မဂၤလာပါ က်ေနာ့္နာမည္က ကင္ထယ္ေယာင္းပါ အန္တီ"​

"သူက က်ေနာ့္ခ်စ္သူေလ omma"

ေဂ်ာင္ကုက မိတ္ဆက္ေပးေတာ့

"သားရဲ႕ ခ်စ္သူလား အိုမို ေခ်ာလိုက္တာ သားရယ္"​

ေျမွာက္ေျပာေနေသာ ေဂ်ာင္ကုအေမေျကာင့္ထယ္ေယာင္း ရွက္ကိုးရွက္ကန္း ျပံဳးမိေသးသည္

"ေဘဘီ ဒါက ကိုယ္ေျပာျပဖူးတဲ့ ကိုယ့္အေမ ဂင္ဆိုေယာင္းေလ"​

"ဟုတ္ ေတြ႔ရတာ ဝမ္းသာပါတယ္ အန္တီ"

"ေအးကြယ္ အန္တီလည္း ေတြ႔ရတာ ဝမ္းသာပါတယ္ လာ လာ သားတို႔ အိမ္ထဲဝင္ျကရေအာင္ေလ.... "

*****

ဧည့္ျကမ္းျပင္ေပၚတြင္ ထယ္ေယာင္းက ေဂ်ာင္ကုေဘးမွာ ေဂ်ာင္ကုအေမက သူတို႔2ေယာက္ရဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသည္။

"​ထယ္ေယာင္းေလးလို႔ပဲ အန္တီ ေခၚမယ္ေနာ္ ရတယ္မလား"​

"ဟုတ္ ရပါတယ္ အန္တီ"​

"ေဘဘီ လြတ္လြတ္လပ္လပ္ေနေနာ္ ကိုယ့္အိမ္လို သေဘာထားလို႔ရတယ္ ကိုယ့္အေမက အရမ္းသေဘာေကာင္းတာ"

သူ႔အေမေရွ႕မွာေတာင္ လူကို ေဘဘီလို႔ေခၚေနတာမရပ္.... ဒီက ရွက္လြန္းလို႔ ေသေတာ့မယ္...

"​ ေဂ်ာင္ကုေလး ဆိုးလ္မွာ သားအေဖနဲ႔ ေနရတာအဆင္ေျပတယ္မလား"​

"​ဟုတ္ ေျပပါတယ္ omma.....ommaဆိုးလ္ကို ျပန္ ေျပာင္းလာခဲ့ပါေတာ့လား က်ေနာ္တို႔အိမ္မွာ ommaေရာ appaေရာ က်ေနာ္ေရာ အတူျပန္ေနျကမယ္ေလ"

"သားအေဖက အေမ့ကို အခုထိ အဆက္အသြယ္ေတာင္ မလုပ္တာ သားအေဖက အေမ့ကို အိမ္ေပၚေခၚတင္ထားဖို႔ လက္မခံေလာက္ပါဘူး သားရယ္ အေမ ဒီမွာေနရတာလည္း အဆင္ေျပပါတယ္"

"​ဒါေပမယ့္ အေမ့ကို appaျပန္ျကည္လာေအာင္လို႔ က်ေနာ္ ကူညီေပးမွာပါ အေမ"

"​ေနပါေစ သားရယ္ အေမ မေမွ်ာ္လင့္ပါဘူး အေမ ဒီေမြးရပ္ေျမမွာပဲ ေသတဲ့အထိ ေနသြားခ်င္တယ္ စိတ္ရႈပ္စရာေကာင္းလြန္းတဲ့ ဆိုးလ္ျမိဳ႕ျကီးကို ျပန္မသြားခ်င္ေတာ့ဘူး သား"

"​အာ့ဆိုလည္း ommaသေဘာပါ"

"​အေမတို႔စကားေျပာေနတာနဲ႔ ထယ္ေယာင္းေလး ပ်င္းေနေရာေပါ့"

"​အာ.... ရပါတယ္ဗ် မပ်င္းပါဘူး အန္တီ"

"​အန္တီလို႔ မေခၚပါနဲ႔ေတာ့လား သား အေမလို႔ ေခၚလို႔ ရပါတယ္ သားရဲ႕။ သားက ေဂ်ာင္ကုေလးရဲ႕ခ်စ္သူဆိုေတာ့ ေနာင္တစ္ခ်ိန္ သားက ေဂ်ာင္ကုေလးနဲ႔ လက္ထပ္ျပီးတဲ့အခါက်ရင္ အေမလို႔ေခၚရမွာခ်င္းအတူတူ အခုကထဲက ေခၚလို႔ရပါတယ္ သားရဲ႕"

"​ဟုတ္ အေမ ေက်းဇူးတင္ပါတယ္"

