Fanfics

33 ☁️

18:03, 30 November 2024

Jumping on the Cloud ☁️ EP 33

ကိစ္စတော်တော်များကြားမှာ နေသားကျအောင်နေထိုင်နိုင်ခြင်းကလည်း ဒီအသက်အရွယ်တစ်ခုရဲ့ ရင့်ကျက်ခြင်းပဲ..

ဆော့ဂျင် နေ့စဉ်ပုံမှန်လည်ပတ်နေကျအတ်ိုင်း ဘဝကိုဖြတ်သန်းတယ်.. ဆေးရုံသွားတယ် အိမ်ပြန်တယ်.. အားလက်ရက်တွေမှာ ဟင်းချက်ဖြစ်တယ်.. ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိခဲ့ဘူး..

စီနီယာရဲ့ ရည်းစားဖြစ်ပြီးနောက်ပိုင်းလည်း သူ့အတွက်အချိန်တွေ ပုတ်သွားတာမျိုး အလုပ်ပိုရှုပ်သွားတာမျိုး မရှိခဲ့ဘူး.. မီဒီယာနှောက်ယှက်မူတော့ ရှိပေမယ့်လည်း ဒါက ပြသာနာတစ်ခုတော့ ဟုတ်မနေခဲ့ဘူး..

သူ့ရဲ့ တိမ်းညွှန့်မူအပေါ် ရင်းနှီးသူတွေကြား အနေရခက်တာမျိုးလဲ မရှိခဲ့ဘူး.. ခုနောက်ပိုင်းမှ သူသိလိုက်ရတာက သူက လုံးလုံးအဖြောင့်ကြီးတော့ ဟုတ်မနေဘဲ မိန်းမမဟုတ်လည်း ယောက်ျားတစ်ယောက်အပေါ် ဂရုစိုက်တာမျိုး လုပ်ပေးနိုင်တယ် ဆိုတာပဲ..

အစကတော့ ကိုယ်နဲ့မျိုးတူ ယောက်ျားတစ်ယောက်အပေါ် မေတ္တာသက်ဝင်ဖို့ဆိုတာ သူလုံး၀တွေးကြည့်လို့ မရခဲ့တဲ့ ကိစ္စပဲ.. အခုတော့လည်း စီနီယာ့ရဲ့ သူ့အပေါ် ချစ်ခြင်းတရားကို နားလည်နိုင်ပြီး သူ့ဘက်ကလည်း တူညီတဲ့ ကြင်နာမူမျိုး ပေးနိုင်အောင် ကြိုးစားနေမိတယ်..

စီနီယာ့လို အမည်ကြီးသူတစ်ယောက်နဲ့ လက်တွဲရတဲ့အတွက် အနည်းငယ်ဝန်ထုပ်ဝန်ပိုးတော့ ရှိပေမယ့် သူကိုယ်တိုင်ကလည်း စီနီယာ့လိုမျိုး ကိုယ့်စွမ်းကိုယ့်အားနဲ့ ရပ်တည်နေနိုင်တဲ့သူဖြစ်တဲ့အတွက် သတင်းပုပ်တွေကို အရေးစိုက်စရာမလိုဘူးလို့ သူယူဆတယ်..

ဒီနေ့က ဂျူတီနားတဲ့ရက်.. အိမ်မှာပဲ စာတမ်းဖတ်စရာရှိတာ ဖတ်ပြီးတာနဲ့ ရိုက်ကူးရေးလုပ်နေတဲ့ စီနီယာ့ရဲ့ ရိုက်ကွင်းကို လိုက်သွားခဲ့တယ်.. သူအားတဲ့တစ်ရက်တော့ ကိုယ့်ချစ်သူအပေါ် အချိန်ပေးရမယ်လို့ သတ်မှတ်ထားတာကြောင့်..

သမိုင်းမှာ အမည်ကြီးခဲ့တဲ့ အနိုင်မခံအရှုံးမပေး ထက်ထက်မြတ်မြတ် မိဖုရားတစ်ပါးအကြောင်းကို ဘုရင်နေရာကနေ ဇာတ်လမ်းရိုက်နေတဲ့ စီနီယာက အချိန်အားဖြင့် ဘူဆန်မှာ ရှိနေတာ သုံးလလောက်တော့ရှိနေပြီ.. ပွဲတက်စရာ ကိစ္စတွေရှိရင်တော့ ဆ်ိုးလ်ကိုပြန်ပြီး ကျန်တဲ့အချိန်အားလုံးကိုတော့ ဒီရိုက်ကူးရေးအပေါ်မှာ နစ်မြုပ်ထားတယ်..

သူနဲ့ စီနီယာ့ရဲ့ အားရက်က တိုက်ယူလို့မရတဲ့အခါ အားတဲ့လူက တွေ့ချင်တဲ့သူဆီ လိုက်သွားရမယ်ဆိုတဲ့ စည်းမျဉ်းကို သူတို့နှစ်ယောက် ထုတ်ထားတယ်.. ဒီနေ့က သူ့ပိတ်ရက်ဆိုတော့ သူက စီနီယာ့ဆီ လိုက်သွားတာဖြစ်တယ်..

ရိုက်ကူးရေးက ဘူဆန်ရှေးဟောင်းနယ်မြေထဲမှာ ရိုက်ကူးတာဖြစ်တယ်.. နဂါးခေါင်းပုံ ကနုတ်ပန်းထိုးကြီးက ဘုရင့်ရဲ့ဝတ်စုံပေါ်မှာခမ်းခမ်းနားနား.. ထိုဝတ်စုံကို ဝတ်ဆင်ထားတဲ့ စီနီယာက ဥပဓိရုပ်နဲ့ ဘုရင်ကာရိုက်တာနဲ့ လိုက်ဖက်လွန်းတယ်..

စီနီယာ့ရဲ့ မန်နေဂျာက သူ့ကိုမြင်တာနဲ့ နေရာပေးပြီး ကော်ဖီဝယ်ပေးရမလား အအေးသောက်မလားနဲ့ မေးတယ်.. စီနီယာကိုယ်တိုင်ရဲ့ အရေးပေးမူတွေကြောင့် စီနီယာ့ဘေးက လူတွေဆီကပါ ခခယယ ဆက်ဆံတာကို သူခံရတယ်..

" မသောက်တော့ဘူး ဆွန်း.. ရိုက်ကူးရေးစတာ ကြာပြီလား?.."

" ဟုတ် မင်းသားအခန်းတွေက ဒီနေ့အတွက်တော့ ဒါနောက်ဆုံးပဲ အကိုဆော့ဂျင်.."

သူ ခေါင်းငြိမ့်ပြလိုက်ရင်း သရုပ်ဆောင်နေတဲ့ စီနီယာ့ကို လှမ်းကြည့်လိုက်တယ်.. သူနဲ့ စီနီယာနဲ့က အရမ်းဝေးနေတာကြောင့် အနီးမှာရှိတဲ့ ဒါရိုက်တာရဲ့ ကင်မရာထဲကိုသာ သူကြည့်လိုက်တယ်..

နန်းတွင်း စာကြည့်တိုက်ထဲမှာ စာအုပ်ဖတ်နေတဲ့ ဘုရင်ရဲ့ မျက်နှာသွင်ပြင်ကို အနီးကပ်ဆွဲရိုက်ထားတာကြောင့် စီနီယာ့ရဲ့ ချောမောမူအပေါ် သူတစ်ချက်ပြုံးလိုက်မိတယ်..

နောက် သူ့မြင်ကွင်းထဲ ဝင်လာတာ အစေခံဝတ်စုံနဲ့ ကောင်မလေးတစ်ယောက်.. ကင်မရာတွေအများကြီးကနေ ရှုထောင့်ပေါင်းစုံနဲ့ ယူထားတာဖြစ်ပြီး ထိုကောင်မလေးက စာအုပ်တွေကို သေချာစီနေတာဖြစ်တယ်..

ဘုရင်က စာအုပ်တစ်အုပ်ကို လှမ်းဆွဲယူလိုက်တဲ့အချိန် လစ်ဟာသွားတဲ့နေရာမှာ အစေခံကောင်မလေးရဲ့ မျက်နှာက ရှိနေတော့ ဘုရင်နဲ့ အစေခံကောင်မလေး အကြည့်ခြင်းစုံသွားပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးမလွှဲကြဘဲ မေတ္တာတွေ ယိုဖိတ်သွားကြတဲ့ အကြည့်တွေကို ရိုက်ကူးနေတာဖြစ်တယ်..

သူစိတ်ထဲတော့ အဆင်မပြေဖြစ်သွားတယ်.. လိုက်လာမိတာ မှားသွားပြီလားလို့ သူ့ကိုယ်သူ သံသယဝင်မိတယ်.. အဲ့လိုအချစ်ရည်ပြည့်၀နေတဲ့ မျက်လုံးနဲ့ ကိုယ့်ရည်းစားက ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို ကြည့်နေတာက နည်းနည်း..

ဘယ်လိုပဲ သရုပ်ဆောင်နေတယ်ပြောပြော သူစိတ်မသက်မသာ ဖြစ်မိတယ်.. ရုပ်ရှင်မင်းသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတာမို့ ဒီလောက်က သူလက်ခံပေးရမယ့် အရာဆိုတာ တပ်အပ်သိပေမယ့် ဆော့ဂျင် ထိုင်နေရင်းနဲ့ ပူအိုက်လာသလိို ခံစားရတယ်..

ဒါရိုက်တာက ကဒ်အော်လိုက်တဲ့အချိန် စီနီယာကလည်း ဒီဘက်ကိုလှည့်လာပြီး သူရောက်နေတယ်ဆိုတာကို မြင်သွားတယ်.. လက်လှမ်းပြလို့ သူ့ကိုပြုံးပြရင်း ဇာတ်ညွှန်းအတိုင်း ဆက်လက်ရိုက်ကူးကြတယ်..

သူ ရိုက်ကူးရေးကို ဆက်မကြည့်ချင်တော့တာကြောင့် ဖုန်းသုံးနေတုန်း သူ့ဘေးကို ရောက်လာတာ ဒီဇာတ်လမ်းရဲ့ အဓိက ကာရိုက်တာဖြစ်တဲ့ ဘုရင်မဖြစ်လာမည့်သူ မိဖုရားဖြစ်တယ်.. သူမက စီနီယာ မိတ်ဆက်ပေးထားမူကြောင့် မေးထူးခေါ်ပြောလောက်တော့ ရင်းနီးပါတယ်..

" သြ အကိုဆော့ဂျင် ရောက်နေတာလား?.."

" အာ ဟုတ်ကဲ့.. ဒီနေ့ တော်တော် လှနေတယ်.."

" ဟီး ကျေးဇူးပါရှင်.. ခေါင်းကတော့ တော်တော်လေးနေတယ်.."

ဟုတ်မှာပါ.. မိဖုရားဂုဏ်ပုဒ်နဲ့ ကိုက်ညီအောင် ကျစ်ဆံမြှီးတွေ အထပ်ထပ်ရစ်ပတ်ခွေပြီး ဆံထိုးတွေ အများကြီးထိုးထားရတာကြောင့် ဦးရေပြားတော့ တော်တော် နာနေရှာမှာ..