"​မလိုပါဘူး သားေလးရယ္ ကဲ ဆိုးလ္ကေန တကူးတကျကီး လာရတာ ခရီးပန္းလာျကေရာေပါ့ အေမ သားတို႔ေနဖို႔ အခန္းသြားျပင္လိုက္ဦးမယ္ ျပီးရင္ ခဏဝင္နားျက ေနာက္ျပီးရင္ေတာ့ ေန႔လည္စာ ထြက္စားျကေနာ္ သားတို႔ အေမ သားတို႔စားဖို႔ ထမင္းဟင္းေတြ  ခ်က္ထားမယ္"

"​ဟုတ္ အေမ"

ထယ္ေယာင္းက ျပံဳးျပကာ ဆိုေတာ့ ေဂ်ာင္ကုအေမကလဲ အေႏြးေထြးဆံုး အျပံဳးနဲ႔ ျပန္ျပံဳးျပသည္။

ထို႔ေနာက္ ေဂ်ာင္ကုအေမ ထိုင္ေနရာကေန ထထြက္သြားေတာ့မွ ထယ္ေယာင္း သူ႔ေဘးနားမွာ ထိုင္ေနတဲ့ ေဂ်ာင္ကု ဗိုက္ေခါက္အား လိမ္ဆြဲမိသည္

"​အ့ ေဘဘီ နာတယ္ေလ အ့ ဘာလို႔လဲ"

"​ခင္ဗ်ားအေမေရွ႕မွာထိ ေဘဘီ ေဘဘီနဲ႔ ဘာျဖစ္ေနတာလဲ ခင္ဗ်ား"

"​ဘာျဖစ္လဲ ေဘဘီကလည္း ရွက္စရာမလိုပါဘူး အေမက သေဘာထားအရမ္းျကီးတဲ့သူမို႔ အကုန္နားလည္တယ္ ဘာမွမေျပာပါဘူး"

"ဒါေပမယ့္ ခင္ဗ်ား ဆင္ျခင္သင့္တယ္ေလ ခင္ဗ်ားအေမေရွ႕မွာ က်ေနာ့္ကို ေဘဘီလို႔မေခၚနဲ႔ ထယ္ေယာင္းလို႔ပဲေခၚ"

"​ဟုတ္ပါျပီ ေဘဘီ့သေဘာ ေဘဘီ့သေဘာ"

ထုိအခါမွ ေဂ်ာင္ကုအား မ်က္ေစာင္းလွလွ ပစ္ထိုးရင္း ျပံဳးျပေသာ ထယ္ေယာင္း....

ေဂ်ာင္ကုအေမက အခန္းျပင္ျပီးေတာ့ သူတို႔လည္းခဏဝင္နားျကေသးသည္

ထို႔ေနာက္တြင္ေတာ့ ေန႔လည္စာ ထြက္စားျကသည္

ေန႔လည္စာစားရန္ အခန္းထဲမွ အျပင္္သို႔ ထြက္လာေတာ့ ဧည့္ခန္းထဲတြင္ သိပ္မရွည္ေသာ သစ္သား ေလးေထာင့္ခံုအပုေလးေပၚ တင္ထားတဲ့ အေငြ႔တေထာင္းေထာင္း ထေနတဲ့ မိသားစုထမင္းဝိုင္းေလးက သူ႔အား ျကိဳဆိုသည္

ထိုထမင္းဝိုင္းတြင္ ထယ္ေယာင္း ဝင္ထိုင္လိုက္သည္ ေဂ်ာင္ကုကလည္း သူ႔ေဘးနား ဝင္ထိုင္သည္

"​သား စားေနာ္ အားမနာနဲ႔"

ဟုဆိုကာ ထယ္ေယာင္းထမင္းပန္းကန္လံုးထဲသို႔ ဟင္းေတြ ထည့္ေပးသည္

သို႔ေသာ္ ထယ္ေယာင္း စားပြဲေပၚက ဟင္းေတြေပၚမွ အျကည့္တို႔ မခြာေပ။

အရမ္း စားေကာင္းေသာက္ေကာင္းဟင္းပြဲျကီးေတြ မဟုတ္ဘဲ မိသားစုဟင္းပြဲေလးေတြက ခံုေပၚအျပည့္

ထယ္ေယာင္း မ်က္ရည္ဝဲမိျပန္သည္

ဒီလိုမ်ိဳး သူ႔ကို တကူးတကခ်က္ေျကြးတာကို စားဖူးတာဆိုလို႔ ေဂ်ာင္ကု ခ်က္ေကြ်းတာရယ္ ဒီက ေဂ်ာင္ကုအေမခ်က္ေကြ်းတာရယ္ပဲ ရိွလိမ့္မည္

သူ ငယ္ငယ္ကထဲက မိသားစုထမင္းဝိုင္းေလးနဲ႔မိသားစု စံုစံုလင္လင္ တစ္ခါမွ မစားခဲ့ဖူးပါ

အေဖ မဆံုးခင္တုန္းကလည္း အလုပ္ေတြနဲ႔သာ ရႈပ္ေနေသာေျကာင့္ သူ႔ကို ဂရုမစိုက္အား

သူ႔အေမျဖစ္သူကလည္း သူ႔ကို နည္းနည္းေလးမွဂရုမစိုက္....