သူ မင်းသမီး ဟေးရင်းနဲ့ စကားပြောနေရင်းနဲ့ပဲ စီနီယာ့ရဲ့ ရိုက်ကူးရေးကို စောင့်နေမိတယ်.. စီနီယာက သူတို့ဘက် တစ်ချက် တစ်ချက် လှမ်းကြည့်တာကို သတိထားမိပေမယ့် သူကတော့ စီနီယာနဲ့ မျက်လုံးခြင်း ပေးမဆုံတော့ဘူး..

နောက် မင်းသမီး ဟယ်ရင်းကပါ ဇာတ်ညွှန်းအတိုင်း စာကြည့်တိုက်အပြင်ကနေ ဘုရင်နဲ့ အစေခံမလေးရဲ့ အချစ်နွံကျွံနေမူကို လက်သီးဆုပ် အံကြိတ်ပြီး လှမ်းကြည့်နေတဲ့အခန်းကို ရိုက်နေကြတာဖြစ်ပြီး ထိုအခန်းအပြီးမှာပဲ စီနီယာ့ရဲ့ ဒီနေ့အတွက် ရိုက်ကူးရေးကပြီးသွားပြီဖြစ်တယ်..

အိမ်ပြန်တဲ့ကားပေါ်မှာ စီနီယာက ကားမောင်းနေပြီး ဘေးမှာ ငြိမ်ငြိမ်လေးထ်ိုင်နေတဲ့ သူ့ကို တစ်လျှောက်လုံး အရိပ်အခြေ ကြည့်လို့နေတယ်.. ရိုက်ကူးရေးကာလအတွင်း နေထိုင်နေတဲ့ စီနီယာ့ရဲ့ ဗီလာရောက်တော့ သူ တိတ်တဆိတ်ပဲ ဟင်းချက်နေမိတယ်..

စီနီယာ့ရဲ့ လက်ထောက်ကောင်မလေးက အသစ်ထပ်ဝယ်လာတဲ့ အသားငါးတွေကို ယူလာပေးရင်း စီနီယာနဲ့ နောက်ရက် အချိန်ဇယားတွေ ပြောကာ ပြန်သွားသည်.. စီနီယာက သူဟင်းချက်တဲ့အနား ရောက်လာပြီး နောက်ကနေ ခပ်ဖွဖွ ဖက်လို့လာတယ်..

" အဲ့တာကြောင့် ကိုယ့်ရိုက်ကူးရေးကို လိုက်မလာစေချင်တာ.."

စီနီယာနဲ့ ရည်ငံပြီးနောက်ပိုင်း စီနီယာက သူ့ကိုယ်သူ ငါ ကနေ "ကိုယ်" လို့ ပြောင်းသုံးလာတယ်.. ဆော့ဂျင် သူ့ကို စီနီယာလို့ ခေါ်နေတာကိုလည်း ပြင်စေချင်ပြီး "အကို" လို့ ခေါ်စေချင်နေပေမယ့် သူ့ဘက်က စီနီယာက နှုတ်ကျိုးနေတဲ့အတွက်..

" ကျွန်တော် ဘာပြောနေလို့လဲ?.."

" မပြောပေမယ့် မင်းဒီလိုဖြစ်နေပြီလေ.. မင်းစိတ်မကောင်းဖြစ်တာကို မြင်ချင်ပါ့မလားကွာ.."

" စိတ်မကောင်းဖြစ်တယ်လို့ မပြောမိပါဘူးနော်.."

" ကိုယ့်ကို သဝန်တိုနေတာတော့ ငြင်းလို့မရဘူးနော်.. မင်းမျက်လုံးမှာ အကုန်ပေါ်နေပြီ.."

စီနီယာက သူ့ကို ဆွဲလှည့်လို့ အကြည့်ချင်းဆုံတယ်.. ပါးစပ်က ဖွင့်မပြောရင်တောင် လူတစ်ယောက် စိတ်ထဲ ဘာရှိလဲဆိုတာကို သိဖို့ဆိုရင် မျက်လုံးတွေကို ဖတ်တတ်ဖို့ လိုလိမ့်မယ်.. စီနီယာ ပြောဖူးတယ်.. စီနီယာက သူ့ကို အမြဲငေးနေခဲ့ရတဲ့သူမို့ သူ့အကျင့်လေးတွေနဲ့ စိတ်မကြည်ရင် ပြုမူတတ်တဲ့ အကျင့်လေးတွေကအစ စီနီယာက အကုန်သိတယ်တဲ့..

သူလည်း အဲ့လိုပဲ.. ရှစ်နှစ်ကြာလောက် သိကျွမ်းခဲ့တဲ့ စီနီယာ့အပေါ် အရာရာ ထဲထဲဝင်ဝင်တော့ မသိပေမယ့် ဘယ်လိုပုံစံ ဘယ်လိုအကျင့်စရိုက်မျိုးရှိတယ်.. ဘဝကို ဘယ်လိုနည်းလမ်းနဲ့ဖြတ်သန်းနေလဲဆိုတာကို ရိပ်ဖမ်းမိတယ်.. သူလူတစ်ယောက်နဲ့ ရင်းနှီးဖို့ အချိန်အကြာကြီးယူရတယ်ဆိုတဲ့ စကားက ဒီအရာကို သတ်သေပြတယ်.. သူ့နှလုံးသားတွေ ကိန်းဝပ်ဖို့ဆိုတာလည်း သူကျွမ်းဝင်ပြီးသား အနီးစပ်ဆုံးလူကိုသာ ရွေးချယ်မိလိမ့်မယ်.. ဘာလို့ဆို သူက အကြောင်းအရာတွေကို တစ်က ပြန်စရတာ မကြိုက်လို့ပဲ..

...

" ဂျောင်ကြီး လိုက်မှာလား?.."

" မပြီးန်ိုင်တော့ဘူးလား ကြိုဆိုပွဲတွေက?.."

" ဟော် မလိုက်ချင် နေခဲ့နော် ဘယ်သူမှ အတင်းခေါ်မနေဘူး!.. အခုက မေဂျာစီနီယာရဲ့ မွေးနေ့.. မကောင်းတတ်လို့ သွားပေးရမှာ.."

မကောင်းတတ်လို့သာပဲ မိုးလင်းထဲက ဒီပွဲသွားဖို့ တစ်အိမ်လုံး ဗြောင်းသတ်နေကြတာများ.. သူဆိုရင်တော့ ရှော်လိုက်မိမှာမှန်ပေမယ့် ကိုယ့်မေဂျာ စီနီယာဆိုတော့ မွေးနေ့ပွဲမှာ မတွေ့ဘဲ ကျောင်းမှာတွေ့ရင်က မျက်နှာပူရအုံးမည်..

အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့တာထက် စာရင်တော့ လူအများကြီးကြားထဲ စကားမပြောချင်လို့ ပါးစပ်ပိတ် သွားထိုင်နေရတာလဲ အရမ်းကြီးစိုးလှတယ်လို့လည်း မဟုတ်ပါဘူး..

သူ ဂိမ်းဆော့နေတာကို ရပ်လို့ အဝတ်ဗီဒိုကို ဆွဲဖွင့်လိုက်တယ်.. ဗီဒိုနှစ်ထပ်လုံး ရှုပ်ပွနေပြီး ဟိုတွဲလောင်း ဒီတွဲလောင်းနဲ့ တစ်စစီဖြစ်နေတဲ့ လက်ချက်မှာ ဘယ်ကောင် တရားခံလဲ??..

" အား!! ဘယ်ကောင် ငါ့အဝတ်ဗီဒို မွှေသွားတာလဲ!!?.."

တစ်ကောင်မှ အသံမထွက်!.. ဒေါသထွက်နေပမယ့် ရန်ရှာချင်စိတ်လည်း မရှိတော့တာကြောင့် တွေ့တဲ့ ကာဂိုဘောင်းဘီကို စွတ်ချလိုက်ရင်း အွန်နူးအခန်းထဲ ဝင်သွားပြီးမှ တံခါးကို ဒုန်းခနဲ့ ပြန်ဆောင့်ပိတ်လိုက်ရသည့် ဖြစ်ခြင်း..

" မင်းတို့ကောင်တွေကလည်း တံခါးပိတ်ထားလေကွာ!.."

သူ အော်ဟစ်ဆဲဆိုရင်း အောက်ထပ်ဆင်းလာတော့ သွားဖို့အဆင်သင့်ဖြစ်နေတဲ့ ယူးဂယောင်းက ဆိုဖာပေါ်မှာ အခန့်သားထိုင်နေသည်.. အဲ့ကောင်က သူ့ကို မကြည်သေးတာကြောင့် စကားပြောမနေတော့ဘဲ ဘန်ဘန်းအခန်းထဲ ဝင်လိုက်ရင်း..

" ဘန်း! ငါ့ကို ဂျက်ကပ်ဌား.."

" ဂျက်ကပ်တွေက ဆော့ဂျွန်းနဲ့ ယူးဂယောင်းမှာပဲ ပေါတာလေ.. ငါ့ဆီမှာ ဟူဒီတွေပဲ ရှိတာ.."

" ကျစ်! ရှိတာပေးကွာ.."

အဝတ်အစားလဲလှယ်မူအပြီး ဧည့်ခန်းထဲ ထွက်လာတော့ တစ်ကိုယ်လုံး သူ့အဝတ်အစားတွေ ဝတ်ထားပြီး မြောက်ကြွနေတဲ့ မင်ဂရူက သီချင်းလေး တစ်ညီးညီးနဲ့..

" ဟေ့ကောင် ချွတ်စမ်း! ဒါ ကာနီဗယ်ကွ! မင်းလိုကောင်နဲ့ မတန်ဘူး..ချွတ်! ခုချွတ်!.."

နားဗန်ကျင်းပြီး ပြန်တောင်းတောင် ချွတ်မပေးတဲ့ ဗလက ဒီနေ့သွားမယ့်ပွဲမှာ မင်းသားရှုံးပဲ.. သူတို့အားလုံး တက်ညီလက်ညီနဲ့ ရောက်သွားတော့ ပွဲက တော်တော်စည်နေပြီ.. ရေကူးကန်ပါတီဆိုတဲ့အတိုင်း အလန်းတွေချည်းပဲ..

မေဂျာစီနီယာဆိုပေမယ့် လူသိများတာကြောင့် တခြားမေဂျာက လူတွေကိုပါ ဖိတ်ထားတာ တွေ့ရပြီး မင်ဂရူကတော့ ရောက်ကထဲက ကောင်မလေးတစ်အုပ်ကြား ခပ်ပြုံးပြုံးနဲ့ အရက်သောက်နေပြီဖြစ်တယ်.. ဒီကောင့်ရဲ့ စန်းပွင့်နိုင်စွမ်းကလည်း တော်ရုံမဟုတ်ဘူး..

နူးလေးတို့အတွဲကတော့ မွေးနေ့ရှင်ကိတ်ကို သူတို့နှစ်ယောက်ကိတ်လို ယူဆပြီး တစ်ယောက်တစ်ပြန်ခွံ့ကျွေးနေတာက ခုထိမပြီးကြသေး.. ဂျောင်ဂု စီနီယာ့ကို မွေးနေ့ဆုတောင်းသွားလုပ်ပေးပြီးတာနဲ့ ဘီယာတစ်ပုလင်းဆွဲယူလိုက်ရင်း ရေကန်ဘက်ကို ထွက်ခဲ့လိုက်တယ်..