တစ္ေယာက္ထဲ အထီးက်န္စြာ ျကီးျပင္လာခဲ့သည္ေလ

အေဖျဖစ္သူ ဆံုးသြားျပန္ေတာ့လည္း ခ်က္ခ်င္းပဲ ေနာက္ေယာက်ာ္းေကာက္ယူေသာ သူ႔အေမကသူ႔ကို ဂရုစိုက္ဖို႔ေနေန သာသာ သူ႔ကို စိတ္ေတာင္ မဝင္စားေတာ့ေပ။ သားလို႔ေတာင္ သတ္မွတ္ရဲ႕လားမသိ

တစ္ေန႔တစ္ေန႔ သူ႔ေနာက္ေယာက်ာ္းနဲ႔အခ်ိန္ျဖဳန္းျပီး သူ႔ကို ရိွတယ္လုိ႔ေတာင္ မသတ္မွတ္

အာ့ေျကာင့္ အိမ္ခြဲေနခဲ့တာလည္းပါတယ္

"ထယ္ေယာင္း က်စ္ ငိုျပန္ျပီလား ဘာျဖစ္ျပန္တာလဲ ထယ္ေယာင္းရာ"

ထမင္းဝိုင္းကို ျကည့္ျပီး မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ေနေသာ သူ႔ကို ေဂ်ာင္ကုက စိတ္ပူပူနဲ႔ ေျပာသည္

ေဂ်ာင္ကုအေမကလည္း ဘာျဖစ္တာလဲဆိုတဲ့ သေဘာျဖင့္ စိတ္ပူတဲ့မ်က္ဝန္းေတြနဲ႔ သူ႔အား လွမ္း ျကည့္ေနရွာသည္

"ဟင့္ ဘာမွ... ဟင့္ ဘာမွ မဟုတ္ပါဘူး ဒီတိုင္း ဟင့္ ေပ်ာ္လို႔ပါ ဒီလိုအရသာရိွတဲ့ဟင္းေတြကို အေမက ခ်က္ေပးလို႔ပါ အာ့ေျကာင့္ ဟင့္ ေပ်ာ္လို႔ မ်က္ရည္ေတြက်လာတာ"

"တစ္ခုမွ မစားရေသးဘဲ အရသာဘယ္လိုသိတာလဲ"

ဟုတ္ပါရဲ႕ ထမင္းလည္း တစ္စိမွ မစားရေသးသလိုဟင္းခြက္ေတြ တစ္ခြက္ကိုမွလည္း လက္နဲ႔ မထိရေသးဘဲ ဘယ္လိုဦးေႏွာက္နဲ႔ အရသာရိွတဲ့ ဟင္းေတြကို ခ်က္ေပးလို႔ပါလို႔ လိမ္မိရတာလဲ ကင္ထယ္ေယာင္းရယ္......

"​ဟို ဟင္းေတြက ျမင္ရံုနဲ႔ အရသာရိွမယ္ဆိုတာ သိျပီးသားေလ အာ့ေျကာင့္မို႔ပါ"

"ကဲပါ မငိုနဲ႔ေတာ့ တိတ္ေတာ့ ငါးစားမလား ကိုယ္ အရိုးႏႊင္ေပးမယ္"​

ထယ္ေယာင္းက ေခါင္းျငိမ့္ျပေတာ့ငါးေျကာ္တစ္ေကာင္ကို စိတ္ပါလက္ပါနဲ႔ အရိုးႏႊင္ေပးေနေသာ ေဂ်ာင္ကုကို ျကည့္ရင္း ေဂ်ာင္ကုအေမျဖစ္သူ ဂင္ဆိုေယာင္း ျပံဳးမိသည္

သားက ဒီေကာင္ေလးကို အေတာ္ခ်စ္ရွာသည္ပဲ...

ေဂ်ာင္ကုက ငါးအရိုးႏႊင္ျပီး ထယ္ေယာင္း ထမင္းပန္းကန္လံုးထဲ ထည့္ေပးသည္

ေဂ်ာင္ကုအေမကလည္း တစ္ျခားဟင္းေတြကိုထယ္ေယာင္းထမင္းပန္းကန္ထဲ ထည့္ေပးရွာသည္

ထယ္ေယာင္းကလည္း ေဂ်ာင္ကုအေမထမင္းပန္းကန္ထဲကို ဟင္းေတြ ျပန္ခပ္ထည့္ေပးသည္

ထို႔ေနာက္ ရီရီေမာေမာနဲ႔ သူတို႔ ေန႔လည္စာ စားျကေတာ့သည္

ဒီလိုနဲ႔ မိသားစုထမင္းဝိုင္းေလးဟာ ေမတၲာတရားေတြနဲ႔ ေႏြးေထြးေနခဲ့ပါေတာ့တယ္.......