အားလုံးကတော့ သူဟာနဲ့သူ ပျော်နေကြတာပါပဲ.. လွန်ခဲ့တဲ့နှစ်ရက်က ပို့ထားတဲ့စာကို ပြန်စာမရသေးတဲ့ သူကသာ လောင်နေတာ.. မျက်စိရှေ့က ရေကန်ထဲပဲ ခုန်ဆင်းလိုက်ရင် ကောင်းမလား?.. နည်းနည်း သက်သာလို သက်သာငြားလေ..

သူ တကယ်ပျော်မနေပါ.. တတ်န်ိုင်သလောက် လေကို ကောင်းကောင်းရှူရင်း အာကျူးရှီးတို့ အတွဲရဲ့ ဖန်ကလပ်ထဲ ဝင်ထားတဲ့သူက ဒီနေ့ အာကျူးရှီး မင်းသားရဲ့ ရိုက်ကွင်းကို လိုက်သွားတဲ့ ပုံရိပ်လေးတွေကို အလွမ်းပြေကြည့်နေတာရမျိုးပေါ့..

သက်ပြင်းချလိုက်ရင်း လက်ထဲက ဘီယာပုလင်းကို မော့လိုက်သည်.. ခါးသက်နေတဲ့ အရသာက သူ့ဘဝနဲ့စာရင်တော့ ဘာမှ မပြောပလောက်ပါဘူး.. ခေါက်ရိုးကျိုးသွားတဲ့ နှလုံးသားက မာဆတ်ဆတ်ရယ်..

ဘန်ဘန်းက သူ့ကိုလက်ယက်လှမ်းခေါ်လို့ အနားကို လာထိုင်ခိုင်းတယ်.. လူကြောက်တတ်တဲ့ ဘန်းတောင်မှ ခုနောက်ပိုင်း သူငယ်ချင်းအသစ်တွေ အများကြီးရနေပြီး ဘယ်နားသွားသွား နှုတ်ဆက်ရမယ့်လူတွေကတော့ တိုးစမြဲ..

သူသာ ဒီနေရာမှာ ရပ်ကျန်ခဲ့ပြီး ဘာကိုမှ စိတ်မဝင်စားတော့တာ.. လူတွေကိုလည်း လိုက်ပေါင်းချင်စိတ် ရှိမနေတော့ပဲ အလိုက်အထ်ိုက်ပြန်ပြောရတဲ့ စကားတွေမှာလည်း အာရုံက အဲ့လောက် ရှိမနေ..

အတင်းခေါ်နေတဲ့ ဘန်းကို သူခေါင်းခါလို့ ငြင်းလိုက်ရင်း ရေကန်ထဲမှာ ဆော့ကစားနေတဲ့သူတွေကိုသာ အကြောင်းမဲ့ငေးနေမိတယ်.. ခုနောက်ပိုင်း သူဝါသနာတစ်ခုတိုးလာတာက အဲ့လို လှုပ်ရှားသွားလာနေတဲ့သူတွေကို လိုက်ကြည့်နေမိတာပဲ..

ဒီတ်ိုင်း အကြောင်းအရင်း ခိုင်ခ်ိုင်လုံလုံရယ်လို့လည်း မရှိဘူး.. လူတွေကြားထဲ ထိုင်ရင်း လူတွေကို ငေးနေရရင် အနည်းဆုံးတော့ သူတစ်ယောက်ထဲ မဟုတ်ဘူးဆိုတာကို အသိကပ်စေသလိုမျိုးပေါ့.. သူ့ရင်ထဲက အကြောင်းအရာတွေက ရင်ဖွင့်လို့ ကောင်းတဲ့အရာတွေမှ မဟုတ်တာ..

ဒီဂျေနားသွားကပ်နေတဲ့ ဂျေဟျွန်းတို့နား သွားရပ်လိုက်တယ်.. ဒီဂျေတီးနေတဲ့ကောင်နောက် မိုးတိုးမတ်တပ်ရပ်ပြီး ဘာလုပ်နေကြတာလဲတော့ သူလည်း သေချာတော့ မသိ.. ဂျေဟျွန်းကို အသာလက်တို့လိုက်ရင်း..

" ပြန်ကြမယ်လေ.."

" ဟာ နေပါအုံးကွ! ဒီမှာ ယူးဂယောင်း ဒီဂျေနဲ့ ဓာတ်ကျနေတာ.."

တကယ်လည်း အဖွဲ့ကျနေပုံပါ.. ဒီဂျေ ပွတ်သမျှကို ယူးဂယောင်းက မိုက်ဆွဲပြီး တစ်ဟေ့ဟေ့ အော်ပေးနေတာ.. ကြည့်ရတာ ကီးကိုက်နေကြပုံ.. ဂျောင်ဂုလည်း ဆက်မပြောတော့ဘဲ အပန်းဖြေစံအိမ်ထဲကနေသာ ထွက်ခဲ့လိုက်တော့သည်..

...

တစ်ပတ်လုံး အိပ်မပျော် စားမဝင် နေမရအောင် ပူလောင်နေသည့် စိတ်က ပြန်စာလေးတစ်ကြောင်းကို ရမှ နေသာထိုင်သာရှိတော့သည်.. သူ ဝမ်းသာအားနဲ့ နောက်ထပ်သိချင်ဇောမေးခွန်းတွေ အများကြီး မေးဖို့ စာရိုက်ပြီးခါမှ ဘတ်ပြန်ဆုပ်လိုက်ရင်း ရေးပြီးသား စာတွေကို ပြန်ဖျက်လိုက်တော့သည်..

အဆင်ပြေနေတယ်ဆိုရင် ပြီးတာပါပဲလေ..

ကျောင်းတက်ရတဲ့ရက်တွေက သာမန်ပါပဲ.. အထက်တန်းတုန်းကလို တစ်နေကုန်ကျောင်းမှာနေစရာမလိုဘဲ စည်းမျဉ်းစည်းကမ်းတွေကိုလည်း သိပ်လိုက်နာစရာမလိုတာက အားသာချက်ပေါ့..

ရေကူးအသင်းထဲ ဝင်ပြီး အသားမဲသွားလို့ ကြေကွဲနေတဲ့ မင်ဂရူရဲ့ အသံကို အဲ့ကောင်မှန်ကြည့်တိုင်း ကြားနေရမှာဖြစ်ပြီး ယူးဂယောင်းရဲ့ အသစ်ဝယ်ချလာတဲ့ ဒီဂျေစက်ကြီးကိုလည်း အားတဲ့ကောင်တိုင်း ဝင်ကလိနေလို့ တစ်အိမ်လုံး နှိုက်ကလပ်ရုံကြီးဖြစ်နေပြီ..

နူးလေးက ဆော့ဂျွန်းနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းသွားလို့ တစ်ဖွဲ့လုံး လိုက်တောင်းပန်ပြီး ဝိုင်းချော့ပေးရတာလည်း တစ်ကယ်ကို ခြေကုန်လက်ပန်းကျ.. ဒီကြားထဲ မေဂျာကွင်းနဲ့ ဘာလိုလို ညာလိုလို သတင်းထွက်နေတဲ့ ဂျေဟျွန်းက နေ့တိုင်း တစ်ပြုံးပြုံး..

ဘန်ဘန်းက သူတို့ထဲမှာ အငြိမ်ဆုံးလိုလိုနဲ့ အရွဆုံးပဲ.. မင်ဂရူဒိုက်ထိုးရင် ကျောပေါ်ပြေးထိုင်တယ်.. အိမ်ကအတွဲရန်ဖြစ်ရင် မဖြန်ဖြေပေးတဲ့အပြင် ကြားထဲက သွားသွားနှောင့်တယ်.. ယူးဂယောင်း ဒီဂျေတီးရင်  အခန်းမီးတွေပိတ်ပြီး ဒိုင်ခံက,ပေးတယ်.. ဂျေဟျွန်း ဟင်းချက်ရင်း အရင်ဆုံး ပြေးနှိုက်ပြီး စားတယ်..

ကမ္ဘာဟာ သူ့အချိန်နဲ့သူ လည်ပတ်နေသလိုမျိုး သူ့ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ကောင်းကောင်းမွန်မွန်နဲ့ အချိန်နောက်ကို လ်ိုက်နေတယ်.. သူကတော့ လူတစ်ယောက်ကို လွမ်းဆွတ်ရင်းနဲ့ပေါ့.. ကိုယ့်ဘက်က စပြီး ပို့ခွင့်မရှိတော့တဲ့ မက်ဆေ့ချ်တွေမှာ သူ့ချက်ဘောက်လေး ဖုန်တက်မှာတောင် စိုးရိမ်ရ..

အတန်းချိန်ပြီးတာနဲ့ အသင်းသားတွေ ချိန်းဆိုထားသည့် အဆောက်အဦကို ပြေးရသည်.. သူက ကျောင်းခရီးသွား ကမ်ပိန်းအသင်းထဲမှာ ပါတာဆိုတော့ ကျောင်းက ဘာလေ့လာရေးခရီးထွက်ထွက် သူတို့အဖွဲ့က ပြင်ဆင်ပေးရတာဖြစ်သည်..

အခုလည်း ဘူမိမေဂျာက တတိယနှစ်ကျောင်းသားတွေ တောင်တက်ဖို့ခရီးစဉ်ကို ပထမဆုံးပရော့ဂျက်အနေနဲ့ သူတို့အဖွဲ့က ကိုင်တွယ်ရသည်.. အဲ့ထဲမှာမှ သူ့ရဲ့တာဝန်က တောင်တက်ကျောင်းသားတွေအတွက် မေဂျာဂျာစီကို ထုတ်ပေးရမှာဖြစ်တယ်..

မေဂျာအကျီဒီဇိုင်းဆွဲဖို့က ထိုမေဂျာက တစ်ယောက်နဲ့ အရင်ဆုံးတွေ့ရမှာဖြစ်ပြီး မေဂျာနဲ့သတ်ဆိုင်တဲ့ လိုဂိုတွေ စာသားတွေကို ယူပြီး သူ့အိုင်ဒီယာနဲ့ ထပ်ပေါင်းပြီး ပရင့်န်ထုတ်ရမှာဖြစ်တယ်..

သူ ဘူမိအတန်းဘက်ကို သွားကာ ကျောင်းသားခေါင်းဆောင်ရဲ့ ဖုန်းနံပတ်ရဖို့ လိုက်မေးပြီး ပြန်လာခဲ့လိုက်သည်.. ကျောင်းသားခေါင်းဆောင်ဆီမှ တစ်ဆင့် ပြောရေးဆိုရေးရှိသူ အဖွဲ့ဝင်တစ်ယောက်ရဲ့ အမည်နဲ့ အကောင့်ထပ်မံရရှိခဲ့ပြီး ထိုသူက သူမေဂျာအကျီဆွဲတဲ့တစ်လျှောက်မှာ လိုက်ကူညီပေးမယ့်လူ ဖြစ်တယ်..

*ကျွန်တော် ရောက်နေပြီခမျ..*

ဂျောင်ဂု စာပို့ပြီး တစ်ဖက်လူကို စောင့်နေမိသည်..

" ဟို ကွတ်ကီးဆိုတာလား?.."