A/N~ အီေနလားဟင္ ဒါမွမဟုတ္ မအီမလည္ျကီးျဖစ္ေနလား

Unicode

"ကဲ ဟုတ်ပြီ"

တစ်ကိုယ်လုံးကို ကျကျနန ဝတ်ပေးနေတာမူလတန်းကလေးကို သူ့အမေက အင်္ကျီဝတ်ပေးနေတဲ့အတိုင်းပဲ......

"အင်္ကျီက ဘယ်နှစ်ထပ်တောင် ဝတ်ပေးနေတာလဲ နေရကျပ်လာပြီဗျ ခင်ဗျား"

"ရာသီဥတုက အေးတယ်လေ ဘေဘီရဲ့ ဒီလိုလေး ဝတ်မှ ဘေဘီနွေးမှပေါ့ မဟုတ်ဘူးလား"

ပြောပြီး နှုတ်ခမ်းကို လှစ်ခနဲ လာနမ်းသေးသည်

လူကို ဂုန်နီအိတ် စွပ်ထားတဲ့အတိုင်း လုပ်နေတာ

ဂုန်နီအိတ်စွပ်ရင်တောင်မှ တစ်အိတ်ထဲရယ်...

အခုက ဂုန်နီအိတ်ထက် ပိုဆိုးနေတယ်

အင်္ကျီ5ထည်ကို ဝတ်ပေးထားတာဒါ့အပြင် အပေါ်ကနေ သိုးမွှေးအနွေးထည်အထူကြီး ထပ်ဝတ်ပေးထားသေးတယ်.....

အသက်ရှူကျပ်လွန်းလို့ သေတော့မှာပဲ....

"ဒါနဲ့ ဘယ်သွားမှာလဲ ပြောဦး"

"ဟိုရောက်မှ ပြောမယ်လေ လာ ရပြီ သွားကြမယ်"​

သိုးမွှေးဦးထုပ်ကြီးကို ဆောင်းပေးပြီး ပြောသည်

ညဘက်ကြီး ဘာအရူးထမှန်းမသိ အပြင်သွားကြမယ်ဆိုပြီး လူကို အင်္ကျီတွေ အတင်း ဝတ်ပေးပြီး ဘယ်သွားမယ်ဆိုတာလည်း မပြော....

ခင်ဗျားစိတ်က တကယ့်ကို ဂွစာ....

တိုက်ခန်းအောက်သို့ ဆင်းလာပြီး ကားပါကင်မှာရပ်ထားတဲ့ သူ့ကားဆီ ခေါ်သွားသည်

BMW ကားအနက်လေးဖြစ်သည်

ထယ်ယောင်းကိုdriver seatဘေးနား ထည့်ပေးပြီးနောက် driver seatမှာ အပြေး ဝင်ထိုင်သော ဂျောင်ကု

ထို့နောက်ကားလေးက တရွေ့ရွေ့မောင်းပြီးထိုနေရာမှ ထွက်လာခဲ့သည်

ညဘက်မိုးချုပ်ကြီး ထွက်လာတာမို့ လူကအိပ်ငိုက်လာသည်

ဘေးနားမှာ ကားမောင်းနေတဲ့ ဂျောင်ကုကို လှည့်ကြည့်တော့ ကားကိုသာ အေးဆေး အာရုံစိုက်မောင်းနေသည်

ခင်ဗျားဟာလေ ဘယ်လိုနေနေ သိပ်စွဲဆောင်မှု ရှိတာပဲ ဟု ပြုံးရင်း တွေးမိသေးသည်

ထို့နောက်မှာတော့ လေးလံလာတဲ့ မျက်ခွံတွေကိုမလွန်ဆန်နိုင်တော့၍ မျက်လုံးများအား မှိတ်ချမိတော့သည်.....

"ဘေဘီ ထပါဦး ဘေဘီရေ"​

တခူးခူးနဲ့ ဟောက်ကာ အိပ်ပျော်နေသောထယ်ယောင်းအား လှုပ်နှိုးတော့ တအင်းအင်းဖြင့်နိုးလာပြီး

"ရောက်ပြီလား ဝှါး"​

အပျင်းကြောဆန့်ရင်း သန်းနေသေးသည်

"အွန်း ရောက်ပြီ ဆင်းကြစို့"​

ပြောပြီးနောက် သူ့ဘက်က ကားတံခါးကို အပြေးလာဖွင့်ပေးသည်

သူလည်း အိပ်ချင်မူးတူးဖြင့် ကားပေါ်က ဆင်းလိုက်သည်

သူ အခုမှ မျက်လုံးပေကလပ်ပေကလပ်ဖြင့်ဘေးပတ်ဝန်းကျင်အား စူးစမ်းမိသည်

ဒီလူကြီး ငါ့ကို ဘယ်နေရာ ခေါ်လာတာပါလိမ့်...