ဂျောင်ဂုလှည့်ကြည့်လိုက်တော့ မြေတိုင်းကိရိယာတွေ ကိုင်ထားတဲ့ လူတစ်ယောက်ဖြစ်ပြီး တော်တော်ကြည့်ကောင်းတဲ့ထဲမှာ ပါတဲ့လူဖြစ်တယ်.. လက်တိုအပြာနုရှပ်လေးကို ဘောင်းဘီအဖြူရှည်နဲ့ တွဲဖက်ဝတ်ထားသည်မှာ ကြည်ရှင်းရှင်းရယ်.. သူကြောင်ပြီး ကြည့်နေတော့မှ..

" အော ဆောရီးနော်.."

" ကွတ်ကီး ဟုတ်ပါတယ်.. ဒီက ဖရဲသီးစားမယ်ဆိုတဲ့-?.."

" အာ.. ဟုတ်ပါတယ်.. အဲ့အကောင့်ပိုင်ရှင်ပါ.. တွေ့ရတာ ဝမ်းသာပါတယ် ကိုယ်က ဘူမိတတိယနှစ် မူယောင်းဂျင်ပါ.. ဒီကကမ်းပိန်းအဖွဲ့ထဲက ကွတ်ကီးဟုတ်တယ်နော်?.."

မသေချာမှာဆိုလို့ ထပ်မေးနေသည့် လူကို ခေါင်းငြိမ့်ပြလိုက်ရင်း စတင်မိတ်ဆက်လိုက်တော့သည်.. သူ့ရဲ့ ကာကာအိုအကောင့်က ကွတ်ကီးလို့ အမည်ပေးထားပြီး ဘာပုံမှ တင်မထား.. ဒီလူ အဲ့တာကြောင့် သူ့ကို မရိပ်မိတာ..

တစ်ပတ်အတွင်းမှာပဲ သူနဲ့ ဘူမိတတိယနှစ်က အကိုယောင်းဂျင်က မေဂျာအကျီဂျာစီကိစ္စနဲ့ပဲ ရင်းနှီးသွားခဲ့သည်.. ဒီနေ့လည်း သူတို့ ဒီဇိုင်းဆွဲထားသည့် အကျီကို တံဆိတ်ရိုက်နှိပ်ဖို့ နေရာစုံစမ်းမှာဖြစ်ပြီး အကျီပိတ်သားလည်း တစ်ခါထဲ သွားကြည့်မှာဖြစ်သည်..

အကိုယောင်းဂျင်က လက်လှမ်းမှီသလောက် စီနီယာတွေဆီကနေ စက်ရုံလိပ်စာတွေ ယူလာခဲ့ပြီး သူတို့ နှစ်နေရာ သုံးနေရာထိ သွားခဲ့ကြသည်.. တစ်နေရာနဲ့ တစ်နေရာဝေးတာကြောင့် နေ့လည်စာတောင် သူတို့ မစားလိုက်ရ..

ဂျာစီအတွက် ပိတ်စရွေးနေရင်း အတွင်းပိုင်းဂွမ်းသားနှင့်် အပြင်ပိုင်းကို သားရေအပျော့သား ပေါင်းစပ်ချုပ်လုပ်သည့် အပေါ်ထပ်ဂျက်ကပ်တွေကိုပါ လိုက်လေ့လာနေမိပြီး အတော် အချိန်ကြာသွားသည်..

သူဆွဲထားတဲ့ ဒီဇိုင်းက အကျီရဲ့ ကျောဘက်မှာ စိန်တုံးတစ်တုံးကို ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ဘူမိဗေဒရဲ့ ကျောက်မျက်ရတနာကို အသိအမှတ်ပြုထားသည်.. မေဂျာလိုဂိုများကို လက်မောင်းရင်းတွင် ရိုက်နှိပ်ထားပြီး ရင်ဘတ်တွင်မူ ဘူမိဗေဒမေဂျာဆိုပြီး စာတန်းရေးထားသည်..

ဂျောင်ဂု တက္ကသိုလ်ရောက်ရောက်ချင်းမှာပဲ သူရဲ့ ပထမဆုံး တီထွင်မူအတွက် အလွန်ဝမ်းမြောက်နေမိသည်.. အကျီတွေက အထည်များတာကြောင့် နောက်တစ်ပတ်နေမှ ရမှာဖြစ်ပြီး ရက်ချိန်းတွေ ပြောဆိုပြီးတာနဲ့ သူတို့ ပြန်လာတော့ အတော် မှောင်နေပြီဖြစ်တယ်..

" စီနီယာ့ကို အားနာလိုက်တာ.. မပြန်ခင် တစ်ခုခုစားသွားကြမလား?.."

အိမ်ပြန်လမ်းပေါ်မှာရှိတဲ့ ရှော်ပင်းမောမှာပဲ နှစ်ယောက်အတူ ကိုးရီးယား ဘီဘီကျူစားဖို့ ရွေးချယ်လိုက်ကြသည်.. ဝင်ဝင်ချင်းမှာပဲ သူ့ခြေထောက်တွေ ရပ်တန့်သွားရသည်က ကောင်တာမှာ ရပ်နေကြတာ မင်းသားဆောင်ကွမ်နဲ့ အာကျူးရှီး..

" ဟာ ဂျောင်ဂုပါလား?.. ချိန်းရင်တောင် လွဲအုံးမယ်.. ဘီဘီကျူလာစားကြတာလား?.. အော ကောင်လေးရော ပါလာတာပဲ.."

မင်းသားဆောင်ကွမ်ကတော့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး နှုတ်ဆက်လာကာ အာကျူးရှီးကတော့ သူ့ကို တစ်ချက်သာ ကြည့်ပြီး သူ့ဘေးမှာ ကပ်လျှက်ပါလာသည့် စီနီယာယောင်းဂျင်ကို စိုက်ကြည့်နေသည်..

" အာ ဟုတ်ကဲ့.. မဆုံတာတောင် ကြာပြီရော.."