"​ဒီနေရာက...?"​

"ဘူဆန် ပင်လယ်ကြီးဆီ ခေါ်လာတာလေ မလှဘူးလား"

ဟုတ်ပါရဲ့ ဒါ ဘူဆန်ပင်လယ်ကြီးပဲ လှလိုက်တာ...

နေလုံးကြီးသည် ပင်လယ်ကြီးထဲကနေ ထွက်ပေါ်လာသယောင် မြင်နေရသော မြင်ကွင်း(နေစထွက်တဲ့ ဝေလီဝေလင်းအချိန်)​

နေလုံးကြီး၏ တောက်ပသော နေရောင်ကပင်လယ်ကြီးပေါ် ဖြာဆင်းနေသည်ကို ကြည့်ရသည်မှာ အလွန်ပင် ရင်သက်ရှုမောဖွယ်ကောင်းလှသည်

ဝင်းလက်လက် အရောင်ဖြာထွက်နေဟန်ရှိသည့်ဘူဆန်ပင်လယ်ပြင်ကြီးအား ကြည့်နေရခြင်းသည်စိတ်ထဲ အေးချမ်းလှသည်

"အရမ်းလှတယ်"

ထယ်ယောင်း ပင်လယ်ပြင်ကြီးအား ငေးကြည့်ကာ ဆိုမိသည်

"အင်း ပြီးတော့ အရမ်းလည်းတောက်ပတယ်"​

ဂျောင်ကု ထယ်ယောင်းအား ငေးကြည့်ကာဆိုလိုက်ပေမယ့် ထယ်ယောင်းကတော့ သတိမမူမိဘဲ ပင်လယ်ကြီးကို ပါးစပ်လေးဟကာ တအံ့တသြငေးမောနေလေသည်။

"ခင်ဗျားက ဒီမြင်ကွင်းကို ကြည့်ရဖို့ ညကြီးမိုးချုပ် အပြင်ခေါ်လာတာပေါ့"

"​အင်း ရှိသေးတယ် တစ်ခြားဟာ။ ပြီးရင် အဲ့ဒီ့ကို ဘေဘီကို ခေါ်သွားမှာ"

"ရှိသေးတာလား ဘယ်နေရာလဲ"​

"ဟိုရောက်ရင် သိလိမ့်မယ်"​

နေလုံးကြီး တဖြေးဖြေး နှေးကွေးစွာတက်လာသည်ကို သူတို့ တစ်ဝကြီး ကြည့်ပြီးမှဘူဆန် ပင်လယ်ကြီးရှိရာနေရာကနေ လမ်းလျှောက်ကာ ခေါ်သွားသော ဂျောင်ကုနောက်ထယ်ယောင်း ဘာမှန်းမသိ ညာမှန်းမသိသာ လိုက်ခဲ့ရတော့သည်

သဲသောင်ပြင်ပေါ်ကနေ လမ်းမပေါ် တက်လျှောက်သွားသည်....

ထိုနေရာမှ တဖြေးဖြေးလျှောက်ရင်းနဲ့ကနေတော်တော်လှမ်းလှမ်းကို ရောက်ခဲ့ပြီ....

ရှေ့နားမှာ လမ်းကြားလေးတွေ ရှိသည်....

ထိုနေရာသို့ လက်ချင်းတွဲလျက်ပင် ခေါ်သွားသောဂျောင်ကု....

လမ်းကြားလေးရဲ့ ဘေးမှလည်း ဘူဆန်ပင်လယ်ပြင်ကြီးအား မြင်နေရသည်

တစ်ဖက်မှာ ဘူဆန်ပင်လယ်ပြင် နောက်တစ်ဖက်မှာ နေချင်စရာ လုံးချင်းအိမ်လေးတွေ ကပ်ရက်လေးတွေ တည်ရှိသည်။ လျှောက်လမ်းအသေးလေး(လမ်းကြား)​က အလယ်မှာ နေရာယူထားတာပေါ့....

တဖြေးဖြေး လျှောက်နေရင်းမှ လုံးချင်းအိမ်လေးတစ်လုံးရဲ့ ခြံရှေ့သို့ ရောက်တော့ ခြေလှမ်းများ ရပ်သွားသော ထိုလူကြီး

"omma!! သားလာတယ်!!omma!! "​

ခြံရှေ့ကနေ ခြံတံခါးကို ထုကာ လှမ်းအော်ကာ ပြောတော့ ခြံတံခါးလာဖွင့်ပေးသည်က အနည်းငယ် နုပျိုနေသေးဟန်ရှိသည် အန်တီတစ်ယောက်....

"အိုမို သား ဂျောင်ကုလေး"​

ဆိုပြီး ခြံတံခါးကို အပြေးလာဖွင့်ပြီး ဂျောင်ကုကို ပွေ့ဖက်နေသည်

ဂျောင်ကုကလည်း အလိုက်သင့် ပြန်ဖက်နေသောထိုမြင်ကွင်းကို ကြည့်နေရသည့်ထယ်ယောင်းစိတ်ထဲမှာ ကြည်နူးစိတ်လေး ဖြတ်ပြေးသွားသည်.....

"သား ဂျောင်ကုလေး သူက ဘယ်သူလဲ"​

အတန်ကြာ ပွေ့ဖက်နေကြပြီးမှ ထယ်ယောင်းကို ကြည့်ကာ မေးသော ဂျောင်ကုအမေ....

"မင်္ဂလာပါ ကျနော့်နာမည်က ကင်ထယ်ယောင်းပါ အန်တီ"​

"သူက ကျနော့်ချစ်သူလေ omma"

ဂျောင်ကုက မိတ်ဆက်ပေးတော့

"သားရဲ့ ချစ်သူလား အိုမို ချောလိုက်တာ သားရယ်"​

မြှောက်ပြောနေသော ဂျောင်ကုအမေကြောင့်ထယ်ယောင်း ရှက်ကိုးရှက်ကန်း ပြုံးမိသေးသည်

"ဘေဘီ ဒါက ကိုယ်ပြောပြဖူးတဲ့ ကိုယ့်အမေ ဂင်ဆိုယောင်းလေ"​

"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် အန်တီ"

"အေးကွယ် အန်တီလည်း တွေ့ရတာ ဝမ်းသာပါတယ် လာ လာ သားတို့ အိမ်ထဲဝင်ကြရအောင်လေ.... "

*****

ဧည့်ကြမ်းပြင်ပေါ်တွင် ထယ်ယောင်းက ဂျောင်ကုဘေးမှာ ဂျောင်ကုအမေက သူတို့2ယောက်ရဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

"​ထယ်ယောင်းလေးလို့ပဲ အန်တီ ခေါ်မယ်နော် ရတယ်မလား"​

"ဟုတ် ရပါတယ် အန်တီ"​

"ဘေဘီ လွတ်လွတ်လပ်လပ်နေနော် ကိုယ့်အိမ်လို သဘောထားလို့ရတယ် ကိုယ့်အမေက အရမ်းသဘောကောင်းတာ"

သူ့အမေရှေ့မှာတောင် လူကို ဘေဘီလို့ခေါ်နေတာမရပ်.... ဒီက ရှက်လွန်းလို့ သေတော့မယ်...

"​ ဂျောင်ကုလေး ဆိုးလ်မှာ သားအဖေနဲ့ နေရတာအဆင်ပြေတယ်မလား"​

"​ဟုတ် ပြေပါတယ် omma.....ommaဆိုးလ်ကို ပြန် ပြောင်းလာခဲ့ပါတော့လား ကျနော်တို့အိမ်မှာ ommaရော appaရော ကျနော်ရော အတူပြန်နေကြမယ်လေ"

"သားအဖေက အမေ့ကို အခုထိ အဆက်အသွယ်တောင် မလုပ်တာ သားအဖေက အမေ့ကို အိမ်ပေါ်ခေါ်တင်ထားဖို့ လက်မခံလောက်ပါဘူး သားရယ် အမေ ဒီမှာနေရတာလည်း အဆင်ပြေပါတယ်"

"​ဒါပေမယ့် အမေ့ကို appaပြန်ကြည်လာအောင်လို့ ကျနော် ကူညီပေးမှာပါ အမေ"

"​နေပါစေ သားရယ် အမေ မမျှော်လင့်ပါဘူး အမေ ဒီမွေးရပ်မြေမှာပဲ သေတဲ့အထိ နေသွားချင်တယ် စိတ်ရှုပ်စရာကောင်းလွန်းတဲ့ ဆိုးလ်မြို့ကြီးကို ပြန်မသွားချင်တော့ဘူး သား"

"​အာ့ဆိုလည်း ommaသဘောပါ"

"​အမေတို့စကားပြောနေတာနဲ့ ထယ်ယောင်းလေး ပျင်းနေရောပေါ့"

"​အာ.... ရပါတယ်ဗျ မပျင်းပါဘူး အန်တီ"

"​အန်တီလို့ မခေါ်ပါနဲ့တော့လား သား အမေလို့ ခေါ်လို့ ရပါတယ် သားရဲ့။ သားက ဂျောင်ကုလေးရဲ့ချစ်သူဆိုတော့ နောင်တစ်ချိန် သားက ဂျောင်ကုလေးနဲ့ လက်ထပ်ပြီးတဲ့အခါကျရင် အမေလို့ခေါ်ရမှာချင်းအတူတူ အခုကထဲက ခေါ်လို့ရပါတယ် သားရဲ့"