" လာလေ ကိုယ်တို့လေးယောက် စားပွဲတူတူ ယူလိုက်မယ်.."

သူ နေပါစေလို့ ပြောလိုက်မလို့ပါပဲ.. ဒါပေမယ့် မတွေ့ရတာ ငါးပတ်လောက်ကြာနေပြီဖြစ်တဲ့ အာကျူးရှီးမျက်နှာလေးကို ကြည့်ချင်တာကြောင့် မင်းသားဆောင်ကွမ် ကမ်းလင့်တာကို မငြင်းမိလိုက်တော့ဘူး..

အကိုယောင်းဂျင်က အချဉ်သွားစပ်နေတုန်း မင်းသားဆောင်ကွမ်ကလည်း အအေးယူဖို့ထွက်သွားတာနဲ့ အသားတွေ ကင်နေတဲ့ ဂျောင်ဂုက အာကျူးရှီးကို တစ်ချက်မော့ကြည့်ရင်း လုပ်ချောင်းတစ်ချက်ဆိုးလိုက်ကာ လည်ချောင်းရှင်းလိုက်သည်..

" မ မတွေ့တာ ကြာပြီနော် အာကျူးရှီး~"

ဆော့ဂျင် ချက်ခြင်း ဘာပြန်ပြောရမှန်းမသိဘူး.. သြရှရှနဲ့ ဂျောင်ဂုအသံက သူ့ကို နည်းနည်းတော့ ရှိန်းဖိန်းဖိန်းဖြစ်စေတယ်.. အခါတ်ိုင်း ဒီလိုအသံမျိုးကို အိပ်ယာပေါ်မှာပဲ ကြားရလေ့ရှိပေမယ့် ကြည့်ရတာ ဂျောင်ဂုရဲ့ အသံအိုးက အရွယ်နဲ့အမျှ တော်တော်ကောင်းလာပုံရတယ်..

ဂျောင်ဂုက မီးခိုးရောင်ဟူဒီကို ခပ်ရှင်းရှင်းဝတ်ထားတာဖြစ်ပြီး ညာဘက်လက်ခုံနဲ့ လက်ချောင်းတွေပေါ်မှာ အင်္ဂလိပ်အက္ခရာရယ် ဘာသင်္ကေတလို့ ယူဆရမှန်းမသိတဲ့ ခပ်သေးသေးပုံလေးတွေရယ် ထိုးထားတယ်.. တက္ကသိုလ်ရောက်ပြီဆိုတိုင်း လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ..

" အင်း မင်းရော.. ကျောင်းတက်ရတာ ဘယ်လိုလဲ?.."

" ဒီလိုပါပဲ.."

ဂျောင်ဂုရဲ့ ဒီလိုပါပဲကို ဘာကိုဆိုလိုချင်တာလဲ?.. သူက အဲ့လို မရေရာတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို တကယ်မကြိုက်ဘူး.. ဒါပေမယ့် ဂျောင်ဂုက သူနဲ့ ဘာဆိုင်တာကျလို့.. သူမေးချင်တဲ့ မေးခွန်းတစ်ချို့ရှိပေမယ့် ဂျောင်ဂုနဲ့ အတူလာတဲ့ ကောင်လေး စားပွဲကို ပြန်ရောက်လာတာကြောင့် မမေးဖြစ်လိုက်တော့ဘူး..

မူယောင်းဂျင်လို့ သိရတဲ့ ကောင်လေးက ဂျောင်ဂုထက် ကြီးတယ်တဲ့.. ဘယ်မေဂျာကဆိုလား မိတ်ဆက်တုန်းကတော့ သူကြားလိုက်ပေမယ့် အမဲ့တစ်မဲ့ပဲ.. ဂျောင်ဂုက ဒီလိုမျိုး ကိုယ့်ထက် အသက်ကြီးတဲ့သူတွေကိုပဲ ရွေးပြီးကြိုက်တတ်တာလား?..

အသားကင်တစ်ချို့ကို ဂျောင်ဂုက မူယောင်းဂျင်အတွက် ထည့်ပေးလိုက်တာ မြင်ရပြီးနောက်ပိုင်း သူဆက်စားလို့ မဝင်တော့ဘူး.. စီနီယာယူပေးထားတဲ့ အအေးခွက်ကို သူသောက်လိုက်ပေမယ့် ရင်ထဲက အပူက တကယ်ကျမသွား..

သူ ဖုန်းကို ထုတ်လိုက်ရင်း စာတစ်ချို့ကို ခပ်သွက်သွက်ရိုက်လို့ ပေးပို့မယ့် အကောင့်ဆီ တည့်တည့်မတ်မတ် ပို့လိုက်တော့တယ်..

* ဒီညကိုယ့်အိမ်လာမလား ချာတိတ်?*

....

ဒါဖတ်ပြီး ပူနေမယ့်သူတွေအတွက် "STEER" လေးဖတ်ပါပြောရအောင်လည်း "STEER" ရေးထည့်ထားတဲ့ Drive က PW မေ့ပြီး ဝင်မရလို့ ကိ့ကိုယ်တိုင်လည်း လောင်နေတာ ကြာပြီကွယ်,

အဲ့တော့ FFMF1 ကို ဖတ်ကြဟေ့လို့ ဆိုပြီး တင်ပေးချင်သော်လည်း လောင်တာမှ မြိုက်နေတာကြီးဆိုတော့ ကိ့ရယ် တက်သာနင်းသွားပါတော့ ဖြစ်နေမှာစိုးလို့,

မင်ညွှန်ဂိရဲ့ သည်းအူဗြဲစလူလေး ဘယ်လိုလုပ်ရမလဲ ရှင်တို့ပြောကြည့်! ကဲ..

....

There are no comments yet. Log in to be the first to leave a review!

Similar stories