"​ဟုတ် အမေ ကျေးဇူးတင်ပါတယ်"

"​မလိုပါဘူး သားလေးရယ် ကဲ ဆိုးလ်ကနေ တကူးတကကြီး လာရတာ ခရီးပန်းလာကြရောပေါ့ အမေ သားတို့နေဖို့ အခန်းသွားပြင်လိုက်ဦးမယ် ပြီးရင် ခဏဝင်နားကြ နောက်ပြီးရင်တော့ နေ့လည်စာ ထွက်စားကြနော် သားတို့ အမေ သားတို့စားဖို့ ထမင်းဟင်းတွေ  ချက်ထားမယ်"

"​ဟုတ် အမေ"

ထယ်ယောင်းက ပြုံးပြကာ ဆိုတော့ ဂျောင်ကုအမေကလဲ အနွေးထွေးဆုံး အပြုံးနဲ့ ပြန်ပြုံးပြသည်။

ထို့နောက် ဂျောင်ကုအမေ ထိုင်နေရာကနေ ထထွက်သွားတော့မှ ထယ်ယောင်း သူ့ဘေးနားမှာ ထိုင်နေတဲ့ ဂျောင်ကု ဗိုက်ခေါက်အား လိမ်ဆွဲမိသည်

"​အ့ ဘေဘီ နာတယ်လေ အ့ ဘာလို့လဲ"

"​ခင်ဗျားအမေရှေ့မှာထိ ဘေဘီ ဘေဘီနဲ့ ဘာဖြစ်နေတာလဲ ခင်ဗျား"

"​ဘာဖြစ်လဲ ဘေဘီကလည်း ရှက်စရာမလိုပါဘူး အမေက သဘောထားအရမ်းကြီးတဲ့သူမို့ အကုန်နားလည်တယ် ဘာမှမပြောပါဘူး"

"ဒါပေမယ့် ခင်ဗျား ဆင်ခြင်သင့်တယ်လေ ခင်ဗျားအမေရှေ့မှာ ကျနော့်ကို ဘေဘီလို့မခေါ်နဲ့ ထယ်ယောင်းလို့ပဲခေါ်"

"​ဟုတ်ပါပြီ ဘေဘီ့သဘော ဘေဘီ့သဘော"

ထိုအခါမှ ဂျောင်ကုအား မျက်စောင်းလှလှ ပစ်ထိုးရင်း ပြုံးပြသော ထယ်ယောင်း....

ဂျောင်ကုအမေက အခန်းပြင်ပြီးတော့ သူတို့လည်းခဏဝင်နားကြသေးသည်

ထို့နောက်တွင်တော့ နေ့လည်စာ ထွက်စားကြသည်

နေ့လည်စာစားရန် အခန်းထဲမှ အပြင်သို့ ထွက်လာတော့ ဧည့်ခန်းထဲတွင် သိပ်မရှည်သော သစ်သား လေးထောင့်ခုံအပုလေးပေါ် တင်ထားတဲ့ အငွေ့တထောင်းထောင်း ထနေတဲ့ မိသားစုထမင်းဝိုင်းလေးက သူ့အား ကြိုဆိုသည်

ထိုထမင်းဝိုင်းတွင် ထယ်ယောင်း ဝင်ထိုင်လိုက်သည် ဂျောင်ကုကလည်း သူ့ဘေးနား ဝင်ထိုင်သည်

"​သား စားနော် အားမနာနဲ့"

ဟုဆိုကာ ထယ်ယောင်းထမင်းပန်းကန်လုံးထဲသို့ ဟင်းတွေ ထည့်ပေးသည်

သို့သော် ထယ်ယောင်း စားပွဲပေါ်က ဟင်းတွေပေါ်မှ အကြည့်တို့ မခွာပေ။

အရမ်း စားကောင်းသောက်ကောင်းဟင်းပွဲကြီးတွေ မဟုတ်ဘဲ မိသားစုဟင်းပွဲလေးတွေက ခုံပေါ်အပြည့်

ထယ်ယောင်း မျက်ရည်ဝဲမိပြန်သည်

ဒီလိုမျိုး သူ့ကို တကူးတကချက်ကြွေးတာကို စားဖူးတာဆိုလို့ ဂျောင်ကု ချက်ကျွေးတာရယ် ဒီက ဂျောင်ကုအမေချက်ကျွေးတာရယ်ပဲ ရှိလိမ့်မည်

သူ ငယ်ငယ်ကထဲက မိသားစုထမင်းဝိုင်းလေးနဲ့မိသားစု စုံစုံလင်လင် တစ်ခါမှ မစားခဲ့ဖူးပါ

အဖေ မဆုံးခင်တုန်းကလည်း အလုပ်တွေနဲ့သာ ရှုပ်နေသောကြောင့် သူ့ကို ဂရုမစိုက်အား

သူ့အမေဖြစ်သူကလည်း သူ့ကို နည်းနည်းလေးမှဂရုမစိုက်....

တစ်ယောက်ထဲ အထီးကျန်စွာ ကြီးပြင်လာခဲ့သည်လေ

အဖေဖြစ်သူ ဆုံးသွားပြန်တော့လည်း ချက်ချင်းပဲ နောက်ယောက်ျားကောက်ယူသော သူ့အမေကသူ့ကို ဂရုစိုက်ဖို့နေနေ သာသာ သူ့ကို စိတ်တောင် မဝင်စားတော့ပေ။ သားလို့တောင် သတ်မှတ်ရဲ့လားမသိ

တစ်နေ့တစ်နေ့ သူ့နောက်ယောက်ျားနဲ့အချိန်ဖြုန်းပြီး သူ့ကို ရှိတယ်လို့တောင် မသတ်မှတ်

အာ့ကြောင့် အိမ်ခွဲနေခဲ့တာလည်းပါတယ်

"ထယ်ယောင်း ကျစ် ငိုပြန်ပြီလား ဘာဖြစ်ပြန်တာလဲ ထယ်ယောင်းရာ"

ထမင်းဝိုင်းကို ကြည့်ပြီး မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေသော သူ့ကို ဂျောင်ကုက စိတ်ပူပူနဲ့ ပြောသည်

ဂျောင်ကုအမေကလည်း ဘာဖြစ်တာလဲဆိုတဲ့ သဘောဖြင့် စိတ်ပူတဲ့မျက်ဝန်းတွေနဲ့ သူ့အား လှမ်း ကြည့်နေရှာသည်

"ဟင့် ဘာမှ... ဟင့် ဘာမှ မဟုတ်ပါဘူး ဒီတိုင်း ဟင့် ပျော်လို့ပါ ဒီလိုအရသာရှိတဲ့ဟင်းတွေကို အမေက ချက်ပေးလို့ပါ အာ့ကြောင့် ဟင့် ပျော်လို့ မျက်ရည်တွေကျလာတာ"

"တစ်ခုမှ မစားရသေးဘဲ အရသာဘယ်လိုသိတာလဲ"

ဟုတ်ပါရဲ့ ထမင်းလည်း တစ်စိမှ မစားရသေးသလိုဟင်းခွက်တွေ တစ်ခွက်ကိုမှလည်း လက်နဲ့ မထိရသေးဘဲ ဘယ်လိုဦးနှောက်နဲ့ အရသာရှိတဲ့ ဟင်းတွေကို ချက်ပေးလို့ပါလို့ လိမ်မိရတာလဲ ကင်ထယ်ယောင်းရယ်......

"​ဟို ဟင်းတွေက မြင်ရုံနဲ့ အရသာရှိမယ်ဆိုတာ သိပြီးသားလေ အာ့ကြောင့်မို့ပါ"

"ကဲပါ မငိုနဲ့တော့ တိတ်တော့ ငါးစားမလား ကိုယ် အရိုးနွှင်ပေးမယ်"​

ထယ်ယောင်းက ခေါင်းငြိမ့်ပြတော့ငါးကြော်တစ်ကောင်ကို စိတ်ပါလက်ပါနဲ့ အရိုးနွှင်ပေးနေသော ဂျောင်ကုကို ကြည့်ရင်း ဂျောင်ကုအမေဖြစ်သူ ဂင်ဆိုယောင်း ပြုံးမိသည်

သားက ဒီကောင်လေးကို အတော်ချစ်ရှာသည်ပဲ...

ဂျောင်ကုက ငါးအရိုးနွှင်ပြီး ထယ်ယောင်း ထမင်းပန်းကန်လုံးထဲ ထည့်ပေးသည်

ဂျောင်ကုအမေကလည်း တစ်ခြားဟင်းတွေကိုထယ်ယောင်းထမင်းပန်းကန်ထဲ ထည့်ပေးရှာသည်

ထယ်ယောင်းကလည်း ဂျောင်ကုအမေထမင်းပန်းကန်ထဲကို ဟင်းတွေ ပြန်ခပ်ထည့်ပေးသည်

ထို့နောက် ရီရီမောမောနဲ့ သူတို့ နေ့လည်စာ စားကြတော့သည်

ဒီလိုနဲ့ မိသားစုထမင်းဝိုင်းလေးဟာ မေတ္တာတရားတွေနဲ့ နွေးထွေးနေခဲ့ပါတော့တယ်.......

A/N~ အီနေလားဟင် ဒါမှမဟုတ် မအီမလည်ကြီးဖြစ်နေလား

There are no comments yet. Log in to be the first to leave a review!

Similar stories